27/08/2021
🚨ဝဝကစ်ကစ်လေးတွေ သတိရှိပါ🚨
📈တတိယလှိုင်းမှာ ကြည့်ပေးခဲ့တဲ့ လူနာ ၁၅၀ ကျော်မှာ အသက် ၃၀-၄၀ ကြား ဝဝကစ်ကစ် အမျိုးသားတွေ တစ်လအတွင်း ဆုံးပါးသွားတာ ၆ ဦးလောက်ရှိပါတယ်...
📈ဝဝကစ်ကစ်တွေဟာ ကိုဗစ်ဖြစ်ရင် ပိုဆိုးဝါးတဲ့ လက္ခဏာတွေကို ခံစားကြရပါတယ်... အောက်ဆီဂျင်ပိုလိုအပ်တယ်.... သွေးကျဲဆေးတွေ ပိုပေးကြရတယ်…
ဒါတွေက မြေပြင် အတွေ့အကြုံအရပြောတာပါ...
သုတေသနတွေက ဘာပြောသလဲ?
ကိုယ်ခန္ဓာအလေးချိန်ညွှန်းကိန်း (Body Mass Index - BMI) ၂၅ အထက် ရှိသူတွေဟာ ကိုဗစ်ဖြစ်တဲ့အခါ တခြားလူတွေထက်
🔴သေဆုံးနိုင်ခြေ ၃ ဆ ရှိတယ်
🔴ဆိုးရွားလက္ခဏာ ခံစားရနိုင်ခြေ၂ ဆ ပိုများတယ်
🔴အသက်ရှူလမ်းကြောင်းဆိုင်ရာ အထောက်အပံ့လိုအပ်မှု ၆ ဆ ပိုလိုအပ်နိုင်တယ်
ဘာကြောင့်ဒီလိုဖြစ်ကြရသလဲ?
🔶ဝတဲ့သူတွေဟာ မလိုအပ်တဲ့ အဆီပိုတွေကြောင့် သွေးကြောအတွင်း နဲ့ ကလီစာတွေမှာ နာတာရှည် ယောင်ရမ်းခြင်းကို ပိုခံစားရတယ်... ဒီကနေ သွေးခဲခြင်းတွေ ဆက်ဖြစ်တတ်ပါတယ်…
🔶ကိုယ်အလေးချိန်များပြီး ဝတဲ့သူတွေဟာ အဆုတ်ရဲ့ လုပ်ဆောင်မှု ကျဆင်းပါတယ်…
🔶ဝတဲ့လူတွေဟာ နာတာရှည် ရောဂါတွေဖြစ်တဲ့ ဆီးချို ကင်ဆာ သွေးတိုးရောဂါတွေနဲ့ ဆက်နွယ်နေပါတယ်…
ကိုယ်ခန္ဓာအလေးချိန်ညွှန်းကိန်း (Body Mass Index - BMI) ဆိုတာ ဘာလဲ❓
🟥 Body Mass Index= Weight/ (height)2
ခန္ဓာကိုယ်အလေးချိန် (kilogram or pounds) ကို အရပ်အမြင့် (meter or inches)နှစ်ဆကိန်း နဲ့ စားရင် BMI ရပါတယ်...
တွက်ဖို့မခက်ပါဘူး
Google မှာ free BMI calculator တွေရှိပါတယ်... အောက်က link တွေမှာ နှိပ်ပါ
https://www.nhlbi.nih.gov/health/educational/lose_wt/BMI/bmicalc.htm
https://www.cdc.gov/healthyweight/assessing/bmi/adult_bmi/english_bmi_calculator/bmi_calculator.html
ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို သိရင် အလွယ်တကူ မိမိရဲ့ BMIကို သိရပါတယ်
🔻BMI < 18.5= Underweight လျော့နည်း
✅BMI 18.5 to 24.9 = Healthy ပုံမှန်
🔺BMI 25 to 29.9 = Overweight ဝနေသူ
🔴 BMI >30 = Obese အဝလွန်သူ
BMI ဟာ နာတာရှည်ရောဂါတွေဖြစ်နိုင်ချေအတွက် ယေဘုယျအားဖြင့် အသုံးတည့်တဲ့ ညွှန်းကိန်းဖြစ်ပါတယ်... ကိုယ်ထဲမှာ အဆီတွေ ဘယ်လောက်ရှိသလဲဆိုတာ အကြမ်းဖျင်း သိနိုင်တဲ့ ညွှန်းကိန်းတစ်ခုပါ..
BMI 25 နဲ့အထက် ရှိသူတွေဟာ အောက်ပါရောဂါတွေနဲ့ ဆက်နွယ်မှု ရှိတတ်ပါတယ်...
❗️သွေးတိုး
❗️ဆီးချို
❗️နှလုံးရောဂါ
❗️လေဖြတ်
❗️ကင်ဆာ (အချို့)
❗️သည်းခြေအိပ်
❗️အရိုးအဆစ်ရောင်ရောဂါ
❗️အိပ်နေစဥ်အသက်ရှူရပ်ခြင်း
BMI 25 အထက်ရှိနေရင် ဘာလုပ်သင့်သလဲ?
👉စားသောက်မှုပုံစံပြောင်းပါ🥑🍏🥦🥬🥕
👉ကိုယ်လက်လှုပ်ရှားမှု ပြုပါ🏃🏃♀️⛹️♀️
👉အရက်ဘီယာ ဆေးလိပ်လျော့ပါ ဖြတ်ပါ 🚫🍺 🚭
👉စိတ်ဖိစီးမှုလျော့ချပါ 🧘♂️ 📵
👉ရောဂါများစစ်ဆေးပြီး ကုသမှုခံယူပါ 👨⚕️ 👩⚕️
“ဝရင် လှတယ်” ဆိုတာ ဂျင်းပါ!
ဝရင် BMI 25 အောက်ရောက်အောင်လုပ်မှ ကျန်းမာပါလိမ့်မယ်...
⛑ကိုဗစ်က ဝဝကစ်ကစ်လေးတွေကို ကြိုက်တတ်ပါတယ်⛑
မူရင်းရေးသားသူအား credit ပါ