ငွေပြည် ဟိန်း

  • Home
  • ငွေပြည် ဟိန်း

ငွေပြည် ဟိန်း ဆေးနဝင်း တိုင်းရင်းဆေးကပ်ခွာ
ဆေးန၀င်း သွေးတိုးကျဆေး
ဆေးနဝင်း အကြောပြေ ဝမ်း‌မှန်ဆေး 📱09797811074
📱09691100109

🙏လေးစားချစ်ခင်ရပါသော မိတ်ဆွေများရှင်။🏔️ဥတုရာသီ ပြောင်းလာပြီ🏔️တစိမ့်စိမ်အေးအေးလာချိန်ဆိုတော့🏔️လေးဘက်နာဝေဒနာရှင်များနဲ့ယခင...
19/11/2025

🙏လေးစားချစ်ခင်ရပါသော မိတ်ဆွေများရှင်။

🏔️ဥတုရာသီ ပြောင်းလာပြီ

🏔️တစိမ့်စိမ်အေးအေးလာချိန်ဆိုတော့

🏔️လေးဘက်နာဝေဒနာရှင်များနဲ့
ယခင်က ထိခိုက်ဒဏ်နာ ရှိသုများကတော့
အကြောင်းပြချက်မရှိ.ဘဲ နာကျင်မှု့တွေခံစားလာရမှာမို့

🏔️ယခင်ရောဂါဝေဒနာခံစားခဲ့ရဘူးချိန်
ဆေးနဝင်းအမှတ်တံဆိပ် ဆေးကပ်ခွာ ဖြင့်‌သက်သာပျောက်ကင်းနေကြသူများအဖို့

🏔️စိုးရိမ်ကြောင့်ကြမှု့ တစ်စုံတစ်ရာ မဖြစ်ကြပါနဲ့ ရှင်။
ဆေးအညွှန်းပါ ပျောက်ကင်းနိုင်သောရောဂါများမှာ
ဖော်ပြထားတဲ့ *ဒဏ်နာ*တွေ က ရာသီဥတုအေးလာလို့
ပြန်ပေါ်လာတာဖြစ်တယ်။

🏔️ဒါမို့
ဝေဒနာတွေ ပြန်လည်သက်သာပျောက်ကင်းဖို့
ဆေးကပ်ခွာလေးဘဲ ကပ်ပြီး ကုသမှု့ ခံယူနိုင်သည်ဖြစ်ကြောင်းအကြံပေးမျှဝေပေးပါရစေ။

🏔️ခြေဖျားလက်ဖျားအေးစက်နေရင်
ဆေးမှုန့်လေးတွေကို သနပ်ခါးရေကျဲလေး နှင့်လူးထားပါ။

🏔️လေးစားစွာဖြင့်
ငွေပြည်ဟိန်းတိုင်းရင်းဆေးတိုက်
09449696556
သာကေတမြို့နယ်။
ရန်ကုန်မြို့။

13/11/2025

💛မိတ်ဆွေ
🎯အရိုးအကြောအဆစ် နဲ့ပတ်သက်တဲ့ဝေဒနာ ရဲ့
ခေါင်းစဉ်အောက်မှာ ဖြစ်နေကြသော....

🎯ထိခိုက်ဒဏ်နာ ၊ ဇက်ကြောတက်ခြင်း။
🎯အာရုံကြောအားနည်းပြီး အာရုံစူးစိုက်မရခြင်း။
🎯ဇက်ကျီးပေါင်း၊ လက်မောင်ကပ်ခြင်း၊
🎯 ခါးနာခြင်း၊ခါးကြောညှပ်ခြင်း၊ ခါးကျီးပေါင်းဖြစ်ခြင်း၊
🎯 ဒူးနာနှင့်ဒူးကျီးပေါင်းဝေဒနာ၊ ဒူးအကွေးအဆန့်မရခြင်း၊
🎯 ခြေသလုံးကြွက်သားများတောင့်တင်းခြင်း၊
🎯ညအိပ်ချိန် ကြွက်တက်ခြင်း အပြင်၊
🎯ခြေဖနောင့်အတက်ထွက်ခြင်း

🎯....စသည့်ဝေဒနာများကို သက်သာပျောက်ကင်းစေတဲ့

✅ဆေးနဝင်းအမှတ်တံဆိပ် ဘက်စုံသုံးတိုင်းရင်း
ဆေးကပ်ခွာကို ဆေးပတ်လည်အောင်ကပ်စေခြင်းဖြင့် ဝေဒနာများကို သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။

✅ဝမ်းအလွန်ချုပ်သူများအနေဖြင့်
ဝမ်းချုပ်၍ကိုယ်လက်လေးလံထိုင်းမှိုင်းပြီး အကြောအမြဲ တက်နေသူများ၊ ဝမ်းဗိုက်တောင့်တင်းသူများအတွက်လည်း
ဆေးနဝင်းအမှတ်တံဆိပ် အကြောပြေဝမ်းမှန်ဆေးကို နေ့စဉ်မှီဝဲခြင်းဖြင့် ခံစားရသောဝေဒနာများကို သက်သာပျောက်ကင်းစေပါတယ်။

✅အချို့က သွေးတိုးရောဂါ ရယ်လို့ မသတ်မှတ်နိုင်ပေမယ့်
သွေးတိုးစေတဲ့အစား အစာစားမိခြင်းကြောင့် သွေးတိုးလက္ခဏာပြ သလိုလိုဖြစ်နေသူများ၊ သွေးတိုးရောဂါ
ဝေဒနာရှင်ရယ်လို့ သတ်မှတ်ခံစားရသူများအတွက်လည်း

✅ဆေးနဝင်းအမှတ်တံဆိပ် သွေးတိုးရောဂါ သောက်ဆေးသည်လည်း ယုံကြည်စွာသုံးစွဲသူများ က လက်ခံ နှစ်သက်ပြီး သုံးစွဲ ပုံမှန်နေကြနေပြီဖြစ်ပါတယ်။

✅နောက်တစ်ခုက
အနင်းအနှိပ် ကြိုက်သူတွေအတွက်
မိတ်ဆွေအနေဖြင့် အိမ်တွင်းကုထုံးအဖြစ် အသုံးပြုနိုင်မယ့်ဆေးကြပ်ထုပ်ဘူးလေး တစ်ဘူးဝယ်ပြီး မိမိအိမ်မှာ ကိုယ်တိုင်အသုံးပြုနိုင်ဖို့ စီစဉ်ပေးထားပါပြီ။

✅ကြပ်ထုပ်ထိုးရင် လိမ်းရန်လိုအပ်တဲ့ ဒဏ်ကြေလိမ်းဆေးအဆီဘူး လေးကလည်း သုံးစွဲ သူများအကြိုက်ပေါ့။

✅ဆေးတစ်မျိုးခြင်းစီအတွက် သုံးစွဲနည်းနှင့်အတူ ကပ်ရမယ့်နေရာများကို သိလိုပါက

✅Page messenger ( သိုမဟုတ်)
✅09449696556..သ်ု ဆက်သွယ် ဆွေးနွေးနိုင်ပါတယ် ရှင့်

💵ဆေးတန်ဖိုးများ
ဆေးကပ်ခွာ တစ်ဘူး (ဆယ်ခု ပါ)
၉၀၀၀ကျပ်

💵‌အကြောပြေဝမ်းမှန်ဆေး
တစ်လစာ တစ်ဘူး ၇၀၀၀ကျပ်

💵သွေးတိုးရောဂါသောက်ဆေး
တစ်လစာ တစ်ဘူး ၇၀၀၀ ကျပ်

💵ဆေးကြပ်ထုပ် တစ်ဘူး(ကြပ်ထုပ် နှစ်လုံး+လိမ်းဆီ၂ဘူး)
၂၀၀၀၀ကျပ်။

💵အကြောပြေဒဏ်ကြေလိမ်ဆီ
တစ်ဘူး ၅၀၀၀ကျပ်။

မြန်မာတစ်နိုင်ငံလုံး Royal အမြန်ချော ရောက်သော မြို့များသို့ အိမ်အရောက်ငွေချေ စနစ်ဖြင့်လည်းကောင်း

ကားဂိတ်မှ တင်ပို့သေးရသော ဆေးအမှာများအတွက်ကတော့ ငွေကြိုလွဲပေးရမှာဖြစ်ပြီး တန်ဆာခ ကျသင့်‌ေငွ အားလုံးကို ဝယ်ယူသူဘက်မှ ကျခံပေးရမှာဖြစ်ပါတယ် ရှင့်

#ကျန်းမာရေး

#ငွေပြည်ဟိန်း
#ဆေးနဝင်းအရိုးအကြောအဆစ်ဘက်စုံသုံးတိုင်းရင်းဆေးကပ်ခွာ
#ဝမ်းမှန်အကြောပြေ
#သွေးတိုးရောဂါ

#ကျီးပေါင်းခါးနာဒူးနာလက်တွေပျောက်
#ဆေးပတ်လည်အောင်ကပ်

မနက်ခင်း အိပ်ယာထပြီးတာနဲ့ ခြေဖျားထောက် လေ့ကျင့်ခန်း ကို မိနစ် (၁၀) မိနစ်လောက် ပုံမှန်လုပ်ပေးခြင်းက တစ်ကိုယ်လုံးရဲ့ စွမ်း...
13/11/2025

