Alpha Myanmar Health Trading Co.Ltd.

Alpha Myanmar Health Trading Co.Ltd. We care your health

ဝါခေါင်လပြည့် 🙏 မေတ္တာအခါတော်နေ့သက်ရှိ သတ္တဝါ အားလုံး ကိုယ်စိတ်နှလုံး ကျန်းမာ ချမ်းသာကြပါစေ🙏ရန်သူမျိုး ငါးပါးဘေးမှ ကင်းဝ...
07/08/2025

ဝါခေါင်လပြည့် 🙏 မေတ္တာအခါတော်နေ့

သက်ရှိ သတ္တဝါ အားလုံး
ကိုယ်စိတ်နှလုံး ကျန်းမာ ချမ်းသာကြပါစေ🙏
ရန်သူမျိုး ငါးပါးဘေးမှ ကင်းဝေးကြပါစေ 🙏
ဘေးရန် ကြောင့်ကျ ကင်း ကြပါစေ 🙏
ကုသိုလ်တရားတွေနဲ့ ထုံမွှန်းနိုင်ကြပါစေ🙏
မေတ္တာတရားပြည့်ဝရာ ဝန်းကျင်မှာနေထိုင်နိုင်ပါစေ🙏

Alpha မိသားစု

 #သွေးတိုးရောဂါသိစေရာ           သွေးပေါင်ချိန် အပေါ် ၁၄၀ နဲ့ အောက် ၉၀ (၁၄၀/၉၀) အထက်ရှိပြီဆိုရင် သွေးတိုးရောဂါရှိပြီလို့ ...
22/07/2025

#သွေးတိုးရောဂါသိစေရာ

သွေးပေါင်ချိန် အပေါ် ၁၄၀ နဲ့ အောက် ၉၀ (၁၄၀/၉၀) အထက်ရှိပြီဆိုရင်
သွေးတိုးရောဂါရှိပြီလို့ သတ်မှတ်ပါတယ်။
ဒါပေမဲ့ တကြိမ် တခါတည်း ဆေးရုံ ဆေးခန်း မှာတိုင်းပြီး သွေးပေါင်တက်ရုံနဲ့တော့ သွေးတိုးရှိပြီလို့ ဆုံးဖြတ်လို့ မရပါဖူး။
တချို့က ဆေးခန်းရောက်တဲ့အချိန် စိုးရိမ်တာ ကြောက်တာနဲ့ သွေးပေါင်ချိန် ခဏတက် တတ်တယ် ကျနော်တို့က white coat hypertension လို့ခေါ်ပါတယ်။
ရောဂါမရှိတဲ့အတွက် ကုဖို့ မလို့ပါ။
တချို့က ဆေးရုံ ဆေးခန်းလာရင် သွေးပေါင်ချိန်ရင် အကောင်း ပုံမှန်အတိုင်း ဒါပေမဲ့ အိမ်မှာ
အလုပ်မှာ တက်နေတတ်တယ် masked hypertension လို့ဆိုပါတယ်။
ဒီအုပ်စုက သွေးတိုးရောဂါရှိပြီး ထိရောက်တဲ့ ကုသမူ့ မရတဲ့အတွက် အန္တရာယ် ပိုကြီးပါတယ်။
ဒါကြောင့်မို့ သွေးပေါင်တိုင်းတဲ့စက် ဒီဂျင်တယ် စက်ဖြစ်ဖြစ် ပြဒါးနဲ့ စက်ဖြစ်ဖြစ် အိမ်မှာ ရုံးမှာ ဆောင်ထားပြီး စစ်ဆေးသင့်ပါတယ်။
သွေးပေါင် ဘယ်အချိန်တိုင်းတိုင်း ပုံမှန်ထက်တက်နေပြီဆိုရင် သွေးတိုးရောဂါ ခံစားနေရပြီလို့ သတ်မှတ်နိုင်ပါပြီ။

***သွေးတိုးကို ကုသမူ့ မယူရင် ဘာဖြစ်မလဲ***

လေဖြန်း လေဖြတ်နိုင်ခြေ ၇၀%
နှလုံးအားနည်းနိုင်ခြေ ၅၀ %
နလုံးသွေးကြောပိတ် ၂၅ %
ကျောက်ကပ်အားနည်း ၂၀% ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် မှတ်ဉာဏ်လျော့နည်းတာ
လိင်စိတ် လျော့နည်းတာ စသည့် ထိခိုက်မူ့များ
ဖြစ်နိုင်ပါသည်။
သေသေချာချာ ကုသမူ့ ခံယူရင် အပေါ်သွေးပေါင်ချိန် နဂိုအောက် ၁၀ ကျတိုင်း
လေဖြတ်နိုင်ခြေ ၃၈% သွေးကြောပိတ်နိုင်ခြေ ၁၈% သက်သာမယ်လို့ ဆိုပါတယ်။

***ဘယ်လို့လက္ခဏာပြမလဲ***

ခေါင်းမူး ခေါင်းကိုက် နှုံးတာ စိတ်ရှုတ်ထွေးတာ မောတာ အသက်ရှု့မဝတာတွေ ဖြစ်နိုင်ပါတယ်။ တချို့လဲ (သွေးပေါင်ချိန် ၂၀၀) ဝန်းကျင် ရှိတာတောင် ဘာလက္ခဏာမှ မပြတာလဲရှိပါတယ်။

***သွေးတိုးကို ဘယ်အချိန် စဆေးသောက်ကုရမလဲ***

ပုံမှန်သွေးပေါင်ချိန်ကို
အပေါ် ၁၂၀နဲ့ အောက် ၈၀ သတ်မှတ်ထားပါတယ်။
အမေရိကန်တွေကတော့ သွေးပေါင်ချိန် ၁၃၀/၈၀ နဲ့ အထက် ရောက်ရင် အဆင့် ၁ သွေးတိုးလို့ သတ်မှတ်ပါပြီး
သွေးပေါင်ချိန် ၁၄၀/၉၀ ကျော်ရင်
အဆင့် ၂ သွေးတိုးလို့ သတ်မှတ်ပြီး
စတင်ဆေးကုသမူ့ ခံယူရပါမယ်။
ဥရောပကတော့ ၁၄၀/၉၀ အထက်ကိုပဲ
သွေးတိုးရှိပြီ ကုသဖို့လိုပြီလို့ သတ်မှတ်
ကြပါတယ်။
တချို့သူတွေက သွေးပေါင်ချိန်
အပေါ် ၁၃၀ နဲ့ ၁၄၀ ကြားရှိနေတယ်။
ကုသမူု့ခံယူဖို့လိုလားဆိုတော့ သူတို့မှာ တခြား ဘာရောဂါမှ တွဲမနေဘူး ဆီးချို အဆီများတာ ဆေးလိပ်သောက်တာ အစရှိတာတွေ မရှိရင်တော့ ကုသဖို့ မလိုပါဖူး ဒါပေမဲ့ CVD risk factors လို့ခေါ်တဲ့ ဆီးချိုရှိတာ အဆီများတာ ယူရစ် အက်ဆစ်
များတာ ဆေးလိပ် အရက်သောက်တာ
ကျောက်ကပ်မကောင်းတာ လေဖြတ်ဖူးတာ
နှလုံးသွေးကြောပိတ်ဖူးတာအစရှိတဲ့
အချက်တွေ များများ ရှိနေရင်တော့
သွေးပေါင်ချိန် အပေါ် ၁၃၀ ကျော်တာနဲ့ ကုသမူ့ ခံယူသင့်ပါပြီ။

***သွေးတိုးရှိရင် ဘာတွေရှောင်ဖို့လိုပြီလဲ ***

DASH လို့ခေါ်တဲ့ နေ့စဉ်စားသောက်တဲ့ပုံစံ
လေ့ကျင့်ခန်း နေထိုင်မူ့ စနစ်ကို ပြောင်းလဲဖို့
လိုပါပြီ အငံလျော့စားရင် သွေးပေါင်ချိန် ၅အထိ ကိုယ်အလေးချိန်( ၂ )ပေါင်ကျတိုင်း
သွေးပေါင်ချိန်( ၁)ထိကျပါမယ်။
ပိုတက်ဆီယမ်များတဲ့ အစားအစာ
ဥပမာ အာလူး ခရမ်းချဉ်သီး ဌက်ပျောသီး စားတိုင်းသွေးပေါင်ချိန် (၅)ထိကျတယ်လို့ဆိုပါတယ်။
အဆီလျော့စားမယ် အသီးအရွက် အသီးအနှံများများစားမယ်ဆိုရင် သွေးပေါင်ချိန်( ၁၁) အထိ ကျဆင်းနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်ရင် (၅) အထိ အရက်လျော့သောက်ရင် သွးပေါင် (၄ )ထိ ကျမှာပါ။ ဒါကြောင့်မို့ သွေးတိုးရှိတဲ့လူနာတိုင်း ဒီ အစားအစာများကို ဂရုတစိုက်စားသုံးပြီး လေ့ကျင့်ခန်းလုပ်
ရှောင်သင့်တာရှောင် သွေးကျဆေး မသောက်ပဲ ထိန်းနိုင်အောင်ကြိုးစားသင့်ပါတယ်။

***ဘယ်သွေးကျဆေးကိုမှီဝဲသင့်သလဲ***

အဓိက အုပ်စုကြီးလေးခုရှိပါတယ်။
ABCD လို့ မှတ်လို့ရပါတယ်။
A ကတော့ ACEI/ARB အုပ်စုပါ (ဆေးဥပမာ တွေကတော့ peridopril Ramipril Enalapril/ losartan Telmisartan Irbesartan Valsartan) B ကတော့ Beta blocker ( ဥပမာ metoprolol bisoprolol carvedilol) C ကတော့ calcium channel blocker ( ဥပမာ Amlodipine nifedipine) D ကတော့ ဆီးဆေးအုပ်စု diuretic ( ဥပမာ hydrochlothiazide torsemide indapamide) တွေပါ။ အခြေခံအားဖြင့် သွေးပေါင်ချိန် အရမ်း မများဖူးဆိုရင် (အပေါ်သွေးပေါင်ချိန် ၁၅၀အောက်) ဆိုရင် ဆေးတမျိုးပဲစသောက်ရပါမယ် A အုပ်စုဝင်ဆေးကို ဦးစားပေး ရွေးချယ်ရမယ်။ သွေးပေါင်ချိန် ပုံမှန်မရောက်ပဲ တက်နေသေးတယ် ဆိုရင်တော့ A+C ဒါမဟုတ် A+D ကို ရွေးချယ်ပေါင်းစပ်သောက်ရပါမယ်။ နှစ်မျိုးပေါင်းမှ မကျသေးရင် A+C+D ၃ မျိုးပေါင်းစပ်သောက်ရပါမယ်။ ဒါမှ မကျသေးရင်တော့ A+C+D+B ၄ မျိုး ပေါင်းစပ်သောက်ရပါမယ်။ ဒီလိုမှ အဆင်မပြေသေးရင်လည်း ထပ်ပေါင်းစပ်ဖို့ ဆေးတွေရှိပါသေးတယ်။ အခုနောက်ပိုင်းမှာ ပေါင်းစပ်ပြီးသားဆေးတွေ နှစ်မျိုးပေါင်း ၃ မျိုးပေါင်းဆေးတွေ ( single pill combination ) တွေလဲ အများကြီး ပြည်တွင်းမှာ ရရှိနေပြီဖြစ်ပါတယ်။ ပေါင်းစပ်ထားတဲ့ဆေးတွေ သောက်တော့ ဆေးသောက်ဖို့မေ့တာ ကုန်ကျစရိတ်သက်သာတာနဲ့ သွေးပေါင်ထိန်းတာလဲ ပိုအဆင်ပြေ ချောမွတ်တယ်ဆိုပါတယ်။ ဆေးတမျိုးချင်းဆီရဲ့ ဘေးထွက်ဆိုးကျိုးလဲ လျော့နည်းသွားတဲ့အတွက် လူနာ သွေးပေါင်ချိန်များ ဥပမာ အပေါ်သွေးပေါင်ချိန် ၁၅၀နဲ့အထက်ဆိုရင် ဆေး၂မျိုးပေါင်း စသောက်သင့်ပါပြီ။ ဆေး ၂ မျိုးပေါင်း ပါဝင်တဲ့ သွေးကျဆေး ပမာဏ နည်းနည်းစီနဲ့စ ပေးတာဟာ ဆေး ၁ မျိုးထဲကို ပမာဏများများပေးတာထက် ပိုပြီး သင့်တော်တယ် လိုချင်တဲ့ ပုံမှန် သွေးပေါင်ချိန် မြန်မြန်ရောက်မယ်လို့ ဆိုပါတယ်။ဒါပေမဲ့ သိပ်မများတဲ့ အပေါ်သွေးပေါင်ချိန် ၁၅၀ အောက်နဲ့ အသက် ၈၀ ကျော် လူနာတွေ နာတာရှည် ရောဂါများနဲ့ လူနာတွေကိုတော့ ဆေးတစ်မျိုးထဲနဲ့ပဲ စတင်ကုသရမှာဖြစ်ပါတယ်။

ဒီဖေါ်မျူလာအတိုင်း သောက်သုံးရင် အဆင်ပြေပြီလား

တချို့က မိသားစုဝင်တွေ သောက်တဲ့ဆေးကို ကောင်းတယ်ဆိုပြီး လိုက်သောက်တာရှိပါတယ်။ အဲဒါက မှားယွင်းပြီး အန္တရာယ်ရှိပါတယ်။ ဆေးတမျိုးဆီမှာ အားသာချက် အားနည်းချက်နဲ့ ဘေးထွက်ဆိုးကျိုး အနည်းငယ်စီ ရှိလို့ပါ။ ဆရာဝန်တွေက လူနာတွေမှာရှိတဲ့ ရောဂါတွေ ဥပမာ နှလုံးသွေးကြောကျဉ်း နှလုံးအားနည်း ကျောက်ကပ်မကောင်း ဆီးချို လေဖြတ် အစရှိသည်ကို မူတည်ပြီး B အုပ်စုကို ဦးစားပေး A အုပျစုကျု ဦးစားပေး ကိုယ်ဝန်ရှိတာ ကလေးယူဖို့ရှိတာ အစရှိသည် ဖြင့် စဉ်းစားဆင်ခြင်ပြီး ကုသ ဆေးပေးတာဖြစ်တဲ့အတွက် သွေးတိုးဆေးဝါးများကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

သွေးပေါင်ချိန် ဘယ်လောက် target ထားရမလဲ

၁၃၀/၈၀ နဲ့ အောက် အထိ ရောက်အောင် ထားသင့်ပါတယ်။ ဒါပေမဲ့ အရမ်းကျလွန်းရင်လဲ မကောင်းပါဘူး အထူးသဖြင့် နှလုံး သွေးကြောကျဉ်း ရောဂါရှိတဲ့သူတွေ သွေးပေါင်ချိန် ၁၂၀/၇၀ အောက် ရောက်အောင် မချသင့်ပါဘူး။

အသက်ကြီးတဲ့သူတွေရော သွေးတိုး ကုသသင့်သလား

အသက်အရွယ်ကြီးလာရင် သွေးတိုးလာတဲ့ သဘောသဘာဝရှိပါတယ်။ သွေးတိုးလာတာနဲ့ အမျှ လေဖြတ်နိုင်ခြေ သွေးကြောတွေပိတ်နိုင်ခြေ ကလည်း လူငယ်တွေထက် ပို များပါတယ်။ ဒါကြောင့်မို့ ထိထိရောက်ရောက်ကုသရပါမယ်။ ဒါပေမဲ့ အရမ်းအသက်ကြီးတဲ့ အသက် ၈၀ကျော် အရွယ်ဆိုရင်တော့ သွေးပေါင်ချိန် ၁၆၀/၉၀ ကျော်မှစပြီးကုသရပါမယ်။ သွေးပေါင်ချိန်ကိုလဲ လူငယ်တွေနီးပါး ၁၃၀/၇၀ ထိ ချလျင်အဆင်ပြေပါတယ် ( တကယ်လို့ လူနာခံနိုင်ရည်ရှိလျင်)

အပေါ်သွေးပေါင်ချိန်နဲ့ အောက်သွေးပေါင်ချိန် ဘယ်ဟာက အရေးကြီးလဲ

အခုနောက်ပိုင်းမှာ အပေါ်သွေးပေါင်ချိန်ကပဲ ပိုအရေးကြီးကြောင်း လက်ခံသိမြင်လာကြပါတယ်။ အပေါ်သွေးပေါင်ချိန်ကိုပဲ ကျအောင် ကုသကြရမှာပါ။

ဆေးတွေ သွေးပေါင်ကောင်းလာရင် ဖြတ်လို့ရလား

အစားအသောက်လဲထိန်းမယ် ဆေးလဲ မှန်မှန်သောက်လို့ သွေးပေါင်ချိန်ကောင်းလာရင် ဖြည်းဖြည်းချင်း ၃ မျိုးက ၂ မျိုး ၂မျိုးက၁ မျိုး လျော့သောက်လို့ ဖြစ်ပါတယ်။ ဘယ်လိုပဲ သောက်သောက် နောက်ဆုံး ရည်မှန်းချက် က သွေးပေါင်ချိန် ပုံမှန်ထဲမှာပဲ ရှိဖို့ပါ။ ဒါမှပဲ သက်ရှည် ကျန်းမာ နေနိုင်မှာပါ။

**သွေးတိုးရောဂါရှိတဲ့သူ တွေ ဘာတွေ ထပ်စစ်ဆေးသင့်လဲ **

ကျွန်နော်တို့ ဆေးကုသမူ့ ပေးတဲ့နေရာမှာ သွေးတိုးတခုကိုပဲ ကုသတာမဟုတ်ပဲ လူတကိုယ်လုံး အသက်ရှည် ကျန်းမာအောင် ကုသတာဖြစ်တဲ့အတွက် သွေးတွင်းအဆီများနေလား အဝလွန်နေလား ဆီးချို သွေးချိုရှိနေလား အစရှိသည့် risk factors များနဲ့သွေးတိုးကြောင့် ကျောက်ကပ် နှလုံး ထိခိုက်မူ့ အတိုင်းအတာကို စစ်ဆေးဖို့ လို အပ်မည်ဖြစ်ပါသည်။

***အသက်ငယ်တဲ့သူတွေ သွေးတိုးဖြစ်ရင် ***

အသက် ၃၀ အောက် သွေးတိုးနဲ့ အသက်ကြီးတဲ့သူတွေမှာ ရုတ်တရက် သွေးတိုးပေါ်လာတာ သွေးတိုး ဆေးတွေနဲ့ ထိန်းမရဖြစ်တဲ့သူတွေကို အခြားသွေးတိုး ဖြစ်စေတဲ့ ရောဂါတွေကို ရှာကြည့်ဖို့ လိုပါတယ်။ အထူးသဖြင့် ကျောက်ကပ်ရောဂါ လည်ပင်းဟိုမုန်းများတာ ကျောက်ကပ်သွေးကြော ကျဉ်းနေတာ အစရှိတဲ့ ရောဂါများ ရှိ မရှိ စစ်ဆေးရမှာ ဖြစ်ပါတယ်။ တွေ့ရှိပြီး ကုသမူ့ခံယူလျင် သွေးတိုးရောဂါပါ ပျောက်ကင်းမှာဖြစ်ပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်နိုင်ပါစေ။

ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆေးပညာတွေနေတိုင်းတင်သွားပေးမှာဖြစ်တဲ့ အတွက် ကျွန်တော်ရဲ့postလေးကို like and shareလေသွားမို့မမေ့နဲ့နော် အားလုံးဘဲကျန်းမာပျော်ရွှင်ကြပါစေ၊၊

#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါသည် 🙏🙏🙏
#ကျန်းမာရေးဗဟုသုတများ

#ကျန်းမာရေး
Dr. သက်ဟိန်း (နှလုံး အထူးကု)

မိနစ် ၃၀ လမ်းလျှောက်ခြင်းရဲ့အံ့မခန်းအကျိုးကျေးဇူးများ-------------------------------------------------------လူအများစုက က...
21/07/2025

မိနစ် ၃၀ လမ်းလျှောက်ခြင်းရဲ့
အံ့မခန်းအကျိုးကျေးဇူးများ
-------------------------------------------------------
လူအများစုက ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် တစ်နေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်ပေးရုံနဲ့တင် သင့်ရဲ့ကျန်းမာရေးကို သိသိသာသာ တိုးတက်စေနိုင်ပါတယ်။ ဒီနေ့မှာတော့ မိနစ် ၃၀ လမ်းလျှောက်ခြင်းကြောင့် သင့်ခန္ဓာကိုယ်မှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်လာနိုင်သလဲဆိုတာကို သိပ္ပံနည်းကျ အချက်အလက်တွေနဲ့ ပြောပြပေးသွားမှာဖြစ်ပါတယ်။

၂ မိနစ် အကြာ

သင့်ရဲ့နှလုံးခုန်နှုန်းက စတင်မြန်ဆန်လာပြီး သွေးလည်ပတ်မှုစနစ်က ပိုမိုကောင်းမွန်လာပါတယ်။ ဒါဟာ သင့်ကြွက်သားတွေဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပိုမိုရောက်ရှိစေဖို့အတွက် သင့်ခန္ဓာကိုယ်ရဲ့ သဘာဝတုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။

၅ မိနစ် အကြာ

ဒီအချိန်မှာတော့ သင့်ဦးနှောက်ထဲက "စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်း"တွေဖြစ်တဲ့ Serotonin နဲ့ Dopamine တွေ စတင်ထွက်ရှိလာပါတယ်။ ဒါကြောင့် လမ်းလျှောက်ပြီးတဲ့အခါ စိတ်ပေါ့ပါးလန်းဆန်းနေတာကို သတိထားမိမှာဖြစ်ပါတယ်။

၁၀ မိနစ် အကြာ

စိတ်ဖိစီးမှုဟော်မုန်းလို့ခေါ်တဲ့ Cortisol ပမာဏက ကျဆင်းလာပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများနေတဲ့အချိန်တွေမှာ လမ်းလျှောက်ထွက်ပေးတာက အကောင်းဆုံးသော ကုထုံးတစ်ခုဖြစ်ပါတယ်။

၁၅ မိနစ် အကြာ

သင့်ရဲ့သွေးတွင်းသကြားဓာတ်ပမာဏက စတင်တည်ငြိမ်လာပါတယ်။ ဒါဟာ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေအတွက် အထူးကောင်းမွန်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

မိနစ် ၃၀ အကြာ

ဒီအချိန်မှာတော့ သင့်ခန္ဓာကိုယ်က အဆီတွေကို စတင်လောင်ကျွမ်းပါတယ်။ အထူးသဖြင့် မိနစ် ၃၀ လောက် လမ်းလျှောက်ရင် အဆီပိုတွေကို လောင်ကျွမ်းပြီး စွမ်းအင်အဖြစ်ပြောင်းလဲအသုံးပြုပါတယ်။

ဘာကြောင့် မိနစ် ၃၀ လမ်းလျှောက်ခြင်းက
အကောင်းဆုံးလဲ

- အချိန်နည်းနည်းနဲ့ အကျိုးကျေးဇူးများစွာရနိုင်
- နေ့စဉ်ပုံမှန်လုပ်ဆောင်ဖို့ လွယ်ကူ
- အထူးပစ္စည်းမလို၊ ဘယ်နေရာမှာမဆို လုပ်ဆောင်နိုင်

ဒါ့ကြောင့် တစ်နေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်ပေးခြင်းက သင့်ရဲ့ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။ ဒီလိုလွယ်ကူရိုးရှင်းတဲ့ အလေ့အကျင့်လေးကို နေ့စဉ်ဘဝမှာ လုပ်ကြည့်လိုက်ပါ။ သင့်ရဲ့ခန္ဓာကိုယ်က ကျေးဇူးတင်ပါလိမ့်မယ်။

မေတ္တာဖြင့်....

#လမ်းလျှောက်ခြင်း
#ကျန်းမာရေး
#နေ့စဉ်လေ့ကျင့်ခန်း
#မိနစ်၃၀လမ်းလျှောက်ခြင်း


ကျန်းမာ ပျော်ရွှင်ကြပါစေ 🍀 🍀 🍀

တစ်နေကုန် လှုပ်ရှားသွားလာရုန်းကန်နေရလို့စိတ်ရောကိုယ်ပါ ပင်ပန်းနေရ သူတွေအတွက် ဆေးစွမ်းကောင်းလေးတစ်လက်တော့ ဆောင်ထားသင့်တယ်...
06/05/2025

တစ်နေကုန် လှုပ်ရှားသွားလာရုန်းကန်နေရလို့
စိတ်ရောကိုယ်ပါ ပင်ပန်းနေရ သူတွေအတွက်
ဆေးစွမ်းကောင်းလေးတစ်လက်တော့
ဆောင်ထားသင့်တယ်နော်👌💁💁💊

နေ့စဉ်နဲ့အမျှ လှုပ်ရှားသွားလာနေရလို့
ပင်ပန်းနွှမ်းလျဖြစ်နေပြီလား⁉⁉

မကြာခဏ ဖျားနာ နေတတ်ပါလား ❗

အစာစားချင်စိတ်တွေ ပျက်ပြီး
အားအင်တွေကုန်ခမ်းနေပါသလား❓

နာတာရှည် နေမကောင်း ဖျားနာဖြစ်ပြီး
အားအင်ကုန်ခမ်း နုန်းချိနေပါသလား❗❗

ဘာကြောင့်ပဲ ဖြစ်ဖြစ် ကုန်ခမ်းသွားတဲ့ အားအင်တွေအတွက် ပြန်လည်ဖြည့်တင်းဖို့ဆို ဆေးစွမ်းကောင်း
တစ်လက်ဖြစ်တဲ့

O plus အားဆေးလေး ပြန်လာပါပြီလို့..💊

သဘာဝဆေးဖြစ်လို့🌿 ဘေးထွက်ဆိုးကျိုး
လုံးဝ လုံးဝ မရှိပါဘူးနော်😊✌

Nwezealandနိုင်ငံမှ မူပိုင်ခွင့်ဖြင့် တင်သွင်းထားပြီး
မြန်မာနိုင်ငံ FDAလည်း ရပြီး
၁၅နှစ်ကျော်ကြာတဲ့အထိ
မြန်မာနိုင်ငံ စျေးကွက်မှာ သုံးစွဲသူတွေ
အခိုင်အမာ ရရှိထားပြီးသားမို့
ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်ရှင့်...🥰

☎ 095410104
☎ 09420218856
ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် 🤗

အကြာကြီးစောင့်မျှော်နေကြတဲ့ ချစ်မိတ်ဆွေတို့ရေOrderတွေ စိတ်ကြိုက် မှာယူနိုင်ကြပါပီရှင့်😘😘 🤗🤗ALPHA Myanmar မှ ထပ်မံရောက်ရှ...
06/05/2025

အကြာကြီးစောင့်မျှော်နေကြတဲ့
ချစ်မိတ်ဆွေတို့ရေ
Orderတွေ စိတ်ကြိုက် မှာယူနိုင်ကြပါပီရှင့်😘😘 🤗🤗

ALPHA Myanmar မှ ထပ်မံရောက်ရှိလာတဲ့
ကျန်းမာရေးဖြည့်စွက်စာများကတော့

💊💊 Ganopoly O+
💊💊 Ganopoly C+
💊💊 Heripag
💊💊 Cholestrol Care

တို့ပဲ ဖြစ်ပါတယ် ရှင့်......❤

အားလုံးသိကြတဲ့အတိုင်း
ဝယ်လိုအားအကောင်းဆုံး ပစ္စည်းဖြစ်လို့
#အမြန်ဆုံးအော်ဒါ တင်လိုက်တော့နော်😍😍

အော်ဒါများကို ရန်ကုန်မြို့တွင်း အိမ်အရောက်
လိုက်လံပို့ဆောင်ပေးနေပါတယ်နော်....
နယ်မြို့လေးတွေကမှာယူရင်လည်း
ကားဂိတ်ချဝန်ဆောင်မှုပေးပါတယ်

ဒီတော့ အိမ်ကနေ ဖုန်လေးဆက်ပြီး
Hello လုပ်လိုက်ရုံပါပဲနော်

ဖုန်းနံပါတ်-
095410104 , 09420218856
သို့ ဆက်သွယ်စုံစမ်းမှာယူနိုင်ပါတယ်.....

ဝယ်ယူအားပေးမှုအတွက်
အထူးကျေးဇူးတင်ပါတယ် ရှင့်🙏


Alpha Myanmar Health Trading Co.Ltd.

Alpha ရဲ့ လေးစားချစ်ခင် တန်ဖိုးထားရတဲ့ စားသုံးသူ မိတ်ဆွေများမဂ်လာပါ ရှင့် 🙏 ဆေးအသစ်တွေ ထပ်မံရောက်ရှိနေပါပြီလိုအပ်ရင် မှာ...
03/04/2025

Alpha ရဲ့ လေးစားချစ်ခင် တန်ဖိုးထားရတဲ့
စားသုံးသူ မိတ်ဆွေများမဂ်လာပါ ရှင့် 🙏
ဆေးအသစ်တွေ ထပ်မံရောက်ရှိနေပါပြီ
လိုအပ်ရင် မှာယူအားပေးနိုင်ကြပါတယ်💐
အစဥ်တစိုက် အားပေးမှုကို
ကျေးဇူးအထူး တင်ပါ တယ် ရှင့်🙏

🍀 Tangulator ( ဆီးချို၊သွေးချိုဆေး)
🍀 Hepatect ( အသည်းအားဆေး)
🍀 2B. ( နှလုံး ၊ သွေးကြော၊ သွေးတိုးဆေး )
🍀 Vitapoly ( အာဟာရဖြည့် အားဆေး)
🍀 JointGD (အရိုးအဆစ်၊ လေးဘက်နာဆေး)
🍀 Immurich ( နို့ဦးရေ၊ နို့ခဲ )

☎ 095410104. , 09420218856

💸 ငွေလဲနှုန်းအနည်းငယ်
ပြောင်းလဲသတ်မှတ်ထားပါတယ်
1 USD = 2400 MMK

ပျော်ရွှင်စရာ သီတင်းကျွတ် အခါသမယလေး မှာဘေးဘယာ တွေဝေးကွာပီးစိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ လုပ်ကိုင်စီးပွားများ ဆထက်တပိုး ...
16/10/2024

ပျော်ရွှင်စရာ သီတင်းကျွတ် အခါသမယလေး မှာ
ဘေးဘယာ တွေဝေးကွာပီး
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့
လုပ်ကိုင်စီးပွားများ ဆထက်တပိုး တိုးတက်
အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်း
တောင်းပေး လိုက်ပါတယ် ။ 🙏 🌼 🌹 🎉 🌸 🌺

ချစ်သော Customer များ စောင့်မျှော်နေကြတဲ့ဆေးများ ရောက်ရှိပါပြီ 🤗🍀  Ganopoly B+🍀  Ganopoly C+🍀  Renal Cleanse🍀  Herbal PM...
20/06/2024

ချစ်သော Customer များ စောင့်မျှော်နေကြတဲ့
ဆေးများ ရောက်ရှိပါပြီ 🤗

🍀 Ganopoly B+
🍀 Ganopoly C+
🍀 Renal Cleanse
🍀 Herbal PMT
🍀 Ganopoly A+
🍀 Bone Extra
🍀 Vitapoly
🍀 Balsee
🍀 Joint Good
🍀 Tangulator
🍀 Heripag
🍀 Hepatect
🍀 Best Youth
🍀 ImmuRich
အထက်ပါဆေးများကို စိတ်တိုင်းကျ
မှာယူအားပေး နိုင်ကြပါပီ ရှင့် 🤗🤗💗💗

☎ 095410104
09420218856
09799338010

"ယောင်္ကျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ် အသက် ၄၀ ကျော်သူများအတွက်  #ရိုးတွင်းချဉ်ဆီ_အားဖြည့်ဆေး" ======================== #ရ...
15/06/2024

"ယောင်္ကျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ်
အသက် ၄၀ ကျော်သူများအတွက်
#ရိုးတွင်းချဉ်ဆီ_အားဖြည့်ဆေး"
========================

#ရိုးတွင်းချဉ်ဆီ_အားဖြည့်ဆေး

အသက် ၄၀ ကျော် လာတာနဲ့
ယောင်္ကျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ်
ရိုးတွင်း ချဉ်ဆီ ခမ်းလာ တတ်ပါတယ်။

အိမ်ထောင်သည်တွေ ပိုဆိုး ပါတယ်။

ရိုးတွင်း ချဉ်ဆီ ခမ်းလာရင် အရွယ်ရင့်မြန်လာခြင်း
မလှုပ်ချင် မကိုင်ချင် မကြာခဏ ဖြစ်ခြင်း
ယောင်္ကျား ဆိုလျှင် ဒူလာဖြစ်ခြင်း
ပြင်ပ ရောဂါ ဝင်လွယ်ခြင်းများ ဖြစ်တတ်ပါတယ်။

ယခု တင်ပြမှာက မြန်မာ့ တိုင်းရင်းနည်းဖြင့်
ရိုးတွင်း ချဉ်ဆီ အားကောင်း နည်းလေးပါ။

-

🍀 ဆေးနည်း

ဖီးကြမ်း ဌက်ပျောသီးကို မီးဖုတ်ပါ။

ပြီးလျှင် ခွက် တစ်ခုထဲ ထည့်ပါ။

နှမ်းဆီ စစ်စစ် ထည့်ပါ။
သမအောင် ချေမွှပါ။

ပြီးလျှင် စားသုံး နိုင်ပါပြီ။

တစ်လ တစ်ကြိမ်/နှစ်ကြိမ်ခန့်စားပေးခြင်းဖြင့်
ကျန်းမာလန်းဆန်း လာပါလိမ့်မည်။

#ကျန်းမာရေး

ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။ လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။၁။ ...
10/05/2024

ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။
လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % )

ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိူးနိူး၊ ဒီဟာလုပ်ရင် ကောင်းနိူးနိူးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများတစ်ပုံကြီးပါ။ မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။

၂။ အချိန်ဆွဲခြင်း ( ၉%)

လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။ ခဏမှလုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ်မှ စလိုက်မယ် ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရူံးစေတဲ့ အဓိက အကြောင်းအရာထဲမှာ ပါပါတယ်။

၃။ ကောက်ရိုးမီး အကျင့် ( ၈%)

ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာမျိုး၊ စာတစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရူ့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။ သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်။ အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်။ ချလေဝလေ ဖြစ်သွားတယ်။ လုပ်ငန်းတစ်ခု စလုပ်တယ်။ အစတော့ အားတက်တရော၊ စိတ်ရောကိုယ်ပါ ကြိုးစားပါတယ်။ အလုပ်တောင်ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွားတာမျိုးကို ဆိုလိုပါတယ်။

၄။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း ( ၇%)

ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစားစကားမပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။ အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။ ကိုယ်စတောင် မစရသေးဘူး၊ သူများငြင်းဆိုမယ်ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး။

၅။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )

ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်။ လုပ်ကိုင်ဖို့ အခွင့်အရေး လည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငှဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။ ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာဖြစ်တယ်။ ဟိုအလုပ်မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး၊ ဘာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီးရှိပါသေးတယ်။

၆။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ( ၇%)

လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ။ စိတ်ကူးယာဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယာဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ။ ဘာမဆို အလကားလိုချင်တယ်။ အလုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေတတ်တယ်။ အချိန်ရှိတိုင်း ထီပဲပေါက်နေချင်တယ်။ နေ့ချင်းညချင်း ချမ်းသာချင်တယ်။

ရ။ ဆင်ခြေများလွန်းခြင်း ( ၂၂ % )

ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်း ဟာ ဘ၀ဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါ၀င်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေတတ်တယ်။ လုပ်ဖေါ်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြေင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်။ သူတို့ကိုသူတို့ ဘယ်သောအခါမှ မစမ်းစစ်ပါ။

၈။ သင်ယူရန် ငြင်းဆန်ခြင်း ( ၁၁ % )
သင်ယူတယ်ဆိုတာ ပင်ပမ်းရပါတယ်။ အားထုတ်ရပါတယ်။ ဦးနောက်သုံးရပါတယ်။
သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာလုပ်ပါတယ်။ ၀တ်ကျေတန်းကျေ လုပ်ပါတယ်။ အပြစ်တင်လွတ်အောင်သာ လုပ်ပါတယ်။ ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ မသိကြပါ။ သိရင်လည်း မလုပ်လိုကြပါ။ အလုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုင်ဖုန်းဆော့နေကြပါတယ်။ လ္ဘက်ရည်ဆိုင်ထိုင်ကြပါတယ်။ စကားပြောနေကြပါတယ်။

C R D မူရင်း

Happy Eid Mubarak to all Muslim families.💗Have the best celebration! 🎉
10/04/2024

Happy Eid Mubarak to all Muslim families.💗

Have the best celebration! 🎉

Heat stroke နွေရာသီ အပူလွန်ကဲရာကနေ အပူရှပ်ခြင်း အကြောင်း သိကောင်းစရာ***********အခုနောက်ပိုင်း ည 10နာရီကစပြီး တိုက်ခန်းကျ...
04/04/2024

Heat stroke
နွေရာသီ အပူလွန်ကဲရာကနေ အပူရှပ်ခြင်း အကြောင်း သိကောင်းစရာ
***********
အခုနောက်ပိုင်း ည 10နာရီကစပြီး တိုက်ခန်းကျဉ်း အလုံပိတ်နေတဲ့သူတွေမှာ ပူလာပြီဆို ချွေးမထွက်၊ အသားတွေပူ၊ ရေငတ်ပြီး နှလုံးခုန်မြန်၊
ရေသောက်လည်း တံတွေးတွေ မထွက်၊ အာခေါင်ခြောက်ကာ ကိုယ်လက်တွေ ထုံကျဉ် ခေါင်းတွေ ကိုက်ခဲမူးဝေတာတွေ အဖြစ်များလာတယ်လို့ ကြားရတယ်။

ညဘက်ပိုင်းမှာ နေမပူပေမယ့် ပူအိုက်ပြီး အသားတွေ ပူလာ ၊ ချွေးမထွက်ဘဲ ရေဆာ ရေငတ် မူးဝေ ခြေလက်ထုံကျဉ်၊နှလုံးခုန် မမှန်တာတွေဟာ အပူရှပ်တာဖြစ်လို့ သေချာ ဂရုစိုက် ကုသင့်ပါတယ်။
ဆရာဝန်တွေရဲ့ အကြံဥာဏ်ကို ယူသင့်ပါတယ်။

Heat Stroke ဟာ ချက်ချင်းဖြစ်ပြီး လူကို သေစေတဲ့အထိ ပြင်းထန်တတ်ပါတယ်။
ကိုယ်လက်ကိုက်ခဲ နေမကောင်းဘူး ယူဆကာ ချွေးလေးထွက်အောင် ပါရာစီတမောလေး သောက်မိရင် ရောဂါကို ပိုဆိုးစေပြီး သေတတ်ပါတယ်။

အခုလို ရာသီမျိုးမှာ အိမ်တိုင်း #ဓာတ်ဆားထုပ်
(အငန်ထုပ်)တွေ ဆောင်ထားသင့်ပါတယ်။
ဆီးချို သွေးတိုးရှိသူတွေကတော့ သတိထား
သောက်သင့်ပါတယ်။
ဆရာဝန်နဲ့ ပြဖို့ အဆင်မပြေခင်မှာ အပူရှပ်တာမျိုး
ဖြစ်လာရင် ဓာတ်ဆားရေ များများ သောက်ပေးပြီး
နီးစပ်ရာ ဆေးရုံကို အမြန်ဆုံးသွားပြသင့်ပါတယ်။

အပူရှပ်တယ်ဆိုရင် လူအများစုက
နေပူထဲက ပြန်လာပြီး ရုတ်တရက် ရေသောက်ပစ်တာ၊ ရေချိုးလိုက်တာတို့ ၊
မျက်နှာသစ်လိုက်တာတို့ကြောင့် လို့ ယူဆတတ်ကြတယ်။
ဒါတွေကြောင့်လည်း အဖြစ်များတာမှန်ပေမယ့် တခြားအကြောင်းတွေကြောင့် ဖြစ်စေတတ်ပါသေးတယ်။

အိမ်ထဲမှာ နေနေရင်း ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူရှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော
ဖြစ်ရပ်မျိုး ဖြစ်ပါတယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိ သွေးကြောတွေရဲ့ တုန့်ပြန်မှု
ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ
ဖြစ်တယ်။
မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။

သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင်
အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူရှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုး
ဖြစ်ပါတယ်။
အပူရှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်)
တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ၊ ချွေးထွက်များတဲ့ အလုပ်တွေ
လုပ်ရတဲ့အခါ ချွေးတွေအရမ်းထွက်ပါတယ်။
ချွေးတွေနဲ့အဆူ ခန္ဓာကိုယ်ထဲက ဆားဓာတ်တွေပါ
ပါသွားပါတယ်။
ဒီအခါမှာ ရေက မသောက်မိဘူးဆို ပိုပို
ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့ ဆီးသိပ်မသွားဘူး။
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့
ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့ ချွေးတွေ အလွန်ထွက်ပြီး
ရေနဲ့ဆားတွေ ဆုံးရှုံးရတော့ လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
အဲ့ဒိအချိန်မျိုးထိ ချွေးကတော့ ထွက်မြဲပါပဲ။
ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင် ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့။
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်။
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူရှပ်သွားပါပြီ။
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

ဆေးရုံနဲ့ဝေးရင် ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

အပူကျအောင် လုပ်ရပါမယ်။
အဓိက မှတ်ထားရမှာက အဖျားကျတဲ့ ပါရာစီသမောလို
ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့
ဆိုပါတယ်။

ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီး
တိုက်ရပါမယ်။
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊
M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး။
အပူရှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်း
ရပါမယ်။ Rapid Cool NS infusion ။

အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်။
Air con ကို Dehumifying mode or Dry mode မှာ
ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေး ငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူရှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ပါဘူး။
ဓာတ်ဆားရည်ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး
သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာ ဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့ လိုပါသေးတယ်။

ဒီလိုဆိုရင် အပူရှပ်ဖို့ မကြောက်ရတော့ပါဘူး။

*********************

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင်ထားတဲ့ စာတွေကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ။

အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူ မဝတ်ဖို့ နဲ့ ရေဖက် ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ ပေါင်ခြံ၊ ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယပ်ခတ်ရန်) အထူးလိုအပ်ပါတယ်။


#အပူရှပ်ခြင်း

Credit

Address

Yagon

Telephone

+959420218856

Website

Alerts

Be the first to know and let us send you an email when Alpha Myanmar Health Trading Co.Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram