23/10/2025
Period Time မှာ ဒါလေးတွေ လုပ်ပါ။📝
မိန်းကလေးတွေ ရာသီလာချိန် (Period) မှာ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်တတ်လို့ မိမိကိုယ်ကို ပိုမိုနားလည်ပေးပြီး နွေးထွေးစွာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ဂရုစိုက်ဖို့အတွက် အရေးကြီးတဲ့ Self-Care Health Tips လေးတွေကတော့ ...
✅ ခန္ဓာကိုယ်က ရာသီလာချိန်မှာ အလုပ်ပိုလုပ်ရပြီး ပိုမိုပင်ပန်းနွမ်းနယ် တတ်တာကြောင့် လုံလောက်စွာ အနားယူပါ။
✅ အချိန်မှန် အိပ်ရာဝင်ပြီး အိပ်ရေးဝဝ အိပ်စက်ခြင်းက ခန္ဓာကိုယ်က လိုအပ်တဲ့ အနားယူမှုကို ရစေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။
✅ ဝမ်းဗိုက် သို့မဟုတ် ခါးအောက်ပိုင်းကို ရေနွေးအိတ် ကပ်ပေးပါ။ ဒါက ကြွက်သားတွေ ဖြေလျော့ပေးပြီး ဗိုက်အောင့်ခြင်းကို သိသိသာသာ သက်သာစေပါတယ်။
ရေနွေးနဲ့ ရေချိုးတာ ဒါမှမဟုတ် စိမ်တာကလည်း ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးစေပြီး ကြွက်သား ပြေလျော့ကာ စိတ်ဖိစီးမှု ကင်းစေပါတယ်။ လိုအပ်ရင်တော့ အကိုက်အခဲပျောက်ဆေး သောက်သုံးပေးပါ။
✅ တစ်နေ့တာအတွင်း ရေသောက်သုံးမှု ပမာဏကို တိုးမြှင့်ပါ။ ရေဓာတ် လုံလောက်စွာ ရရှိခြင်းက ဗိုက်ပွတာ နဲ့ ခေါင်းကိုက်တာကို လျော့ပါးစေပါတယ်။
✅ သံဓာတ်နဲ့ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပါ။ ရာသီလာချိန်မှာ သွေးဆုံးရှုံးမှုကြောင့် သံဓာတ် လျော့နည်းတတ်လို့ ဟင်းနုနွယ်ရွက်၊ အမဲသား၊ အညိုရောင် ချောကလက်၊ ငှက်ပျောသီး၊ ပဲအမျိုးမျိုးနဲ့ ကိုက်လန်လို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားသုံးသင့်ပါတယ်။
ဆားဓာတ် နဲ့ ကဖိန်းဓာတ်များတဲ့ အစားအစာတွေနဲ့ အရက်ကိုတော့ လျှော့ချတာ ဒါမှမဟုတ် ရှောင်ကြဉ်တာ လုပ်ပါ။
✅ သန့်ရှင်းရေးကို အထူးဂရုစိုက်ပါ။ မိန်းမကိုယ် အပြင်ဘက်ကို ရေဖြင့်သာ နေ့စဉ် သန့်စင်ပေးပါ။ ရာသီသွေးခံပစ္စည်း (Pads, Tampons, Menstrual Cups) တွေကို ပုံမှန်လဲလှယ်ခြင်းက ဘက်တီးရီးယား ပေါက်ဖွားမှုကို တားဆီးပေးပြီး ယားယံခြင်းကို ကာကွယ်ပေးပါတယ်။
ရာသီလာချိန်မှာ ဒီနည်းတွေကို လုပ်ဆောင်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ရာသီစက်ဝန်း အတောအတွင်း နာကျင်မှုကို အများကြီးသက်သာစေနိုင်မှာ ဖြစ်ပြီး ကိုက်ခဲတာ သက်သာစေနိုင်မယ့် မှန်ကန်တဲ့ဆေးဝါးကိုရှာဖွေနေတယ် ဆိုရင်တော့ နီးစပ်ရာ ဘေးမခ ဆေးဆိုင်ခွဲတွေမှာ ဝယ်ယူနိုင်ပါတယ်နော်။💜
ကျန်းမာရေးအတွက် ဆေးဝယ်ယူလိုပါက
ဆိုင်ခွဲတည်ရှိရာ မြို့နယ်တစ်ဝိုက် သတ်မှတ်ထားသော ဧရိယာအတွင်း မှာယူပါက (၁) နာရီအတွင်းပို့ဆောင်ပေးပါသည်။
📍ကမာရွတ်ဆိုင်ခွဲ ( ဆင်မလိုက် )
အမှတ်(၀၀၄)၊ Building(ဘီ)၊ Hi-way complex housing၊ ဂရန်းဟန်သာဆေးရုံအနီး၊ ကမာရွတ်မြို့နယ်။
ဆိုင်ဖုန်းနံပါတ် - 09750099784
https://maps.app.goo.gl/rqpxAv3oKcmqbTad8
📍ရန်ကင်းဆိုင်ခွဲ (၁၂လုံးတန်း )
အမှတ် (၄)၊ တိုက် (၂၁၉)၊ ရန်ကင်းလမ်းနှင့် ရန်ရှင်းလမ်းထောင့်၊ ရန်ကင်းမြို့နယ်။
ဆိုင်ဖုန်း - 09750099786
https://maps.app.goo.gl/gCo3MR7WVi7rTy1A9
📍ကမာရွတ်ဆိုင်ခွဲ ( လှည်းတန်း )
အမှတ် (၈၁) (ဘီ)၊ မြေညီထပ်၊ (၈)ရပ်ကွက်၊ လှည်းတန်းလမ်းမကြီး၊ ကမာရွတ်မြို့နယ်။
ဆိုင်ဖုန်း - 09750099788
https://maps.app.goo.gl/uzmj3MTRpSSVN4ZY9
📍(၈) မိုင်ဆိုင်ခွဲ ( မရမ်းကုန်း )
တိုက်(၂) ၊အခန်း(၁) ၊ (၄)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မြို့ပြအိမ်ရာ(မြောက်)ဘက်ခြမ်း၊ မရမ်းကုန်းမြို့နယ်။
ဆိုင်ဖုန်း - 09750099790
https://maps.app.goo.gl/7KuNxLpW6CaiHbDy6
📍စဉ့်အိုးတန်းဆိုင်ခွဲ ( လသာ )
အမှတ်(၁၀၇-၁၀၉) ၊ ဝါဝါဝင်းTower ၊ အနော်ရထာလမ်းနှင့် စဉ့်အိုးတန်းလမ်းထောင့် ၊ လသာမြို့နယ်။
ဆိုင်ဖုန်း - 09763317411
https://maps.app.goo.gl/6fmUB6hoe514iAQx7
📍တာမွေဈေးဆိုင်ခွဲ ( တာမွေ )
အမှတ်(၂၇၁)၊ ဗျိုင်းရေအိုးစင်လမ်းနှင့် ကျိုက္ကဆံလမ်းထောင့်၊တာမွေဈေးအနီး၊တာမွေမြို့နယ်။
ဆိုင်ဖုန်း - 09750099787
📍လမ်း (၄၀) ဆိုင်ခွဲ (ကျောက်တံတား)
အမှတ် (၃၃၈)၊ မြေညီယာ၊ မဟာဗန္ဓုလလမ်း၊ (၈)ရပ်ကွက်၊ ကျောက်တံတားမြို့နယ်။
ဆိုင်ဖုန်း - 09750099783
📍ဆင်မင်းဈေးဆိုင်ခွဲ (အလုံ)
အမှတ် (၅၉)၊ အခန်း (ဘီ)၊ မြေညီထပ်၊ ဆင်မင်းရပ်ကွက်၊ ဆင်မင်းလမ်း၊ အလုံမြို့နယ်။
ဆိုင်ဖုန်း - 09790584887
📍မြောက်ဥက္ကလာပဆိုင်ခွဲ (မြောက်ဥက္ကလာ)
အမှတ် ၆၆၁ (အေ)၊ မေဓာဝီလမ်း၊ (ဆ)ရပ်ကွက်မြောက်ဥက္ကလာပဆေးရုံကြီးအနီး နီနီဓာတ်ခွဲခန်းနှစ်ခုကြား၊ မြောက်ဥက္ကလာပမြို့နယ်။
ဆိုင်ဖုန်း - 09758799051
ဆေးဝယ်ရာတွင် အဆင်မပြေမှုများဖြစ်ပွားပါက
ဘေးမခဆေးဆိုင်ရဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 ဖုန်း -
09770466076 သို့ ဖုန်းဆက်၍သော်လည်းကောင်း၊
page Messenger ကနေ တဆင့် ဆက်သွယ်တိုင်ကြားနိုင်ပါတယ်ရှင်။💜
နေ့စဉ်ပြောင်းလဲနေတဲ့ Update ကို သိနိုင်ဖို့အတွက် အောက်ဖော်ပြပါ Channel ကို Join ထားပါနော်။
💁🏻♀️ဘေးမခဆေးဆိုင် page ကို Like & follow လုပ်ရန်။
https://www.facebook.com/baymakhapharmacy?mibextid=ZbWKwL
💁🏻♀️ဘေးမခဆေးဆိုင် Viber Channel သို့ Join ရန်။
https://invite.viber.com/?g2=AQAsDH9%2BnUscX1LtGWfnpRyUnGSJueqEZXCXBoit4AIdh6%2B68Xr4A7F3kNzWE100
💁🏻♀️ဘေးမခဆေးဆိုင် TikTok Acc သို့ Join ရန်။
https://www.tiktok.com/?_t=8qEKAuBE3c8&_r=1
#ဘေးမခဆေးဆိုင်
#ဆေးဆိုင်