CBL Medical Centre

CBL Medical Centre CBL Medical Centre for Healthier Life

🚨 သားအိမ်ခေါင်းကင်ဆာသည် ရုတ်တရက်ဖြစ်လာတာ မဟုတ်ပါသားအိမ်ခေါင်းကင်ဆာဆိုတာ ရုတ်ခြည်းထမဖြစ်တတ်ပါဘူး။ နှစ်အတန်ကြာ ရောဂါလက္ခဏာ...
27/01/2026

🚨 သားအိမ်ခေါင်းကင်ဆာသည် ရုတ်တရက်ဖြစ်လာတာ မဟုတ်ပါ

သားအိမ်ခေါင်းကင်ဆာဆိုတာ ရုတ်ခြည်းထမဖြစ်တတ်ပါဘူး။ နှစ်အတန်ကြာ ရောဂါလက္ခဏာမပြဘဲ တဖြည်းဖြည်းချင်း ဖြစ်နေတတ်ပါတယ်။ They develop over years — often without symptoms.
American Cancer Society အဆိုအရ ကင်ဆာဖြစ်နိုင်ခြေများသောအခြေအနေတွေကတော့
🔹 လိင်အင်္ဂါကြွက်နို့ပိုး ကူးစက်ခံရတာ
🔹 လိင်ဆက်ဆံတဲ့အသက်အရွယ်စောတာ၊ ဆက်ဆံဖော်များတာ
🔹 ကိုယ်ခံအားနည်းတာ
🔹 ဆေးလိပ်သောက်တာ
🔹 နှစ်အကြာကြီး ကိုယ်ဝန်တားဆေးသောက်တာ
🔹 ပုံမှန် သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှု မပြုလုပ်တာ
⚠️ ပြဿနာတစ်ခုက ရောဂါဖြစ်နေပေမယ့် ရောဂါလက္ခဏာမပေါ်ခင်အထိ အမျိုးသမီးအများစုက ကိုယ့်ကိုကိုယ် ကျန်းမာနေတယ်လို့ပဲ ထင်နေကြတာပါပဲ
သတင်းကောင်းတစ်ခုကတော့ သားအိမ်ခေါင်းကင်ဆာဟာ ကာကွယ်နိုင်တဲ့ ကင်ဆာအမျိုးအစားထဲမှာ ပါဝင်နေတာပါပဲ
✅ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးခြင်း
✅ သားအိမ်ခေါင်းကင်ဆာအတွက် စစ်ဆေးမှုများ ပုံမှန်လုပ်ခြင်း
✅ စောလျှင်စွာသိရှိခြင်း

စောလျှင်စွာ သိရှိရင် ပျောက်ကင်းအောင်ကုသနိုင်ခြေအများဆုံးဖြစ်ပါတယ်

💬 ဒါကြောင့်
ရောဂါလက္ခဏာပြမှ စစ်ဆေးမှုတွေ စလုပ်မယ့်အစား
ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေကို လုပ်သွားပါ။

မိမိချစ်ရတဲ့သူတွေကိုလည်း ကျန်းမာရေးပုံမှန်စစ်ဆေးဖို့ တိုက်တွန်းခြင်းဖြင့် ဂရုစိုက်ကြောင်း ပြသနိုင်ပါတယ်။

📚 Reference: American Cancer Society

👩🏻‍⚕️ဆရာဝန်နဲ့ follow up appointmentတွေကို ဘာလို့မပျက်မကွက် ပြန်ပြသင့်တာလဲ👨🏻‍⚕️       လူနာအများစုက ကုသမှုခံယူပြီး နေပြန်...
24/01/2026

👩🏻‍⚕️ဆရာဝန်နဲ့ follow up appointmentတွေကို ဘာလို့မပျက်မကွက် ပြန်ပြသင့်တာလဲ👨🏻‍⚕️
လူနာအများစုက ကုသမှုခံယူပြီး နေပြန်ကောင်းလာတဲ့အခါ ကုသရေးခရီးစဉ် ပြီးဆုံးပြီလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ရောဂါသက်သာရုံနဲ့ ကုသမှုကို ရပ်တန့်ထားလို့ မရပါဘူး။ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုရဖို့အတွက် Follow-up appointment တွေက အောက်ပါအချက်တွေကြောင့် မဖြစ်မနေ လိုအပ်ပါတယ်။
✅ ဥပမာအားဖြင့် သွေးတိုးနဲ့ဆီးချိုတို့လို နာတာရှည်ရောဂါတွေမှာ ထင်ရှားတဲ့လက္ခဏာမပြဘဲ ရောဂါအခြေအနေပြောင်းလဲလာတတ်လို့ Follow-upမှာ သွေးပေါင်ချိန်၊ သွေးချိုဓာတ်ကို စစ်ဆေးပြီး ကုသမှု ထိရောက်မှုရှိ၊မရှိ အကဲဖြတ်နိုင်ပြီး ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နိုင်ပါတယ်။
✅ Follow-up ပုံမှန်ပြသခြင်းက နာတာရှည်ရောဂါတွေရဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ မျက်စိနှင့် အာရုံကြောဆိုင်ရာ ရောဂါပြဿနာတွေကို အစောဆုံး တွေ့ရှိနိုင်လို့ နောက်ဆက်တွဲရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
✅ ရောဂါအခြေအနေအလိုက် လိုအပ်တဲ့ ဆေးပမာဏ၊ စားသုံးသင့်သော အစားအစာများ၊ ပြုလုပ်နိုင်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေကို Follow-upပေါ်မူတည်ပြီး ပြန်လည်ညှိနှိုင်းဖို့ လုပ်ဆောင်နိုင်ပါတယ်။
✅ မိမိရဲ့လက်ရှိရောဂါအခြေအနေ၊ သောက်သုံးရတဲ့ ဆေးများရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ သွေးချို (သို့) သွေးပေါင် အတက်အကျတွေ၊ နောက်ဆက်တွဲရောဂါလက္ခဏာတွေကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမေးမြန်းနိုင်ပါတယ်။
✅ Follow-up appointmentတွေကို မပျက်မကွက်ပြသခြင်းက ဆရာဝန်အပေါ် ယုံကြည်မှုတိုးစေပြီး ဆရာဝန်နဲ့လူနာ ဆက်ဆံရေးကို တိုးတက်စေကာ ရေရှည်မှာ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးကို ရရှိစေပါတယ်။
ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးဟာ ဆရာဝန်နဲ့လူနာ ပူးပေါင်းဆောင်ရွက်မှသာ ရရှိနိုင်တာမို့ စဉ်ဆက်မပြတ် စောင့်ရှောက်မှုလိုအပ်တဲ့ သင့်ကျန်းမာရေးအတွက် follow up appointmentတွေကို မပျက်မကွက် ပြသဖို့ အကြံပေးပါရစေ။
CBL Medical Centreများရှိ ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးကုသရန်အတွက် ကြိုတင်ရက်ချိန်းရယူလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ရက်ချိန်းရယူနိုင်ပါတယ်။

CBL Medical Centre (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊
စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊
ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664

CBL Medical Centre (မန္တလေး)
Unit (5), Block 3, မင်္ဂလာမန္တလေးအိမ်ရာ၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09 9706 56666, 09 9706 57777




ကင်ဆာရောဂါများနှင့် ပတ်သက်ပြီး တိကျသော ရောဂါရှာဖွေမှုများ၊ စစ်ဆေးစမ်းသပ်မှုများနှင့် ထိရောက်သော ဆေးသွင်းကုသမှုများ ပြုလု...
22/01/2026

ကင်ဆာရောဂါများနှင့် ပတ်သက်ပြီး တိကျသော ရောဂါရှာဖွေမှုများ၊ စစ်ဆေးစမ်းသပ်မှုများနှင့် ထိရောက်သော ဆေးသွင်းကုသမှုများ ပြုလုပ်လိုပါက CBL Medical Centre (ရန်ကုန်)တွင် ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးပြသနိုင်ပါပြီ။

🌟ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီးများ
👩‍⚕️ဒေါက်တာရွှေစင်ဝင်း
M.B.,B.S, M.Med.Sc (Medical Oncology), MRCP (UK), Fellowship in Medical Oncology (Singapore)

👨‍⚕️ဒေါက်တာဟိန်းတေဇာစိုး
M.B.,B.S, M.Med.Sc (Medical Oncology), Dip.Med.Ed, Fellowship in Palliative Medicine (Singapore)

👩‍⚕️ဒေါက်တာလင်းလင်းကြည်
M.B.,B.S, M.Med.Sc (Radiation Oncology)

တိုင်ပင်ဆွေးနွေးပြသရန်အတွက် ကြိုတင်ရက်ချိန်းရယူလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ရက်ချိန်းရယူနိုင်ပါတယ်။

CBL Medical Centre (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664



Repost: 📢 WE ARE HIRING: MEDICAL OFFICER (2) postsWe are recruiting for our Oncology Clinic and inviting Medical Officer...
21/01/2026

Repost:
📢 WE ARE HIRING: MEDICAL OFFICER (2) posts
We are recruiting for our Oncology Clinic and inviting Medical Officers to join our Specialist OPD and Chemotherapy Services team.

Role Overview
You will support Consultant Oncologists and specialist in OPD, coordinate patient care using EMR, and supervise chemotherapy delivery to ensure safe, high-quality cancer care.

Key Responsibilities
• Assist Consultant Oncologists or Specialist in Specialist OPD
• Perform patient assessment and documentation in EMR
• Review labs and prepare patients for chemotherapy
• Supervise chemotherapy administration and manage infusion reactions
• Coordinate with nursing, pharmacy, and laboratory teams
• Provide patient counselling on treatment and safety

Requirements
• MBBS degree
• Full medical registration
• Experience in oncology or internal medicine preferred
• Comfortable using EMR systems
• Strong communication and teamwork skills
We Offer
• Structured training and onboarding program
• Exposure to modern oncology care and chemotherapy services
• Professional growth in a multidisciplinary team

How to Apply
Send your CV to: office@cbl.com.mm
Application deadline: 31 Jan 2026

📍 Location: Unit (5), Block (3), Mingalar Mandalay Estate, Near New Ocean, Chan Mya Tharsi Township, Mandalay



📢 WE ARE HIRING: MEDICAL OFFICER We are recruiting for our Clinic and inviting Medical Officers to join our Specialist O...
19/01/2026

📢 WE ARE HIRING: MEDICAL OFFICER We are recruiting for our Clinic and inviting Medical Officers to join our Specialist OPD and Chemotherapy Services team.

Role Overview
You will support Consultant Oncologists and specialist in OPD, coordinate patient care using EMR, and supervise chemotherapy delivery to ensure safe, high-quality cancer care.
Key Responsibilities
• Assist Consultant Oncologists or Specialist in Specialist OPD
• Perform patient assessment and documentation in EMR
• Review labs and prepare patients for chemotherapy
• Supervise chemotherapy administration and manage infusion reactions
• Coordinate with nursing, pharmacy, and laboratory teams
• Provide patient counselling on treatment and safety
Requirements
• MBBS degree
• Full medical registration
• Experience in oncology or internal medicine preferred
• Comfortable using EMR systems
• Strong communication and teamwork skills
We Offer
• Structured training and onboarding program
• Exposure to modern oncology care and chemotherapy services
• Professional growth in a multidisciplinary team

How to Apply
Send your CV to: admin@cbl.com.mm
Application deadline: 31 Jan 2026
📍 Location: No 24(1C), Samone Street, Near National Theatre, Dagon Township, Yangon

သင် တကယ် ကျန်းမာပါရဲ့လား။လူအကောင်းအတိုင်းပဲလို့ ထင်ရ မြင်ရပေမယ့် နှလုံးရောဂါ၊ ဆီးချို၊ ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းရောဂါ...
16/01/2026

သင် တကယ် ကျန်းမာပါရဲ့လား။

လူအကောင်းအတိုင်းပဲလို့ ထင်ရ မြင်ရပေမယ့် နှလုံးရောဂါ၊ ဆီးချို၊ ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းရောဂါ စတာတွေဟာ ရောဂါလက္ခဏာမပြဘဲ အသက်အရွယ်မရွေးမှာ ဖြစ်နေနိုင်ပါတယ်။
ဒါတွေကို အချိန်မီသိရှိဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။

သင့်ကျန်းမာရေးကို တကြိမ်တခါမျှ စစ်ဆေးမှု မလုပ်ဖူးသေးဘူးဆိုရင် အခုပဲ Health Screening for Everyone ( HSE) ကို လုပ်သင့်ပါတယ်။

အစာရှောင်ရန် ( Fasting) လုပ်ရန် မလိုဘဲ အချိန် ၂နာရီခန့်ပေးရုံဖြင့် ကုန်ကျစရိတ်သက်သာစွာ သင့်ကျန်းမာရေး အခြေအနေကို သိရှိရမှာဖြစ်ပါတယ်။

ဖုန်းတချက်ဆက်ပြီး ဆေးခန်းဖွင့်ချိန်အတွင်း သင်အဆင်ပြေသောအချိန်မှာ လာရောက်စစ်ဆေးနိုင်ပါပြီ။

Yangon : 09 2611 66664
Mandalay : 09 9706 57777

CBL Medical Centre (ရန်ကုန်)
အမှတ် ၂၄(၁စီ) နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664
Monday to Friday : 8:30 am to 4:30 pm
Saturday: 8:30 am to 12:30 pm

CBL Medical Centre (မန္တလေး)
Unit (5), Block (3), မင်္ဂလာမန္တလေးအိမ်ရာ၊ New Ocean အနောက်ဖက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09 9706 56666, 09 9706 57777
Monday to Friday : 8 am to 5 pm
Saturday: 8 am to 12:30 pm

ကင်ဆာရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိခြင်းနှင့် အချိန်မီခွဲစိတ်ကုသနိုင်ခြင်းဟာ ကင်ဆာကုသမှုအတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ အ...
11/01/2026

ကင်ဆာရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိခြင်းနှင့် အချိန်မီခွဲစိတ်ကုသနိုင်ခြင်းဟာ ကင်ဆာကုသမှုအတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ အထွေထွေခွဲစိတ်မှုများ၊ ကင်ဆာရောဂါ ခွဲစိတ်မှုများနှင့် ပတ်သက်၍ အထူးသဖြင့် ရင်သားကင်ဆာ၊ ဦးခေါင်းနှင့် လည်ပင်းပိုင်းရှိ ကင်ဆာရောဂါများအတွက် အတွေ့အကြုံပြည့်ဝသော အထွေထွေနှင့် ကင်ဆာ ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာကျော်စွာထက်နှင့် CBL Medical Centre (Yangon)တွင် တိုင်ပင်ဆွေးနွေးပြသနိုင်ပါပြီ။

🌟အထွေထွေနှင့်ကင်ဆာ ခွဲစိတ်အထူးကုဆရာဝန်
👨‍⚕️ဒေါက်တာကျော်စွာထက်
M.B.,B.S, M.Med.Sc (Surgery)
Fellowship in Surgical Oncology (National Cancer Centre Singapore)

ခွဲစိတ်မှုပြုလုပ်ပြီးနောက် ကင်ဆာဆေးသွင်းကုသရန် လိုအပ်ပါကလည်း လူနာများအတွက် သန့်ရှင်းသပ်ရပ်ပြီး အေးချမ်းဆိတ်ငြိမ်သော CBL Chemo Day Care Centre၏ Daycareကုသမှု သီးသန့်အခန်းများတွင် ကင်ဆာဆေးသွင်းခြင်းကို ဆက်လက်ပြုလုပ်နိုင်ပါတယ်။ လူနာများအတွက် ကင်ဆာကုသမှုကို စနစ်တကျ ထိထိရောက်ရောက်ပြုလုပ်နိုင်ဖို့ ကင်ဆာခွဲစိတ်ကုသမှုအတွက် တိုင်ပင်ဆွေးနွေးနိုင်ခြင်းနှင့် ကင်ဆာဆေးသွင်းကုသမှုကိုပါ အတူတကွ ပြုလုပ်နိုင်တာကြောင့် တစ်နေရာတည်းတွင် သက်တောင့်သက်သာဖြင့် ကင်ဆာကုသမှုကို ခံယူနိုင်ပါပြီ။
တိုင်ပင်ဆွေးနွေးပြသရန်အတွက် ကြိုတင်ရက်ချိန်းရယူလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ရက်ချိန်းရယူနိုင်ပါတယ်။

CBL Medical Centre (ရန်ကုန်)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်။
01 8377 878, 09 2611 66664




Vacancy AnnouncementWe invite you to be a team member of CBL Medical Centre, Yangon. Job Title : Nurse ( 1 post)Qualific...
10/01/2026

Vacancy Announcement
We invite you to be a team member of CBL Medical Centre, Yangon.
Job Title : Nurse ( 1 post)
Qualification
- B.N.Sc with valid license
Duties and Responsibilities
- Perform nursing care
- Assist specialists and MOs
- Assist with chemotherapy care in necessities
- Perform diagnostic procedures directed by the MOs and specialists
- Keep patient’s medical reports and records
- Maintain all clinic facilities by keeping up to date maintenance
- Inform the risks and benefits of proposed procedures to the patients
- Check clinic stocks on regular basis for maintaining inventory level and placing an order if required
Required Skill
- At least one year experience in clinic fields
- Excellent interpersonal skills and professionalism
- Ability to perform quality standard of care
- Good Skill in Microsoft word, excel , PowerPoint and able to use email
- Prefer familiar with EMR system
- Strong team spirit

How to apply
Apply your CVs to CBL Medical Centre either hard copies or soft copies via email from today till 31st January 2026. CV must contain your recent photo, personal profile, copies of graduation certificates and other certificates, copy of family census and copy of NRC card.
Contact Address
No. 24(1-C) , Nawarat Condo, Sa Mone Street ( Near National Theater) , Dagon Township, Yangon.
Tel : 01 8377878 , 01 8376532
Email : admin@cbl.com.mm



🏥ကင်ဆာဝေဒနာရှင်များရဲ့ ကုသမှုခရီးစဥ်အတွက် CBL Chemotherapy Daycare Centre🏥         ကင်ဆာကုသမှုဆိုတာ ခရီးရှည်တခုသွားရသလို...
10/01/2026

🏥ကင်ဆာဝေဒနာရှင်များရဲ့ ကုသမှုခရီးစဥ်အတွက် CBL Chemotherapy Daycare Centre🏥
ကင်ဆာကုသမှုဆိုတာ ခရီးရှည်တခုသွားရသလိုပါပဲ။ ကင်ဆာကုသမှု ခရီးစဥ်တလျှောက်မှာ သက်တောင့်သက်သာ စိတ်ချမ်းသာစွာ မှန်ကန်ထိရောက်တဲ့ကုသမှုကို ခံယူနိုင်ဖို့ အရေးကြီးပါတယ်။ CBL Chemotherapy Daycare Centreမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ကင်ဆာလူနာများကြုံတွေ့ရမည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို သေချာစွာ သိရှိနားလည်သည့်အတွက် ကင်ဆာဝေဒနာရှင်များအတွက် စိတ်သက်သာရာရပြီး မှန်ကန်ထိရောက်တဲ့ကုသမှုများ ရရှိနိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

🤔CBL Chemotherapy Daycare Centre ကို ဘာလို့ရွေးချယ်သင့်ပါသလဲ?🤔
ပြည်တွင်းမှ ကင်ဆာအထူးကုဆရာဝန်ကြီးများ၊ စင်ကာပူနိုင်ငံမှ ကင်ဆာဆရာဝန်ကြီးများနှင့် ရောဂါအခြေအနေ၊ လိုအပ်သော စစ်ဆေးမှုများ၊ ကုသမှုနည်းလမ်းများနှင့် ပတ်သက်ပြီး သိရှိလိုသည်များအားလုံးကို သေချာဆွေးနွေးတိုင်ပင်နိုင်သည့်အတွက် လူနာများအနေဖြင့်
✅ဆေးကုသမှုမခံယူမီ ကင်ဆာကုသမှုခရီးစဥ်ကို သေချာစွာ သိရှိနိုင်ခြင်း
✅ရောဂါအတွက် နိုင်ငံတကာ စံနှုန်းအတိုင်း လိုအပ်သောစစ်ဆေးမှုများကို ပြည်တွင်းမှာသာမက အမေရိကန်၊ စင်ကာပူ၊ တောင်ကိုရီးယားနိုင်ငံများသို့ ပေးပို့စစ်ဆေးနိုင်ခြင်း
✅ကင်ဆာကုသမှုကို နိုင်ငံရပ်ခြားတွင် စတင်ခံယူခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ဆက်လက်ကုသမှု ပြုလုပ်လိုပါက ကင်ဆာအထူးကုဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများမှ လူနာ၏ ပြည်ပဆေးကုသမှုမှတ်တမ်းများ၊ Chemotherapy Regimensများနှင့် တိတိကျကျ ကိုက်ညီအောင် ပြုလုပ်ကာ မှန်ကန်ထိရောက်သော ကင်ဆာဆေးသွင်းကုသမှုကို ဆက်လက်ပြုလုပ်ပေးခြင်း
✅ဆေးကုသမှုမစတင်မီ ကင်ဆာကုသမှုအတွင်း ကြုံတွေ့နိုင်သည်များကို ဆရာဝန်များ၊ သူနာပြုများမှ သေချာစွာ ရှင်းလင်းပြောပြသည့်အတွက် လူနာအနေဖြင့် ဆောင်ရန်ရှောင်ရန်များကိုသိရှိပြီး ကင်ဆာကုသမှုတလျှောက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲအနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်ခြင်း
✅ဆေးသွင်းကုသစဥ်ကာလတလျှောက်တွင် တာဝန်ခံဆရာဝန်များမှ စဥ်ဆက်မပြတ် ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်ပေးခြင်းများကြောင့် မိမိခံစားရသော ဝေဒနာများကို အချိန်နှင့်တပြေးညီ ကုသမှုရရှိနိုင်ခြင်း
✅ဆေးသွင်းကုသရာတွင် အန္တရာယ်ကင်းရှင်းစေရန် Biosafety Cabinetဖြင့် ဆေးများကို ပြင်ဆင်ပေးခြင်း
✅ဆေးသွင်းကုသသည့်အချိန်တွင် အေးချမ်းတိတ်ဆိတ်ပြီး သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်တွင် မိသားစုနှင့်အတူ စိတ်ချမ်းသာစွာ ကုသမှုခံယူနိုင်ခြင်း
✅လိုအပ်ပါက ကင်ဆာရောဂါတွင် ဖြစ်တတ်သည့် ဝေဒနာများအား အနည်းဆုံးဖြစ်အောင် Palliative Careအတွက် အိမ်တိုင်ရာရောက် ကုသမှုများကို ပြုလုပ်ပေးခြင်း
✅လူနာ၏မိသားစုဝင်များအနေဖြင့် ကင်ဆာနှင့်ပတ်သက်သော ကျန်းမာရေးစစ်ဆေးမှုများ၊ ကင်ဆာမျိုးရိုးဗီဇပါ၊မပါ စစ်ဆေးမှုများကိုလည်း အထူး‌ဈေးနှုန်းများဖြင့် စစ်ဆေးနိုင်ခြင်း ဝန်ဆောင်မှုများ ရရှိနိုင်ပါတယ်။
ကင်ဆာရောဂါဖြစ်နေပြီလို့ စသိလိုက်ရင် အရမ်းမစိုးရိမ်ပါနဲ့။ ကင်ဆာအမျိုးအစားပေါ်မူတည်ပြီး နောက်ဆုံးပေါ်ကုထုံးများနှင့် ခေတ်မီဆေးဝါးများရဲ့ အကူအညီများဖြင့် ကင်ဆာကုသမှုတွင် ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးနိုင်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ ဝေဒနာတွေ ခံစားနေရပြီဆိုရင် မပေါ့ဆကြပါနဲ့။ နီးစပ်ရာ ဆရာဝန် (သို့) CBL Medical Centre Yangon နဲ့ Mandalay များကို လာရောက်ပြီး ကျန်းမားရေးစစ်ဆေးကြည့်ခြင်းဖြင့် ကင်ဆာရောဂါဆိုးကြီးကို စောစီးစွာသိရှိကုသပျောက်ကင်းနိုင်ပါတယ်။

🤝CBL Chemotherpay Daycare Centreက သင့်နဲ့အတူ ကင်ဆာကုသမှုခရီးစဥ်မှာ အတူလိုက်ပါ ကူညီပေးပါရစေ🤝
💪LET’S FIGHT CANCER TOGETHER 💪

CBL Medical Centre ကင်ဆာဆေးသွင်းကုသဌာန (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664

CBL Medical Centre ကင်ဆာဆေးသွင်းကုသဌာန (Mandalay)
Unit (5), Block 3, မင်္ဂလာမန္တလေးအိမ်ရာ၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09 9706 56666, 09 9706 57777



📢 WE ARE HIRING: MEDICAL OFFICERS - 3 posts (Full Time)We are recruiting for our Oncology Clinic and inviting Medical Of...
07/01/2026

📢 WE ARE HIRING: MEDICAL OFFICERS - 3 posts (Full Time)

We are recruiting for our Oncology Clinic and inviting Medical Officers to join our Specialist OPD and Chemotherapy Services team.

Role Overview
You will support Consultant Oncologists and specialist in OPD, coordinate patient care using EMR, and supervise chemotherapy delivery to ensure safe, high-quality cancer care.

Key Responsibilities
• Assist Consultant Oncologists or Specialist in Specialist OPD
• Perform patient assessment and documentation in EMR
• Review labs and prepare patients for chemotherapy
• Supervise chemotherapy administration and manage infusion reactions
• Coordinate with nursing, pharmacy, and laboratory teams
• Provide patient counselling on treatment and safety

Requirements
• MBBS degree
• Full medical registration
• Experience in oncology or internal medicine preferred
• Comfortable using EMR systems
• Strong communication and teamwork skills
We Offer
• Structured training and onboarding program
• Exposure to modern oncology care and chemotherapy services
• Professional growth in a multidisciplinary team

Clinic Hour - 8 AM to 5 PM (Mon-Sat)

How to Apply
Send your CV to: office@cbl.com.mm
Application deadline: 20 Jan 2026

📍 Location: Unit (5), Block (3), Mingalar Mandalay Estate, Near New Ocean, Chan Mya Tharsi Township, Mandalay



06/01/2026

ကင်ဆာဆေးသွင်းကုသမှုတိုင်းအတွက် စိတ်ချယုံကြည်ရတဲ့ CBL Medical Centre

“ကျန်းမာပျော်ရွှင်ရသော နှစ်သစ်အချိန်အခါ ဖြစ်ပါစေ” နှစ်အသစ်၊ စိတ်အသစ်၊ အားအင်အသစ်များနဲ့ အလေ့အကျင့်ကောင်းများကို စတင်ဖို့...
31/12/2025

“ကျန်းမာပျော်ရွှင်ရသော နှစ်သစ်အချိန်အခါ ဖြစ်ပါစေ”

နှစ်အသစ်၊ စိတ်အသစ်၊ အားအင်အသစ်များနဲ့ အလေ့အကျင့်ကောင်းများကို စတင်ဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်

ပြီးမြောက်ခဲ့တဲ့ ကိစ္စများကို ပိုကောင်းအောင် လုပ်ဆောင်ထိန်းသိမ်းထားရင်း မပြီးမြောက်သေးတဲ့ ကိစ္စတွေကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့ ပြင်ဆင်ရတဲ့အချိန်လည်း ဖြစ်ပါတယ်

ကျန်းမာရေးနဲ့ ပတ်သတ်လို့ ကိုယ်တိုင်သော်လည်းကောင်း လူကြီးမိဘတွေမှာသော်လည်းကောင်း ပြည့်စုံနေသေးရင် ဆက်လက်ထိန်းသိမ်းထားဖို့ ကြိုးစားရပါမယ်။

အားနည်းခဲ့တယ် ယိုယွင်းခဲ့တယ်ဆိုရင်လည်း ပြန်လည် ကောင်းမွန်လာအောင် ပိုဂရုစိုက်ရပါမယ်။

ဒါတွေ အားလုံးရဲ့ အခြေခံအကျဆုံးနဲ့ အရေးကြီးခြေလှမ်းကတော့ ကျန်းမာရေးစစ်ဆေးခြင်းပါပဲ။

ဒါကြောင့် သင့်ရဲ့ 2026 to-do-lists ထဲမှာကျန်းမာရေးစစ်ဆေးခြင်းကိုထည့်သွင်း လုပ်ဆောင်ဖို့ အကြံပြုရင်း ကျန်းမာပျော်ရွှင်ကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်း ပို့သအပ်ပါတယ်



Address

No-24(1C) Nawarat Condo, Samone Street, Dagon Township
Yangon
11191

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959261166664

Alerts

Be the first to know and let us send you an email when CBL Medical Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to CBL Medical Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category