Health & Beauty Online Shop

Health & Beauty Online Shop medicals, pharmacy, drugstore health/beauty

06/02/2022

Hello…

17/08/2021

👉 ကိုဗစ် ကာလကို စိတ် စွမ်းအားနဲ့ ကျော်ဖြတ်ခြင်း
(စိတ်က အားလုံးရဲ့အရှင်သခင်ပါ ၊ ၅ မိနစ်လောက်ပဲ အချိန်ပေးပြီး ဒီစာကို အဆုံးအထိဖတ်စေချင်ပါတယ်)

👉 စိတ်ကြောင့် ပိုပြီး ကျန်းမာလာနိုင်သလို ၊ ပိုပြီးရောဂါဆိုးလာနိုင်ပါတယ်။
စိတ်ကို သူ့ရဲ့လုပ်ငန်း Function တွေပေါ်မူတည်ပြီး သိစိတ် (Conscious Mind) နဲ့ မသိစိတ် ((Sub-conscious Mind) ဆိုပြီး ခေါ်ကြပါတယ်။

👉 စဉ်းစား ၊ ဆင်ခြင် ၊ သုံးသပ်ခြင်းတွေကို သိစိတ် (Conscious Mind) က လုပ်ပြီး ၊ ခန္ဓာကိုယ် အစိတ်အပိုင်း ထိန်းချုပ်ခြင်းတွေကို မသိစိတ် (Sub-conscious Mind)က လုပ်တယ်လို့ ယေဘုယျအားဖြင့်ဆိုနိုင်ပါတယ်။

မသိစိတ်က ကြောင်းကျိုး စီလျော် စဉ်းစားမှုတွေ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် သူ့မှာ အံ့မခန်းတဲ့ စွမ်းအားတွေ ရှိပါတယ်။

👉 ရွာတစ်ရွာမှာ မိန်းမတစ်ယောက် ညကြီးသန်းခေါင် ဗိုက်တွေ နာလို့ သူ့ယောက်ျားကို နာမည်ကြီး ဘုန်းကြီးဆီက ရေမန်းယူပေးဖို့ပူဆာတယ်။ ယောက်ျားဖြစ်သူလည်း ညပိုင်းကြီးမို့ ကြောက်တာနဲ့ လမ်းမှာတွေ့တဲ့ ရေအိုးစင်က ရေကိုပဲ ရေမန်းဆိုပြီး ညာတိုက်သတဲ့ ၊ မိန်းမလည်း ယုံယုံကြည်ကြည် နဲ့ ဆရာတော်ရေမန်း ဆိုပြီး သောက်လိုက်တာ ခဏကြာတော့ ပျောက်သွားပါတယ်။
အဲဒါ ယုံကြည်မှုရဲ့စွမ်းအားပါ။

👉 ယုံကြည်မှု ရဲ့ စွမ်းအားကို သိပ္ပံပညာရှင်တွေလည်း လက်တွေ့ကျကျ စမ်းသပ်ပြီး ယုံကြည်မှုရဲ့စွမ်းအားကို လက်ခံကြပါတယ်။
သူတို့စမ်းသပ်တဲ့ပုံစံက
ပုံမှန်ဆေးထိုးပြီး ဆေးကုနေကြ လူနာတွေကို အုပ်စု A နဲ့ အုပ်စု B ဆိုပြီးခွဲလိုက်တယ်။
အုပ်စု A က လူတွေကို ပုံမှန်အတိုင်း ဆေးထိုးပြီး ၊ အုပ်စု B ကလူတွေ ကို ပုံမှန်ထိုးနေကျ ဆေးထိုးတယ်လို့ဘဲ အသိပေးပြီး မိုးရေတွေ ကို ထိုးထည့်ပါတယ်။ ရက်အနည်းငယ်ကြာတဲ့အခါမှာ မိုးရေတွေပဲ ထိုးထည့်တဲ့ အုပ်စု B က လူနာတွေ လည်း အုပ်စု A က လူနာတွေအတိုင်းရောဂါ သက်သာ တာကို တွေ့ရပါတယ်။
ဒီလို ယုံကြည်မှုစွမ်းအားကြောင့် ဖြစ်တာကို Placebo Effect လို့နာမည်ပေးထားကြတယ်။ Google မှာ Placebo Effect လို့ရိုက်ရှာပြီး စူးစမ်း ကြည့်နိုင်ပါတယ်။

👉 နောက်ထပ်စမ်းသပ်မှု တစ်ခုက သေဒဏ်ကျ တဲ့ အကျဉ်းသားတစ်ယောက်ကို မျက်လုံးကို အဝတ်စည်းလိုက်ပြီး လည်ပင်းကို တကယ်ဓါးနဲ့ ဖြတ်တာမဟုတ်ဘဲ အရေပြားလေးကို နဲနဲ ပွန်းသွားအောင် ဓါးလေးနဲ့ မွှန်းလိုက်တယ်။ ပြီးတော့ လည်ပင်းမှာ သွေးတွေ ထွက်လာနေပြီ ၊ သွေးတွေ ဒလဟော ထွက်လာနေပြီဆိုပြီး ပြောပေးနေတော့ ခဏကြာတော့ သေသွားပါတယ်။ သေနိုင်လောက်တဲ့ ဒဏ်ရာမဟုတ်ဘဲ သေနိုင်လောက်တဲ့ ဒဏ်ရာလို့ လက်ခံလိုက်ပြီဆိုရင် သေသွားတတ်ပါတယ်။
အခုလဲ ပတ်ဝန်းကျင်မှာ ကိုဗစ်နဲ့ သေတဲ့လူတွေ တွေ့ရပါများလာရင် ၊ ဒီရောဂါဖြစ်ရင် သေနိုင်တယ်ဆိုပြီး မသိစိတ်ထဲအထိ လက်ခံလိုက်ရင် ပိုပြီးဆိုးရွားစေပါတယ်။

👉 Suggestion to Sub-conscious mind (မသိစိတ်ကို အကြံပေးခြင်း (သို့) အမိန့်ပေးခြင်း)
မသိစိတ်က ကောင်းတာတွေ မကောင်းတာတွေ ၊ Logical ကျတာတွေ မကျတာတွေကို မစဉ်းစားဘဲ သူ့ကို Suggest (အကြံပေး) တဲ့အတိုင်း လိုက်လုပ်ပါတယ်။ မသိစိတ်ကို Negative Suggestion (ဆိုးတဲ့အကြံ) တွေ ပေးလို့ရသလို ၊ Positive Suggestion (ကောင်းတဲ့အကြံ) တွေလည်း ပေးလို့ရပါတယ်။

👉 ၁) Affirmation & Incantation (ကိုယ့်ကိုယ်ကို အမိန့်ပေးခြင်း)
ကိုယ့်ကိုယ်ကို Energy တွေ ပြည့်လာအောင် အကြိမ်ကြိမ် Self-suggestion ပေးတာကို Affirmation (အဖန်မေးရှင်း) လို့ခေါ်ပါတယ်။ ဒီလိုလုပ်တာ ယုံကြည်မှုနဲ့လည်း ဆိုင်ပါတယ်။ ဒါပေမယ့် သိစိတ်က မဖြစ်နိုင်ဘူးလို့ ခံနေရင်တော့ ထိရောက်မှု နည်းပါမယ်။

စိတ်ကို နှာသီးဖျားမှာ ထားလိုက်ပြီး အသက်ကို ရှည်ရှည် ရှုသွင်းလိုက်ပြီး မျက်လုံးမှိတ်လိုက်ပါ။
ပြီးရင် အသက်တခါရှုလိုက်တိုင်း “ငြိမ်ချမ်းလိုက်တာ”လို့ စိတ်ထဲကနေ လိုက်ဆိုပြီး ၁၀ ကြိမ်လောက် အသက်ရှုကြည့်လိုက်ပါ။
တကယ်ငြိမ်းချမ်းလာတာကို တွေ့ရပါလိမ့်မယ်။ ဒေါသထွက်စရာတွေ ၊ စိတ်ရှုပ်စရာတွေ များနေတဲ့အချိန်ဆိုရင်တော့ သိပ်ပြီးသိသာမှာမဟုတ်ပါဘူး။ မီးများနေရင် ရေများများနဲ့ ပက်ပေးရပါမယ်။
ဒီလို ၁ နာရီလောက် လုပ်လိုက်ရင် စိတ်ထဲမှာ ငြိမ်းချမ်းလာတာကို တွေ့ရပါလိမ့်မယ်။
“ငြိမ်းချမ်းလိုက်တာ” ဆိုတဲ့ လေ့ကျင့်ခန်းလုပ်လို့ရသလို ၊ “ငါဟာ ကျန်းမာတယ်” ဆိုတဲ့လေ့ကျင့်ခန်းမျိုးကို အကြိမ်ကြိမ်လုပ်လို့ရပါတယ်။

👉 Incantation (အကန်တေးရှင်း)
Incantation = Affirmation + Action
Incantation ဆိုတာ Affirmation လုပ်တဲ့နေရာမှာ Action လှုပ်ရှားမှုထည့်ပြီး လုပ်လိုက်တာ ဖြစ်ပါတယ်။ ဥပမာ “I’m happy” (ငါပျော်တယ်) ဆိုပြီး အိပ်ယာထဲ ကနေပြောရင်သိပ်ပြီး အဓိပ္ပါယ်မရှိပါဘူး။ အဲဒီတော့ Incantation ရဲ့သဘောတရား က တကယ် ထ ခုန်လိုက်ပြိး “I’m happy” လို့ ပြောရမှာဖြစ်ပါတယ်။ လှုပ်ရှားမှုနဲ့တွဲပြီး ကိုယ့်ကိုယ်ကို အမိန့်ပေးတာ ဖြစ်တဲ့အတွက် ပိုပြီးထိရောက် ပါတယ်။ မသိစိတ်ကို အမိန့်ပေးတာဖြစ်တဲ့အတွက် အကြိမ်ကြိမ်တော့ လုပ်ရပါတယ်။

👉 ၂) Recall Your Happiness Memory (ပျော်စရာအချိန်လေးတွေကို ပြန်လည်ဖော်ထုတ်ခြင်း)
လူတိုင်းမှာ စိတ်ညစ်စရာအချိန်တွေ အများကြီးရှိခဲ့ဖူးသလို ၊ ပျော်စရာအချိန်လေးတွေ လဲရှိခဲ့ဖူးတယ်။ လက်ရှိကပ်ဘေးဆိုက်နေတဲ့အချိန်မှာ စိတ်ညစ်စရာတွေ နဲ့ပဲ ကြုံတွေ့နေရတာများတဲ့အတွက် ကျွန်တော်တို့ စိတ်ဥယျဉ်ထဲမှာ အဆိပ်ပင်တွေ များနေပြီး ၊ စိတ်ဥယဉ်ရဲ့ လုပ်နိုင်စွမ်းတွေ ကျလာပါတယ်။
အဲဒီတော့ နေစဉ်အချိန်ပေးပြီး ပျော်စရာအချိန်တွေကို Recall လုပ်တဲ့ သင်ခန်းစာပြန်လုပ်ရပါမယ်။

ဒီသင်ခန်းစာမှာ ငယ်စဉ်ကတည်းက ခုအချိန်အထိ အောင်မြင်ခဲ့တဲ့ အရာတွေ ၊ ပျော်ရွှင်ခဲ့တဲ့ အရာတွေကို ပြန်လည် စဉ်းစားပြီး ၊ အဲဒီ အောင်မြင်ခဲ့တဲ့ ၊ ပျော်ရွှင်ခဲ့တဲ့ အချိန်က ခံစားမှုမျိုးကို ပြန်လည် ရယူရမှာဖြစ်ပါတယ်။
အရင်ဆုံး စိတ်တည်ငြိမ်အောင် မိနစ်အနည်းငယ် ( ၅ မိနစ်လောက်) ဝင်လေထွက်လေ ရှုလိုက်ပါ။ နည်းနည်း စိတ်ငြိမ်လာပြီဆိုရင်
ငယ်ငယ်က ကိုယ်ပျော်ရွှင် ခဲ့တဲ့ အောင်မြင်ခဲ့တဲ့ အကြောင်းတွေကို ပြန်စဉ်းစားပါ။ အဲအချိန်ကို တကယ် ပြန်ရောက်သွားသလိုမျိုးတွေးပြီး ပျော်ရွှင်မှုတွေ ၊ အောင်မြင်မှုတွေကို ခံစားပါ။ အလယ်တန်းအရွယ် ၊ အထက်တန်းအရွယ် ၊ တက္ကသိုလ်အရွယ် စသည်ဖြင့် မိမိလုပ်နိုင်ခဲ့တဲ့ အရာတွေ ၊ ပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို ပြန်လည် တွေးတောပြီး အဲဒီအချိန်က ခံစားမှုပီတိ ကို ပြန်လည်ရယူပါ။ Mind Power သင်တန်းတွေ နဲ့ Oxford ဆရာတော်ရဲ့ တစ်ချို့တရားပွဲတွေမှာ ဒီလို လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။

ဒီလေ့ကျင့်ခန်းလုပ်ခြင်းက သင့်စိတ်ဥယျာဉ် ထဲမှာ ပီတိ ၊ ပျော်ရွှင်မှု မျိုးစေ့လေးတွေ စိုက်နေတာဖြစ်တဲ့အတွက် အဆိပ်ပင်တွေကို အလိုလို ဖယ်ရှားပြီးသားဖြစ်စေပါတယ်။

👉 ၃ ) ဂါထာများရွတ်ခြင်း
ကျွန်တော်တို့နိုင်ငံမှာ တခြားနိုင်ငံတွေထက် ပရိတ်တွေ ရွတ်ကြတယ်။ ဒါပေမယ့် တခြားနိုင်ငံတွေ ကပ် ၁ ပါးပဲ ခံရပေမယ့် မြန်မာပြန်မှာ ကပ် ၃ ပါးလုံး ခံနေကြရတယ်။ (တခြားကံအကြောင်းတရားတွေနဲ့လည်းဆိုင်ပါတယ်) ဒါဆိုရင် ပရိတ်တွေ ရွတ်တာ အကျိုးမရှိဘူးလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဒါဆိုရင် လိုအပ်ချက်တစ်ခုခုတော့ ရှိနေပြီလို့ထင်တယ်။
ပရိတ်တရားတော်တွေကို လေ့လာကြည်တဲ့အခါ သစ္စာတရားကို အခြေခံတာတွေ့ရတယ်။
ဥပမာ
အင်္ဂုလိမာလသုတ်ကို ကြည့်လိုက်ရင်
“နှမငယ် ငါသည် ရဟန်းဘဝ ရသည်မှစ၍ သူတစ်ပါး၏အသက်ကို သတ်ဖြတ်ခြင်းမရှိပါ၊ ဤမှန်သော သစ္စာကြောင့် နှမငယ်ချမ်းသာပါစေ၊ သင်၏ကိုယ်ဝန်သည်လည်း ချမ်းသာပါစေ” ဆိုပြီး သစ္စာဆိုလိုက်တာ။
ဒါက သူ့အတွက် သစ္စာတရား။ တခြားသူတွေအတွက် ဒီသစ္စာတရားက မှန်ချင်မှ မှန်မယ်။
စိတ်ပညာရှုထောင့်ကကြည့်ရင် မှန်တာကို ပြောတဲ့အချိန် (သစ္စာဆိုတဲ့အချိန်) စိတ်ရဲ့စွမ်းအားတွေ ၊ ယုံကြည်မှုတွေ တက်လာတယ် ဒီအချိန်မှာ တောင်းတဲ့ဆုတွေ ၊ ပြောတဲ့စကားတွေက ထိရောက်မှုရှိတယ်လို့ မြင်ပါတယ်။
အဲဒီတော့ တရားတော်တွေကို အဓိပ္ပါယ် မသိဘဲရွတ်ရင် ဝဇီကံ စွမ်းအားပဲ ရမယ် ၊ အဓိပ္ပါယ်သိပြီးရွတ်ရင် မနောကံစွမ်းအားပါ ရမယ်လို့ သုံးသပ်ချင်ပါတယ်။
ဂါထာတော်တွေကိုလည်း ရွတ်ပါ။ အဓိပ္ပါယ်သိအောင်လည်းလုပ်ပါ။
ကိုယ်မှန်တာကိုလုပ်ခဲ့တာကို သစ္စာဆိုပြီး “ဒီရောဂါဘေးတွေကို ကျော်ဖြတ်နိုင်ရပါလို၏” လို့ သစ္စာပြုဆုတောင်းပါ။

တရားထိုင်ခြင်းက စိတ်စွမ်းအားမြှင့်တင်ဖို့အတွက် အကောင်းဆုံးပါပဲ။
“စိတ်တေနနိရတိလောကော” စိတ်သည်လောကကို ဦးဆောင်၏လို့ရေးထားပါတယ်။

အာလုံးကို စိတ်စွမ်းအားနဲ့ ကျော်ဖြတ်နိုင်ကြပါစေ။

ပြည်သူ့အသက်တွေကို တန်ဖိုးထားရင် ၊ အသိပညာရှိ ကျွမ်းကျင်ပညာရှင်တွေ ပူးပေါင်းပါဝင်စေချင်တယ်ဆိုရင် ပြည်သူ့အဏာ ပြည်သူကို ပြန်ပေးပါ။

( မှတ်ချက်။ ။ ကျွန်တော်ဟာ စိတ်ပညာရှင်တစ်ယောက်မဟုတ်သလို ၊ ဆရာဝန်တစ်ယောက်လဲမဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ပညာစာအုပ်တွေ ၊ ဦးနှောက်စာအုပ်တွေ ၊ အဘိဓမ္မာစာအုပ်တွေကို လေ့လာခဲ့ပါတယ်။
ကျွန်တော်လေ့လာထားတဲ့ ဗဟုသုတတွေ နဲ့ ပြန်လည်သုံးသပ်ပြီး ရေးသားထားခြင်းဖြစ်ပါတယ်။
ကိုယ်ပိုင်ဆင်ခြင်ဥာဏ်နဲ့ သုံးသပ်ပြီးမှ လက်ခံပါ။
လိုအပ်ချက်များရှိပါက ထောက်ပြနိုင်ပါတယ်။)

Crd:

12/08/2021

သတိတစ်လုံး အမြတ်ဆုံး နှင့်
လျောင်း-ထိုင်-ရပ်-သွား ချို - ချဉ် - စပ် - ခါး

မင်္ဂလာပါ . . . မိတ်ဆွေများရဲ့ တစ်ဘဝစာ ကျန်းမာပျော်ရွှင်ရေးအတွက် ရေသောက်မြစ်သဖွယ် အရေးပါလှသော အခြေခံ အချက် (၃) ချက်ကို အပိုင်း (၃) ပိုင်းဖြင့် ရေးသားမျှဝေပါတော့မည်။

ယခုရေးသားမျှဝေအပ်သော ဉာဏ်အလင်းဖွင့်ဆောင်းပါးအတွက် - ကျွန်ုပ်ထံသို့ ဗဟုသုတများ ရောက်ရှိစေခဲ့သော မြတ်ဗုဒ္ဓနှင့် သံဃာတော်အရှင်သူမြတ်များ၊ ဆေးသိပ္ပံဆရာများ၊ တိုင်းရေးဆေးဆရာများနှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးတို့ကို ဦးစွာရိုကျိုး ရှိခိုးကန်တော့ပါသည်။

>>> “သတိ” အကြောင်း >>>>>>>>>>>>>>>>>>>>>>>>
>>>>>>>>>>>>>>>>>>>>>>>>>>
(၁)
“သတိ”
- မြန်မာလူမျိုးတို့ ပြောလေ့ရှိကြပါသည်။ “အသိတစ်လုံး အမြတ်ဆုံး” တဲ့။ အသိပညာဆိုတာ၊ သိခြင်းဆိုတာ လောကမှာ အမြတ်ဆုံးပါတဲ့။ ထိုအသိပညာကို ရရှိဖို့နဲ့ အသုံးချနိုင်ဖို့အတွက်မှာတော့ - အခြေခံ အုတ်မြစ်က “သတိ” သာ ဖြစ်ပါတော့သည်။
-မြတ်ဗုဒ္ဓ၏ တရားတော်တွင်လည်း “သတိ” နဲ့ စောင့်ကြည့်၊ မိမိကိုယ်မှာ သတိကပ်ထားဆိုတာ ဉာဏ်အလင်းပွင့်ဖို့အတွက် အခြေခံဖြစ်သည်။ အကြိမ်ပေါင်းများစွာလည်း မမေ့မလျော့ သတိနဲ့ နေ့ဖို့ကို မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုသည့် နောက်ဆုံးအချိန်ထိတိုင်အောင် ဟောခဲ့ပါ၏။ သတိ အခြေခံရှိမှသာ သမာဓိတည်ကြည်ခြင်းနှင့် အမှန်ကို မြင်နိုင်ခြင်း ဉာဏ်ပညာတို့လည်း ဖြစ်ပေါ်လာနိုင်သည်မဟုတ်ပါလော။

- လူသား၏စိတ်သည် သတိမရှိသောအခါ မကောင်းသောအာရုံ၊ မကောင်းသောအတွေးတွင်သာ ကျက်စားတတ်သည်။ စိတ်သည် မကောင်းသော အရာတွေမှာသာ တစ်ခုပြီးတစ်ခု အာရုံရောက်နေတတ်သည်။ သတိလွတ်သောအခါ အသိသည် ပစ္စုပ္ပန်တွင် မရှိ။

- မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး အမြဲမိန့်လေ့ရှိသည်မှာ “ စိတ်က သတိကို အလွန်ကြောက်တယ်၊ စိတ်ကိုနိုင်တာ သတိတစ်လုံးပဲ ရှိတယ်” ဟူ၍ ဖြစ်ပါသည်။

နေ့စဉ်ဘာပဲလုပ်လုပ် “သတိ” ဆိုသောအရာ ကိုယ်နဲ့မကွာရှိနေလျှင် မိမိအတွက် အကျိုးများလွန်းလှပါတယ်။

မိတ်ဆွေများ ဒီကာလမျိုးမှာ - ဘာပဲလုပ်လုပ်၊ ဘယ်ပဲသွားသွား၊ ဘာပဲစားစား အတက်နိုင်ဆုံး “သတိ” ကြီးကြီးထားပါ။ သတိကြီးကြီးထားလျှင် ပစ္စုပ္ပန်ရှင်သန်နေစဉ်မှာ အကောင်းအဆိုးတွေကို မြင်နိုင်သိနိုင်စွမ်း ပိုပြီးတော့ အားကောင်းလာပါမယ်၊ သတိရှိလျှင် ပစ္စုပ္ပန်မှာ မိမိဘာလုပ်သင့်သည်၊ ဘာကို လေ့လာသင့်သည် ဘယ်လိုနေသင့်သည်ကို ပိုပြီးတော့ သိနိုင်မည်၊ သတိကောင်းလျှင် ဘေးရန်ကင်းမည် ဖြစ်ပါတော့သတည်း . . . . . . . .

>>>>>>>>>>>>>>>>>>>>>>>>>>
>>>>>>>>>>>>>>>>>>>>>>>>>>
(၂)
“လျောင်း - ထိုင် - ရပ် - သွား”

မြတ်ဗုဒ္ဓက တပည့် သာဝကတို့ကို ကျန်းမာရေးနှင့် ညီညွတ်စေရန် - လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ လေးပါးကို အတက်နိုင်ဆုံး ညီညွတ်မျှတစေဖို့ ဟောကြားတော်မူခဲ့ပါသည်။

အဓိပါယ်မှာ တစ်နေ့တာတွင် ထိုင်၍နေခြင်း၊ မတ်တပ်ရပ်၍နေခြင်း၊ လမ်းလျှောက်ခြင်း၊ လဲလျောင်းခြင်း အိပ်စက်ခြင်း တို့ကို အတက်နိုင်ဆုံး သတိနဲ့ မျှတနေအောင် နေထိုင်ပါ၊ တစ်စုံတစ်ခုကိုမျှ လွန်လွန်ကဲကဲမဖြစ်အောင် သတိနဲ့နေထိုင်ပါဟု ဆိုလိုရင်းဖြစ်သည်။

ဒါဟာ ကျန်းမာဖို့အတွက် အခြေခံအရေးကြီးတဲ့ အရာဖြစ်ပါသည်။
ကျန်းမာခြင်းသည် ဆုလာဘ်ကြီးတစ်ပါးသဖွယ်ဖြစ်သည်။
မိတ်ဆွေများလည်း . . . ကျန်းမာမှ အလုပ်တွေလည်းလုပ်နိုင်မည်/ မိသားစုကိုလည်းစောင့်ရှောက်နိုင်မည် / တရားတွေလည်း ကောင်းကောင်းကျင့်ကြံအားထုတ်နိုင်မည်မဟုတ်ပါလော။

လျောင်း - ထိုင် - ရပ် - သွား လေးပါးမျှတခြင်း၏ ကျန်းမာရေးအတွက် အရေးကြီးပုံကို ခေတ်သစ် ဆေးသိပ္ပံဆရာများကလည်း ညီညွှတ်စွာ ထောက်ခံထားကြပြီးဖြစ်လေသည်။

အနည်းငယ် ရှင်းလင်းပါရစေ . . . .

ယနေ့မှာ လူတွေဟာ စားဝတ်နေရေးအတွက်နေ့စဉ် ရုန်းကန်ရာတွင် မိမိတို့ဆိုင်ရာအလုပ်သဘောတွေအရ - တစ်ချို့လည်း အထိုင်များကြတယ် ထိုင်တဲ့အချိန်တွေ ကြာကြတယ် ကိုယ်လက်လှုပ်ရှားတာ နည်းကြတယ်၊ တစ်ချို့လည်း မတ်တပ်ကြီးရပ်ပြီး တစ်နေ့လုံးနီးပါး အလုပ်လုပ်ကြရတယ် မတ်တပ်ရတဲ့အချိန်များကြတယ်၊ ကာယလုပ်သားတွေကျတော့လည်း အထုပ်အပိုးတွေ သယ်ယူပြီး တစ်နေရာက တစ်နေရာကို လမ်းလျှောက်ပြီး သွားကြရတယ် ဒီတော့ ထိုင်ပြီး အေးအေးဆေးဆေးနားတဲ့အချိန်နဲ့ အိပ်စက်အနားယူတဲ့အချိန် နည်းတတ်ကြတယ်၊ တစ်ချို့လည်း တစ်နေ့လုံး စာရင်းကိုင်အလုပ်နဲ့ ရုံးအလုပ်နဲ့ အထိုင်များလာကြပြီး အိမ်ပြန်ရောက်တော့လည်း နာရီများစွာ ဖုန်းတွေသုံးမိပြီး အိပ်စက်တဲ့အချိန် နည်းတတ်ကြတယ်၊ လူငယ်အရွယ်လေးတွေကျတော့လည်း ဂိမ်းကစားတာများပြီး လမ်းလျှောက်ဖို့ ညဘက် အိပ်ရေး၀၀ အိပ်ဖို့ကို သတိမရကြပဲ မိုးလင်းတာနဲ့ ဂိမ်းကစားဖို့ကို စိတ်အားထက်သန်နေကြတယ်၊ တစ်ချို့ကြလည်း တစ်နေ့လုံး ပင်ပန်းသမျှ ညကြကျ သောက်သောက်စားစား သီချင်းတဆိုဆိုနဲ့ အတိုးချကဲရင်း ညဉ့်နက်မှ အိပ်တက်ကြတယ်။

အထက်ပါဖြစ်စဉ်တွေဟာ ယနေ့ကမ္ဘာကြီးမှာ အားကောင်းကောင်းနဲ့ ဖြစ်ပျက်နေတဲ့ လူနေမှု ဘဝပုံစံတွေပါ။
ဒါတွေဟာ ကိုယ်လက်လှုပ်ရှားမှု နည်းသထက် နည်းလာခြင်း၊ ထိုင် ထ သွားလာ အိပ်စက်အနားယူမှု ဟန်ချက်ညီမှု နည်းသထက် နည်းလာခြင်းတွေပါ။
လူတွေက ကိုယ့်ကိုကိုယ် သတိမထားမိကြပါဘူး။

ဒီလိုနဲ့ လူတွေဟာ နှစ်တွေကြာညောင်းလာတော့ ကျန်းမာရေးတွေလည်း ညံ့လာကြတာပေါ့။

ကမ္ဘာကြီးပေါ်က အခြားသော ကျန်းမာရေးညံ့စေတတ်တဲ့ အကြောင်းအရင်းတွေက မိမိရဲ့အားနည်းချက်နဲ့ ပေါင်းသွားတော့ ပိုပြီးတော့ ကျန်းမာရေးညံ့လာစရာ အကြောင်းအရင်းတွေ ဖြစ်လာတော့တာပေါ့။

အနည်းငယ်သော သတိထားမိကြသော လူတွေကတော့ - အားကစားတွေ လိုက်စားကြပါတယ်၊ Gym တွေ ဆော့ကြပါတယ်၊ စက်ဘီးစီးကြတယ်၊ တစ်ချို့လည်း ယောဂ ကျင့်ကြတယ်၊ တစ်ချို့လမ်း လမ်းလျှောက်လျှက်ဖြစ်စေ ထိုင်လျှက်ဖြစ်စေ တရားမှန်ကြတယ်၊ တစ်ချို့လည်း တစ်နေ့လုံး အားသွန်ခွန်စိုက်အလုပ်လုပ်ပြီး ညဘက်စောစော အိပ်ယာဝင်ကြတယ်၊ တစ်ချို့လည်း ဘာဆိုဘာမှ မတွေးပဲ စိတ်အေးလက်အေး အပန်းဖြေနားနေချိန်တွေကို တစ်နေ့တာမှာ သီးသန့်ထားတတ်ကြတယ်။

ဒီလိုမျိုး သတိတရားနဲ့ တက်နိုင်သမျှ နေထိုင်ကြတဲ့ လူတွေမှာကျတော့ - မိမိတို့ရဲ့ သတိစွမ်းအား ဉာဏ်ပညာစွမ်းအားအလိုက် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ရရှိကြပြီး ကျန်းမာကြပါတယ်။

ရဟန်းသံဃာတော်တွေထဲမှာလည်း လေ့လာကြည့်ပါက - ကျန်းမာရေးကောင်းပြီး ဉာဏ်ပညာကြီးမားကြတဲ့ ဆရာတော်ကြီးတွေဟာဆိုလျှင် - ကိုယ်တိုင်လမ်းလျှောက်ပြီး ဆွမ်းခံကြွခြင်း၊ စင်္ကြ ံလျှောက်၍ တရားမှတ်ခြင်း၊ ထိုင်၍တရားမှတ်ခြင်း၊ လျောင်း၍ တရားမှတ်ခြင်း၊ လဲလျောင်းအိပ်စားအနားယူခြင်းဆိုပြီးတော့ လျောင်း-ထိုင်-ရပ်-သွားလေးပါးကို မျှတနေတာ၊ အစဉ်သဖြင့်သတိကပ်နေတာ၊ တရားမှတ်နေတာကို အနေနီးတဲ့ ဒါယကာ၊ ဒါယိကာမများ သိရှိနိုင်ပါသည်။ မြတ်ဗုဒ္ဓရဲ့ တရားတော်နဲ့အညီ ကျင့်ကြံနေထိုင်ခြင်းပါပေ။ ရိုသေစွာ ရှိခိုးဦးတင်ပါ၏။

ဆေးပညာတွင် ဖော်ပြထားသည်မှာ - လူသားတွင် နှလုံးသည် ခန္ဓာကိုယ်အနှံ့သွေးများလှည့်ပတ်စီးဆင်းစေရန် စက္ကန့်မလပ် ညှစ်၍ ညှစ်၍ အလုပ်လုပ်နေရသည်။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ခြေထောက်လေ့ကျင့်ခန်းလုပ်သူများသည် နှလုံးကျန်းမာရေးကို အထောက်အကူပြုပါသည်။ ခြေသလုံးရှိ ကြွက်သားများသည် လူသား၏ ဒုတိယ၊ တတိယ နှလုံးသားသဖွယ်လည်း တာဝန်ထမ်းဆောင်ပါသည်။ လမ်းလျှောက်/စက်ဘီးစီး/ လေ့ကျင့်ခန်းလုပ်သောအခါ ထိုကြွက်သားများက ခန္ဓာကိုယ်အောက်ပိုင်းသို့ စီးဆင်းလာသော သွေးများကို ခန္ဓာကိုယ်အပေါ်ပိုင်းသို့ ပြန်လည်ညှစ်ထုတ် ပင့်တင်ပေးပါသည်။ ဒါဟာ သွေးလည်ပါတ်စီးဆင်းမှုကို အားဖြည့်ပေးပါသည်။ နှလုံးသား၏ တာဝန်ကို ကူညီထမ်းဆောင်ပေးရာရောက်သည်။ ပိုမိုကျန်းမာစေသည်။

ထိုင်တာကြာလျှင် - ခန္ဓာကိုယ်အောက်ပိုင်းကွေးနေမည်၊ အောက်ပိုင်း သွေးလည်ပါတ်မှုနှေးလာမည်။ ထို့ကြောင့် မတ်တပ်ပြန်ရက်ပေးခြင်း၊ လမ်းလျှောက်ပေးခြင်းခြင့် ပြန်လည်မျှတသွားမည်ဖြစ်သည်။

မတ်တပ်ရပ်တာ ကြာလာလျှင် - ခန္ဓာကိုယ်သည် ဆန့်နေမည်၊ အချိန်ကြာဆန့်ထားရသော ကြွက်သားတွေ ညောင်းလာမည်၊ ပန်းလာမည် နာကျင်လာမည်။ ထိုအခါ ထိုင်ပေးခြင်း၊ အနည်းငယ်လမ်းလျှောက်ပေးခြင်း၊ လဲလျှောင်း၍ အနားယူပေးခြင်းဖြင့် မျှတသွားမည်ဖြစ်သည်။

အိပ်နေတာကြာလျှင် - ခန္ဓာကိုယ်ရှိ ကြွက်သားတွေ လှုပ်ရှားမှု အလွန်နည်းလာမည်၊ သွေးလည်ပါတ်မှု အလွန်နှေးလာမည်၊ သွေးလေးလာမည်၊ ညောင်းညာသလို ကိုက်ခဲနာကျင်သလိုလည်း ဖြစ်တတ်သေးသည်။ ထို့အခါ - ထိုင်ပေး၊ မတ်တပ်ရပ်ပေး၊ လမ်းလျှောက်ပေးခြင်းဖြင့် ပြန်လည်မျှတသွားမည်ဖြစ်သည်။

အထိုင်များသူများတွင် - ကြာလာသောအခါ သက်လုံကျဆင်းလာတက်ခြင်း၊ ဗိုက်တွင်အဆီစုလာတတ်ခြင်း၊ အဝလွန်ဖြစ်လာတတ်ခြင်း၊ နှလုံးအားနည်းလာတတ်ခြင်းစသော ဆိုးကျိုးတွေ ဖြစ်လာပါမည်။ ထိုသူ၏ နှလုံးသားသည်လည်း တစ်ဖြည်းဖြည်း အားနည်းလာတတ်သည်။ ထို့ကြောင့် အထိုင်များသူများသည် နေ့စဉ် သတိချပ်၍ မတ်တပ်ရပ်ပေးခြင်း၊ လမ်းလျှောက်ပေးခြင်း၊ ဝါသနာပါရာ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပေးခြင်းတို့ဖြင့် မျှတပေးသင့်သည်။

ဖုန်းသုံးလွန်းလို့ဖြစ်စေ၊ ညဘက် အသောက်အစား အပျော်အပါးလိုက်စားလွန်း၍ဖြစ်စေ အိပ်စက် အနားယူချိန်နည်းသူတို့တွင်လည်း အာရုံကြောဆိုင်ရာပြဿနာများ၊ နှလုံးအားနည်းခြင်းဆိုင်ရာ ပြဿနာများဖြစ်လာနိုင်သည်။ ထို့ကြောင့် ထိုသူများသည် စိတ်အေးလက်အေး အနားယူချိန်နှင့် အိပ်စက်ချိန်ကို တိုးမြှင့်သင့်သည်။ (အသောက်အစားလည်း လျော့သင့်သည်)။ တရားထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှား ကစားလုပ်ခြင်းတို့ကို တက်နိုင်သလောက် လုပ်ပေးခြင်းဖြင့် မျှတပေးသင့်သည်။

ကာလရှည်ကြာ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ရခြင်းများသော ကာယလုပ်သားများသည် - အိမ်သို့ပြန်ရောက်သောအချိန်တွင် စိတ်အေးလက်အေးထိုင်၍ အနားယူချိန်၊ နားအေးပါးအေး အိပ်စက်ချိန်တို့ကို အခြားသူများထက် ပို၍ ယူသင့်သည်။ တစ်ချို့လည်း ပင်ပန်းသည်ဟုဆိုကာ အရက်သောက်အပန်းဖြေ ဖုန်းသုံးရင်း ရောက်တက်ရာရာတွေ ပြောရင်း တွေးရင်းဖြင့် ညည့်နက်မှ အိပ်မိတက်ကြသည်။ (အရက်သောက်တာလည်း လျော့သင့်သည်။) ဒီအခါ ကောင်းကောင်းအနားမယူမိပဲ နောက်တစ်နေ့ကျတော့လည်း ပင်ပင်ပန်းပန်း အလုပ်လုပ်ရပြန်သဖြင့် နှစ်လကြာသော် ကျန်းမာရေး ယိုယွင်းလာတတ်၏။ သတိပြုကာ မိမိ၏ စွမ်းအားပြည့်ဝမှုအတွက် မျှတပေးသင့်သည်။

တစ်ချို့ အလုပ်တာဝန်ဟူ၍ မယ်မယ်ရရမရှိသောသူများတွင် အပျင်းကြီးလေသောအခါ - စားလိုက်၊ တုံးလုံးပက်လက်နေလိုက်၊ အချိန်အကြာကြီးထိုင်ပြီး ဖုန်းသုံးလိုက်၊ အိပ်လိုက်နှင့် အချိန်ကုန်နေတတ်သူ။ ထိုသူများသည် - လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားပေးခြင်း၊ သတိဖြင့် ဝင်လေထွက်လေမှတ်ပေးခြင်း၊ ဖုန်းသုံးချိန်လျော့ချပေးခြင်းတို့ဖြင့် မျှတပေးသင့်သည်။

ဒီအချက်တွေကို သတိပြုပါမိတ်ဆွေ။

ဒီအချက်တွေကို ဆင်ခြင်သုံးသပ်လေ့လာပြီး မိတ်ဆွေတို့လည်း တစ်နေ့တာမှာ အတက်နိုင်ဆုံး မိမိရဲ့ ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ အိပ်စက် အနားယူခြင်းတွေကို အတက်နိုင်ဆုံး ညီညွတ်မျှတစေရင်းက ယခင်ကထက် ပိုမိုကျန်းမာလာစေဟု ဆန္ဒပြုပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>
>>>>>>>>>>>>>>>>>>>>>>>>>>
(၃)
ချို - ချဉ် - စပ် - ခါး

မြတ်ဗုဒ္ဓ မိန့်တော်မူခဲ့သည်မှာ ကျန်းမာရေးအတွက် “ချို၊ ချဉ်၊ စပ်၊ ခါး ” အရသာလေးပါးတို့ကို စုံလင်အောင်စားပါဟူ၍ ဖြစ်ပါသည်။ အာဟာရမျှတအောင် စားပါဟူ၍ ဖြစ်သည်။
(မှတ်ချက် - အဖန်ဓာတ်ကိုလည်း အခါးဓာတ်၏ခေါင်းစဉ်အောက်တွင်ထည့်သွင်းထားပါ။ အဆိမ့်ဓာတ်ကို အချိုဓာတ်၏ ခေါင်းစဉ်အောက်တွင် ထည့်ပါ။ အပေါ့ အငံဆိုတဲ့ ဆားဓာတ်ကိုလည်း ဒီလေးပါး၏ အရသာ အယုတ် အလွန် ဖြစ်စေတတ်တာကို ခေတ္တမှတ်သားထားပါ။)

- ဆိုလိုရင်းမှာ မိတ်ဆွေတို့ နေ့စဉ် စားသောက်ကြရာတွင် ချိုသောအရသာ၊ ချဉ်သောအရသာ၊ စပ်သောအရသာ၊ ခါးသော အရသာတို့ကို အတက်နိုင်ဆုံး ပါဝင်အောင် မျှတအောင် စားပါ၊ ထိုသို့စားလျှင် ကျန်းမာပါမည်ဟု ဆိုလိုရင်းဖြစ်သည်။

ဒါကိုလည်း ရှေးခေတ်က ပညာရှိများ၊ ယခုခေတ် ပညာရှိများ၊ သမားတော်များ၊ ဆေးသိပ္ပံပညာရှင်းများက လက်ခံကြပါသည်။

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို ပထဝီ (မြေဓာတ် - မာခြင်း ပျော့ခြင်း)၊ တေဇော (မီးဓာတ် - ပူခြင်း အေးခြင်း)၊ အာပေါ (ရေဓာတ် - ယိုစီးခြင်း စုဖွဲ့ခြင်း)၊ ဝါယော (လေဓာတ် - လှုပ်ရှားခြင်း ငြိမ်သက်ခြင်း) ဟူသော ဓာတ်ညီလေးပါးဖြင့် ဖွဲ့စည်းထားပါသည်။ ခန္ဓာကိုယ်ရှိ ဇီဝရုပ်ကလပ်များသည် ထိုကဲ့သို့ ဓာတ်ကြီးလေးပါး သဘာဝတို့ဖြင့် ပေါင်းစပ် လှုပ်ရှား ရှင်သန်နေခြင်းဖြစ်ပါသည်။

အရသာ လေးပါးနှင့် ဓာတ်ကြီးလေးပါး ဆက်စပ်ပုံကို ပြပါမည်။

တိုင်းရင်းဆေးပညာအရ -
(၁) ချိုသောအရသာရှိသော အစာများသည် ပထဝီဓာတ် (မြေဓာတ်) အားကောင်း၏။
(၂) ချဉ်သော အရသာရှိသော အစားများသည် အာပေါဓာတ် (ရေဓာတ်) အားကောင်း၏။
(၃) စပ်သော ပူသော အရသာများတွင် တေဇောဓာတ် (မီးဓာတ်) အားကောင်း၏။
(၄) ခါးသော ဖန်သော အရသာများတွင် ဝါယောဓာတ် (လေဓာတ်) အားကောင်း၏။

ဒီတော့ စဉ်းစားကြည့်ပါမိတ်ဆွေ။
လူသားတွေဟာ မိမိသဘာ၀ အကြိုက်ကိုလိုက်၍ ကိုယ်စားချင်တဲ့ အရသာကို လွန်လွန်ကဲကဲ စားတတ်ကြပြီး ကိုယ်မကြိုက်တာတွေကို တစ်ခါတစ်လေမှစားမိကြ၊ တစ်ချို့လည်း မကြိုက်တာဆို လုံးဝကို မစားပဲ နေမိကြသည်လေ။

ဒီတော့ ဒီအကျင့် စရိုက် ဝါသနာနဲ့ နှစ်ပေါင်းများစွာကြာအောင် နေထိုင်စားသောက်ကြတဲ့အခါ ကိုယ်ခန္ဓာထဲမှာ ဓာတ်ကြီးလေးပါး မညီမညွတ်ဖြစ်လာကြတယ်။ ပိုစားတဲ့ဓာတ်တွေက ပိုပြီးတော့ စုဝေးဖွဲ့စည်းလာပြီး သိပ်မစားမိတဲ့ ဓာတ်တွေက နည်းပါးလာကြပါတယ်။

ဒါဟာ ကျန်းမာရေးကို ညံ့ဖျင်းလာစေတတ်သော အခြေခံအကြောင်းတွေဖြစ်ပါတယ်။

တစ်ချို့က အချို အဆိမ့်တွေ သိပ်ကြိုက်တော့ သိပ်စားတာပေါ့။
ဒီလူတွေက ဆီးချိုရောဂါတွေ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေ၊ အဝလွန်ရောဂါတွေ ဖြစ်တတ်ကြတယ်။
တစ်ချို့က အငံကြိုက်တော့ ခပ်လေးလေးစားကြတယ်၊ အငံချက်တွေ မကြာမကြာစားကြတယ်။
ဒီလူတွေက သွေးတိုးရောဂါတွေ ဖြစ်တတ်ကြတယ်။
တစ်ချို့က အချဉ် အစပ်တွေ တအားစားကြတယ်။
ဒီလူတွေက အစာအိမ်အချဉ်ပေါက်တာတွေ၊ ဗိုက်အောင့်တာတွေ၊ အစာအိမ် သွေးကြောပေါက်တာတွေ၊ လေထိုးလေနာတာတွေ ဖြစ်တတ်ကြတယ်။

ယနေ့ လူသားတွေ ခံစားနေကြရတဲ့ ဝေဒနာရောဂါတွေ ဖြစ်ပေါ်လာရခြင်း၏ အခြေခံအကြောင်းအရာတွေမှာ စားပေါက်ပုံဟာ ထိပ်ဆုံးက ပါပါတယ်။

ကိုယ်ကြိုက်တာတွေကို ဖိစားပြီး၊ ကိုယ်မကြိုက်တဲ့ အရသာတွေ အစားအစာတွေကိုကျတော့ မျှတအောင် မသုံးဆောင်မိခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်းတွေဖြစ်ပါတယ်။

တစ်ချို့လည်း သတိထားမိကြပါလိမ့်မယ်။
ငယ်ငယ်က အချိုတွေ အဆိမ့်တွေ သိပ်ကြိုက်တယ်။
အသက်ကြီးလာတော့ အချဉ်လေးတွေ အဖန်လေးတွေ စားချင်လာတယ်။
ဒါဟာဆိုလျှင် မိမိရဲ့ ခန္ဓာကိုယ်ကြီးက အတက်နိုင်ဆုံး မျှတအောင် ကျန်းမာအောင် လိုအပ်နေတဲ့ ဓာတ်ကလေးတွေကို အာရုံကြောစနစ်ရယ် လျှာရယ်နဲ့ ပေါင်းစပ်ပြီး ခံတွင်းတောင်းပေးခြင်းပါတယ်။
ဒါပေမယ့် ဒါဟာ ကျန်းမာရေးကံကောင်းသူအနည်းငယ်မှာသာ ဆိုးဆိုးရွားရွား မကျန်းမမာ မဖြစ်ခင် စားမိခြင်းမျိုးပါ။

အများစုမှာတော့ ဒီလိုအခြေအနေ မရောက်လိုက်ရပဲ . . . ဆီးချိုရောဂါ/ သွေးတိုးရောဂါ/ နှလုံးရောဂါတွေ ဖြစ်လာကြ၊ ဝေဒနာတွေ ခံစားလာကြရပြီး ငယ်ငယ်က ကိုယ်ကြိုက်တာတွေကို စားခွင့်မရတော့တဲ့ အခြေအနေကို ဆိုက်သွားကြပါတယ်။ သက်တမ်းစေ့မနေလိုက်ရပဲ လောကကြီးထဲက ထွက်သွားရရှာပါတယ်။

ယခုကာလမှာလည်း ထိုသို့သော ရောဂါအခံ အားကြီးသူတွေဟာ - များသောအားဖြင့် - ၂ ပါတ်လောက်အတွင်း ဧည့်သည်ရောဂါကို လက်မြှောက်သွားကြရရှာပါတယ်။

ဒါကိုသတိပြုပါမိတ်ဆွေ။

ဒီတော့ ယခုအချိန်ကစပြီးတော့ ရောဂါဝေဒနာဆိုးတွေ မရောက်လာခင်ကတည်းက ကြိုတင်ပြီးတော့ - ကိုယ်ကြိုက်တဲ့ အရသာတွေလည်း စားပါ။ ကိုယ်မကြိုက်တဲ့ အရသာတွေကိုလည်း နေ့စဉ်ဖြစ်စေ၊ ရက်ခြားဖြစ်စေ၊ တစ်ပါတ်တစ်ခါဖြစ်စေ စားစားပေးပြီး ကိုယ်တွင်းက ဓာတ်ကြီးလေးပါးကို ညီညွတ်မျှတအောင် စားသောက်ပါလို့ လေးစားစွာ တိုက်တွန်းအပ်ပါတယ်။

( ယခုအခါမှာ ခေတ်အခြေအနေအရ - သဘာဝမဟုတ်တဲ့ အစားအစာတွေ၊ အရသာ အတုတွေ၊ အသင့်လုပ် အစားအစာ (Ready made) တွေ၊ မသန့်ရှင်းတဲ့ဆီတွေဟာ လူသားတွေကြားမှာ အလွန်ပျံ့နှံ့နေပါတယ်။ အတက်နိုင်ဆုံး မစားပါနဲ့။ ဆီကိုလည်း ပဲဆီစစ်စစ်၊ နှမ်းဆီစစ်စစ်၊ နေကြာဆီ စစ်ကိုသာ သုံး။ ဈေးချိုတဲ့ ရောဆီတွေဟာ မသန့်ရှင်းပါဘူး စားအုံးဆီတွေနဲ့ ရောထားပါတယ်။ လူတွေ ကင်ဆာတွေလည်း ဖြစ်နေကြပါတယ်။ ကျွန်တော်အသိထဲက တစ်ယောက်ဆိုလျှင် အဲ့ဒီရောဆီတွေကို ရောင်းတာပါ၊ သူက အမျိုးသမီးပါ၊ အခု ကင်ဆာနဲ့ ဆုံးပါးသွားပါပြီ၊ အသက်လေးဆယ်ကျော်လောက်ပဲ ရှိပါသေးတယ်။ မြန်မာပြည်မှာ ကင်ဆာနဲ့ သေတဲ့လူတွေ သိပ်များလာပါပြီ။ )

မိတ်ဆွေတို့ရေ . . . ယခုဖြစ်ပွားနေတဲ့ ဧည့်သည်ရောဂါဖြစ်ပွားတဲ့ကာလ ကုန်ဆုံးသွားခဲ့ရင်တောင် ကျွန်ုပ်တို့၏ စားသောက်ပုံကြောင့် ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေက ကျွန်ုပ်တို့နှင့် ထပ်ကြပ်မကွာ ကျန်ရှိနေခဲ့ဦးမယ်ဆိုတာ ပြောလိုက်ပါရစေ။

ဒီတော့ အနီးကပ်ရန်သူက အနီးမှာ ရှိနေဦးမှာ ဗျ။
အနီးကပ်ရန်သူက မိမိရဲ့ သတိလက်လွတ်စားသောက်မိတဲ့ အကျင့်ပါပဲ။
ဒါကို သတိထားပါ။
သတိကြီးကြီးထားပါ။
အခုကစလို့ နေ့စဉ် နေထိုင် စားသောက်ရာမှာ အရသာတွေ စုံလင်အောင် မျှတအောင် အတက်နိုင်ဆုံး မိမိပညာနဲ့ ချင့်ချိန်ပါ။
ဒါဆိုလျှင် ဖြစ်ရိုးဖြစ်စဉ် ရောဂါတွေကနေ ကင်းစင်လို့ ယခင်ကထက် ကျန်းမာပျော်ရွှင်လာပါလိမ့်မည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>
>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ကျွန်ုပ်ရေးသား မျှဝေအပ်သော “သတိတစ်လုံး အမြတ်ဆုံး နှင့် လျှောင်း-ထိုင်-ရပ်-သွား | ချို-ချဉ်-စပ်-ခါး” ဟူသော ဆောင်းပါးပြီးဆုံးခြင်းသို့ ရောက်ပါပြီ။ အားလုံးဟာ ဆက်နွယ်မှုရှိပါတယ်။ အနေအထိုင် အစားအသောက် မျှတဖို့ရာမှာ သတိသည် ပင်မလိုအပ်ချက်ဖြစ်ပါတယ်။

- အဟာရနှင့် အနေအထိုင်မျှတမှသာ ခန္ဓာကိုယ်ရှိ သွေးလေ လည်ပါတ်စီးဆင်းမှုသည် ကောင်းမွန်နေမည်၊ ကျန်းမာမည် ဖြစ်ပါသတည်း။

- ဒီတော့ အမြဲသတိရှိကြပါ။ ထိုင်တာ မတ်တပ်ရပ်တာ လမ်းလျှောက်တာ အိပ်စက်အနားယူတာကို မျှတစေပါ။ ချို ချဉ် စပ် ခါး အဆိမ့် အငံ အရသာစုံလင်စွာစားပါ။ မိတ်ဆွေ ကျန်းမာရွှင်လန်း လာပါလိမ့်မည်။

ဒါ့အပြင် - ယခုကာလ မိမိ မိသားစုဝင်၊ ဆွေမျိုး မိတ်ဆွေတွေထဲမှာ ဧည့်သည်ရောဂါ ခံစားနေရသူများရှိပါကလည်း - ယခင်က ကိုယ့်အပေါ် ဆိုးခဲ့ခြင်း ကောင်းခဲ့ခြင်းတွေကို သည်းခံခွင့်လွှတ်စရာရှိက သည်းခံပေးရင်း၊ ကျေးဇူးတရားရှိက သတိရပေးရင်းက - သတိဖြင့် အတက်နိုင်ဆုံး ကူညီစောင့်ရှောက်နိုင်ကြပါစေ။ သတိမေ့လျော့နေတဲ့ ဝေဒနာသည်တွေကိုလည်း သတိပေးနိုင်ကြပါစေ။ နေ့မြင် ညပျောက် ဖြစ်တတ်တဲ့ ကမ္ဘာကြီးမှာ မိမိကိုယ်မိမိရော၊ မိမိအနီးကလူတွေရောကို သတိ-ဉာဏ်ပညာဖြင့် စောင့်ရှောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

- မျှဝေလိုသူ၊ Copy ယူလိုသူများလည်း လွတ်လပ်စွာ မျှဝေနိုင်ပါတယ်၊ Credit ပေးစရာမလိုပါ။ ကျွန်ုပ်တို့က ကျန်းမာခြင်း၊ အသက်ဓာတ်၊ ဉာဏ်ပညာအလင်းကိုလှူဒါန်းခြင်းသာ ဖြစ်ပါသည်။

စာရေးသူ - သတိတရားနှင့် ဉာဏ်ပညာကို ဦးခိုက်ပူဇော်သူတစ်ဦး။

ဖုန်း - 09 977 184 035.

11/08/2021

အသက်ရှူခြင်းနှင့် ကိုယ်တွင်းအောက်စီဂျင်ပမာဏမြင့်တက်လာခြင်း💨

ယခု Post သည် ဉာဏ်အလင်းဖွင့်ဆောင်းပါးဖြစ်ပါသည်။
ယခုရေးသားသော သုတအတွက် သက်ဆိုင်ရာ ဆေးသိပ္ပံဆရာများ၊ ကမ္မဌာန်းဆရာများ၊ သင်ဆရာ မြင်ဆရာများကို ဦးစွာ ရှိခိုးကန်တော့ပါသည်။

မိတ်ဆွေသည် ယခုဆောင်းပါးကို ဖတ်ရှုပြီးသည့်အခါတွင် လက်ရှိဖြစ်ပွားသော ခေတ္တဧည့်သည် ရောဂါကို အနိုင်ယူရာမှာလည်းကောင်း နောက်နောင် ရှင်သန်ရာ ဘဝတစ်လျှောက်လုံး ကျန်းမာ ပျော်ရွှင် ကုသိုလ်တိုးပွားဖို့ရာမှာလည်းကောင်း အကျိုးကျေးဇူးများကို ရရှိပေတော့မည်။

တစ်ဖန် ဒီထက်ကို ဉာဏ်ပညာရင့်သော သူတို့မှာ ကျွန်ုပ်၏ ဆောင်းပါးတွင် မပါသော အရေးကြီးတော့ အချက်တို့ကိုပါ ဉာဏ်အလင်းပွင့်သွားမည် ဖြစ်ပေသည်။

အချက် - ၇ ချက်ဖြင့် တင်ပြသွားမည်။
>>>>>>>>>>>>>>>>>>>>>>>>>
(၁)
လူတို့သည် ထမင်းကို တစ်ရက်သုံးကြိမ်၊ ရေကို တစ်နေ့ (၈ ကြိမ်) ခန့် သောက်သုံးသော်လည်း အသက်ရှူသွင်းခြင်း၊ အသက်ရှူထုတ်ခြင်းလုပ်ငန်းစဉ်ကိုတော့ စက္ကန့်မလပ်လုပ်ဆောင်နေကြရပါသည်။
ဒါဘာကို ညွှန်းဆိုသလဲဆိုတော့ ခန္ဓာကိုယ်အတွင် လေဝင် လေထွက် ဖြစ်စဉ်ကြီးသည် လူသားတို့ အသက်ရှင်သန်ဖို့ရာအတွက် ကြီးစွာသော အထောက်အပံ့ကြီးဖြစ်ကြောင်းကို ပြနေခြင်း ဖြစ်သည်။

(၂) အဘယ်ကြောင့် အသက်ရှူသွင်းခြင်း၊ အသက်ရှူထုတ်ခြင်းလုပ်ငန်းစဉ်ကို ခန္ဓာကိုယ်က လိုအပ်သလဲဆိုတာကို သာမန်လူတို့ နားလည်စေရန် ရှင်းပြပါရစေ။

မိတ်ဆွေက လေကိုရှူလိုက်တဲ့အချိန်မှာ ထိုလေထဲက အောက်စီဂျင်သည် အဆုပ်ထဲက လေအိတ်ငယ်လေးတွေ (Alveoli) ဆီကို ရောက်သွားပါတယ်။

ထိုအခါ လေအိပ်ငယ်လေးမှာ တွယ်ကပ်နေတဲ့ သွေးလွှတ်ကြောများက အောက်စီဂျင်ကို ဖမ်းယူလိုက်ပြီး ခန္ဓာကိုယ်အနှံကို ပို့ပေးပါတယ်။

ဒီအောက်စီဂျင်ကို ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဇီဝဆဲလ်များအားလုံးက လူသားဆက်လက်ရှင်သန်ဖို့အတွက် များစွာ မီခိုရပါတယ်။
ဒီအောက်စီဂျင်ကို ဆဲလ်များ ရှင်သန်ပွားများရေးအတွက် အာဟာရ ချက်လုပ်ရာတွင် စက္ကန့်မလပ် အသုံးပြုနေရပါသည်။

တစ်ဖန် ကိုယ်ရှိ ဆဲလ်များရှင်သန်ဖို့ အလုပ်လုပ်ရာမှ ထွက်ပေါ်လာသော ဘေးထွက် ဓာတ်ငွေ့များ (ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ) ကို သွေးပြန်ကြောလေးတွေကနေပြီးတော့ လေအိတ်တွေဆီကို သယ်ဆောင်လာကြပါတယ်။ ဒါတွေကိုတော့ လူသားက ထွက်သက်အဖြစ် အပြင်ဘက်ကို ရှိုက်ထုတ်ပါတယ်။ ဘာလို့ အပြင်ကို ထုတ်ရသလဲဆိုတော့ မလိုအပ်တဲ့အပြင် အဆိပ်အတောက်ဖြစ်စေလို့ပါ။ ဒါတွေ အပြင်ကို မရှူထုတ်နိုင်ဘူးဆိုလျှင်လည်း ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ညံ့စေတဲ့ စွန့်ပစ်ဓာတ်ငွေ့တွေ ဖြစ်နေလို့ပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>
(၃)
ကျွန်တော်တို့ဟာ ပူပန်သောကကြောင့်ဖြစ်စေ၊ လောဘ ဒေါသ မောဟ အာရုံတွေ အားကြီးနေလို့ဖြစ်စေ ထိုအချိန်အခါမျိုးပါ သတိလွတ်သွားပါတယ်။ မောလာတတ်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ မိမိက သတိမထားမိသော်လည်း ခန္ဓာကိုယ်ကြီးက အသက်မှန်မှန်ရှူဖို့ကို မေ့သွားလို့ပါ။
ထိုအခါမျိုးမှာ အသက်ရှူတာက စည်းချက်မမှန်တော့ဘူး၊ ပြည့်ပြည့်၀၀ အသက်မရှူမိတော့ဘူး။
ဒီအခါမျိုးမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ အောက်စီဂျင်ကို အပြည့်အ၀ မထောက်ပံ့နိုင်တော့သလို၊ ကိုယ်တွင်းက အဆိပ်ဓာတ်ငွေ့ဆိုးတွေကိုလည်း ပြည့်ပြည့်၀၀ မထုတ်နိုင်တော့ပါဘူး။

ထိုအခိုက်အတန့်သည် ခန္ဓာကိုယ်၏ ကျန်းမာရေးကို ထိခိုက်စေသော ကာလများပင်ဖြစ်ပါသည်။

လူသားသည် မိမိ၏ အကျင့်စရိုက်ကြောင့် လောဘ ဒေါသ မောဟ စိုးရိမ်စိတ် စသည်တို့ အားကြီးလာပြီး အကြိမ်ရေများများ သတိလွတ်လာသောအခါတွင် သူ၏ အသက်ရှူမှု ဖြစ်စဉ်သည်လည်း အချိန်ကြာကြာယိုယွင်းလာပြီးနောက် ကျန်းမာရေးကို တစ်စ တစ်စ ထိခိုက်စေပါတော့သတည်း။

စက္ကန့်မလပ် စည်းချက်မှန်မှန် အသက်ရှူခြင်း၏ အရေးပါပုံကို သတိချပ်ပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>
(၄)
ကိုယ်တွေ့ တစ်ခု ပြောပြပါရစေ။
ကျွန်ုပ်၏ ဖခင်သည် ကိုဗစ်ဝေဒနာ ခံစားရပြီး နားလန်ထခါစက ဖြစ်ပါသည်။
ပျားသံပုရည်တိုက်ပြီးတိုင်း အဖေ၏ အောက်စီဂျင်ပမာဏကို တိုင်းပေးဖြစ်ပါသည်။
ယခင်ရက်တွေက (Oxygen – 97) ရှိသော်လည်း ထိုနေ့က တိုင်သောအခါ (Oxygen – 93) သာရှိပါသည်။
ကျွန်ုပ် သေချာစွာ အကဲခတ်သောအခါ Oximeter ဖြင့် Oxygen တိုင်းနေသော အချိန် ၁ မိနစ်ခန့်တွင် အဖေသည် အသက်ရှူဖို့ရာကို မေ့နေတာကို တွေ့ရပါသည်။
အဖေသည် စိုးရိမ်သောကဖြင့် မျက်မှောင့်ကြုံ့၍ Oxygen ပမာဏကိန်းဂဏ်န်းကို ဖက်နေချိန်ဝယ် အသက်ရှူဖို့ မေ့နေပါသည်။

ထိုအခါတွင် ကျွန်ုပ်က - အဖေရေ အဖေက ကိန်းဂဏန်းတွေရဲ့ လွှမ်းမိုးမှုကို များစွာ ခံယူနေတာကို။
ထားလိုက်ပါအဖေ။ သူတို့ဖော်ပြတဲ့ ကိန်းဂဏန်းတွေအပေါ်မှာ စိုးရိမ်သောက ညှိုးငယ်စိတ်မထားပါနဲ့။
အရေးကြီးတာက အသက်ကို မှန်မှန်ရှူဖို့ပါ။
ခုနတုန်းက တိုင်းတာနေစဉ်က အဖေ အသက်ကို မှန်မှန်မရှူဖူးနော်။
ကဲ . . . အခုပဲ အသက်ကို တစ်ဝကြီးရှူသွင်း တစ်ဝကြီးရှူထုတ် (၁၀ ကြိမ်တိတိ) ပြည့်ပြည့်၀၀ လုပ်ဆောင်လိုက်ပါ။
ကျွန်တော်ပြန်တိုင်းပြပါမယ်။

၎င်းနောက် အဖေသည် အသက်ကို တစ်ဝကြီး ၁၀ ကြိမ်ရှူသွင်း ရှူထုတ် လုပ်လိုက်ပြီးတော့ Oxygen ပြန်တိုင်းလိုက်သော အခါတွင်ကား (Oxygen-99) ဟု ဖော်ပြတာကို တွေ့လိုက်ရပါတယ်ဗျာ။

အကယ်စင်စစ် အဖေသည် ကျန်မာနေပြီဖြစ်သည်။
သို့သော် ယခင်ဖျားနာစဉ်က ဝေဒနာလက်ကျန်နှင့် သောကလက်ကျန်ရှိနေသေးပါသည်။

ကျွန်တော်ကလည်း . . . တွေ့လားအဖေ သတိနဲ့ အသက်မှန်မှန် ပြည့်ပြည့်၀၀ရှူတာ အဖေကိုယ်တွေ့သိပြီမို့လားဟု ပြောလိုက်လျှင် အဖေသည် ကျော်ဟိန်းကဲ့သို့ သွားကြီးဖြီးကာ ရယ်ပါတော့သတည်း . . . .

ဒီဖြစ်ရပ်မှာ မိတ်ဆွေများ အသက်ရှူခြင်း၏ အရေးပါပုံကို သတိချပ်ပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>
(၅) ကျွန်ုပ်တို့က သတိလက်လွှတ်နေထိုင်ရှင်သန်ခဲ့မိသော ကာလတွေက နှစ်ပေါင်း ၁၀ ချီ ကြာမြင့်လာတဲ့အခါ အဆုပ်အတွင်းမှာ ရှိတဲ့ သန်းပေါင်းများစွာသော လေအိတ်ငယ်လေးတွေရဲ့ များစွာသော ရာခိုင်နှုန်းသည် လေကို ပြည့်ပြည့်၀၀ မရရှိ၍ တစ်ချို့လည်း ပြားကပ်သွားကြသည်၊ တစ်ချို့လည်း မသန်မစွမ်းဖြစ်နေကြသည်။ တစ်ချို့မှာလည်း ဆေးလိပ်နှင့် ဖုန်မှုန့် မိုးခိုးငွေ့ စသည်တို့၏ ဒဏ်ကြောင့် ပျက်စီးသေဆုံးသွားကြလေသည်။

သို့သော် ကိုယ်ကာယ အားကစားလေ့ကျင့်ခန်းလုပ်သည်၊ အလေးမသူ၊ Gym ဆော့သူ၊ ယောဂလုပ်သူ၊ တရားထိုင်သူတို့တွင်တော့ ထိုထိုသော အနည်းငယ်ယိုယွင်းသော အဆုပ်တွင်းလေအိတ်ငယ်လေးများသည် ပြန်လည်၍ ပြည့်တင်းပြီး ရှင်သန်လာကြလေ၏။ ပြားကပ်နေသော လေအိတ်ငယ်လေးများသည်လည်း ပြန်လည်၍ ပြည့်ဖောင်းလာကြလေ၏။

ထိုသို့ဖြစ်ရခြင်းများ အသက်ရှူမှု ပြန်လည်စည်းချက်မှန်လာခြင်း၊ အဆုပ်သည် ပြည့်ပြည့်၀၀ ရှူသွင်းရှူထုတ်လုပ်လာခြင်းကြောင့်ဖြစ်သည်။

အကျိုးရလဒ်ကတော့ ခန္ဓာကိုယ်တစ်ခုလုံးရှိ ဇီဝဆဲလ်တိုင်းလိုလိုသည် အောက်စီဂျင်ကို ပျော်ပျော်ကြီး ရရှိကြသည်၊ ထို့ကြောင့် ရွှင်လန်းကျန်းမာကြသည်။ မလိုအပ်သော ဓာတ်ငွေ့ဆိုး (ကာဗွန်ဒိုင် အောက်ဆိုက်) ကိုလည်း ပြည့်ပြည့်၀၀ကြီး စွန့်ပစ်နိုင်ကြသည်။ ထို့ကြောင့် ကိုယ်တွင်းသန့်စင်ကာ ရွှင်လန်းကျန်းမာကြသည်။

ထို့ကြောင့်ထိုသူများသည် အခြားသူများနှင့်ယှဉ်လျှင်- ကျန်အခြေအနေများ တူလျှင်တောင် ပို၍ ရွှင်လန်းကြသည်။ ကျန်းမာကြသည်။

ယခုကိုဗစ်ကာလတွင် ယခင်က ကျန်းမာရေး ရေရှည်လိုက်စားခဲ့သူများ၊ စက်ဘီးစီးသူများ၊ Gym ဆော့သူများ၊ ယောဂ ကျင့်သူများ၊ တရားများများထိုင်သူများ အဖြစ်နည်းခြင်း၊ ထိုသူများက အိမ်ရှိ ကိုဗစ်လူနာကို အနီးကပ်စောင့်ရှောက်ရသော်လည်း ကိုဗစ်ကြောင့် နာဖျားမှုမရှိခြင်းတို့ကို သတိချပ်ပါ။

(ချွင်းချက်အနည်းငယ်တော့ရှိတာပေါ့။ ဒါကိုမဆင်ခြင်ပဲ အငြင်းပွားပြီး မငြိုညင်ပါနဲ့။)

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

(၆) ခန္ဓာကိုယ်ရှိ ကိုယ်တွင်းအင်္ဂါ စနစ်များအားလုံးတွင် အခြားစနစ်တို့ထက် ပိုမို၍ အောက်စီဂျင်ကို အလိုရှိနေသူများမှာ - ဦးနှောက်နှင့် အာရုံကြောစနစ်ဖြစ်ပေသည်။
ဦးနှောက်နှင့် အာရုံကြောစနစ်ကြီးသည် ကျန်စနစ်များလုံး အလုပ်ကောင်းကောင်းလုပ်ဖို့ရာအတွက် စီမံကွပ်ကဲ ထိန်းညှိပေးနေရသော အုပ်စိုးသူ ဉာဏအဖွဲ့အစည်းကြီးဖြစ်သည်။

(အရက်နှင့် မူးယစ်ဆေးဝါးများ သုံးစွဲသူတို့ တဖြည်းဖြည်း ကျန်းမာရေးညံ့လာခြင်းမှာ ထိုဦးနှောက်နှင့် အာရုံကြောစနစ် ထိခိုက်ပျက်စီးလာသောကြောင့်ဖြစ်သည်။ )

ဒီတော့ မိတ်ဆွေက သတိနဲ့ အသက်ကိုမှန်မှန်ရှူတဲ့အခါမှာ၊ တရားထိုင်တဲ့အခါမှာ၊ ယောဂလုပ်တဲ့အခါမှာ၊ မေတ္တာပို့တဲ့အခါမှာ၊ သူတစ်ပါးတို့၏ ကျေးဇူးတရားကို ဆင်ခြင်အောက်မေ့တဲ့အခါမှာ - ယခင်ကထက် အသက်ရှူမှုတွေ ပိုမိုသိမ်မွေ့လာတယ်၊ ပိုမိုစည်းချက်မှန်လာတယ်၊ လေကို ယခင်ကထက်ပိုမိုပြီးတော့ ရှူသွင်း ရှူထုတ်လုပ်နိုင်လာတယ်။

ထိုအခါမှာ - ဦးနှောက်နှင့် အာရုံကြောစနစ်ကြီးကလည်း အောက်စီဂျင်ကို ပိုမိုရရှိလာပြီးနောက် ယခင်ကထက် ပိုမိုရွှင်လန်း ကျန်းမာလာတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ပိုမိုကောင်းမွန်စွာ စီမံကွပ်ကဲလာတယ်။ ဒါသည်လည်း . . . လူသားရဲ့ ကျန်းမာရေး တိုးတက်လာဖို့အတွက် ကြီးစွာသော အထောက်အပံ့ဖြစ်စေပါတော့တယ်။

အသက်ရှူလေ့ကျင့်ခန်းများများလုပ်သူ၊ တရားထိုင်သူ၊ ယောဂကျင့်သူ၊ အာနာပါန ကမဌာန်း အားကောင်းကောင်းနဲ့ ပြုလုပ်သူ၊ စိတ်ထားကောင်းတွေ များများ မွေးမြူခြင်းသည် - ကျန်းမာရေးအတွက်လည်း ကောင်းသလို၊ မိမိဆိုင်ရာ ဆိုင်ရာနယ်ပါယ်တွေ၊ မိမိ စိတ်တိမ်းညွှတ်ရာ ကဏ္ဍတွေမှာလည်း “ဉာဏ်အလင်းပွင့်ရန်”အတွက်လည်း အထောက်အကူရမည်ဖြစ်ပေသည်။

ဒီနေရာမှာ - ကျွန်ုပ်က စိတ်ထားကောင်းတွေကို မွေးမြူခြင်း၊ သူတစ်ပါး၏ ကျေးဇူးကို သိတတ်ခြင်းတွေကို ဘာလို့ ထည့်ထားရသလဲဆိုတော့ ထိုကောင်းတဲ့စိတ်တွေဟာ အသက်ရှူစနစ်စည်းချက်မှန်ဖို့ အထောက်အကူပြုသလို ခန္ဓာကိုယ် ကျန်းမာရေးအတွက် အခြားလိုအပ် အသုံးဝင်တဲ့ ရုပ်ပစ္စည်းများ (ဆေးပညာတွင် ဟော်မုန်းဟု သုံးနှုန်းသည်)ကိုလည်း ထုတ်လွှတ်ပေးသောကြောင့်ဖြစ်ပေသည်။

ယခု နံပါတ် (၆) ကို ဘဝတစ်လျှောက်လုံး အထူးမှတ်သားထားပါ မိတ်ဆွေ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>
(၇)
ဘုရားရှင်တိုင်း၊ ဘုရားရှင်တိုင်းသည် ပု၊ ဒိ၊ အာ ဟူသော ဉာဏ်စဉ် (ထိုဉာဏ်သုံးပါးပေါင်းကို သဗ္ဗညုတဉာဏ်ဟုခေါ်သည်) ဖြစ်ပေါ်ဖို့ ဘုရားအဖြစ်ကို ရောက်ရှိဖို့ - အခြေခံကျင့်ရသော ကမ္မဌာန်းကတော့ ထွက်လေ ဝင်လေ ရှုမှန်ပွားများခြင်းဆိုတဲ့ အာနာပါန ကမ္မဌာန်းကျင့်စဉ်ကို ကျင့်ကြရပေသည်။

ခရစ်တော်အကြောင်းကို လေ့လာပါက - ခရစ်တော်သည် နောက်လိုက် နောက်ပါအများမရရှိချိန်ကပင် စိတ်ထားအလွန်ကောင်းသည်၊ မေတ္တာအလွန်ထားသည်၊ မျက်စိရှေ့က ဒုက္ခရောက်နေသူကို ရင်ဝယ်သားသဖွယ် ချစ်ခင်စောင့်ရှောက်သည်။ စိတ်ကောင်း စိတ်မြတ်ဓာတ် အားကြီးသည်။

မိုဟာမက်သည် ဘုရားသခင်နှင့် အဆက်မသွယ်မရခင်က ဂူတစ်လုံးထဲတွင် ရက်ပေါင်းများစွာ တရားထိုင်ခဲ့ဖူးသည်။

ဟိန္ဒူဘာသာဝင်တို့၏ ယောဂအကျင့်တွင် အသက်ရှူခြင်းတည်းဟူသော ကျင့်စဉ်များသည် မဖြစ်မနေ တိုးတက်အောင် ကျင့်ရမည့် ကျင့်စဉ်အဖြစ် ပါဝင်သည်။

ကဲ . . . ဒီတော့ မိတ်ဆွေက ဘာသာဝင်ပဲဖြစ်ဖြစ်ပါနော်။
ကျွန်ုပ်တို့က လေးစားချင်ခင်ပါတယ်။
မိတ်ဆွေကို ကျန်းမာပျော်ရွှင်စေချင်ပါတယ်။

ဒါကြောင့်လည်း ယခုကဲ့သို့ အသက်ရှူခြင်းနှင့် ကျန်းမာရေး ဆက်စပ်နေပုံ၊ မိမိအပါဝင် အခြားသူတွေ အပေါ်စိတ်ထားကောင်းထားခြင်းနှင့် ကျန်းမာရေ ဆက်စပ်ပုံတို့ကို တကူးတက စုစည်း၍ သုတ ဆောင်းပါးကို ရေးသားစီရင် တင်ပြလိုက်ခြင်းဖြစ်ပါသည်။

ယခုဆောင်းပါးကို ဖတ်ရှုပြီးသူတို့ထဲတွင် ကျွန်ုပ်ထက် ဉာဏ်ပညာထက်မြတ်သူ၊ အသိပညာကြွယ်ဝသူများပါလာက ကျွန်ုပ်ရေးသားကြောင်းအရာပေါ်တွင် ဝေဖန်လိုတာ၊ ဖြည့်စွက်မျှဝေလိုတာတွေ စိတ်ထဲမှာဖြစ်လာပါက Comment ကိုသာ အရောက်လှမ်းခဲ့ပါမိတ်ဆွေ။

Crd,စာရေးဆရာ - လျှပ်စီးလက်သလို ဉာဏ်အလင်းကို နှစ်သက်သူ။

ဖုန်း - 09 977 184 035.

Address

Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959420319592

Website

Alerts

Be the first to know and let us send you an email when Health & Beauty Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Health & Beauty Online Shop:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram