08/10/2025
⛔️ဆေးထဲမှာ မပါဝင်သင့်တဲ့ ပစ္စည်းကြောင့် ကလေးလေးတွေ ေ သဆုံးရတယ်⛔️
🛑 အခု ရက်ပိုင်းအတွင်း အိန္ဒိယမှာ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးတွေ ေ သဆုံးကြတဲ့ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး လက်ရုံးတော်က ရေးသားမျှဝေပေးမှာဖြစ်ပါတယ်။
🛑 ဒီဆေးကတော့ Coldrif လို့ အမည်ရတဲ့ အအေးမိချောင်းဆိုး ပျောက်ဆေးရည်ဖြစ် ပါတယ်။ အိန္ဒိယနိုင်ငံ၊ Sresan ဆိုတဲ့ ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ဆေးဖြစ်ပါတယ်။ ဒီချောင်းဆိုးပျောက်ဆေးရည်ထဲမှာ ဒိုင်အီသိုင်လင်းဂလိုင်ကော(Diethylene glycol) လို့ခေါ်တဲ့ ဓာတုပစ္စည်းပါဝင်နေတာကြောင့် ခုလို ကလေးတွေ ေ သဆုံးရတာဖြစ်ပါတယ်။ စစ်ဆေးကြည့်တဲ့အခါ ချောင်းဆိုးပျောက်ဆေးရည်တွေမှာ ဒိုင်အီသိုင်လင်းဂလိုင်ကော (Diethylene glycol) ၄၈.၆% ပါဝင်နေတာတွေ့ရှိခဲ့ရပါတယ်။
🛑ဒိုင်အီသိုင်လင်းဂလိုင်ကော ကို အိမ်သုတ်ဆေး၊ မှင်၊ ချွတ်ဆေး၊ မီးသတ်ဆေးရည်၊ အရောင်တင်ဆေး တို့မှာ အသုံးပြုကြပါတယ်။ ဒိုင်အီသိုင်လင်းဂလိုင်ကော (Diethylene glycol) ဟာ အဆိပ်ပြင်းတဲ့ စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်း (toxic industrial chemical) တစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်ကို ပျက်စီးစေပြီးဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေပါတယ်။
🛑ဒီ Coldrif ချောင်းဆိုးပျောက်ဆေးရည်ထဲမှာ နှာစေးချောင်းဆိုးကိုယ်ပူသက်သာစေတဲ့ ဆေးတွေဖြစ်တဲ့ ကလိုဖန်နီရာမင်း(ဘာမီတွန်)၊ ပါရာစီတမော နဲ့ ဖီနိုင်းအက်ဖရင်း (Phenylephrine) တို့ ပါဝင်ပါတယ်။
🛑ဆေးရည်တွေထုတ်လုပ်တဲ့အခါ ပါဝင်တဲ့ ဆေးဝါးတွေ ပျော်ဝင်စေဖို့ ပျော်ဝင်ရည် (Solvent) တစ်မျိုးနဲ့ ရောစပ်ရပါတယ်။
ဒိုင်အီသိုင်လင်းဂလိုင်ကော (Diethylene glycol) ဟာ အဆိပ်ပြင်းတဲ့ အတွက် လူသုံး ဆေးဝါး ဆေးရည်တွေမှာ ပျော်ဝင်ရည် အဖြစ် (Solvent) ထည့်သွင်းအသုံးပြုခွင့်မရှိပါဘူး။ သို့ပေမယ့် ဆေးဝါးထုတ်လုပ်ရေးအတွက် အသုံးပြုဖို့ သတ်မှတ်ထားတဲ့ Pharmaceutical grade Glycerin, Propylene glycol စတဲ့ ပစ္စည်းတွေက ဈေးကြီးတဲ့အတွက် ထုတ်လုပ်သူတွေက အမြတ်အစွန်းများများရဖို့ စျေးသက်သာတဲ့ စက်မှုလုပ်ငန်းသုံး ဒိုင်အီသိုင်လင်းဂလိုင်ကော ကို အစားထိုးထည့်တတ်ကြပါတယ်။ ဆေးထဲမှာ မပါဝင်သင့်တဲ့ ပစ္စည်းကြောင့် ကလေးတွေကို အန္တရာယ်ဖြစ်စေခဲ့တာဖြစ်ပါတယ်။
🛑မြန်မာနိုင်ငံမှာလဲ တရားမဝင်၊ အရည်အသွေးမမှန်တဲ့ ဆေးဝါးပစ္စည်းတွေ ရှိနေနိုင်တာမို့ ဝယ်ယူသုံးစွဲတဲ့ နေရာမှာသတိထား ဝယ်ယူသုံးစွဲဖို့လိုအပ်ပါတယ်။ ထုတ်လုပ်သူတွေအနေနဲ့လည်း ငွေကြေးစီးပွားတစ်ခုထဲအတွက် မဟုတ်ဘဲ သုံးစွဲသူတွေ မိမိဆေးကြောင့် ဆိုးကျိုးကင်းကင်းနဲ့ ရောဂါပျောက်ကင်းဖို့ ရည်ရွယ်ထုတ်လုပ်မှသာ ကုသိုလ်လဲရ၊ ဝမ်းလဲဝ တဲ့ သမာအာဇီဝ လုပ်ငန်းဖြစ်မယ့် အကြောင်း ရေးသားလိုက်ရပါတယ်။
Reference
1. https://timesofindia.indiatimes.com/city/nagpur/maha-imposes-statewide-ban-on-toxic-coldrif-syrup/amp_articleshow/124325305.cms
2. https://www.straitstimes.com/asia/south-asia/indian-states-ban-cough-syrup-linked-to-child-deaths
3. https://en.m.wikipedia.org/wiki/Diethylene_glycol
🔷 Dr Hnin Pwint
MBBS, MMedSc (Pharmacolgy), PhD)
#လက်ရုံးတော်တိုင်းရင်းဆေး
🔔 Disclaimer:
This post is for educational and informational purposes only. It does not substitute professional medical advice, diagnosis, or treatment. Always consult your doctor, pharmacist, or other qualified healthcare provider with any questions you may have regarding a medical condition or medication.