Aung Chan Thar Clinic - အောင်ချမ်းသာဆေးခန်း

  • Home
  • Myanmar
  • Yamethin
  • Aung Chan Thar Clinic - အောင်ချမ်းသာဆေးခန်း

Aung Chan Thar Clinic - အောင်ချမ်းသာဆေးခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Chan Thar Clinic - အောင်ချမ်းသာဆေးခန်း, Medical and health, Si Pin Tharyar Street, Wartoe/Zaygone Qr, Yamethin.

 #အောင်ချမ်းသာဆေးခန်း တွင် သူနာပြုအကူဝန်ထမ်း(၁)ဦး အလိုရှိပါသည်။စုံစမ်းရန် ~ မီးသတ်ရုံးလမ်း၊ဝါတိုးစျေးကုန်းရပ်ကွက်၊ရမည်းသ...
28/10/2025

#အောင်ချမ်းသာဆေးခန်း တွင် သူနာပြုအကူဝန်ထမ်း(၁)ဦး အလိုရှိပါသည်။
စုံစမ်းရန် ~ မီးသတ်ရုံးလမ်း၊ဝါတိုးစျေးကုန်းရပ်ကွက်၊ရမည်းသင်းမြို့
ဖုန်း - 09791857750

03/06/2025

🧑‍⚕️🏥💉** Breaking News**

🤗 မနက်ဖြန်နဲ့ သဘက်ခါဖြစ်တဲ့ (၄.၆.၂၀၂၅ / ၅.၆.၂၀၂၅) ဗုဒ္ဓဟူး၊ ကြာသပတေး (၂ )ရက်တိတိ ဆေးခန်း ပိတ်ပါမည်။

# #လာရောက်ပြသမည့်လူနာများ အဆင်မပြေဖြစ်သွားခဲ့ရင် ကြိုတင်ပြီးတောင်းပန်ပါရစေခဗျာ.... # #😟

အရေးအကြောင်းဆက်သွယ်ရန် ဖုန်း -09791857750

🫸🫷 *အာရောဂျံ ပရမံ လာဘံ...*🫸🫷

💉💉🏥🧑‍⚕️🧑‍⚕️Ganglion လို့ခေါ်တဲ့ လက်တို့ ခြေထောက်တို့ အကြောပေါ်မှာ ဖြစ်တတ်တဲ့ အဆီကျိတ်လေးတွေကိုလဲ သေချာပြင်ဆင်ပြီးခွဲစိတ်...
02/06/2025

💉💉🏥🧑‍⚕️🧑‍⚕️
Ganglion လို့ခေါ်တဲ့ လက်တို့ ခြေထောက်တို့ အကြောပေါ်မှာ ဖြစ်တတ်တဲ့ အဆီကျိတ်လေးတွေကိုလဲ သေချာပြင်ဆင်ပြီးခွဲစိတ်ကုသပေးပါတယ်...

**တတ်နိုင်သလောက်တော့ အ‌သေးစားအလတ်စား ခွဲစိတ်ကုသပေးလို့ရသမျှ သေချာဂရုစိုက်ပြီး ကုန်ကျစရိတ်သက်သာစွာနဲ့ ကုသပေးပါတယ်**🤗🤗

🫸🫷"အာရောဂျံပရမံလာဘံ"🫸🫷

ရာသီတုတ်ကွေးကာကွယ်‌ဆေးတွေတစ်ရက် စောရောက်နေပါပြီနော်..😊လာထိုးလို့ရပါပြီခဗျာ....💉💪🫸🫷 *အာရောဂျံ ပရမံ လာဘံ...*🫸🫷
29/05/2025

ရာသီတုတ်ကွေးကာကွယ်‌ဆေးတွေတစ်ရက် စောရောက်နေပါပြီနော်..😊

လာထိုးလို့ရပါပြီခဗျာ....💉💪

🫸🫷 *အာရောဂျံ ပရမံ လာဘံ...*🫸🫷

28/05/2025

**ရာသီတုတ်ကွေး ကာကွယ်ဆေး** Influvac

နောက် ၂ ရက်လောက်နေရင် ရောက်ပါတော့မယ်ခဗျာ...

မနက် ၇ နာရီ ခွဲ မှ ည ၉ နာရီ ထိ ဆေးခန်းတွင် လာရောက်ထိုးနှံနိုင်ပါတယ်ခဗျာ

နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျ.....လူကြီးမင်းရဲ့ ကျန်းမာရေးနှင့်ပါတ်သက်သမျှကို အချိန်ပေးဆွေးနွေး ကုသမှုပေးပါတယ်....နေ့စဥ် ...
17/05/2025

နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျ.....

လူကြီးမင်းရဲ့ ကျန်းမာရေးနှင့်ပါတ်သက်သမျှကို အချိန်ပေးဆွေးနွေး ကုသမှုပေးပါတယ်....

နေ့စဥ် နံနက် ၇:၃၀ မှ ည ၉:၀၀ထိ တနေကုန် ( ပုံမှန်ပိတ်ရက်မရှိ ) ဖွင့်လှစ်ထားပါတယ်...

(မှတ်ချက်။ ။ ပိတ်ရက်များရှိပါက ကြိုတင် အသိပေးအကြောင်းကြားပါမည်)

*ရမည်းသင်းမြို့ "အောင်ချမ်းသာ"ဆေးခန်းမှာ*လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေးထိုးချင်သူများ ထိုးမယ့်သူအရေအတွက်နဲ့ ဖုန်းနံပါတ် me...
17/05/2025

*ရမည်းသင်းမြို့ "အောင်ချမ်းသာ"ဆေးခန်းမှာ*

လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေးထိုးချင်သူများ ထိုးမယ့်သူအရေအတွက်နဲ့ ဖုန်းနံပါတ် messenger မှာလာပို့ပေးထားပြီး booking ယူလို့ရပါတယ်နော်

ဖုန်းနံပါတ် 09791857750ကိုဆက်သွယ်၍ဖြစ်စေ

လူကိုယ်တိုင်ဆေးခန်းသို့ လာရောက်၍ဖြစ်စေ preorder တင်လို့ရပါပြီနော်

ဒီမေလကုန်ရင် ဆေးတွေရောက်ပါတော့မယ်..

တုပ်ကွေးကာကွယ်ဆေး ကိုနှစ်စဉ်ထိုးပေးဖို့ လိုအပ်ပါတယ်

လူအတော်များများက ရာသီတုပ်ကွေး ဆိုတာအထူးအဆန်းမဟုတ်၊ နှစ်စဉ် ရာသီ အပြောင်းအလဲဆိုရင်ဖြစ်နေကြ၊ ဆေးသောက်ရင်သက်သာသွားတာပဲ၊ ကာကွယ်ဆေးတွေ ထိုးဖို့မလိုပါဘူး ဆိုပြီး သဘောထားတတ်ကြပါတယ်

ရာသီတုပ်ကွေး (Seasonal Influenza) ဆိုတာ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတစ်ခုဖြစ်ပြီး တုပ်ကွေးဗိုင်းရပ်စ် (Influenza Virus) ကြောင့်ဖြစ်တာပါ။

အသက်အရွယ်မရွေး၊ ရာသီမရွေးဖြစ်နိုင်ပေမယ့် မိုးရာသီမှာ အဖြစ်များပါတယ်။

ရာသီတုပ်ကွေးဟာ နှစ်စဉ် ဖြစ်နေကြမို့ ကာကွယ်ဆေးထိုးမယ်ဆိုရင်လည်း တစ်နှစ်တစ်ခါ ထိုးရပါတယ်

တုပ်ကွေးဖြစ်ရင် တကိုယ်လုံး အရမ်းညောင်းညာကိုက်ခဲပါတယ်
ခေါင်းကိုက်တယ်
ချောင်းဆိုးတာ ညဘက် ကောင်းကောင်းအိပ်လို့မရအောင် ထိဆိုးတတ်တယ်
လည်ချောင်းနာလို့ အစာမျိုရခက်တာ
နှာရည်ကျတာ
ညဘက်နှာခေါင်းပိတ်လို့ အသက်ရှူရခက်တာတွေအပြင်
လူကနှုံးချိပြီး မလှုပ်ချင်မရှားချင် ကွေးနေရတဲ့ အထိတုပ်ကွေးကဒုက္ခပေးပါတယ်
ကလေးတွေမှာဆို အန်တာ၊ ဝမ်းပျက်ဝမ်းလျောဖြစ်တာ စတဲ့ လက္ခဏာတွေ လဲ ဖြစ်တတ်ပါတယ်

ကိုယ်ခံအားကောင်းသူ တွေက ရက်တိုတိုနဲ့ သက်သာသွားနိုင်ပေမယ့် တချို့တွေ ၂ပတ်လောက်ခံရတာရှိပါတယ်

အခန့်မသင့်ရင် အဆုတ်ရောင်နမိုးနီးယားဖြစ်သွားတဲ့အထိ ဆိုးရွားတတ်ပါတယ်

သင်ဟာ နှစ်စဉ်နှစ်တိုင်း ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးထားခဲ့မယ်ဆိုရင် ဒီပြသနာတွေကိုရှောင်ရှားနိုင်ပါတယ်

ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားသူတွေမှာ တုပ်ကွေးဖြစ်ခဲ့ရင်လည်း သိပ်ဆိုးဆိုးရွားရွားမခံစားရပါဘူး

ရာသီတုပ်ကွေးကာကွယ်ဆေးဟာ တုပ်ကွေးကြောင့်သေဆုံးနှုန်းနှင့် ပြင်းထန်အဆုတ်ယောင်ပိုးကြောင့် ဆေးရုံတက်ကုသရနှုန်း ကို သိသိသာသာလျော့ကျစေပါတယ်

ရာသီတုပ်ကွေးကာလက ဇွန်လကနေ စက်တင်ဘာလလောက်ထိရှိတတ်တာမို့ ဒီကာလ မတိုင်ခင် ကြိုတင်ပြီး ကာကွယ်ဆေးထိုးထားသင့်ပါတယ်

ကာကွယ်ဆေးဆိုတာ အခုဆေးထိုးပြီးတာနဲ့ အခုမကာကွယ်ပါဘူး။

ဆေးအာနိသင်ရဖို့ ၁၀ ရက်ကနေ ၂ ပတ်လောက်ကြာတတ်ပါတယ်။

ဒါကြောင့် စောစောထိုးထားလေ ကောင်းလေမို့ ရာသီအကူးအပြောင်း မဖြစ်မီ (မိုးရာသီရောက်ခါနီး) မေလ ရောက်ပြီဆိုရင် ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားကြဖို့လိုပါတယ်

📕 ဘယ်သူတွေ တုပ်ကွေးကာကွယ်ဆေး ထိုးသင့်ပါသလဲ။
✅ အသက် ၆၅ နှစ်အထက် လူကြီးများ
✅ အသက် ၆ လ မှ ၅ နှစ် အရွယ် ကလေးငယ်များ
✅ ကျောင်းနေစအရွယ် ကလေးငယ်များ
✅ G6PD ရောဂါအခံရှိသော ကလေးငယ်များ
✅ ကိုယ်ခံအားနည်း ရောဂါဝေဒနာ ရှိသူများ
✅ ကင်ဆာ ဝေဒနာရှင်များ
✅ သွေးတိုး ၊ နှလုံး ၊ ဆီးချို ၊ ကျောက်ကပ် စသော နာတာရှည် ရောဂါဝေဒနာရှင်များ
✅ အဆုတ်ရောဂါ ဝေဒနာရှင်များ
✅ ဆေးလိပ်သောက်သုံးသူများ
✅ လူအများနှင့် ထိတွေ့၍ လုပ်ငန်းခွင် ဝင်ရသောသူများ
✅ ကျန်းမာရေးဝန်ထမ်းများ
ဦးစားပေးအနေဖြင့် ထိုးနှံသင့်ပါတယ်။

📕 ကလေးတွေကို တုပ်ကွေးကာကွယ်ဆေး ထိုးနှံတဲ့အခါ

💉 ယခုမှ တုပ်ကွေးကာကွယ်ဆေး ပထမဆုံးစထိုးမည့် အသက် ၉ နှစ်အောက် ကလေး ဖြစ်ပါက ပထမဆေးထိုးနှံပြီး နောက်ထပ် ၄ ပတ် အကြာတွင် နောက်ထပ် ဆေး ၁ လုံး ထပ်မံထိုးနှံရန် လိုအပ်ပါသည်။
၉ နှစ်အထက်ဆိုလျှင် နှစ်စဉ် တစ်နှစ်တစ်လုံးသာထိုးပေးရပါမယ်

📕 တုပ်ကွေးကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေ ထိုးလို့ ရပါသလား။
💉 ကိုယ်ဝန်ပတ် မည်သည့် အချိန်ကာလတွင်မဆို တုပ်ကွေး ကာကွယ်ဆေးကို ထိုးနှံ၍ ရပါသည်။ ဤသို့ထိုးနှံခြင်းဖြင့် မိခင်သာမက မွေးဖွားလာမည့် ကလေး အသက် ၆ လ အရွယ်အထိ တုပ်ကွေးရောဂါ ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။
💉 နို့တိုက်မိခင်များလည်း မည်သည့် အချိန်ကာလတွင်မဆို တုပ်ကွေး ကာကွယ်ဆေးကို ထိုးနှံ၍ ရပါသည်။

မိဘပြည်သူများ ကျန်းမာပျော်ရွှင် ဘေးကင်းကြပါစေ။ ။
credit

 #အောင်ချမ်းသာဆေးခန်း တွင် ဝန်ထမ်း(၂)ဦး အလိုရှိပါသည်။စုံစမ်းရန် ~ မီးသတ်ရုံးလမ်း၊ဝါတိုးစျေးကုန်းရပ်ကွက်၊ရမည်းသင်းမြို့ဖု...
26/10/2024

#အောင်ချမ်းသာဆေးခန်း တွင် ဝန်ထမ်း(၂)ဦး အလိုရှိပါသည်။
စုံစမ်းရန် ~ မီးသတ်ရုံးလမ်း၊ဝါတိုးစျေးကုန်းရပ်ကွက်၊ရမည်းသင်းမြို့
ဖုန်း - 09791857750

12/06/2020

မဂ်လာပါ....
”အောင်ချမ်းသာ”ဆေးခန်းကို
နေ့စဥ်ပုံမှန်.....
မနက် ၇:၃၀ မှ နေ့လည် ၁:၀၀ နာရီထိ
ညနေ ၄:၀၀ မှ ည ၈:၀၀ နာရီထိ
(ပိတ်ရက်မရှိ)
ဖွင့်လှစ်နေပါပြီ....
****ဆေးကုသစမ်းသပ်ခများကိုလဲ ​တတ်နိုင်သမျှ အချိုသာဆုံးဖြစ်အောင် ဆောင်ရွက်ပေးနေပါပြီ****
လူကြီးမင်း၏ ကျန်းမာရေးနှင့်ပါတ်သတ်၍လဲ အခမဲ့ (အခမဲ့) လာရောက် မေးမြန်းဆွေးနွေးနိုင်ပါသည်...

ဒေါက်တာ အောင်ရဲသူ
”အောင်ချမ်းသာ” ဆေးခန်း
စည်ပင်သာယာလမ်း(စျေးမြောက်ဘက်)
ဝါတိုး-စျေးကုန်းရပ်ကွက်
ရမည်းသင်းမြို့။
ဖုန်း - ၀၉၆၆၄၂၅၇၈၀၅

31/12/2019

ယနေ့ ညနေပိုင်းဆေးခန်း ခေတ္တပိတ်ပါသည်....
မနက်ဖြန် ပုံမှန်ပြန်လည်ဖွင့်လှစ်ပါမည်...

နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျ.....လူကြီးမင်းရဲ့ ကျန်းမာရေးနှင့်ပါတ်သက်သမျှကို အချိန်ပေးဆွေးနွေး ကုသမှုပေးပါတယ်....နေ့စဥ် ...
29/12/2019

နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျ.....

လူကြီးမင်းရဲ့ ကျန်းမာရေးနှင့်ပါတ်သက်သမျှကို အချိန်ပေးဆွေးနွေး ကုသမှုပေးပါတယ်....

နေ့စဥ် နံနက် ၇:၃၀ မှ ည ၈:၀၀ထိ တနေကုန် ( ပုံမှန်ပိတ်ရက်မရှိ ) ဖွင့်လှစ်ထားပါတယ်...

(မှတ်ချက်။ ။ ပိတ်ရက်များရှိပါက ကြိုတင် အသိပေးအကြောင်းကြားပါမည်)

Address

Si Pin Tharyar Street, Wartoe/Zaygone Qr
Yamethin
05221

Telephone

+959260149119

Website

Alerts

Be the first to know and let us send you an email when Aung Chan Thar Clinic - အောင်ချမ်းသာဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share