08/07/2022
သိုက်စောင့်နတ်ကျား အပိုင်း ( ၂ )
“ ဟဲ့ ကျားမှန်ရင် အသံပြု ” “ အူး ” “ အသင်နဲ့ ကျွန်ုပ်တို့ ရန်သူတွေ မဟုတ်ကြပေဘူး၊ ဒါကို သိရင် သုံးခါ အသံပြုပါ ” “ အူး အူး အူး ” “ အသင် ဗမာစကား ပြန်ပြောနိုင်သလား ပြောနိုင်ရင် အသံပြု ” “ ……….. ”
ထိုအခါ မနန်းအေးမှ “ ပေါဆူလတ်လိုက်ကွမ်းတိုင်း လတ်မားလူး”
= “ အသင် ရှမ်းစကား ပြောနိုင်ရင် အသံပြု ”
“ ခဟောင်းလတ်ကွမ်းတိုင်းလိုက်ယူခ ”
= “ ကျနော် ရှမ်းလို ပြောနိုင်တယ်။ ”
“ ဆူပိန်ဖူ့ပိုင့်ခိုးခေါင်ကောဝ်ဟ။ဟောင်းကော့ပိန်ဆြာ တေအမ်ဟိတ်းဟိုက်ဆူ တုတ်တန်းယပ့်ဖိခန်စိုင်ဆန်နာ။ကော့နိုင်ဆူလိုလိုက်လတ်ပန်ဟောင် အန်မှန်အန်စက်။ ”
= “ အသင်ဟာ သိုက်တစ်ခုခုကလား ။ ငါတို့ဟာ သူတပါးကို ထိခိုက်နစ်နာအောင် စတင်ပြီး လုပ်သူတွေ မဟုတ်ကြဘူးနော်။ ဒါကြောင့် အမှန်ကို ပြောပါ။ ”
“ဟောင်းခဟုယူခ ယွမ့်နန်စွိုက်ဟောင်းခအိနိန် ….
= “ ကျနော် သိပါတယ်။ ကျနော်တို့ကို ကူညီ … ဂစ် ဂစ် ”
ဆရာကြီး ဦးသက်ဦးမှ “ ဟဲ့ ဒီကျား မတရား အချုပ်အနှောင် ခံနေရပါက လွတ်ကင်းစေ။ ” ဟုဆိုလိုက်သော်
“ငြင်းစုမ်းတယ့်တယ့်ခ။ ခနိုက်ကော့ပိန်ပီအိုက် စီဟောင့်ဆေခမ်းခအော။ ယမ်းလျှုိခခေါင်ဝိုက်နိုင်းတိုနိုက်တယ့် မေ့ကွန်ပိန်နောင့်စိုင်းခ စီဟောင့်ဆေငင်းခအော။ ခဟောင်းခေါင် ဆောင်ပီနောင့်နိုက်ပိန် ဆေဖီပိုင့်အွမ်ခမ်း တီ့ထမ်ယောင်းလုံခအော။”
= “ ကျေးဇူးကြီးလှပါတယ်။ ကျနော်က သူ့အစ်ကို ဆေခမ်း( ရွှေကျား )ပါ။ အခု ကျနော်ဝင်ပူးနေသူက ကျနော့်ညီ ဆေငင်း ( ငွေကျား )ပါ။ ကျနော်တို့က ဂူရှည်ကြီးက သိုက်စောင့်ကျားတွေပါ။ ”
“ပူမော်ဖီတိအောဝ်ဖန်ဟောင်းဆောင်ပီနောင့် ဆိုင်ဝိုက်တိနိုင်း ဟွန်ဟန့်ဆေတိတ်ခန်(င်)ဝိုက် အိမ်ပန်ကွာတန်းလိုင်ခ။ခတေလတ်နိုင်စိုင်းမန်းခလိုင်။”
= “ ကျနော်တို့ကို အောက်လမ်းဝိဇ္ဇာကြီးတစ်ယောက်က ကျနော်တို့ရဲ့ နာမ်နှစ်ခုကို ချုပ်နှောင်ပြီး ကျားရုပ်တစ်ရုပ်ထဲမှာ ထည့်သွင်းစီရင်ထားပါတယ်။ ကျနော် ဇာတ်လမ်းကို ပြောပြပါမယ် ”
“ယမ်းလျှိုတိအန်ဟောင်းခယူနိုက် မီးတိစယ်ဝိန်းကျောက်မဲ တိအန်ကွန်းအမ်ပေါဖြောင် အမ်ပေါထင်။ တိထိန်လိလုံတိနိုင် မီးဝိုက်မိုက်ဟုန်းလုံဆောင်တွန့်ဆေအမ်ကား မီးဝိုက်ထမ်ယောင်းလုံအန်နိန်။ ယမ်းလျှိုတယ့်ဟူးထမ်လုံနန့်အမ်မီးတန်းခေါင်မန်းယောက်ခ”
= “ အခုခေတ်အခေါ် ကျောက်မဲမြို့နယ်အတွင်းက လူသူအရောက်အပေါက်နည်းတဲ့ ဟိုးတောတွင်း တစ်နေရာက ညောင်ကြပ်ပင်နှစ်ပင်ရှိနေတဲ့ လှိုဏ်ဂူရှည်ကြီး နေရာဟာ ကျနော်တို့နှစ်ယောက်ရဲ့ နေရာပါပဲ။ အခု အချိန်မှာ ဂူပေါက်ပိတ်နေပါပြီ။ ”
“မေပွန့်မာ မေ့ပီပေါင်းဟိန်ပိုင်နန့် တိနိုက် စောဝ်ဟောင်းလယ်စောဝ်နန်းဟောင်းဆေ စောဝ်စိုင်းဟောင်း စီဟောင့်ဝါ့ အဂ္ဂဒီပ ယူဆောင်းလွေဖူစိုင့် ယိင်းစိုင်းတန်းနမ်ခအော။ စောဝ့်ဟောင်းခေါင်ဆောင်စောဝ့်နိုက် မီးတန်းကျချန်ယောက်ကော့ ကျန့်ကမ်ယူလွေ့ပညာလောကီခအော။ မေစောဝ့်စောဝ့်နန့်ဟောင်းခဆောင်ပီနောင့်နိုက်ပိန်ဆေတယ့်တယ့်ခအော။ခနိုက်မီးဆီခမ်းလယ့် စီဟောင့်ဝါ့ဆေခမ်း။ကော့ပိန်နောင့်ခတယ့် မီးဆီငင်းလယ့် စီဟောင့်ဝါ့ဆေငင်းနိုင်ခအော။စောဝ်ဆောင်ပါးယိပ့်တီးပညာလောကီဆေ ဟိတ်ဟိုက်ဟားဆောင်ပီနောင့် ယိန်းပိန်ဆေဖီကွာခအော။ ”
= “ ဇာတ်လမ်းက ဒီလိုပါ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်လောက်က အဲဒီနေရာမှာ သခင်ကြီးရယ်၊ သခင်မကြီးရယ် သားတော်သခင်လေး အဂ္ဂဒီပရယ် အခြံအရံတွေနဲ့ နေခဲ့ကြပါတယ်။ သူတို့ဟာ စွမ်းအားကြီးမားကြပြီး လောကီပညာများကို လေ့လာလိုက်စားခဲ့ကြပါတယ်။ ကျနော်တို့ ညီအစ်ကိုနှစ်ယောက်က တကယ့်ကျားအစစ်တွေပါ။ ကျနော်က ရွှေရောင်အဆင်းရှိလို့ ဆေခမ်း၊ ညီဖြစ်သူက ငွေရောင်အဆင်းရှိလို့ ဆေငင်းလို့ ခေါ်ပါတယ်။ ကျနော်တို့ကို သခင်ကြီးတို့က အစွမ်းတန်ခိုးနဲ့ လုပ်လိုက်တော့ နတ်ကျားတွေ ဖြစ်သွားကြပါတယ်”
“စောဝ့်ဟောင်းလယ့် တန်းစောဝ့်နန်းဟောင်း မေ့ပိုင်ဆိန်ကမ်ဆုမွန်နန့် အောဝ်ခိုးခေါင်ငင်းခမ်းခေါင်ဆေ ဝိုက်ဝိုက်တိနိန်။ယိန်းအန်းတာတေလှူဒါန်း ဘုရားစောဝ့် အရိမေတ္တယျ ဝါ့နိုင်ခအော။ ယောက်ကော့အောဝ်ဟား ဆေဖီဆောင်ပီနောင့် ပိုင့်ခိုးခေါင်ငင်းခမ်း စောဝ့်တန်းဆောင်တော်ထီတိလျှိုခအော။ ဝိုင်းဆေစောဝ့်ဟောင်းဆောင်ပါး ဆိန်ကမ့်ဆုမွန်ကွာယောက် တိအန်ဝိုက်ခိုးခေါင်ငင်းခမ်းနိုက် ဟောင်းဆေဖီဆောင်ပီနောင့်လယ့် တန်းစောဝ်စိုင်းဟောင်းအဂ္ဂဒီပကွေးခအော အန်ဝုအန်ဟန်။ စောဝ့်ဟောင်းလယ့် စောဝ့်နန်းဟောင်းတယ့် ကျန့်ကမ်ပညာလောကီ ဆမထဆေ ပွန့်လွက်တန်းဒုက္ခမိန်းကွန်းဆေ ဟော့ဖြောင်တိမိန်းဆန်ယောက်ခအော ယမ်းလျှို။”
= “ သခင်ကြီးနဲ့ သခင်မကြီးဟာ သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို မသေခင်မှာ ဌာနတစ်ခုမှာ ထားထားပြီး နောင်ပွင့်တော်မူမယ့် အရိမေတ္တေယျဘုရားရှင်အတွက် လှူတန်းဖို့ ကျနော်တို့ နတ်ကျားနှစ်ကောင်ကို စောင့်စေခဲ့ပါတယ်။ ထိုရတနာ ပစ္စည်းများရဲ့ တည်နေရာကို ဖော်ထုတ်နိုင်သူဟာ သုံးယောက်သာ သိပါတယ်။ ကျနော်တို့ ညီအစ်ကို နှစ်ယောက်နဲ့ သခင်လေး အဂ္ဂဒီပပါပဲ။ သခင်ကြီးနဲ့ သခင်မကြီးတို့ကတော့ သမထတွေ ဆက်လက်အားထုတ်ပြီးတော့ ဗြဟ္မာ့ဘုံမှာ ရောက်သွားကြပါတယ်။ ”
ဦးသက်ဦးမှ “ အဂ္ဂဒီပ ဟုတ်လား၊ ဒီနာမည် ကျုပ် ရင်းနှီးနေသလိုပဲ။ အဂ္ဂဒီပ အခု ဘယ်ရောက်နေသလဲ ဆေခမ်း”
“စောဝ့်စိုင်းအွမ်ဟောင်း နိုက်ယမ်းလျှိုပိန် ဆြာလုံဦးသက်ဦးခအော။စောဝ့်စိုင်းဟောင်းခ ဟားဆောင်ပီနောင့် ခိုင့်ပွတ်လွတ်ဒီဘ၀နိုက်ခယောက်။ စွိုက်ခဟောင်းခေါင်ဆေ ဟောင်းခင်းခုအောဝ် ခိုးခေါင်ငင်းခမ်း အန်စောဝ့်ဟောင်းခေါင်ဝိုက်ဝိုက်နန့်ဆေ ဟိတ်ဆန်ကွာပွန်ကွန်းတန်းလိုင်နိုက် ချမ့်ဆေပိန်ယောက်။”
= “ သခင်လေး အဂ္ဂဒီပဆိုတာ ဆရာကြီး ဦးသက်ဦးပါပဲ ။ သခင်လေးခင်ဗျာ ကျနော်တို့ လွတ်မြောက်ချင်ပြီ။ ကျနော်တို့ကို ကူညီရင်းနဲ့ သခင်ကြီးတို့ ထားရစ်ခဲ့တဲ့ ရတနာတွေကို တူးဖော်ပြီး အများအကျိုးကို လုပ်ဆောင်ကြရအောင်လေ ”
“ အင်း၊ အံ့သြစရာ လောကသံသရာပါလား၊ ကျုပ် အိပ်မက်မက်ဖူးပါတယ်။ အခု ဆေခမ်း ပြောတာနဲ့ တိုက်ဆိုင်ကြည့်လိုက်တော့ ကျုပ်ဟာ အဂ္ဂဒီပပဲ ။ ဟုတ်ပါတယ်။ ဘယ်မှာ တူးရမှာလဲ ဂူရှည်ကြီးမှာလား ”
“ ခအမ်ပိုင်ခိုက်လတ်တိအန်ခိုးခေါင်ငင်းခမ်းမီးခ။ ယမ်းလျှိုဟောင်းခတိမီး ဖူ့ချိန်ယူခအော။ ဆန်အမ်မီးဖေးချိန်ဆန်ယောက်တဲ့ ဟောင်းပီနောင့်ဆောင်ကော့လယ့် တန်းစောဝ့်စိုင်းဟောင်း စွမ်ကိုက်အုကွန်ကန် ထိတ်ဟိတ်းစိန့်ဟီနိုင် ”
= “ ရတနာတွေ ရှိနေတဲ့ နေရာကို ကျနော် မပြောပါရစေနဲ့ဦး၊ ရန်သူရှိနေပါတယ်။ အဲဒီရန်သူရဲ့ ဘေးက လွတ်ကင်းသွားမှသာ သုံးဦးစုံညီ အဖြေထုတ်ရမှာ ဖြစ်ပါတယ်။ ” “ ဇာတ်လမ်းကို ဆက်ပြောပါဦး ဆေခမ်း ”
“စောဝ့်စိုင်းဟောင်း ဟောင့်ခပေါင့်မေအွမ်တန်းအိနိန်ခလယ့် ဟောင့်ခဝါ့ လုစိုင်းလုံနိုင်ခလယ့် ခါ့ခိုင်ညင်းတယ့်တယ့်ခအော ”
= “ ကျနော့်ကို ဟိုအရင်တုန်းကလိုပဲ သားလို့ ခေါ်ပါလား သခင်လေး ”
“ အေးပါ သားရယ် ”
“ဟောင်းခဆောင်ပီနောင့် ပိုင့်ခိုးခေါင်ငင်းခမ်းစောဝ့်ဟောင်းခေါင်မား မေ့ဖြောင်မားပီပေါင်း နိန်ပဂ့်နန့် လိုက်မားထုပ်ညား မော်ဖီလုံအန်ဟောင့်စီ၀ ဆေနကဆေ ဝိုင်းလင်းမားတယ့်....... ”
= “ ကျနော်တို့ ညီအစ်ကိုနှစ်ယောက်ဟာ အဲဒီရတနာသိုက်ကို စောင့်ရှောက်နေရင်းက လွန်ခဲ့တဲ့ အနှစ် ၁၀၀ လောက် အရောက်မှာတော့ ( သေနက ) ဆိုတဲ့ အောက်လမ်းဝိဇ္ဇာတစ်ယောက်နဲ့ တွေ့ပြီးတဲ့ နောက်မှာ ……… ”
…………………………………………………………………………………………………….
သစ်တောအုပ်အုပ် စိမ်းယှက်ဖြာသော တောတွင်းတစ်နေရာတွင် ညောင်ကြပ်ပင်ကြီးနှစ်ပင် ရှိလေသည်။ ထိုညောင်ကြပ်ပင်ကြီးနှစ်ပင်သည် မြေကြီးပေါ်တွင် ပေါက်နေခြင်းမဟုတ်ပဲ တောင်ခါးပန်းကို ထိုးဖောက်၍ ကုတ်တွယ်တက်နေခြင်းပင် ဖြစ်လေသည်။ ထိုအပင်နှစ်ပင်၏ အောက်တွင်ကား ဝါးလုံးတစ်လုံး၏ အရှည်ခန့် ကျယ်ပြောမြင့်မားသော ဂူပေါက်ဝကြီးတစ်ခု ရှိလေသည်။
ထိုဂူပေါက်ဝ၏ အထက်ရှိ ကျောက်ဖျာပေါ်တွင် ရွှေရောင်အဆင်းရှိသော ကျားကြီးတစ်ကောင်နှင့် ငွေရောင်အဆင်းရှိသော ကျားကြီးတစ်ကောင်သည် နေပူစာလှုံနေသကဲသို့ ရှိနေကြလေ၏။ အမှန်တကယ်အားဖြင့် သာမာန်လူတစ်ယောက်သည် ထိုနေရာသို့ မျက်စေ့လည်လမ်းမှား၍ ရောက်သွားခဲ့သော် ထိုဂူပေါက်ဝကိုလည်း မြင်ရမည် မဟုတ်ချေ။ ထို့အတူ ကျောက်ဖျာပေါ်တွင်ရှိနေကြသော ရွှေကျားနှင့် ငွေကျားကိုလည်း မြင်ရလိမ့်မည်မဟုတ်ပါချေ။ ထိုအချိန်တွင် အနက်ရောင်အဝတ်အစား ဝတ်ဆင်ထားသော အသက် ၅၀ ကျော်အရွယ်ရှိ လူတစ်ယောက်သည် ထိုနေရာသို့ ရောက်ရှိလာလေသည်။
ထိုသူ၏ အမည်ကား သေနကမည်၏။ သေနကသည် အောက်လမ်းဆရာတစ်ယောက်ဖြစ်၏။ သူသည် အောက်လမ်းမီးထုံအောင်ထားသူ ဖြစ်၏။ ထိုနေရာသို့ သူသည် စရဏကျင့်ကြံရန်အလို့ငှာ လာရောက်ခဲ့ခြင်းဖြစ်လေသည်။ အလုပ်လုပ်၍ ကောင်းမည့်နေရာကို သူ၏ ပညာမျက်လုံးဖြင့် ကြည့်လိုက်သော် ဂူကြီးတစ်ဂူကိုမြင်၏။ ထိုဂူကြီးသည် ကြီးမားရှည်လျား၍ ဆေခမ်းနှင့် ဆေငင်းတို့ နေထိုင်ရာ ညောင်ကြပ်ပင်ကြီးနှစ်ပင်၏ အောက်ခြေရှိ ထမ်ယောင်းလုံ ဂူကြီးပင်ဖြစ်လေသည်။
သေနကသည် ဂူထဲသို့ ဝင်မည်အပြု ဂူအတွင်းမှ မီးလုံးကြီးများ ထွက်လာပြီး ဂူထဲမှ လေပြင်းများတိုက်ခတ်လာလေသည်။ “ ဟားဟားဟားဟား ငါလို မီးထုံအောင်ထားတဲ့သူ တစ်ယောက်ကို မီးလုံးလေပွေလောက်ကတော့ အပျော့ပေါ့ကွာ ” ဟုဆိုကာ မီးလုံးကြီးထဲသို့ အေးဆေးစွာ ဖြတ်လျှောက်သွားလေတော့သည်။ မီးလုံးလေပွေကြီးသည် ဂူထဲတွင် လိမ့်ကာ လိမ့်ကာဖြင့် လောင်ကျွမ်းနေသော်လည်း သေနကမှ လက်ဝှေ့ယမ်းလိုက်သည်နှင့် အကုန်ပျောက်ကုန်ကြလေသည်။ ထိုစဉ် ဂူပေါက်ဝတွင် ဆေခမ်းနှင့် ဆေငင်းတို့ နတ်ကျားနှစ်ကောင်သည် ရောက်ရှိလာကြလေသည်။
“ အူး ဝေါင်း ဝေါင်း ”
သေနကသည် နောက်သို့လှည့်ကြည့်လိုက်ပြီး ကောက်ကျစ်စွာ ပြုံးလိုက်လေသည်။ “ ဟားဟားဟား သိုက်စောင့်တဲ့ နတ်ကျားနှစ်ကောင်ပါလားကွ ။ မင်းတို့ အစွမ်းလောက်နဲ့ တက်မလာနဲ့လေ။ အတော်ပဲဟေ့ ငါလည်း အသပြာလိုနေတာနဲ့။ ဟောဒီမှာ ခြင်္သေ့နှစ်ကောင် ” ဟု သေနကမှ ဆိုလိုက်ရာ သေနက၏ ဘေးဝဲယာမှ ခြင်္သေ့ကြီးနှစ်ကောင် ပေါ်လာ၍ ရွှေကျားနှင့် ငွေကျားကို တိုက်ခိုက်ကြလေ၏။ သေနကသည် ဂူထဲသို့ ဆက်လက်ဝင်ရောက်သွားလေတော့သည်။
ဆေခမ်းနှင့် ဆေငင်းတို့သည် နတ်ကျားများဖြစ်၍ သေနက ဖန်ဆင်းသော ခြင်္သေ့နှစ်ကောင်ထက် အစွမ်းသာလွန်၍ ခဏအကြာတွင် ခြင်္သေ့နှစ်ကောင်သည် သေဆုံးပျောက်ကွယ်သွားတော့သည်။ ထိုအရာကို သေနက သိသော်လည်း အလေးဂရုမပြုပဲ ဂူအတွင်းတစ်နေရာတွင် တင်ပလင်ခွေ၍ သူ၏ ပြုဖွယ်ကိစ္စများကို ကျင့်ကြံဆောင်ရွက်လေသည်။ ဆေခမ်းနှင့် ဆေငင်းသည် ထိုနေရာမှနေ၍ အတွင်းသို့ ဝင်ရောက်ရန် မစွမ်းသာတော့ချေ။ သို့နှင့်ဂူပြင်သို့ ပြန်လည် ထွက်ခွာသွားရလေသည်။ သို့နှင့် သေနက အဓိဌာန်ဝင်သည်မှာ လေးဆယ့်ငါးရက်ပြည့်မြောက်သော် သေနကသည် ထိုဂူထဲမှ မြေကြီးအနည်းငယ် ဆေးမှုန့်အချို့တို့ကို ရေနှင့်ရောစပ်ကာ အရုပ်တစ်ခုကို ပြုလုပ်လေသည်။ ထို့နောက် ထိုအရုပ်ကို မီးဖုတ်သော် အုတ်ခဲလို မာကျောသော အရုပ်ကို ရရှိလေသည်။ ထိုအရုပ်သည် ကျားရုပ်တစ်ရုပ် ဖြစ်လေသည်။ အရွယ်မှာကား သေးသေးသွယ်သွယ်ဖြင့် လက်တစ်ဆစ်သာသာခန့် ရှိလေသည်။
ထို့နောက် ထိုအရုပ်ကို ဂူပေါက်ဝတွင် ဂူအတွင်းသို့ လှည့်နေသော အနေအထားဖြင့် ချထားလေသည်။ အမှန်တကယ်တော့ သေနကသည် ဂူပေါက်ဝတွင် ရှိနေသာ ဆေခမ်းနှင့် ဆေငင်းတို့၏ ခြေရာများပေါ်တွင် ကျားရုပ်ကလေးကို တင်ထားခြင်းဖြစ်လေသည်။ ခဏအကြာတွင် ကျားရုပ်ကလေး၏ နောက်တွင် ဆေခမ်းနှင့် ဆေငင်းတို့ညီနောင် ကျားနှစ်ကောင်သည် ဝပ်ဆင်းရလေတော့၏။ သေနကသည် ဂူဝသို့ ထွက်လာပြီး “ ဟေ့ကောင်တွေ မင်းတို့ကို ငါပိုင်ပြီကွ။ ကဲ မင်းတို့ စောင့်နေတဲ့ ရတနာပစ္စည်းတွေ ငါ့ကို အပ်ပေတော့ ” “ အူး ဝေါင်း ဝေါင်း ဂရား ” ကျားညီနောင်သည် လုံးဝလက်မခံသည့်နှယ် လည်တိုင်ကို ဗယ်ညာဆန့်၍ ဟိန်းဟောက် ငြင်းဆန်ကြလေသည်။ ထိုအခါ သေနကသည် အိတ်ထဲမှ ဆေးမှုန့်များ ထုတ်ယူပြီး နတ်ကျားညီနောင်ကို ဆေးမှုန့်များဖြင့် မှုတ်သွင်းလေသည်။
ကျားညီနောင်သည် မကြာခင်အချိန်အတွင်း အိပ်ပျော်သွားကြလေသည်။
ထိုအခါ သေနကသည် ဆေခမ်းနှင့် ဆေငင်းတို့၏ အမွှေးအမျှင်အချို့ကို နှုတ်ယူ၍ သူဖန်ဆင်းထားသော ကျားရုပ်ကလေးတွင် ကော်တမျိုးဖြင့် ကပ်ထားလိုက်တော့သည်။ သေနကသည် နတ်ကျားနှစ်ကောင်ကို အိပ်ငွေ့ချ၍ သူသိလိုသည်များကို မနောဖြင့် မေးမြန်းလေတော့သည်။ နတ်ကျားနှစ်ကောင်မှ ဖြေသောအဖြေသည်ကား သူလိုချင်သော အဖြေမဟုတ်ချေ။ နတ်ကျားနှစ်ကောင်ကို သတ်ပစ်လျှင်တောင်မှ ထိုရတနာများကို ရလိမ့်မည်မဟုတ်ချေ။ ရတနာပစ္စည်းများ ရယူလိုပါက ထိုကျားနှစ်ကောင်အပြင် နောက်တစ်ယောက်ကိုပါ တွေ့မှ သုံးဦးစုံညီဖြစ်မှ ရှိသည့် နေရာကို သိရမည်။
ရတနာပစ္စည်းများ ရှိသောနေရာကိုလည်း သေနက၏ အမြင်အစွမ်းဖြင့် မသိနိုင်ချေ။ ထိုသို့ မသိနိုင်အောင်ပင် ဆေခမ်းနှင့် ဆေငင်းတို့၏ အရှင်သခင်များက စီမံဆောင်ရွက်ခဲ့ကြပေ၏။ သို့သော်ငြား သေနကသည် လက်မလျှော့ပဲ ဆေခမ်းနှင့် ဆေငင်းတို့ နတ်ကျားနှစ်ကောင်၏ နာမ်ကို ကျားရုပ်ကလေးတွင် ချုပ်၍ သူ၏ နာမ်စိတ်ကိုပါ ထည့်သွင်းထားခဲ့လေ၏။ ထိုသို့ ချုပ်နှောင်ထားသောကြောင့် သေနကမှ ဆန္ဒရှိလိုက်လျှင် နတ်ကျားနှစ်ကောင်မှာ သေနကဆီသို့ ရောက်လာရသည်ချည်း ဖြစ်လေသည်။ သို့နှင့် ဆယ်နှစ်ခန့် ကြာခဲ့သော် သေနကသည်လည်း အသက် ၆၀ သို့တိုင်လေပြီ။ ထိုအတောအတွင်း ရတနာများကို ရရှိနိုင်သော နည်းမျိုးစုံဖြင့် သေနက ကျိုးစားကြံစည်ပါသော်လည်း အချည်းနှီးပင် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုရတနာများကို တူးဖော်ဖို့ မပြောနှင့် နေရာကိုပင် သေနက၏ အကြားအမြင်က မသိနိုင်ချေ။ နတ်ကျားနှစ်ကောင်မှလည်း အသေသာခံမည်။ လုံးဝမပြော။ ထိုနတ်ကျားနှစ်ကောင်မှ ပြောခဲ့လျှင်လည်း နောက်တစ်ဦးလိုနေသေး၍ မည်သို့မှ ဖော်ထုတ်နိုင်မည်မဟုတ်ချေ။
သေနကသည် မူလကတော့ ရတနာများကို လိုချင်ခဲ့လေသည်။ ယခုမူ သေနက လိုချင်သည်ကား ရတနာများမဟုတ်တော့ချေ။ သူ၏ အမြင်အာရုံတွင်ကား ရတနာပစ္စည်းများနှင့် ရွှေပရပိုဒ် ငွေပရပိုဒ်တို့ကို မြင်ရ၏။ ယခု သူအဓိကလိုချင်သည်ကား ရတနာပစ္စည်းများနှင့် အတူရှိနေသော ရွှေပရပိုဒ်နှင့် ငွေပုရပိုဒ်သာ ဖြစ်တော့သည်။ သူ၏ အသက်အရွယ်နှင့် ချိန်ထိုးလျှင် ရတနာပစ္စည်းများ ရခဲ့ပါကလည်း သုံးနိုင်သည့် အရွယ်လည်း မဟုတ်တော့။ ထိုပရပိုဒ်နှစ်ခုတွင် အစွမ်းထက်သော လောကီပညာရပ်များနှင့် ထွက်ရပ်ပေါက်ပညာများကို ထည့်သွင်းရေးသားထားသည်ဟုလည်း သိရ၏။ သို့သော် ဘာတွေ ရေးသားထားသည်ကိုတော့ မြင်နိုင်စွမ်းမရှိချေ။ အဆိုးဆုံးသည်ကား ထိုအရာများ မည်သည့်နေရာတွင် ရှိနေသည်ကို မသိရခြင်းပင်ဖြစ်သည်။
တစ်ရက်တွင် နတ်ကျားနှစ်ကောင်အတွက် ကံကြမ္မာအလှည့်အပြောင်း ဖြစ်လာခဲ့လေသည်။ အညိုရောင် ဝတ်ဆင်ထားသော အသက် ၇၀ ဝန်းကျင်ခန့်အရွယ်ရှိသော ရသေ့ကြီးတစ်ပါးသည် နတ်ကျားနှစ်ကောင်ရှိနေသော တောအုပ်အတွင်းသို့ တရားအားထုတ်ရန် အလို့ငှာ ရောက်ရှိလာလေသည်။ ထိုပုဂ္ဂိုလ်ကြီး၏ အမည်ကား ဦးဓမ္မသိဒ္ဓိဟုတွင်၏။ သူသည် သူ၏သမထတန်ခိုးဖြင့် ကြည့်လတ်သော် အချုပ်အနှောင်ခံနေရသော နတ်ကျားနှစ်ကောင်ကို မြင်လေ၏။ ထို့အတူ သေနကဟုသော အောက်လမ်းဆရာကြီးနှင့်တကွ သူ၏အစွမ်းကိုလည်း သိမြင်ခဲ့ပါပေ၏။
သေနက၏ အစွမ်းသည် သူ၏အစွမ်းနှင့် တန်းတူရည်တူလောက် ရှိမည်ဟုလည်း ခန့်မှန်းသိခဲ့ရလေသည်။ ထို့ကြောင့် ရသေ့ကြီးသည် သေနက ရှိနေသော တောင်တွင် မနေပဲ ထိုနားရှိ ထမ်ဆလန်းတောင်တွင်သာ သီတင်းသုံးလေ၏။ လက်ရှိသူ၏ သမထအစွမ်းမှာ သေနက၏ အစွမ်းနှင့် တန်းတူလောက်ဖြစ်နေသေး၍ မိမိ၏အစွမ်းတန်ခိုး မြှင့်တင်ပြီးခါမှ ထိုနတ်ကျားနှစ်ကောင်ကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ရသေ့ကြီး ကောင်းစွာသိသောကြောင့် စရဏကိုသာ တိုး၍ လုပ်ခဲ့လေသည်။ သို့နှင့် ကိုးလတင်းတင်းပြည့်သော် ရသေ့ကြီးဓမ္မသိဒ္ဓိသည် ကိုယ်ဖျောက်အတတ်နှင့် အခြားအစွမ်းများကို ရရှိပြီးသကာလ ထမ်ယောင်းလုံဂူသို့ ကြွသွားလေတော့သည်။
“ ဟေ့ ဂူအပြင်က ဘယ်သူလဲကွ ” ((( ဟင် ငါ ကိုယ်ဖျောက်လာတာကို သေနက သိနေပါရောလား ))) ရသေ့ကြီး တွေးတောနေခြင်းတည်း။ “ လူကို မမြင်ရပေမယ့် အနံ့ရနေတယ်ကွ။ ပြောစမ်း။ မပြောလို့ကတော့ အသေသတ်ပစ်မယ်။ ဟိုဖက်တောင်က ရသေ့ကြောင်ကြီးမလား။ ဘာလာရှုပ်တာတုန်း ” “ ဒကာ ဒေါသမကြီးပါနဲ့လေ၊ စိတ်ကို အေးအေးထားမှပေါ့ ” “ ဒီမယ် ရသေ့ကြီး ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ ကျုပ်ကိစ္စကို လာမရှုပ်နဲ့။ မဟုတ်လို့ကတော့ ကျုပ်အဆိုးမဆိုနဲ့၊ ရသေ့ဖြစ်လည်း ကျုပ်က သတ်မှာပဲ ”
“ ဒကာ့မှာ လူတစ်ယောက်ကို သတ်နိုင်တဲ့ အစွမ်းတွေ ရှိတာ ကျုပ်သိပါတယ်။ ဒါပေမယ့် ဒကာက ဒီအတတ်တွေ တတ်ပေမယ့် လူမသတ်ခဲ့ဖူးပါဘူး။ ကျုပ်သိတယ်။ ကျုပ်ကိုလည်း ဒကာ မသတ်နိုင်ပါဘူး။ ကျုပ်ပြောစရာရှိလို့ လာတာပါ ” “ ကိုယ့်ကိုကို အထင်ကြီးလှချည်လား၊ ကိုင်း ဘာပြောချင်တာတုန်း ” “ ဒကာ့ဆီက ကျုပ်အလှူခံစရာလေး ရှိလို့ပါ ” “ ဘာလဲ နတ်ကျားနှစ်ကောင်လား ” “ ဒကာက သိသားပဲ၊ ဟုတ်ပါတယ်။ သူတို့ အသက်ကို ကျုပ်အလှူခံပါရစေ ”
“ ဟား ဟား ဟား ဟား ကျုပ်က သူတို့ကို မသတ်ပါဘူးဗျ၊ သူတို့ကို သတ်လိုက်ရင် ကျုပ်လောက် မိုက်တာ ရှိပါ့မလား၊ သူတို့ကို သတ်လိုက်ရင် ကျုပ်လိုချင်တာ ဘယ်လိုလုပ်ရတော့မလဲ ” “ ဒကာလိုချင်တဲ့အရာနဲ့ အလားတူ အကျိုးရှိတဲ့ နည်းတွေကိုတော့ ကျုပ်ပေးနိုင်ပါတယ်။ ကျုပ်ကို နတ်ကျားနှစ်ကောင်ရဲ့ အသက်နဲ့ ခန္ဓာ လှူရင် ပြောပြမယ် ” “ ဒီမယ် ရသေ့စုတ်၊ လာရာလမ်းကိုသာ ပြန်မြန်းပေတော့၊ ကိုယ်စွမ်းရင် ကိုယ့်ဖာသာ ယူ၊ ကျုပ်ကို ရွှေပြည်အေးတရားလာဟောမနေနဲ့ ”
“ ကောင်းပြီလေ ကျုပ်တို့လို ပုဂ္ဂိုလ်မျိုးဆိုတာ အခွင့်ရပြီးမှ လုပ်လို့ပိုကောင်းတာကလား၊ ဒကာက ကိုယ်စွမ်းရင် ကိုယ့်ဖာသာယူလို့ ခွင့်ပေးပြီးပြီဆိုတော့ ကျုပ်လုပ်ရမယ့်အပိုင်း ကျုပ်လုပ်ခွင့် ပိုရှိသွားပြီ ။ ကဲ ဆေခမ်း ဆေငင်း လိုက်ခဲ့ပေတော့ ” ဟုဆိုလိုက်ရာ သေနကဘေးတွင် ရှိနေသော သိုက်စောင့်နတ်ကျားနှစ်ကောင်သည် လေ၏ လျှင်မြန်ခြင်းကဲ့သို့ ထ၍ လိုက်သွားလေသည်။
သေနကသည် ရုတ်တရက်ချက်ချင်း လက်ကို ဖြန့်လိုက်သော် အရာတစ်ခုသည် သူ၏ လက်ဝါးပြင်တွင် ပေါ်လာလေသည်။ ပေါ်လျှင်ပေါ်ခြင်း ကျားနှစ်ကောင်ထံသို့ ပစ်လိုက်လေသည်။ ထိုအရာသည်ကား ဝါးဖြင့်ပြုလုပ်ထားသော ပေါက်မျှားလေးတစ်ချောင်း ဖြစ်လေသည်။
သိုက်စောင့်နတ်ကျား အပိုင်း ( ၃ ) ဆက်ရန်