မနက်ခင်း အိပ်ယာထပြီးတာနဲ့ ခြေဖျားထောက် လေ့ကျင့်ခန်း ကို မိနစ် (၁၀) မိနစ်လောက် ပုံမှန်လုပ်ပေးခြင်းက တစ်ကိုယ်လုံးရဲ့ စွမ်းအင်နဲ့ ကျန်းမာရေးစနစ်ကို ဘယ်လို နိုးကြားစေလဲဆိုတာ ကြည့်ရအောင်။

💪 ခြေဖျားထောက်ခြင်းရဲ့ အကျိုးကျေးဇူး (၈) ချက်
၁။ နှလုံးကို ဦးစွာ နှိုးထစေခြင်း: မနက်ခင်းမှာ သွေးလည်ပတ်မှု နှေးနေတတ်တဲ့အတွက် ခြေဖျားထောက်ခြင်းဟာ ခြေထောက်ကနေ သွေးတွေကို နှလုံးဆီ ပြန်တွန်းပို့ပေးပါတယ်။ နှလုံးနဲ့ ဦးနှောက်ကို အောက်ဆီဂျင် အပြည့်အဝရစေပြီး တစ်ကိုယ်လုံး လန်းဆန်းနိုးကြား စေပါတယ်။

၂။ သွေးရည်ကြည်စနစ် (Lymphatic System) ကို လှုံ့ဆော်ပေးခြင်း: ခြေသလုံးကြွက်သားကို "ဒုတိယနှလုံး" လို့တင်စားပါတယ်။ ခြေဖျားထောက်လိုက်တဲ့အခါ ခြေထောက်ကြွက်သားတွေက ညှစ်အားပေးပြီး ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို စွန့်ထုတ်စနစ်ဆီ ပိုမိုမြန်ဆန်စွာ ပို့ဆောင်ပေးလို့ ကိုယ်ရောင်၊ မျက်နှာရောင်တာတွေကို လျော့ကျ စေပါတယ်။

၃။ ဦးနှောက်နဲ့ အာရုံကြောများကို နှိုးဆွပေးခြင်း: ခြေဖဝါးအောက်ရှိ အာရုံကြောများသည် ခန္ဓာကိုယ်အစိတ်အပိုင်းများစွာနဲ့ ချိတ်ဆက်နေပါတယ်။ ခြေဖျားထောက်တဲ့အခါ ဖိလိုက်၊ လွှတ်လိုက်ဖြစ်တဲ့အတွက် "ကိုယ်တွင်းအင်္ဂါ ရောင်ပြန်အမှတ် နှိပ်နယ်ခြင်း" လိုမျိုး ဖြစ်ပြီး ဦးနှောက် မြန်မြန်နိုးထကာ စိတ်ကြည်လင် စေပါတယ်။

၄။ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း: သွေးစီးဆင်းမှု ကောင်းလေလေ၊ အရေပြားနဲ့ ကိုယ်တွင်းအင်္ဂါတွေ အောက်ဆီဂျင် ရရှိလေလေပါပဲ။ ဒါဟာ အသားအရေကို စိုပြည်ပြီး နှလုံးကိုပါ နေ့တိုင်း ပိုမိုခိုင်မာ စေပါတယ်။

၅။ ခြေကျင်းဝတ်၊ ခြေသလုံးနဲ့ ဒူးဆစ်များကို သန်မာစေခြင်း: အထူးသဖြင့် အသက် ၄၀ ကျော်တွေအတွက် ခြေဖျားထောက်ခြင်းဟာ အဆစ်အမြစ်တွေကို ထောက်ပံ့ပေးတဲ့ ကြွက်သားတွေကို ပိုမိုခိုင်မာစေလို့ ခြေကျင်းဝတ် လွဲနိုင်ခြေ၊ ကြွက်သား လျော့ရဲနိုင်ခြေနဲ့ အရိုးပွခြင်းကို လျှော့ချ ပေးနိုင်ပါတယ်။

၆။ အစာခြေစနစ်အတွက် အပူဓာတ်ကို မြှင့်တင်ပေးခြင်း: မနက်ပိုင်းမှာ ခန္ဓာကိုယ်အပူချိန် အနည်းငယ် နိမ့်ကျနေတတ်ပါတယ်။ ခြေဖျားကို အနည်းငယ် လှုပ်ရှားပေးခြင်းက ဇီဝကမ္မဖြစ်စဉ် (Metabolic fire) ကို လှုံ့ဆော် ပြီး အညစ်အကြေးစွန့်ထုတ်မှုစနစ်ကို ပိုမိုလျင်မြန်စေပါတယ်။

၇။ သမာဓိနဲ့ ဟန်ချက်ညီမှုကို လေ့ကျင့်ပေးခြင်း: ခြေဖျားထောက်နေချိန်မှာ ကိုယ်ခန္ဓာ ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဦးနှောက်က အာရုံစိုက်မှုကို လေ့ကျင့်ပေးပြီး ထိုင်စရာမလိုဘဲ တိုတောင်းတဲ့ အချိန်အတွင်း တရားထိုင်သလို အာရုံစူးစိုက်မှု ကို ရရှိစေပါတယ်။

၈။ ခန္ဓာကိုယ်စွမ်းအင် (Chi / Prana) ကို ဖြည့်တင်းပေးခြင်း: ယောဂနဲ့ တရုတ်ရိုးရာဆေးပညာအရ ခြေထောက်ဟာ စွမ်းအင်ဝင်ပေါက်ဖြစ်ပါတယ်။ ခြေဖျားကို မြှောက်လိုက်၊ ချလိုက်လုပ်ခြင်းဟာ တစ်ကိုယ်လုံးရှိ စွမ်းအင်လမ်းကြောင်း (Energy channels) ကို ဖွင့်ပေးပြီး စီးဆင်းမှု ကောင်းမွန်စေ ပါတယ်။

💡 လွယ်ကူသော လုပ်ဆောင်ပုံ
ကျောကို မတ်မတ်ထားပြီး နံရံ သို့မဟုတ် ကုလားထိုင်နောက်မှီကို ကိုင်၍ မတ်တပ်ရပ်ပါ။

ခြေဖျားကို ဖြည်းဖြည်းချင်း မြှောက်လိုက်–ချလိုက် (၂၀ မှ ၃၀ ကြိမ်) ပြုလုပ်ပါ။

ဒီလိုမျိုး (၂) ကြိမ်မှ (၃) ကြိမ်ခန့် အနားယူကာ ပြုလုပ်ပါ။ စုစုပေါင်း အချိန် (၁၀) မိနစ် ပေးပါ။

နက်ရှိုင်းစွာ အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပြီး ခြေထောက်ကနေ နှလုံးဆီ စီးဆင်းလာတဲ့ စွမ်းအင်ကို ခံစားကြည့်ပါ။

တိုတိုပြောရရင်:

“မနက်ခင်း ခြေဖျားထောက်တဲ့ (၁၀) မိနစ် = တစ်ကိုယ်လုံးက အင်္ဂါအစိတ်အပိုင်းတိုင်း နိုးထလာတဲ့ (၁၀) မိနစ်”

နေ့တိုင်း မနက်ခင်းမှာ လုပ်ပေးရင် တစ်နေကုန်အတွက် စွမ်းအင်အသစ်တွေ ဖွင့်ပေးလိုက်သလိုပါပဲ! 🤩

ခြေသလုံး တုန်လာတဲ့သူတွေ လက်ညှိုးထောင်လိုက်ပါ။ နှလုံးက အလုပ်ကောင်းကောင်း လုပ်နေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ တစ်နေကုန်မှာလည်း အဆီတွေကို ပိုကောင်းကောင်း လောင်ကျွမ်းစေမှာပါ။

#ကျန်းမာရေး #သဘာဝဆေးနည်း #ခြေဖျားထောက် #မနက်ခင်းလေ့ကျင့်ခန်း #ကိုယ်လက်လှုပ်ရှားမှု #သွေးလည်ပတ်မှု

နှစ်ပေါင်း နှစ်ဆယ်တိုင်အောင်အတူတကွ ရှိနေခဲ့ကြသောသွေးချင်းပမာ မိတ်ဆွေကောင်းများနှင့်အတူမန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊...
31/10/2025

နှစ်ပေါင်း နှစ်ဆယ်တိုင်အောင်
အတူတကွ ရှိနေခဲ့ကြသော
သွေးချင်းပမာ မိတ်ဆွေကောင်းများနှင့်အတူ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊လိမ်ပင်ရွာ ရှိ
ရွေဘုံသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့
ယနေ့သွားကြစဉ် အမှတ်တရ။

Donation and knowledge sharing section Ceremony..
30/10/2025

Donation and knowledge sharing section

Ceremony..

29.10.2025မှ 9.11.2025အထိအခြားသောအလုပ်တာဝန်များ‌ ၊ မန္တလေး မှာ ကျန်ခဲ့တဲ့ ကိုယ့်သရက်ခြံလေးကိုပြင်ဆင်မွမ်းမံဖို့ရယ် ၊ မန္...
27/10/2025

29.10.2025မှ 9.11.2025အထိ
အခြားသောအလုပ်တာဝန်များ‌ ၊

မန္တလေး မှာ ကျန်ခဲ့တဲ့ ကိုယ့်သရက်ခြံလေးကို
ပြင်ဆင်မွမ်းမံဖို့ရယ် ၊

မန္တလေးမြို့သို့ ခရီးထွက်ရမှာဖြစ်လို့
ချစ်စွာသော မိတ်ဆွေများအတွက်
ကြပ်ထုပ်ဘူး 50 ... နှင့်လိုအပ်သော ပစ္စည်းထပ်ဖြည့်ပြီးသောအခါ

ခုတော့ပြီးသွားပါပြီ။
Goodnight ?
Good morning ?

ဇွဲ၊လုံလ ၊ဝီရိယ အားစိုက်နိုင်သလောက်အားစိုက်နေပါတယ်။
ဒီအလုပ်လေးက်ုချစ်တယ်လေ....

ဒီအလုပ်လေးစလုပ်တဲ့နေ့ ထဲက ခုလို စဉ်ဆက်မပျက် အားစိုက်ခဲ့ရတာ ခုဆို လမ်းကြောင်းလေးတစ်ခု‌ ပေါ်ရောက်လာပြီ။ ကျေနပ်တယ် ဗျာ။

ဝေဒနာရှင်များကို ကူညီနိုင်ဖို့ရာ ဆက်လက်ကြိုးစားပါအုံးမည်။

28.10.2025
1:55 AM

Delivery fees တက်မယ်ဆိုတော့...
27/10/2025

Delivery fees တက်မယ်ဆိုတော့...

𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ကို ယနေ့ချိန်ထိ ယုံယုံကြည်ကြည်
အားပေးလာတဲ့ ချစ်သော 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များအားလုံးကို ဦးစွာ
ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ 🙏❤️

ယခုအခါမှာ သယ်ယူပို့ဆောင်ရေး အထွေထွေ
ကုန်ကျစရိတ်တွေ မြင့်မားလာတာကြောင့် ပို့ဆောင်ခ
ဈေးနှုန်းအချို့ကို ပြောင်းလဲသတ်မှတ်ထားရပါတယ်။ 📈

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၁ ရက်နေ့မှစပြီး
𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ရဲ့ ချောစာ၊ ပါဆယ်ပို့ဆောင်ခ
ဈေးနှုန်းများအားလုံးကို ပုံမှန်ဈေးနှုန်းထပ် (၅၀၀) ကျပ်တိုးမြှင့်ကောက်ခံသွားမှာဖြစ်ကြောင်း အသိပေးလိုပါတယ်။ 📣💰

ခေတ်နဲ့အညီ ဝန်ဆောင်မှုအဆင့်အတန်းမြှင့်တင်ဖို့နဲ့
မြန်ဆန်ပြီး စိတ်ချရတဲ့ ပို့ဆောင်ရေးစနစ်ကို
ဆက်လက်ပေးစွမ်းနိုင်ဖို့အတွက် ပို့ဆောင်ခ ဈေးနှုန်းအချို့ကို
ပြောင်းလဲသတ်မှတ်ရတာမို့ ကာကာလေးတို့ နားလည်းပေးပါလို့
တောင်းဆိုအပ်ပါတယ်ရှင်။ 🥺🤝

“ဈေးနှုန်းအနည်းငယ် မြင့်တက်သွားလို့လည်း စိတ်မပူပါနဲ့နော်” 😉

𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 က 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအတွက်
ကီလိုဈေးနှုန်းများကို အသက်သာဆုံးနဲ့ ပို့ဆောင်လို့ရမယ့်
အစီအစဉ်လည်းရှိပါတယ်။ 🎁

ပုံမှန် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 ‌တွေအတွက် (၂)ကီလိုအထိကို (၁)ကီလို
ဈေးနှုန်းနဲ့ ပို့ဆောင်လို့ရမှာဖြစ်ပြီး၊
စာချုပ်ချုပ်ဆိုထားတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအတွက် (၃)ကီလိုအထိကို
(၁)ကီလိုဈေးနှုန်းဖြင့် ပို့ဆောင်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။ ✨

ဈေးနှုန်းအသစ်ကို ကိုယ်တိုင်တွက်ချက်ချင်တယ်ဆိုရင်တော့
အောက်ပါ 𝐋𝐢𝐧𝐤 မှာ အလွယ်တကူ တွက်ချက်နိုင်ပါတယ် 👇 https://www.royalx.net/price-calculator

ဈေးနှုန်းအပြောင်းအလဲနဲ့ပတ်သက်ပြီး အသေးစိတ်မေးမြန်းလိုပါက 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 -
http://m.me/RoyalExpressMyanmar 💬
& 𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫 - (𝟎𝟗 𝟕𝟕𝟗 𝟖𝟖𝟖 𝟔𝟖𝟖) 📞 ကို
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ 😊

22/10/2025

မရွှေယု့လေးက ဆေးဝယ်တဲ့ မိတ်ဆွေတွေအပေါ်
ဦးကျော်ပြောသလိုမှ ဆက်ဆံပါရဲ့လား❓
အတင်မပြေတာများရှိရင် ပြုပြင်လို့ရအောင်
Comment မှာ ပြောပြပေးပါရှင့်။

အားနည်းချက်ရှိပါက အပြုသဘောဖြင့် ထောက်ပြခြင်းအား
ကြိုဆိုလျက်......

လေးစားစွာဖြင့်

အဖြစ်များတဲ့ ပျားရည်ဖတ်အနာImpetigo (ပျားရည်ဖတ်အနာ)ဟာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ အနာတစ်မျိုး ဖြစ်ပါတယ်။ ဒီအနာဟာ ကူးစ...
21/10/2025

အဖြစ်များတဲ့ ပျားရည်ဖတ်အနာ

Impetigo (ပျားရည်ဖတ်အနာ)ဟာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ အနာတစ်မျိုး ဖြစ်ပါတယ်။ ဒီအနာဟာ ကူးစက်လွယ်ပြီး ကလေးငယ်တွေ အများဆုံးဖြစ်ကြတယ်။ မွေးကင်းစမှ အသက် (၅)နှစ်အတွင်း အဖြစ်များတယ်။မျက်နှာ၊ လက်၊ ခြေထောက် စတဲ့နေရာတွေမှာ အဓိကတွေ့ရတယ်။ impetigoကို မြန်မာလို အနာစက်လို့ ဘာသာပြန်ကြတယ်။ တကယ်တော့ ပိုးဝင်ကာစ red sore အဆင့်မှာပဲ အနာစက်လို့ ခေါ်ဝေါ်သင့်တယ်။ ဆေးရုံဆေးခန်းမှာရောက်လာတဲ့ impetigo အများစုဟာ အဝါရောင် ပျားရည်ဖတ်တွေကပ်နေတဲ့ အနာ (yellow-colored honey crust)ပုံစံမျိုးနဲ့ ရောက်လာလေ့ရှိပါတယ်။ပျားရည်ဖတ်အနာတွေဟာ ယားယံတတ်ပါတယ်။

Impetigo(ပျားရည်ဖတ်အနာ)ကို အဓိကဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုး နှစ်မျိုးရှိတယ်။ အဖြစ်အများဆုံးက Staphylococcus aureus ပိုးကြောင့် အဓိကဖြစ်တယ်။ Streptococcus pyogenes ပိုးကြောင့်လည်း ဖြစ်တတ်သေးတယ်။ သာမန်အားဖြင့် အဆိုပါပိုးတွေဟာ အရေပြားမှာ ပုံမှန်အတိုင်းနေထိုင်ကြတယ်။ အရေပြားမှာ ခြစ်ရာ၊ ပွန်းရာ၊ ရှရာ ဝင်ရုံလောက်နဲ့ impetigo အနာဖြစ်ဖို့ လုံလောက်ပါတယ်။

စဖြစ်ဖြစ်ချင်း အရေပြားပေါ်မှာ ရောင်ရမ်းတဲ့ အနာစက်ပုံစံဖြစ်လေ့ရှိတယ်။ ကြာရင် အနာကပေါက်ထွက်ပြီး အရည်တွေ စိမ့်ထွက်လာတယ်။ ဒီအရည်တွေကတဆင့် ပျားရည်ဆန်ဆန် အဝါဖတ်တွေဖြစ်ပေါ်လာတယ်။ အနာက ပေါက်ထွက်တဲ့အခါ တခြားနေရာကို ကူးစက်ပျံ့နှံ့လွယ်တယ်။ တခါတရံ အနာနဲ့အတူ အဖျားကြီးတာ၊ နာကျင်ကိုက်ခဲတာမျိုးရှိနိုင်တယ်။ တခါတရံ ပိုးကောင် အင်းဆက်ကိုက်ခံရတဲ့ဒဏ်ရာ (သို့မဟုတ်) နှင်းခူနာနဲ့ ဝက်ခြံလို အရေပြားရောဂါတွေက တဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး အနာဖြစ်လာတယ်။ အများစုဟာ နှာခေါင်း၊ ပါးစပ်၊ မေးစေ့တစ်ဝိုက်မှာ ဖြစ်ကြတယ်။

လက္ခဏာများ

(၁) Non-bullous Impetigo (ရိုးရိုးအနာစက်)
ရိုးရိုးအနာစက် (Non-bullous Impetigo) နဲ့ အရည်ကြည်ဖုအနာ (Bullous Impetigo) ဆိုပြီး နှစ်မျိုးရှိတယ်။ ဒီထဲမှာ Non-bullous Impetigo (ရိုးရိုးအနာစက်)က အဖြစ်များဆုံး ဖြစ်ပါတယ်။Staphylococcus aureus (၈၀%) နဲ့ Streptococcus pyogenes (၁၀%) ပိုးနှစ်မျိုးလုံးကြောင့် ဖြစ်နိုင်တယ်။ ကနဦးမှာ အနီရောင်အစက်ငယ်တွေ စတင်ဖြစ်ပေါ်လာတယ်။ ဒီအနာစက်တွေက ပြည်ဖုငယ် (vesicles/pustules)တွေ အဖြစ်မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတယ်။ ပြည်ဖုလေးတွေ ပေါက်ထွက်ပြီးနောက်ပိုင်း အဝါရောင် (ပျားရည်နှင့်တူတဲ့) အဖတ်များ ဖြစ်လာပါတယ်။ အနာကျက်ပြီး အညိုရောင် (သို့) အနီရောင် အမာရွတ်တွေ ကျန်ရစ်တတ်ပါတယ်။

(၂) Bullous Impetigo (အရည်ကြည်ဖုအနာ)
အရည်ကြည်ဖုထွက်တဲ့ impetigo အနာဟာ Staphylococcus aureus ပိုးကြောင့် ဖြစ်တယ်။ ပိုးဝင်ပြီးမကြာခင် အရေပြားမှာ အရည်ကြည်ဖုလုံး (bullae)တွေ စတင်ထွက်ပေါ်လာတယ်။ အရည်ကြည်ဖုဟာ အစပိုင်းမှာ ကြည်လင်နေသလောက် နောက်ပိုင်းမှာ ပြည်တည်နာဆန်ဆန် နောက်ကျိပါတယ်။ အရည်ဖုတွေ ပေါက်ထွက်သွားပြီး အဝါရောင်အဖတ်တွေ ကပ်လာပါတယ်။ အနာက နာကျင်ကိုက်ခဲတာမျိုး ရှိတတ်တယ်။

Impetigo (ပျားရည်ဖတ်အနာ) တွေဟာ အလွန်ကူးစက်လွယ်ပါတယ်။ ရောဂါရှိသူနဲ့ အရေပြားချင်း တိုက်ရိုက်ထိတွေ့မိရုံနဲ့ ကူးစက်နိုင်တယ်။ ရောဂါရှိသူ သုံးထားတဲ့ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်း၊ ရေချိုးဆပ်ပြာ စသည်တို့ကို မျှဝေသုံးစွဲမိခြင်းကြောင့်လည်း ကူးစက်နိုင်ပြန်တယ်။ တခါတရံ ရောဂါရှိသူကိုယ်တိုင်က ယားယံတဲ့ ပျားရည်ဖတ်အနာတွေကို ကုတ်ခြစ်မိပြီး အခြားနေရာသို့ ပြန့်ပွားစေနိုင်တယ်။ ဒါ့ကြောင့် လက်ကို သန့်ရှင်းဖို့ လိုပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြမလဲ
အောက်ပါလက္ခဏာတွေ ပေါ်ပေါက်လာရင် ဆရာဝန်နှင့် ချက်ချင်းပြသပါ။
· အနာတွေ ဆက်လက်ပြန့်ပွားနေခြင်း
· ကိုယ်ပူခြင်း
· အနာက နာကျင်လာခြင်း၊ နီရဲလာခြင်း၊ ရောင်ရမ်းလာခြင်း
· ဆီးသွားနည်းခြင်း (ကျောက်ကပ်ပြဿနာ လက္ခဏာ)
· မောပန်းနွမ်းနယ်ခြင်း

ကုသနည်း
Impetigo ရောဂါက ကုရလွယ်ပါတယ်။ ရောဂါမပြင်းထန်ရင် ပဋိဇီဝပိုးသတ်လိမ်းဆေး (Antibiotic Ointment)တွေ သုံးနိုင်တယ်။ Mupirocin လိမ်းဆေး သို့မဟုတ် Fusidic Acid လိမ်းဆေးတွေ ဆရာဝန်ညွှန်ကြားချက်ဖြင့် သုံးစွဲနိုင်တယ်။ ရောဂါအခြေအနေ ပြင်းထန်ရင် ဒါမှမဟုတ် ရောဂါပျံ့ပွားနေတဲ့အခါမျိုးမှာ ပဋိဇီဝသောက်ဆေး (Oral Antibiotics) တွေ သောက်ဖို့လိုပါတယ်။ cephalexin, cloxacillin, dicloxacillin စတဲ့ သောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးနိုင်တယ်။

အိမ်တွင်းကုထုံး
· အနာကို သန့်ရှင်းအောင်ထားပါ။ ရေသန့်သန့်နဲ့ ဆပ်ပြာအသုံးပြုပြီး ဆေးကြောပါ။
· အနာပေါ်က အဖတ်တွေကို ဖယ်ရှားဖို့ ရေနွေးအိတ် သို့ ရေနွေးအဝတ်စ အုပ်ပေးနိုင်တယ်။
· အနာကို ပလာစတာ (သို့) ပတ်တီးစနဲ့ စည်းထားပါ။ ပိုးပြန့်ပွားမှုကို ကာကွယ်ပေးပါတယ်။
· ယားယံတဲ့အနာကို မကုတ်မိဖို့ အထူးဂရုပြုပါ။ ကလေးငယ်တွေမှာ လက်အိတ်စွပ်ပေးနိုင်ပါတယ်။

ကာကွယ်ခြင်း
· လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပါ။
· ရောဂါရှိသူ သုံးစွဲထားတဲ့ အဝတ်အစား၊ အိပ်ရာခင်း၊ ပဝါများကို သီးသန့်လျှော်ဖွတ်ပါ။
· အရေပြားပေါ်ရှိ အနာ၊ ခြစ်ရာ၊ ကိုက်ခံရဒဏ်ရာများကို သန့်ရှင်းအောင်ထားပါ၊ ဆေးထည့်ပါ။
· ရောဂါရှိသူသည် ဆေးကုသမှုစတင်ပြီး ၂ရက်အတွင်း (သို့) ခြောက်သွေ့ပြီး အနာကျက်တဲ့အထိ ကျောင်း/အလုပ်မှ နားပြီး အိမ်မှာနေသင့်တယ်။

ဒေါက်တာအေးမင်းထူး
၂၀.၁၀.၂၀၂၅

Crd..

🪷လေးစားချစ်ခင်ရပါသော မိတ်ဆွေများ၏🪷ငွေပြည်ဟိန်း‌ ဆေးတိုက်မှ ထုတ်လုပ်သောဆေးနဝင်းအမှတ်တံဆိပ် တိုင်းရင်းဆေးဝါးများကိုယုံကြည်...
20/10/2025

🪷လေးစားချစ်ခင်ရပါသော မိတ်ဆွေများ၏

🪷ငွေပြည်ဟိန်း‌ ဆေးတိုက်မှ ထုတ်လုပ်သော
ဆေးနဝင်းအမှတ်တံဆိပ် တိုင်းရင်းဆေးဝါးများကို
ယုံကြည်စွာမှာယူသုံးစွဲပေးကြလို့ ကျေးဇူးအများကြီး
တင်ရှိနေပါမည်ဖြစ်ကြောင်း ၊

🪷ညွန်းဆိုပေးတဲ့အတိုင်းဆေးပတ်လည်အောင် သုံးစွဲကြပြီး
လက်တွေ့သက်သာပျောက်ကင်းကြလို့ အချင်းချင်း
ပြန်လည်ညွန်းဆိုပေးကြတာမို့ ဝယ်ယူသူတွေအားလုံးအတွက်
အနာနဲ့ဆေးတွေ့ပြီး ထပ်မံသက်သာပျောက်ကင်းကြပါစေကြောင်း မေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်။

🪷ယနေ့အတွက်
ရန်ကုန်မြို့တွင်းအမှာများ
တောင်တွင်းကြီး၊ ပုသိမ်၊ပြင်ဦးလွင်၊ ဘုရားကြီး
မန္တလေး၊ မုံရွာ၊ ပြည် ..မြို့များသို့ အ်မ်အရောက်ငွေချေ
Royal အမြန်ချောဖြင့်ပို့ဆောင်ပေးလိုက်ပါပြီရှင်။

🪷ချစ်ခြင်းအားဖြင့်
မရွှေယု့လေး
ငွေပြည်ဟိန်းတိုင်းရင်းဆေးတိုက်။
09449696556

U S.A က မမမွှေးအတွက် ဆေးကပ်ခွာ 25ဘူး  အမှာ ကမာရွတ်အိမ်ကိုပို့ပေးရန်။Oversea အထိ ကိုယ်တိုင်ပို့ပေးချင်တာ။ကိုယ့်စာရိတ်နဲ့က...
17/10/2025

U S.A က မမမွှေးအတွက်
ဆေးကပ်ခွာ 25ဘူး အမှာ
ကမာရွတ်အိမ်ကိုပို့ပေးရန်။

Oversea အထိ ကိုယ်တိုင်ပို့ပေးချင်တာ။
ကိုယ့်စာရိတ်နဲ့ကိုယ် သွားပါမယ်။✈️✈️✈️✈️✈️

Address

11111

Alerts

Be the first to know and let us send you an email when ငွေပြည် ဟိန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram