Myat Yadanar Pharmacy

Myat Yadanar Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Yadanar Pharmacy, Cherry Street, Maymyo.

နှစ်သစ်မှာ ကိုယ်ရောစိတ်ပါကျန်းမာချမ်းသာကြပါစေ  ငြိမ်းချမ်းသာယာနိုင်ကြပါစေ လို့....မြတ်ရတနာ မိသားစုကဆုတောင်းမေတ္တာပို့သလိ...
31/12/2022

နှစ်သစ်မှာ ကိုယ်ရောစိတ်ပါကျန်းမာ
ချမ်းသာကြပါစေ ငြိမ်းချမ်းသာယာ
နိုင်ကြပါစေ လို့....

မြတ်ရတနာ မိသားစုကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ် 💖🙏

❇️Monkeypox အကြောင်းသိကောင်းစရာ❇️Monkeypox (မျောက်ကျောက်) ရောဂါဟာ ကျောက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ COVID 19 လို က...
02/06/2022

❇️Monkeypox အကြောင်းသိကောင်းစရာ❇️

Monkeypox (မျောက်ကျောက်) ရောဂါဟာ ကျောက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ COVID 19 လို ကူးစက်လွယ် ပျံနှံ့ လွယ်တဲ့ ရောဂါတစ်ခုတော့ မဟုတ်ပါ။ လေက တဆင့်ကူးစက်တယ် ဆိုပေမယ့် ရောဂါပိုးက အရွယ်အစားကြီးတဲ့အတွက် လေမှတစ်ဆင့်ကူးဆက်တက်တဲ့ ရောဂါများကဲ့သို့အလွယ်တကူ မကူးစက်နိုင်ပါ။
ကမ္ဘာပေါ်မှာ ကျောက်ရောဂါတွေ အများကြီးရှိပါတယ်။

✅ Small pox (ကျောက်ကြီး) ရောဂါ
✅ Chicken pox (ရေကျောက်) ရောဂါ
✅ Cow pox နွားမှာဖြစ်တဲ့ ကျောက်ရောဂါ ယခု ခေတ်စားနေတဲ့
✅ Monkey pox မျောက်မှာ ဖြစ်တဲ့ ကျောက်ရောဂါ တို့ ဖြစ်ကြပါတယ်။

Monkey Pox မျောက်ကျောက် ရောဂါကူးစက်ခံရခြင်းမှာ -
✅ မျောက်ကျောက်ရောဂါပိုးရှိသည့် တိရစ္ဆာန်ခန္ဓာကိုယ်မှထွက်သည့်အရည်ကိုထိတွေ့မိခြင်း
✅ ရောဂါပိုးရှိသူ၏ အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ရောဂါပိုးကူးစက်ခြင်း
✅ ခန္ဓာကိုယ်မှထွက်ရှိသောအရည်များနှင့် တိုက်ရိုက်ထိတွေ့ခြင်း (သို့မဟုတ်) ထိုအရည်များပေကျံနေသော အဝတ်အစားများ၊ အသုံးအဆောင်များမှတစ်ဆင့် ထိတွေ့မိခြင်း တို့ကြောင့်ဖြစ်ပွားနိုင်ပါတယ်။

Monkeypox သည် Orthopoxvirus မျိုးစိတ်ထဲကဖြစ်ပြီး ကူးစက်သည့်နေ့ (၇)ရက်မှ (၁၄)ရက်အကြာတွင်
- ဖျားခြင်း
- ခေါင်းကိုက်ခြင်း
- ကိုယ်လက်ကြွက်သားများနာကျင်ကိုက်ခဲခြင်း
- ခါးကိုက်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- အကြိတ်များကြီးခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

ဖျားနာပြီး (၁ရက်) မှ(၃ရက်)အကြာတွင်လည်း
- အရေပြားပေါ်တွင် အနီဖုများပေါက်ခြင်း
- ထိုအနီဖုများသည် မျက်နှာပေါ်တွင် စတင်ပေါ်ပေါက်ပြီး အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်း
- အနီကွက် အနီဖုများတွင် အရည်ကြည်ဖုများ၊ ပြည်ဖုများပါရှိခြင်း
- ၄င်းပြည်ဖုများ၊ အရည်ကြည်ဖုများ အတူတကွပေါင်းစည်းပြီး ကွာကျခြင်းတို့ ဖြစ်နိုင်ပါတယ်။

ထို့ကြောင့်ရောဂါပြန့်ပွားမှုနှင့် ကူးစက်မှုတို့ထံမှ ကာကွယ်နိုင်ရန်-
- တိရစ္ဆာန်များနှင့် အကာအကွယ်မရှိပဲ ထိတွေ့ခြင်းကိုရှောင်ကြဉ်ခြင်း
- အသားများကိုမကျက်တကျက်စားသောက်ခြင်းမှ ရှောင်ကြဉ်ခြင်း
- ရောဂါပိုးကူးစက်ခံရသူနှင့် နီးကပ်စွာနေခြင်းမှရှောင်ကြဉ်ခြင်း
- အသုံးအဆောင်ပစ္စည်းများကို ဆေးကြောပြီးမှကိုင်တွယ်ခြင်း
- တခုခုကိုင်တွယ်ပြီးတိုင်း လက်ဆေးခြင်း
- ကျောက်ကြီးရောဂါကာကွယ်ဆေး ထိုးထားသောသူများကိုသာ လူနာပြုစုခွင့်ပေးခြင်း
- ရောဂါကူးစက်ခံရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ အကြောင်းကြားခြင်းတို့ကို ပြုလုပ်သင့်ပါသည်။

ကျန်းမာရေးနှင့်ပတ်သက်၍ သိလိုသမျှကိုလည်း မင်မင်ချောချောလေးများက အမြန်ဆုံးနှင့်ဖြေကြားပေးမှာ ဖြစ်လို့ ဖုန်းဖြင့်ဖြစ်စေ Chat Box မှဖြစ်စေမေးမြန်းနိုင်ပါတယ်ရှင့်
ဒါ့ပြင်ဆိုင်မှာလည်းကိုယ်တိုင်ကိုယ်ကျလာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

⏰ ဆေးဆိုင်ဖွင့်ချိန် ⏰
မနက်(၇)နာရီမှ ည(၈)ထိ.............................................................................................
🏥 မြတ်ရတနာဆေးဆိုင် 🏥
ချယ်ရီလမ်း၊ သိင်္ဂီလမ်းနှင့်န၀ရတ်လမ်းထောင့်၊ ပြင်ဉီးလွင်မြို့ ။
☎️ ၀၉ ၇၅၉၀၈၈၈၅၄ ☎️

🌸 ဝယ်ယူအားပေးမှုများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ 🌸




#မျောက်ကျောက်ရောဂါ

❇️ အိမ်တိုင်းဆောင်ထား Peditral Low ဓါတ်ဆား ❇️ချွေးထွက်များသူတွေအတွက် ကုန်ဆုံးသွားတဲ့ရေနဲ့ ဓါတ်ဆားကို ပြန်လည်ဖြည့်တင်းဖို...
24/05/2022

❇️ အိမ်တိုင်းဆောင်ထား Peditral Low ဓါတ်ဆား ❇️

ချွေးထွက်များသူတွေအတွက် ကုန်ဆုံးသွားတဲ့ရေနဲ့ ဓါတ်ဆားကို ပြန်လည်ဖြည့်တင်းဖို့အတွက် ဓါတ်ဆားသောက်သုံးပေးဖို့လိုအပ်ပါတယ်။ အခုလိုပူပြင်းလှတဲ့နွေရာသီမှာ ပိုလို့တောင်လိုအပ်တာပေါ့ရှင်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း၊ အော့အန်ခြင်း၊ တုပ်ကွေးဖျားနာမှုကြောင့် ဝမ်းလျှောခြင်း၊ အထက်လန်အောက်လျှောဖြစ်ခြင်း တို့အတွက်လည်း အသက်အရွယ်မရွေး သောက်သုံးပေးမယ်ဆိုလျှင် ပိုလို့တောင်ကောင်းပါတယ်ရှင် .... 💝

အဲ့ဒီအတွက် WHO ကနေ New Formula (ဖော်မြူလာအသစ်) နဲ့ထုတ်လုပ်ထားတဲ့ Peditral Low Osmolarity ဓါတ်ဆားနဲ့မိတ်ဆက်ပေးပါရစေရှင့်။ ဒီဓါတ်ဆားဟာ အချိုနှင့်အငန်ဓါတ်ကိုလျှော့ချထားတဲ့အတွက် သွေးတိုး၊ ဆီးချို ရှိသော လူကြီးသူမများအတွက်အထူး သောက်သုံးဖို့ရန်သင့်တော်တဲ့ ဓါတ်ဆားတစ်မျိုးပဲဖြစ်ပါတယ်။ ကလေးများသွေးလွန်တုတ်ကွေးဖြစ်ခြင်းကြောင့်ဆုံးရှုံးသွားသော ရေနှင့် ဓါတ်ဆားများ ပြန်လည်ဖြည့်တင်းဖို့ရာအတွက်လည်း သောက်သုံးပေးနိုင်ပါတယ်။

✅ Peditral Low ဓါတ်ဆားကိုသောက်တဲ့အခါ ဝမ်းသွားနှုန်းကို ၂၀% ၊ အန်နှုန်းကို ၃၀% ၊ အကြောဆေးရည်သွင်းရမည့်နှုန်းကို ၃၃% ထိလျော့နည်းစေတာကြောင့် ဆေးရုံတက်ကုသရခြင်းနဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲရောဂါတွေကိုပါ လျော့ကျစေပါတယ်။

နောက်ပြီးလိမ္မော်အရသာ နဲ့ထုတ်လုပ်ထားတာဖြစ်လို့ အခြားဓါတ်ဆားတွေလို သောက်ရအဆင်မပြေတာမျိုး မဖြစ်စေတော့ဘူးပေါ့နော် ....

✅ Peditral Low ဓါတ်ဆားကို ရေကျက်အေး(သို့) ရေသန့် 1L (1000ml) ဖြင့် ဖျော်စပ်ပေးရပါမည်။ အရမ်းပူ အရမ်းအေးသောရေများ မဖြစ်ရပါ။ လူကြီးများအတွက် တစ်နေ့ကို (၂)ထုပ်မှ (၃) ထုပ်အထိသောက်သုံးနိုင်ပြီး ကလေးများအတွက် (၁)ထုပ်သောက်သုံးနိုင်ပါသည်။ ဖျော်ပြီး (၂၄) နာရီအတွင်း သောက်သုံးရပါမည်။ (၂၄) နာရီထက်ကျော်လွန်ပါက သောက်သုံးရန်မသင့်ပါ။

ကျန်းမာရေးနှင့်ပတ်သက်၍ သိလိုသမျှကိုလည်း မင်မင်ချောချောလေးများက အမြန်ဆုံးနှင့်ဖြေကြားပေးမှာ ဖြစ်လို့ ဖုန်းဖြင့်ဖြစ်စေ Chat Box မှဖြစ်စေမေးမြန်းနိုင်ပါတယ်ရှင့်💝

ဒါ့ပြင်ဆိုင်မှာလည်းကိုယ်တိုင်ကိုယ်ကျလာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

❇️ ဆေးဆိုင်ဖွင့်ချိန် ❇️
မနက်(၇)နာရီမှ ည(၈)ထိ.............................................................................................
❇️ မြတ်ရတနာဆေးဆိုင် ❇️

🏥 ချယ်ရီလမ်း၊ သိင်္ဂီလမ်းနှင့်န၀ရတ်လမ်းထောင့်၊ ပြင်ဉီးလွင်မြို့ ။
☎️ ၀၉ ၇၅၉၀၈၈၈၅၄
💝 ဝယ်ယူအားပေးမှုများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။

#အိမ်တိုင်းဆောင်ထားPeditral_Lowဓါတ်ဆား


#ပက်ဒီထရယ်

‘ကဆုန်လပြည့် ဗုဒ္ဓနေ့’ယနေ့ကျရောက်သော ‘ကဆုန်လပြည့် ဗုဒ္ဓနေ့’ အခါသမယတွင် မြန်မာပြည်သူ ပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိ...
14/05/2022

‘ကဆုန်လပြည့် ဗုဒ္ဓနေ့’

ယနေ့ကျရောက်သော ‘ကဆုန်လပြည့် ဗုဒ္ဓနေ့’ အခါသမယတွင် မြန်မာပြည်သူ ပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။


❇️ကြိုတင်ကာကွယ် သွေးလွန်တုပ်ကွေး အန္တရာယ်❇️❇️ပီကာကစ် ခြင်မကိုက်ရည်❇️ခြင်မှတစ်ဆင့်ကူးစက်တက်သည့်ရောဂါတစ်မျိုး ဖြစ်တဲ့ သွေး...
13/05/2022

❇️ကြိုတင်ကာကွယ် သွေးလွန်တုပ်ကွေး အန္တရာယ်❇️
❇️ပီကာကစ် ခြင်မကိုက်ရည်❇️

ခြင်မှတစ်ဆင့်ကူးစက်တက်သည့်ရောဂါတစ်မျိုး ဖြစ်တဲ့ သွေးလွန်တုတ်ကွေးရောဂါဟာ အခုလို ခြင်ပေါက်ဖွားရာ မိုးရာသီမှာအဖြစ်များဆုံးရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ အပူပိုင်းဇုန်နဲ့ သမိုင်းဇုန်ဒေသတွေမှာ အဖြစ်များကြပါတယ်။ သွေးလွန်တုပ်ကွေးရောဂါမှာ -

✅Break-Bone”Fever လို့ခေါ်တဲ့အပျော့စား သွေးလွန်တုတ်ကွေးရောဂါနဲ့

✅Hemorrhagic Fever လို့ခေါ်တဲ့ အပြင်းစား သွေးလွန်တုပ်ကွေးရောဂါဆိုပြီး
နှစ်မျိုးရှိပါတယ်။

✅ Break-Bone”Fever (ပျော့စားသွေးလွန်တုပ်ကွေးရောဂါ) ခံစားရတဲ့အခါမှာ
- အဖျားတက်တာ
- အရေပြားမှာအနီရောင်အဖုအပိန့်တွေထွက်တာ
- ကြွက်သားနဲ့အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာ စတဲ့ရောဂါ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

✅ Hemorrhagic Fever (အပြင်းစား သွေးလွန်တုပ်ကွေးရောဂါ) ခံစားရတဲ့အခါမှာတော့
- သွေးထွက်လွန်မယ်
- အဖျားတက်မယ်
- သွေးပေါင်ချိန်တွေထိုးကျမယ် စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်တဲ့အပြင်
အဆိုးဆုံးအခြေအနေအနဲ့ အသက်သေဆုံးတာမျိုးထိလည်း ဖြစ်နိုင်တာကြောင့် အထူးဂရုစိုက်သင့် ရောဂါ‌ဝေဒနာတစ်ခုပဲဖြစ်ပါတယ်။

ဒါကြောင့်မဖြစ်ခင်ထဲကကြိုတင်ကာကွယ်ထားရင်တော့အကောင်းဆုံးပေါ့ရှင်။
နောက်ပြီး သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး ၄င်းရောဂါကို ကာကွယ်ပေးနိုင်တဲ့ဆေးရယ်လို့လည်း မရှိသေးတာကြောင့် ပိုပြီးဂရုစိုက်သင့်ပါတယ်။ ရောဂါကာကွယ်နိုင်မယ့် အ‌ကောင်းဆုံးနည်းလမ်းတွေကတော့
✳️ ခြင်ကိုက်မခံရအောင်ဂရုစိုက်နေထိုင်ဖို့ကအရေးကြီးဆုံးပါပဲရှင့် .....
-
ခြင်ကိုက်မခံရအောင်ကာကွယ်ဖို့ဆိုရင် ခြင်နိုင်ဆေးသုံးစွဲဖို့ဆိုတာကလဲ အရေးကြီးတဲ့အချက်တစ်ခုပဲဆိုရင် မှားမယ်မထင်ပါဘူးနော် ....
ဒါကြောင့် ခြင်ကိုက်ခံရခြင်းမှ အထိရောက်ဆုံးကာကွယ်ပေးနိုင်တဲ့ Diethyltoluamide 14.5% ပါ၀င်တဲ့ ပီကာကစ် ခြင်မကိုက်ရည်အား အ၀တ်အစားများပေါ်နှင့် ခြင်ရှိနိုင်သောနေရာများတွင်ဖြန်းပေးခြင်းအားဖြင့်
သွေးလွန်တုပ်ကွေးရောဂါကိုကာကွယ်ပေးနိုင်တာပေါ့ရှင်။ ဆေးအာနိသင် ထိရောက်မှုရှိစေရန်အတွက် (၅)နာရီခြားတစ်ခါ အသုံးပြုပေးဖို့ကိုလည်း ထပ်လောင်းမှာကြားချင်ပါသေးတယ်ရှင့်။ မျက်စိ၊ မျက်နှာ၊ ပါးစပ် နှင့် ဒဏ်ရာရှိသောအရေပြားများပေါ်တွင် အသုံးပြုခြင်းနှင့် သောက်သုံးရန်မဟုတ်လို့ ကလေးငယ်များနှင့် ‌ဝေးသောနေရာများတွင် ထားရှိပေးဖို့ ပြောချင်ပါတယ်ရှင်။ 💝

ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိုးရာသီမှာ ကိုယ်တိုင်ရော မိသားစုပါ ခြင်အန္တရာယ်ကနေကာကွယ်ပြီး သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင်ဆိုရင်တော့ ပီကာကစ် ခြင်မကိုက်ရည်လေးကို အိမ်တိုင်းဆောင်ထားစေချင်ပါတယ်ရှင် ...... 💝

✅ ကျန်းမာရေးနှင့်ပတ်သက်၍ သိလိုသမျှကိုလည်း မင်မင်ချောချောလေးများက အမြန်ဆုံးနှင့်ဖြေကြားပေးမှာ ဖြစ်လို့ ဖုန်းဖြင့်ဖြစ်စေ Chat Box မှဖြစ်စေမေးမြန်းနိုင်ပါတယ်ရှင့်
ဒါ့ပြင်ဆိုင်မှာလည်းကိုယ်တိုင်ကိုယ်ကျလာရောက်ဝယ်ယူနိုင်ပါတယ်ရှင့် 💝.............................................................................................

⏰ဆေးဆိုင်ဖွင့်ချိန် ⏰
မနက်(၇)နာရီမှ ည(၈)ထိ.............................................................................................
🏥 မြတ်ရတနာဆေးဆိုင် 🏥
ချယ်ရီလမ်း၊ သိင်္ဂီလမ်းနှင့်န၀ရတ်လမ်းထောင့်၊ ပြင်ဉီးလွင်မြို့ ။

☎️ ၀၉ ၇၅၉၀၈၈၈၅၄ ☎️

🌸 ဝယ်ယူအားပေးမှုများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ 🌸


#မိုးရာသီ
#ကြိုတင်ကာကွယ်သွေးလွန်တုပ်ကွေးအန္တရာယ်
#ပီကာကစ်_ခြင်မကိုက်ရည်
#သွေးလွန်တုပ်ကွေး

❇️  မိုးရာသီခါ သတိပြုပါ ၊ ၀မ်းပျက်၀မ်းလျောရောဂါ  ❇️အခုလိုမိုးရာသီမှာ အဖြစ်များဆုံးရောဂါတစ်ခုကိုပြောပါဆိုရင် ဝမ်းပျက်ဝမ်း...
10/05/2022

❇️ မိုးရာသီခါ သတိပြုပါ ၊ ၀မ်းပျက်၀မ်းလျောရောဂါ ❇️

အခုလိုမိုးရာသီမှာ အဖြစ်များဆုံးရောဂါတစ်ခုကိုပြောပါဆိုရင် ဝမ်းပျက်ဝမ်းလျောရောဂါလို့ပဲဆိုရပါမယ်။ ဘာအကြောင်းအရာတွေကြောင့် ဒီဝမ်းပျက်ဝမ်းလျော ရောဂါခံစားရလဲဆိုရင် ...

✅ အစားအသောက်နဲ့မသန့်ရှင်းတဲ့ရေကြောင့် လည်းခံစားရသလို ပဋိဇီဝ ပိုးသတ်ဆေးများသောက်သုံးရခြင်းကြောင့်လည်း ရောဂါခံစားရတက်ပါတယ်

ရောဂါလက္ခဏာတွေအနေနဲ့ တစ်နေ့မှာ အနဲဆုံး (၃)ကြိမ် ဒါမှမဟုတ် ပုံမှန်သွားနေကျထက် ပျော့ပျော့သွားရင် အရည်သွားရင် ဝမ်းပျက်ဝမ်းလျောရောဂါခံစားနေရပြီဆိုတာသိနိုင်ပါတယ်။ ဒီလိုတွေခံစားနေပြီဆိုရင်တော့ ရေဓါတ်ခမ်းခြောက်လာမယ်။ မလှုပ်ရှားချင်ပဲခွေခေါက်နေမယ်။ ရေအရမ်းဆာလာမယ်။ ရေများများသောက်မိတဲ့အခါမှာ အရည်၀မ်းတွေပိုမိုသွားနိုင်ပါတယ်။ ဒီလို‌ရောဂါလက္ခဏာတွေဖြစ်လာပြီဆိုရင်တော့
✅ ဓါတ်ဆားရည်သောက်ပေးပါ။
✅ ၀မ်းပိတ်ဆေးလိုမျိုးဆေးတွေသောက်မဲ့အစား Probiotics ပါတဲ့ဆေးမျိုးကိုသောက်သုံးပါ။
(‌ဘေးထွက်ဆိုးကျိုး မရှိ လို့ပါ)
✅ ပိုးသတ်ဆေးကလဲလိုအပ်မှသာ ဆရာ၀န်နဲ့တိုင်ပင်ပြီး သောက်သုံးရပါမယ်။

ရောဂါအခြေအနေအရမ်းဆိုးလျှင်၊ အသက်ငယ်တဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေ၊ နာတာရှည်ရောဂါအခံရှိတဲ့ရောဂါသည်တွေအနေနဲ့ ဂ‌ယောင်ကတမ်းဖြစ်နေလျှင် နီးစပ်ရာဆေးခန်းပြပြီး ဆေးကုသမှုခံယူဖို့လိုပါအပ်ပါတယ်ရှင်။ ရောဂါဆိုတာကတော့ မဖြစ်ခင် ကြိုတင်ဆင်ခြင်ပြီးနေထိုင်ရင်တော့ အကောင်းဆုံးပါပဲရှင်။ အကယ်၍ ဖြစ်ပေါ်လာလျှင်လည်း အထက်ပါပြောပြခဲ့တဲ့အချက်လေးတွေကိုလိုက်နာပြီး လုပ်ဆောင်ပေးမယ်ဆိုရင်တော့ အမြန်ဆုံးသက်သာလာပါလိမ့်မယ်ရှင် ....

ကျန်းမာရေးနှင့်ပတ်သက်၍ သိလိုသမျှကိုလည်း မင်မင်ချောချောလေးများက အမြန်ဆုံးနှင့်ဖြေကြားပေးမှာ ဖြစ်လို့ ဖုန်းဖြင့်ဖြစ်စေ Chat Box မှဖြစ်စေမေးမြန်းနိုင်ပါတယ်ရှင့်
ဒါ့ပြင်ဆိုင်မှာလည်းကိုယ်တိုင်ကိုယ်ကျလာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်.............................................................................................

❇️ ဆေးဆိုင်ဖွင့်ချိန် ❇️
မနက်(၇)နာရီမှ ည(၈)ထိ.............................................................................................
🏨 မြတ်ရတနာဆေးဆိုင်
ချယ်ရီလမ်း၊ သိင်္ဂီလမ်းနှင့်န၀ရတ်လမ်းထောင့်၊ ပြင်ဉီးလွင်မြို့ ။
☎️ ၀၉ ၇၅၉၀၈၈၈၅၄
🌸 ဝယ်ယူအားပေးမှုများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ 🌸


#မိုးရာသီ
#မိုရာသီခါသတိပြုပါ။
#ဝမ်းပျက်ဝမ်းလျောရောဂါ

အလုပ်သမားနေ့===========၂၀၂၂ ခုနှစ်  မေလ (၁) ရက် တနင်္ဂနွေနေ့ မှာ ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ အား ဂုဏ်ပြုကြိုဆိုပါသည်။အ...
01/05/2022

အလုပ်သမားနေ့
===========
၂၀၂၂ ခုနှစ် မေလ (၁) ရက် တနင်္ဂနွေနေ့ မှာ ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ အား ဂုဏ်ပြုကြိုဆိုပါသည်။

အလုပ်သမား/ဝန်ထမ်း များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေချောမွေ့ကြပါ​စေကြောင်းဆုမွန်ကောင်း တောင်းအပ်ပါသည်။

🚨ကလေးငယ်များ ဖျားနာတဲ့အခါ🚨_______________________________________________________________________မိခင်တစ်ယောက်အတွက်စိတ်အ...
29/04/2022

🚨ကလေးငယ်များ ဖျားနာတဲ့အခါ🚨
_______________________________________________________________________
မိခင်တစ်ယောက်အတွက်စိတ်အညစ်ရဆုံးအချိန်က မိမိရဲ့ရင်သွေးလေးတွေဖျားနာတဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ သူ့အစား ငါသာဖြစ်လိုက်ချင်တယ် လို့လဲငြီးမိကြမှာအမှန်ပါပဲရှင်။ ဟုတ်ပါတယ် ကျွန်မတို့လူကြီးတွေဖျားနာတဲ့အခါမှာတောင်တော်တော်ခံစားရသလို သူတို့လေးတွေဖျားနာတဲ့အခါမှာလဲ ဝေဒနာခံစားရတာ သက်သာမယ်မထင်လှပါဘူးရှင်။ စကားမပြောတက်သေးတဲ့ ကလေးငယ်များဖျားတဲ့အခါဆိုလျှင်ပို၍ဆိုးပါလိမ့်မည်။ ကလေးငယ်များဟာ အပူချိန်ဘယ်လောက်မှာဖျားလဲဆိုလျှင်

🚨စအိုအပူချိန်၊ နားတွင်းအပူချိန်၊ နားထင်သွေးကြောအပူချိန် – 100.4 °F ( ဒါမှမဟုတ်) 38 °C နဲ့ ပိုများနေတဲ့အခါ
🚨ခံတွင်း အပူချိန် 100 °F ( ဒါမှမဟုတ်) 37.8 °C နဲ့ ပိုများနေတဲ့အခါ
🚨ချိုင်းကြား အပူချိန် 99 °F ( ဒါမှမဟုတ်) (37.2 °C) နဲ့ ပိုများနေတဲ့အခါ မျိုးမှာ ကလေး ကိုယ်အပူချိန် များနေတာကြောင့် ကလေးငယ်လေး ဖျားနေပါပြီနော်….

ဒါ့ကြောင့် မိမိတို့ရဲ့ရင်သွေးငယ်လေးများဖျားနာလာပြီဆိုလျှင် မေမေတို့အနေနဲ့
အရေများများတိုက်ခြင်း၊ နှာခေါင်းထဲကိုဆားရည်အစက်ချပေးခြင်းတို့အပြင် ရေပတ်ဝတ်ကပ်ပေးခြင်း စတဲ့နည်းလမ်းလေးတွေကိုပြုလုပ်ပေးခြင်းဖြင့်သက်သာစေနိုင်ပါတယ်နော်။ အကယ်၍အဖျားကြီးနေရင်တော့ မိသားစုဆရာဝန် ဒါမှမဟုတ် ကလေးအထူးကုဆရာဝန်တို့နဲ့ အမြန်ဆုံးကုသဖို့ အကြံပေးပါရစေရှင့် ...... ။

_______________________________________________________________________

ဆေးဆိုင်ဖွင့်ချိန်
⏰မနက်(၇)နာရီမှ ည(၈)ထိ⏰

🏥 မြတ်ရတနာဆေးဆိုင်
📍 ချယ်ရီလမ်း၊ သိင်္ဂီလမ်းနှင့်န၀ရတ်လမ်းထောင့်၊ ပြင်ဉီးလွင်မြို့ ။
☎️ ၀၉ ၇၅၉၀၈၈၈၅၄

🌸ဝယ်ယူအားပေးမှုများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။🌸

ရာသီအကူးအပြောင်းမှာ ချောင်းဆိုးနေပီလား.....................................................................................
28/04/2022

ရာသီအကူးအပြောင်းမှာ ချောင်းဆိုးနေပီလား.............................................................................................
ချောင်းဆိုခြင်းဆိုတာ ဖုံးကွယ်ထားလို့မရတဲ့ အရာတစ်ခုပါနော်။ ချောင်းဆိုးခြင်းဝေဒနာဟာ လူလဲပင်ပန်းသလို စိတ်လည်းပင်ပန်းရတဲ့အပြင် အားအင်ကုန်ခမ်းခြင်းကိုလည်းဖြစ်ပေါ်စေတဲ့ အတော်ခံစားရခက်တဲ့ရောဂါဖြစ်ပါတယ်။ ချောင်းဆိုးရောဂါကိုတော်တော်များများက ဆောင်းရာသီလိုကာလတွေ၊ မိုးရာသီလိုကာလတွေမှာ အဖြစ်များတယ်လို့ထင်ကြပေမဲ့ အခုလိုပူပြင်းလှတဲ့နွေရာသီမှာလည်း ချောင်းဆိုးခြင်းရောဂါဟာအဖြစ်များတယ်ဆိုတာ သတိချပ်သင့်ပါတယ်။

ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ လည်ချောင်းနှာခြင်းတို့ဟာ ခန္ဓာကိုယ်အတွင်းရှိ ဗိုင်းရပ်ပိုးကြောင့်ဖြစ်နိုင်သလို ရေခဲရေသောက်သုံးခြင်း နှင့် အချိုလွန်ကဲသောအစားအစာတို့ကိုစားသုံးမိပါကလည်း ဖြစ်ပွားနိုင်ပါတယ်ရှင့်။ ဒါကြောင့် ဆိုင်မှာ ချောင်းဆိုးပျောက်ဆေးနဲ့ပတ်သက်လို့ ရရှိနိုင်မယ့် ဆေးအရည်အချို့ကို ဖော်ပြပေးပါမယ်ရှင့် ……..

Ascori
အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းနှင့် အဆုတ်ရောင်ခြင်းကိုသက်သာစေပါသည်။ သူလေးက Syrup (အရည်) အမျိုးအစားဖြစ်ပါတယ်။

Vifex
ဒီဆေးလေးကလည်း Syrup (အရည်) အမျိုးအစားဖြစ်တာကြောင့် သောက်သုံးရအဆင်ပြေစေမှာပါနော်။
Zecuff
အသက်(၃) နှစ်မှစပြီး လူကြီးလူငယ်မရွေးသောက်သုံးလို့ရတဲ့ ဆေးအရည်အမျိုးအစားတစ်မျိုးပဲဖြစ်ပါတယ်။
Tusgril.D
ချောင်းဆိုးခြင်း၊ ချွဲကြပ်ခြင်း၊ သလိပ်ကပ်ခြင်းနှင့်လည်ချောင်းယားယံမှုများကိုအမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။
Respria
သာမန်ချောင်းဆိုးတာပဲဖြစ်ဖြစ်၊ ရာသီပေါ်တုပ်ကွေးကြောင့် ချောင်းဆိုးတာဖြစ်ဖြစ်၊ အသက်(၃)နှစ်မှစပြီး သောက်သုံးနိုင်ပါတယ်ရှင့်
အခုဖော်ပြပေးသွားတဲ့ ဆေးတွေကတော့ အရည်အမျိုးအစားဖြစ်တာကြောင့် အသက်အရွယ်လိုက် ချင့်ချိန်သောက်သုံးနိုင်ပါတယ်ရှင့် ....

ကျန်းမာရေးနှင့်ပတ်သက်၍ သိလိုသမျှကိုလည်း မင်မင်ချောချောလေးများက အမြန်ဆုံးနှင့်ဖြေကြားပေးမှာ ဖြစ်လို့ ဖုန်းဖြင့်ဖြစ်စေ Chat Box မှဖြစ်စေမေးမြန်းနိုင်ပါတယ်ရှင့်
ဒါ့ပြင်ဆိုင်မှာလည်းကိုယ်တိုင်ကိုယ်ကျလာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်.............................................................................................
⏰ဆေးဆိုင်ဖွင့်ချိန် ⏰
မနက်(၇)နာရီမှ ည(၈)ထိ.............................................................................................
🏥မြတ်ရတနာဆေးဆိုင်
📍ချယ်ရီလမ်း၊ သိင်္ဂီလမ်းနှင့်န၀ရတ်လမ်းထောင့်၊ ပြင်ဉီးလွင်မြို့ ။
☎️၀၉ ၇၅၉၀၈၈၈၅၄
ဝယ်ယူအားပေးမှုများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။

အပူဒဏ်ကြောင့် 🥵☀️☀️ချွေးထွက်လွန်ခြင်းနှင့်ရေဓါတ်ဆုံးရှုံးခြင်းနွေရာသီဟာ ရာသီဥတုပူပြင်းလွန်းတာနဲ့အမျှ ရေဓါတ်ဆုံးရှုံးမှုမ...
27/04/2022

အပူဒဏ်ကြောင့် 🥵☀️☀️
ချွေးထွက်လွန်ခြင်းနှင့်ရေဓါတ်ဆုံးရှုံးခြင်း

နွေရာသီဟာ ရာသီဥတုပူပြင်းလွန်းတာနဲ့အမျှ ရေဓါတ်ဆုံးရှုံးမှုများ အဖြစ်များကြပါတယ်။ မြန်မာနိုင်ငံဟာ အပူပိုင်းဒေသမှာ ပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် အပူချိန်မြင့်မားတဲ့ ဒေသတွေမှာ နေထိုင်ရတဲ့သူအဖို့ အပူချိန်လွန်ကဲမှုကြောင့်ဖြစ်ပေါ်နေတဲ့ ကျန်းမာရေး အန္တရာယ်တွေက ကြိုတင်ကာကွယ်ထားဖို့လိုပါတယ်။ ထိုကြောင့် ယခုလိုနွေရာသီအချိန်မှာ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ အရက်ဘီယာသောက်ခြင်းကို ရှောင်ကြဉ်ရမယ်။ အရက်ဘီယာဟာ ခန္ဓာကိုယ်တွင်း ရေဓါတ်ညစ်နွမ်းစေလို့ ရေများများသောက်ဖို့ လိုပါတယ်။ ရေဆာလျှင် ရေပဲသောက်သင့်ပါတယ်။ အချိုရည်မသောက်သင့်ပါဘူး။ ချွေးထွက်များရင် နေပူပြင်းလွန်းရင် ကြွက်တက်ခြင်း၊ နုံးခွေခြင်းတို့ ဖြစ်နိုင်လို့ ဓါတ်ဆားရည်ဖျော်ပြီးသောက်သင့်ပါတယ်။
ဆားဓါတ်၊ ရေဓါတ်ပြန်လည်ဖြည့်တင်းခြင်းမပြုနိုင်လျှင် အပူကြောင့် အားကုန်ခြင်းဖြစ်လွယ်ပါတယ်။ နုံးခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း သတိလစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထို့ပြင် သွေးပေါင်ချိန်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း အရေပြား အေးစက်ကာ ဖြူဖတ်ဖြူရော်တို့လည်း ဖြစ်နိုင်ပါတယ်။ ထိုသို့ ဖြစ်ပေါ်လာလျှင် နီးစပ်ရာ ဆေးခန်းသို့ ဆေးကုသမှု ခံယူသင့်ပါတယ်။ အကယ်၍တစ်စုံတစ်ရာ နောက်ကျခဲ့ပါက အပူကြောင့် လေဖြတ်ခြင်းဖြစ်ပေါ်နိုင်ပါတယ်။
ယခုနှစ်နွေရာသီဟာ ယခင်နှစ်များထက် ပိုမိုပူပြင်းကာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုလည်းမြင့်မားလျက်ရှိပါတယ်။ အပူဒဏ်ကြောင့်ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်အတွင်းရှိ ရေဓါတ်နဲ့ ဓါတ်ဆားဓါတ်တွေ ဆုံးရှုံးမှုများပြားတာကြောင့် ရေဓါတ်၊ ဓါတ်ဆားဓါတ်ဖြည့်တင်းသည့်အနေဖြင့် Royal D ကဲ့သို့သော သီးစုံဓါတ်ဆားအပြင်၊ BPI ဓါတ်ဆားတို့ကိုသောက်သုံးပေးသင့်ပါတယ်။ ထို့ကြောင့်ရာသီဥတုပူပြင်းခြင်းကြောင့် ချွေးထွက်များပြီး ဆုံးရှုံးသွားတဲ့ ရေနဲ့ဓါတ်ဆားတွေကို အထိရောက်ဆုံးနဲ့ အမှန်ကန်ဆုံးဖြည့်တင်းပေးမဲ့ဓါတ်ဆားထုတ်များကို ဝယ်ယူနိုင်ပါတယ်ရှင့် .....

🏥 မြတ်ရတနာ (ဆေးနှင့်ဆေးပစ္စည်း) ဆိုင်
📍ချယ်ရီလမ်း၊ သိင်္ဂီလမ်းနှင့်န၀ရတ်လမ်းထောင့်၊ ပြင်ဉီးလွင်မြို့ ။
☎️ ဖုန်းနံပါတ် - ၀၉ ၇၅၉၀၈၈၈၅၄


#နွေရာသီ
#အပူဒဏ်ကြောင့်ချွေးထွက်လွန်ခြင်းနှင့်ရေဓါတ်ဆုံးရှုံးခြင်း
-D

❝ အတာကူးတဲ့ နှစ်သစ်သင်္ကြန်မှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ ❞💦💦💦💦💦💦💦💦💦💦💦မြန်မာ့ ရိုးရာ အတာသင်္ကြန် အခါသမယ ကာလ ...
13/04/2022

❝ အတာကူးတဲ့ နှစ်သစ်သင်္ကြန်မှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ ❞

💦💦💦💦💦💦💦💦💦💦💦

မြန်မာ့ ရိုးရာ အတာသင်္ကြန် အခါသမယ ကာလ အတွင်း မြန်မာနိုင်ငံသူ/နိုင်ငံသားများ အားလုံး ဘေးအန္တရာယ်ကင်းကွာ ရောဂါဘယ ကင်းဝေးပြီး ကိုယ် ၊ စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း နှစ်သစ် ဆုမွန်ကောင်းတောင်းလျက်

🙏ကျန်းမာခြင်းအတွက် ဂါရဝလက်ဆောင်🙏နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းတော့မယ့် အခါသမယလေးမှာ မြန်မာ့ရိုးရာနှစ်သစ်ကူးလက်ဆောင...
09/04/2022

🙏ကျန်းမာခြင်းအတွက် ဂါရဝလက်ဆောင်🙏

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းတော့မယ့် အခါသမယလေးမှာ မြန်မာ့ရိုးရာနှစ်သစ်ကူးလက်ဆောင်ပေးဖို့ စဉ်းစားရခက်နေပါသလား 🙄🙄

နှစ်သစ်ကူးတဲ့အတာသင်္ကြန်လေးမှာ ချစ်ခင်ရတဲ့ လူကြီးမိဘ ဆရာသမားများကို ကျန်းမာဖို့ရာအတွက် ဆေးလက်ဆောင်ခြင်းလေးပေးခြင်းကအသင့်တော်ဆုံးလို့ထင်ပါတယ်နော်။ ရောဂါတွေထူပြောလှတာကာလ ဖြစ်တာကြောင့် ဒီဆေးလက်ဆောင်ခြင်းလေးက လုံးဝအသုံးဝင်တာကြောင့် လက်ခံရရှိတဲ့သူအနေနဲ့ ဝမ်းမြောက်ကြည်နူးမိမှာအသေအချာပါပဲ။ 🙆‍♀️🙆‍♀️

ဒါကြောင့်မို့ ကျွန်မတို့ မြတ်ရတနာ ဆေးနှင့် ဆေးပစ္စည်းဆိုင်ကနေ Customer လူကြီးမင်တို့အတွက်အဆင်ပြေဆုံး နှင့် ကန်တော့ပန်းလှအောင် စီစဉ်ပေးထားတာပဲဖြစ်ပါတယ်ရှင့်။ မိမိတို့ ကြိုက်နှစ်သက်ရာဆေးပစ္စည်းများနှင့်လည်း Customer စိတ်တိုင်းကျ Customize လက်ဆောင်ကန်တော့ခြင်းများကိုလည်း ပြုလုပ်ပေးပါတယ်ရှင်။
(အခုပြထားတဲ့ခြင်းလေးထဲက ဆေးပစ စည်းလေးတွေရဲ့ List ကိုအသေစေးသိချင်တယ်ဆိုရင် Page messenger မှာ Hi လိာပါနော် ... 👩‍💻)

မြတ်ရတနာ
(ဆေးနှင့်ဆေးပစ္စည်း) ဆိုင်
🏨ချယ်ရီလမ်း၊ သိင်္ဂီလမ်းနှင့်န၀ရတ်လမ်းထောင့်၊ ပြင်ဉီးလွင်မြို့ ။
🚚မြန်မာပြည်အနှံ့သို့လဲ Delivery ဖြင့်ပို့ဆောင်ပေးပါတယ်ရှင်။
📞ဖုန်းနံပါတ် - ၀၉ ၇၅၉၀၈၈၈၅၄ သို့လည်းဆက်သွယ်နိုင်ပါတယ်ရှင်။

Address

Cherry Street
Maymyo

Opening Hours

Monday 07:00 - 20:00

Telephone

+959759088854

Website

Alerts

Be the first to know and let us send you an email when Myat Yadanar Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram