25/04/2026
နှစ်စဉ်ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်းက ရောဂါကြီးတွေမဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်သလို ရောဂါအစပျိုးတာကို စောစောသိရတဲ့အတွက် အချိန်မီ ထိထိရောက်ရောက် ကုသနိုင်ပါတယ်။ ရောဂါဖြစ်နိုင်ခြေရှိမှန်း သိတာနဲ့ စားသောက်နေထိုင်ပုံ ပြောင်းတာ (သို့) ကာကွယ်ဆေးထိုးတာမျိုးတွေလုပ်ပြီး ရောဂါမဖြစ်အောင် ကြိုတင်တားဆီးနိုင်ပါတယ်။
ရောဂါကို စောစောစီးစီး သိရှိရတဲ့အတွက် ပြန်လည်ပျောက်ကင်းဖို့ အခွင့်အလမ်း ပိုများတဲ့အပြင် ကုသစရိတ်ကိုလည်း အများကြီး သက်သာစေပါတယ်။ တကယ်လို့ ရောဂါကျွမ်းမှ ဆေးရုံတက်ကုသရတဲ့ ကုန်ကျမယ့်စရိတ်ထက် ပုံမှန်ကျန်းမာရေးစစ်ဆေးရတဲ့စရိတ်က ပိုသက်သာလို့ ငွေကုန်ကျများတာကိုလည်း လျော့နည်းစေပါတယ်။
🌟နှစ်စဉ်ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းရဲ့ အကျိုးကျေးဇူးများ🌟
✅ဖြစ်ပွါးနိုင်တဲ့ ရောဂါများကို ကြိုတင်သိရှိနိုင်ခြင်း
✅ရောဂါမရင့်လာအောင် အချိန်မီ တားဆီးနိုင်ခြင်း
✅ကုသမှုကုန်ကျစရိတ်များ သက်သာနိုင်ခြင်း
✅မိမိကျန်းမာရေးကို နှစ်စဉ် ပုံမှန်စောင့်ကြည့်နိုင်ခြင်း
✅ကျန်းမာသော လူနေမှုဘဝကို ရရှိနိုင်ခြင်း
“ကျန်းမာခြင်းသည် လာဘ်တစ်ပါး”လို့ ဆိုရိုးရှိတဲ့အတိုင်း မြန်မာနှစ်သစ်ကူးအခါသမယမှာ CBL Medical Centreရဲ့ Health Screening Packageကို မိမိနှင့် မိမိချစ်ခင်ရသော မိသားစုဝင်၊ ဆွေမျိုးများအတွက် စစ်ဆေးခြင်းဖြင့် ကျန်းမာခြင်းသုခ လက်ဆောင်များအဖြစ် နှစ်သစ်ဂါရဝပြုနိုင်ပါပြီ။
အထူး Promotion အစီအစဉ်အနေနဲ့ Health Screening Package (ဈေးနှုန်း 395,000 ကျပ်)ကို Buy 1 Get 1 စစ်ဆေးနိုင်မှာဖြစ်ပြီး Promotionကာလကတော့ ဧပြီလ ၁ရက်နေ့မှ မေလ ၃၁ရက်နေ့အထိ ဖြစ်ပါတယ်။
ကျန်းမာရေးစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ဖြစ်ပွါးနေသော (သို့) ဖြစ်ပွါးနိုင်ချေရှိသည့် ရောဂါအခြေအနေများအား သိရှိနိုင်သည့်အတွက် ရောဂါများကို အချိန်မီသိရှိပြီး ကြိုတင်ကာကွယ် ကုသပျောက်ကင်းနိုင်ပါတယ်။ CBL Medical Centreရဲ့ အထူးပရိုမိုးရှင်း Health Screening Packageကို စစ်ဆေးနိုင်ရန်အတွက် အောက်ပါလိပ်စာများနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်းရယူနိုင်ပါတယ်။
CBL Medical Centre (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664
CBL Medical Centre (Mandalay)
Unit (5), Block (3), မင်္ဂလာမန္တလေးအိမ်ရာ၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
02 2000 107, 09 9706 57777