Li S tori

Li S tori ရင်ဖွင့်ရန် လိုအပ်နေသူများအတွက်သာ

03/11/2022

Stress တွေဘာကြောင့်ဖြစ်လာရသလဲ

လူရယ်လို့ဖြစ်လာရင် စိတ်ဖိစီးမှုတွေဖြစ်လာတာလည်း သဘာဝပါပဲ။ အသက်အရွယ်ကြီးတာငယ်တာနဲ့မဆိုင်ပဲ အသက်အရွယ်အလိုက် တွေ့ကြုံခံစားရတဲ့ stressတွေလည်းရှိသလို အရွယ်နဲ့မလိုက်အောင်ခံစားရတဲ့ stressတွေလည်းရှိတတ်ကြပါတယ်။ စိတ်ဖိစီးမှုတွေကစိတ်ပိုင်းဆိုင်ရာအတွက်သာမက ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေနိုင်မှန်း လူတိုင်းသိကြပါတယ်နော်။

များသောအားဖြင့် ကိုယ့်ပတ်ဝန်းကျင် (ဥပမာ အလုပ်၊ ကျန်းမာရေး၊ relationship ၊ ငွေကြေးကိစ္စ၊ ယှဥ်ပြိုင်စိန်ခေါ်တဲ့ကိစ္စရပ်တွေ) သို့မဟုတ် ကိုယ့်အတွက် ခြိမ်းခြောက်မှုဖြစ်စေနိုင်တဲ့အရာတွေ အားလုံးက ဒီစိတ်ဖိစီးမှုတွေဖြစ်လာစေတဲ့အကြောင်းအရင်းတွေထဲကတချို့ပဲဖြစ်ပါတယ်။

Stress ကတခါတရံမှာတော့ motivated ဖြစ်နိုင်ပေမယ့် ရေရှည်မှာတော့ဆိုးကျိုးဖြစ်တာတွေကပိုများလာစေပါတယ်။ အဲ့ဒီအတွက်ကြောင့် စိတ်ဖိစီးမှုဖြစ်လာပြီဆို ကိုင်တွယ်တတ်ဖို့လိုပါတယ်။ ဘယ်လိုကိုင်တွယ်လျှော့ချကြရမလဲ ဆိုတာကိုတော့ မနက်ဖြန်မှာစောင့်ဖတ်ပေးကြပါနော်။

‌အခုစာဖတ်နေသူတွေကို အဓိကသိစေချင်တာကတော့ သင်တို့ကဘယ်တော့မှတစ်ယောက်တည်းမဟုတ်ပါဘူးဆိုတာလေးပါပဲ။ သင်မှီခိုလို့ရတဲ့သူတစ်ယောက်တော့ရှိနေနိုင်ပါသေးတယ်။ စိတ်နှလုံးသားတံခါးကိုဖွင့်ပြီး မြင်အောင်ကြည့်တတ်ဖို့ပဲလိုတာပါနော်။ သင်တို့အတွက် ကအမြဲအသင့်ရှိပါတယ်☺



ကိုယ့်မှာကိုယ်ပဲရှိတယ်လို့မတွေးလိုက်ပါနဲ့ ဘယ်တော့မှ သင်ဟာတယောက်တည်းမဟုတ်ပါဘူးနော် သင့်မှာရင်ဖွင့်ဖို့လူတယောက်ယောက်လိုအပ်...
12/10/2022

ကိုယ့်မှာကိုယ်ပဲရှိတယ်လို့မတွေးလိုက်ပါနဲ့ ဘယ်တော့မှ သင်ဟာတယောက်တည်းမဟုတ်ပါဘူးနော်

သင့်မှာရင်ဖွင့်ဖို့လူတယောက်ယောက်လိုအပ်နေတယ်ဆိုရင် ကိုသတိရလိုက်ပါ. သင့်အတွက်အမြဲအသင့်ရှိနေပါတယ် 😉

21/09/2022

ဒီ page လေးကို နေ့ရွှေ့ညရွှေ့လုပ်နေရာကနေ မဖြစ်ဖြစ်တဲ့နည်းနဲ့စလိုက်ပါတယ်.
Li S tori လို့ဘာလို့နာမည်ပေးထားခဲ့သလဲဆို လူကြီးမင်းတို့ရဲ့ Life Story တွေကို နားထောင်ပေးချင်တဲ့ရည်ရွယ်ချက်နဲ့ပါ.

နေ့စဥ်ပုံမှန်လုပ်ဆောင်တဲ့အရာတွေကိုလုပ်နေကြပေမယ့် ဘဝကတသတ်မှတ်တည်းမရှိတော့ အနိမ့်အမြင့်အတက်အကျ ရိုက်ခတ်မှုတွေကြောင့် ခံစားချက်ပေါင်းများစွာကိုလည်းတွေ့ကြုံခံစားကြရမှာပဲ. အဲ့ဒီ့ခံစားချက်တွေကို တစ်ခါတစ်လေမှာ တယောက်ယောက်ကိုဖွင့်ပြောချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မပြောနိုင် မပြောခဲ့ရပဲ မြိုသိပ်ခဲ့ရတာတွေလဲ ရှိခဲ့မှာပဲ.

ရင်ဖွင့်တာကိုနားထောင်ပေးမယ့်သူမရှိတာ ကိုယ်ဖွင့်ပြောခဲ့ပေမယ့် အဆင်မပြေတာမျိုးတွေက အချိန်ကြာလာတဲ့အခါမှာ ရင်ထဲအစိုင်အခဲတွေဖြစ်လာပြီး စိတ်ပိုင်းဆိုင်ရာကို ထိခိုက်လာနိုင်ပါတယ်. အခုလိုအချိန်မျိုးမှာ ရင်ဖွင့်ဖော်တယောက်ရှိခြင်းဟာ ကြီးမားတဲ့ဆုလာဘ်တစ်ခုပိုင်ဆိုင်ထားရသလိုမျိုး တန်ဖိုးကြီးလှပါတယ်.

ရင်ဖွင့်ချင်တဲ့သူတွေအတွက် Li S tori က ဒီလိုဆုလာဘ်ကလေးဖြစ်ပေးပါ့မယ်. မနက်ဖြန်မှာ ရနိုင်မယ့် service တွေကိုအသေးစိတ်တင်ပေးသွားပါ့မယ်. အားလုံးပဲ ကိုယ် စိတ် နှလုံး ၃ပါးလုံး ကျန်းမာချမ်းသာကြပါစေ.
ကျေးဇူးတင်ပါတယ်ရှင်



Address


Opening Hours

Monday 09:30 - 21:30
Tuesday 09:30 - 21:30
Wednesday 09:30 - 21:30
Thursday 09:30 - 21:30
Friday 09:30 - 21:30
Saturday 09:30 - 21:30

Telephone

+959899995009

Website

Alerts

Be the first to know and let us send you an email when Li S tori posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Li S tori:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram