တိုင်ပင်ဆွေးနွေး အကြောအဆစ်ပြန်လည်သန်စွမ်းရေး

  • Home
  • Myanmar
  • Yangon
  • တိုင်ပင်ဆွေးနွေး အကြောအဆစ်ပြန်လည်သန်စွမ်းရေး

တိုင်ပင်ဆွေးနွေး အကြောအဆစ်ပြန်လည်သန်စွမ်းရေး You can consult me about your health especially joint pain, nerve pain, muscle weakness and impaired

Online ကျန်းမာ​ရေးဝန်​ဆောင်မှုအဖြစ်​ပြောင်းလဲလိုက်ပါသည်။
​လေးဘက်နာအပါအဝင် အ​ကြော၊ အဆစ်ပြဿနာများ။
ကြွက်သား အာရုံ​ကြောပြဿနာများ။
အားကစားထိခိုက်ဒဏ်ရာနှင့် ​နာကျင်မှုအမျိုးမျိုးခံစား​ရေသူများ။
ကျီး​ပေါင်း​ရောဂါနှင့် လှုပ်ရှားသွားလာမှု ခက်ခဲ​နေသူများ။
အဝလွန်ခြင်းနှင့် ကိုယ်​နေဟန်ထားချို့ယွင်းသူများ။
ခန္ဓါကိုယ်အချိုးအစား ကျနလှပလိုသူများ။
က​လေးသူငယ်များတွင်ဖြစ်တတ်​သော သူငယ်နာအ​ကြော​သေ​ရောဂါများ။
အတွက် အ​ကောင်းဆုံး​ဝန်​ဆောင်မှု​ပေးသွားပါမည်။

(အိပ်ယာပူနာ ကာကွယ်ပါ)ဆေးရုံတက်လူနာတွေမှာ အိပ်ယာပူနာရှိနေရင် (က) လူနာရောဂါအခြေအနေကြောင့်လား (Vulnerability) ။(ခ) လူနာ၊ လူ...
22/05/2024

(အိပ်ယာပူနာ ကာကွယ်ပါ)
ဆေးရုံတက်လူနာတွေမှာ အိပ်ယာပူနာရှိနေရင်
(က) လူနာရောဂါအခြေအနေကြောင့်လား (Vulnerability) ။
(ခ) လူနာ၊ လူနာရှင်တွေက အနာမဖြစ်အောင်ကာကွယ်ဖို့အတွက် လုံလောက်တဲ့ အသိပညာနဲ့ အလေ့အထမရှိတာလား။ (Preventive awareness)
(ဂ) ကျန်းမာရေးဝန်ထမ်းတွေရဲ့ အသိပညာပေးခြင်း၊ ပြုစုစောင့်ရှောက်မှုအားနည်းခြင်းရှိနေလို့လား (Promotion and care needs)။
စတာတွေ စဉ်းစားစရာဖြစ်လာပါတယ်။

အိပ်ယာပူနာ အခေါ်အဝေါ် အမျိုးအမျိုးရှိပါတယ်။
(က) လဲလျောင်းနာ(Decubitus ulcer)
(ခ) အိပ်ယာပူနာ(Bedsore)
(ဂ) ဖိပွန်းနာ(Pressure sore/ulcer)
(ဃ) ဖိပွန်းဒဏ်ရာ(Pressure injury)

ယနေ့အထိအသုံးများတဲ့ အခေါ်ကတော့ အိပ်ယာပူနာ (Bedsore) ပါ။
အသုံးအနှုန်းအမှန်ကတော့ (Pressure injury) ဖြစ်ပါတယ်။

အတွေ့ရများတဲ့လူနာတွေကတော့
(က) အလွန်အသက်အရွယ်အိုမင်းသူတွေ၊ (ခ) နာတာရှည်ရောဂါတစ်ခုခုဖြင့် အိပ်ယာပေါ်လဲနေရသူတွေ၊
(ဂ) အရိုးအဆစ်၊ ကြွက်သား၊ အာရုံကြော ရောဂါ/ဒဏ်ရာကြောင့် လှုပ်ရှားသွားလာရခက်ခဲသူတွေ
(ဃ) အသက်ရှူပိုက်၊ အစာပိုက်၊ ဆီးပိုက် စတဲ့ဆေးပစ္စည်းကိရိယာများတပ်ဆင်ထားသူတွေ
ဖြစ်ပါတယ်။

ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့
(က) အရိုးများသောနေရာပေါ်တွင် အချိန်ကြာမြင့်စွာလဲလျောင်းနေခြင်း (သို့) ထိုင်နေခြင်း၊ အသက်ရှူပိုက်၊ အစာပိုက်၊ ဆီးပိုက်စတဲ့ ဆေးပစ္စည်းကိရိယာများတပ်ဆင်ထားခြင်း။
(ခ) လူနာအနေအထားမမှန်ခြင်း၊ လူနာအနေအထားအချိန်မှန် မပြောင်းခြင်း၊ လူနာရွှေ့ပြောင်းမှု စနစ်မကျသဖြင့် ဖိပွန်းမိခြင်းခြင်း။
(ဂ) လူနာအာဟာရနှင့်‌ ရေဓာတ်ချို့တဲ့ခြင်း။
(ဃ) လူနာ၏ ဆီး၊ ဝမ်း၊ ချွေးများနှင့်မကြာခဏထိတွေ့ပြီး အရေပြားနူး၍လောင်ခြင်း။
(င) လူနာနှင့်လူနာရှင်မှ အိပ်ယာပူနာ ကာကွယ်တတ်ရန် ကျန်းမာရေးအသိနှင့် အလေ့အထမရှိခြင်း။

ပြုစုကုသနည်းတွေရှိပေမယ့် အိပ်ယာပူနာ မဖြစ်အောင်ကာကွယ်တတ်ဖို့က အရမ်းအရေးကြီးပါတယ်။
(က) အိပ်ယာပူနာ ဖြစ်နိုင်သည့်နေရာရှိ အရေပြားကို ပုံမှန် ကြည့်ရှုစစ်ဆေးခြင်း။
(ခ) လဲလျောင်းလူနာကို အနည်းဆုံး ၂ နာရီတစ်ကြိမ် ဘယ်/ညာ ၃၀ ဒီဂရီ စောင်းပေးခြင်း၊ စောင်းရာတွင် အထောက်အကူဖြစ်စေမည့် Positioning wedge/pillow များအသုံးပြုခြင်း။
(ဂ)ထိုင်လျက်ဖြစ်ပါက ခန္ဓာကိုယ်အား ဘေးဘယ်ညာအားပြု၍ တင်ပါးကြွခြင်း၊ ရှေ့သို့အားပြုခြင်း။
(ဃ) ဖိအားလျော့စေမည့် မွေ့ယာ (Pressure relieving mattress)၊ ထိုင်ခင်း (Customised cushions) များအသုံးပြုခြင်း။
(င) လူနာ နေရာရွှေ့ပြောင်းခြင်းပြုလုပ်ရာတွင် အရေပြား ပွန်းပဲ့မှုမဖြစ်စေရန် သေချာမချီရွှေ့ပြောင်းခြင်း။
(စ) ဆီး၊ ဝမ်း၊ ချွေးများ ညစ်ပေနေပါက အား ချက်ချင်းသန့်ရှင်းပေးခြင်း။
(စ) လူနာအား လုံလောက်သော အာဟာရဓာတ်နှင့် ရေဓာတ်ရအောင် ကျွေးမွေးခြင်း။
(ဆ) အရေပြားခြောက်သွေ့ခြင်း၊ ပွန်းပဲ့ခြင်းမှ ကာကွယ်ရန် ရေဓာတ်ပါသော အလှဆီ၊ ချောဆီများ လိမ်ပေးခြင်း
တို့ဖြင့် ကာကွယ်နိုင်ပါတယ်။

အိပ်ယာပူနာ သိသိသာသာဖြစ်လာရင်တော့ အနာရဲ့
(က) အရွယ်အစား(Area)
(ခ) အတိမ်အနက်(Depth)
(ဂ) သငန်ရေ အနည်းအများ(Exudate)
(ဃ) ဆွေးမြေ့တစ်ရှူး(Slough/dead tissue)
(င) ပိုးဝင်မှု လက္ခဏာ (Signs of infection)

စတာတွေပေါ်မူတည်ပြီး
(က) အနာကိုသန့်ရှင်းပေးခြင်းနှင့်ဆေးထည့်ပေးခြင်း (Wound cleansing and dressing)
(ခ) အနာဆွေးမြေ့တစ်ရှူးများကိုရှင်းလင်းပေးခြင်း (Wound debridement)
(ဂ) ခွဲစိတ်ကုသနည်းလမ်းဖြင့် အရေပြားပြန်လည်အုပ်ပေးခြင်း (Skin graft/flap)
(င) ပိုးဝင်သည့်လက္ခဏာများရှိပါက ပိုးသတ်စားဆေး/ထိုးဆေးများပေးခြင်း
စတာတွေနဲ့ကုသရပါတယ်။

အနာ သငန်ရည်များမှု၊ အနာခြောက်ကပ်မှုပေါ်မူတည်ပြီး သင့်တော်မယ့် အနာဆေးထည့်ပစ္စည်းအမျိုးအစားနဲ့ ဆေးထည့်မည့်အကြိမ်ရေကို သက်မှတ်ရပါမယ်။

အိပ်ယာပူနာကို ဖြစ်ပြီးမှ ကုသပါက
(က) အနာဆေးထည့်သည့်ပစ္စည်းများ၊ ပိုးသတ်ဆေးများ၏ ကုန်ကျစရိတ်။
(ခ) ပုံမှန်ဆေးထည့်ရန်အတွက် ပေးရသည့်အချိန်။
(ဂ) ဆေးထည့်ရန် ကျွမ်းကျင်သည့် သူနာပြုလိုအပ်ချက်။
(ဃ) လူနာခံစားရသည့် စိတ်အနှောက်အယှက်ဝေဒနာ။
(င) အခြားလှုပ်ရှားမှုဆိုင်ရာကုသမှုများအား နှောင့်နှေးကြန့်ကြာစေမှု (ဥပမာ- လေ့ကျင့်ခန်းကုထုံးများ)
(စ) ဆေးရုံတက်ရက် တာရှည်သွားရခြင်း
စတာတွေအတွက် ပိုပြီးစိတ်ရှုပ်ရပါတယ်။

ဒါကြောင့် အချိန်ကုန်/ငွေကုန် သက်သာ၊ လူနာလည်း‌ ဝေဒနာအမြန်ကင်းကွာ၊ ပြုစုစောင့်ရှောက်သူများလည်း အလုပ်ရှုပ်သက်သာစေဖို့ အိပ်ယာပူနာကို ကာကွယ်ကြပါစို့။

ဒေါက်တာ သိန်းသန်းဝင်း (ကာယကု)
၂၂-၅-၂၀၂၄ (ကဆုန်လပြည့်နေ့)

02/02/2024

နည်းစနစ်ကောင်းမှ တိုးတက်မည်။

02/02/2024

များများလေ့ကျင့် မြန်မြန်လမ်းလျောက်။

02/02/2024

လေဖြတ်ပြီးလူနာများ စနစ်တကျလမ်းလျောက်လေ့ကျင့်ပါ။

26/01/2024

ခြေထောက်မှာ အားပြုကိရိယာ မတပ်ပဲလျှောက်တာနဲ့ တပ်ပြီးလျှောက်တာ ကွာခြားမှု ကိုကြည့်ပါ။

အားပြုကိရိယာမပါရင် လမ်းလျောက်ရတာပိုခက်သွားလို့ တုတ်အကူလိုတယ်။ ဒါတောင် လမ်းလျှောက်တာ ပုံစံသိပ်မမှန်သေးဘူး။ ‌ ခြေလှမ်းစမှာ ဖနောင့်က ကြမ်းပြင်ကို မကျဘူး။

အားပြုကိရိယာပါရင် တုတ်မသုံးဘဲတောင် လမ်းလျှောက်နိုင်တယ်။ လမ်းလျှောက်ပုံလည်းပိုမှန်တယ်။ ခြေလှမ်းစမှာ ဖနောင့်လည်းကြမ်းပြင်ကို ကျတယ်။

ဒေါက်တာသိန်းသန်းဝင်း (ပြန်လည်သန်စွမ်းရေး)

Notes for "International Day for Persons with Disabilities" (3-12-2023)"အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့" မှတ်စု (၃-၁...
02/12/2023

Notes for "International Day for Persons with Disabilities" (3-12-2023)
"အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့" မှတ်စု (၃-၁၂-၂၀၂၃)

06/01/2023

ကြည်နူးစရာ သားလိမ္မာ။

Address

Yangon

Opening Hours

Monday 17:00 - 22:00
Tuesday 17:00 - 22:00
Wednesday 17:00 - 22:00
Thursday 17:00 - 22:00
Friday 17:00 - 22:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959251028661

Website

Alerts

Be the first to know and let us send you an email when တိုင်ပင်ဆွေးနွေး အကြောအဆစ်ပြန်လည်သန်စွမ်းရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to တိုင်ပင်ဆွေးနွေး အကြောအဆစ်ပြန်လည်သန်စွမ်းရေး:

Share