22/11/2025
🩸”ရာသီလာချိန် နောက်ကျခြင်းနဲ့ စိတ်အပြောင်းအလဲမြန်ခြင်းက ဘာကြောင့်ဖြစ်တာလဲ။”
🩸အမျိုးသမီးတစ်ယောက်အနေနဲ့ ရာသီစက်ဝန်းဆိုတာ ရှုပ်ထွေးပြီး တစ်ခါတလေ စိတ်
အနှောင့်အယှက်ဖြစ်စရာ ကိစ္စရပ်တစ်ခု ဖြစ်
နိုင်ပါတယ်။
🩸ဒီတော့ ရာသီစက်ဝန်းနဲ့ ပတ်သက်ပြီး မိန်းကလေးတွေ ကြုံတွေ့ရတတ်တဲ့ အခြေအနေတွေနဲ့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာတွေကို အတူတူ လေ့လာကြည့်ရအောင်ပါ။
🔻ဘာကြောင့် ရာသီနောက်ကျတာလဲ။
ပုံမှန်အားဖြင့် အမျိုးသမီးတစ်ဦးရဲ့ ရာသီစက်ဝန်းက ၂၈ ရက် တစ်ကြိမ် ဖြစ်လေ့ရှိပေမဲ့ ၂၁ ရက်ကနေ ၃၅ ရက်အတွင်းမှာလည်း ဖြစ်တတ်ပါတယ်။ ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်အတွက် လစဉ်ရာသီသွေးပေါ်တာက ပုံမှန်ဖြစ်စဉ်ပါ။ ဒါပေမဲ့ ရာသီပေါ်တာ ပုံမှန်မဟုတ်ဘဲ နောက်ကျတာမျိုး၊ တစ်ခါတလေ ပျောက်သွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ သင့်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံနဲ့ အစားအသောက်တွေအပေါ်မှာ အများကြီး မူတည်ပါတယ်။
🔻အောက်ပါအချက်တွေက ရာသီလာခြင်းကို နောက်ကျစေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်-
* စိတ်ဖိစီးခြင်း (Stress): စိတ်ဖိစီးမှုများတာက သင့်ခန္ဓာကိုယ်ရဲ့ ဟော်မုန်းစနစ်ကို ထိခိုက်စေပြီး ရာသီစက်ဝန်းကို ပြောင်းလဲစေနိုင်ပါတယ်။
* ကိုယ်အလေးချိန် အတက်အကျ ဖြစ်ခြင်း: ရုတ်တရက် ဝိတ်ကျတာ ဒါမှမဟုတ် ဝိတ်တက်တာကလည်း ဟော်မုန်းတွေကို ပြောင်းလဲစေပြီး ရာသီနောက်ကျစေနိုင်ပါတယ်။
* အားကစား ပြင်းပြင်းထန်ထန် လုပ်ခြင်း: အားကစားကို အလွန်အကျွံ လုပ်တာမျိုးကလည်း သင့်ခန္ဓာကိုယ်ကို ဖိစီးမှုဖြစ်စေပြီး ရာသီလာခြင်းကို ရပ်တန့်စေနိုင်ပါတယ်။
* သန္ဓေတားဆေးများ (Birth Control): သန္ဓေတားဆေးအချို့ကလည်း ရာသီစက်ဝန်းကို ထိခိုက်စေပြီး နောက်ကျတာမျိုး၊ ဒါမှမဟုတ် မပေါ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
* နာတာရှည်ရောဂါများ: ဆီးချို၊ သိုင်းရွိုက်ရောဂါ (Thyroid disease) စတဲ့ နာတာရှည်ရောဂါတွေကလည်း ရာသီစက်ဝန်းကို ပုံမှန်မဖြစ်စေဘဲ ထိခိုက်စေနိုင်ပါတယ်။
* သွေးဆုံးခြင်း (Menopause): အသက်အရွယ်ကြီးလာတဲ့အခါ သွေးဆုံးခါနီးအချိန်မှာလည်း ရာသီစက်ဝန်းက မမှန်တော့ဘဲ နောက်ကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။
*ရာသီလာခါနီး စိတ်အပြောင်းအလဲမြန်ခြင်း (PMS)
ရာသီမလာခင် ရက်အနည်းငယ်အလိုမှာ စိတ်အပြောင်းအလဲမြန်တာ၊ စိတ်တိုတာ၊ ဝမ်းနည်းတာမျိုးတွေ ကြုံရတတ်ပါတယ်။
🩸ဒါကို Premenstrual Syndrome (PMS) လို့ခေါ်ပါတယ်။ PMS ဟာ ရာသီသွေးမဆင်းခင် ၂ ရက် ၃ ရက်လောက်ကတည်းက စတင်ဖြစ်ပေါ်
တတ်ပါတယ်။
2️⃣ PMS မှာ ခံစားရတတ်တဲ့ လက္ခဏာတွေကို အဓိကအားဖြင့် နှစ်ပိုင်းခွဲခြားနိုင်ပါတယ်-
✋ရုပ်ပိုင်းဆိုင်ရာ ခံစားရမှုများ
* ခေါင်းကိုက်ခြင်း
* ပင်ပန်းနွမ်းနယ်ခြင်း
* ဗိုက်အောက်ပိုင်းနှင့် ဆီးစပ်များ အောင့်ခြင်း
* အဆစ်အမြစ်များ ကိုက်ခဲခြင်း
* ဗိုက်ထဲ လေပြည့်တင်းခြင်း၊ ဖောင်းကားခြင်း
* ရင်သားများ တင်းပြီး နာကျင်ခြင်း
* ဝက်ခြံ ထွက်ခြင်း
* ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း
✋စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများ
* စိတ်ဖိစီးခြင်း
* ဝမ်းနည်းလွယ်ပြီး ငိုချင်စိတ်များခြင်း
* စိတ်ဓာတ်ကျကာ အိပ်ရာထဲတွင်သာ နေချင်ခြင်း
* ဘာကိုမှ စိတ်အလိုမကျခြင်း
* အလိုလိုနေရင်း ဒေါသထွက်ခြင်း
* စိတ်အပြောင်းအလဲ မြန်ခြင်း (အခုငိုလိုက်၊ အခုရယ်လိုက် ဖြစ်ခြင်း)
* အစားအသောက်ပျက်ခြင်း သို့မဟုတ် မဟားတရား စားချင်စိတ် ဖြစ်ပေါ်ခြင်း
* ညဘက် အိပ်မပျော်ခြင်း
* လူမှုဆက်ဆံရေး ရှောင်ရှားလိုခြင်း
* အာရုံစူးစိုက်မှု မရခြင်း
* လိင်ကိစ္စ စိတ်မဝင်စားခြင်း သို့မဟုတ် ပိုမို စိတ်ဝင်စားခြင်း
☝️ဒီလို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေက ရာသီလာချိန်မှာ အမျိုးသမီးတော်တော်များများ ကြုံတွေ့ရတတ်တဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။
✅ ကဲ ဒါဆို ရာသီလာချိန် နောက်ကျခြင်းနဲ့ စိတ်အပြောင်းအလဲမြန်ခြင်းက ဘာကြောင့်ဖြစ်တာလဲဆိုတာ သိပြီ ထင်ပါတယ်ရှင် …
‼️‼️ဒီလို အမျိုးသမီးကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ သိကောင်းစရာ အချက်အလက်တွေကို ပုံမှန်သိရှိနိုင်ဖို့အတွက် Plus Sense Myanmar ရဲ့ page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။
✋ဒီအကြောင်းအရာတွေကို သင့်ပတ်ဝန်းကျင်က မိန်းကလေးသူငယ်ချင်းတွေပါ သိရှိနိုင်အောင် ဒီလို Post လေးကိုလည်း Like & Share လုပ်ပေးဖို့လည်း တိုက်တွန်းပါရစေနော်…