27/11/2025
ညအိပ်ရာမဝင်ခင် သွားတိုက်ခြင်းနှင့် နှလုံးကျန်းမာရေး
ညအိပ်ရာမဝင်ခင် သွားတိုက်ခြင်းက ခံတွင်းသန့်ရှင်းရေးအတွက်သာမက သင့်နှလုံးကျန်းမာရေးကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
ညဘက်အိပ်စက်နေချိန်တွင် ခံတွင်း၌ အန္တရာယ်ရှိသော ဘက်တီးရီးယားများ စုပုံလာပါက ၎င်းတို့သည် သွေးကြောထဲသို့ ရောက်ရှိသွားပြီး နှလုံးရောဂါဖြစ်စေနိုင်သည့် ရောင်ရမ်းမှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ထို့ကြောင့် အိပ်ရာမဝင်ခင် သွားတိုက်ပေးခြင်းက-
👉အန္တရာယ်ရှိ ဘက်တီးရီးယားများကို လျော့နည်းစေသည်။
👉သွားဖုံးနှင့် နှလုံးသွေးကြောစနစ်ကို ပိုမိုကျန်းမာစေသည်။
ညဘက်သွားတိုက်ခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးကြောင်း National Library of Medicine မှ ဖော်ပြထားသော သုတေသနများကလည်း ထောက်ခံထားပါတယ်။ ထို့ကြောင့် ညစဉ်ညတိုင်း ဤရိုးရှင်းသော အလေ့အကျင့်လေးကို လုပ်ဆောင်ခြင်းက ရေရှည်နှလုံးကျန်းမာရေးအတွက် အလွန်အရေးပါပါသည်။