Khun Paoh - Herbal Tea

  • Home
  • Khun Paoh - Herbal Tea

Khun Paoh - Herbal Tea ခွန်ပအိုဝ့် (ကျန်းမာရေး လက်ဘက်ခြောက?

30/10/2025

တောင်ကြီး တန်ဆောင်တိုင် တည်းခိုဖို့အခက်အခဲရှိသူများ နီးလည်းနီး သွားလာအဆင်ပြေ တည်းခိုစရိတ် သက်သာအောင် အိမ်မှာလာရောက်တည်းခိုနိုင်ပါတယ်🤗 နေရာ လွိုင်ကော်မြို့😁

 #ခွန်ပအိုဝ့် ကျန်းမာရေးလ္ဘက်ခြောက်အားပေးကြသော မိတ်ဆွေအပေါင်းကျန်းမာချမ်းသာအနာရောဂါကင်းကြပါစေ😘😘ခွန်ပအိုဝ့်မှဆုတောင်းအပ်ပ...
14/10/2023

#ခွန်ပအိုဝ့် ကျန်းမာရေးလ္ဘက်ခြောက်
အားပေးကြသော မိတ်ဆွေအပေါင်း
ကျန်းမာချမ်းသာအနာရောဂါကင်းကြပါစေ😘😘
ခွန်ပအိုဝ့်မှဆုတောင်းအပ်ပါသည်😍😍😍

19/06/2023

မြန်မာ့ဆေးဖက်ဝင် မြင်းခွာပင်
•••••••••••••••••••••••••••••••••••••••••••••••••
Item Name --------- Indian pennywort (မြင်းခွာပင်)
Category ------------ Raw Material
Botany Term ------- Hydrocotyle asiatica Linn
Species Family ----- Umbelliferae

မြန်မာ နိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်သည်။ ရေအိုင် ရေစပ်များ တွင် တစ်နှစ်ပတ်လုံး တွေ့ရ၏ ။ အထူး သဖြင့် အအေး ပိုင်း ဒေသတွင် ပိုမို၍ ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်လေ့ ရှိသော်လည်း အများသုံး ပင်ဖြစ်၍ အချို့ အခင်းလိုက် စိုက်ပျိုး ကြသည်။ စိုက်ခင်း မြေအား သဘာ၀ မြေသြဇာ အပြည့်အ၀ ချ၍ ထယ်တစ်စပ် ထွန် ၂ စပ်ခန့် မွှေပြီး အနံ ၄ ပေ အကျယ် ပေ ၂၀ ခန့် ဘောင်မြောင်း များ ပြုလုပ် ရသည်။ သို့ရာတွင် မိုးရာသီ ၌ လယ်ကွက်တွင် ထယ်ထွန်တို့ ဖြင့် မြေကို ပြုပြင်၍ စိုက်နိုင်သည်။ သားတက်ကို ခွဲ၍ စိုက်သည်။ သားတက် ကို စိုက်ပါက တစ်ပင် နှင့် တစ်ပင် ၆ -၈ လက်မခန့် ခြား ပြီး အဆစ်ကို မြေတွင် မြှုပ်ကာ စိုက်ရမည်။နွေရာသီ တွင် အစိုဓာတ် မပြတ်အောင် ရေလောင်း ပေးရန် လိုသည်။ အပင် မလှီရန် အတွက် အပင် စိပ်လွန်းက နုတ်ပေး ရမည်။ ပြုပြင် တတ်ပါက တစ်နှစ် ပတ်လုံး အသက် ရှည်နိုင်သည်။
မြေလျှောက်နှစ်ရှည်ခံ တွားသွားပင်မျိုးဖြစ်သည်။ အရွက်သည် ရွက်လွှဲ သို့မဟုတ် အစုလိုက်ထွက်သည်။ အရွက်သည် ကျောက်ကပ် ပုံသဏ္ဍာန် ဖြစ်သည်။ ရင်းတူထိပ်ညီ ပန်းခိုင်မျိုး ဖြစ်သည်။ အဖြူ ရောင်ပန်းပွင့်များ ပါရှိသည်။ အသီးနံရံသည် အလွန်ထူ၍ အစေ့သည် ဘေးတိုက်အားဖြင့် ကျပ်နေသည်။

အပင်

မြေတွင် တွားသွား ၍ ပေါက်တတ်သော အမြဲ စ်ိမ်း ပင်ငယ် မျိုး ဖြစ်၏ ။ ပင်စည် အလွန် သေးသွယ် ၍ လုံး၏ ။ အဆစ်မှ အမြစ်များ ထွက်၏။

အရွက်

မြင်းခွာ ပုံသဏ္ဍာန် ရှိသည်။ အဆစ် တစ်ဆစ်တွင် ၂ ရွက် မှ ၆ ရွက် ထွက်၏။ ရွက်ညှာ အလွန်ရှည်၍ စိမ်းဝါရောင် ဖြစ်၏ ။ ရွက်ညှာထိပ် မှ ရွက်ကြောများ ဖြာထွက်၏ ။ ရွက်နား ပတ်လည် သေးငယ်သော အဝိုက် လေးများ
ရှိ၏ ။

အပွင့်

အဖြူရောင် အပွင့် ကလေးများ ဖြစ်သည်။ ပန်းခိုင် ရှည်၍ တစ်ခိုင်တွင် ပွင့်ညှာမဲ့ အပွင့် ကလေး သုံးပွင့် ပွင့် ၏ ။
အသီး
အလွန် သေးငယ် ၍ ၂ လုံးမှ ၇ လုံးထိ ရှိတတ်၏ ။ အဖြူရောင် သို့မဟုတ် အစိမ်းရောင် ဖြစ်၏ ။ အလျားလိုက် အမြှောင်း ကိုးခု ပါသည်။

အသုံးဝင်ပုံ

ပဉ္စငါးပါး။

အာနိသင်

မြန်မာ ဆေးကျမ်းများ အလိုအရ မြင်းခွာရွက် သည် အရသာ ခါး သက်သက် ရှိ၏ ၊စပ်ရှားရှား ရှိ၏ ၊ချို၏ ၊ ထက်မြက်၏ ၊ သလိပ်ကို ပယ်တတ်၏ ၊ အရေပြား ရောဂါ ၊ ယားနာ အဖုအပိမ့် များ ၊ အနာပေါက် ရောဂါ ၊ နူနာ တို့ကို ပျောက်ကင်း စေ၏။

ပဉ္စငါးပါးအသုံးပြုပုံ

၁ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ သကြား ၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက် စေ၏ ။

၂ ။ မြင်းခွာရွက် အမှုန့် ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ ၊ အဆုတ်နာ ရောဂါ ပျောက်၏။

၃ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ ရေနံဆီ ဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေး ခြင်းဖြင့် အဆစ်အဆက် တို့၌ ဖြစ်သော လေ အဖု အကျိတ်များ ပျောက်၏။

၄ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်း ခန့် တိုက်ပါက ကလေးငယ် များ အအေးမိခြင်း ၊ လေပြွန် ချောင်းပူ ခြင်း ပျောက်၏ ၊ ၀မ်းသက် ၍ သလိပ် ကို လည်း ပျောက်၏။

၅ ။ အရေပြား ရောဂါများ အတွက် ၎င်း၏ အရွက် ညှစ်ရည် ဖြင့် လိမ်းကျံ ခြင်း စားသောက် ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏ ။

၆ ။ ကိုယ်တွင် ရုတ်တရက် ထိခိုက် ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်း ခြင်း ၌ ၎င်း၏ အရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းကျံ ပေးက ပျောက်ကင်း၏။

၇ ။ သွေး၀မ်း သွားခြင်း ၊ ဆီးချုပ်ခြင်း ၊ နာကျင်ကိုက် ခဲခြင်း၊ ဆီး၌ သွေးပါခြင်း တို့ အတွက် မြင်းခွာ ရွက် ဖျော်ရည် ပြုလုပ် သောက်က ပျောက်၏ ။

၈ ။မြင်းခွာရွက် ကို ငရုတ်ကောင်း ၊ ပျားရည်တို့ နှင့် စပ်၍ သုံးဆောင် က အသက်ရှည် ၏ ။ အနာရောဂါ ကင်း၏ ။

၉။ မြင်းခွာရွက် ကို အားတိုးဆေး ၊ အဆိပ်ပြေဆေး ၊ အနာပေါက် ကုဆေး ၊ မျက်စိနာ ပျောက်ဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။

၁၀။ မြင်းခွာရွက် ကို အခြောက် ပြုလုပ်၍ လက်ဖက်ရည် ခါး သဖွယ် သောက်သုံး ခြင်း ဖြင့် သွေးတိုး ရောဂါ ကို သက်သာ စေ၏ ။

၁၁ ။ မြင်းခွာ ရွက် အစိမ်းကို ကြိတ်၍ အ၀တ်ပါးပါး တွင် ထည့်ပြီး မျက်စိပေါ် တွင် အုံပေးခြင်း ၊ သို့မဟုတ် အရည်ညှစ် ၍ မျက်စိ တွင် ခတ်ပေး ခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာ ခြင်း ၊ မျက်စိကျိန်း ခြင်း များကို ပျောက်ကင်း စေ၏ ။

၁၂ ။ မြင်းခွာရွက် ကို အရိပ်ထဲ တွင် အခြောက်ခံပြီး အမှုန့်ကြိတ် ၍ ပျားရည်နှင့် ဆတူ စပ်ပြီး ညအိပ်ရာ ၀င် ချိန် တွင် လျက်သော် နှစ်ခြိုက် စွာ အိပ်ပျော် စေ၏ ။

#ခွန်ပအိုဝ့်_ကျန်းမာရေးလ္ဘက်ခြောက်


မြန်မာ့ဆေးဖက်ဝင်အပင်များ

20/11/2022

#မင်းမရှိနေ့များ
ဟန်ထူးလွင်

သင့်ရဲ့ အဆီပိုများနဲ့ ဆီးနှင့် ပတ်သက်သောရောဂါများ နှင့် သွေးတိုး​ရောဂါ တို့ကိုသက်သာပျောက်ကင်းလိုလျှင် #ခွန်ပအိုဝ့်ကျန်းမ...
10/08/2022

သင့်ရဲ့ အဆီပိုများနဲ့ ဆီးနှင့် ပတ်သက်သောရောဂါများ နှင့် သွေးတိုး​ရောဂါ တို့ကိုသက်သာပျောက်ကင်းလိုလျှင်
#ခွန်ပအိုဝ့်ကျန်းမာရေးလ္ဘက်ခြောက် ကို သတိရလိုက်ပါ😍နော်💰🙏☺
#ကျန်းမာခြင်းသည် လဘ်တပါး🍶ပါ ခင်ဗျ

#ခွန်ပအိုဝ့်_ကျန်းမာရေးလ္ဘက်ခြောက်

Address လွိုင်ကော်မြို့၊ ကယားပြည်နယ်။
09 881003373, 09 451496288

 #ခွန်ပအိုဝ့် ကျန်းမာရေး လ္ဘက်ခြောက်မှာယူသောက်သုံးနိုင်ပါပြီ😍😍😍 #ခွန်ပအိုဝ့်_ကျန်းမာရေးလ္ဘက်ခြောက် Address  လွိုင်ကော်မြ...
21/06/2022

#ခွန်ပအိုဝ့် ကျန်းမာရေး လ္ဘက်ခြောက်
မှာယူသောက်သုံးနိုင်ပါပြီ😍😍😍

#ခွန်ပအိုဝ့်_ကျန်းမာရေးလ္ဘက်ခြောက်

Address လွိုင်ကော်မြို့၊ ကယားပြည်နယ်။
09 881003373, 09 451496288

😇သင့်အိမ်မက်တွေ 🛩🛩စျေးကြီးသလို💯🤗သင့်ကျန်းမာရေးကလည်း💯စျေးကြီးတယ်နော် မင်္ဂလာပါခင်ဗျာ...ခွန်ပအိုဝ့် - ကျန်းမာ‌ရေး လ္ဘက်ခြေ...
26/12/2021

😇သင့်အိမ်မက်တွေ 🛩🛩စျေးကြီးသလို💯
🤗သင့်ကျန်းမာရေးကလည်း💯စျေးကြီးတယ်နော်

မင်္ဂလာပါခင်ဗျာ...
ခွန်ပအိုဝ့် - ကျန်းမာ‌ရေး လ္ဘက်ခြောက်(Herbal Tea)
အကြောင်း မိတ်ဆက်ပေးပါရစေ

ပါဝင်ဖေါ်စပ်ထားတဲ့ ၁၀၀ % သဘာဝပစ္စည်းတွေကတော့
(၁)လ္ဘက်ခြောက်- ၅၁%
(၂)မြင်းခွါရွက် - ၃၀%
(၃) ကျောက်ဖရုံသီး - ၁၀%
(၄)တောဇီးဖြူ - ၇%
(၅) ဂျင်း _ ၂% တို့ပဲဖြစ်ပါတယ်။

🌿သာမန်ထက် အဆီချေဖျက်နှုန်း နှစ်ဆ မြှင့်မားပြီး အရေးအကြောင်းကင်းစင်ကာ သွယ်လျကျစ်လစ်စေခြင်း
🌿ခန္ဓာကိုယ်မှ အပူကို ငြိမ်းစေခြင်း
🌿အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း
🌿ကျောက်ကပ်ဆိုင်ရာ ဆီးကျောက်တည်ရောဂါကို ကာကွယ်ပေးနိုင်ခြင်း
🌿ခန္ဓာကိုယ်တွင် ရေဓါတ်ထိန်းညှိပေးနိုင်ခြင်း
🌿လူ့ခွန်အား တိုးပွားစေနိုင်ခြင်း
🌿အမောခံနိုင်၍ သက်လုံကောင်းစေနိုင်ခြင်း
🌿သွေးတိုးရောဂါ၊ အဆုတ်ရောဂါ၊ ချောင်းဆိုးရောဂါများကို သက်သာပျောက်ကင်းစေနိုင်ခြင်း
🌿ဆီးချိုရောဂါဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
🌿နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
🌿 အသားအရေ လှပကာ စိတ်လက်ကြည်လင်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ခြင်းတို့ကြောင့် ကျန်းမာ အသက်ရှည်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများခံစားရမှာ ဖြစ်ပါတယ်။

#ခွန်ပအို့ဝ် ကျန်းမာရေး လ္ဘက်ခြောက်ကို
$ စျေးသက်သက်သာသာနဲ့ သောက်သုံး သင့်တယ်နော်

☕သောက်သုံးရန် အညွှန်း👍👍👍

😵ပင်ပန်းနွမ်းနယ်သူများနှင့်
🙃 ညဘက်အိပ်မပျော်သူများ-
ပျားရည်လေးနဲ့ ရောသောက်ပါက
နှစ်ခြိုက်စွာ အိပ်ပျော်ပြီး ခွန်အားကို တိုးပွားစေခြင်း
#သွေးတိုး၊သွေးချို၊ဆီးချို
#ဆီးကျိတ်နှင့်ကျောက်ကပ်ကျောက်တည် ခြင်းများကို ၁၅ ထုပ်ပါ တဗူး သောက်သုံးရုံဖြင့် သိသာစွာ
သက်သာပျောက်ကင်းနိုင်ခြင်း

💃အဆီပိုရှိသူများ သောက်သုံးရုံဖြင့် သိသာစွာ သွယ်လျလာခြင်းများကို
အကျိုးကျေးဇူးများခံစားရနိုင်တယ်နော်
ယုံကြည်စွာ သောက်သုံးနိုင်ပါသည်

🤝 လက်လီ/လက်ကား ပြန်လည်ရောင်းချလိုသူများလည်း အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။
Agent ယူ၍ရောင်းချလိုသူများလည်း
စတင်ဝယ်ယူရောင်းချနိုင်ပါပြီ။
❤️Kpay CB pay❤️နဲ့လည်းပေးချေလို့ရပါတယ်နော်။ %အပိုပေးစရာမလိုပါဘူးဗျ။
ငွေလွှဲဝင်ပြီး(၂)ရက်အတွင်း ကားဂိတ် သို့ အိမ်အရောက် Del အပ်ပေးပါတယ်ဗျ။
#ခွန်ပအိုဝ့်_ကျန်းမာရေးလ္ဘက်ခြောက်

Address 📬 လွိုင်ကော်မြို့၊ ကယားပြည်နယ်။
📲09 881003373, 09 451496288

Address

Kayah

09011

Telephone

+959451496288

Website

Alerts

Be the first to know and let us send you an email when Khun Paoh - Herbal Tea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share