Honest Hour

Honest Hour Mental, Physical, Spiritual Wellbeing တွေအတွက် တစ်နေရာတည်းမှာဆွေးနွေး၊ ကုစား၊ ပြောင်းလဲနိုင်မယ့် Honest Hour Application

သင်္ကြန်နှစ်သစ်ကူးကာလ ဖြစ်သည့် (၁၁.၄.၂၀၂၆) မှ (၁၉.၄.၂၀၂၆) အထိ Honest Hour ရဲ့ ဝန်ဆောင်မှုများ ခေတ္တနားထားမည်ဖြစ်ပြီး (၂၀...
10/04/2026

သင်္ကြန်နှစ်သစ်ကူးကာလ ဖြစ်သည့် (၁၁.၄.၂၀၂၆) မှ (၁၉.၄.၂၀၂၆) အထိ Honest Hour ရဲ့ ဝန်ဆောင်မှုများ ခေတ္တနားထားမည်ဖြစ်ပြီး (၂၀.၄.၂၀၂၆) တွင်ဝန်ဆောင်မှုများ ပြန်လည်ပေးသွားမည်ဖြစ်ပါတယ်။
သင်္ကြန်အခါသမယအတွင်း မိမိကိုယ်ကိုယ် ဂရုစိုက်ရင်း အဓိပ္ပာယ်ရှိတဲ့ အချိန်လေးတွေ ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်..

မရေရာမသေချာမှုတွေ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလတစ်ခုမှာ ရှင်သန်ရတဲ့အခါ နေထိုင်မှုပုံစံသစ်တစ်ခု လိုအပ်လာပါတယ်။အရင...
08/04/2026

မရေရာမသေချာမှုတွေ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလတစ်ခုမှာ ရှင်သန်ရတဲ့အခါ နေထိုင်မှုပုံစံသစ်တစ်ခု လိုအပ်လာပါတယ်။

အရင်က သင်ယူခဲ့ဖူးတဲ့ Productivity၊ Planning နဲ့ Balance ဆိုင်ရာ သီအိုရီတွေဟာ အခုအခါမှာ အရင်လို အလုပ်မဖြစ်တော့ပါဘူး။

ဒါကြောင့် - "မတည်ငြိမ်တဲ့ ပတ်ဝန်းကျင်တစ်ခုထဲမှာ ငါတို့ ဘယ်လို ကောင်းကောင်းမွန်မွန် ရှင်သန်မလဲ?" ဆိုတာကို ပြန်ပြီးမေးခွန်းထုတ်ရပါတော့မယ်။

တစ်ဦးတစ်ယောက်ချင်းစီ လုပ်နိုင်တဲ့နည်းလမ်းကတော့ (At an Individual Level)

မိမိရဲ့ မျှော်လင့်ချက်တွေကို စတင် ပြောင်းလဲခြင်းကနေ စတင်နိုင်ပါတယ်။

-နေ့တိုင်းဟာ အလုပ်တွင်နေမှာ မဟုတ်ဘူး။
-ချမှတ်ထားတဲ့ အစီအစဥ်တိုင်းဟာလည်း အမြဲအောင်မြင်နိုင်ဖို့ မသေချာဘူး။
-အရာအားလုံးကိုလည်း ကိုယ်က ထိန်းချုပ်လို့ မရနိုင်ဘူး။

✨ဒါဟာ ရှုံးနိမ့်မှု မဟုတ်ပါဘူး။ ဒါဟာ အခြေအနေ (Context) တစ်ခုကို လက်ခံခြင်းသာ ဖြစ်ပါတယ်။

"အရာရာကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်" ဆိုတဲ့ စိတ်ကူးထက် ဒီအချက်တွေကို အာရုံစိုက်ဖို့ လိုလာပါတယ်။

-အချိန်ကိုပဲ စီမံတာမျိုးမဟုတ်ဘဲ မိမိရဲ့ စွမ်းအင် (Energy) ကို စီမံခန့်ခွဲပါ။
-ရေရှည်ထက် ကာလတို (တစ်နေ့တာ၊ တစ်ပတ်စာ) စီမံကိန်းတွေကိုပဲ အာရုံစိုက်ပါ။
-အပြစ်ရှိသလိုမခံစားဘဲ မိမိကိုယ်ကိုယ် ခေတ္တအနားပေးဖို့ ခွင့်ပြုပါ။
-တစ်နေ့တာအတွင်းမှာ စိတ်အပန်းပြေစေမယ့် ခဏတာ အနားယူမှုလေးတွေ ရှာဖွေပါ။

တခါတရံမှာ "တည်ငြိမ်မှု" ဆိုတာ အပြင်လောကမှာပဲ ရှာဖွေနေရတာမျိုး မဟုတ်ဘဲ မိမိဘာသာ နည်းလမ်းအသေးလေးတွေနဲ့ ဖန်တီးယူရတာမျိုးပါ။

(At an Organizational Level)

လုပ်ငန်းခွင်တွေအနေနဲ့လည်း အခြေအနေနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲဖို့ လိုအပ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ လူတွေဟာ အချိန်တိုင်းမှာ ရာနှုန်းပြည့် စွမ်းဆောင်ရည် (Full Capacity) မပြနိုင်ကြပါဘူး။

ဒါကြောင့်
-ဦးစားပေးအဆင့်ကို ရှင်းလင်းစွာ သတ်မှတ်ပါ။
-ဖြစ်နိုင်တဲ့နေရာတွေမှာ ပြောင်းလွယ်ပြင်လွယ် (Flexibility) ရှိပါစေ။
-လက်တွေ့ကျတဲ့ မျှော်လင့်ချက်တွေ ထားရှိပါ။
-ဝန်ထမ်းတွေ စိတ်ပိုင်းဆိုင်ရာ ပြန်လည်အားဖြည့်ဖို့ (Reset and Recover) အချိန်ပေးပါ။

✨ဒါဟာ စံနှုန်းတွေကို လျှော့ချလိုက်တာ မဟုတ်ပါဘူး။ ပန်းတိုင်ကိုသွားတဲ့ "လမ်းကြောင်း" ကို ပြုပြင်ပြောင်းလဲလိုက်တာပဲ ဖြစ်ပါတယ်။

ဒီလိုခေတ်ကာလမှာ (Resilience) ရဲ့ အဓိပ္ပာယ်သစ်ကိုလည်း ပြန်လည်သတ်မှတ်ဖို့လိုအပ်ပါတယ်။
ဒီလို အခြေအနေမျိုးမှာ ကြံ့ကြံ့ခံနိုင်ရည်ရှိခြင်းဆိုတာ ပိုပြီး အတင်းရုန်းကန် နေတာမျိုး မဟုတ်ပါဘူး။

"ရေရှည် တည်တံ့နေအောင် ထိန်းသိမ်းခြင်း" (Sustaining) လို့ ယူဆနိုင်ပါတယ်။
-စွမ်းအင် Energy ကို ထိန်းသိမ်းခြင်း။
-လူ့စွမ်းအားကို ထိန်းသိမ်းခြင်း။
-System တွေကို ဆက်လက်လည်ပတ်အောင် ထိန်းသိမ်းခြင်းတွေ ပါဝင်ပါတယ်။

လက်တွေ့ဘဝမှာ ဒီမတည်ငြိမ်မှုတွေဟာ ချက်ချင်း ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။
ဒါကြောင့် ရှေ့ဆက်ရမယ့်မျှော်လင့်ချက်တွေ ပျောက်မသွားစေဘဲ တဖြည်းဖြည်းချင်း "ရှေ့ဆက်နေဖို့" လိုပါတယ်။

#

သေချာဆန်းစစ်ကြည့်ရင် ကျွန်မတို့ဘဝမှာကြုံတွေ့ရတဲ့ ပြဿနာတွေရဲ့ ရာခိုင်နှုန်းတော်တော်များများဟာ ဆက်ဆံရေးကြောင့် ဖြစ်တာများပ...
07/04/2026

သေချာဆန်းစစ်ကြည့်ရင် ကျွန်မတို့ဘဝမှာကြုံတွေ့ရတဲ့ ပြဿနာတွေရဲ့ ရာခိုင်နှုန်းတော်တော်များများဟာ ဆက်ဆံရေးကြောင့် ဖြစ်တာများပါတယ်။

ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဆက်ဆံရေးမှာ အဆင်မပြေမှုတွေ ခဏခဏ ကြုံနေရသလား?

ဒါမှမဟုတ် ကိုယ့်ရဲ့ စိတ်နေစိတ်ထားက ကိုယ့်ရဲ့ ပတ်ဝန်းကျင်အပေါ် ဘယ်လို သက်ရောက်နေလဲဆိုတာကို ပိုနားလည်ချင်ပါသလား?

Counsellor & Coach တစ်ယောက်ဖြစ်တဲ့ “Lilly” ရဲ့ "Relationship Reboot" သင်တန်းဟာ ကိုယ့်ရဲ့ စိတ်အခြေခံ၊ အတိတ်က အတွေ့အကြုံနဲ့ ကိုယ်ရည်ကိုယ်သွေး (Personality) တွေက ကိုယ့်ရဲ့ ဆက်ဆံရေးတွေကို ဘယ်လို ပုံဖော်နေသလဲဆိုတာကို စိတ်ပညာသီအိုရီများစွာနဲ့ လေ့လာဆန်းစစ် ပြီးအတူတူလေ့လာသွားရမှာဖြစ်ပါတယ်။

🎯 သင်တန်းရဲ့ ရည်ရွယ်ချက် နဲ့ထူးခြားချက်
ဒီသင်တန်းကနေတစ်ဆင့် ကိုယ့်ရဲ့ အတွင်းကမ္ဘာကို နားလည်လာပြီး၊ စိတ်ဒဏ်ရာတွေကို ကုစားကာ ပိုမိုခိုင်မြဲပြီး ကျန်းမာတဲ့ လူမှုဆက်ဆံရေးတွေကို တည်ဆောက်နိုင်မယ့် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ရရှိစေမှာ ဖြစ်ပါတယ်။

🧠 ဒီသင်တန်းမှာ အချိန်ပေးရကျိုးတန်စေမယ့်ထူးခြားချက်က...

✅ ကမ္ဘာကျော် စိတ်ပညာရှင်ကြီးများဖြစ်တဲ့ Freud, Rogers, Beck နဲ့ Bowlby တို့ရဲ့ သီအိုရီများအပြင်
✅ Enneagram (ကိုယ်ရည်ကိုယ်သွေး အမျိုးအစားခွဲခြားခြင်း) စနစ်ကိုပါ ပေါင်းစပ်ပြီး အတိုင်ပင်ခံဆွေးနွေးမှု ပုံစံဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

🌟 သင်တန်းကနေ ဘာတွေ ရရှိမလဲ?
✨ စိတ်က ဆက်ဆံရေးအပေါ် ဘယ်လို လွှမ်းမိုးလဲဆိုတာ နားလည်ခြင်း။
✨ ငယ်ဘဝ အတွေ့အကြုံ (ACEs) နဲ့ တွယ်တာမှုပုံစံ (Attachment) တွေက လက်ရှိဘဝအပေါ် သက်ရောက်မှုကို ရှာဖွေကုစားခြင်း။
✨ CBT Tools တွေနဲ့ အဆိုးမြင်အတွေးအခေါ်ဟောင်းတွေကို လက်တွေ့ကျကျ ပြောင်းလဲခြင်း။
✨ ကိုယ်ချင်းစာတရားအခြေခံတဲ့ ထိရောက်တဲ့ ပြောဆိုဆက်ဆံမှု ကျွမ်းကျင်ခြင်း။
✨ Enneagram: (9) ခုသော Personality အကြောင်းကို လေ့လာကြမှာဖြစ်လို့ မိမိနှင့် သူတစ်ပါး၏ Personality ကို နားလည်ပြီး ဟန်ချက်ညီညီ နေထိုင်တတ်ခြင်း စတာတွေကို အတွင်းကျကျနားလည်လာမှာဖြစ်ပါတယ်။

Class Details
Level 1
Date: 5th, 7th, 12th, 14th May 2026
(Every Tuesday & Thursday)
Time: 7:00 PM to 9:00 PM (Myanmar Time)
Fees: 70,000 MMK

Level 2
Date: 2th, 4th, 9th, 11th June 2026
(Every Tuesday & Thursday)
Time: 7:00 PM to 9:00 PM (Myanmar Time)
Fees: 80,000 MMK

Level 3
Date: 7th, 9th, 14th, 16th July 2026
(Every Tuesday & Thursday)
Time: 7:00 PM to 9:00 PM (Myanmar Time)
Fees: 90,000 MMK

‼️ Level 3 ခုလုံးအတွက် တခါတည်းအပ်နှံပါက Special Discount 200,000 MMK နဲ့ Register ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ‼️

Relationship Reboot သင်တန်းဟာ ကိုယ့်ရဲ့ အတွင်းစိတ်ကို ပြုပြင်ပြောင်းလဲပြီး ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်မယ့်အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

👉 စိတ်ပညာအခြေခံ ခိုင်ခိုင်မာမာနဲ့ စနစ်တကျ ရေးဆွဲထားတဲ့ ဒီ Course ကို စုံတွဲတွေသာမက၊ လူငယ်တွေ၊ မိဘတွေနဲ့ ခေါင်းဆောင်မှုအပိုင်းမှာ ရှိသူတွေအတွက် အထူးရည်ရွယ်ပါတယ်ရှင်။

"အတွင်းစိတ်ကို အရင်ကုစားပါ၊ အပြင်ပန်း ဆက်ဆံရေးတွေက အလိုလို ပြေလည်လာပါလိမ့်မယ်။"

တစ်ခါတစ်ရံ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ လူတစ်ယောက်တည်း မထိန်းနိုင်တော့တဲ့ အခြေအနေထိ ရောက်လာတတ်ပါတယ်။-အိပ်မပျော်ခြင်း၊-စိ...
06/04/2026

တစ်ခါတစ်ရံ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ လူတစ်ယောက်တည်း မထိန်းနိုင်တော့တဲ့ အခြေအနေထိ ရောက်လာတတ်ပါတယ်။

-အိပ်မပျော်ခြင်း၊
-စိတ်အတက်အကျ မတည်ငြိမ်ခြင်း၊
-အကြောင်းမရှိပဲ စိုးရိမ်ပူပန်နေခြင်း၊
-အရက် သို့မဟုတ် မူးယစ်ဆေးဝါးများကို မရပ်တန့်နိုင်တော့ခြင်း…

အဲဒီလိုအချိန်တွေမှာ
နားလည်ပေးနိုင်တဲ့ သူတစ်ယောက်တည်း မဟုတ်ပဲ ကျွမ်းကျင်တဲ့ ဆေးပညာနဲ့ ကူညီပေးနိုင်မယ့်
အထူးကုဆရာဝန်တစ်ဦးလည်း လိုအပ်လာတတ်ပါတယ်။

အဲဒီလို ဆရာဝန်တစ်ဦးကတော့ ဒေါက်တာ နန္ဒကျော်စွာ ဖြစ်ပါတယ်။

ဒေါက်တ နန္ဒကျော်စွာဟာ အရက်နဲ့ မူးယစ်ဆေးစွဲမှု (Addiction) နဲ့ စိတ်ကျန်းမာရေးကို အထူးပြုကုသပေးနေတဲ့ စိတ်ကျန်းမာရေးအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။

ဆေးကုသမှု လုပ်သက်အတွေ့အကြုံ ၁ဝ နှစ်ကျော် အတွင်း ဆရာဟာ ပြည်တွင်းပြည်ပရှိ လူနာများစွာကို ဆွေးနွေးကုသမှုများ ပြုလုပ်ပေးခဲ့ပြီး လက်ရှိတွင်လည်း Psychiatrist တစ်ဦးအဖြစ်
စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ဆက်လက်ပေးနေဆဲ ဖြစ်ပါတယ်။

ဆရာ့ဆီကို လာရောက်ဆွေးနွေးကြသူတွေထဲမှာ Disorder တွေနဲ့ပက်သက်တဲ့ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများ၊ Phobia ဆိုတဲ့ အကြောက်လွန်ရောဂါ များ၊ Anxiety နှင့် Depression ပြဿနာများ၊
စိတ်အတက်အကျ မြန်ခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်းများကို ခံစားနေရသူများအပြင်
လက်ရှိ သောက်သုံးနေတဲ့ စိတ်ပိုင်းဆိုင်ရာ ဆေးဝါးများနှင့် ပတ်သက်ပြီး
နားလည်ချင်သူများလည်း ပါဝင်ကြပါတယ်။

ဒါ့အပြင် အရက်နှင့် မူးယစ်ဆေးစွဲမှုကြောင့် ဘဝလမ်းကြောင်း ပျက်ယွင်းနေ များအတွက်လည်း
ဆရာဟာ ဆေးပညာနဲ့ စိတ်ပိုင်းဆိုင်ရာ နားလည်မှုကို ပေါင်းစပ်ပြီး ပြန်လည်ထူထောင်နိုင်မယ့် လမ်းကြောင်းတွေကို လမ်းညွှန်ပေးနေသူလည်း ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးဆိုတာ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို သက်ရောက်စေနိုင်တဲ့ အရေးကြီးတဲ့ အရာပါ။

အဲ့ဒါကြောင့် လိုအပ်တဲ့အချိန်မှာ ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ဦးနဲ့ မှန်ကန်တဲ့ ဆွေးနွေးကုသမှု ရရှိနိုင်ဖို့က အရေးကြီးပါတယ်။

ဒေါက်တာ နန္ဒကျော်စွာ ဟာ စိတ်ကျန်းမာရေးကို ပိုမိုနားလည်စေဖို့ လူနာတစ်ဦးချင်းစီရဲ့ အခြေအနေကို ဂရုတစိုက် နားထောင်ပြီး သင့်တော်တဲ့ ဆေးပညာနဲ့ ဆွေးနွေးကုသမှုတွေကို
ပံ့ပိုးပေးလျက်ရှိပါတယ်။

ဆရာဟာ ဆွေးနွေးကုသတဲ့နေရာမှာလည်း medication သီးသန့်ပေးတာမျိုး ဆေးပေးကုထုံးဆိုတာထက် Holistic Approach နဲ့ စိတ်ရှည်စွာ တစ်ဦးတစ်ယောက်ချင်းစီကို ဆွေးနွေးတိုင်ပင်ကုသပေးလေ့ရှိတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။

တခါတလေ ကူညီမှုကို လက်ခံခြင်းကပဲ ပြန်လည်ကောင်းမွန်လာဖို့ အရေးကြီးဆုံး ပထမခြေလှမ်း ဖြစ်တတ်ပါတယ်။

ဒေါက်တာ နန္ဒကျော်စွာ ကို Honest Hour application မှာ P01 အနေနဲ့ တွေ့နိုင်မှာဖြစ်ပြီး ဆရာနဲ့ဆွေးနွေးကုသမှုခံယူလိုပါက Application ကနေတစ်ဆင့် appointment booking ရယူနိုင်ပါတယ်ရှင်…

“Motivate, Focus & Unlocking True Potential” ခေါင်းစဉ်နဲ့ Online Corporate Workshop လေးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့...
06/04/2026

“Motivate, Focus & Unlocking True Potential” ခေါင်းစဉ်နဲ့ Online Corporate Workshop လေးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်✨

မကြာသေးမီက Honest Hour အနေနဲ့ အလုပ်တာဝန်တွေကြားထဲမှာ ကိုယ့်ရဲ့ စိတ်ဓာတ်ခွန်အားတွေကို ပြန်လည်နိုးကြားလာစေဖို့၊ အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာစေဖို့နဲ့ မိမိရဲ့ စွမ်းဆောင်ရည်အစစ်အမှန်တွေကို ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်တဲ့ Interactive Online Session တစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။

ဒီ Workshop မှာ ပါဝင်သူတွေအနေနဲ့:
* ကိုယ့်ရဲ့ စိတ်အားထက်သန်မှုတွေကို ဘယ်လိုရေရှည်ထိန်းသိမ်းမလဲ။
* စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို ဘယ်လိုကျော်ဖြတ်မလဲ။
* လုပ်ငန်းစွမ်းဆောင်ရည်နဲ့ Wellbeing နှစ်ခုလုံးကို အထောက်အကူပြုမယ့် အလေ့အကျင့်ကောင်းတွေကို ဘယ်လိုတည်ဆောက်မလဲ။
စတာတွေကို လက်တွေ့ကျတဲ့ နည်းလမ်းတွေ၊ ဆွေးနွေးမှုတွေကတစ်ဆင့် အဖြေရှာနိုင်ခဲ့ကြပါတယ်။

ပါဝင်တက်ရောက်ခဲ့ကြသူတွေအနေနဲ့ ပိုမိုအာရုံစူးစိုက်မှုရှိပြီး စွမ်းဆောင်ရည်မြင့်မားလာဖို့ ကူညီပေးခွင့်ရတဲ့အတွက် အထူးပဲ ဝမ်းသာမိပါတယ်။

သင့်လုပ်ငန်းခွင်မှာလည်း ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ခွန်အားနဲ့ လုပ်ငန်းခွင် Wellbeing ကို မြှင့်တင်ချင်တယ်ဆိုရင် Honest Hour ရဲ့ Wellness Programs တွေအကြောင်းကို 09 792824522 ကိုဆက်သွယ်ပြီး အသေးစိတ် မေးမြန်းနိုင်ပါတယ်။

05/04/2026

Episode 5: ADHD ရှိတဲ့ကလေးတွေဟာ အနာဂတ်မှာ ပုံမှန်ဘဝတစ်ခုဖြင့် ရှင်သန်ရပ်တည်နိုင်သလား?

🎙Dr. Khaing Myint Thu (Psychiatrist)

ADHD Case နဲ့ ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးလိုပါက Honest Hour Application မှာ P02 နဲ့ appointment booking ယူနိုင်ပါတယ်။

Honest Hour Application ကို comment မှာ download ရယူနိုင်ပါတယ်။

U9 မှာ ပြုလုပ်ခဲ့တဲ့ Culture Shaping Workshop ကို အောင်မြင်စွာပြီးဆုံးခဲ့တဲ့ memory လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ...
05/04/2026

U9 မှာ ပြုလုပ်ခဲ့တဲ့ Culture Shaping Workshop ကို အောင်မြင်စွာပြီးဆုံးခဲ့တဲ့ memory လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် 🤝✨

မကြာသေးမီက Honest Hour အနေနဲ့ U9 ကုမ္ပဏီမှာ လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာရေးနဲ့ ကိုယ်စိတ်ကျန်းမာချမ်းသာမှု (Wellbeing) ကို အခြေခံပြီ workplace culture အသစ်တစ်ရပ် ဖော်ဆောင်ပေးတဲ့ Workshop ကို ဦးဆောင်ပြုလုပ်ပေးခဲ့ပါတယ်။

ဒီ Workshop မှာ ဝန်ထမ်းတွေကြား စုပေါင်းဆွေးနွေးမှုတွေကတစ်ဆင့်:

👉🏻 လက်ရှိလုပ်ငန်းခွင်ရဲ့ culture ကို ပြန်လည်သုံးသပ်ခြင်း။
👉🏻 လုပ်ငန်းခွင် တန်ဖိုးထားမှု (Values) တွေကို ပြန်လည်ညှိနှိုင်းခြင်း။
👉🏻Wellbeing ဆိုတာ လုပ်ဆောင်ချက်တစ်ခုတည်းတင်မဟုတ်ဘဲ လုပ်ငန်းခွင်ရဲ့ အဓိက Mindset တစ်ခုအဖြစ် ဘယ်လိုပေါင်းစပ်မလဲဆိုတာတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Wellbeing ကို လုပ်ငန်းခွင် culture ထဲမှာ စနစ်တကျထည့်သွင်းခြင်းအားဖြင့် ပိုမိုခိုင်မာတဲ့၊ တက်ကြွတဲ့၊ လူသားဆန်တဲ့ လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်နိုင်မှာပါ။

U9 ရဲ့ လုပ်ငန်းခွင် culture ကို ပိုမိုကောင်းမွန်အောင် ပြန်လည်ပုံဖော်တဲ့ ခရီးစဉ်မှာ ပါဝင်ကူညီခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

သင့်လုပ်ငန်းခွင်မှာလည်း ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ခွန်အားနဲ့ လုပ်ငန်းခွင် Wellbeing ကို မြှင့်တင်ချင်တယ်ဆိုရင် Honest Hour ရဲ့ Wellness Programs တွေအကြောင်းကို 09 792824522 ကိုဆက်သွယ်ပြီး အသေးစိတ် မေးမြန်းနိုင်ပါတယ်။

လောကဓံရဲ့ ရိုက်ခတ်မှုတွေကြားမှာ သင့်စိတ်ကလေး လှုပ်ခတ်နေပါသလား?စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို စိတ်ပညာရှုထောင့်ကနေ...
04/04/2026

လောကဓံရဲ့ ရိုက်ခတ်မှုတွေကြားမှာ သင့်စိတ်ကလေး လှုပ်ခတ်နေပါသလား?

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို စိတ်ပညာရှုထောင့်ကနေရော၊ နက်ရှိုင်းတဲ့ ဗုဒ္ဓဘာသာ အဆုံးအမတွေနဲ့ပါ ပေါင်းစပ်ပြီး ဘယ်လို ထိန်းညှိမလဲ?"

ဒီ Workshop မှာ Buddhist Psychology ကို အခြေခံပြီး စိတ်ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုကို လက်တွေ့ကျကျ ဘယ်လို တည်ဆောက်ရမလဲဆိုတာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဗုဒ္ဓစိတ်ပညာကို အခြေခံပြီး စိတ်ရဲ့ အလုပ်လုပ်ပုံကို နားလည်ကာ လက်ရှိအခိုက်အတန့်မှာ အေးချမ်းစွာ နေထိုင်နည်းတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

‼️Workshop Details
Topic: Peaceful Mind, Balanced Life: Buddhist Psychology for Emotional Wellbeing
Date: 5th April 2026 (Sunday)
Time: 7:00 PM – 8:00 PM (MMT)
Platform: Online Zoom Platform
Speaker : Daw Mya Mya Swe (စိတ်ပညာ)

ဒီ workshop လေးကနေ ဘာတွေရရှိမလဲ?

👉🏻စိတ်ဖိစီးမှုများပြီး စိတ်အပန်းဖြေရာ နည်းလမ်းကောင်းတွေ ရှာဖွေတွေ့ရှိမယ်၊
👉🏻စိတ်ပညာ (Psychology) နဲ့ ဗုဒ္ဓ အဆုံးအမတွေရဲ့ ပေါင်းစပ်မှုကို လေ့လာနိုင်မယ်၊
👉🏻ဒေါသ၊ လောဘ၊ မာန စတဲ့ စိတ်အညစ်အကြေးတွေကို စနစ်တကျ ထိန်းချုပ်တတ်လာမယ်၊
👉🏻ဘဝကို အဓိပ္ပာယ်ရှိရှိနဲ့ ဟန်ချက်ညီညီ ဖြတ်သန်းနိုင်မယ်။

✨ ဒီ workshop လေးကနေ အတွင်းစိတ်ရဲ့ ငြိမ်းချမ်းမှုကို ရှာဖွေဖို့ ဖိတ်ခေါ်အပ်ပါတယ်။
Workshop လေးကို တက်ရောက်လိုပါက “ join” လို့ comment ပေးခဲ့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

(English Below)Honest Hour မှာ Wellbeing Ecosystem တစ်ခုဖန်တီးပေးထားတယ်ဆိုတာ သင်သိပါသလား?အများအားဖြင့် Counselling Sessi...
03/04/2026

(English Below)
Honest Hour မှာ Wellbeing Ecosystem တစ်ခုဖန်တီးပေးထားတယ်ဆိုတာ သင်သိပါသလား?

အများအားဖြင့် Counselling Session, Consultation session တွေနဲ့အစပြုကြတယ်ဆိုပေမယ့်

Honest Hourမှာတော့ စနစ်တကျ တည်ဆောက်ထားတဲ့ Wellbeing Journey တစ်ခုရှိပါတယ်။ ပထမအဆင့်မှာတော့ခံစားနေရတဲ့စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေအတွက် Counselling နဲ့ consultation session တွေကနေတစ်ဆင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ စတင်ရယူကြတယ်။

ဒုတိယအဆင့်မှာတော့ ကိုယ့်ရဲ့ စိတ်ခံစားချက် Pattern တွေနဲ့ Trigger တွေကို နားလည်လာတဲ့ Awareness အပိုင်းကို ရောက်လာပါတယ်။ အဲဒီကနေတစ်ဆင့် Psychological Classes တွေမှာ လေ့လာသင်ယူပြီး (Learning) ပြုလုပ်လာကြတယ်။

နောက်ပြီး Honest Hour ရဲ့ Nature Retreat Program တွေကနေတစ်ဆင့် စိတ်ပိုင်းဆိုင်ရာ အသွင်ကူးပြောင်းမှု (Transformation) ကို ရရှိခံစားကြရတာပါ။

နောက်ဆုံးအဆင့်မှာတော့ Podcast တွေ၊ Digital Content တွေနဲ့ Honest Hour ရဲ့ Mental Health Guide Book လေးဖြစ်တဲ့ "စိတ်ကုစားခြင်းလမ်းညွှန် ၁၀၁" စာအုပ်တွေကနေတစ်ဆင့် ရေရှည်တည်တံ့တဲ့ တိုးတက်မှု (Sustainability) ကို ဆက်လက် တည်ဆောက်သွားကြတာ ဖြစ်ပါတယ်။

ဒါကြောင့် Honest Hour ဆိုတာ Service တစ်ခုတင် မဟုတ်ဘဲ ပြည့်စုံတဲ့ Wellbeing Ecosystem တစ်ခုပါ။ Mental Health ဆိုတာ တစ်ကြိမ်တစ်ခါတည်းနဲ့ ပြီးသွားတဲ့ Solution မဟုတ်ဘဲ တစ်သက်တာ လျှောက်လှမ်းရမယ့် Life-long Journey တစ်ခုပဲ ဖြစ်ပါတယ်ရှင်။

Hour
—--------------------------------

(English Version)
Did you know that Honest Hour has created a complete Wellbeing Ecosystem?

While many journeys begin with a simple counseling or consultation session, Honest Hour offers a thoughtfully structured Wellbeing Journey.

It starts with seeking support through Counseling and Consultation to address immediate mental health challenges. From there, you move into the Awareness stage, where you begin to understand your own emotional patterns and triggers. This leads naturally into Learning, where you can dive deeper through our psychological classes.

The journey then evolves into a profound Transformation through our signature Nature Retreat Programs. Finally, we focus on Sustainability—ensuring long-term growth through our podcasts, digital content, and the "Mental Healing Guide 101" book.

Honest Hour is more than just a service; it is a holistic Wellbeing Ecosystem. We believe that mental health isn't a one-time solution, but a lifelong journey of growth and healing.

Hour

(English Below) အခုဆိုရင် မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင်အတွင်း Wellbeing အခြေအနေဟာ သိသိသာသာ ပြောင်းလဲလာနေပါတယ်။ Honest Ho...
02/04/2026

(English Below)
အခုဆိုရင် မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင်အတွင်း Wellbeing အခြေအနေဟာ သိသိသာသာ ပြောင်းလဲလာနေပါတယ်။ Honest Hour ကို စတင်တည်ထောင်ခဲ့တဲ့ အချိန်တုန်းကဆိုရင် ဒီအကြောင်းအရာကို စိတ်ဝင်တစားရှိတဲ့ အဖွဲ့အစည်းတွေဟာ အများအားဖြင့် နိုင်ငံတကာကုမ္ပဏီ (International Companies) တွေပဲ ဖြစ်ခဲ့ကြတာပါ။

ဒါပေမဲ့ အခုအချိန်မှာတော့ ပြည်တွင်းက SMEs တွေ၊ Startups တွေနဲ့ Local Businesses တွေပါ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အလေးထားလာကြတာ တွေ့ရပါတယ်။ ဒါဟာ ခေတ္တခဏဖြစ်ပေါ်လာတဲ့ Trend တစ်ခုမဟုတ်ဘဲ လက်တွေ့ကျတဲ့ စီးပွားရေးစိန်ခေါ်မှု (Real Business Challenge) တစ်ခု ဖြစ်လာလို့ပါပဲ။

အထူးသဖြင့် မျိုးဆက်သစ်လူငယ် ဝန်ထမ်း (Younger Workforce) တွေဟာ လုပ်ငန်းခွင်တစ်ခုမှာ လစာအပြင် အလုပ်ရဲ့ ရည်ရွယ်ချက် (Purpose)၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု (Psychological Safety) နဲ့ အချင်းချင်း ဖေးမကူညီတတ်တဲ့ ယဉ်ကျေးမှု (Supportive Culture) မျိုးကိုပါ တောင်းဆိုလာကြတာအထင်အရှားတွေ့လာရပါတယ်။

ဒါကြောင့် Mental Health ဆိုတာ အနောက်တိုင်းကလာတဲ့ Foreign Concept တစ်ခု မဟုတ်တော့ဘဲ ကျွန်မတို့ ပြည်တွင်းလုပ်ငန်းခွင်တွေအတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် Local Priority တစ်ခု ဖြစ်လာနေပါပြီ။

-----------------------------
(English Version)
The workplace wellbeing landscape in Myanmar is shifting significantly. When Honest Hour first launched, interest in employee wellbeing was largely confined to international organizations.

Today, however, we see a growing number of local SMEs, startups, and established Myanmar businesses prioritizing mental health.

This shift isn't just a passing trend; it’s a response to real-world business challenges. The younger workforce is increasingly seeking more than just a paycheck—they value a sense of purpose, psychological safety, and a supportive organizational culture.

Mental health is no longer a "foreign concept" in our context; it has become a vital local priority.

"အလုပ်တွေ အရမ်းများနေတဲ့ ကြားကနေ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဂရုစိုက်ဖို့ အချိန်ခဏလေး ပေးခဲ့ကြတဲ့ Corporate Wellness Session...
02/04/2026

"အလုပ်တွေ အရမ်းများနေတဲ့ ကြားကနေ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဂရုစိုက်ဖို့ အချိန်ခဏလေး ပေးခဲ့ကြတဲ့ Corporate Wellness Session လေး" အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ... 🌿

Session လေးမှာ အတူတူ စိတ်အပန်းဖြေရင်း၊ စိတ်ခွန်အားသစ်တွေ ဖြည့်တင်းရင်းနဲ့ အဓိပ္ပာယ်ရှိတဲ့ အချိန်လေးတစ်ခုကို ဖြတ်သန်းခဲ့ကြပါတယ်။

စိတ်ကျန်းမာမှ အလုပ်မှာလည်း ပိုပြီး ပျော်ရွှင်နိုင်မှာမို့လို့ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးက လုပ်ငန်းတစ်ခုအတွက် တကယ့်ကို အရေးကြီးပါတယ်။

ဝန်ထမ်းတွေရဲ့ စိတ်ခွန်အားကို မြှင့်တင်ပေးပြီး Healthy Workplace တစ်ခု ဖန်တီးဖို့ Honest Hour က အမြဲအသင့်ရှိနေပါတယ်။ အတူတူ ပူးပေါင်းပါဝင်ပေးခဲ့ကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

သင့်လုပ်ငန်းခွင်မှာလည်း ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ခွန်အားနဲ့ လုပ်ငန်းခွင် Wellbeing ကို မြှင့်တင်ချင်တယ်ဆိုရင် Honest Hour ရဲ့ Wellness Programs တွေအကြောင်းကို 09 792824522 ကိုဆက်သွယ်ပြီး အသေးစိတ် မေးမြန်းနိုင်ပါတယ်။

"

🌿 နှစ်သစ်မှာ စိတ်အညစ်အကြေးတွေ ဆေးကြောပြီး စိတ်ခွန်အားသစ်တွေ မွေးမြူနိုင်ဖို့ နှစ်သစ်ကူး Thingyan Promotion သင်္ကြန်ရေပက်...
01/04/2026

🌿 နှစ်သစ်မှာ စိတ်အညစ်အကြေးတွေ ဆေးကြောပြီး စိတ်ခွန်အားသစ်တွေ မွေးမြူနိုင်ဖို့ နှစ်သစ်ကူး Thingyan Promotion

သင်္ကြန်ရေပက်ဖျန်းတာဟာ အညစ်အကြေးတွေကို ဆေးကြောသန့်စင်တာတင်မကဘဲ စိတ်သစ်၊ လူသစ် ဖြစ်စေဖို့လည်း ရည်ရွယ်ပါတယ်။

ဒီနှစ်သစ်မှာ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် စိတ်ထဲမှာ စုပုံနေတဲ့ စိတ်ပင်ပန်းမှုတွေ၊ စိတ်ဒဏ်ရာတွေကိုလည်း သန့်ရှင်းအောင် ပြန်လည်စတင်နိုင်တဲ့ အချိန်တစ်ခုပါ။

ဒီနှစ်သစ်မှာ…
💙 စိတ်ကို reset လုပ်ကြမယ်
💚 ကိုယ့်ကိုယ်ကို ပြန်နားထောင်ကြမယ်
🌿 ပိုပြီးကျန်းမာတဲ့ mental state နဲ့ အသစ်စတင်ကြမယ်။

‼️Thingyan Promotion Details
🌊 (ဧပြီလ ၁ ရက်နေ့မှ ၅ရက်နေ့ အထိ)

🔺Mental Counselling Sessions Promotion
15% discount (Package Session)

🔺Thingyan Special Classes Promotion
🌿 COP Level 3 Class
Original: 250,000 MMK
Early Bird: 190,000
🎉 Thingyan Price: 150,000 (40% OFF)
Class Details: https://www.facebook.com/share/p/1B97bmBoRL/

🌿 Relationship Reboot
Level 1 / 2 / 3
Original : 240,000 MMK
🎉 Special Price: 190,000 MMK

🌿 Elderly Class
Original: 250,000
Early Bird: 200,000
🎉 Thingyan Price: 150,000 (40% OFF)
Class Details: https://www.facebook.com/share/p/1B8HZwWKLY/

Counselling Session များကို appointment ရယူလို၍ဖြစ်စေ၊ အတန်းများအပ်နှံလို၍ဖြစ်စေ Message Box ကနေ ဖြစ်စေ၊ ဖုန်းကိုဖြစ်စေ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါပြီ။

Address


Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Telephone

+959792824522

Alerts

Be the first to know and let us send you an email when Honest Hour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Honest Hour:

  • Want your practice to be the top-listed Clinic?

Share

Our Story

Living in a developing country constantly demands us to adapt a change dynamically in our lives. It has been a challenging time for us to survive as well as living a meaningful life. Throughout this journey of life, everybody needs someone who can listen to you without judgment, understand and maybe become the tool for finding a solution. Many confusions, tough times or important life turning point requires a solution or a clear state of mind to go through.

We,Honest Hour offers a non-judgemental, safe and welcoming space for you to talk to our certified counsellors who are passionate about mental health and well being. You are heartily encouraged to find you way forward through our sessions. Our counselling sessions are done via online platforms via Skype, Zoom or google meet. Our goal is to help you cope with them in most effective manner.