03/04/2026
#ပျားမြီးစွဲရွက်
အရသာနှင့်အကျိုးသွား
ပူ၊ခါး၊စပ် အရသာရှိသည်။
အာကာသကိုရစေတတ်သောကြောင့်
ပတ်ဖွဲ့မှုများသောရောဂါများကိုသက်သာစေပါသည်။
အဆစ်ရောင်ခြင်း၊ဝမ်းလျှောရောဂါ၊ဝမ်းကိုက်ရောဂါ
ကျောက်ကပ်နှင့်ဆိုင်သောရောဂါများ၊ဆီးချုပ်ခြင်း
ဆီးချိုရောဂါတို့ကိုသက်သာစေနိုင်သော
အကျိုးအာနိသင်ရှိသည်။
အရွက်ကိုထမင်းစားသည့်အခါ
လူပိန်လျှင်တစ်နေ့(၃)ရွက်၊လူဝလျှင်(၅)ရွက်
ဆီးချို၊သွေးချိုတက်နေပါက(၃-၇)ရက်စားပေးပါက
ဆီးချို၊သွေးချိုကိုကျစေပါသည်။
အသုံးပြုပုံ
၁။ကျောက်ကပ်နှင့်ပက်သက်သောရောဂါများအတွက်
အရွက်ပြုတ်ရည်ကိုသောက်ပေးနိုင်ပါသည်။
၂။ခန္ဓာတစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်းအတွက်
အရွက်ပြုတ်ရည်ကိုရေချိုးခြင်း၊သောက်ပေးခြင်းတို့
ပြုလုပ်နိုင်ပါသည်။
၃။အရွက်သတ္တုရည်သည်သွေးတွင်းသကြားဓာတ်ကို
သိသာစွာကျဆင်းစေတတ်ပြီး
အဆီဓာတ်များကိုလည်းကျစေနိုင်သောသတ္တိရှိသည်။
၄။ပိုးမွှားများကြောင့်ဖြစ်သောအနာများနှင့်
အဆစ်ရောင်ခြင်းတို့တွင်သတ္တုရည်ကိုလိမ်းပေးနိုင်သည်။
၅။သွေးချို၊ဆီးချိုရောဂါအတွက်
ပျားမြီးစွဲရွက်လတ်လတ်ဆတ်ဆတ်
တစ်ခါစား(၃)ရွက်နံနက်၊ညစားပေးခြင်းဖြင့်
သွေးတွင်းရှိသကြားဓာတ်ကိုကျဆင်းစေ၍
ဆီးချိုသက်သာစေသည်။
ပါဝင်သောဓာတုဒြပ်ပေါင်းများ
Saponins(methyl,protodehonin+methyl protoclioscin)
Source : Google
လက်တွေ့အသုံးချဆေးဖက်အပင်များပေါင်းချုပ်(၂)-
ကျန်းမာရေးဝန်ကြီးဌာန
crd
#ရှင်ဘုရင်လိမ်းဆေးဆီ