Amber Herb

Amber Herb We produce organic items from genuine Amber such as diverse stones, necklaces, earrings and more.

19/09/2025
ပယင်းဆေးသနပ်ခါးသုံးစွဲသင့်သောသူများ1 . ခါးနာနေသူများ၊ 2 .အပူလွန်နေ‌သူများ ၊ 3 .အညောင်းထိုင်သူများ ၊ 4 .ခန္ဓာကိုယ် အနေအထာ...
24/04/2025

ပယင်းဆေးသနပ်ခါးသုံးစွဲသင့်သောသူများ

1 . ခါးနာနေသူများ၊
2 .အပူလွန်နေ‌သူများ ၊
3 .အညောင်းထိုင်သူများ ၊
4 .ခန္ဓာကိုယ် အနေအထားမမှန်သူများ ၊
5 .သားအိမ် အပူလွန်သူများ ၊
6 .သွေးလုံး ရေလုံးရှိသူများ ၊
7. ပိန်လွန်းသူများ
8 . ကား‌ဆရာများ ၊
9. သွေးသားမမှန်သောသူများ ၊
10. အသားအရေ ယားယံခြင်း ၊
11 .မိတ်ကိုက်ခြင်း ၊ယားနာဖြစ်ခြင်း၊
12 . ဝက်ခြံ ၊တင်းတိပ် ၊မှံခြောက်ရှိသူများ

Amber Balm ထုတ်ကုန်များကို United States of America(USA) နှင့် Thailand nd တွင် ဈေးနှုန်းသက်သာစွာ M.A Imports & Exports ...
20/03/2025

Amber Balm ထုတ်ကုန်များကို United States of America(USA) နှင့် Thailand nd တွင် ဈေးနှုန်းသက်သာစွာ M.A Imports & Exports မှ တိုက်ရိုက်ဝယ်ယူသုံးစွဲနိုင်ပါပြီခင်ဗျာ..

Amber Balm မှ ထုတ်လုပ်သော
- ပယင်းဆေး ပရုတ်ဆီ
- ပယင်း သံလိုက်လိမ်းဆေးဆီ
- ပယင်း ရှူလိမ်းဆေး နှင့်
အခြား Amber Herb တံဆိပ် သုံးဆေးသောက်ဆေးအမျိုးမျိုးကို Myanmar ⇄ Thailand ⇄ USA တိုက်ရိုက်သယ်ယူရောင်းချပေးနေပါပြီရှင်🤍

Online ကနေ အလွယ်တကူ မှာယူနိုင်တာမို့ အမြန်ဆုံး ဆက်သွယ်အားပေးကြဖို့မျှော်လင့်ပါတယ်ရှင် 🙏🎊

Phone ☎️
🇺🇸 +1(626)367-1145
🇹🇭 +66983131484
🇲🇲 +959775579000

27/02/2025

ကျနော် နှင့် ဆီးချိုရောဂါရှင် အမ
ကိုယ်တွေ့ အတွေ့အကြုံ ၂

တနေ့ ကျနော့် သူငယ်ချင်း ဖြစ်သူ စေလွှတ်လိုက်သော လူနာ လင်မယား ၂ယောက် ဆေးခန်း ရောက်လာသည်။
ရခိုင်မှ ကျောက်မြောင်းသို့ ပြောင်းလာသော ပန်းထိမ်အလုပ်လုပ်ကိုင်သူ များဖြစ်ပါသည်။
လင်မယား ၂ယောက်လုံး အလုပ်ကြိုးစားကြသည်။ အလုပ်အလွန်လုပ်သောကြောင့် ချက်ပြုတ်စားသောက်ခြင်း မပြုပဲ Ready made များသာ အလျင်စလို ပြုလုပ်စားသောက်ကြသည်။

ကျနော် တို့လင်မယား၂ယောက်လုံး ခေါက်ဆွဲပြုတ်ရယ် ကျွဲရိုင်းဘူးရယ် ကော်ဖီမစ်ထုတ်ရယ် ဒီ ၃မျိုးပဲစားတယ်..ဆရာ..အဲ့တော့ ဆီးချိုဖြစ်ကြတာပါပဲ ဟု ပြောလေသည်။
အမျိုးသမီးဖြစ်သူမှာ ဆီးချိုကြောင့် ခြေလေးချောင်း ပုပ်စပြုလာသဖြင့် ဆေးရုံပြရာ လေးချောင်းလုံး ဖြတ်ပစ်မှ ရတော့မည် ဟု ပြောသည်။ အမလည်း မဖြတ်ချင်တော့ ဆေးရုံ ၄ ခု ပြောင်းပြပါတယ်..အကုန်လုံးက ဖြတ်ခိုင်းနေတယ်..အမ မဖြတ်ချင်လို့ ဒီကို လာပြတာပါ။..

ခြေချောင်းများကို ကြည့်ရှုရာ ခြေချောင်းလေးများမှာ ပတ်လည်လှိုက်ပြိးစားထားသဖြင့် မာမာခဲခဲနှင့် ညိုမဲနေပါတယ်။..ကံကောင်းတာက အရိုးကို မရောက်သေးခြင်းပင်။

ဆိးချို ရောဂါဟာ ဒူးကြောင့် ဖြစ်တာပဲ အမရယ်..ဒူးခေါက်ခွက်က သွေးကြောခဲသွားတော့ ခြေခုံကို သွေးမဆင်းတော့ ပုပ်လာတာပေါ့ဗျာ..

ဆေးခန်းမှာ ၁၂ရက် ဆက်တိုက် ဒူးကို အဓိကထားကုရာ..ခြေချောင်းမှ သားငန်ရည်များထွက်လာပြီး ပြည်များ ပေါက်ကျကုန်ပါတယ်...အနာအတွက် ထွေထွေထူးထူး မလုပ်တော့ ပဲ ပယင်းမှုန့်နှင့် ပယင်းပရုတ်ဆီ သာ အနာထဲ သိပ်ထည့်ပြိး ပတ်တီးစည်းပေးပေးပါတယ်။တဖြည်းဖြည်း မဲပုပ်နေသော ခြေချောင်များမှာ ပြည်ပေါက်ကျလိုက် ပယင်းပရုတ်ဆီထည့်သိပ်လိုက်နှင့် အသားရောင်ပြောင်းလာကာ အသားနုများတက်လာပါတော့တယ်။

အနောက်တိုင်းဆေးပညာမှာ အနာကို ပရုတ်ဆီ မထည့်သင့်ပါဘူး..ပယင်းပရုတ်ဆီ ကတော့ အပူနာများပျောက်သည်မှာ လက်တွေ့မို့ ကျနော် ထည့်ရဲခြင်းဖြစ်ပါတယ်..ပယင်း သည် အနာပုပ် အနာဆွေးနှင့် အနာဟောက်ပက်များကို အနာရွတိပင်မကျန်အောင် နိုင်နင်းသည်။ထို ဖြစ်ရပ်များကို ကျနော် ပယင်းလုပ်စဥ် ကပင် မကြာခဏ တွေ့မြင်ဖူးပြီး ဖြစ်ပါသည်။

၂ပတ်ကြာပြီး ထို လင်မယား ၂ယောက် မလာတော့ပါဘူး.တလခန့်ကြာပြီးမှ သူငယ်ချင်းဖြစ်သူ ဖုန်းဆက်ရာ ရောဂါပျောက်သွားပြီ ဖြစ်ကြောင်း...လင်မယား၂ယောက်လုံး ကျေးဇူးအလွန်တင်ကြောင်း ..ထိုသူတို့မှာ တွေ့လေတိုင်း ကျနော့်အကြာင်းဝါ ပြောဆိုကြကြောင်း ပြောလေသည်။

အနှစ်ချုပ်ဆိုရသော် ဆီးချို ရောဂါမှာ ဒူး ကြောင့် ဖြစ်ရခြင်းဆိုတာ ပြောပြလိုခြင်းဖြစ်ပါတယ်။

ယုံချင် ယုံ မယုံချင်နေ.. ထိုဖြစ်ရပ်မှာ နဂါးနှစ်ကောင်ဆရာတော်ကြိး အား ကုသရန် အကြောင်းတရပ်ဖြစ်လာမည်ကို ဆက်လက်ရေးသားပါအုံးမည် ။

သဗ်ဗသေတ်တာ ကမ်မသက်ကာ

ပယင်းဝန် ဆြာညီ

27/02/2025

ဆီးနှင့်အဆုတ်... ဆီးချိုရောဂါ
ကိုယ်တွေ့ အတွေ့အကြုံ ၁

ဆီးအောင့်တာ ဟာ ခတ္တခဏ အသေးအဖွဲဝေဒနါလေး လို့ ကျနော် အရင်က ထင်ခဲ့တာပါ..
ဒါမယ့် ဒါက ယောကျာ်းတိုင်းရဲ့အခြေခံ ကျန်းမာရေး အုတ်မြစ်ကြီး တခုမှန်း ဆေးကုလာတဲ့သက်တမ်း ကြာလာတာနဲ့အမျှ ဆရာရဲ့ သင်ကြားချက်များနှင့်အတူ လက်တွေ့ကုသမှုများစွာ ဖြင့် နောက်ပိုင်းမှာ သိလာရပါတယ်...

ဆီးအောင့် တာ ဆီးကျင်တာ ဆီးမထိနိးနိုင်တာ ဆီးကျန်တာတွေ ဟာ အညောင်းထိုင်တာ.. အာရုံ​ေကြောအသုံးပြုတာများရင် လည်း ဖြစ်နိုင်ပါတယ်..
လူနာတဦးချင်းစီရဲ့ အကြောငိးကို ရေးသားတင်ပြပေးပါ့မယ်..

ကျနော်နှင့် တောင်ဒဂုံက အဖိုး
====================

အဖိုး က ငယ်ငယ်က လောကဓာတ်ပညာများနဲ့ အဂ္ဂရိတ် ပညာများကို လိုက်စားခဲ့သူပါ..သူဟာ ဖိုထိုးခြင်းအလုပ်ကို တစိုက်မက်မက်လုပ်ခဲ့တာ..ပြသားသေတဲ့အဆင့် ရွှေဖြစ်တဲ့အဆင့်တောင် ရောက်ခဲ့ပါတယ်..

နှစ်ပေါင်းများစွာ အပူနဲ့အလုပ်လုပ်ခဲ့သူမို့ အပူဟာ သူ့ ကိုယ်ခန္ဓာကို ကောငိးကောင်း ဒုက္ခပေးပါပြီ..
ပထမဆုံးတော့ ဆီးချိုဝင်လာပါတယ်..ဆီးချိုက ဆိးြလာတော့ ခြေချောင်းလေးတွေ ဖြတ်ပစ်ရတဲ့အဆင့်ရောက်သွားပါတယ်.

နှစ်ပေါငိးများစွာ မီးဖိုက ထွက်တဲ့ မီးခိုးနဲ့ ဓာတ်ခိုးတွေ ဟာ အဆုတ်ကို အရင်ကောင်းကောင်းဒုက္ခပေးခဲ့တာပါ..
အဆုတ် ထိတာနဲ့ ဆီးကို ထိခိုက်ပါတော့တယ်။

ဒါကို ကြည့်ရင် ခုခေတ် ကလေးတွေ သောက်နေတဲ့ v**e ကြောင့် အောက်ပိုင်း ချိသွားတာ.. ခါးနာရောဂါများဟာ အဆုတ်ကနေ ဆီး ကို ဒုက္ခပေးပြီး ဖြစ်သွားတာပါ။

အဖိုး ရောဂါဟာ ဒီနေရာမှာ မရပ်သေးပါဘူး..နောက်ပိုင်း သူဟာ ဝမ်းမသွားနိုင်တော့ဘူး..စမြင်းခံလွန်းတာကြောင့် ဝမ်းသွားတိုင်း စအိုကို လက်နဲ့ နှိုက်ထုတ်ရပါတယ်..

ဒီထက်ဆိုးလာတာက သူဟာ ညလည်း မအိပ်နိုင်..နာကျင်မှုပြင်းထန်လွန်းတာကြောင့် နေ့နေ့ညည အိပ်ရာထဲ လူးလိမ့်ရင်း အော်ဟစ်နေရပါတယ်..ဘေးပတ်ဝန်ကျင်အိမ်နီးချင်းတွေဟာ အဖိုးရဲ့ အော်ဟစ်သံကို ညစဥ် ကြားနေရပါတယ်..

နာကျင်မှုကို ကျနော် အသေးစိပ် ဖော်ပြပါ့မယ်..ဒါမှ ဒီလို လူနာတွေကို စာနာနိုင်မှာပါ..လူဆိုတာ ကိုယ်ခံဖူးမှ ကိုယ်သိတာပါ..

ခေါင်းတွေ ခြောက်ပြီး အကြိတ်ထွက်လာမယ်..နှုတ်ခမ်းတွေဟာ သွေးမလျောက်လို့ တွန့်လိုက်တိုင်းမှာတောငိ နာကျင်နေတတ်ပါတယ်..အသက်ရှုမဝတတ်..ရှိုက်ရှိုက်ရှုရပါတယ်...လက်မောင်းတွေ ကိုက်..လက်တွေ ဟာ ကျဥ်နေပြီး ဘေးစောင်းတိုင်းနာတတ်ပါတယ်..
ချောင်းဆိုးတိုင်း စအိုကနေ ဆူးနဲ့ထိုးသလို စူးကနဲ စူးကနဲ အောင့်ပါတယ်..ဝမ်းဗိုက်ဟာ လေတွေ နဲ့ပြည့်ဖောင်းနေပြိး အစာမစားနိုင် ရေသောက်တိုင်း လည်ပင်းနင်နေပါတယ်..
ခါးနာပါတယ်..ဒူးလည်းနာပါတယ်..တကိုယ်လုံးညောငိးကိုကိလို့ လူးလွန်နေမှ အနည်းငယ်သက်သာဟန်ရှိပါတယ်..
အမြဲမောနေတတ်ပါတယ်..ဆီးသွားတိုင်း ကျင်ချောင်းတလျောကိနာကျငိမှုကို အပြင်းအထနိ ချွေးစေးပြန်အောင်နာပါတယ်..အောင့်ပါတယ်..ဆီးက သွားချင် ​ေပမယိ့ ထွက်ချင်မှ ထွက်ပါတယ်..
ဝမ်း ချုပ်ပါတယ်..ဝမ်းဟာ သွားမယ်လုပ်တိုင်း စအိုဝကနေ ညှစ်မရဖြစ်ပါတယ်..ညှစ်လွန်းရင် လိပ်ခေါင်းထွကိတာ..လိပ်ခေါင်းမရှိရင် သွေးကျတာမျိုး ဖြစ်ပါတယ်..
ဒီလောက်ဆို အဖိုးဝေဒနါကို နားလည်မိလောကိပါပြိ..ဆက်ရေးလို့ ရပါသေးတယ်..စာရှည်မှာစိုးလို့ ဒိလောက်ပါပဲ..

ကျနော် တရက် ၂ရက်ကုပေးတော့ သူမအော်တော့ပါဘူး.. အိပ်ပျော်ပါတယ်..ဒုတိယနေ့ ကုသအပြီး နောက်နေ့မနက် သူ အစာတောင်းပါတယ်..စားချင်တာ အုန်းနို့ခေါက်ဆွဲပါ..အိမ်သူအိမ်သား တွေ ပ အစားမစားနိုင်တာကြာပြီ မို့ ဝမ်းသာအားရပဲကျွေးကြပါတယ်..တပွဲလုံး သူစားပါတယ်..၂နာရီခဲ့ကြာပြီး သွေးတိုးပါတော့တယ်..ဆေးခန်းပို့အပြိး ဆရာဝန် ရောက်မလာခင်မှာပဲ သူဆုံးသွားခဲ့ပါပြီ
လူနာဆုံးကြောင်း ကျနောိဆီ နောက်မှ သတင်းပို့လာတယ်..ကျနော် အလွနိစိတ်မကောငိးဖြစ်မိပါတယ် .သို့ပေမယိ့် သူ သက်သက်သာသာ နဲ့ပဲ အသက်ထွက်သွား​အောင် ငါလုပ်ပေးနိုင်ခဲ့တာပဲ...လို့ စိတ်ဖြေဖျောက်လိုက်ပါတယ်..

သဗ်ဗသေတ်တာ ကမ်မသက်ကာ

ပယင်းဝန် ဆြာညီ..

21/02/2025

📣𝐀𝐦𝐛𝐞𝐫 𝐇𝐞𝐫𝐛 မှ ထုတ်လုပ်သော📣
˒ 𝐀𝐦𝐛𝐞𝐫 𝐁𝐚𝐥𝐦 စွယ်စုံသုံး ပယင်းဆေးပရုတ်ဆီ ˓ အကြောင်းကို မိတ်ဆက်ပေးပါရစေ💞

🧡 ပယင်းဆေးပရုတ်ဆီသည် သမာရိုးကျပရုတ်ဆီ မှ အနည်းငယ် ခွဲထွက်နေပြီး သင်းသင်းလေးနှင့် ထူးခြားနေသော ပယင်းရနံ့၏ ဆွဲဆောင်မှုပင် ဖြစ်သည်။

🧡 ပရုတ်ဆီဆိုသည်မှာ ပွတ်၊ရှူ၊လိမ်းဖြစ်သည့်အတွက် ပယင်းနှင့် ပေါင်းစပ်ထားခြင်းဖြင့်ရနံ့မှာစိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုလျှော့ချနိုင်သည့်အပြင် အာရုံကြောစနစ် (Immue System) ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သောအစွမ်းရှိပါသည်။

🧡ပယင်းအဆီအနှစ်ဖြင့် ထုတ်လုပ်ဖော်စပ်ထားသောကြောင့် အကြောနှင့်ပတ်သက်သော အကြောတင်၊ထုံး၊ညှပ် အစုံအပြင်လေးဘက်နာရောဂါ၊လေငန်းစွဲ၊လေဖြတ်ရောဂါတို့ကိုသက်သာစေသည့်အပြင် အရိုးအဆစ်ရောင်ခြင်း၊အရိုးအဆစ်ကိုက်ခဲခြင်း၊ကြွက်သားနာကျင်ကိုက်ခဲခြင်းတို့ကိုဖြေလျော့သက်သာပျောက်ကင်းစေပါသည်။

🧡 နှာစေး၊နှာပိတ်၊အအေးမိခြင်းဖြစ်ပါကအနံ့ကိုရှူရှိုက်ပေးရုံဖြင့်သက်သာစေပါသည်။

🧡 ခေါင်းမူး ၊ခေါင်းကိုက်၊အရိုးကျီးပေါင်းများအတွက် ပွတ်ရှူလိမ်းပေးရုံနှင့်သိသိသာသာ ထူခြားမှုခံစားရပြီးအချိန်တိုအတွင်းသက်သာပျောက်ကင်းစေပါသည်။

🧡 ဒူးနာ၊ခါးနာရောဂါများအတွက် ပွတ်လိမ်းလိုက်ပါကအသားအရေအတွင်းစိမ့်ဝင်ပြီး jointများ၊အရွတ်များအတွင်းသို့ စိမ့်ပျော်ဝင်လွယ်ပြီး နာကျင် ခံစားမှုများကို လွယ်လင့်တကူသက်သာ ပျောက်ကင်းစေနိုင်သောအာနိသင်ရှိပါသည်။

🧡 ထိခိုက်ရှနာ၊သဲဝဲ၊ရေဝဲ၊ဘက်တီးရီးယားမှိုရောဂါအနာကျက်လျှင် မြန်ခြင်း ၊ခြေသည်းပိုး၊လက်သည်းပိုး၊ နှင်းခူစသည်တို့ကို ဆေးအနည်းငယ်ပွတ်လိမ်းပါကသက်သာစေပါသည်။ မှက်၊ခြင်၊ပုရွက်ဆိတ် အဆိပ်ရှိသော သတ္တဝါများကိုက်ခြင်းကို ကုစားနိုင်ပါသည်။

🧡 အမျိုးသမီးများ မီးယပ်မမှန် ဟိုမုန်းထုတ်လုပ်
ခြင်းများကို သန့်စင်ထိန်းညှိပေးနိုင်ပြီး သားမဖွား
နိုင်သူများ အနံ့ရှူပေးခြင်းဖြင့် အလွယ်တကူဖွား
စေနိုင်သောဓာတ်မှာ ပယင်းတွင်ပါ၀င်ပါသည်။

🧡 ပယင်အနှစ်၏အားသာချက်သည် အသားအရေပေါ်တွင်လိမ်းလိုက်သောအခါခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်ပျံ့နှံ့မှု အရမ်းအားကောင်းသဖြင့် ဆေးသည်အလွန်ထိ‌ရောက်ပါသည်။

🏬 Amber Balm ပင်းရင်း 🏬
AMBER BALM တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး အမှတ် (၈၇၅)၊ ကျောက်စိမ်း (၈) လမ်း၊ ၄၄ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။ ရန်ကုန်မြို့။
ဖုန်း - ၀၉ ၇၉၀ ၇၉၀ ၀၉၉၊ ၀၉ ၇၇၅၅ ၇၉၀၀၀ တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်❤️‍🔥

💕
💕
💕

Address

Kyauk Sein 8th Street

Telephone

+959795351124

Website

Alerts

Be the first to know and let us send you an email when Amber Herb posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Amber Herb:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram