Hanuman:Thailand Herbal Products

  • Home
  • Hanuman:Thailand Herbal Products

Hanuman:Thailand Herbal Products Hanuman
တိုင်းရင်းဆေးကပ်ခွာ+လိမ်းဆေးဆီ
HairQueen
ဆံသားအားဖြည့်ဆီ ဖြန့်ချီ​ရေး
09780660160/09258552141

01/12/2025

ဆောင်းဥတုတွင်_ရေမချိုးပဲနေလျှင်_ ခေါင်းမူး_ရောဂါရနိုင်သည်_

✅ရေချိုးကြောက်သူများ၊အအေးဒဏ်ကြောင့်
တစ်ပတ်မှာ တစ်ကြိမ်ခန့်သာ ရေချိုးသူများတွင်
ခေါင်းမူးရောဂါ ရနိုင်ကြောင်း တွေ့ရှိရသည်။

“အသ”က် ၆ဝ ကျော် လူကြီးတစ်ဦး ခေါင်းမူး
သဖြင့် သွေးပေါင်တက်သည်ထင်ပြီး ချိန်
ကြည့်သော အခါ ပုံမှန် သွေးပေါင် ဖြစ်ကြောင်း
တွေ့ရသည်။

✅ခေါင်းမူးသဖြင့် အလုပ်မလုပ် နိုင်သည့်အပြင် အစားအသောက် ပါပျက် လာသည်။ ထိုသူသည် အအေးပတ် လွယ်သဖြင့် ကြောက်ပြီး ရေမချိုးသည်မှာ ၁ဝ ရက်ခန့် ရှိပြီဟု ဆိုသည်။

✅ရေနွေး အနည်းငယ် စပ်ပြီး ရေနေ့စဉ်ချိုး သောအခါ ခေါင်းမူး သက်သာ သွားသည်ဟု ဆိုသည်။

✅ဇက်ကျီးပေါင်း ရောဂါရှိသူ အသက် ၅ဝ ဝန်းကျင် ကျောင်းဆရာ တစ်ဦးမှာလည်း နံနက်စောစော ကျောင်းသွား ရသဖြင့် ရေမချိုးဖြစ်။ ကျောင်းပိတ်ရက် မွသာ ရေချိုးသည်။

✅ကျီးပေါင်းတက်ပြီး အာရုံကြော နှင့် လည်ပင်းရိုးဆစ် ညပ်သူများမှာ ခ်ာခ်ာ လည်အောင် မူးလေ့ ရှိသည်။

✅ပုံမှန်အားဖြင့် မမူး၊ ပစ္စည်း တစ္ခုခုကို ကုန်းကောက် လိုက်သောအခါ ဖြစ်စေ၊ မြင့်သော နေရာရှိ ပစ္စည်းတစ်ခုခု ကိုယူရန် မော့ကြည့် လိုက်သောအခါတွင် ဖြစ်စေ သတိ လက်လွတ် ချာချာလည်အောင် မူးသွားတတ်သည်။

✅ဤသည်မှာ လည်ပင်းရိုးဆစ် ကျီးပေါင်းတက် ရောဂါ၏ သဘောဖြစ်သည်။ တစ်ခါတစ်ရံ နှလုံးရောဂါ ထင်ပြီး ဆေးကုမှား တတ်သည်။

✅အဆိုပါ ကျောင်းဆရာ သည် ရေမချိုးရက် မ်ား၍ မူးလာသော အခါ ဖြစ်နေကျ ကျီးပေါင်း ရောဂါကြောင့် မူးသည်ထင်ပြီး ယခင် ကုနေကျ ကုထုံးအတိုင်း ဆေးရုံ ဆေးခန်း သွားပြီး ဇက္ကိုခဲ ဆွဲသည်။ မသက် သာသည့် အပြင် ပို၍ မူးလာသည်။

✅ကျောင်းပိတ်ရက် ရေချိုးသည့် နေ့များတွင် ခေါင်းမူး သက်သာသည်ကို သတိပြုမိသည့် အခါက်မွ ဇက်ကျီးပေါင်း ရောဂါကြောင့် မူးခြင်း မဟုတ်ဘဲ ရေမချိုး၍ မူးခြင်း ဖြစ်ကြောင်း သိလာရသည်။

✅သတိပြုမိ ပြီးနောက် နေ့လည် အားလပ်ချိန် တွင် ကျောင်းမှ အိမ်သို့ ပြန်လာပြီး နေ့စဉ် ရေချိုးသောအခါ ချာချာလည် အမူးရောဂါမှာ ပျောက်ကင်း သွားသည်။

အရပ်သုံး စကား ''ရေမချိုးလို့ သေတဲ့မသာ မရွိဘူး...ရေချိုးလို့ သေတဲ့ မသာပဲ ရှိတယ်...'' ဟူသော စကားမွာ မှားယွင်းသော အယူအဆ ဖြစ်သည်။

#ရေမချိုးခြင်းအပြစ်(၁ဝ)ပါးရှိသည်။

၁။ အခိုးငုတ်ခြင်း
၂။ မသန့်ခြင်း
၃။ လေချုပ်ခြင်း
၄။ သွားနာခြင်း
၅။ မျက်စိဝေခြင်း
၆။ ဆံပင်ကျွတ်ခြင်း
၇။ အသံပျက်ခြင်း
၈။ သမ်းဝေခြင်း
၉။ ခေါင်းမူးခြင်း
၁ဝ။ အသားပတ်ခြင်း

😄အထက်ပါ အချက်များကို ကြည့်ခြင်း အားဖြင့် ရောဂါ မဟုတ်သော်လည်း ရေမချိုးခြင်း ကြောင့်ဖြစ်သော ပြဿနာ အတော်များများ ရှိကြောင်း တွေ့နိုင်ပေသည်။ ဆောင်းတွင်း အေးသဖြင့် နေ့စဉ် ရေမချိုး နိုင်သည့်တိုင် တစ်ရက်ခြား ရေချိုးနိုင်အောင် ကြိုးစား သင့်သည်။

✅အအေးမပတ် စေရန် ရေနွေး စပ်ချိုးပါ။ (အလွန်အမင်း ပူအောင် မစပ်ပါနှင့်)။ ရေပေးရေးမှ ရေပေးဝေ ချိန်တွင် ပိုက်မှ စီးလာသော ရေသည် အနွေးဓာတ် ပါသည်။

ထိုအချိန်တွင် ရေတင်ပြီး ချိုးပါ။ အဝီစိတွင်း ရွိသူမ်ားမွာ ရေတင်ပြီး ချက်ချင်း ချိုးလျှင် နွေးပါသည်။

✅ရေနွေး မရှိလျှင် ရေကို အင်တုံတွင် ထည့်ပြီး နေ့ ၁၁ နာရီမွ ၁၂ နာရီအတွင်း နေရောင်ခြည် ပြပြီး နွေးသောရေ ချိုးပါ။

✅ရေချိုးပြီးလျှင် နွေးသော အဝတ္ကို လျင်မြန်စွာ ဝတ်ပါ။ ရေနွေးပူပူ၊ ကော်ဖီပူပူ သို့မဟုတ် မြန်မာ့ရိုးရာ အခိုးပွင့်ဆေး တစ်မျိုးမျိုးကို သောက်ပါ။

နေ့စဉ် ရေချိုးခြင်း သည် အခိုးပွင့် ကျန်းမာပြီး သွေးတိုးခြင်း ကိုလည်း လျော့ကျ စေနိုင်သော နည်းဖြစ်ပါသည်။

#အားလုံးကျန်းမာကြပါစေ။
#ကျန်းမာရေးဗဟုသုတရကြပါစေ

#တစ်ဆင့်ပြန်လည်မျှဝေခြင်း ။

အသက်(၄၅)ကနေ (၆၀) သမားများအထူးသတိ ထားဖို့ပါ ။အဲဒီအတွင်းကို ဂရုစိုက်နေထိုင်ရင်...ကျန်းမာအသက်ရှည်ပါတယ် တဲ့၊ အလေ့ကျင့်ကောင်း...
14/11/2025

အသက်(၄၅)ကနေ
(၆၀) သမားများ
အထူးသတိ ထားဖို့ပါ ။
အဲဒီအတွင်းကို
ဂရုစိုက်နေထိုင်ရင်...
ကျန်းမာအသက်ရှည်ပါတယ် တဲ့၊
အလေ့ကျင့်ကောင်းသွားရင်
ရောဂါကြီးကြီးမား ...
မရှိရင်အသက် ရာကျော်အထိ
အသက်ရှည်
ကျန်းမာပါတယ်လို့ ဆိုကြတယ်။

၁။ ကိုယ်အလေးချိန်ကို
အမြဲထိမ်းပါ။
(weightချိန် ပါ )...

၂။ အိပ်ရေးဝအောင် အိပ်ပါ....

၃။ အစာအိမ်ကို ဂရုစိုက်ပါ။
ဖြေးဖြေးနဲ့ နည်းနည်းပဲစားပါ။
၇၀% ပြည့်အောင်ပဲစားပါ။
အလွန်အကျွံ မစားပါနဲ့။
ပျော့တဲ့အစားစာရွေးစားပါ။
အဆီ,အငန်,အချို,
အပူစာတွေလျော့စားပါ။

၄။ အရိုးအဆစ်ကိုဂရုစိုက်ပါ။

၅။ vitamin D ရအောင်
နွားနို့,ငါး,ပဲ စားတဲ့အပြင်
မနက်(သို့) ညနေခင်း
နေရောင်ခြည်ကို
10min လောက်
အနည်းဆုံး ခံယူပါ။
vitamin Dအားဆေးလည်း
တခါတလေ စားပေးပါ။

၆။ လမ်းလျှောက် လေ့ကျင့်ခန်း
လုပ်ပေးပါ။
ကြွက်သားအားကောင်းအောင်
လေ့ကျင့်ပေးပါ။
ခြေသလုံးကြွက်သား
အားကောင်းရင်
နှလုံးရောဂါမဖြစ်နိုင်ပါဘူး။
ကခုန်ခြင်းဖြင့်လည်း
ကိုယ်လက် လှုပ်ရှား
လေ့ကျင့်ခန်းတမျိုးပါပဲ။

၇။ ရေချိုးချိန်၊
ကိုယ် အဆင်ပြေချိန်တွင်
သီချင်းအော်ဆိုပေးခြင်း ဖြင့်
အဆုတ်အားကောင်းအောင်
လုပ်ပေးပါ။
လက်ခုပ်တီးပေးပါ။

၈။ pressure ,stress လျော့ပေးပါ၊
စိတ်ပျော်ရွှင်အောင်နေပါ၊
ပြသနာအကြီးကို
သေးအောင်လုပ်၊
အသေးကိုပျောက်အောင်လုပ်။
တော်ရုံ အရေးမကြီးတာတွေနဲ့
ရန်မဖြစ်နဲ့။
စိတ်ထဲ မထားကြပါနဲ့။

၉။ စိတ်အေးချမ်းတည်ငြိမ်အောင်
တရားထိုင်ပေးပါ၊
ဝင်လေထွက်လေမှတ်ပေးပါ။
၁၀။ သန့်ရှင်းမှုကို
အလေးထားပါ၊
တကိုယ်ရည် သန့်ရှင်းမှုနဲ့
အိမ်တွင်းအိမ်ပြင်
ပတ်ဝန်းကျင် သန့်ရှင်းရေးကို
ဂရုစိုက်ပါ။
၁၁။ ပိုးဟပ်၊ကြွက်၊ခြင်၊ယင်၊
ပရွက်ဆိတ်စတဲ့
အင်းဆက်ပိုးတွေကို
ကိုယ့်အိမ်တွင်း
အိမ်ပြင်မရှိအောင်ဂရုစိုက်ပါ။

၁၂။ ဦးနှောက်ကို
တခုခုလုပ်နေရင်းအသုံးချပါ။
စီးပွါးလုပ်ငန်း၊
အလုပ်၊ပညာ တခုခု
ကိုယ်ဝါသနာပါရာကို
အမြဲ လေ့လာရင်း
လုပ်နေရင်းနဲ့
ဦးနှောက်ကို အသုံးချပေးပါ။
ဦးခါင်းကိုအသုံးချခြင်းဖြင့်
အယ်ဇိုင်းမားရောဂါ
မဖြစ်အောင်
ကာကွယ် ပေးနိုင်ပါတယ်။

၁၃။ ဝမ်းမှန်အောင် လုပ်ပါ၊
အညစ်အကြေး စွန့်ခြင်းဖြင့်
ကိုယ်ထဲက
အဆိပ် အတောက်ကို
ဖယ်ပေးနိုင်ပါတယ်။
ရေများများသောက်ခြင်းဖြင့်
သွေးကြောပိတ်ခြင်း၊
အပူကြီးခြင်းကို
ကာကွယ်ပေးနိုင်ပါတယ်။
ကျောက်ကပ်
ကျောက်တည်ခြင်းကို
ကာကွယ်ပေးနိုင်တယ်။

၁၄။ မနက်အစာမစားခင်
ပုံမှန်ရေတခွက်
ရေနွေး၂ခွက်
သောက်ပေးခြင်းဖြင့်
အူလမ်းကြောင်းက
အညစ်အကြေးတွေ
ထုတ်ပေးနိုင်ပါတယ်။
အိပ်ကာနီး
ရေတခွက်သောက်ခြင်းဖြင့်
မနက်ဆီးသွားပြီး
ကိုယ်တွင်းက အပူကို
ကျစေပါတယ်။
အသက်၃ဝကျော်ရင်
သွေးကြောတွေက
တဖြေးဖြေးအဆီပိတ်ပြီး
ကျဉ်းလာပါတယ်။
တချို့ကသွေးပျစ်ပီး
ကျဉ်းလာပါတယ်။

ဒါ့ကြောင့်
အဆီအကြော်စာတွေ
လျော့စားပါ
ရေနွေးရေသောက်ပေးခြင်း
လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် သွေးကြောပိတ်ခြင်းကို
ကာကွယ်နိုင်ပါတယ်။

တရုတ်ဆေးပညာ ကနေ
ဘာသာပြန် ရေးပေးတာပါ။
မိတ်ဆွေသူငယ်ချင်းများအားလုံး
ကျန်းမာအသက်ရှည်ပါစေ...

05/11/2025

ဆားရည်နဲ့ပလုပ်ကျင်းရင် သင်ဒါတွေဖြစ်မှာမဟုတ်တော့ပါဘူး ဖတ်ချိန်တမိနစ်
+++++++++++

ဆားရည် နဲ့ အာလုတ်ကျင်းတာက
လူတိုင်း ကြားဖူးမယ့် ကိစ္စတစ်ရပ်ပါ။ ဆားရည်ကို လည်ချောင်းနာတဲ့အခါမှာ အများဆုံး အသုံးပြုကြပါတယ်။ ဒီတစ်ခေါက်တော့ လည်ချောင်းနာတဲ့အခါ အာလုတ်ကျင်းကြတဲ့ ဆားရည်က ဘယ်လို အထောက်အကူပြုလည်းဆိုတာကို ပြောပြပေးပါမယ်။

ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ

ဆားရည်က အကုန်အကျ သက်သာပြီး လွယ်ကူတဲ့ ကုသနည်း တစ်ရပ်ပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ရေနွေးနွေးထဲကို ဆားထည့်ပြီး ပလုတ်ကျင်းတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရရှိလို့ပါ။

pH ပမာဏကို ထိန်းညှိပေးတယ်

ဆားရည်က ဘက်တီးရီးယားကြောင့် လည်ချောင်းထဲက အက်ဆစ်တွေ မညီမမျှ ဖြစ်တာကို ထိန်းညှိပေးပါတယ်။ ကျန်းမာတဲ့ pH ပမာဏကို ထိန်းညှိပေးပါတယ်။ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ မပေါက်ဖွားစေဖို့ ကာကွယ်ပေးပါတယ်။

နှာခေါင်းပိတ်တာကို သက်သာစေတယ်

ဆားရည်နဲ့ ပလုတ်ကျင်းတာက အသက်ရှူလမ်းကြောင်းနဲ့ နှာခေါင်းထဲမှာ ရှိတဲ့ ချွဲတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ နာကျင်မှုတွေကို သက်သာစေသလို ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ နှာခေါင်းထဲက ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။


အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာကို သက်သာစေတယ်

သုတေသနပြုချက်တွေအရ တစ်နေ့ကို ဆားရည်နွေးနွေးနဲ့ ၃ ကြိမ် ပလုတ်ကျင်းပေးတာက အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ ၄၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရပါတယ်။

အာသီးရောင်တာကို သက်သာစေပါတယ်

ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေကြောင့် အာသီးရောင်နိုင်ပါတယ်။ အာသီးရောင်တဲ့အခါ အစာတွေ ရေတွေ မျိုချဖို့ ခက်ခဲနိုင်ပါတယ်။ ဒီနာကျင်မှုကို သက်သာစေဖို့ ဆားရည်နွေးနွေးလေးနဲ့ အာလုပ်ကျင်းပေးလို့ ရပါတယ်။

ခံတွင်း အနံ့ဆိုး သက်သာစေနိုင်တယ်

အစားကြောင့် ဖြစ်ဖြစ် အခြား အကြောင်းအရင်းကြောင့်ဖြစ်ဖြစ် ခံတွင်းနံ့ နံတာကို သက်သာစေဖို့ ခံတွင်းသန့်ဆေ:
ရည်တွေ မသုံးချင်ဘူးဆိုရင် ဆားရည်နဲ့ အာလုပ်ကျင်းပေးလို့ ရပါတယ်။

သွားဖုံးနဲ့ သွားမှာ သွေ:ထွက်တာကို သက်သာစေနိုင်တယ်

ဆားရည်နွေးနွေးလေးနဲ့ ပလုတ်ကျင်းတာက သွားဖုံးရောင်တာ၊ သွားဖုံးသွေ:ထွက်တာတွေကို သက်သာစေနိုင်ပါတယ်။ ဆားရည်က ရောင်ရမ်းမှုကို သက်သာစေနိုင်သလို သွားဖုံးရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ သွားကို*က် သွားနာတာကိုလည်း သက်သာစေနိုင်ပါတယ်။

ခံတွင်း အနာကို သက်သာစေနိုင်တယ်
*************
ပါးစပ်ထဲမှာ ဖြစ်တဲ့ အနာဖြူဖြူလေးတွေ သက်သာစေဖို့လည်း ဆားရည်နဲ့ ပလုပ်ကျင်းပေးလို့ ရပါတယ်။ အနာ သက်သာစေပြီး အနာကျက် မြန်စေနိုင်ပါတယ်။

မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...

 #ခါးနာနေလျင် ချက်ခြင်းရှောင်ရှားသင့်သည့် အပြုအမူ(၆ )မျိုး=====================   ခါး နောက်ကြောနာတာက အဖြစ်များတဲ့ ပြသနာတ...
26/10/2025

#ခါးနာနေလျင် ချက်ခြင်းရှောင်ရှားသင့်သည့် အပြုအမူ(၆ )မျိုး
=====================
ခါး နောက်ကြောနာတာက အဖြစ်များတဲ့ ပြသနာတခုဖြစ် အလုပ်အကိုင်ထိခိုက်တာတွေအထိ ဖြစ်တတ်တယ်။

၁ ) - နာကျင်မူပျောက်ကင်းအောင် စောင့်ဆိုင်းနေခြင်း

ခါးနာတာက တပတ် သို့မဟုတ် နှစ်ပတ်ကျော်ကြာနေရင် ဆရာဝန်နဲ့သေချာစွာကုသပါ။

ခါးနာတာကိုစောစောကုသမှ ပျောက်ကင်းမူ့မြန်လေပါ ။
မိမိဖာသာ ပျောက်နိုးနဲ့ အကိုက်အခဲတွေသောက်နေရင် ကုသမူပိုမိုခက်ခဲသွားမယ်။

၂ ) - အပူ သို့မဟုတ် အအေးကပ်ခြင်း

အပူ သို့မဟုတ် အအေးကပ်တာက နာကျင်ခြင်းကို ယာယီ သက်သာနိုင်ပေမယ့်..

လေ့လာမူအရ ခန္ဓာကိုယ်အနေအထားမှန်အောင် လေ့ကျင့်ခြင်းက ခါးနောက်ကြော နာကျင်မူအတွက်
အလွန်ထိရောက်တဲ့ ကုသမူလို့သိရပါတယ်။

၃ ) - အလေးမခြင်းကို ရပ်တန့်ပါ

မကြာခဏ အလေးအပင်မခြင်းကြောင့် ခါးနာရခြင်းဖြစ်တယ် အလေးအပင် မ တဲ့ အလုပ်ဆိုရင်
အလုပ်ပြောင်းပါ။

၄ ) - ခဏခဏ ကုန်းကွခြင်းကို ရှောင်ပါ

မကြာခဏ ကုန်းကွခြင်းကလဲ ခါးနာတာက်ု ဖြစ်စေတယ်

အရှေ့ကို ကုန်းကွလိုက်တာကြောင့် ခါးနောက်ကြောရိုးပေါ်က ဖိအားသက်ရောက်မူ အလွန်များပြားသွားပြီး
ကြွက်သားကိုက်ခဲတာနဲ့ နာကျင်တာတွေ ဖြစ်ပေါ်လာပါတယ် ။

အရှေ့ကို ကုန်းကွတာ တတ်နိုင်သမျှရှောင်ပြီး နောက်ဖက်လှန်(ခါးကော့)
ပြုလုပ်ရမဲ့ လေ့ကျင့်ခန်းကို လုပ်ပေးပါ။

၅ ) - လေ့ကျင့်ခန်း မလုပ်ပဲမနေရန်

ခါးနာစဉ် လေ့ကျင်ခန်းပြုလုပ်သည့်အခါ နာကျင်မူရှိပေမဲ့ လေ့ကျင့်ခန်းလုပ်ခြင်းက
ခါးနောက်ကြောနာခြင်းအတွက် အလွန်အသုံးဝင်တယ် ။

လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ခါးနောက်ကြောကြွက်သားတွေ သန်မာလာပြီး ခါးရိုးဆစ်နဲ့
ချပ်ပြားအတွင်း သွေးလှည့်ပတ်မူ ကောင်းမွန်လာနိုင်တယ်

ဒါ့အပြင် အထိုင်များတဲ့ပုံစံက ခါးနောက်ကြောအတွက် အနေအထားမှန်ကန်မူ မရှိနိုင်ပါ။

၆ ) - ရောဂါရှာဖွေသည့်အခါ အာရုံစူးစိုက်မူ ရပ်တန့်လိုက်ပါ

ခါးအောက်ပိုင်း နောက်ကြော နာကျင်သူတွေအတွက် ၈၅% ဖြစ်ရတဲ့အကြောင်းရင်းကို
တိတိကျကျမသိကြပါဘူး။

ခါးနာ ဝေဒနာအတွက် ရောဂါရှာဖွေရေးမှာ အရိုး အဆစ်နဲ့ ချပ်ပြားတွေ အသေးစိတ် သိရှိနိုင်ပေမယ့်
ဘယ်စစ်ဆေးမူကမှ ခါးနာရတဲ့ အကြောင်းရင်းကို ၁၀၀% မှန်ကန်အောင် တိကျစွာမဖော်ပြနိုင်ပါဘူး။

Credir... ဒေါက်တာ ခင်မိုးမိုး

🎍အရိုးအဆစ်ရောင် သူများအတွက် #အရိုးအဆစ်အတွက် ပတ်သက်လာရင်   ကိုရွေးပါအရိုးအဆစ်ကို အားဖြည့်ပေးတဲ့အတွက်လက်အဆစ်ရောင် ၊ဒူးအဆစ်...
13/10/2025

🎍အရိုးအဆစ်ရောင် သူများအတွက်

#အရိုးအဆစ်အတွက် ပတ်သက်လာရင် ကိုရွေးပါ

အရိုးအဆစ်ကို အားဖြည့်ပေးတဲ့အတွက်

လက်အဆစ်ရောင် ၊
ဒူးအဆစ်ရောင်ခြင်း ၊ပွခြင်း
အာရုံ‌ေကြာရောင်ခြင်း
အရွတ်ရောင်ခြင်းတို့ကို သက်သာစေပါတယ်

အဆီဖြစ်တဲ့အတွက် အသားထဲစိမ့်ဝင်လွယ်ပီး သက်သာမှုချက်ခြင်းရစေပါတယ်ရှင်

ဆက်သွယ်မှာယူလိုပါက cb or
☎️09258552141
📲09780660160 Viber သို့မှာယူနိုင်ပါတယ်



.     " မောင်ကြက်သွန်နီ "  ဒါကြောင့် ကျန်မာနေတာကိုး #ကြက်သွန်နီ  ………………………………………………………… အမေအမြဲကြက်သွန်နီစားတယ်သူကပိုတက်...
02/10/2025

. " မောင်ကြက်သွန်နီ "
ဒါကြောင့် ကျန်မာနေတာကိုး

#ကြက်သွန်နီ
…………………………………………………………
အမေအမြဲကြက်သွန်နီစားတယ်
သူကပိုတက်ဆီယမ်ကျရင်တက်တာတကယ်မြန်တယ်
လူကြီးဆိုတော့ ကျန်းမာရေးကတစ်နေ့ငွေတစ်နေ့ရွှေလိုဘဲဂရုစိုက်နေရတာ
သွားတွေမရှိတော့အစာမကြေမှာလဲစိတ်ပူရသေးတယ်

ကြက်သွန်နီ အရသာက အရည်ရွှမ်း၊ ချိုမြမြ၊ စပ်ရှရှ၊
အငွေ့က မျက်ရည်ကျစေပါတယ်။

• ကြက်သွန်နီရည် + ဆား နဲ့ သောက်ရင်
- အစာအဆိပ်၊ မြွေအဆိပ် ပြေတယ်။
လည်ချောင်းနာ၊ ချောင်းဆိုး ပျောက်တယ်။

• ကြက်သွန်နီရည် + ဆား နဲ့ လိမ်းရင်
- ကင်းဆိပ်၊ ပျားဆိပ်၊ အဆိပ် အမျိုးမျိုး၊
မိတ်၊ အင်ပြင်၊ ပျောက်တယ်။

• ကြက်သွန်နီရည် + သကြား သောက်ရင်
- ဆီးကျောက်တည်၊ ဆီးကျင်တာ ပျောက်တယ်။

• ကြက်သွန်နီရည် + သကြား လိမ်းရင်
- အသားအရေ စိုပြေတယ်။

• ကြက်သွန်နီအငွေ့
- မျက်စိနာ ပျောက်စေတယ်၊
- အသက်ရူလမ်းကြောင်း ရှင်းစေတယ်၊

• ကြက်သွန်နီအရည်လိမ်းရင်
- ဗောက် ဆံပင်ကျွတ် ကာကွယ်ပေးတယ်၊
- နားကိုက်ပျောက်တယ်၊

• ကြက်သွန်နီစားရင်
- အအေးမိ တုတ်ကွေး ပျောက်စေတယ်၊
- ကင်ဆာ ကာကွယ်၊
- သွေးချို ဆီးချို ကာကွယ်၊
- သွေးတိုး ကာကွယ်၊
- အစာအိမ် အူလမ်းကြောင်း သန့်စေတယ်၊

- အစာအိမ်နာတာ သက်သာစေတယ်၊
- သွေးအား ကောင်းစေတယ်၊
- ကိုယ်ခံအား ကောင်းစေတယ်၊
- ဆီးလမ်းကြောင်းရောဂါ ကင်းစေတယ်၊
- ပါးစပ်နာ သွားဆွေးတာကို ကာကွယ်ပေးတယ်၊
- မှတ်ဥာဏ် ကောင်းစေတယ်၊

• ကြက်သွန်နီ အစိမ်းစားရင်
- ကြွက်တက် ကြွက်သားရောင်ရမ်းနာကျဉ်တာကို
သက်သာစေတယ်။
- အဝ လွန်ခြင်းကို လျော့ချပေးတယ်။

• ပါးစပ်မှာကြက်သွန်နီနံ့ နံရင်
- မြေပဲဆံဝါးပြီး ရေနွေးကြမ်းနဲ့ အာလုပ်ကျင်းပါ၊
• ကြွက်ပေါရင်
- ကြွက်လမ်းမှာ ကြက်သွန်နီချမ်းတွေ ချထားပါ။

ကျန်းမာရေးဗဟုသုတများကို နေ့စဉ်နဲ့အမျှတင်ပေးနေတာမို့pageထဲကိုဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါရစေ🙏

***လည်ပင်းကျီးပေါင်းရောဂါအကြောင်း***မင်္ဂလာပါဗျ။ ဒီတစ်ခါ မင်မင်ပြောပြပေးမှာကတော့ လည်ပင်းကျီးပေါင်းရောဂါလေးအကြောင်းပါ။ အသ...
26/09/2025

***လည်ပင်းကျီးပေါင်းရောဂါအကြောင်း***

မင်္ဂလာပါဗျ။ ဒီတစ်ခါ မင်မင်ပြောပြပေးမှာကတော့ လည်ပင်းကျီးပေါင်းရောဂါလေးအကြောင်းပါ။ အသက်ကြီးလာတာနဲ့အမျှ ခံစားလာရတဲ့ သက်ကြီးပိုင်းရောဂါတွေထဲမှာ ဒီလည်ပင်းကျည်းပေါင်းရောဂါလေးကလည်းတစ်ခုဖြစ်မှာပါ။ ကဲ ဒီရောဂါလေးအကြောင်း မင်မင်က ပြောပြပေးထားပါတယ်။ ကြည့်လိုက်ကြရအောင်။

၁။ ဘယ်လိုလူတွေမှာ အဖြစ်များသလဲ?

- များသောအားဖြင့် အသက် ၆၀ ကျော်တဲ့လူတွေမှာ ၉၀ ရာခိုင်နှုန်းလောက်ထိတွေ့ရတတ်ပါတယ်တဲ့။ ဒါပေမဲ့ အသက် ၃၀ အရွယ်လောက်ကတည်းက ဖြစ်ပွားတတ်တာကိုလည်း တွေ့နိုင်ပါတယ်တဲ့။ ဒါ့အပြင်
- လည်ပင်းအကြာကြီး မော့နေရသူတွေ၊ ငုံ့နေရသူတွေ နဲ့ နေရာတစ်ခုတည်းကို အချိန်ကြာမြင့်စွာ အာရုံစိုက်ရသူတွေ (ဥပမာ ရေပိုက်ပြင်သမားတွေ၊ ဆေးသုတ်သမားတွေ၊ ကွန်ပြူတာနဲ့ အလုပ်လုပ်ရသူတွေ)
- လည်ပင်းတစ်ဝှိုက် ဒါဏ်ရာရဖူးသူတွေ
- အလေး “မ” ရသူတွေ
- မိသားစုမျိုးရိုးရှိသူတွေ
- ဆေးလိပ်သောက်တတ်သူတွေ မှာလည်း တွေ့နိုင်ပါတယ်တဲ့။

၂။ ဘယ်လို ခံစားရမလဲ?

-ခေါင်းမူးမယ်
-ဇက်ကျောတက်မယ်
-ခေါင်းညိတ်လိုက်တာ၊ ခေါင်းငုံ့လိုက်တာမျိုးဆို ဆစ်ခနဲ နာမယ်
-လည်ပင်းကြွက်သားတွေတင်းနေမယ်
-လှုပ်ရှားရင် အသံမြည်မယ် စတာတွေဖြစ်တတ်ပါတယ်။

အရမ်းဆိုးရွားတဲ့ သူတွေမှာတော့ အာရုံကြောမကြီးထိခိုက်စေနိုင်ပြီး ခြေလက် ထုံကျင်တာ၊ အားမရှိတော့တာမျိုးတွေပါဖြစ်တတ်ပါတယ်။ တစ်ချို့သူတွေမှာဆို လမ်းမလျှောက်နိုင်ပဲ အောက်ပိုင်းသေသွားတာမျိုး ခြေလက်တွေ မလှုပ်နိုင်တာမျိုးထိဖြစ်နိုင်ပါတယ်။

၃။ ဘာတွေစစ်ဆေးဖို့လိုမလဲ?

အလွယ်ဆုံးကတော့ လည်ပင်း ဓါတ်မှန်(Cervical spine X ray) ရိုက်ကြည့်လို့ရပါတယ်။ ဒီထက်ပိုတိတိကျကျသိချင်ရင်တော့ CT ဓါတ်မှန်၊ သံလိုက်ဓါတ်မှန် (MRI) ထိပါရိုက်ကြည့်လို့ရပါတယ်။

၄။ ကုသနည်းတွေ

- လေ့ကျင့်ခန်းလုပ်ခြင်း (ခေါင်းငြိမ့်တာ အပေါ်မော့တာ ဘယ်ညာ ခေါင်းခါတာ စတဲ့ ခေါင်းလေ့ကျင့်ခန်းမျိုးကို ဖြေးညှင်းစွာလုပ်ကြည့်ပေးပါ)။ လေ့ကျင့်ခန်းဆရာဝန်များနှင့်လည်း တိုင်ပင်၍ ပြုလုပ်ပေးသင့်ပါတယ်။
- ရေခဲကပ်ပေးပါ။ ရေနွေးအိတ်နွေးနွေးလေးကပ်ပေးပါ။
- အကိုက်အခဲ ပျောက်ဆေးများကို ဆရာဝန်နှင့်တိုင်ပင်၍ သောက်သုံးပါ။
- Cervical collar (လည်ပင်းကျည်းပေါင်း အပတ်ပတ်ပေးပါ)
- လိုအပ်ပါက အရိုးအထူးကု ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးထိုးလို့ရပါတယ်။
- အာရုံကြောထိသည်အထိ ပြင်းထန်လူနာများမှာတော့ အရိုးအထူးကု ဆရာဝန်နှင့် သေချာတိုင်ပင်၍ ခွဲစိတ်လို့ရပါတယ်။

၅။ ကာကွယ်နည်းတွေ

အဓိကကတော့ ခေါင်းအကြာကြီး ငုံ့တာမျိုး မော့နေတာမျိုးရှောင်ပါ။ အကယ်၍ အလုပ်အကိုင်အရ လုပ်ရတယ်ဆိုရင်တော့ နာရီဝက်တစ်ခါလောက် ခေါင်းလေ့ကျင့်ခန်းလေး လုပ်ပေးပါ။ ဖုန်းအချိန်ကြာမြင့်စွာ ကြည့်တာမျိုး၊ ကွန်ပြူတာ အကြာကြီး အသုံးပြုတာမျိုးရှောင်ပေးပါ။ အကယ်၍ လည်ပင်းတစ်ဝှိုက်နာတာမျိုး၊ ဇတ်ကျောတက်တာမျိုး မကြာခဏဖြစ်နေမယ်၊ ကာလကြာမြင့်စွာဖြစ်နေမယ်ဆိုရင်တော့ မပေါ့ဆပဲ သေချာ စစ်ဆေးကုသမှုခံယူပါ။

ကဲ ဒီလောက်ဆိုရင်တော့ လည်ပင်းကျည်းပေါင်းရောဂါအကြောင်း အကြမ်းဖျင်းသိလောက်ပါပြီဗျ။ မိတ်ဆွေတို့အားလုံး ဘေးဘယာကင်းကွာပြီး လိုအင်ဆန္ဒများ ပြည့်စုံနိုင်ကြပါစေလို့ မင်မင်က ဆုတောင်းပေးလိုက်ပါတယ်နော်။




🔅 အကြောတက်ရောဂါ အကြောင်းသိကောင်းစရာ🔅အကြောတက်ရောဂါက အသက်အရွယ်ကျား ၊မ မရွေးဖြစ်ပေါ်စေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။အကြောတက်ရေ...
19/09/2025

🔅 အကြောတက်ရောဂါ အကြောင်းသိကောင်းစရာ🔅

အကြောတက်ရောဂါက အသက်အရွယ်ကျား ၊မ မရွေးဖြစ်ပေါ်စေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

အကြောတက်ရောဂါကို လူငယ်အများစုနဲ့ အမျိုးသမီးအများစု ပိုမိုဖြစ်ပွားလေ့ရှိသော ရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။ အကြောတက်ခြင်းရောဂါဆိုတာ ခန္ဓာကိုယ်အတွင်းရှိကြွက်သားများ ၊ အကြောများတင်းမာလာခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။

အကြောတက်ရောဂါက နေထိုင်စားသောက်မှု ကြောင့်ဖြစ်ပေါ်တတ်တဲ့ ဝေဒနာတစ်ခုလည်းဖြစ်ပါတယ်။ အကြောတက်ခြင်းရောဂါက အရိုး ၊အကြော ၊အဆစ်တိုင်း (သို့) နေရာတောတောများနာကျင်ကိုက်ခဲတာဆိုရင် အကြောတက်ရောဂါလို့ သတ်မှတ်နိုင်ပါတယ်။

အကြောတက်ရောဂါလက္ခဏာများ...

အရိုးအဆစ်များကိုက်ခဲတာ၊ အာရုံကြောအားနည်းတာ ၊ အကြောကပ်တာ၊ ခါး၊ နောက်ကြော နာကျင်ကိုက်ခဲတာ၊ စိတ်ဝင်စားမှုအားနည်းတာ ၊အိပ်ရေးပျက်တာ ၊ အဆစ်များကိုက်ခဲတာ စတဲ့ ရောဂါလက္ခဏာများကိုဖြစ်ပေါ်စေနိုင်ပါတယ်။

အကြောတက်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းများ

စိတ်ဖီစီးမှုများတာ၊ အိပ်မပျော်တာ ၊ကိုယ်အနေအထား မမှန်တာ ၊ အာရုံးစူးစိုက်ပြီး ကွန်ပျူတာ ၊ ဖုန်းများကို ကြာရှည်ကြည့်ရှုတာ၊ ညအိပ်ချိန်ခေါင်းအုံးမြင့်လွန်းတာ ၊ နိမ့်လွန်းတာ၊ အမြင်အာရုံကြောအားနည်းတာ ၊ အကြောအားနည်းတာ ၊ကိုယ်လက်လေ့ကျင့်ခန်း လျော့နည်းလာတာ စတာများကြောင့် အကြောတက်ခြင်း ရောဂါဝေဒနာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အကြောတက်ခြင်းရောဂါကုသနည်း...

အကြောတက်ခြင်းရောဂါကို အကြောအားဆေးများ ၊ အာရုံကြောအားဆေးများသောက်သုံးတာ ၊ အကိုက်ခဲပျောက်ဆေးများကိုဆရာဝန်ရဲ့ လမ်းညွှန်ချက်ဖြင့် ကုသမှုခံယူပါ။ ဒါအပြင်ပေါ့ပါးသော ကိုယ်လက်လေ့ကျင့်ခန်း များပြုလုပ်ပေးတာ၊ တရားထိုင်တာ ၊ အကြောလိမ်းဆေးများကို လိမ်းပေးခြင်းဖြင့် အကြောတက်ရောဂါကို သက်သာစေနိုင်ပါတယ်။

Credit original writter
#ကျန်းမာရေးဗဟုသုတ ိုင်းရင်းဆေး

 #ခါးက ပဲနာတာမဟုတ်ပါဘူး၊တင်ပါးခွက်ထဲကစူး​အောင့်တာမျိုး​၊ခြေသလုံး​တွေနာတာမျိုး​၊ခြေ​ထောက်ထုံတာမျိုး ဖြစ်​နေလား❓ဒါဆိုရင် အ...
13/09/2025

#ခါးက ပဲနာတာမဟုတ်ပါဘူး၊တင်ပါးခွက်ထဲကစူး​အောင့်တာမျိုး​၊ခြေသလုံး​တွေနာတာမျိုး​၊ခြေ​ထောက်ထုံတာမျိုး ဖြစ်​နေလား❓

ဒါဆိုရင် အကြမ်းမျဥ်းခန့်မှန်းရရင် ခါးအာရုံ​ကြောညပ်​နေတဲ့
လက္ခဏာမျိုးပါ

👉ဘယ်လိုလူ​တွေမှာ အဖြစ်များကြတာ ​တွေ့ရလဲဆိုရင်

-အသက်ရွယ်ကြီးသူများ
-မကြာခဏ ခါးနာဖူးသူများ
-အလေးအပင် မ ရသူများ
-အကြောင်းအမျိူးမျိူးကြောင့် မတ်တပ်ရပ်/ထိုင် တာများသူ
-ကား/ဆိုင်ကယ် အချိန်ကြာကြာ မောင်းနှင်ရသူများ
-အဝလွန်သူများ
-ဆီးချိုရောဂါရှိသူများ တွင် ပိုပြီးဖြစ်တတ်ပါတယ်


အဲဒီလို ဖြစ်​နေရင် ​
၁။လေ့ကျင့်ခန်း​လေး လုပ်ပါ
၂။ကြွက်သား​တွေ​​ပြေ​လျော့​အောင်​ဆေးလိမ်းတာ​
ဆေးကပ်.တာလုပ်ပါ
၃။အ​နေအထိုင် အမြဲသတိထားပါ
၄။​ဆေးကုသမှူ့ ခံယူပါ

အလွယ်တကူနဲ့ အိမ်မှာပဲ ​လေ့ကျင့်ခန်း​လေးလုပ်ပြီး
​ဘေးထွက်ဆိုးကျိုးမရှိတဲ့ ထိုင်းနိုင်ငံထုတ်
အသိအမှတ်ပြုလက်မှတ်ရပြီးတဲ့ ဟာနုမာန် တိုင်းရင်း​ဆေးကပ်ခွာနဲ့ လိမ်း​ဆေးကို အသုံးပြုလို့လည်းရပါတယ်ရှင့်

ခါးနာမှုမှ ကင်းဝေးစေရန် လိုက်နာဖို့လိုတာ​တွေက​တော့

၁။ ခါးကုန်းပြီး ပစ္စည်းမမယ်ဆိုရင် ဒူးကွေး၍ ဆောင့်ကြောင့်ထိုင်ပါ။
နောက်ကျောကို ​ဖြောင့်မတ်အောင်ထားပြီး
ပစ္စည်းကို မိမိနှင့် နီးကပ်အောင်ကိုင်၍ မပါ။
ခါးကိုမသုံးဘဲ ဒူးအားကို အသုံးပြုပြီးပြန်ထပါ။
မ. နေစဉ် ကိုယ်ကို လိမ်မသွားအောင်ဂရုပြုပါ။

၂။ ကြာရှည်စွာ ထိုင်သည့်အခါ တင်ပါးနှင့် ကျောကို
နောက်မှီနှင့် ကပ်ထားပြီး တည့်တည်မတ်မတ်ထိုင်ရပါမယ်

၃။ လေးလံသောပစ္စည်းများကို ရွှေ့သည့်အခါ မဆွဲဘဲ
တွန်းပြီးရွှေ့ပါ။

၄။ ကြာရှည်စွာ ကားမောင်းရမည်ဆိုပါက
မကြခဏ နားနေပေးပါ၊
ခါး​နောက်မှာ ​ခေါင်းအုံး​လေး ခံထိုင်ပါ

၅။ ဒေါင့်မြင့်ဖိနပ်များ မစီးရပါ။

၆။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။
ကိုယ်လက်လှုပ်ရှားမှု နည်းသူများတွင် ခါးပိုနာတတ်ပါတယ်

​၇။​ခေါင်းအုံးအမြင့်နဲ့အိပ်တာ၊​မွေ့ယာနဲ့အိပ်တာ၊အခင်းမညီတာ
မာလွန်း​နေတာ​တွေ နဲ့အိပ်တာ​ရှောင်ပါ

၈။ပက်လက်ကုလားထိုင်မှာ မထိုင်ရပါဘူး

၉။ခါးကုန်းပြီးပစ္စည်းမ​ကောက်ရပါဘူး။
အ​လေးအပင် မ မရပါဘူး


အဲဒီလို အမြဲအ​နေအထိုင် သတိထားပြီး ​လေ့ကျင့်ခန်းလုပ်​ပေးပါ

​လေ့ကျင့်ခန်းက ​တော့ ဘယ်လို လုပ်ရမလဲဆိုရင်

လွယ်လွယ်ကူကူနဲ့ ခါး​ကြောညပ်တာ သက်သာ​စေတဲ့ ​
လေ့ကျင့်ခန်း​လေးက
၁။ခြေဖဝါးနှစ်ဖက်ကို စုံရပ်ပါ
၂။ခြေဖဝါးချရပ်ပါ
၃။ခြေဖျားမ​ထောက်ဘူး
ခြေ​ထောက်မကြွဘူး
ပြီးရင် ....
လက်ကို အ​ပေါ်ကို ​မြှောက်ပါ
၄။ခါးဆန့်သွား​အောင် လက်နှစ်ဖက်ကို ​မြှောက်ပြီး
အထက် တန်းဖြစ်ဖြစ်၊တံခါး​ဘောင်ဖြစ်ဖြစ်ကို
ထိလိုက် လက်ပြန်ချလိုက်လုပ်ပါ

တစ်ခါကို ၁၀ ကြိမ် လုပ်နိုင်ပါတယ်
တစ်​နေ့ ၂ ကြိမ်​လောက် လုပ်​ပေးပါရှင့်

ပြီးရင်ကြွက်သား​တွေ ​ပြေ​လျော့​​စေဖို့ Hanuman လိမ်း​ဆေး​လေးလိမ်းပါ
ညအိပ်ရာဝင်ရင် ​ခြေစိမ်​ဆေး​လေးစိမ်ပြီး
​ခြေဖဝါးနှစ်ဖက်နဲ့ခါးမှာ ​ဆေးကပ်ခွာ​လေး ကပ်အိပ်ပါ

​ဆေးမှာယူချင်ပါက ☎ 09780660160
ဒါမှမဟုတ်..page messenger မှာ လာ​ရောက်​ဆွေး​နွေးရင်း ​ဆေးမှာယူနိုင်ပါတယ်ရှင့်

ရန်ကုန်..ရုံးများမှတဆင့်အမြို့မြို့အနယ်နယ်သို့ ပို့ဆောင်ပေးပါတယ်ရှင့်

မြန်မာနိုင်ငံအတွင်း မြို့​ပေါင်း ၃၀၀ ​ကျော်ကို အိမ်​ရောက်ငွေချေနဲ့ပို့ပေးပါတယ်ရှင့်

ထိုင်း၊မလေး၊စင်္ကာပူ၊ဂျန်ပန် ပြည်ပလဲပို့ပေးပါတယ်ရှင့်(ငွေကြိုလွှဲပေးရပါတယ်ရှင့်)

လိမ်းဆေးဆီပဲ သုံးမယ်ဆိုတဲ့ အဖွဲ့က သပ်သပ်လိမ်းဆေးဆီ 10 ဘူး ပြင်ဦးလွင်သို့
09/09/2025

လိမ်းဆေးဆီပဲ သုံးမယ်ဆိုတဲ့ အဖွဲ့က သပ်သပ်

လိမ်းဆေးဆီ 10 ဘူး ပြင်ဦးလွင်သို့

😔ဒူးအမြဲနာနေလို့ စိတ်ညစ်နေပီလား❓❓❓😀Hanumanဆေးကပ်ခွာ နဲ့ လိမ်းဆေးအဆီ လေးရှိပါတယ်ရှင့်😀 ဒူးနာခြင်းဟာ အမျိုးမျိုး ရှိပါတယ် ...
28/08/2025

😔ဒူးအမြဲနာနေလို့ စိတ်ညစ်နေပီလား❓❓❓

😀Hanumanဆေးကပ်ခွာ နဲ့ လိမ်းဆေးအဆီ လေးရှိပါတယ်ရှင့်😀

ဒူးနာခြင်းဟာ အမျိုးမျိုး ရှိပါတယ်

✅အဖြစ်များတဲ့ ဒူးနာခြင်းတွေကတော့

(၁)ထိခိုက်မိသောကြောင့်ဖြစ်သောဒူးနာခြင်း

(၂)ကျီးပေါင်းကြောင့်ဖြစ်သောဒူးနာခြင်း

(၃)ဒူးအရွတ်ယောင်သောကြောင့်ဒူးနာခြင်း

(၄)ဂေါက်ရောဂါ လေးဘက်နာ စသောအဆစ် ယောင်ရောဂါတမျိုးမျိုးကြောင့်ဖြစ်သောဒူးနာခြင်း

(၅)အရိုးပွခြင်းကြောင့်ဖြစ်သောဒူးနာခြင်း

(၆) အရွတ်အားနည်းခြင်း၊ ချဉ်ဆီအားနည်းခြင်းကြောင့် ဖြစ်သောဒူးနာခြင်း

❣️ကဲ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ဒူးနာလျှင်ဝေဒနာ‌တွေ သက်သာသွားအောင် Hanumanဆေးကပ်ခွာ‌လေးကို သုံးလိုက်နော်❣️

Hanumanဆေးကပ်ခွာလေးမှာ ပါဝင်တဲ့
🌿ဝါးမီးသွေး နှင့် ပူစီနံတို့ဟာ ခန္ဓာကိုယ်မှာရှိတဲ့အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။

🌿ကြက်သွန်နီ၊ သစ်ကြပိုးနှင့်လေးညှင်းဟာဆိုရင်ဖြင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။

🌿နနွင်းကတော့ ကြွက်သားတင်းမာမှုများကိုလျော့ကျစေခြင်း၊ ထိခိုက်ဒဏ်နာကြောင့်အညိုအမည်းစွဲခြင်း၊နာကျင်ကိုက်ခဲမှုကိုလျော့ကျစေခြင်းစတဲ့ အာနိသင်တွေရှိပါတယ်။

ဒါကြောင့် ဘယ်လိုအကြောင်းကြောင်းပဲဖြစ်ဖြစ် ဒူးနာလာပီဆိုရင် Hanumanကပ်ခွာလေးကိုသာ ၈နာရီကြာအောင်ကပ်ထားလိုက်ရုံနဲ့ ဒူးနာဝေဒနာကို သက်သာပျောက်ကင်းသွားမှာပါ

#မှတ်ချက်။ ။ ရုတ်တရက် ထိခိုက်မိသော ကြောင့် ဒူးနာခြင်း ဖြစ်ခဲ့လျှင် ရေခဲအရင်ကပ်ပေးသင့်ပါတယ် အနည်းဆုံး ၆နာရီ ကျော်မှသာ ဆေးပူလိမ်းခြင်း၊ ဆေးစည်း/ကပ်ပေးခြင်း၊ ရေနွေးအိပ်ကပ်‌ပေးခြင်းများ ပြုလုပ်ပေးသင့်ပါတယ်။

ထိုင်းနိုင်ငံကထုတ်လုပ်ပြီး FDA ရထားပြီးသား
ပစ္စည်းမို့ side effects ဖြစ်မှာကိုလုံးဝစိုးရိမ်စရာ
မလိုပါဘူးနော်

Hanuman လိမ်းဆေးအဆီကို နေ့ခင်းဖက် တစ်နေ့ ၂ကြိမ်(အဲ့ထက်ပိုလိမ်းချင်လည်းရ) ပြီး ညပိုင်း ဆေးကပ်ခွာ ကပ်ပေးပါရှင့်။

ကိုယ်သိသလောက်လေးရှင်းပြထားပေးတယ်နော်
အသေးစိတ်သိချင်ရင် cbလာခဲ့နော်

☎09780660160 (viber) or cb💬

ဆေးကပ်ခွာ ၁၀ခုပါတစ်ဘူး 23500 ks
လိမ်းဆေးအဆီ တစ်ဘူး 23500 ks

ိုင်းရင်းဆေးကပ်ခွာ
ိမ်းဆေးအဆီ

Crd

ခါးနာ ဒူးနာ ခါးကျီးပေါင်း ခါးကြောညပ် တင်ပဆုံ​ကြောညပ်ခြင်းတို့ အတွက် လွယ်ကူရိုးရှင်းစွာ သက်သာမှုရရှိစေသောHanumanရဲ့လိမ်းဆ...
27/08/2025

ခါးနာ
ဒူးနာ
ခါးကျီးပေါင်း
ခါးကြောညပ်
တင်ပဆုံ​ကြောညပ်ခြင်းတို့ အတွက်

လွယ်ကူရိုးရှင်းစွာ သက်သာမှုရရှိစေသော

Hanumanရဲ့
လိမ်းဆေးဆီ နှင့် ဆေးကပ်ခွါ
နေ့ဘက်လိမ်း ညဘက်ကပ်ပုံစံသုံး၍ အမြန်ဆုံးသက်သာမှု ရယူလိုက်ပါ

cb(or)viber
09780660160

Address


Telephone

+959780660160

Website

Alerts

Be the first to know and let us send you an email when Hanuman:Thailand Herbal Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hanuman:Thailand Herbal Products:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram