29/10/2025
English Below
👉တစ်ကမ္ဘာလုံးတွင် လေဖြတ်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားနေရသူ ၁၀၁ သန်း ကျော်ရှိပြီး နှစ်စဉ် လူ ၁၂ သန်းကျော်သည် လေဖြတ်ခြင်းကို ခံစားရပါတယ်။
အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ လေဖြတ်နိုင်ခြေ ပိုများလာပါတယ်။ အသက် ၅၀ အောက်လူတွေမှာ ၁၆% ခန့်သာ လေဖြတ်တတ်ပေမယ့် အသက် ၇၀ နဲ့အထက်တွေမှာတော့ ဒီအချိုးအစားဟာ ၆၀% ကျော်အထိ မြင့်တက်သွားပါတယ်။
👉လူလေးယောက်မှာ တစ်ယောက်ဟာ လေဖြတ်နိုင်ခြေရှိတယ်လို့ တွေ့ရှိရပါတယ်။
လေဖြတ်သူအားလုံးရဲ့ တစ်ဝက်ကျော်ခန့်ဟာ သေဆုံးနိုင်ပြီး အသက်ရှင်ကျန်ရစ်သူတွေကတော့ ကြာရှည်စွာ ပြင်းထန်တဲ့ မသန်စွမ်းမှုဒဏ်ကို ခံစားရနိုင်ပါတယ်။ ဥပမာ - လှုပ်ရှားသွားလာရခက်ခြင်း၊ စကားပြောရခက်ခြင်း၊ အလုပ်လုပ်နိုင်စွမ်းမရှိခြင်း၊ မှတ်ဉာဏ်ပြဿနာများ၊ ဆုံးဖြတ်နိုင်စွမ်းကျဆင်းခြင်းနှင့် လူမှုဆက်ဆံရေး အားနည်းခြင်းစတာတွေ ဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်လေဖြတ်ရောဂါလက္ခဏာတွေကို စောစီးစွာသတိထားမိပြီး အချိန်မီကုသမှုခံယူနိုင်ဖို့ မရှိမဖြစ်အချက်အလက်တွေကို မျှဝေပေးလိုက်ရပါတယ်။ ဒါမှသာ လေဖြတ်ရောဂါကြောင့် အသက်ဆုံးရှုံးရမှုတွေ မရှိတော့မှာဖြစ်ပါတယ်။
ဒီနှစ်အတွက် ရွေးချယ်ထားတဲ့ "တစ်မိနစ်တိုင်းသည် အရေးပါသည်" ဆိုတဲ့ ဆောင်ပုဒ်ဟာ လေဖြတ်ရောဂါလက္ခဏာတွေကို အမြန်ဆုံးသတိထားမိပြီး ချက်ချင်းတုံ့ပြန်ဆောင်ရွက်ဖို့ အရေးကြီးကြောင်းကို အလေးပေးဖော်ပြနေပါတယ်။
ဒီကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့မှာ ABC International အနေနဲ့ လူတိုင်းကို နှလုံးနှင့်ဦးနှောက်ကျန်းမာရေးအတွက် ကြီးမားတဲ့အကျိုးကျေးဇူးရစေမယ့် နေ့စဉ်လုပ်ဆောင်နိုင်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
👉သွေးပေါင်ချိန်ကို ထိန်းပါ - ပုံမှန်စစ်ဆေးပြီး အစားအသောက်၊ လေ့ကျင့်ခန်း (သို့) ဆေးဝါးများဖြင့် ထိန်းသိမ်းပါ။
👉နှလုံးခုန်မမှန်ခြင်း (AFib) ကို ကုသပါ - နှလုံးခုန်မမှန်ရင် ဆရာဝန်နှင့်ပြသပါ။
👉သွေးတွင်းသကြားဓာတ်ကို စောင့်ကြည့်ပါ - ကျန်းမာရေးနဲ့ညီညွတ်စွာစားသုံးခြင်းနှင့် ပုံမှန်စစ်ဆေးခြင်းဖြင့် ဆီးချိုရောဂါကို ထိန်းသိမ်းပါ။
👉ကိုလက်စထရောကို လျှော့ချပါ - သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ဂျုံကြမ်းပင်များ ပိုစားပါ။ အကြော်အလှော်နှင့် ပြုပြင်ထားသောအစားအစာများကို ရှောင်ပါ။
👉ကိုယ်လက်လှုပ်ရှားမှုရှိပါစေ - သာမန်နေ့တွေမှာ မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ ကခြင်း၊ ရေကူးခြင်း (သို့) စက်ဘီးစီးခြင်းများ ပြုလုပ်ပါ။
👉ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးပါ - မြေထဲပင်လယ်အစားအစာ (သို့) DASH Diet ကဲ့သို့သော မျှတညီညွတ်တဲ့ အစားအစာများကို စားသုံးပါ။
👉ဆေးလိပ်ဖြတ်ပါ - ဆေးလိပ်သောက်ခြင်းဟာ လေဖြတ်နိုင်ခြေကို နှစ်ဆတိုးစေတာမို့ ဖြတ်လိုက်ခြင်းဖြင့် အသက်တွေကိုကယ်တင်ပါ။
👉အရက်သေစာသောက်စားခြင်းကို ကန့်သတ်ပါ - သင့်နှလုံးနှင့်ဦးနှောက်ကို ကာကွယ်ဖို့ အရက်သောက်သုံးမှုကို သင့်တင့်မျှတစွာသာ သောက်သုံးပါ။
👉ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ - ကိုယ်အလေးချိန် အနည်းငယ်လျှော့ချရုံနဲ့တင် လေဖြတ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။
👉လေဖြတ်ရောဂါလက္ခဏာများကို သိရှိပြီး ချက်ချင်းဆောင်ရွက်ပါ (F.A.S.T)
•F - မျက်နှာတစ်ခြမ်းစောင်းကျခြင်း
•A - လက်မောင်းအားနည်းခြင်း
•S - စကားပြောရခက်ခဲခြင်း
•T - အရေးပေါ်ဆေးကုသမှုခံယူရန် အချိန်ရောက်ပြီ
⏱ တစ်မိနစ်တိုင်းသည် အရေးပါသည်။
💗လက္ခဏာတွေကိုသိပါ။ ချက်ချင်းဆောင်ရွက်ပါ။ သင့်အနာဂတ်ကိုကာကွယ်ပါ။💗
“World Stroke Day October 29th,2025”
👉More than 101 million people worldwide are living with the effects of stroke, and over 12 million people suffer a stroke each year.
As people age, the likelihood of experiencing a stroke increases. While only about 16% of individuals under the age of 50 suffer from stroke, the percentage rises to over 60% among those aged 70 and above.
It has been found that one in four people will experience a stroke at some point in their lifetime.
More than half of all stroke victims may die from the condition, and those who survive often face serious long-term disabilities — such as loss of mobility, speech difficulties, inability to work, memory problems, reduced decision-making capacity, and weakened social interaction
Therefore, in honor of World Stroke Day, we are sharing valuable information to help people recognize the signs of stroke early and seek timely treatment — so that no lives are lost to stroke.
This year’s official theme, “Every Minute Counts,” emphasizes the urgency of recognizing stroke signs and responding immediately
This World Stroke Day, ABC International encourages everyone to take small daily actions that make a big difference for your heart and brain health. 💙
1️⃣ Control Your Blood Pressure — Check it regularly and manage it with diet, exercise, or medication.
2️⃣ Manage Atrial Fibrillation (AFib) — Irregular heartbeat? See your doctor. Medications like apixaban can help reduce stroke risk.
3️⃣ Monitor Blood Sugar — Keep diabetes under control with healthy eating and regular check-ups.
4️⃣ Lower Cholesterol — Eat more fruits, veggies, and whole grains; avoid deep-fried and processed foods.
5️⃣ Stay Active — Aim for 30 minutes of movement most days — walk, dance, swim, or cycle!
6️⃣ Eat Smart — Follow a balanced diet like the Mediterranean or DASH diet.
7️⃣ Quit Smoking — Smoking doubles stroke risk — quitting saves lives.
8️⃣ Limit Alcohol — Moderate your intake to protect your heart and brain.
9️⃣ Maintain a Healthy Weight — Even small weight loss helps lower your stroke risk.
🔟 Know the Signs & Act FAST
• Face drooping
• Arm weakness
• Speech difficulty
• Time to call emergency services
⏱ Every Minute Counts.
Know the signs. Take action. Protect your future.