MediLife D Plus

  • Home
  • MediLife D Plus

MediLife D Plus USA, CANADA, SINGAPOREအသိအမှတ််််ပြု BAC
ဖြင့် ထုတ်လ

အဲ့ဒီနေ့က..အင်းလျားက လှေကားထစ်တွေဟာ...သိပ်ရှည်လျားလွန်းလှလေရဲ့။ ကျွန်တော့်နံဘေးမှာ တိတ်တိတ်လေးထိုင်နေတဲ့သူမဟာ...ခေါင်းကိ...
06/07/2022

အဲ့ဒီနေ့က..
အင်းလျားက လှေကားထစ်တွေဟာ...
သိပ်ရှည်လျားလွန်းလှလေရဲ့။

ကျွန်တော့်နံဘေးမှာ တိတ်တိတ်လေးထိုင်နေတဲ့
သူမဟာ...ခေါင်းကို အကြာကြီးငုံ့ထားပြီးမှ..
ခပ်တိုးတိုးလေး ပြန်ပြောတယ်။

"နင့်ကို..ငါလည်း ချစ်ပါတယ်....
ဒါပေမယ့်....
နင်နဲ့ငါ...
သူစိမ်းနှစ်ယောက်ကြားမှာ..
လက်တွဲသွားဖို့ဆိုတာ...
အခုအချိန်မျိုးမှာ..
ယုံကြည်မှုတွေလိုတယ်...
အဲ့ဒီ ယုံကြည်မှုတွေကို
နင့်ဆီကနေ ငါ ဘယ်လိုမျှော်လင့်ရမှာလဲ..
ကျော်ကြီး"

ဒီတခါတော့ ကျွန်တော်ခေါင်းငုံ့အလှည့်ပါ။

သူမရဲ့ မေးခွန်းထဲမှာ ကျွန်တော်ဟာ
မှုန်မွှားသေးကွေးလွန်းတဲ့
ကပ်ပါးပိုးတကောင်လို..
ပျောက်ကွယ်သွားလိုက်ချင်တဲ့အထိ
သိမ်ငယ်သွားမိပါရဲ့

ကျောင်းကမပြီးသေး၊
အလုပ်အကိုင်ကမရှိ၊
စာယောင်ယောင် ကဗျာယောင်ယောင်
အနုပညာကလွဲပြီး..ဘာဆိုဘာမှ မရှိတဲ့ ငတိ။

ကန်ဘောင်လှေကားထစ်တွေက
လိုတာထက်ပို များလွန်းနေသလား။

ဝမ်းနည်းမှုဟာ...
ဟိုးရှေ့ကားလမ်းမဆီ
ဒလိမ့်ခေါက်ကွေး ပြေးဆင်းချသွားတယ်။

"ဟဲ့..ကျော်ကြီး...ဘာဖြစ်နေတာလဲ...
ငါပြောတာ..ကြားလား"

''ကြား..ကြားပါတယ်..ဖူးပွင့်ရာ"

"ကြားရဲ့သားနဲ့ နင်က
ဘာ အူကြောင်ကြောင်ဖြစ်နေတာလဲ"

"ငါ...သိမ်ငယ်သွားလို့ပါဟာ"

"ဟဲ့..ငါပြောတဲ့အထဲ..
ဘာသိမ်ငယ်စရာပါလို့လဲ....
နင်က ငါ့ကိုရည်းစားစကားပြောတယ်...
ငါကလည်း နင့်ကိုအဖြေပြန်ပေးတယ်လေ....
ပြီးရင်..ငါတို့က သမီးရည်းစားဖြစ်ပြီဆို..
လက်တွေဘာတွေတွဲပြီး
လျှောက်သွားကြတော့မှာ...
အဲ့ဒီအခါ နင့်မှာဖြစ်ဖြစ်..ဖြစ်ဖြစ်..
ငါ့မှာဖြစ်ဖြစ်..ကိုဗစ်ရောဂါပိုးတို့
တခြားရောဂါပိုးတို့ရှိနေရင်..
တယောက်ကိုတယောက် ကူးကုန်မှာမို့...
ယုံကြည်ချက်လိုတယ်လို့ပြောတာ"

"အမ်...အဲ့လိုလား...ငါက သိမှသိပဲ"

"သိမှသိပဲ လုပ်မနေနဲ့..
သွား....ငါတို့ လက်တွေဆေးဖို့နဲ့
ခန္ဓာကိုယ်ကို ကပ်လာမယ့် ပိုးတွေသေစေဖို့ .
USA , ကနေဒါ ၊ စင်ကာပူ နိုင်ငံများရှိ FDA အသိအမှတ်ပြု Benzalkonium Chloride ( BAC ) နဲ့ဖော်စပ်ပြုလုပ်ထားပြီး အမေရိကန် MICROCHEM LAB မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကိုတောင်
သေစေကြောင်း အတည်ပြုထားတဲ့...
Medi Life D+ Disinfectant Solution ကို
အမြန်သွားဝယ်လေဟယ်"

"Medi Life D+ Disinfectant Solution ဟုတ်လား..ငါက ဘယ်မှာသွားဝယ်ရမှာလဲ"

"ဘယ်ကဝယ်ရမှာလဲ...
နီးစပ်ရာ Capital ဆိုင်ခွဲတွေနဲ့
ဆေးစတိုးတွေဆီသာပြေးဟေ့..ငတုံးရဲ့...
ပြီးမှ..ငါ့လက်ကိုကိုင်ခွင့်ရမယ်..ဟွန့်"

ကျော်ကြီးတစ်ယောက်
Medi Life D+ Disinfectant Solution ရှိရာ
အနီးဆုံးဆိုင်ကို..မှုန်နေအောင် ပြေးလေပြီ။

သူ့လက်ကလေး..ကိုင်ဖို့အရေး...
Medi Life D+ Disinfectant Solution ရှိရာ ပြေး။



"ဟာ အမေ ဘာတွေအများကြီး၀ယ်လာ ပြန်တာလဲ"အိမ်ရှေ့မှာ ထိုးဆိုက်လာသော light track ကားတစ်စီး မြင်တော့ ဥမ္မာခင်အံ့အားသင့်သွားသည်...
09/06/2022

"ဟာ အမေ ဘာတွေအများကြီး၀ယ်လာ ပြန်တာလဲ"

အိမ်ရှေ့မှာ ထိုးဆိုက်လာသော
light track ကားတစ်စီး မြင်တော့
ဥမ္မာခင်အံ့အားသင့်သွားသည်😮

အမေက ကားပေါ်ကပစ္စည်းများဆွဲချရင်း
"ဘာရမှာလဲ အိမ်မှာလိုအပ်တဲ့ပစ္စည်းတချို့ရယ်
အိမ်တိုင်းအတွက်မဖြစ်မနေလိုအပ်တဲ့
Covid 19 ကာကွယ်ဆေး
Medi Life D Plus ဆေးတွေပဲပေါ့ဟဲ့,,"
မိခင် ဖြစ်သူ ၀ယ်လာသည်များကိုကြည့်၍
ဥမ္မာခင် မျက်လုံးပြူးသွားရသည်😳

"ဟင် အမေကလဲ Midi Life D Plus ဆေးက
အဲ့လောက်အများကြီး ၀ယ်စရာမလိုပါဘူး
တော်ယုံလောက်ဆို တစ်အိမ်သားလုံး
လုံလောက်နေတာကို😩

''ခုဘယ်လောက်ဖိုးတောင်ဝယ်လာတာလဲ"

ဥမ္မာခင်စကားကို အမေဖြစ်သူကပြုံးပြီး😊
"ငါလဲ အဲ့လောက်အကုန်မခံပါဘူး
ဒါပေမဲ့ ရွှေအိုးဆေးဆိုင်မှာ
Midi Life D+ disinfectant solution 500 ML ကို
ယခင်စျေးနှုံး 🛑4025 ကျပ်ကနေ

🟢2022 June 10 ( Friday ) 🟢ရက်နေ့မှာ
🏪တက္ကသိုလ်ရိပ်သာဆိုင်ခွဲ ၊
🏪ကျွန်းတောလမ်းဆိုင်ခွဲ နှင့်

🔵2022 June 11 (Saturday) 🔵ရက်နေ့မှာ
🏪သု၀ဏ္ဏစုပေါင်းဆိုင်ခွဲ
🏪နန္ဒ၀န်ဈေးဆိုင်ခွဲ
🏪ရွှေအုန်းပင်ဆိုင်ခွဲတို့တွင်

🟨One Day Special Promotion Price🟨အဖြစ်
လူတစ်ကိုယ်🟣(500KS)🟣 ထဲနဲ့ရောင်းပေးနေလို့ဟေ့
500ks တစ်ရွက်ပေးပြီး
ရွှေအိုး‌ ဆေးဆိုင် ဆိုင်ခွဲတွေက
သယ်ချလာတာ ဟိဟိ"😁

ဥမ္မာခင် မျက်လုံးများဝင်းလက်သွားသည်🤩

"ဟုတ်လား ဒါဆိုနောက်များလဲ သုံးရအောင်
အဖေ့ကိုငါးရာပေးပြီး ရွှေအိုးဆေးဆိုင် မှာ
Midi Life D Plus ဝယ်ဖို့ လွှတ်ရမယ်"

ဥမ္မာခင်စကားကြောင့်မိခင်ဖြစ်သူ
မျက်လုံးပြူးသွားကာ
"အောင်မလေး နင့်အဖေတော့ မလွှတ်ပါနဲ့
ရောဂါပျောက်ယုံမက လူပါပျောက်သွားလို့
ဒုက္ခဖြစ်နေပါဦးမယ်"☹️

"ဟွန်း အမေပဲ ပြောတာလေ အဖေနဲ့က
covid ရောဂါလို ရာသက်ပန် ဒွန်တွဲ မနေနိုင်ဘူးဆို"

"အဲ့သလိုသာအတွေးရှိခဲ့ရင် နင်တို့တောင်မွေးလာမှာ မဟုတ်ဘူး😏

"ကဲ ရော့ ငါးရာ"
ငါးရာတန်တစ်ရွက်ကမ်းပေးနေသည်မို့
ဥမ္မာခင်အံ့အားသင့်သွားရသည်😧
"ဟင် ဘာလုပ်ဖို့လဲ"

"ဘာဖြစ်ရမှာလဲ ရွှေအိုးဆေးဆိုင်သွားပြီး
Midi Life D Plus ဝယ်ထားဖို့ပေါ့ဟဲ့
လိုအပ်တဲ့နေရာသုံးရအောင်"

"အမေကတော့လုပ်ပြီ"

‌"ကျေးဇူးပဲ Medi Life D Plus 🧡ရေ
ကိုရိုနာဗိုင်းရပ်စ်လဲကင်း🤩
ကုသိုလ်လဲရ
ပတ်၀န်းကျင်လဲ စိတ်ချရ ပြီမို့
နောက်လဲဒီလို အလှူပေးသလို ရောင်းချနိုင်ပါစေ"



MedilMediLife D Plus Disinfectant Solution 500Ml ကို ယခင်စျေးနှုန်း 4,025ကျပ်ကနေပြီး One Day Special Promotion Price (50...
01/06/2022

MedilMediLife D Plus Disinfectant Solution 500Ml ကို ယခင်စျေးနှုန်း 4,025ကျပ်ကနေပြီး
One Day Special Promotion Price (500)ကျပ်ထဲနဲ့ ရွှေအိုးဆေးဆိုင်ရဲ့ဆိုင်ခွဲ‌ တွေဖြစ်တဲ့
🏪ဗဟိုလမ်းဆိုင်ခွဲ ၊ ‌
🏪မြောက်ဥက္ကလာ ( မေဓါဝီ )ဆိုင်ခွဲ တို့တွင်
🟢3.6.2022 ( Friday ) 🟢ရက်နေ့ နှင့်
🏪ကျောက်မြောင်းဈေးမှတ်တိုင်ဆိုင်ခွဲ ၊
🏪ဝေဇယန္တာဆိုင်ခွဲ ၊
🏪ပုလဲကွန်ဒိုဆိုင်ခွဲတို့တွင်
4.6.2022 ( Saturday ) ရက်နေ့မှာ
အလှူပေးသလိုရောင်းပေးမယ့်
Exclusive Promotion အကြောင်းကို
ဥမ္မာခင်သိရပြီးနောက်...
"အမေရေ အိမ်မှာအမြဲသုံးနေတဲ့
Medi life D+ Disinfectant ဆေး
မတွေ့တော့ဖူးရော"🤔
ဥမ္မာခင်၏အမေးကို ဧည့်ခန်းထဲ
ထိုင်နေသောသူ့အမေက
"ကုန်နေပြီလေ နင်ကဘာလုပ်ဖို့"😏
သူ့အမေစကားကြားတော့
ဥမ္မာခင်မျက်လုံးပြူးသွားပြီး
"ဟာ ကုန်လို့မဖြစ်ဖူးလေ
ကုန်ရင်ပြန်ဝယ်ထားရမှာပေါ့"🤩
သူ့အမေက ဥမ္မာခင်ကိုလှည့်ကြည့်ပြီး
"ကိုဗစ် ရောဂါကထိန်းချုပ်နိုင်ပြီဆို
ဘာလို့ဆေးကလိုဦးမှာလဲ ပိုက်ဆံအပိုကုန်တယ်"
ဥမ္မာခင် မျက်လုံးပြူးသွားသည်
"ဟာ အမေကလည်း ကိုဗစ်ရောဂါပိုးဆိုတာ
ခနပဲ ထိန်းချုပ်ထားနိုင်တာ
လုံးဝပျောက်ကင်းသွားမှာမဟုတ်ဖူး
လူတွေနဲ့ အမြဲယှဥ်တွဲပြီးရှိနေမှာ"🤝
ဥမ္မာခင်စကားကြောင့်
အမေဖြစ်သူမျက်မှောင်ကျုံ့သွားသည်။
ဆိုလိုရင်းကိုသဘောပေါက်ပုံမပေါ်။

ထို့ကြောင့်
"နင်ဆိုလိုချင်တာကဘယ်လို"🙄
ဥမ္မာခင်ခေါင်းကုတ်သွားသည်။
နောက်မှစဥ်းစားမိသွားဟန်ဖြင့်
"ဟိုလေ အမေနဲ့ အမေ့ယောကျ်ားလို"😌
"ဟဲ့ အဲ့ဒါနင့်အဖေလေ ဘယ်နှယ် အမေ့ယောကျ်ား မသိရင်ငါကပဲ နောက်လင်ယူထားသလိုလို"👿
"sorry sorry ကိုဗစ် ရောဂါဆိုတာက
အမေနဲ့ အဖေလိုပဲ အမြဲတမ်းယှဥ်တွဲရှိနေသလို ရောဂါပိုးနဲ့ လူတွေကလည်း အဲ့လိုပဲ ယှဥ်တွဲရှိနေမှာ ဘယ်တော့မှပျောက်သွားမှာမဟုတ်ဖူး"
ဥမ္မာခင်စကားကြောင့် သူ့အမေလန့်သွားသည်။
"အမလေး အဲ့လိုကြီးလား လူ့ဘဝမှာ နင့်အဖေနဲ့
ယှဥ်တွဲနေရတာနဲ့တင် ဒုက္ခကပြည့်စုံနေပါပြီ
ကိုဗစ်နဲ့တော့ နောက်ဒုက္ခ ထပ်မခံတော့ဘူး
ဒါကြောင့် သွားဝယ်စမ်း Medi life D+Disinfectant ကိုဗစ် ပျောက်ဆေး အခုအမြန်သွားဝယ်"🏃🏃

"အမေကတော့လုပ်ပြီ"😩



မိုးက သဲသဲမဲမဲရွာချလိုက်သည်။ကပ္ပတိန်အမေရိက က သူ့လက်ထဲမှ ဒိုင်းကို ခေါင်းပေါ်သို့ မိုးလိုက်ပြီး..ခပ်သုတ်သုတ်လျှောက်လာ၏။ မ...
25/05/2022

မိုးက သဲသဲမဲမဲရွာချလိုက်သည်။
ကပ္ပတိန်အမေရိက က သူ့လက်ထဲမှ ဒိုင်းကို
ခေါင်းပေါ်သို့ မိုးလိုက်ပြီး..
ခပ်သုတ်သုတ်လျှောက်လာ၏။

မိမိသည် Avanger ဆိုသော်လည်း..
မိုးမိလျှင်တော့ နှာစေးတတ်သည်။
ဖျားနာတတ်သည်။

ကျန်သည့် သံလူသားတို့၊
အစိမ်းအကိတ်ကောင်တို့🤢
အနက်ရောင်ကျားငပိန် ဆိုသည့်ကောင်တွေက
ဖင်တွန်းလွှတ်လိုက်၍သာ
ဒီနေရာကို လာရခြင်းဖြစ်သည်😑

တကယ်ဆို မိုးအေးအေးမှာ..
ဇိမ်နဲ့နှပ်နေမှာမဟုတ်လား😉

အခုတော့...သားနို့စ်ဆိုသည့်
လူလွန်မသားကောင်ကြီး..က
Avanger များနှင့် စ​ကြဝဠာကြီး
သာယာဝ​ပြောရေးအကြောင်း
စကားပြောမည်ဟု ဆိုလာသည်။
Avanger များထဲမှ ကိုယ်စားလှယ်တစ်ယောက်
သူ့ဆီလာရမည်တဲ့🥲

ဒီအကောင်ကြီးက ယုံရသည်မဟုတ်။
သူ လက်ဖျောက်တချက်တီးလျှင်
စကြာဝဠာတဝက်ပျောက်သည်မဟုတ်လား☹️
သူ့လက်ခုံတွင် တပ်ထားသည့်
ကျောက်တုံးတွေက..ဒီလောက်စွမ်းသည်။

တော်ကြာ...ကိုယ်စားလှယ်အဖြစ်သွားတုန်း..
လက်ဖျောက်တီးချလိုက်လျှင် အနီးဆုံးသူက အစအနပင်ရှာရမည်မဟုတ်။

သတ္တိခဲ Avanger များကြား..သူသွားနိုး..ငါသွားနိုး ငြင်းခုံကြရင်း..စုံစံစိ နည်းဖြင့် ဆုံးဖြတ်ကြသည်။

သူရှူံး၏😶
ထို့ကြောင့်.ထွက်လာရခြင်းပင်။

ဟော့...ရောက်ပြီ။
မျက်နှာဆိုးကြီးနှင့်
မေးရှည်အာနိုးကောင် သားနို့စ်ကြီး။
ချန်ပန်ဇီမျောက်ကြီးလို ဆူပုတ်ပြီး ထိုင်နေ၏😏

သူ့လက်ကြီးများကိုကြည့်ကာ...
ကပ္ပတိန်အမေရိက တစ်ယောက်
ကြက်သီးထသွားသည်။

"နောက်ဆုံးတော့..မင်း ပဲ လာတာကိုး"

ကပ္ပတိန်အမေရိက က သားနို့စ်ကြီးကို
လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေး၏🤝

"ခဏနေဦး"

အသံကြီးကြောင့် ကပ္ပတိန်အမေရိက ၏
ကမ်းသောလက် လေတွင်တန့်သွား၏👋

"မင်းတို့က လူတောထဲကလာတာ...ကိုဗစ်နိုင်တီး တို့၊ အိုမီခရွန်ဗိုင်းရပ်စ်တို့ ပါလာနိုင်တယ်...
လက်ဆေးလာလား"

"လက်တော့ဆေးလာတယ်...ဒါပေမယ့်..
ပိုစိတ်ချရအောင် ခင်ဗျားရှေ့ ထပ်ဆေးပြမယ်..
တကိုယ်လုံးလည်း ပိုးသတ်​ဆေးဖြန်းပြမယ်"

ကပ္ပတိန်အမေရိက က
သူ့ထံတွင် အသင့်ပါလာသော..
ဆေးဗူးကိုထုတ်ကာ..
လက်အပြင်ခန္ဓာကိုယ်အနှံ့ ဆေးလိုက်၏။

"မင်း ဆေးရည်က Medi Life D Plus Solution ပါလား" 😮

"ဟုတ်တယ်..ကျုပ်တို့ Avanger တွေအားလုံး..
ဒီစိတ်ချရတဲ့ဆေးရည်ပဲ သုံးတယ်"🤗

"ဒီပိုးသတ်ဆေးက..USA , ကနေဒါ ၊ စင်ကာပူ နိုင်ငံများရှိ FDA အသိအမှတ်ပြု Benzalkonium Chloride ( BAC ) နဲ့ဖော်စပ်ပြုလုပ်ထားပြီး အမေရိကန် MICROCHEM LAB မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကိုတောင် သေစေကြောင်း အတည်ပြုထားလို့..ဒါကိုပဲသုံးတယ်"

"ဖင်ဂေါင်းမကျယ်စမ်းပါနဲ့..ငါလည်း...
ဒါပဲသုံးတာပါ...ဒါနဲ့ဆို..စိတ်ချပြီ"

သားနို့စ်က သူ့လက်ကြီးကို ကမ်းပေးလာသည်။

"နေဦး...ဒီတခါ..ခင်ဗျားအလှည့်..ခင်ဗျားကို..
ဆေးဖြန်းပြီးမှ..လက်ဆွဲနှုတ်ဆက်မယ်"

''ကဲ..ဒါဆိုလည်း..မြန်မြန်လုပ်ကွာ" 👿

သားနို့စ်က လက်ဖဝါးကို ဖြန့်ပေးလိုက်၏။

''ရှူး..ရှူး"

"လက်ဖမိုးကျန်သေးတယ်"

သားနို့စ်က လက်ဖမိုးကို အလှန်။

လက်သွက်လက်မြန်နည်းကို
ရန်ကုန် YBSများပေါ်တွင်😎
အထူးလာရောက်လေ့ကျင့်ထားသော..
ကပ္ပတိန်အမေရိက က..သားနို့စ်၏
လက်ပေါ်မှ..စွမ်းအင်ကျောက်တုံးများကို ဖြုတ်ကာ..
တန်းလစ်လေတော့သတည်း🏃🏃

ကမ္ဘာဖျက်မည့် သားနို့စ်ကြီး..
တခန်းရပ်သွားချေပြီ☺️

ကမ္ဘာကြီးကို ကယ်တင်ရင်း💪..
Medi Life D Plus Solution နဲ့
ကိုဗစ်ကို ကာကွယ််မယ်💪

MediLife D Plus Disinfectant Solution 500Ml ကို ယခင်စျေးနှုန်း 4,025ကျပ်ကနေပြီး
⭐One Day Special Promotion Price⭐
🎈(500)🎈ကျပ်ထဲနဲ့ ရွှေအိုးဆေးဆိုင်ရဲ့
ဆိုင်ခွဲ‌ တွေဖြစ်တဲ့
🏪ဆင်မလိုက်ဆိုင်ခွဲ ၊
🏪မော်တင်ဆိုင်ခွဲ တို့တွင်
🛑27.5.2022 ( Friday ) ရက်နေ့🛑 နှင့်
🏪ရေကျော်ဈေးဆိုင်ခွဲ ၊
🏪ရွှေလောင်းလမ်းဆိုင်ခွဲ ၊
🏪47 လမ်းဆိုင်ခွဲတို့တွင်
🟢28.5.2022 ( Saturday ) 🟢ရက်နေ့မှာ
အလှူပေးသလိုရောင်းပေးမယ့်
Exclusive Promotion ကိုလာခဲ့ဖို့
ဖိတ်ခေါ်လိုက်ပါတယ်🥰🥰🥰



ဥမ္မာခင် ရွှေအိုးထမ်းခြင်း🤫     "လှံထမ်းလာတာမြင်ရတာ မြင်ရတယ်။ကံထမ်းလာတာမမြင်ရဘူးတဲ့။ငါ့ကျကံထမ်းနေရတာ လူတိုင်းမြင်တယ်။"ငါ...
18/05/2022

ဥမ္မာခင် ရွှေအိုးထမ်းခြင်း🤫

"လှံထမ်းလာတာမြင်ရတာ မြင်ရတယ်။
ကံထမ်းလာတာမမြင်ရဘူးတဲ့။

ငါ့ကျကံထမ်းနေရတာ လူတိုင်းမြင်တယ်။
"ငါ့နာမည်က မယ်လှ၊ယောကျာ်းနာမည်က ကံမြင့်။ကဲ ကံထမ်းထားတာ မမြင်ကြဘူးလား"😩

မိခင်ဖြစ်သူကအမြဲတဗျစ်တောက်တောက်ပြောတတ်သည်မို့ ဥမ္မာခင်အနေနဲ့ထူးပြီးမခံစားရတော့။

"ဒီလောက်ကြီးကံထမ်းထားတာတောင်
ကံကမကောင်းဘူး 😔
မီးကမလာ ရေကပျက် 🥴
ကုန်စျေးနှုန်းတွေကတက် ☹️

ဒီကြားထဲ တစ်ခုခုလိုပြီဆို ထမ်းထားတဲ့
ကံကငါ့ကိုပဲလက်ညိုးထိုးတော့တာ😏
ဟင်း ဟင်း ....
ငါသာ အဂ်ဂုလိမာလသာဆို ။
ဒင်းတစ်ချောင်းမှကိုကျန်မှာမဟုတ်ဘူး။
ဒါဆိုဥမ္မာခင်တို့လဲ
မွေးလာစရာအကြောင်းကိုမရှိဘူး"🌝

"အာ ၊ အမေကလဲ ဘာတွေလျှောက်ပြောနေမှန်းမသိဘူး"
"ဟဲ့ ၊ အမှန်ပြောတာလေ။နင်ကဘာတွေး"🤭
"အမေကလဲ၊အမေဖြတ်လို့ တစ်ချောင်းမှမကျန်ရင်သမီးတို့မမွေးလာဘူးဆိုတာ ဘာစကားကြီးလဲ။ရှက်စရာကြီး"😌

ဥမ္မာခင်စကားကို
အမေဖြစ်သူမှမျက်လုံးကြီးပြူးပြီး…

"ဟဲ့ ၊ ငါပြောတာ လက်ညိုးလေ။လက်ညိုးမရှိရင် အဂ်ါမစုံလို့ ငါသူ့ကိုမယူဘူး။သူ့ကိုမယူရင်
နင့်ကိုမမွေးဘူး။အဲ့ဒါကိုပြောတာဟဲ့ ၊ တကတည်း"

ဥမ္မာခင်ပြုံးရမလို မဲ့ရမလိုဖြစ်သွားသည်။နောက်မှသတိရပြီး…

"အခု၊အဖေက ဘာပြောလို့လဲ"

ဥမ္မာခင်အမေးကြောင့်၊အမေဖြစ်သူက
လှည့်လာပြီး

"ဟဲ့ ဘာပြောရမလဲ။နင်ဝယ်ပေးတဲ့ Covid
သေတဲ့ဆေး🟢 MediLife D Plus လေ။
အဲဒီဆေးကုန်သွားတာ မဝယ်ရသေးလို့တဲ့
အဲ့ဒါ ငါ့ကိုပဲလက်ညိုးထိုးပြီးပြောနေတာ။
စိတ်ညစ်ပါတယ်။ဆေးကလဲ သုံးချင်၊စျေးကလဲသက်သာချင်"🤗

"အဲ့ဒီအတွက်မပူနဲ့အမေ"

"ဟင်…ဘယ်လိုလား"🙄

Facebookအသုံးများလို့လားမသိ
အမေပင်ခေတ်လူငယ်စကားတွေတတ်နေပြီ။
ဥမ္မာခင်အမေ့နားသွားပြီး...

"ဒီမှာကြည့်။ရွှေအိုးဆေးဆိုင်ရဲ့
ဆိုင်ခွဲ‌ တွေဖြစ်တဲ့
🧡လှိုင် ( သုခမှတ်တိုင်အနီး ) ဆိုင်ခွဲ နှင့်
🧡သင်္ဃန်းကျွန်းဆိုင်ခွဲ တို့မှာ

🧡2022/May (20) ( Friday ) ရက်နေ့ နှင့်

💚ရေကျော်လမ်းဆိုင်ခွဲ ၊
💚ဦးချစ်မောင်လမ်းဆိုင်ခွဲ ၊
💚တာမွေကားဂိတ်ဆိုင်ခွဲ တို့မှာလည်း

💚2022/May (21)(Saturday) ရက်နေ့မှာစတင်‌ ရောင်းချပေးမယ်တဲ့"

အမေမျက်မှောင်ကျုံ့သွားသည်။ပြီးနောက်…

"အဲ့ဒီတော့ ဘာဖြစ်လဲ"

"ဘာဖြစ်ရမှာလဲ…အဲ့ဒီဆိုင်ခွဲတွေဖြစ်တဲ့

လှိုင် ( သုခမှတ်တိုင်အနီး ) ဆိုင်ခွဲ
သင်္ဃန်းကျွန်းဆိုင်ခွဲ
ရေကျော်လမ်းဆိုင်ခွဲ
ဦးချစ်မောင်လမ်းဆိုင်ခွဲ
တာမွေကားဂိတ်ဆိုင်ခွဲ ရွှေအိုးဆေးဆိုင်‌တွေမှာ

အမေတို့သုံးတဲ့
🟢 MediLife D Plus Disinfectant Solution 500Ml 🟢ကို
ယခင်စျေးနှုန်း 4,025ကျပ်ကနေပြီး
One Day Special Promotion Price 🛑(500)🛑ကျပ်ထဲနဲ့ 20.5.2022 ( Friday ) ရက်နေ့ နှင့်
21.5.2022 ( Saturday ) ရက်နေ့မှာ
အလှူပေးသလိုရောင်းပေးမှာတဲ့ အမေရေ"🤗

ဥမ္မာခင်စကားကြောင့် အမေ့ရဲ့မျက်ဝန်းများဝင်းလက်သွားသည်။

"ဟာ ၊ဒါဆိုဝယ်ရမှာပေါ့"
"ဒါပေါ့။အဲ့ဒီ‌‌နေ့တစ်ရက်တည်းနော် (500)ကျပ်ထဲနဲ့အလှူပေးမှာတဲ့ အကန့်အသက်တော့ရှိတယ်အမေရဲ့"

ဥမ္မာခင်စကားကြောင့် အမေဖြစ်သူပြာပြာသလဲဖြစ်သွားပြီး

"ဟဲ့၊ဒါဆို ဒီမှာပိုက်ဆံယူထား။
အဲ့ဒီ‌နေ့ရွှေအိုးဆေးဆိုင်(ဆိုင်ခွဲ) တွေမှာ
အမေတို့သုံးတဲ့ MediLife D Plus ကို
အမြန်ဆုံးသာပြေးဝယ်တော့"

"ဟုတ်ကဲ့ မေမေ"
"ဖြစ်နိုင်ရင်လေ။အဲ့ဒီရွှေအိုးဆေးဆိုင်ကြီးသာ
ဒီရောက်အောင် ထမ်းလာခဲ့လိုက်🤓
ဥမ္မာခင်ရွှေအိုးထမ်းတာ မြင်ချင်ပြီဟေ့။
ဥမ္မာခင်ရွှေအိုးထမ်းတာ မြင်ချင်ပြီ"

"အမေကတော့လုပ်ပြီ"


ရှင်သူ နဲ့ သေသူတို့ရဲ့ ကမ္ဘာမြေနှစ်ခုကြားမှာ ဝိုးမြစ် (river of wo) ဆိုတာ ရှိသတဲ့။ အဲ့ဒီမှာ ချာယွန် (charon) ဆိုတဲ့ဘဲက ဆ...
05/05/2022

ရှင်သူ နဲ့ သေသူတို့ရဲ့ ကမ္ဘာမြေနှစ်ခုကြားမှာ
ဝိုးမြစ် (river of wo) ဆိုတာ ရှိသတဲ့။

အဲ့ဒီမှာ ချာယွန် (charon) ဆိုတဲ့ဘဲက ဆရာကြီးပဲ။

ဘာဆရာကြီးလည်းဆိုတော့ ကွယ်လွန်သူ ဝိညာဉ်တွေကို
တမလွန် ပို့ပေးတဲ့ ကူးတို့လှေ လှော်ပေးရတဲ့ဆရာကြီး☠️

အဖ ဦးမှောင်(dark ) ၊ အမိ ဒေါ်ည(night)တို့က
မွေးလာတဲ့ ဒီကူးတို့သမားဟာ
သိပ်တော့ အကျင့် ကောင်းတဲ့ဘဲမဟုတ်ဘူး😈

ချာယွန်ဟာ
မရဏမင်းနိုင်ငံဆီသွားမယ့် ဝိညာဥ်တွေဆီကနေ
ကူးတို့ခ တစ်ယောက်ကို ဒင်္ဂါး💰တစ်ပြားကောက်ပြီး
မပေးနိုင်တဲ့သူဆို မြစ်အောက်ထဲ တွန်းချပြီး
ပျော်ရွှင်မှု ရှာတတ်တယ်...😶

အခုတော့ ချာယွန် ညည်းနေပြီ။

"အခုနောက်ပိုင်း ပုံမှန်ဖောက်သည်တွေမလာတော့
၀င်ငွေနည်းတယ်ဗျာ"

လွန်ခဲ့တဲ့နှစ်တွေကတော့.....
သူ့ဆီရောက်လာကြသူတွေ ကြိတ်ကြိတ်တိုး။

အခုတော့ တဖြည်းဖြည်းနည်းလာကြပြီ။

သူ့‌ဆီ ကွယ်လွန်သူတွေ ‌အမြဲခေါ်ခေါ်လာပေးတဲ့
ဝိညာဉ်ပွဲစားလက်သစ်
ကိုဗစ်နိုင်တီးဆိုတဲ့ ငတိလည်း
ရောက်မလာတာ ကြာပြီမဟုတ်လား🤔

နောက်သုံးလေးရက်နေတော့
ချာယွန် မနေနိုင်တော့ပါဘူး☠️

မရဏမင်းဟေးဒီစ်ဆီမှာ
ခွင့်တစ်ရက်တင်၊ ‌ကူးတို့ကို မြစ်ဆိပ်မှာ ထားပြီး
ဟို ဝိညာဉ်ပွဲစားကို ရှာဖို့ လူ့ပြည်ကို တက်လာခဲ့တယ်။

ဟော့..တွေ့ပါပြီ။

ဆေးရုံတစ်ရုံရှေ့မှာ ငတိက ထိုင်လို့။
ရုပ်ကလဲ ဘူနေပုံပဲ။

"ဟေ့လူ‌..ခင်ဗျားခေါ်လာနေကျ
လူတွေ ခေါ်မလာတာကြာလို့
ကျုပ်လိုက်လာတာ။ ဘာများ ဖြစ်နေကြလဲ"

ဝိညာဉ်ပွဲစားဟာ 😔စိတ်ပျက်လက်ပျက်နဲ့
ချာယွန်ကို ပြန်ကြည့်လိုက်ပါတယ်။

သူ့လက်ထဲမှာလည်း ဗူးကလေး 🧴 တစ်ခုကိုင်လို့။

"ဒီလိုဗျ...အခုက လူ့ပြည်မှာ
ကပ်ရောဂါကြီးကဖြစ်တော့..
လူတွေက...အိမ်တွေ၊ ရုံးတွေမှာ
ဒီဗူးတွေ ဆောင်ထားကြတယ်
ဒါမျိုး ဆောင်ထားတဲ့သူတွေ ဆို
ကျုပ်တို့ နှစ်ယောက် ဘယ်လိုမှ အနားကပ်မရဘူး။
ဒီဗူးတွေကြောင့်
ခင်ဗျားဆီ အရင်လို လူတွေ ခေါ်မလာနိုင်တာ"😤

"ဘာ ဗူးများလဲ..ပြစမ်းပါဦး"

🟢"Medi Life D Plus တဲ့ဗျာ"🟢

"အဲ့ဒါက ဘာတုန်း"

"ပိုးသတ်ဆေး၊
ကိုရိုနာဗိုင်းရပ်စ်သတ်တဲ့ဆေးရည်ပေါ့ဗျာ..
USA , ကနေဒါ ၊ စင်ကာပူ နိုင်ငံများရှိ
FDA အသိအမှတ်ပြု
Benzalkonium Chloride ( BAC ) နဲ့
ဖော်စပ်ပြုလုပ်ထားပြီး
အမေရိကန် MICROCHEM LAB မှာ
ကျုပ်လို 🦠ကိုရိုနာဗိုင်းရပ်စ်ပိုး🦠ကိုတောင်
သေစေကြောင်း အတည်ပြုထားလို့..
ဒါကို စနစ်တကျဂရုတစိုက်သုံးတဲ့သူဆို
ကျုပ်မှာ အနားကို ကပ်မရတာဗျိုး" 😢😢

''သုံးပုံသုံးနည်းကရော"

''..D Plus Solution ( ၁ ) ဆ ၊
ရေအဆ ( ၂၀ ) ရောစပ် နိုင်သလို
အနံ့ဆိုးထွက်တဲ့ နေရာမျိုးမှာ အသုံးပြုမယ်ဆိုရင်တော့
ဆေး ( ၁ ) ဆ ၊ ရေ ( ၁၀ ) ဆ ရောစပ် အသုံးပြုရသတဲ့၊
ဆေးရုံနံ့မျိုးမရှိတဲ့အပြင် မွှေးပျံ့တဲ့ ရနံ့တွေမို့..
လူတွေက အမြဲဆောင်ထားကြတယ်ဗျာ...
အဲ့ဒီတော့..ကျုပ်လည်း D Plus နဲ့မှ
ဒီတသက် လက်မှိုင်ချရတာပဲဗျိုး"

🤩" Discount ရောရှိလား"🤩

📢📢".. Capital Hypermarket ဆိုင်တိုင်းမှာ
Medi Life D Plus Size စုံကို
🛑( 28 April ~ 11 May ) 🛑ရက်နေ့အထိ
15 % Discount လျှော့ချပေးဦးမှာတဲ့ဗျိုး"🎉🎉

"အင်း.ဒီလိုဆိုမလွယ်ဘူးပဲဗျ....
လူတွေနဲ့ D plus အတူရှိနေသမျှတော့..
ကိုဗစ်နတ်ဆိုးရေ..ခင်ဗျားကျုပ်နဲ့အတူသာ...
မရဏနိုင်ငံကို ပြန်လိုက်ခဲ့ပေရောဗျိုး"



ကျော်ကြီး ဒီည မိန်းမခိုးပြီ။FA ဘဝ က ကျွတ်ပြီ။ လွတ်ပြီ။ ဟော့..ဟိုတိုက်ကြီးပေါ်ကိုကြည့်။ကောင်မလေး အခန်းမီး ပိတ်သွားပြီ။ဒါ ...
07/04/2022

ကျော်ကြီး ဒီည မိန်းမခိုးပြီ။
FA ဘဝ က ကျွတ်ပြီ။ လွတ်ပြီ။

ဟော့..ဟိုတိုက်ကြီးပေါ်ကိုကြည့်။
ကောင်မလေး အခန်းမီး ပိတ်သွားပြီ။
ဒါ သူတို့ချင်းလုပ်ထားတဲ့ အချိန်းအချက်။

ကျော်ကြီးအုတ်နံရံကျော်တက်ပြီ။
အံမယ်လေး..ဘရိတ်ဓားဆူးခွေတွေက
ဟိုရှ...ဒီရှ။
မတော်ရာ သွားရှပြီး ပြတ်ကျန်ခဲ့လို့ကတော့..
မိန်းမ မရပဲ..ဘဝက လှပြီ။

ရောက်ပြီ..ခြံဝန်းထဲ။

"ဝုတ်..ဝုတ်''
''ဟဲ့..ပလုတ်တုတ်''

ဒီခွေးစုတ် လုပ်တာနဲ့..ယောက္ခမအဘိုးကြီးနိုးသွားမှ
''အို့..အို့..အို့''
အသင့်ပါလာတဲ့ ကြက်ကြော်နဲ့
မဟာမိတ်ဖွဲ့လိုက်တယ်။
ကျော်ကြီးလေ....ကျော်ကြီး။
ရိုးရိုးကျော်ကြီးမဟုတ်။
မိန်းမရတော့မယ့် ကျော်ကြီး။

ဟော့...ဟိုမှာ..ပြတင်းပေါက်က
ခိုဆင်းလာတဲ့ အရိပ်။
ချစ်သူ..အရိပ်။

ကျော်ကြီး...မိန်းမရပြီ။ FA ဘဝက ကျွတ်ပြီ။
ချစ်သူ လက်ကိုဆွဲ..စကြာဝဠာအစွန်းထိ လစ်မည်။

"ချစ်...လာ"

''ဟိတ်ကောင်..ငါ့သမီး..လက်ကို လွှတ်"

အသံနက်ကြီး။ အသံပြာကြီး။ အသံဝါကြီး။
ယောက္ခမကြီး...လက်ထဲမှာလည်း ဓာတ်မီးနဲ့။

"သား တို့..ချစ်ခြင်းကို မခွဲပါနဲ့..အန်ကယ်ရယ်"

"ဘာသားလဲ...ခွေးသား...ငါ့သမီး လက်ကို လွှတ်ဆို"

"မလွှတ်နိုင်ဘူးဗျာ..အန်ကယ်လုပ်ချင်ရာလုပ်"

"ဟေ့ကောင်...လက်ကိုသာလွှတ်..
မင်းတို့ချစ်ခြင်းကို မခွဲဘူး"

''အမ်..ဘာလို့လဲ..အန်ကယ်"

"မင်း...လက်က သန့်ရဲ့လား..ပိုးသတ်ဆေးနဲ့လက်ဆေးပြီးပြီလား...မင်း မသန့်တဲ့လက်ကြီးနဲ့..
ငါ့သမီးကိုခိုး...ကိုဗစ်ရှိနေရင် ကူး...နှစ်ယောက်လုံး ဟန်းနီးမမွန်းရပဲ..ဒုက္ခများနေမယ်..လက်ဖြန့်စမ်း"

"ရှူး...ရှူး...ရှူး"

"ရော့...ဒီဘူးပါ ယူသွားချေ...
ဒါ Medi Life D Plus 6 in 1 ပိုးသတ်ဆေး၊
ကိုရိုနာဗိုင်းရပ်စ်သတ်တဲ့ဆေးရည်ကွ..
USA , ကနေဒါ ၊ စင်ကာပူ နိုင်ငံများရှိ FDA အသိအမှတ်ပြု Benzalkonium Chloride ( BAC ) နဲ့ဖော်စပ်ပြုလုပ်ထားပြီး အမေရိကန်
MICROCHEM LAB မှာ
ကိုရိုနာဗိုင်းရပ်စ်ပိုးကိုတောင် သေစေကြောင်း အတည်ပြုထားလို့..
ဒါနဲ့သာဆို ကိုဗစ်နိုင်တီးရောဂါနဲ့
အခြားရောဂါပိုးမွှားတွေ ဝေးဝေးပြေးပဲ"

"ဟီး..ကျေးဇူးပါ...အဖေ"

''ခွေးကောင်..ငါ့သမီးကို ခေါ်သွားပြီး..
တအိုးတအိမ်ထူထောင်ပြီးရင်လည်း...
Medi Life D Plus နဲ့ သေသေချာချာ
ရောဂါပိုးတွေ ဂရုစိုက်ကာကွယ်ပေးကွ...
ကုန်သွားရင်လည်း...ရွှေအိုးဆေးဆိုင်

မြို့နယ်ပေါင်း (၁၄) မြို့နယ် ၊

ဆိုင်ခွဲပေါင်း (၄၈) ဆိုင်မှာ
Medi Life D Plus ရတယ်..ဝယ်ဖို့မမေ့နဲ့ကွ"

ကဲ..ကျော်ကြီး...ဒီတခါတော့ မိန်းမ တကယ်ရပြီ..
"သူ့ချည်းသာလော...."
Medi Life D Plus လေးနဲ့ပါဗျိုး။


ဥမ္မာခင် လျှော့စျေး     "စိတ်ညစ်ပါတယ်အေ🤦စျေးထဲသွားပြီးဘာလေးကိုင်လိုက်ကိုင်လိုက်တက်သွားပြီနော်အန်တီ😓တက်သွားပြီနော်အန်တီချ...
14/03/2022

ဥမ္မာခင် လျှော့စျေး

"စိတ်ညစ်ပါတယ်အေ🤦
စျေးထဲသွားပြီး
ဘာလေးကိုင်လိုက်ကိုင်လိုက်
တက်သွားပြီနော်အန်တီ😓
တက်သွားပြီနော်အန်တီချည်းပဲ”

မနက်စောစောစီးစီးမိခင်ဖြစ်သူ၏
ညီးတွားသံကြောင့်ဥမ္မာခင်နိုးထလာရသည်😣
မိခင်ဖြစ်သူက မည်သူ့ကိုရည်ရွယ်ပြီး
ပြောနေတယ်မသိ
သူ့စကားကိုဆက်သည်...

"တတ်တာမှအေ
ကန်စွန်းရွက်ကလေးကိုင်လိုက်
တတ်သွားပြီနော်အန်တီ သုံးရာဖြစ်သွားပြီ😥
ဟော ကြက်သားဆိုလည်း
အရင်စျေးမရတော့ဘူးအန်တီ
တစ်ထောင့်နှစ်ရာဖြစ်သွားပြီ😥
ဆီဆိုလဲ၊ကိုင်ယုံရှိသေးတယ်
သုံးထောင့်နှစ်ရာမရတော့ဘူး
လေးထောင့်နှစ်ရာဖြစ်သွားပြီ😥
ဘာကိုင်ကိုင်တက်နေတော့တာပဲ"

သူ့စကားကိုအိမ်ရှေ့စျေးခြင်းတောင်းနှင့်
ပြန်လာသော ဒေါ်မြနှစ်ကဝင်ပြီး

"တတ်တာတော့ပြောမနေနဲ့မယ်လှရေ😒
စျေးသည်တွေကဘာကိုင်ကိုင်တက်နေလို့
ငါ့သားလေးလဲအူကျနေတယ်
အဲ့ဒါနင်တို့ကိုပေးကိုင်လိုက်ရင်
ပြန်တက်သွားမလားပဲ ဆိုပြီးပြောပစ်ခဲ့တယ်"😁

"ဟွန့် 😏 ဟိုကကိုင်ပေးတာမဟုတ်ပဲ
ညှစ်ထည့်လိုက်မှ တက်ယုံမကဘူး
ဂစ်ပါဂစ်နေမယ်"

သူတို့စကားများကြောင့်
ဥမ္မာခင်ရယ်ရမလိုငိုရမလို
သူတို့ပြောတာလဲမှန်၏။
ယခုတလော ကုန်စျေးနှုန်းများ
အဆမတန်မြင့်တက်နေသည်ကိုး😓

"အဲ့ဒါကအရေးမကြီးဘူး ဥမ္မာခင်ရေ"
"ရှင် အမေ"
အမေ့ရဲ့ဦးတည်ချက်က
ဥမ္မာခင်ဘက်လှည့်လာသည်။

"ဟိုတစ်ခါငါတို့ဝယ်တဲ့
Medi Life D Plus ပိုးမွှားသန့်စင်ဆေး
ဝယ်ရအုံးမယ်"
"ဟင်၊ဟိုတစ်ခါဝယ်ထားတာမှ
မကြာသေးဘူး။ကုန်ပြီလား"🤔

အမေ့သက်ပြင်းချသံကြားရသည်😤

"ပြောမနေနဲ့တော့ ဥမ္မာခင်ရေ
နင့်အဖေက Medi Life D Plus ဆေးက
Covid ကိုကာကွယ်ရုံမက
ပျောက်ကင်းတယ်ဆိုတာသိလို့
ရေဆယ်ဆရော
ခြံထဲလဲဖြန်းပြီး🤗
အဝတ်တွေထဲလဲထည့်လျှော်တော့
ကုန်ပြီပေါ့ဟဲ့"

"အမေကလဲ ကုန်တော့ဘာဖြစ်လဲ
ရောဂါမဖြစ်ဖို့က အရေးကြီးတာကို"

အမေမျက်လုံးပြူးပြီး ဥမ္မာခင်ကိုပြန်ကြည့်ကာ..

"ဟဲ့ ကုန်တော့ ဘာဖြစ်လဲဟုတ်လား။
ကုန်တော့ဝယ်ရတယ်လေ😒
ဝယ်တော့အခုတက်စျေးနဲ့ဆိုရင်"…

ဥမ္မာခင်ပြုံးလိုက်သည်။

"အဲ့တာတော့ မပူနဲ့အမေ
Medi Life D Plus ကစျေးမတက်တဲ့အပြင်
📣 ဒီလ(၁)ရက်နေ့ကနေ(၃၁)ရက်နေ့အထိ📣
🛑LifePlus Health and Beauty
🟡ရန်ကုန်မြို့ပေါ် ဆိုင်ခွဲပေါင်း(၁၆)ဆိုင်🟡 နှင့်
🟢မန္တလေးမြို့‌‌ပေါ်ဆိုင်ခွဲပေါင်း(၉)ဆိုင်🟢တို့မှာ တစ်ပြိုင်နက်တည်း မူလစျေးထက်ကို
🤩(၁၅%)လျှော့ချပေးဦးမှာတဲ့"🤩

အမေ့မျက်လုံးများဝင်းလက်သွားသည်😍

"ဟင် ၊အဲ့လိုလား"🤩
"ဟုတ်တယ်အမေရဲ့"

အမေဝမ်းသာအားရဖြင့်…

"အောင်မလေးတော်ပါသေးရဲ့
Medi Life D Plusရေ

သူများတွေအကုန်တက်နေတဲ့အချိန်
မတက်တဲ့အပြင် 📣(၁၅%)📣တောင်
လျှော့ပေးဦးမယ်တဲ့😍🤩
ဒီအတိုင်းဆို၊ငါ့အိမ်မှာ အိပ်လိုက်စားလိုက်
လုပ်နေတဲ့ ငါ့သမီးဥမ္မာခင်ကိုလဲ
ဒစ်စကောင့်ချမယ်ဟေ့😲😲
ဥမ္မာခင်ကိုယူချင် လျှော့စျေး
ဥမ္မာခင်ဒစ်စကောင့်ဟေ့"🌝

"အမေကတော့ လုပ်ပြီ"😢



" ဥမ္မာခင် ၊ ဟဲ့..ဥမ္မာခင် ၊ ထစမ်း ၊ ထစမ်း "  နင်ရပ်ကွက်ထဲဘာတွေပတ်ရှုပ်ထားလဲ။ ဘာတွေပတ်ရှုပ်ထားလဲ 🤯အ‌မေဖြစ်သူပြာပြာသလဲ ၊လ...
16/02/2022

" ဥမ္မာခင် ၊ ဟဲ့..ဥမ္မာခင် ၊ ထစမ်း ၊ ထစမ်း "
နင်ရပ်ကွက်ထဲဘာတွေပတ်ရှုပ်ထားလဲ။

ဘာတွေပတ်ရှုပ်ထားလဲ 🤯
အ‌မေဖြစ်သူပြာပြာသလဲ ၊
လာနှိုး၍ဥမ္မာခင် အိပ်နေရာမှလူးလဲထလိုက်သည်။

ပြီးနောက်ကြောင်တောင်တောင်နှင့်...
" ဟင် ၊ အမေ..အမေဘာပြောတာလဲဟင် "

အမေကမျက်လုံးကြီးပြူးပြီး...

"ဟဲ့ ၊ ဘာဖြစ်ရမှာလဲ..
ဈေးထဲမှာလူတွေအားလုံးပြောနေကြတယ်။
ဥမ္မာခင်ပျံ့နေပြီ။ ဥမ္မာခင်ပျံ့နေပြီတဲ့။
နင်ဘာတွေလျောက်လုပ်ထားလဲ😏
Facebook ပေါ်မှာရော၊ ဘာတွေတင်ထားလဲ "

အမေ၏အမေးကြောင့် ဥမ္မာခင်
ဇဝေဇဝါဖြစ်သွားရသည်။
" ငါ ၊ ဘာတွေလုပ်ထားလို့..
ဘာတွေပျံ့နေတာလဲ Hd များထွက်လာပြီလား "
Hd ထွက်ရအောင်လဲ ဥမ္မာခင်မှာရည်းစားပင်မရှိ🥲

ဒါကိုအမေက...
" ဟဲ့.. ဥမ္မာခင် နင်ဘာတွေရှုပ်ထားလဲ။
အသေအချာစဉ်းစားစမ်း "

ဥမ္မာခင် ကြောင်ပြီးအမေ့မျက်နှာပြန်ကြည့်မိသည်။
ခုချိန်ထိတော့ သူဘာကိုမှစဉ်းစားမရသေး။
ထို့ကြောင့်.. ကြောင်တောင်တောင်နှင့်🙄
ပြန်မေးမိသည်..
" ရပ်ကွက်ထဲဘာတွေပြောနေလို့လဲ။
ဘာတွေပြောနေလို့လဲဟင် "

သူ့အမေးကို အမေကမျက်လုံးကြီးပြူးပြီး...

" ဟဲ့ ဘာဖြစ်ရမှာလဲ။ ဥမ္မာခင်တွေပျံ့နေပြီ။
ဥမ္မာခင်ကိုသတိထားကြတဲ့ "🤔
ထိုတော့မှ ဥမ္မာခင်လဲသဘောပေါက်သွားပြီး

" ဟာ..အမေကလဲ..အဲဒါသမီးဥမ္မာခင်မဟုတ်ဘူး။

ကိုဗစ်မျိုးကွဲ အိုမီခရွမ် ကိုပြောတာပါ။ အိုမီခရွမ် "

" ဟင် "

အမေအံ့အားသင့်သွားသည်။
နောက်..မျက်လုံးကြီးပြူးပြီး😳
" အော်..အဲ့လိုလား။
သိပါဘူးအေ..ငါ့မှာအိုမီခရွမ်ကို
ဥမ္မာခင် ချည်းပဲကြားနေတာ "
ဆိုပြီးမှ

" ဟဲ့..ဒီရောဂါကလဲကိုဗစ်မျိုးကွဲပဲဆိုတော့
ဘယ်လိုကာကွယ်ရမလဲ "
"အဲဒါတော့ မပူပါနဲ့အမေ..
Medi Life D Plus ပိုးမွှားသန့်စင်ဆေးရည်
ရှိတယ်လေ "🤩

" အဲဒီဆေးက USA ၊ ကနေဒါ ၊ စင်္ကာပူ နိုင်ငံတွေရဲ့
FDA အသိအမှတ်ပြုထားပြီး..
အမေရိကန် MICROCHEM LAB မှာ
ကိုရိုနာဗိုင်းရပ်စ်ကို
သေစေနိုင်ကြောင်းအတည်ပြုထားပါတယ် "😍

" ဟဲ့..ကာကွယ်နိုင်ရုံတင်မကပဲ၊
ပျောက်ကင်းနိုင်တာပေါ့လေ "

" ဟုတ်တယ်

🛑 အသုံးပြုနည်းကတော့
D Plus Solution ဆေး ( ၁ ) ဆကို
ရေအဆ ( ၂၀ ) ရောစပ်သုံးလို့ရပြီး
အနံ့ဆိုးထွက်တဲ့နေရာဆိုရင်တော့
ဆေး ( ၁ ) ဆကို ရေ ( ၁၀ )ဆ ရောပြီး
သုံးလို့ရတယ်လေ "✌️

" ဟယ်..ဆေးကဆေးရုံနံ့ထွက်နေရင်၊ငါမကြိုက်ဖူး "
" အမေကလဲ D Plus ကတခြားပိုးသတ်ဆေးလိုမဟုတ်ဘူး။ သင်းပျံ့တဲ့ရနံ့ပါရှိပြီး Original ( ဆေးမွှေး ) ၊
Lime and Lavender စတဲ့ရနံ့တွေပါပြီး
သင်းပျံ့နေယုံမကဘူး။ အသားအရည်အတွက်ပါ
ဘေးထွက်ဆိုးကျိုးမရှိဘူး "😍

အမေ့ မျက်လုံးတွေကြည်လင်သွားသည်။
ဆေးကိုသဘောကျသွားပုံ။
နောက်မှတစ်ခုခုကိုသတိရသွားဟန်ဖြင့်..

" ဟဲ့..ဒါနဲ့နေဦး ၊ ရောဂါတွေကဒီလောက်ပျံ့နေတာ။ အပြင်သွားမရဘာမရနဲ့ နင်ပြောတဲ့ D Plus ကိုက ဘယ်လို၀ယ်ရမလဲ "

ဥမ္မာခင် သက်ပြင်းချပြီး

" ဘယ်မှသွားစရာမလိုဘူး "
" ဘယ်လို "
" Medi Life D+ Disinfectant Solution ကို
KBZPay Market မှာ အလွယ်တကူ၀ယ်လို့ရပြီ "🤩😍

" ဟင်..အဲ့လိုလား "
" အဲဒီတော့ အမေမှာချင်ရင်
အမေ့ဖုန်းကနေ KBZPay Market ကို
☝️လက်ညိုးကလေးနဲ့ ထောက်လိုက်ယုံပဲ "
ဥမ္မာခင်စကားကြောင့် အမေက၀မ်းသာအားရဖြင့်...
" အဲလောက်လွယ်ကူအောင်လုပ်ထားမှတော့
အမေလဲ KBZPay Market ကိုထောက်ပြီး
Medi Life D Plus ကိုမှာလိုက်ပြီ..

"ဥမ္မာခင်ရေ..သေပေရော့ "

" အမေကတော့လုပ်ပြီ "


“မီးလက်ဝါးသိုင်းသမား…ရေခဲတောင်သိုင်းသမား…မိုးကြိုးမုန်တိုင်းဒေဝီ…ဖြူမဲညီနောင်..ကြိုးကြာမောင်နှံ..သူတို့အားလုံး လက်လျော့လ...
28/01/2022

“မီးလက်ဝါးသိုင်းသမား…
ရေခဲတောင်သိုင်းသမား…
မိုးကြိုးမုန်တိုင်းဒေဝီ…
ဖြူမဲညီနောင်..
ကြိုးကြာမောင်နှံ..သူတို့အားလုံး
လက်လျော့လိုက်ကြပါပြီ”

“ဒါဆို သိုင်းလောက တစ်ခုလုံး က
ထိပ်သီးသိုင်းသမားတွေ ကုန်ပြီပေါ့”

“အင်း..ခက်ပြီပဲ…
ဒါဆို အမှောင်မိစ္ဆာကြီးကို
နိုင်တဲ့သူ မရှိတော့ဘူးပေါ့”

သိုင်းလောက ဥသျှောင် ဖြစ်သော
ဝူတန်ဂိုဏ်းချုပ်ကြီးမှာ မုတ်ဆိတ်မွှေးကို ဆွဲလျက် တစုံတစ်ခုကို တွေးနေသည်။

“ဒီအတိုင်းဆို…ဒီနှစ် Chinese New Year မှာ
ကျုပ်တို့ သိုင်းလောကသားတွေ
ပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာ
နေကြဖို့ ခက်ပြီပေါ့”

“ရှောင်လင်ကျောင်းက လွှတ်လိုက်တဲ့
သိုင်းသမားရောက်လာပါတယ်”

ဝတ်ရုံအဖြူနှင့် အမျိုးသမီးငယ်တစ်ဦး။

“ရှောင်လင်ကျောင်းက လွှတ်လိုက်တဲ့
သိုင်းကညာပျိုပါ”
“အင်း…မင်းက..အမှောင်မိစ္ဆာကြီးကို
အနိုင်ယူမယ့်သူလား”
“ဟုတ်ပါတယ်..ဝူတန်ဂိုဏ်းချုပ်ကြီးရှင့်”
“ထိပ်သီးသိုင်းသမားကြီးတွေတောင်
လက်လျော့လာခဲ့ရတဲ့…ဒီမိစ္ဆာကြီးကို
မင်းက အနိုင်တိုက်မယ်ပေါ့”

“မှန်ပါတယ်”
“မင်းက ဘယ်လို ထူးခြားတဲ့
သိုင်းပညာများတတ်ထားလဲ”
“ကျွန်မက သာမန်ကွန်ဖူးအဆင့်သာ
တတ်ထားပါတယ်”

“ဟေ”

“ဒါဆို မင်းမှာ ဘယ်လိုထူးခြားတဲ့ ဓါး၊ လှံ၊ လက်နက်တွေများပါသေးလဲ”
“ဘာမှ မပါပါဘူး”
“ဟေ…ဒါနဲ့များ”
“မိစ္ဆာကြီးရှိတဲ့နေရာကိုသာ ပြောပါ..
ကျွန်မ အလုပ်နဲ့ သက်သေပြပါ့မယ်”

“ကဲ…လက်ထောက်တွေ..သူ့ကို မြေပုံပေးလိုက်”
ထို့နောက် သိုင်းကညာပျို က ဝူတန်ဂိုဏ်းထဲ မှ
ထွက်ခွာသွားသည်။

“အင်း..သွားပေဦးတော့..တယောက်”
နာရီပိုင်းအကြာတွင်
သိုင်းကညာပျို ပြန်ရောက်လာသည်။
“ကျွန်မ အခုပဲ မိစ္ဆာကြီးရှိတဲ့ ဂူထဲကို ဝင်ပြီး
သူ့ကို နှိမ်နင်းခဲ့ပါပြီ”
“ဟေ..ဘယ်လိုလဲဟ..ကျန်တဲ့ သိုင်းသမားတွေက သူ့ဂူထဲဝင်တာနဲ့ကို ဒုက္ခများပြီး
ပြန်လာကြရတာ..မင်းကျမှ”

“သူက ဗိုင်းရပ်စ်မိစ္ဆာကြီးဆိုတော့
သူ့မှာ အားသန်တာက ကူးစက်မြန်စေတဲ့
ဗိုင်းရပ်စ် နဲ့ လူတွေကို တိုက်ခိုက်တာပါ…
အဲ့ဒီဗိုင်းရပ်စ်က ကိုယ့်ခန္ဓာကိုယ်ကို
မကူးစက်အောင် ကာကွယ်နိုင်ရင်..
သူ့ကို အလွယ်တကူ
အနိုင်ယူပြီးသားဖြစ်တာပေါ့..ဂိုဏ်းချုပ်ကြီး”
“ဟ..သူ့ ဗိုင်းရပ်စ်ကို
မင်းက ဘယ်လိုများကာကွယ်တာတုန်း”

“သူ့ဗိုင်းရပ်စ်က
ကိုဗစ် ၁၉ ရောဂါပိုးလို့ ခေါ်ပါတယ်…
ဟော့ဒီမှာ…ကျွန်မ ဆောင်သွားတဲ့ လက်နက်ပါ… Medi Life D Plus လို့ ခေါ်ပါတယ်”
“ဟ..အဆန်းပါလား..
ဘယ်လိုအသုံးပြုရတာလဲ..ရှင်းပြပါဦး”

" အသုံးပြုနည်းကတော့...D Plus Solution ( ၁ ) ဆ ၊ ရေအဆ ( ၂၀ ) ရောစပ် နိုင်သလို ၊ အနံ့ဆိုးထွက်တဲ့ နေရာမျိုးမှာ အသုံးပြုမယ်ဆိုရင်တော့ ဆေး ( ၁ ) ဆ ၊ ရေ ( ၁၀ ) ဆ ရောစပ် အသုံးပြုနိုင်ပါတယ်.. ဂိုဏ်းချုပ်ကြီး "

“ ဒါက USA , ကနေဒါ ၊ စင်ကာပူ နိုင်ငံများရှိ FDA အသိအမှတ်ပြု Benzalkonium Chloride ( BAC ) နဲ့ဖော်စပ်ပြုလုပ်ထားပြီး အမေရိကန် MICROCHEM LAB မှာ ကိုရိုနာဗိုင်းရပ်ပိုးကို သေစေကြောင်း စမ်းသပ် အတည်ပြုပြီး ဖြစ်ပါတယ် "

" D Plus ကတခြားပိုးသတ်ဆေး တွေလို ဆေးရုံနံ့မဟုတ်ဘဲ သင်းပျံ့တဲ့ရနံ့ ၃ မျိုးကိုစိတ်ကြိုက်ရွှေးချယ်နိုင်သလို သုံးလိုက်တာနဲ့ မွှေးပျံ့ စေပြီးတော့ အသားအရည် အတွက် ဘေးထွက်ဆိုးကျိုး ( လုံး၀ ) မရှိတဲ့.. ခြောက်မျိုးသုံး ပိုးမွှားသန့်စင် ဆေးရည်ပါ”

“ကဲ..ဟုတ်ပြီဗျာ…သိုင်းလောကတစ်ခုလုံးက
သိုင်းသမားတွေ ဗိုင်းရပ်စ်အဆိပ်ဘေးက
ကင်းဝေးအောင်..ဘယ်မှာများ ဝယ်ရမလဲ”

“2022 Jan 26 ကနေ Feb 1 ရက်နေ့အထိ
25 % Discount ဖြင့် LifePlus ဆိုင်ခွဲများ နဲ့
Beauty Diary ဆိုင်ခွဲတိုင်း မှာလုပ်ပြုလုပ်မယ့်
Medi Life D Plus ရဲ့ Chinese New Year
ပရိုမိုးရှင်းပွဲ ရှိပါတယ်….
သိုင်းလောကသားအားလုံး
အဲ့ဒီမှာ အထူးပရိုမိုးရှင်းတွေနဲ့အတူ
ဝယ်လို့ရပါတယ်…ဂိုဏ်းချုပ်ကြီး”

ဝူတန်ဂိုဏ်းချုပ်ကြီးက ပြုံးပြုံးကြီး
ခေါင်းညိတ်လိုက်တော့သည်။



မိုးနတ်မင်းကြီး ဖင်တုန်သွားသည်။မိုးနတ်မင်းကြီးတင်မဟုတ်။ နတ်ပြည်တစ်ခုလုံး တုန်သွားခြင်းပင်။“ဝုန်း”ဟော့...နောက်တချက်။“ဟဲ့....
25/01/2022

မိုးနတ်မင်းကြီး ဖင်တုန်သွားသည်။
မိုးနတ်မင်းကြီးတင်မဟုတ်။
နတ်ပြည်တစ်ခုလုံး တုန်သွားခြင်းပင်။
“ဝုန်း”
ဟော့...နောက်တချက်။
“ဟဲ့...ဘာတွေဖြစ်နေတာလဲ..နတ်မင်းများ”
“ဟိုမျောက်..ဟိုမျောက်..
လာသောင်းကျန်းပြန်ပြီ...မိုးနတ်မင်းကြီး”
“ဘယ်မျောက်တုန်း”
“ဝူခုန်းလေ...စွန်းဝူခုန်း”
“သူ့ကို နိုင်တာ..သူ့ဆရာ.ထန်းစန်းကိုယ်တော်ပဲရှိတယ်...လူ့ပြည်သွားပြီး..အမြန်သွားပင့်ချေဟ”

နတ်ပြည်တံခါးဝ။ မျောက်မင်းစွန်းဝူခုန်းက
သူ၏ မှော်ဝင်သံတုတ်ဖြင့် မြေကြီးကို
နောက်တချက် ရိုက်လိုက်ပြန်သည်။

“ဟေ့...တရုတ်နှစ်သစ်ကူးပွဲတော်ကြီး
နတ်ပြည်မှာ လုပ်နေတာမဟုတ်လား..
ကျုပ်လည်း မိုးနတ်မင်းကြီးကို ဝင်ပြီး
ဂါရဝပြုချင်တာပေါ့..ဒါကို ခွဲခြား..ခွဲခြားနဲ့
ပေးမဝင်ဘူးဆိုတော့..ကဲ..ကွာ.”

“ဝူ..ခုန်း”
နူးညံ့သိမ်မွေ့သော အသံတစ်သံကြောင့် တုတ်ကိုင်ထားသော ဝူခုန်း၏ လက် ရပ်တန့်သွားသည်။

“ရှိဖော်...ဘယ်ကဘယ်လို ရောက်လာတာလဲ..”

“မင်း...ဘာဖြစ်လို့ ဒီလောက်တောင်
သောင်းကျန်းနေရတာလဲ..ဝူခုန်း”

“နတ်ပြည်မှာ တရုတ်နှစ်သစ်ကူးပွဲတော်ရှိတာ ကျွန်တော်မျိုးကို ဝင်ခွင့်မပေးလို့ပါ”

“ဟင်...မင်းလည်း နတ်တန်ခိုးရှင်တပါးပဲ.ဘာကြောင့် ဝင်ခွင့်မပေးရမှာလဲ...တံခါးစောင့်နတ်ကြီး...ဘာဖြစ်လို့ သူ့ကို ဝင်ခွင့်မပေးတာလဲ”

တံခါးစောင့်နတ်ကြီး ထွက်လာသည်။

“ဒီလိုပါ..ကိုယ်တော်..အခုနောက်ပိုင်း လူ့ပြည်မှာ ကပ်ရောဂါပိုးမွှားတွေ ဖြစ်နေလို့...လူပြည်နဲ့ နတ်ပြည် ကူးသန်းနေတဲ့ နတ်တွေကို ပိုးသတ်ဆေးဖြန်းပြီးမှ ဝင်ခွင့်ပြုဖို့ မိုးနတ်မင်းကြီးက ညွှန်ကြားထားပါတယ်...ဒါကို
ဝူခုန်းက ဆေးဖြန်းမခံပဲ..ဝင်မယ်ဆိုပြီး...သောင်းကျန်းနေတာပါ”

“ကျုပ်က ဝူခုန်းဗျ..ဘာပိုးမွှားမှ မရှိဘူး”

“ဝူခုန်း...ရောဂါပိုးဆိုတာ အမြင်နဲ့ ဆုံးဖြတ်လို့မရဘူး...ပြီးတော့..အခုနောက်ပိုင်းပေါ်လာတဲ့ Covid 19 ရောဂါပိုးဆိုတာ…ပိုပြီးတော့ ကူးစက်မြန်သလို အန္တရာယ်လည်းများတယ်…အထပ်ထပ်ပိုးသတ်မှ ဖြစ်မှာ…ကဲ..ပါလေ…နတ်ပြည်ထဲ မင်းဝင်ချင်တယ်ဆို အဖြန်းခံလိုက်”

“ဟွန်း..နံတယ်..ကိုယ်တော်..တပည့်တော်
အဲ့အနံ့မခံနိုင်ဘူး”

“ဒါနဲ့..တံခါးစောင့်ကြီးတို့ ဖြန်းမှာ
ဘာပိုးသတ်ဆေးလဲ”

“Medi Life D Plus ပါ…ထန်းစန်းကိုယ်တော်”

“ဪ… Medi Life D Plus ဆိုရင်တော့…အမေရိကန်တို့ ကနေဒါတို့ စင်ကာပူတို့က FDA အဖွဲ့တွေ အသိအမှတ်ပြုပြီးသားတံဆိပ်ပဲ…ကိုဗစ် မကူးစက်ဖို့လည်း စိတ်ချရတယ်..ရနံ့လည်းမွှေးတယ်..ကဲ..ကဲ..ဝူခုန်း…မင်း အဖြန်းမခံရဲရင်..ကိုယ်တော်အရင် အဖြန်းခံလိုက်မယ်..ကဲ..တံခါးစောင့်ကြီး..ကိုယ်တော့်ကို ဖြန်းချေ”

“ဟာ..မွှေးနေတာပဲ ရှီးဖော်”

ဝူခုန်းက နှာခေါင်းကို
ရှုံ့ပွပွလုပ်ရင်း ပြုံးလိုက်သည်။

“နတ်ပြည်ထဲမှာလည်း Medi Life D Plus Disinfectant Solution ကို တစ်ပြည်လုံးဖြန်းထားလို့ ဒီထက်တောင် မွှေးနေပါသေးတယ်”

“ကဲ..ဝူခုန်း..ကြားပြီလား…လာ..ခဲ့..
ဆေးဖြန်းခံလိုက်”

ဝူခုန်းက ပေကလပ်..ပေကလပ်ဖြင့်။

“မြန်မြန်အဖြန်းခံပြီး..မြန်မြန်လုပ်ချေ..ပြီးရင် ငါတို့ PRO 1 Global Home Center ဆိုင်ခွဲတွေ မှာလုပ်မယ့် Medi Life D Plus ရဲ့ Welcome Tiger Year Special Promotion ပရိုမိုးရှင်းပွဲကို သွားပြီး 25 % Discount နဲ့ Medi Life D Plus တွေ သွားဝယ်ရဦးမယ်”

“တပည့်တော်အတွက်လည်း ဝယ်ပေးနော်..ဘုရား..နဂါးပြည်သွားရင် နဂါးမင်းကြီးအတွက်လည်း လက်ဆောင်ပေးမလို့”

“အေး..ယူသွားရမယ်…နတ်ပြည်တောင်မှ Medi Life D Plus နဲ့မှ ဝင်ခွင့်လက်မှတ်ပေးသေးရင်..ကျန်တဲ့နေရာတွေလည်း ဒီလိုပဲနေမယ်..
ဝူခုန်းရေ”🤗



မနက်စာစောစီးစီး ..  Morning🌅အိမ်တံခါးကိုလာခေါက်..ဒေါက်...ဒေါက်ဘယ်သူလဲလို့ဖွင့်ကြည့်..ပိန်ခြောက်ကပ်နေတဲ့ငတိ🧞ပိန်ခြောက်ကပ်...
21/01/2022

မနက်စာစောစီးစီး .. Morning🌅
အိမ်တံခါးကိုလာခေါက်..ဒေါက်...ဒေါက်

ဘယ်သူလဲလို့ဖွင့်ကြည့်..
ပိန်ခြောက်ကပ်နေတဲ့ငတိ🧞

ပိန်ခြောက်ကပ်ပေမယ့်..
ကျွန်တော်က အိမ်စောင့်နတ်လေးပါဗျာ👼

ဟိုးအပေါ်ထပ်တခွင်မှာ
နတ်သဘင်တက်ပြီး ပြန်လာတာမို့
အိမ်ထဲဝင်ခွင့်ပြုပါဗျ💁...မာမီ..အိမ်ရှင်မ။

နိုး..နိုး..နိုး နတ်ကလေး...
မဝင်ရဘူး...အဲ့ဒီနားမှာ ရပ်ပေး..။

ဟာ..ဗျာ... ပင်ပန်းလာခဲ့တာ 😔
မရွှင်လန်းနေတာမို့..မရစ်ပါနဲ့ဗျာ။

ဒီအိမ်မှာ..ငါ့သား..ငါ့လင် နဲ့ ငါဘုရင်မပဲမို့
အိမ်စောင့်နတ်လည်း ငါ့အမိန့်အောက်ပဲ.
👪မိသားစုကျန်းမာရေးအတွက်...
စိတ်ချရမှ ဝင်ခွင့်ပေးမယ်✋

ဟာ..ဗျာ..
ကျွန်တော်က...👼အိမ်စောင့်နတ်လေဗျာ။
မိသားစု ကျန်းမာရေး၊ စီးပွားတွေ လန်းဖြာရေးကို စောင့်ရှောက်ပေးနေတာ🤗

နိုး..နိုး..နိုး..နတ်ကလေး..
ကျန်းမာရေးက ကျန်းမာရေး..
D Plus နဲ့ ပေးမဖြန်းရင်..
ဒီတသက်တောင် ထပ်ပေးမဝင်ဘူး..✋
ကဲ..လက်ဆေး။

ကောင်းပါပြီ..မာမီအိမ်ရှင်မ
ဒီလိုဆို..တစ်ခုတော့ဖြင့် အကြောင်းကိုပြလို့
တောင်းဆိုပါရစေ🤗

ကျွန်တော်က 👼နတ်ကလေးမို့
အသက်ကလေးက ပန်းနု
အဲ့ဒီတော့ ပိုးသတ်ဆေးအနံ့ကြီးပြင်းရင်
ရေရှည်မှာ မလန်းဘူး။

စိတ်ချပါ..နတ်ကလေး
D Plus ရဲ့ ရနံ့ကလေးက အသန့်ကလေး
နတ်ပြည်ကပန်းပေါင်းစုံထက်တောင် မွှေးပျံ့သေး။
ကဲ..အခုပဲ..ဖြန်းလိုက်မယ်...
D Plus ရဲ့ ကိုရိုနာ ဗိုင်းရပ်စ် သတ်တဲ့ဆေး..။

အဲ့ဒီလိုနဲ့..
D Plus ဆေးနဲ့ ဆေးကြောဖြန်းသန့်မထားဘူဆိုရင်...
အိမ်စောင့်နတ်ကိုတောင် အိမ်ထဲ ပေးမဝင်တဲ့...သူရဲကောင်း အိမ်ရှင်မ..မေမေတွေဟာ

လာမယ့် ၂၂.၁.၂၀၂၂ စိန်ဂေဟာ စူပါမားကတ်တွေမှာ လုပ်မယ့် D Plus ရဲ့ 🛑Oneday Special Promotion🛑ပရိုမိုးရှင်းပွဲမှာ ၁၀,၀၀၀ ကျပ်ဖိုး နှင့် အထက်၀ယ်ယူတိုင်း ယခင်ဈေးနှုန်း 4,025 ကျပ် မှ Special Promotion Price 💰500💰ကျပ်နဲ့ ရရှိမယ့် အခွင့်အရေးမှာဖြင့် အတူတကွ ဆုံစည်းကြပါတော့မယ်😍😍

ကျန်းမာရေးအတွက် အိမ်ရှင်မ မေမေတို့ရဲ့
မရှိမဖြစ် အိမ်စောင့်နတ်....D Plus💁



Address

473 B Youtkaw Street, Industrial Zone 1 , South Dagon

11431

Telephone

+959777003098

Website

Alerts

Be the first to know and let us send you an email when MediLife D Plus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram