မွန်မြတ်စံ မြန်မာဆေး၊နိုင်ငံခြားဆေးနှင့်စတိုး

  • Home
  • မွန်မြတ်စံ မြန်မာဆေး၊နိုင်ငံခြားဆေးနှင့်စတိုး

မွန်မြတ်စံ မြန်မာဆေး၊နိုင်ငံခြားဆေးနှင့်စတိုး ရန်ကုန်တိုင်းဆေးဆိုင်များ group

13/09/2024
အရေးပေါ်ဆီးစစ်တံ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရှိ၊ မရှိကို ဆီးစစ်ပြီးပဲဖ...
27/08/2024

အရေးပေါ်ဆီးစစ်တံ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ
အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရှိ၊ မရှိကို ဆီးစစ်ပြီးပဲဖြစ်ဖြစ်၊ သွေးစစ်ပြီးပဲဖြစ်ဖြစ် စမ်းသပ်အတည်ပြုနိုင်ပါတယ်။ အရေးပေါ်ဆီးစစ်တံ သုံးပြီး ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးတာက စနစ်တကျစစ်ဆေးမယ်ဆို ရာနှုန်းပြည့်နီးပါးတိကျပြီး ကိုယ့်ဖာသာလည်း အိမ်မှာအလွယ်တကူ စမ်းသပ်သိရှိနိုင်ပါတယ်။ ဒါ့ကြောင့် အရေးပေါ်ဆီးစစ်တံ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တချို့ကို ပြောပြပေးချင်ပါတယ်။

ဘယ်လိုအချိန်မှာ အရေးပေါ်ဆီးစစ်တံ နဲ့ ကိုယ်ဝန်ရှိ၊ မရှိ စစ်လို့ရသလဲ

အရေးပေါ်ဆီးစစ်တံက အမျိုးသမီးရဲ့ဆီးထဲမှာပါတဲ့ HCG ဟော်မုန်းကို စစ်ဆေးတာ ဖြစ်ပါတယ်။ ပုံမှန်ရာသီလာနေကျရက်မှာ ရာသီမလာတော့ရင် ဒါမှမဟုတ် ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေ ပေါ်လာပြီထင်ရင် ကိုယ်ဝန်ရှိ၊ မရှိ အရေးပေါ်ဆီးစစ်တံနဲ့ စစ်လို့ရပါပြီ။ အရေးပေါ်ဆီးစစ်တံ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များကို လေ့လာကြည့်ရအောင်နော်။

အရေးပေါ်ဆီးစစ်တံ ဘယ်လိုသုံးရမလဲ
စစ်ဆေးမယ့် အမျိုးသမီးအနေနဲ့ မနက်အိပ်ရာနိုးနိုးချင်း ဆီးအရင်သွားရပါမယ်။ ဆီးကို ရေအိမ်ထဲတိုက်ရိုက်မသွားဘဲ ပုလင်းအလွတ်၊ ခွက်အလွတ်တစ်လုံးထဲကို သွားထားပါ။ပြီးရင် ဆီးစစ်တံကို အိတ်ထဲက ဖောက်ထုတ်ပါ။ ဆီးစစ်တံရဲ့ တစ်ဖက်စွန်းကို လက်နဲ့ကိုင်ပြီး နောက်တစ်ဖက်စွန်းက ဆီးထဲကို နှစ်ရမှာဖြစ်တာမို့ ဆီးထဲနှစ်ရမယ့်ဖက်ကို လက်နဲ့မကိုင်မိအောင် သတိထားပါ။ ဆီးစစ်တံအမျိုးအစားပေါ် မူတည်ပြီး လက်ကိုင်ရမယ့်နေရာ ပြောင်းလဲနိုင်ပါတယ်
ဆီးစစ်တံကို သွားထားတဲ့ဆီးထဲ နှစ်လိုက်ပါ။ နှစ်တဲ့အခါမှာလည်း သတ်မှတ်ထားတဲ့နေရာ (Stop Line) ထက်ကျော်ပြီး မနှစ်ပါနဲ့။ များသောအားဖြင့် ဆီးနှစ်ရမယ့်နေရာကို လိုင်းလေးဆွဲပြီး သတ်မှတ်ထားလေ့ရှိပါတယ်။
ဆီးထဲနှစ်ရမယ့် အချိန်အတိုင်းအတာကတော့ ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ်လိုက်ပြီး အပြောင်းအလဲရှိတတ်ပါတယ်။ များသောအားဖြင့် မိနစ်ပိုင်းလောက် နှစ်ရပါတယ်။
နှစ်ပြီးရင် ဆီးခွက်ထဲကထုတ်ပြီး သန့်ရှင်းတဲ့စက္ကူ ဒါမှမဟုတ် တစ်ရှူးပေါ်မှာ အရေးပေါ်ဆီးစစ်တံကို တင်ထားလိုက်ပါ။
များသောအားဖြင့် တစ်မိနစ်ကနေ ဆယ်မိနစ်လောက်ဆို ဆီးစစ်တံမှာ အဖြေပေါ်လာပါတယ်။ ထုတ်လုပ်တဲ့ကုမ္ပဏီ ပေါ်လိုက်ပြီး အဖြေထွက်တဲ့ အချိန်အပြောင်းအလဲရှိနိုင်ပါမယ်။

သတိထားရမှာက ဆီးစစ်တံ မသုံးခင်မှာ သက်တမ်းကုန်ဆုံးရက်ကို စစ်ဖို့ရန်၊ အသုံးပြုပုံအညွှန်းရယ်ကို သေချာဖတ်ဖို့ပါ။အရေးပေါ်ဆီးစစ်တံက အဖြေကို ဘယ်လိုဖတ်မလဲ
တစ်လိုင်းပေါ်ရင် ကိုယ်ဝန်မရှိဘူး။ ၂ လိုင်းဆို ကိုယ်ဝန်ရှိတယ်ဆိုတာ အမြဲမမှန်ပါဘူး။

အရေးပေါ်ဆီးစစ်ချက် အဖြေပြမယ့်နေရာမှာ control line နဲ့ results line ဆိုပြီး အတန်း (၂) တန်းပါပါတယ်။ Control line မှာပဲ အတန်းတစ်တန်းပေါ်နေရင် ဒါကိုယ်ဝန်မရှိသေးဘူးဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။
Control line နဲ့ result line ၂ တန်းစလုံးမှာ ပေါ်နေရင် ကိုယ်ဝန်ရှိပါတယ်။ တစ်လိုင်းက ထင်းနေအောင်ပေါ်ပြီးနောက်တစ်လိုင်းက မှိန်မှိန်လေးပေါ်နေရင်လည်း ကိုယ်ဝန်ရှိတာပါပဲ။
ဘာလိုင်းမှမပေါ်လာဘူး ဒါမှမဟုတ် results line မှာပဲ တစ်လိုင်းပေါ်တယ်ဆိုရင်တော့ ဒီဆီးစစ်ချက်က အကျုံးမဝင်ပါဘူး။ များသောအားဖြင့် ဆီးထဲနှစ်တဲ့အချိန်အရမ်းမြန်ရင် ဒါမှမဟုတ် အသုံးပြုတဲ့အဆင့်မှာ တစ်ခုခုလွဲချော်သွားရင် ဒီလိုအဖြေထွက်တတ်ပါတယ်။ နောက်ဆီးစစ်တံတစ်ချောင်းနဲ့ ထပ်စစ်ကြည့်နိုင်ပါတယ်။

အရေးပေါ်ဆီးစစ်တံကို ထပ်ခါထပ်ခါသုံးလို့ရလား
လုံးဝမရပါဘူး။ အရေးပေါ်ဆီးစစ်တံတိုင်းက တစ်ခါသုံးပါ။
အရေးပေါ်ဆီးစစ်တံနဲ့ စစ်ရင် အမှားရှိနိုင်လား
တချို့သော ကျန်းမာရေးအခြေအနေတွေကြောင့်ရယ်၊ တချို့သောက်ဆေးတွေရယ်ကြောင့် အဖြေမှားယွင်းနိုင်ပါတယ်။

ဘယ်လို ကျန်းမာရေးအခြေအနေတွေကြောင့် အဖြေမှားနိုင်သလဲ
တစ်ခါတစ်လေ ရောဂါအခြေအနေတွေကြောင့် HCG ဟော်မုန်းတွေတက်ပြီး ကိုယ်ဝန်မရှိဘဲလည်း ကိုယ်ဝန်ရှိတယ်ဆိုတဲ့ အဖြေထွက်တတ်ပါတယ်။ ဒါ့အပြင်

Immunoglobulin (IgA) လို့ခေါ်တဲ့ antibody တစ်မျိုးချို့တဲ့နေရင်
Gestational trophoblastic disease၊ Gestational trophoblastic neoplasms လို့ခေါ်တဲ့ အကျိတ်တွေရှိနေရင်လည်း ဖြစ်တတ်ပါတယ်။

ဘယ်လိုသောက်ဆေးတွေကြောင့် အရေးပေါ်ဆီးစစ်ချက်အဖြေ မှားတတ်သလဲ
ဓာတ်မတည့်တဲ့အခါ ပေးတဲ့ဆေးတွေ၊ ပါကင်ဆန်ရောဂါမှာ ပေးတဲ့ဆေးတွေ၊ အိပ်ဆေးတွေ၊ စိတ်ရောဂါရှိသူတွေကို ပေးလေ့ရှိတဲ့ အချို့သောဆေးတွေ၊ အတက်ရောဂါအတွက် သောက်ဆေးတွေ၊ ဆီးဆေးတွေ စတဲ့ဆေးတွေကြောင့် အရေးပေါ်ဆီးစစ်ချက်အဖြေလွဲချော်နိုင်ပါတယ်။
အရက်သောက်ထားမိရင်ကော အရေးပေါ်ဆီးစစ်တံသုံးလို့ရသလား
အရေးပေါ်ဆီးစစ်တံက ဟော်မုန်းကိုပဲ တိုင်းတာတဲ့အတွက် သွေးထဲကအရက်က အရေးပေါ်ဆီးစစ်တံ အဖြေအပေါ် သက်ရောက်မှုမရှိပါဘူး။ သုံးလို့ရပါတယ်။

ရေးသားသူ Dr.Htoo Tint

မျောက်ကျောက်ရောဂါ ကာကွယ်ရေးနှိုးဆော်ချက်~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
22/08/2024

မျောက်ကျောက်ရောဂါ ကာကွယ်ရေးနှိုးဆော်ချက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နံနက်ခင်း ဆုတောင်းယခုဘဝအသက်ရှင်နေချိန်အထိပြုခဲ့သမျှနှင့် ဘဝအဆက်ဆက်ကလှူဒါန်းခဲ့ရသော ဒါနကုသိုလ်၊စောင့်တည်ခဲ့ရသော သီလကုသိုလ...
12/06/2024

နံနက်ခင်း ဆုတောင်း
ယခုဘဝအသက်ရှင်နေချိန်အထိပြုခဲ့သမျှနှင့်
ဘဝအဆက်ဆက်က
လှူဒါန်းခဲ့ရသော ဒါနကုသိုလ်၊
စောင့်တည်ခဲ့ရသော သီလကုသိုလ်၊
ပွားများခဲ့ရသော ဘာဝနာ သမာဓိကုသိုလ်၊
ရှုမှတ်အားထုတ်ခဲ့ရသော ဝိပဿနာကုသိုလ်....

ထိုကုသိုလ်အစုစုတို့ကြောင့်

မြန်မာပြည်သူပြည်သားများအားလုံး-

* ဘေးရန်အနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
* ကြောင့်ကြအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
* ဆင်းရဲအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
* အနန္တမေတ္တာ ပတ်ဖျန်းကာ အေးချမ်းသာယာကြပါစေ
* အနန္တအကျိုးကိုယ်စီတိုး ဖွံ့ဖြိုးနိုင်ကြပါစေ။

မိတ်ဖုပေါက်တာ သက်သာစေမယ့် ဆောင်ရန်/ရှောင်ရန် နည်းလမ်းများအပူချိန်မြင့်မားတဲ့ အခုလိုရာသီမှာ  လူကြီးလူငယ်၊ကျားမ မရွေး မိတ်...
02/05/2024

မိတ်ဖုပေါက်တာ သက်သာစေမယ့် ဆောင်ရန်/ရှောင်ရန် နည်းလမ်းများ
အပူချိန်မြင့်မားတဲ့ အခုလိုရာသီမှာ လူကြီးလူငယ်၊ကျားမ မရွေး မိတ်ဖုထွက်တာ ဖြစ်လေ့ရှိကြပါတယ်
ရာသီဥတုပူလို့ ချွေးထွက်တဲ့နေရာမှာ ချွေးပေါက်ပိတ်ရာကနေ ချွေးအပြင်မထွက်နိုင်လို့ အရေပြားပေါ် အဖုလေးတွေထွက်လာတာကို မိတ်ပေါက်တယ်လို့ခေါ်ကြပါတယ်
မိတ်ဖုလေးတွေက ယားယံလို့ကုတ်မိရာကနေ ပြည်ဖုလေးတွေဖြစ်တတ်ပါတယ်
ဘယ်လိုလူတွေ ပိုထွက်တတ်လဲ
နေပူထဲ ခဏခဏထွက်ရသူတွေ
နေပူထဲ အလုပ်လုပ်ရသူတွေ
နေပူထဲ ထွက်ဆော့တဲ့ ကလေးတွေ
ဖျားနာနေသူတွေ
အကြောင်းအမျိုးမျိုးကြောင့် အိပ်ယာထဲ လဲနေသူတွေ
လေဝင်လေထွက်မကောင်းဘဲ ပူပြင်းစိုထိုင်းတဲ့နေရာတွေမှာနေထိုင်သူတွေ

မိတ်ပေါက်တာ သက်သာချင်ရင် ဘယ်လိုလုပ်ရမလဲ
သနပ်ခါးလိမ်းလို့ရပါတယ်
ပွပွချောင်ချောင် ချည်ထည်အဝတ်အစားဝတ်ပါ၊ချွေးစိုတဲ့အဝတ်ကို မကြာခဏလဲပေးပါ
မိတ်ထွက်နေတဲ့နေရာတွေကို ရေအေးဝတ် (သို့) ရေခဲဖတ်တို့နဲ့ ရေပတ်တိုက်ပေးပါ
ရေအေးဖြင့် ရေချိုးပေးနိုင်ပါတယ်
ရေဓါတ်ပြည့်ဝစေရန် ရေများများသောက်ပါ
ခန္ဓာကိုယ်ကို အေးအောင်ထားပါ၊ အရိပ်ရပီး လေဝင်လေထွက်ကောင်းတဲ့နေရာ နေပါ
အခန်းအပူချိန်လျော့ကျစေဖို့ ပန်ကာ၊ အဲကွန်း၊ အဲကူလာ စတာတွေ အသုံးပြုပါ
ချွေးထွက်များစေမယ့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာ ရှောင်ပါ
နေအပူချိန်မြင့်တဲ့ နေ့လည်ဘက်တွေ အပြင်မထွက်ပါနဲ့
ချွေးပြန်စေတဲ့ မိတ်ကပ် အလှကုန်ပစ္စည်းတွေ၊ အဆီပြန်စေတဲ့ oinment၊ cream တို့မသုံးပါနဲ့

အဖုတွေများပီး ယားယံနေရင်
calamine lotion, caladryl (သို့) mazical lotion လိမ်းပေးပါ
cetrizine 10mg တခါသောက် ၁ လုံးတနေ့တကြိမ် (သို့) burmeton တခါသောက်၁လုံး တနေ့ ၂ကြိမ် သောက်ပါ

မိတ်ဖုပေါက်တာနည်းရင် သူ့အလိုလိုလည်း ပျောက်ကင်းသွားနိုင်သလို ထွက်တာများပီး ယားယံလို့ကုတ်မိရာကနေ ပြည်ဖုတွေပါဖြစ်လာရင် နီးစပ်ရာ ဆေးရုံဆေးခန်းမှာ ပြသသင့်ပါတယ်နော်။
#ချစ်ခင်စွာဖြင့်_MTZ

ရတနာ ရွှေလှေဆိုက်ရောက်လာပါပြီ..နှစ်ဟောင်းလွန်လို့နှစ်သစ်မှာ ဘေးဘယာဝေးကွာ အေးချမ်းသာယာရှိကြပါစေ..စီးပွားလာဘ်လာဘများပေါကြွ...
16/04/2024

ရတနာ ရွှေလှေဆိုက်ရောက်လာပါပြီ..နှစ်ဟောင်းလွန်လို့နှစ်သစ်မှာ ဘေးဘယာဝေးကွာ အေးချမ်းသာယာရှိကြပါစေ..စီးပွားလာဘ်လာဘများပေါကြွယ်ဝကြပါစေ..

လည်ပင်းကြီးဟော်မုန်း(သိုင်းရွိုက်ဟော်မုန်း)များတဲ့အခါ သုံးလေ့ရှိတဲ့ Carbimazoleအကြောင်း ဆေးဝါးဗဟုသုတမျှဝေချင်ပါတယ်။Carbi...
23/03/2024

လည်ပင်းကြီးဟော်မုန်း(သိုင်းရွိုက်ဟော်မုန်း)များတဲ့အခါ သုံးလေ့ရှိတဲ့ Carbimazoleအကြောင်း ဆေးဝါးဗဟုသုတမျှဝေချင်ပါတယ်။

Carbimazole ဆိုတာ ...
-----------------------
Carbimazoleကို သိုင်းရွိုက်ဟော်မုန်းအထွက်များတဲ့ ရောဂါသက်သာဖို့ သုံးတဲ့ ဆေးအမျိုးအစားပါ။

Carbimazole က ဘာကောင်းကျိုးတွေရှိသလဲ
------------------------------------
သိုင်းရွိုက်က နှလုံးခုန်နှုန်းနဲ့ ကိုယ်အပူချိန်လို အရာတွေကို ထိန်းချုပ်ပေးပါတယ်။ ဟော်မုန်းများလွန်းတဲ့အခါ ကိုယ်အလေးချိန်ကျခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ စိတ်တိုစိတ်ဆတ်လွယ်ခြင်း စတာတွေ ဖြစ်လာပါတယ်။ ဒီလက္ခဏာတွေ သက်သာစေဖို့ သိုင်းရွိုက်ဂလင်းကနေ ဟော်မုန်းအများအပြားထုတ်ခြင်းကို ဟန့်တားဖို့ Carbimazole ကို သုံးလေ့ရှိပါတယ်။

Carbimazole ကို ဘယ်လိုမှီဝဲရသလဲ
------------------------------------
ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ရတဲ့ ဆေးအမျိုးအစား ဖြစ်ပါတယ်။ ဆေးပမာဏကတော့ သိုင်းရွိုက်ဟော်မုန်းအဆင့်၊ တခြားကျန်းမာရေး အခြေအနေတွေပေါ်မူတည်ပြီး ပေးရတာ ဖြစ်ပါတယ်။ ဆေးပမာဏများရင် ဘေးထွက်ဆိုးကျိုး များတတ်တာကြောင့် အထူးသဖြင့် အသည်း၊ အဆုတ် စတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးအားနည်းသူတွေမှာ သတိထားပြီး ပေးရတဲ့ ဆေးအမျိုးအစားပါ။
ဆေးဝါးရဲ့ အာနိသင်ရဖို့ အချိန် တစ်လ-နှစ်လ ယူရပါတယ်။
နှလုံးခုန်မြန်တယ်၊ စိုးရိမ်စိတ်များတယ်ဆိုတဲ့ လက္ခဏာတွေရှိရင် တစ်ခါတလေ beta blocker ဆေးအမျိုးအစားနဲ့ တွဲပေးတတ်ပါတယ်။

Carbimazole က ဘယ်လိုဘေးထွက်ဆိုးကျိုးရှိသလဲ
------------------------------------
ခေါင်းမူးခေါင်းကိုက်ခြင်း
ပျို့ချင်အန်ချင်ဖြစ်ခြင်း၊
အစာမကြေဖြစ်ခြင်း၊
ဗိုက်နာခြင်း၊
အရေပြားဓာတ်မတည့်ခြင်း၊
အဆစ်နာခြင်း၊ ကြွက်သားနာခြင်း၊
ဖျားခြင်း၊ ချမ်းခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်တတ်တာ မဟုတ်ပေမယ့် ယေဘုယျအားဖြင့် ဆေးသောက်ပြီး ရှစ်ပတ်အတွင်း ခံစားရလေ့ရှိပါတယ်။

Carbimazole က ဘယ်သူတွေ မသောက်သင့်ဘူးလဲ
------------------------------------
Carbimazole နဲ့ ဓာတ်မတည့်ဖြစ်ဖူးရင်
ပုံမှန်သွေးစစ်ဆေးမှု မလုပ်နိုင်ရင်
ကိုယ်ဝန်ရှိနေရင် ဒါမှမဟုတ် ဆေးသောက်နေရင်း ကိုယ်ဝန်ရှိသွားရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ရပါမယ်။ (ကိုယ်ဝန်ဆောင်မိခင်မှာ အချင်းကနေ ဖြတ်နိုင်တဲ့အတွက် သန္ဓေသားဆီ ဆေးရောက်နိုင်ခြေရှိလို့ပါ)

အကြံပြုချက်
--------------
ဆေးသောက်နေချိန်အတွင်း သိုင်းရွိုက်ဟော်မုန်းအဆင့် သိရဖို့ သွေးစစ်ဆေးမှု လုပ်ပေးသင့်ပါတယ်။ ရလဒ်ပေါ်မူတည်ပြီး ဆရာဝန်က ဆေးပမာဏ ချိန်ညှိပေးမှာ ဖြစ်ပါတယ်။
အစားအသောက်အနေနဲ့ အိုင်အိုဒင်းဆား၊ တာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစာစတာတွေ ရှောင်သင့်ပါတယ်။ ဆေးကြောင့် ခေါင်းမူးတယ်ဆိုရင် အရက်နဲ့ ကဖင်းပါတဲ့ အစားအသောက်တွေ ရှောင်ရပါမယ်။
(Ref;www.nhs.uk/medicines/carbimazole)
#နန်းတော်ဆေးဆိုင်ပုဇွန်တောင်မြို့နယ်

22/03/2024
သမင်မကြီးရဲ့ ဆုံးဖြတ်ချက်သမင်မကြီးဟာ ကိုယ်ဝန်အရင့်အမာနဲ့ မွေးခါနီးဖွားခါနီး ယာတောစပ်က မြစ်ကမ်းဘေးမှာထိုင်ချလိုက်တယ်။ကလေး...
17/03/2024

သမင်မကြီးရဲ့ ဆုံးဖြတ်ချက်

သမင်မကြီးဟာ ကိုယ်ဝန်အရင့်အမာနဲ့ မွေးခါနီးဖွားခါနီး ယာတောစပ်က မြစ်ကမ်းဘေးမှာထိုင်ချလိုက်တယ်။ကလေးမွေးတော့အံ့ဆဲဆဲ အချိန်မှာမိုးသည်းထန်စွာရွာချတယ်။ မိုးနဲ့အတူ မုန်တိုင်းပါ ပါလာတဲ့အတွက် ကောင်းကင် တစ်ခွင်ဟာ ကြောက်စရာကောင်းလောက်အောင် မဲမှောင်ပြီး လျှပ်စီးတွေလက်နေတယ်။မုန်တိုင်းကြောင့် မြစ်ရေပြင်ဟာလည်း တဝုန်းဝုန်းနဲ့ကြမ်းသထက် ကြမ်းလာတယ်။အဲ့ဒီအချိန်မှာပဲ ယာတောထဲကို မိုးကြိုးပစ်ချ လိုက်တဲ့အခါ ယာတောခင်းကြီး ဟာလည်း မီးထလောင်တယ်။သမင်မကြီးရဲ့အနောက်မှာတော့ မုဆိုးတစ်ယောက်ဟာ မြှားနဲ့ ပစ်ဖို့ ချိန်ထားလိုက်ပြီ။ အရှေ့မှာလည်း ကျားတစ်ကောင်ဟာ သမင်မကြီးကို ခုန်အုပ်ဖို့ပြင်နေပြီ။ကဲ.. သမင်မကြီး ဘာလုပ်မယ် ထင်သလဲ။အရှေ့မှာကျား၊ အနောက်မှာ မုဆိုး၊ တောင်မှာ မီး၊မြောက်မှာ ရေ၊ မိုးပေါ်မော့ကြည့်ရင် လျှပ်စီးတွေနဲ့အောက်မှာ မြေပြင်။သမင်မကြီးဟာ လွတ်လမ်းလုံးဝမရှိတော့တဲ့အခါဘာလုပ်မယ် ထင်ကြလဲ။
သမင်မကြီးဟာ စိတ်ကိုအငြိမ်ဆုံး ထားပြီးတော့သူမွေးရမယ့်ရင်သွေးကိုပဲ မဖြစ်ဖြစ်အောင်မွေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီအချိန်မှာ ကျယ်လောင်စွာ မိုးချိန်းလိုက်တာ မုဆိုးဟာ ဟန်ပျက်သွားခဲ့တယ်။ဟန်ချက်ပျက်တော့ ပစ်လွှတ်လိုက်တဲ့ မြှားဟာအလိုက်သင့်လေး ခုန်အုပ်နေတဲ့ ကျားကို ပစ်မိ သွားတယ်။ဒါပေမယ့် ချက်ကောင်းကို မထိ။အဲ့ဒီမှာ ကျားဟာ အထိနာသွားတဲ့ အခါမှာတော့မြှားရှင်မုဆိုးဘက်ကို ဦးတည် ပြေးလွှားပြီး ခုန်အုပ်လိုက်တယ်။မုဆိုးနဲ့ကျားဟာ လုံးရင်းထွေးရင်းနဲ့ မြစ်ထဲကျ သေသွားပြီးယာတောမီးဟာလည်း မိုးရေကြောင့် ငြိမ်းသွားတယ်။ နောက်ဆုံး မိုးစဲသွားတဲ့အခါမှာ မြစ်ရေဟာ ပြန်လည်ငြိမ်သက်လာတယ်။ သမင်မကြီးဟာ ရင်သွေးလေးကိုအောင်မြင်စွာ မွေးလိုက်နိုင်ခဲ့တယ်။ပြောချင်တာက
ဘဝမှာ ထွက်ပေါက် မရှိလောက်အောင်အခက်အခဲတွေ ပိတ်ပင်နေတဲ့အခါ ကိုယ်လုပ်ပိုင်ခွင့်ရှိတဲ့ အလုပ်တစ်ခုကိုသာ အကောင်းဆုံး လုပ်မြဲဆက်လုပ်နေသင့်ပါတယ်။

Thanks to the original author

Address

အောင်သီရိလမ်း 19ရက်ကွက်၊တောင်ဒဂုံ

Website

Alerts

Be the first to know and let us send you an email when မွန်မြတ်စံ မြန်မာဆေး၊နိုင်ငံခြားဆေးနှင့်စတိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share