Shwe Kant Kaw

  • Home
  • Shwe Kant Kaw

Shwe Kant Kaw မြန်မာနှင့်အင်္ဂလိပ်ဆေးမျိူးစုံရေ?

Covid ကာကွယ်ဆေးနဲ့ပတ်သတ်ပြီးသိသင့်သိထိုက်သည်များဒီတစ်ခါမှာတော့ Covid 19 ကာကွယ်ဆေး 10 မျိုးအကြောင်း ဖော်ပြလိုက်ပါတယ်။ မိမ...
07/08/2021

Covid ကာကွယ်ဆေးနဲ့ပတ်သတ်ပြီးသိသင့်သိထိုက်သည်များ

ဒီတစ်ခါမှာတော့ Covid 19 ကာကွယ်ဆေး 10 မျိုးအကြောင်း ဖော်ပြလိုက်ပါတယ်။ မိမိတို့အတွက် ရရှိနိုင်မယ့် ကာကွယ်ဆေးတွေကို နှိုင်းယှဉ်ချိန်ဆနိုင်ဖို့ပါ။
နောက်ပို့စ်တစ်ခုမှာတော့ ကိုဗစ်ကာကွယ်ဆေးကို ထိုးရမလား မထိုးရဘူးလားနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို စုစည်းပြီး ဖော်ပြပေးပါမယ်။

Credit

ကိုဗစ်ကာကွယ်ဆေးများနှင့်ပတ်သက်၍ သိသင့်သောအချက်များ♣ အမေရီကန်နိုင်ငံထုတ် ကာကွယ်ဆေးများMODERNAModerna ကာကွယ်ဆေးဟာ Vanderbi...
28/07/2021

ကိုဗစ်ကာကွယ်ဆေးများနှင့်ပတ်သက်၍ သိသင့်သောအချက်များ
♣ အမေရီကန်နိုင်ငံထုတ် ကာကွယ်ဆေးများ
MODERNA
Moderna ကာကွယ်ဆေးဟာ Vanderbilt University က ၉၄.၁ ရာခိုင်နှုန်းအထိကာကွယ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီဆေးက လောလောဆယ် ကမ္ဘာမှာ အကောင်းဆုံး ကာကွယ်ဆေး ဆိုပြီး သတ်မှတ်ထားပါတယ်
PFIZER
Moderna ထက်တစ်ပတ်စောကာ ကြေညာခဲ့တဲ့ ပထမဆုံး COVID ကာကွယ်ဆေး ဖြစ်ပါတယ်။ Pfizer ကာကွယ်ဆေးကတော့ Modernaထက် ရာခိုင်နှုန်းအနည်းငယ်လျော့ ကာကွယ်နိုင်စွမ်းရှိပါတယ် ( ၈၁.၈ - ၉၅ ရာခိုင်နှုန်း)
ဆေးထိုးပြီးရင် ဘာတွေ ခံစားရလေ့ရှိလဲ?
Pfizer နဲ့ Moderna က ဒုတိယ အလုံးထိုးပြီးရင်ပိုဖြစ်တယ်လို့တွေ့ရှိရပါတယ် ။ ထိုးတဲ့နေရာမှာ နာတာ နုံးတာ ခေါင်းကိုက် ကြွက်သားနာတာတွေက အဖြစ်များပါတယ် ။ ရှားရှားပါပါး နှလုံးကြွက်သားရောင်တာ နှလုံးအမြှေးရောင်တာကို Pfizer နဲ့ Moderna မှာတွေ့ရပါတယ်
♣ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးများ
COVISHIELD
ဗြိတိန် နည်းပညာကို အိန္ဒိယ မှာ ထုတ်ခွင့်ပေးတာပါ ။ ဗြိတိန် မှာထုတ်တာကိုတော့ AstraZeneca နာမည်ပေးထားပါတယ် ။ ဒီနိုင်ငံမှာ ဇန်နဝါရီလကတည်းက Covishield ကာကွယ်ဆေးကို စတင်ထိုးနှံပေးခဲ့ပါတယ်။ တစ်ဦးကို နှစ်ကြိမ်နှုန်းနဲ့ လူဦးရေတစ်သန်းခွဲစာကို သက်တမ်းကုန်ဆုံးရက် မတိုင်ခင် ဇွန်လအထိ ထိုးပေးနိုင်ခဲ့ပါတယ်။ (ဒီ Covishield ကာကွယ်ဆေးဟာ သက်တမ်းခြောက်လသာ ရှိပါတယ်)
ဒီဆေးကို ပထမတစ်ကြိမ်ထိုးထားရင် ရောဂါမဖြစ်အောင် ၇၀.၄ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဒုတိယအကြိမ် ထိုးပြီးချိန်မှာတော့ ၈၂.၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။ ရောဂါကြောင့် သေဆုံးနှုန်းကို အသက် ၆၅ နှစ်ကျော်အရွယ်တွေမှာ ၉၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
ဒီဆေးထိုးထားသူတွေက မိမိမှတစ်ဆင့် တခြားသူကို ရောဂါပြန်ဖြန့်နိုင်နှုန်း ၆၇ ရာခိုင်နှုန်း လျော့ကျသွားနိုင်ပါတယ်။
COVAXIN
အခုလက်ရှိ အပြင်ဆေးခန်းတချို့မှာ ထိုးပေးနေတဲ့ ကာကွယ်ဆေးက အိန္ဒိယနိုင်ငံထုတ် Covaxin အမျိုးအစား ဖြစ်ပါတယ်။ ဒီဆေးကိုတော့ BBV152 လို့လည်း သိကြပြီး သေဆုံးနေတဲ့ဗိုင်းရပ်စ်ကို ပြုပြင်ကာ ပြုလုပ်ထားတဲ့ကာကွယ်ဆေးဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ထဲကိုရောက်ရင် antibody တွေ ထွက်လာပြီး ခုခံအားစနစ်ကို လှုံ့ဆော်ကာ ရောဂါကို တိုက်ထုတ်ပစ်နိုင် ပါတယ်။ ဒီဆေးက အိန္ဒိယ နိုင်ငံအပြင် အီရန်၊ မက္ကဆီကို၊ နီပေါ၊ ဖိလစ်ပိုင်၊ ပါရာဂွေး၊ ဇင်ဘာဘွေနဲ့ မောရစ်ရှားနိုင် ငံတွေမှာပါ အသုံးပြုနေပြီဖြစ်ပါတယ်။ ဒီဆေးကို တစ်ကြိမ်နဲ့ တစ်ကြိမ် ၄-၆ ပတ်ခြားပြီး နှစ်ကြိမ် ထိုးရမှာဖြစ်ပါတယ်။ ဆေးကို နှစ်ကြိမ်ထိုး ပြီးရင် ရောဂါကို ကာကွယ်နိုင်စွမ်း ၇၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ အဖျား ရှိတာ၊ ခေါင်းကိုက်တာ၊ စိတ်တိုတာ၊ ဆေးထိုးတဲ့နေရာမှာ ရောင်ရမ်းပြီး နာကျင်တာတွေဖြစ်တတ်ပါတယ်။ ကာကွယ်ဆေးထိုးအပြီး ပါရာစီတမောလို မျိုး အကိုက်အခဲပျောက်ဆေးကို သောက်ထားသင့်ပါတယ်။
ဆေးနဲ့ ပြင်းထန်ဓာတ်မတည့်မှု ဖြစ်တာကတော့ အလွန်ရှားပါတယ်။ ဓာတ်မတည့်မှုဖြစ်ရင် လည်ချောင်းရောင်ရမ်းပြီး အသက်ရှူမဝတာ၊ ပျို့တာ၊ အန်တာ၊ အဖုအပိမ့်ပေါက်တာ၊ အဖျားရှိတာ၊ ခေါင်းကိုက်တာ၊ ခန်္ဓာကိုယ်အနှံ့ကိုက်ခဲတာနဲ့ ဆေးထိုးထားတဲ့လက်တစ်ဖက် တောင့်တင်းနေတာတွေဖြစ်တတ်ပါတယ်။
သွေးယိုစီးမှုပြဿနာရှိသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ဒါမှမဟုတ် နို့တိုက်မိခင်တွေက ဒီကာကွယ်ဆေးကို မထိုးသင့်ပါဘူး။
♣ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ
တရုတ်နိုင်ငံထုတ်ကာကွယ်ဆေး တွေဖြစ်တဲ့ Sinopharm ကို WHOက ယခုနှစ် မေလအတွင်း အရေးပေါ်အသုံး ပြုခွင့်ပေးထားခဲ့ပြီး Sinovac ကို ဇွန်လမှာ ခွင့်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆေးတွေကို လက်ရှိမှာ နိုင်ငံပေါင်း ၈၀ ကျော် အသုံးပြုနေကြပြီလို့ သိရပါတယ်။
ဒီကာကွယ်ဆေးနှစ်မျိုးစလုံး ကြောင့် ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ က တခြားကာကွယ်ဆေးတွေလောက် အဖြစ်မများဘူးလို့ သိရပါတယ်။ ဆေး ထိုးတဲ့နေရာမှာ နာကျင်တာ၊ ပင်ပန်းနွမ်း နယ်တာ၊ ဝမ်းပျက်တာနဲ့ ကြွက်သားနာ ကျင်တာလောက်သာဖြစ်ပြီး နှစ်ရက်အ တွင်း ပြန်လည်ပျောက်ကင်းသွားတတ်ပါ တယ်။
SINOPHARM
ဒီကာကွယ်ဆေးက တရုတ်နိုင်ငံက ဒီနိုင်ငံကို လှူဒါန်းခဲ့တဲ့ကာကွယ် ဆေးဖြစ်ပါတယ်။ တရုတ်ကုန်သည် များအသင်းချုပ်ကလည်း အသင်းဝင် တွေကို ဒီဆေးထိုးပေးဖို့ စီစဉ်နေတယ်လို့ ကြားသိရပါတယ်။ ဒီကာကွယ်ဆေးက SARS-CoV-2 ကို Beta-propiolactone ခေါ်တဲ့ ဓာတုပစ္စည်းနဲ့ ကုသမှုပြုလုပ်ထား တာဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းက ကိုဗစ်ဗိုင်းရပ်စ်နဲ့ပေါင်းပြီး COVID-19 ဖြစ် စေတဲ့ ဗိုင်းရပ်စ်ပွားများမှုကို ရပ်တန့်ပေးလိုက်တာဖြစ်ပါတယ်။ ဒါ့ပြင် သူ့မှာ ပါဝင်တဲ့ အလူမီနီယမ်ဟိုက်ဒရော ဆိုက်ကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ပိုမိုမြင့်တက်လာပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးဖို့သတ်မှတ်ပေးထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား သုံးပတ်ကနေ လေးပတ် ခြားကာ နှစ်ကြိမ်စီ ထိုးပေးရမှာဖြစ်ကာ ရောဂါကာကွယ်နိုင်စွမ်းမှာ ၇၉.၃ ရာ ခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒီဆေး ကို ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင် တွေအတွက် ထိုးပေးနိုင်ပါတယ်။
ဒီကာကွယ်ဆေးမှာပါတဲ့ ပါဝင် ပစ္စည်းတွေနဲ့ ဓာတ်မတည့်မှုဖြစ်ဖူးသူ၊ အပူချိန် ၃၈.၅ ဒီဂရီထက် မြင့်မားသူ တွေက ဒီဆေးကို မထိုးသင့်ပါဘူး။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ကာ ကွယ်ဆေးထိုးတဲ့နေရာမှာ နာကျင်တာ၊ အဖျားရှိတာတွေအပြင် ခေါင်းကိုက်တာ နဲ့ ပင်ပန်းနွမ်းနယ်တာတွေဖြစ်တတ်ပါ တယ်။
SINOVAC
ဒီကာကွယ်ဆေးက ယခုလအတွင်း တစ်သန်းရောက်ရှိမှာဖြစ်ပြီး အသက် ကြီးသူ၊ ရောဂါအခံရှိသူ၊ ကာကွယ်ဆေး မထိုးရသေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပုဂ္ဂလိက ကျန်းမရေးစောင့်ရှောက်မှုပေး နေသူတွေကို ဦးစားပေးထိုးနှံပေးသွားမယ်လို့ သိရပါတယ်။
ဒီဆေးက ဓာတ်ခွဲခန်းကနေ ထုတ် လုပ်ထားတဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့ ပြု လုပ်ထားတဲ့ Inactivated Virus Vaccine အမျိုးအစားဖြစ်ပါတယ်။ ကာကွယ်ဆေးမှာ ပါဝင်တဲ့ များစွာသော ပရိုတင်းတွေကို ခုခံအားနစ်က တုံ့ပြန်ပြီး ကိုဗစ်ရောဂါကို တိုက်ထုတ်မယ့် Antibody တွေထွက်လာအောင် လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အထက်ရှိ သူ၊ နို့တိုက်မိခင်၊ ကိုဗစ်ဖြစ်နိုင်ခြေ မြင့် မားတဲ့ အဝလွန်သူ၊ နှလုံးသွေးကြောရောဂါရှိသူနဲ့ အဆုတ်ရောဂါရှိသူတွေထိုးဖို့ သတ်မှတ်ထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ် ကြား ၂-၄ ပတ်ခြားပြီး နှစ်ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။
ရောဂါကာကွယ်နိုင်စွမ်းက နိုင်ငံအ ပေါ်လိုက်ပြီး ၄၉.၆ - ၅၀.၇ % ရှိကာ ကိုဗစ် ဆိုး ဆိုးရွားရွား အခြေအနေမရောက်အောင် ၈၅-၁၀၀ %၊ ကိုဗစ်ကြောင့် ဆေးရုံတက် ရတာမျိုးမဖြစ်အောင် ၈၀-၁၀၀ % ကာကွယ်နိုင်ပါတယ်။
♣ ရုရှားနိုင်ငံထုတ်ကာကွယ်ဆေးများ
ရုရှားနိုင်ငံကထုတ်တဲ့ ကာကွယ် ဆေး နှစ်မျိုးဖြစ်တဲ့ Sputnik V နဲ့ Sputnik Light တွေကို မြန်မာနိုင်ငံအ တွက် ခုနစ်သန်းဝယ်ဖို့ မှာယူထားကာ မကြာမီ အလုံးရေ နှစ်သန်းရောက်ရှိမယ်လို့ သိရပါတယ်။
SPUTNIK V
ဒီကာကွယ်ဆေးက တုပ် ကွေးရောဂါဖြစ်စေတဲ့ Adenovirus အမျိုးအစားနှစ်မျိုးကို ရောဂါသယ်ဆောင် တဲ့အနေနဲ့ ထည့်သွင်းအသုံးပြုထားတာ ဖြစ်ပါတယ်။ ရောဂါသယ်ဆောင်တဲ့ဗိုင်း ရပ်စ်တွေက ပြုပြင်ထားတာကြောင့် ခန်္ဓာ ကိုယ်ထဲမှာ ပိုးထပ်မံပွားများတာ၊ ရောဂါ ဖြစ်တာတွေ မရှိတော့ပါဘူး။
ဒီဆေးကို အိန်္ဒိယ၊ အာဂျင်တီးနား၊ မွန်တီနီဂရိုး၊ ရုရှား၊ ဗင်နီဇွဲလား၊ ဘီလာ ရုစ်၊ ဆားဗီးယား၊ ယူအေအီးနဲ့ Europe တိုင်းပြည်ထဲက ဟန်ဂေရီအပါအဝင် နိုင်ငံပေါင်း ၆၄ နိုင်ငံမှာ အသုံးပြုနေကြ ပြီဖြစ်ပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးနိုင်ပြီး ရောဂါကာကွယ်နိုင်စွမ်းက ၉၁.၆ ရာခိုင်နှုန်းရှိကာ ကာကွယ် ပထမအကြိမ်ထိုးပြီး သုံးပတ်အကြာမှာ ဒုတိယအကြိမ် ထပ်မံထိုးရမှာဖြစ်ပါ တယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ -
◘ ပင်ပန်း နွမ်းနယ်တာ ၇၀ %
◘ အဆစ်နာတာ ၄၆.၄ %
◘ ခေါင်းကိုက်တာ ၆၄.၇ %
◘ ကြွက်သားနာကျင်တာ ၆၁.၅ %
◘ ချမ်းတုန်တာ ၄၅.၄ %
◘ အဖျားရှိတာ ၁၅.၅ %
◘ ပျို့အန်တာ ၂၃ % ရှိပါတယ်။
SPUTNIK LIGHT
ဒီကာကွယ်ဆေးက COVID-19 ရောဂါကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကို ခုခံအားတည်ဆောက် ပေးတာဖြစ်ပြီး ကာကွယ်နိုင်စွမ်း ၇၉.၄ ရာခိုင် နှုန်းရှိတယ်လို့ သိရပါတယ်။ သူရဲ့ အား သာချက်က ဆေးတစ်ကြိမ်သာ ထိုးရမှာဖြစ်ပြီး ဆေးထိုးအပြီး လေးပတ်အကြာမှာ ဗိုင်းရပ်စ်ပိုးကို အားပျော့စေတဲ့ anti-body ထွက်လာနိုင်နှုန်း ၉၁.၆၇ ရာခိုင် နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံမှာ ယခုနှစ် မေလအတွင်း က အရေးပေါ်အသုံးပြုခွင့်ရရှိထားတာ ဖြစ်ပါတယ်။ ဒီဆေးကို ရုရှား၊ ဗင်နီဇွဲလား၊ အင်ဂိုရာ၊ ဘာရိန်း၊ နီကာရဂူး၊ မောလစ်ရှ၊ ပါလက်စတိုင်း၊ အာဂျင်တီးနား၊ ဘီလာ ရုစ်၊ ကွန်ဂို၊ မွန်ဂိုလီးယား တောင်ကိုရီး ယားအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ရရှိနိုင်ပြီဖြစ်ပါတယ်။

အရေးကြီးပါတယ် လူတိုင်းရှယ်ထားပေးပါ။အိမ်တွင်း အောက်စီဂျင်ကုသမှုခံယူမှုအတွက် အခြေခံသိကောင်းစရာများပါ။ တပုံချင်းမှာလည်း ဆို...
23/07/2021

အရေးကြီးပါတယ် လူတိုင်းရှယ်ထားပေးပါ။
အိမ်တွင်း အောက်စီဂျင်ကုသမှုခံယူမှုအတွက် အခြေခံသိကောင်းစရာများပါ။ တပုံချင်းမှာလည်း ဆိုင်ရာအချက်အလက်တွေ ထပ်ရေးပေးထားပါတယ်။
***ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ လက်လှမ်းမီပါက ၎င်းတို့နှင့်တိုင်ပင်ကာ အောက်စီဂျင်ကုသမှုခံယူရန် အထူးတိုက်တွန်းပါသည်။

EFG Healthcare Co,Ltd. တွင် Oxygen အိုး၏ ဆက်စပ်ပစ္စည်းများဖြစ်သော - Oxygen ဖွင့်သည့် Key- ဂွ- Oxygen တစ်အိုး မှ တစ်အိုးသ...
22/07/2021

EFG Healthcare Co,Ltd. တွင် Oxygen အိုး၏ ဆက်စပ်ပစ္စည်းများ
ဖြစ်သော
- Oxygen ဖွင့်သည့် Key
- ဂွ
- Oxygen တစ်အိုး မှ တစ်အိုးသို့ Oxygen ထည့်ရာတွင် အသုံးပြုသည့် အိုးခွဲပိုက်
- Oxygen အိုး နှင့် Flowmeter တွင်ပါသော အတွင်းရစ်အပြင်ရစ်အဆင်မပြေသည့်အခါ ကြားခံအသုံးပြုရသော Adapter (အတွင်းရစ် အပြင်ရစ်)
တို့ကို ရောင်းချပေးနေပါတယ်

ဆက်သွယ်ရန်☎️☎️
-------------------
EFG HealthCare Co.,Ltd.
အမှတ် (၃၀၃) (၄)လွှာ ၊ မဟာဗန္ဓုလလမ်းမပေါ်
(၄၂)လမ်းထိပ် ၊ ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်မြို့။
📞 095118647 , 09785118647
📞 09421098852 , 09253520448

Edit - ဒီနေ့အတွက်တော့ကုန်သွားပြီပြောပါတယ်။ နောက်နေ့တွေအတွက်တော့အိမ်မှာအားတဲ့သူရှိရင်လွှတ်ပြီးမေးစေချင်ပါတယ်။Oxygen Conce...
21/07/2021

Edit - ဒီနေ့အတွက်တော့ကုန်သွားပြီပြောပါတယ်။
နောက်နေ့တွေအတွက်တော့အိမ်မှာအားတဲ့သူရှိရင်လွှတ်ပြီးမေးစေချင်ပါတယ်။

Oxygen Concentrator လိုနေသူများရပါမယ်
အင်းစိန် လှိုင် မရမ်းကုန်း နီးစပ်သူများ ဖုန်းဆက်မရပါနော် လူကိုယ်တိုင် ငွေသားနဲ့ သွားဝယ်ပါနော်
အင်းစိန် ပေါက်တောဝ မုဒိတာ အိမ်ယာ ၂ ထွက်ပေါက်နှင့် ကပ်လျက် Polar companyဒီနေ့ ရာနဲ့ ချီ ထပ်ရောက်မယ် ကြားပါတယ်နော်
မြန်မြန်သွားဝယ်ကြပါ သိန်း ၂၀ ပါ အဲဒီအမျိုးအစား ၃ ခုထဲက အဆင်ပြေတာကို သူတို့ထည့်ပေးပါတယ်
ကျေးဇူးပြုပြီးလိုအပ်သူများ ‌တွေ့ရှိနိုင်အောင်ရှယ်ပေးခြင်းဖြင့်ကူညီ‌ပေးကြပါ။
နောက်ထပ်လိုအပ်နေတဲ့ပစ္စည်းတွေကိုလဲ တင်ပေးသွားပါမယ်။
credit Thet Ma Ma

20/07/2021

Oxygen concentrator များကို အောက်ဖော်ပြပါနေရာများတွင် ဆက်သွယ်ဝယ်ယူနိုင်ပါတယ်
**********************************************
AA Pharmacy
01253231
+95 9977919703
Yee Shin Co., Ltd.
Address - Bahosi Housing Estate, Lanmadaw Township
Ph no. - 09421006926

Advamed Medical Innovation Co., Ltd.
Address - No. 72, Level 5, Phone Gyi Road, Lanmadaw Township, Yangon, Myanmar.
Ph no. – 09977817160

Okkar Thiri Co., Ltd.
Address - No. 28 Pyay Rd, Yangon 11051
Ph no. – 095016920

Sea Lion Co., Ltd.
Address - 181, Street Bo Myat Htun St, Yangon
Ph no. – 09972327500

Zizawa Healthcare Co., ltd.
Address - Bo Aung Kyaw St, Yangon
Ph no. – 095182736

အားလုံး ဘေးရန်အန္တရယ်ကင်းစင်ပြီးအေးချမ်းကြပါစေ။
Credit- Original Uploadar

Oximeter လိုအပ်သူတွေအတွက် အောက်ပါ Company ပင်ရင်း မှာဆက်သွယ်ပြီးဝယ်လို့ရပါတယ်။ တခြားလိုအပ်သူများအချိန်မှီတွေ့ရှိနိုင်ရန်...
16/07/2021

Oximeter လိုအပ်သူတွေအတွက် အောက်ပါ Company ပင်ရင်း မှာဆက်သွယ်ပြီးဝယ်လို့ရပါတယ်။ တခြားလိုအပ်သူများအချိန်မှီတွေ့ရှိနိုင်ရန် မိမိ wall ပေါ် မှာရှယ်ပေးဖို့မေတ္တာရပ်ခံပါတယ်။

Lae Yeik Mon Co., Ltd.
Yangon Showroom
အမှတ် ၂၁၂၊ ငွေကြာရံ ၁၁လမ်း၊ ‌၃ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
Ph 09664739364, 09793039686, 09781325667

 ရန်ကုန်အိုးဝယ်ချင်တဲ့သူများအတွက်ပါမနက်ဖြန်40Lအိုးအလုံး300ထိရောင်းဖို့ရှိတယ်လို့သိရှိရပါတယ်တန်းစီစနစ်နဲ့ရမယ်လို့လဲသိရပါတ...
15/07/2021


ရန်ကုန်အိုးဝယ်ချင်တဲ့သူများအတွက်ပါ

မနက်ဖြန်40Lအိုးအလုံး300ထိရောင်းဖို့ရှိတယ်လို့သိရှိရပါတယ်

တန်းစီစနစ်နဲ့ရမယ်လို့လဲသိရပါတယ်
အလုံး(300)ဆိုပေမဲ့တစ်မြို့နယ်လုံးဝယ်မှာဖြစ်လို့အရေးကြီးတဲ့သူတေစောစောသွားကြပါလို့အကြံပြုပါတယ်
စျေးကတော့3သိန်းကျော်လည်းနည်းနည်းပဲလို့သိရပါတယ်(40Lကိုအဲ့စျေးနဲ့ရတယ်ဆိုတော့မဆိုးဘူးပြောရမှာပါ)
မသွားခင်တော့ဖုန်းလေးအရင်ဆက်ကြပါဗျာ

 🚨🚨🚨ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း (World Health Organization) ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ အ‌ရေးပေါ် အခြေအနေတုံ့ပြန်မှူမှာဘယ်လိ...
14/07/2021

🚨🚨🚨
ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း (World Health Organization) ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ အ‌ရေးပေါ် အခြေအနေတုံ့ပြန်မှူမှာဘယ်လိုလုပ်ဆောင်ရမလဲဆိုတာလေး Photo လေးတွေနဲ့တင်ပေးထားပါတယ်။လိုအပ်နေတဲ့သူတွေအတွက်ချက်ချင်းတွေ့နိုင်အောင် ကုသိုလ်ယူပြီးရှယ်ပေးကြရအောင်ပါ။

 Oxygen Mask တွေရပါတယ် တိုက်၃၉ အခန်း၃ ဗဟိုစည်အိမ်ယာ လမ်းမတော်မှာပါ ဖုန်းဆက်မေးထားတာပါ  ဖုန်း-09420011344
14/07/2021


Oxygen Mask တွေရပါတယ် တိုက်၃၉ အခန်း၃ ဗဟိုစည်အိမ်ယာ လမ်းမတော်မှာပါ ဖုန်းဆက်မေးထားတာပါ ဖုန်း-09420011344

Address

Htann Pin

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959420036999

Alerts

Be the first to know and let us send you an email when Shwe Kant Kaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram