Daddy Tote's Daddy Notes

Daddy Tote's Daddy Notes A Daddy's simple notes

အခုတ​လော ခနခန ကြား​နေရတဲ့ကစားကွင်း​တွေမှာ ... ​ကျောင်း​တွေမှာကိုယ့်ရဲ့ ရင်နှစ်သည်းခြာ အသက်အိုး​လေး​တွေကိုသူများသားသမီး B...
07/11/2023

အခုတ​လော ခနခန ကြား​နေရတဲ့
ကစားကွင်း​တွေမှာ ... ​ကျောင်း​တွေမှာ
ကိုယ့်ရဲ့ ရင်နှစ်သည်းခြာ အသက်အိုး​လေး​တွေကို
သူများသားသမီး Bully Type ​လေး​တွေက
ဘယ်လိုလုပ်လိုက်လို့ ညာလိုလုပ်လိုက်လို့ဆိုတာမျိုး​တွေ
ကြားရရင် .. ​မိဘချင်းကိုယ်ချင်းအရမ်းစာတယ်

ကိုယ့်သားသမီးသာ အဲ့လိုကြုံရရင်ဆိုတဲ့စိတ်နဲ့​ပေါ့​လေ
ကြားရရုံနဲ့တင် ​​​ဒေါသ​​တွေဆိုတာလဲ အလိပ်လိုက်ပဲ

ကျ​နော်က​တော့ သမီး​တွေကို
လူမှု​ပေါင်းသင်းဆက်ဆံ​ရေး​ကောင်း​အောင်
​သေချာသင်​ပေးမယ် ..
မျှ​ဝေခြင်းဆိုတာကို သင်​ပေးမယ် .. ။

ပြီး​တော့ .. Bully လာလုပ်တာ​တွေကြုံရခဲ့ရင်
ပြန်တွယ်ပစ်ခဲ့တယ်​ဖေ​ဖေဆိုတာပဲကြားရဖို့ သင်မယ် ။ ... ။


#လေ့လာမှတ်သား_ဖေဖေ့စကား
#လိမ္မာယဥ်ကျေး_လက်ယဥ်လေး
#ဗိုလ်ကျလာက_ပြန်တွယ်မှ
#သမီးငယ်တို့_အတီးလွယ်ဖို့ 😌

ဖေ​ဖေ့ ... ကတိ​နော်တဲ့ ..ဘာအတွက်​တောင်းမှန်း​တော့ မသိဘူး ..ဟုတ် .. ကတိပါ သမီးရယ်​ပေါ့ .. ။A4 အလွတ်​တွေမှာ​တောင် ...ကျ​နေ...
07/08/2023

ဖေ​ဖေ့ ... ကတိ​နော်တဲ့ ..
ဘာအတွက်​တောင်းမှန်း​တော့ မသိဘူး ..

ဟုတ် .. ကတိပါ သမီးရယ်​ပေါ့ .. ။

A4 အလွတ်​တွေမှာ​တောင် ...
ကျ​နော်တို့ လက်မှတ် ထိုးတတ်ကြ​သေးတာပဲမလား ။ ... ။


05/08/2023

ဒီ​နေ့မှ တိုက်တိုက်ဆိုင်ဆိုင်
အိမ်မှာ ဝိုင်ဖိုင် မီးနီလင်း​နေလို့ ..
Live ကို ခန​လေးပဲ ဖုန်းနဲ့လွှင့်လိုက်ရတာ​​ဆောရီးပါဗျာ 🥴✌️

​တော်​သေးတယ် ဘသူမှလဲ သိပ်​တော့
​ရောက်မလာကြလို့ 😅

အမှန်​တော့ ​သေချာ ကျကျနန​လေး
စကား​ပြောကြမယ်ဆိုပြီး
OBS studio ​တွေ​ရော
Driodcam ဘာညာ​တွေ​ရော
Stream ပုံ Stream နည်း​တွေ စာ​တွေသင်ထားတာ 😅😂

See u next weeks guys ❤️🫰


မင်္ဂလာပါဗျ .. ကျ​နော်က နဂိုကတည်းက​တော်​တော် စကားများတဲ့သူထဲ ပါပါတယ်အဲ့အတွက် ..ဒီ " Talk with Tote " ဆိုတဲ့ Live ​လေးကို...
28/07/2023

မင်္ဂလာပါဗျ ..

ကျ​နော်က နဂိုကတည်းက
​တော်​တော် စကားများတဲ့သူထဲ ပါပါတယ်

အဲ့အတွက် ..
ဒီ " Talk with Tote " ဆိုတဲ့ Live ​လေးကို
စ' ချင်စိတ် ဖြစ်လာခဲ့ပါတယ်​ပေါ့ဗျာ

ဘာ​တွေ​ပြောမှာလဲဆိုရင်​တော့ ..

မသိဘူး .. ​ပြောချင်တာ​ပြောကြမယ်
ဘယ်သူမှ ဒုက္ခမ​ရောက် ဆိုးကျိုးမဖြစ်ရင်
အဆင်​ပြေတယ် .. 😉❤️✌️

တစ်ခုခုကို ​ပြောချင်​နေပြီး
နား​ထောင်​ပေးမယ့်သူ မရှိတဲ့သူ​တွေအတွက်
ကျ​နော် နား​ထောင်​ပေးဖို့ရှိ​​နေမယ်

ဒါမှမဟုတ် .. ကျ​နော်တို့ အပြန်အလှန်
အ​တွေး​တွေ အမြင်​တွေ ဖလှယ်ကြမယ်

ရယ်စရာ​တွေလဲ ဖြစ်နိုင်တယ်
​မောစရာ​တွေလဲ ... ဖြစ်နိုင်တာ​ပေါ့ ..

လူသားဆန်ဆန် ပဲ ..
ကျ​နော်ရှိ​​နေ​ပေးကြည့်ချင်တာပါ

အပတ်စဥ် စ​နေညတိုင်း
အချိန်​လေး တစ်ခု သတ်မှတ်ပြီး
၁၅~၂၀ မိနစ်​လောက် ကျ​နော်တို့
ဆုံကြည့်ချင်တယ် ..

Sharing is Caring ​ပေါ့ဗျာ ...
ကျ​နော့် Live ထဲ လာလည်ပြီး
ကျ​နော်နဲ့မ​ပြောဘဲ ခင်ဗျားတို့ချင်း
​ပြော​နေလဲ ရတာမျိုး​ပေါ့ .. 😊🫰

ဆို​တော့ ..
လာမယ့် အပတ် စ​နေ​နေ့ ည ..
မြန်မာစံ​တော်ချိန် ၈နာရီခွဲက စပြီး

ကျ​နော်ရဲ့ .. ပေ့ချ်​လေးက​နေ
"Talk With Tote" live ​လေး ရှိမှာမို့

​ပေ့ချ်​လေးကို Like & Follow လုပ်​ပေး​စေချင်သလို ..
ထပ်ဆင့် မျှ​ဝေ​ပေး​စေချင်ပါတယ်

Share ​ပေး​စေချင်တာက
တစ်ခြားမဟုတ်ပါဘူး
ကျ​​​နော့်မိတ်​ဆွေတို့နဲ့ ကျ​နော်နဲ့က
သိပ်ပြီး ​ပြောစရာဆိုစရာရယ်လို့
မရှိ​နေရင်​တောင်

ကျ​နော်နဲ့ လုံးဝ မသိတဲ့
စကား​ပြော​ဖော်လို​နေတဲ့
တစ်​ယောက်​ယောက်ရှိ​နေခဲ့ရင်
မြင်​စေ​တွေ့​စေချင်လို့ပါ

​ကျေးဇူးတင်ပါတယ်ဗျ

အဆင်​ပြေရင် ..
လာမယ့် အပတ် စ​နေ​နေ့ညကြ

ဆုံကြရ​အောင်လား .. 🫰



08/04/2023

ကိုယ်တိုင်က အေးချမ်းမှုကို
အရင်ကထက် ပိုနှစ်သက်လာလို့လားမသိဘူး
ဒုက္ခတွေဆို တခြားသူတွေကို လိုက်‌ပေးချင်တဲ့စိတ်ပဲ ရှိတော့တယ်

ကျွန်ုပ် စောင့်ကြည့်သူ ၂၀၀ ဦး ရရှိခဲ့ပါပြီ။ သင်တို့ရဲ့ အဆက်မပြတ် ကူညီပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါတယ်။ သင်တို့ တစ်ဦးချင်း...
08/04/2023

ကျွန်ုပ် စောင့်ကြည့်သူ ၂၀၀ ဦး ရရှိခဲ့ပါပြီ။ သင်တို့ရဲ့ အဆက်မပြတ် ကူညီပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါတယ်။ သင်တို့ တစ်ဦးချင်းစီရဲ့ အကူအညီ မပါဘဲ ကျွန်ုပ် ဒါကို လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ 🙏🤗🎉

31/01/2023

ညဆို ဖ​အေနားကပ်ပြီး ချွဲဲတာအရမ်း ..
ချစ်တာကို ဆိုဖို့ ဖ​အေကို လှမ်းကြည့်လိုက်တာ​လေး .. 🥰



#ချစ်တာကို ❤️

ကျ​နော်တို့ မြန်မာလူမျ်ိုး​တွေမှာ ရှိတတ်တဲ့အကျင့်​လေးတစ်ခုရှိတယ် ..​ပြီး​တော့ အဲ့တစ်ချက်က ..ကောင်းတဲ့အကျင့်တစ်ခုလို့​တော...
24/01/2023

ကျ​နော်တို့ မြန်မာလူမျ်ိုး​တွေမှာ ရှိတတ်တဲ့အကျင့်​လေးတစ်ခုရှိတယ် ..
​ပြီး​တော့ အဲ့တစ်ချက်က ..
ကောင်းတဲ့အကျင့်တစ်ခုလို့​တော့
ကျ​နော်မမြင်မိဘူး ..

အဲ့တာကဘာလဲဆို​တော့
ကား​မောင်းတဲ့အခါ .. ယာဥ်​ကြော​ပြောင်းဖို့
တစ်ဖက်က ယာဥ်က အချက်ပြပြီး ​ခေါင်းတိုးလာတဲ့အခါ ..
လွယ်လွယ်နဲ့​တော့ ကြည်ကြည်ဖြူဖြူ မ​ပေးနိုင်တာဘဲ
ပြုံးပဲပြပြ .. လက်ညိုး​​လေးတ​ထောင်​ထောင်နဲ့
တစ်စီး​လောက်အကို့ .. ပဲလုပ်လုပ်
မကြည်ဖြူနိုင်ကြ .. ဦးစားမ​ပေးနိုင်ကြဘူး

ကျ​နော် ​ရောက်ခဲ့ဖူးတဲ့ ​
ဒေသတွင်းနိုင်ငံ​တော်​တော်များများမှာဆိုရင် ..
အဲ့လိုအ​လေ့အထ မရှိတာ​လေးကို သွားသတိထားမိတယ် ..

လူဖြတ်ကူးရင် ရပ်​ပေးတယ်
ယာဥ်​ကြော​ပြောင်းချင်ရင်လဲ
အချက်ပြ​လေးပြပြီး ​ခေါင်း​လေးယိုင်လိုက်တာနဲ့
ဘယ်​လောက်ပဲ ကား​တွေကြပ်​နေပါ​စေ
ကိုယ်​ရှေ့ကို ​ပေးဝင်လိုက်ကြတာများတယ်

​လေးစားဖို့လဲ​​ကောင်းသလို
အတုလဲ ယူသင့်တဲ့ အ​လေ့အထစိတ်ထား​လေးပါ

ဒီ​နေ့ဆိုလဲ ကြည့်​လေ .. လှည်းတန်းမီးပွိုင့်ကို
တည့်တည့်ဖြတ်မယ့် ကျ​နော့်ကား​ရှေ့ကို
​​ဘေးက နာနတ်​တောလမ်းဖက်ကိုကွေ့မယ့်ယာဥ်​ကြောက ကားတစ်စီးက
ပွိုင့်စိမ်းခါနီးကျမှ .. အချက်ပြ​လေးပြပြီး ..
​ကားခေါင်း​လေး ညာဖက်ကို တိုးဝင်လာပြတယ်

ကျ​နော်လဲ အဲ့တာနဲ့ မျက်လွှာ​လေးချ ..
ဝူးးး ဆို လီဗာ​လေး​ဆောင့်ပုတ်ပြီး
​ရှေ့ကားရဲ့ဖင်ကို ​ပြေးကပ်ထားလိုက်တယ်​လေ

စိတ်ထဲကလဲ ​ပြော​နေလိုက်​သေးတာ​ပေါ့
"အစကတည်းက ​ကွေ့​ကြောမှန်းမသိလို့လား
အကုန်လုံးလဲ တန်းစီ​နေတာကို လူပါးကိုဝတယ်
အဲ့​လောက်အ​ရေးကြီး​နေရင် မ​နေ့ကတည်းကသွားပါလား" .. ဘာညာ​ပေါ့ 😒😡🤬

(အဟင်းဟင်း .. ဘာ​တွေ​မျှော်လင့်​နေတာလဲ
ကျ​နော်လဲ မြန်မာလူမျိုးစစ်စစ်​လေ 😌✌️)


#မလုပ်ရဘူးနော် 😁

A  :  ဟုတ်တာ​ပေါ့ဗျာ .. က​လေးငယ်​လေး​တွေကို ပြုစုပျိုး​ထောင်ရတယ်ဆိုတာက နည်းစနစ်ကျဖို့သိပ်လိုတာ​ပေါ့ ... 😌 B  :  ဟုတ် A  ...
09/01/2023

A : ဟုတ်တာ​ပေါ့ဗျာ .. က​လေးငယ်​လေး​တွေကို ပြုစုပျိုး​ထောင်ရတယ်ဆိုတာက နည်းစနစ်ကျဖို့သိပ်လိုတာ​ပေါ့ ... 😌

B : ဟုတ်

A : က​လေး​တွေဆိုတာက အရာရာကို ..

(​​ဖေ​ဖေ့ .. ဖေ​ဖေးးး .. Paw Patrol ထဲက ဒီအ​ကောင်က အညိုဖြစ်သွားတယ်​တွေ့လား .. )

A : 😒 ... က​လေး​တွေဆိုတာက အရာရာကို စူးစမ်းခါစဖြစ်သလို သူတို့ သိ​ကြောင်းတတ်​ကြောင်းကိုလဲ တအားပြန်ပြီး sharing လုပ်ချင်ကြတာ​လေ ..

B : ဟုတ်တယ်​နော် ...

A : ဒါကို ကျ​နော်တို့ လူကြီးဖြစ်တဲ့ မိဘ​တွေက နားလည်ထားရမယ်ဗျ .. 😌

( ​ဖေ​​ဖေ့ .. Huggie Weggie ​တွေက မ​ကောင်းဘူး​နော် သမီးမကြည့်ဘူးသိလား .. သူတို့က ဘာလို့မ​ကောင်းတာလဲ ​မေ့သွားပြီ သမီးကို ပြန်​ပြောပြဦး .. ​ဖေ​ဖေ့ ... )

A : 🤨 အဲ .. အဲ့ .. ဆက်​ပြောရရင်ဗျာ .. သူတို့​လေး​တွေက မသိလို့ ​မေးလာတာ​လေး​တွေကို ပြန်မ​ဖြေတာ .. အဖတ်မလုပ်တာ .. ဒါမှမဟုတ် ပြီးပြီး​ရော ​ဖြေလိုက်တာ​တွေက သူတို့ရဲ့ ​တွေး​ခေါ်ယူဆပုံ​တွေကို အများကြီး အကျိုးသက်​ရောက်နိုင်တာကိုးဗျ သိလား ...

( ​ဖေ​ဖေ .. ​ဖေ​ဖေ့ ဒီမှာကြည့်လို့ဆို .. သမီးအ​ရောင်ခြယ်ထားတာလှလား .. ဒါက Pink color .. ဒါက Purple ​လေး .. )

B : အင်း .. ဟုတ်တာ​ပေါ့

A : ဒါ​ပေါ့ဗျ .. ဟုတ်ဆို သူတို့အရွယ်​လေး​တွေက အသိအမှတ်ပြု​ပေးတာ .. သူတို့ရဲ့ လုပ်နိုင်စွမ်းကို လက်ခံ​ပေးတာကို တအားလိုအပ်တာ​လေ .. အဲ့တာကို နားလည်မ​ပေးဘဲ .. စိတ်ရှုပ်လာလို့ ​အော်​​ငေါက်ပစ်လိုက်တာမျိုးက .. က​လေး​တွေရဲ့ ​Thinking ​ရော Creativity ​​တွေ​ရောကို ရိုက်ချိုးပစ်လိုက်တာနဲ့အတူတူပဲ .. က​လေးက သူ့ခံစားချက်​တွေကို မ​ပြောရဲ​တော့တာ .. တစ်ခုခုဆိုရင် ပြန်မငြင်းရဲ​တော့တာ .. လူ​ကြောက်တတ်လာတာမျိုး​တွေထိ ဖြစ်လာနိုင်တယ်​လေ ...

( ​ဖေ​ဖေ့ ... ဒီကားက ဘယ်လိုပြန်ပြီး သံပတ်​ပေးရတာလဲ .. ​ဖေ​ဖေ့ ... ​ဖေ​ဖေးးး .. ဒီမှာကြည့်လို့ .. )

A : သမီးးးး !!!! 😡😡 ဒီမှာ ဖ​အေ စကား​ပြော​နေတာမမြင်ဘူးလား ..??? ဘာ​တွေအ​ရေးကြီး​နေလဲ အဲ့တာက .. လူကြီးစကား​ပြော​နေရင် ဖြတ်မ​ပြောရဘူးလို့ ​ပြောထားတယ်မဟုတ်ဘူးလား .. !! ဒါ​လေး​တောင် မှတ်မထားဘူးလား .. သမီးက လူဆိုးလား .. ​နောက်တစ်ခါ အဲ့လို လာဖြတ်​ပြောရင် * #& #%%+×÷÷×>

20/11/2022

ပြောဆိုသွားတဲ့အ​ကြောင်းအရာ​လေး
​တော်​​တော်​ချောလို့ .. အဲ​လေ .. ​တော်​တော်​ကောင်းလို့
တင်​ပေးလိုက်တာပါ .. အား​ပေးကြပါဦး​နော် .. 🥰🙏✌️

ပိုမို​ကောင်းမွန်​သော Resolution နဲ့
ပိုမို​သော​ရွေးချယ်စရာ​တွေအတွက်က​တော့

ဂီတပီ​ကေ page နဲ့

TMP Recording You Tube Channel 👇

https://youtu.be/Lgy0BArYam8

မှာဝင်​ရောက်အား​ပေးနိုင်ပါတယ်ခင်ဗျ .. 😉❤️✌️

Host - သုသိ | Program - Gita PK -ဂီတပီကေ

https://fb.watch/gUIau1fVxS/

Address

Yangon
11051

Telephone

+959788788775

Website

Alerts

Be the first to know and let us send you an email when Daddy Tote's Daddy Notes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Daddy Tote's Daddy Notes:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category