ParaSafe Myanmar

  • Home
  • ParaSafe Myanmar

ParaSafe Myanmar ဖျားနာကင်းဝေး ParaSafe
(371)

ကလေးဖျားတဲ့အခါ ကိုယ်အပူချိန်ကို တိတိကျကျ တိုင်းတာပြီးမှ စနစ်တကျ ပြုစုနိုင်ဖို့အတွက် အသုံးများတဲ့ နည်းလမ်း (၃) မျိုးကို လ...
28/11/2025

ကလေးဖျားတဲ့အခါ ကိုယ်အပူချိန်ကို တိတိကျကျ တိုင်းတာပြီးမှ စနစ်တကျ ပြုစုနိုင်ဖို့အတွက် အသုံးများတဲ့ နည်းလမ်း (၃) မျိုးကို လိုတိုရှင်း သိထားကြရအောင်။✨

🌡️ စအိုတွင်းမှ တိုင်းတာခြင်း
မွေးစမှ ၃ နှစ်အထိကလေးတွေအတွက် သင့်တော်တဲ့ နည်းလမ်းဖြစ်ပြီး ကိုယ်အပူချိန် အတိအကျဆုံးနှင့် အယုံကြည်ရဆုံး ရလဒ်ဖြစ်ပါတယ်။ တိုင်းတဲ့အခါ ကလေးကိုတော့ နေရထိုင်ရမသက်မသာဖြစ်စေနိုင်ပြီး၊ သန့်ရှင်းမှုနဲ့ သတိထား ကိုင်တွယ်ပေးဖို့လည်း လိုပါတယ်။

🌡️ပါးစပ်မှ တိုင်းတာခြင်း
၄ နှစ် သို့မဟုတ် ၅ နှစ်အထက်ကလေးငယ်တွေအတွက် သင့်တော်ပြီး
စအိုကဲ့သို့ တိကျမှုရှိပြီး အသုံးပြုရ လွယ်ကူပါတယ်။ အတိကျဆုံးဖြစ်ရန်အတွက် သာမိုမီတာကို ကလေးရဲ့ လျှာအောက်မှာ ငြိမ်အောင် ကိုက်ထားခိုင်းဖို့ လိုပါတယ်။

🌡️နဖူး သွေးလွှတ်ကြောမှ တိုင်းတာခြင်း
မည်သည့်အသက်အရွယ်မဆို (အထူးသဖြင့် ၃ လအထက်) ကလေးများအတွက် သင့်တော်ပြီး
တိုင်းတာရာမှာလည်း လျင်မြန် ပြီး ကလေးအိပ်နေချိန်မှာတောင် တိုင်းရလွယ်ပါတယ်။ စအိုမှ တိုင်းတာသလောက် မတိကျနိုင်တဲ့အတွက် အဖျားကြီးနေရင် စအိုမှတိုင်းပြီး ထပ်မံအတည်ပြုဖို့ လိုပါတယ်။

အသက် ၆ လကနေ ၂ နှစ်အရွယ်ကလေးများ ဖျားနာတဲ့အခါ အရည်အသွေးအရ ယုံကြည်စိတ်ချရပြီး အနံ့အရသာ ကောင်းမွန်တဲ့ ပါရာစီတမောဆေးရည်ကို ရှာနေရင် ပါရာဆေ့ဖ် Syrup ရှိပါတယ်။ 🩷✨

သားသားမီးမီးတို့ ဖျားနာကင်းစွာ ကြီးပြင်းလာဖို့ ပါရာဆေ့ဖ်က ကူညီပေးပါရစေ။🥰😘

#ကိုက်ခဲဖျားနာSafeဖြစ်အောင်ပါရာဆေ့ဖ်ကိုဆောင်

27/11/2025

✨ ပျော်ရွှင်နေတဲ့မိသားစုလေးဖြစ်ဖို့ ကျန်းမာရေးကောင်းနေဖို့လည်းလိုအပ်ပါတယ်။

ဖျားနာမှုကင်းပြီး ပျော်ပျော်ရွှင်ရွှင် ရှိနေနိုင်ဖို့အတွက် ဆေးပျော်ဝင်မှုအား 96.3% ရှိတဲ့ ပါရာဆေ့ဖ် ကို အမြဲဆောင်ထားရအောင်နော်။

ဆေးသောက်ပြီး ချက်ချင်း အာနိသင်ပြမဲ့ ပါရာစီတမောကို လိုချင်ရင် ပါရာဆေ့ဖ် ရှိပါတယ်နော်။ 😘ပါရာဆေ့ဖ် ကို ဘာလို့ ရွေးချယ်သင့်တ...
26/11/2025

ဆေးသောက်ပြီး ချက်ချင်း အာနိသင်ပြမဲ့ ပါရာစီတမောကို လိုချင်ရင် ပါရာဆေ့ဖ် ရှိပါတယ်နော်။ 😘

ပါရာဆေ့ဖ် ကို ဘာလို့ ရွေးချယ်သင့်တာလဲ?

အဖြေကတော့ ရိုးရှင်းပါတယ်။ ဆေးပျော်ဝင်မှုနှုန်း 96.3% အထိရှိလို့ အချိန်ကြာကြာ စောင့်စရာမလိုဘဲ အစာအိမ်ထဲမှာ အလွယ်တကူ လျင်မြန်စွာ ပျော်ဝင်သွားတယ်၊ ဆေးရဲ့ ပါရာစီတမောဓာတ်ကို ခန္ဓာကိုယ်က ချက်ချင်း စုပ်ယူနိုင်တယ်၊ ဆေးအာနိသင်က သွေးကြောထဲ ချက်ချင်းရောက်တာကြောင့် နာကျင်ကိုက်ခဲတဲ့ နေရာတွေကို အချိန်တိုအတွင်း တိုက်ရိုက်ပစ်မှတ်ထား သက်သာစေနိုင်တာပေါ့။

ဘယ်လိုဝေဒနာတွေအတွက် သောက်နိုင်မလဲ?
📍ခေါင်းကိုက်တာ
📍ဖျားတာ
📍သွားကိုက်တာ
📍နားကိုက်တာ
📍ကိုယ်လက် အဆစ်အမြစ်ကိုက်တာ
📍ဓမ္မတာလာစဉ်ကိုက်ခဲတာ

🌀အမြန်ဆုံးနည်းနဲ့ အသက်သာဆုံးအခြေအနေကိုရောက်ဖို့ ပါရာဆေ့ဖ်မှ ပါရာဆေ့ဖ်ပဲနော်။

#ကိုက်ခဲဖျားနာSafeဖြစ်အောင်ပါရာဆေ့ဖ်ကိုဆောင်

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုက်ခဲ၊ ဖျားနာခြင်းတွေ ခံစားရပေမဲ့ ဆေးသောက်ရမှာ ကြောက်မိနေလား❓စိတ်မပူပါနဲ့။ ✅ ပါရာဆေ့ဖ် ကို ယုံကြ...
26/11/2025

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုက်ခဲ၊ ဖျားနာခြင်းတွေ ခံစားရပေမဲ့ ဆေးသောက်ရမှာ ကြောက်မိနေလား❓

စိတ်မပူပါနဲ့။ ✅ ပါရာဆေ့ဖ် ကို ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်!

ပါရာဆေ့ဖ်မှာ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ပါရာစီတမောက ကိုယ်ဝန်ဆောင်ကာလအတွင်း နာကျင်မှုနှင့် အဖျားသက်သာစေရန်အတွက် ပထမဦးစားပေး ဆေးရွေးချယ်မှု အဖြစ် ဆေးပညာရှင်များက အကြံပြုထားပါတယ်။

နာကျင်မှုနှင့် အဖျားကို မကုသဘဲထားခြင်းကသာ သန္ဓေသားကို ပိုမိုအန္တရာယ်ဖြစ်စေနိုင်တာမို့၊ ဆေးကို စနစ်တကျ သောက်သုံးဖို့ အရေးကြီးပါတယ်။☑️

💊 သတိထားရမယ့် အချက် (၃) ချက်

❗ဆေးပမာဏကို လိုအပ်သလောက်သာသောက်ပါ။

❗ကိုက်ခဲနာကျင်မှု၊ ဖျားနာမှုတွေ သက်သာသွားပါက ဆေးရပ်လိုက်ပါ။

❗သောက်သုံးနေတဲ့ အခြားဆေးတွေမှာ ပါရာစီတမော ပါဝင်ခြင်း ရှိ၊ မရှိ သေချာစစ်ဆေးပါ။ ဆေးနှစ်မျိုး ပေါင်းသောက်ခြင်းကို ရှောင်ပါ။

🛑 ဆရာဝန်နဲ့ ဘယ်အချိန် တိုင်ပင်ရမလဲ?
ပါရာဆေ့ဖ် သောက်ပေမဲ့ အဖျား သို့မဟုတ် နာကျင်မှုက ၄၈ နာရီကျော်သည်အထိ ဆက်ရှိနေရင်၊
ကိုက်ခဲနာကျင်မှု ပိုမိုဆိုးရွားလာခြင်း သို့မဟုတ် အခြားမသင်္ကာဖွယ် လက္ခဏာများ (ဥပမာ- ဗိုက်အောင့်ခြင်း၊ သွေးဆင်းခြင်း) တွဲဖြစ်လာရင် နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်သွားပေးရပါမယ်။

မေမေတို့နဲ့အတူ ကိုယ်ဝန်ဆောင်ကာလတလျှောက်လုံး ပါရာဆေ့ဖ်က ကာကွယ်မှုအပြည့်နဲ့ရှိနေမှာပါ။💙🫄

#ကျန်းမာရေး #ကိုက်ခဲဖျားနာSafeဖြစ်အောင်ပါရာဆေ့ဖ်ကိုဆောင် #ကိုယ်ဝန်

လူတိုင်းနီးပါး အိမ်တိုင်းနီးပါးဆောင်ထားတတ်ကြပြီး ဖျားနာကိုက်ခဲရင် သောက်သုံးလေ့ရှိတဲ့ ပါရာစီတမောဆေးဟာ သင့်တော်တဲ့ ပမာဏသော...
25/11/2025

လူတိုင်းနီးပါး အိမ်တိုင်းနီးပါးဆောင်ထားတတ်ကြပြီး ဖျားနာကိုက်ခဲရင် သောက်သုံးလေ့ရှိတဲ့ ပါရာစီတမောဆေးဟာ သင့်တော်တဲ့ ပမာဏသောက်ရင် အလွန်ဘေးကင်းထိရောက်တဲ့ဆေး ဖြစ်ပါတယ်။

ဒါပေမဲ့ "တန်ဆေး၊ လွန်ဘေး" ဆိုတဲ့အတိုင်း လွန်ကဲစွာ သောက်သုံးမိရင်တော့ အသက်အန္တရာယ် ရှိတဲ့ အခြေအနေထိ ဖြစ်သွားနိုင်ပါတယ်။

🤔 ပါရာစီတမော"Overdose" ဆိုတာ ဘာကို ဆိုလိုတာလဲ?

ပါရာစီတမော "Overdose" ဖြစ်တယ်ဆိုတာဟာ သတ်မှတ်ထားတဲ့ ဆေးပမာဏထက် အလွန်အမင်း များပြားတဲ့ဆေးပမာဏကို တစ်ကြိမ်တည်းသော်လည်းကောင်း၊ အချိန်တိုအတွင်းမှာသော်လည်းကောင်း သောက်သုံးမိတာကို ဆိုလိုပါတယ်။

⚠️ ပါရာစီတမော လွန်ကျွံစွာ သောက်သုံးမိခြင်းရဲ့ အန္တရာယ်များ

ပါရာစီတမောဆေးကို ပုံမှန်ပမာဏထက် များပြားစွာ သောက်သုံးမိပါက အသည်း အတွက် အဆိပ်အတောက် ဖြစ်စေပါတယ်။ဆေးပမာဏ လွန်ကဲတဲ့အခါ အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ခြင်း မရှိတော့ဘဲ အသည်းဆဲလ်တွေ ပျက်စီးပြီး အသည်းလုပ်ငန်းဆောင်တာ ရပ်ဆိုင်းတဲ့ (Acute Liver Failure) အထိ ဖြစ်နိုင်ပါတယ်။

ပြင်းထန်တဲ့ အခြေအနေများမှာ ကျောက်ကပ်ကိုပါ ထိခိုက်နိုင်ပါတယ်။အသည်းနဲ့ ကျောက်ကပ် ပျက်စီးမှု ပြင်းထန်လာပါက နောက်ဆုံးမှာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။

အန္တရာယ်ကင်းပြီး ထိရောက်စေဖို့ ပါရာစီတမောကို ဘယ်လိုသောက်ကြမလဲ။

☑️ ဆေးဗူး သို့မဟုတ် ဆေးကတ်ပြားပေါ်က ဆေးညွှန်းကို သေချာဖတ်ပါ။

☑️ မိမိသောက်သုံးတဲ့ ဆေးပြားမှာ ပါရာစီတမော ဘယ်လောက် (ဥပမာ- 500mg သို့မဟုတ် 650mg) ပါဝင်တယ်ဆိုတာကို သေချာကြည့်ပါ။

☑️ တစ်ကြိမ်သောက်ပြီးရင် နောက်တစ်ကြိမ်သောက်ဖို့ အနည်းဆုံး ၄ နာရီမှ ၆ နာရီ ကြား ခြားနားရပါမယ်။

☑️၂၄ နာရီအတွင်း သတ်မှတ်ထားသော ဆေးပြားအရေအတွက် (အရွယ်ရောက်ပြီးသူအတွက် 500mg ဆိုပါက ၈ ပြားထက် မပိုရပါ) ကို လုံးဝမကျော်လွန်ပါစေနဲ့။

Parasafe ပါရာစီတမောဟာ ဆေးဝါးစံချိန်စံညွှန်းများနဲ့အညီ ထုတ်လုပ်ထားတဲ့ အရည်အသွေးမြင့် ပါရာစီတမော ဆေးဖြစ်ပါတယ်။

ဆေးပျော်ဝင်မှုနှုန်း မြင့်မားတဲ့အတွက် သင့်တင့်တဲ့ပမာဏကိုသောက်ရုံနဲ့ မြန်ဆန်စွာ သက်သာစေပါတယ်။💙

ဖျားနာခြင်းနဲ့ ကိုက်ခဲခြင်း ဝေဒနာတွေကို လျင်မြန်ထိရောက်စွာ သက်သာစေဖို့၊ ဆေးညွှန်းအတိုင်း မှန်ကန်စွာ သောက်သုံးပြီး Parasafe နဲ့အတူ ဘေးကင်းလုံခြုံတဲ့ သက်သာရာရမှုကို ခံစားလိုက်ပါ။😍😘

#ကျန်းမာရေး

ပျော်ရွှင်စရာသီတင်းကျွတ်ကာလပြီးဆုံးသွားတဲ့အချိန်မှာ သီတင်းကျွတ်အမှတ်တရလေးတွေကို ပြန်လည်တွေးတောရင်း ဖုန်းဘေယ်လက်ဆောင်ယူနိ...
24/11/2025

ပျော်ရွှင်စရာသီတင်းကျွတ်ကာလပြီးဆုံးသွားတဲ့အချိန်မှာ သီတင်းကျွတ်အမှတ်တရလေးတွေကို ပြန်လည်တွေးတောရင်း ဖုန်းဘေယ်လက်ဆောင်ယူနိုင်မယ့်အခွင့်အရေးလေးရှိပါတယ်။ ဒီလိုရယူနိုင်ဖို့အတွက်ကလည်း သူခိုးကြီးညမှာရှိခဲ့ဖူးတဲ့ အမှတ်တရလေးတွေကို Comment မန့်ခဲ့ပေးပြီး Post လေးကိုPublic နဲ့ရှဲထားပေးဖို့ပါဘဲ။

ကောမန့်မန့်ထားတဲ့ထဲက (၅) ဦးတိတိကို ရွေးချယ်ပြီး မေတ္တာလက်ဆောင် ဖုန်းဘေလ် (၅၀၀၀)စီ
ပေးသွားမှာပါ။ ပျော်ပျော်ရွှင်ရွှင် အတူတူပါဝင်ကြဖို့ ရယ်ဒီပဲလား။

ကလေးငယ်တွေ ဖျားနာတဲ့အခါ ပါရာစီတမောကို ချက်ချင်း တိုက်သင့်သလားလို့ ဖေဖေမေမေတို့ တွေးမိကြပါလိမ့်မယ်။ ကလေးဖျားနာချိန်မှာ လု...
23/11/2025

ကလေးငယ်တွေ ဖျားနာတဲ့အခါ ပါရာစီတမောကို ချက်ချင်း တိုက်သင့်သလားလို့ ဖေဖေမေမေတို့ တွေးမိကြပါလိမ့်မယ်။

ကလေးဖျားနာချိန်မှာ လုံခြုံစိတ်ချစွာနဲ့ စနစ်တကျ ပြုစုစောင့်ရှောက်နိုင်ဖို့အတွက် ဖေဖေမေမေတို့ သိထားသင့်တဲ့ အရေးကြီးအချက် (၃) ချက်ကတော့…

1️⃣ကိုယ်အပူချိန် အနည်းငယ် မြင့်ရုံနဲ့ ချက်ချင်း ဆေးမတိုက်ပါနဲ့။

ကိုယ်ပူခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့ ရောဂါပိုးတွေကို တိုက်ထုတ်နေတဲ့ သဘာဝတုံ့ပြန်မှုတစ်ခု ဖြစ်ပါတယ်။ အပူချိန် အနည်းငယ် မြင့်တက်ရုံနဲ့ ကလေးက လန်းဆန်းနေမယ်၊ ဆော့ကစားနေမယ်၊ နုံးချိမှုမရှိဘူး ဆိုရင် ပါရာစီတမောကို ချက်ချင်းတိုက်ဖို့ မလိုအပ်သေးပါဘူး။

❗ကလေးဟာ ကိုယ်အပူချိန် အရမ်းတက်ပြီး (ဥပမာ 102°F သို့မဟုတ် 38.9°C အထက်) နုံးနေမယ်၊ မှိန်းနေမယ်၊ အရမ်းဂျီကျနေမယ် ဆိုရင်တော့ ပါရာစီတမောကို သတ်မှတ်ထားတဲ့ ပမာဏအတိုင်း တိုက်ကျွေးသင့်ပါတယ်။

2️⃣ ဆေးကို အချိန် မှန်မှန် ခြားပြီးသာ တိုက်ပါ။

ပါရာစီတမောရဲ့ အာနိသင်ဟာ (၅) နာရီမှ (၆) နာရီခန့်အထိ ခံတတ်ပါတယ်။ ဒါကြောင့် ကလေးကသက်သာနေပြီဆိုရင် အဖျားပြန်တက်မှာစိုးလို့ ဆေးကို ထပ်ပြီးကြိုတင်တိုက်နေတာမျိုး မပြုလုပ်သင့်ပါဘူး။

❗၂၄ နာရီအတွင်းမှာ အများဆုံး ၄ ကြိမ်မှ ၅ ကြိမ်ထက် ပိုပြီး မတိုက်မိဖို့ အထူးဂရုစိုက်ပါ။
ဆေးပမာဏ လွန်ကဲသွားပါက ကလေးရဲ့ အသည်းကို ထိခိုက်နိုင် တဲ့ အန္တရာယ် ရှိပါတယ်။

3️⃣ ဆေးပမာဏကို ကလေးရဲ့ ကိုယ်အလေးချိန်အပေါ် မူတည်ပြီး တိကျစွာ တွက်ချက်ပါ။

ကလေးကို ပါရာစီတမော အရည် သို့မဟုတ် အခဲတိုက်ကျွေးရာမှာ အသက်အရွယ်ထက် ကိုယ်အလေးချိန်ကို အခြေခံပြီး ဆေးပမာဏ တွက်ချက်တာဟာ အတိကျဆုံးနဲ့ အန္တရာယ်အကင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။

❗ပါရာစီတမော အရည်တွေမှာ ဆေးအားပါဝင်မှုနှုန်း (ဥပမာ 120mg/ 5ml သို့မဟုတ် 250mg/ 5ml) တွေ ကွဲပြားတာကြောင့် ဆေးဘူးပေါ်က အညွှန်းစာကို သေချာဖတ်ပါ။ မသေချာရင် မိမိကလေးရဲ့ ကိုယ်အလေးချိန်နှင့် သင့်တော်သော ပမာဏကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူ နဲ့ တိုင်ပင်ပြီးမှသာ တိုက်ကျွေးပါ။

အသက် ၆ လကနေ ၂ နှစ်အရွယ်ကလေးတွေအတွက် ယုံကြည်စိတ်ချစွာတိုက်ကျွေးလို့ရတဲ့ ပါရာစီတမောဆေးရည်ကို ရှာနေရင် ပါရာဆေ့ဖ် Syrup ရှိပါတယ်။

🩷လိုင်ချီးအနံ့အရသာကြောင့် ဆေးတိုက်ရလွယ်တဲ့အပြင် British Pharmacopoeia (B.P) ရဲ့ ဆေးဝါးစံချိန်စံညွှန်းများနဲ့ ထုတ်ထားတဲ့ ဆေးရည်ဖြစ်လို့ အရည်အသွေးပိုင်းမှာလည်း စိတ်ချရပါတယ်။

သားသားမီးမီးတို့ကျန်းမာရေးအတွက် ပါရာဆေ့ဖ်က အမြဲစောင့်ရှောက်မှုပေးနေပါတယ်။✨🤍

#ကိုက်ခဲဖျားနာSafeဖြစ်အောင်ပါရာဆေ့ဖ်ကိုဆောင်

အကိုက်အခဲပျောက်ဆေးသောက်ချင်ပေမဲ့ အလုပ်တွေ စာတွေလုပ်နေရတော့ ဆေးသောက်ပြီးရင် အိပ်ငိုက်မှာကို မလိုချင်ကြဘူးဟုတ်⁉️အကိုက်အခဲပ...
21/11/2025

အကိုက်အခဲပျောက်ဆေးသောက်ချင်ပေမဲ့ အလုပ်တွေ စာတွေလုပ်နေရတော့ ဆေးသောက်ပြီးရင် အိပ်ငိုက်မှာကို မလိုချင်ကြဘူးဟုတ်⁉️

အကိုက်အခဲပျောက်ဆေးတွေက အိပ်ချင်စေတယ်ဆိုတာ အချို့ဆေးတွေအတွက်တော့မှန်ပါတယ်။

Narcotic Pain Relievers လို့ခေါ်တဲ့ဆေးအုပ်စုက ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေပြီး အိပ်ချင်ခြင်း၊ မူးဝေထိုင်းမှိုင်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ဒါပေမဲ့ ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးကတော့ အိပ်ငိုက်စေတဲ့၊ ထိုင်းမှိုင်း‌စေတဲ့ ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းပါးပါတယ်။ Antihistamine ၊ ကဖင်းတို့လို့ ဆေးဝါးတွေ တွဲပြီးပါဝင်မှသာ ထိုဆေးတွေကြောင့် အိပ်ချင်တာမျိုး ဖြစ်စေတာပါ။

ပါရာဆေ့ဖ် ကတော့ ပါရာစီတမောသာ အဓိကပါဝင်တဲ့ ဖျားနာ အကိုက်အခဲပျောက်ဆေးဖြစ်တာမို့ မူးဝေထိုင်းမှိုင်းခြင်း နည်းပါးစွာ စိတ်ချလက်ချသောက်နိုင်ပါတယ်နော်။🥰🤍

#ကိုက်ခဲဖျားနာSafeဖြစ်အောင်ပါရာဆေ့ဖ်ကိုဆောင်

ကထိန်ပွဲတော်တွေရဲ့လဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့လေးမှာ မြန်မာပြည်သူပြည်သားများအားလုံး စိတ်အေးချမ်းသာစွာဖြင့်မင်္ဂလာရှိသ...
04/11/2025

ကထိန်ပွဲတော်တွေရဲ့လဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့လေးမှာ မြန်မာပြည်သူပြည်သားများအားလုံး စိတ်အေးချမ်းသာစွာဖြင့်မင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#ကျန်းမာရေး
#တန်ဆောင်မုန်းလပြည့် #တန်ဆောင်တိုင်ပွဲတော်

🌟 ParaSafe Syrup နဲ့ပတ်သတ်ပြီး ဖေဖေ၊ မေမေတို့ရဲ့ တန်ဖိုးရှိတဲ့ ကိုယ်တွေ့စကားသံများ 🌟သားသားမီးမီးလေးတွေ ဖျားနာပြီး ကိုယ်ပ...
29/10/2025

🌟 ParaSafe Syrup နဲ့ပတ်သတ်ပြီး ဖေဖေ၊ မေမေတို့ရဲ့ တန်ဖိုးရှိတဲ့ ကိုယ်တွေ့စကားသံများ 🌟

သားသားမီးမီးလေးတွေ ဖျားနာပြီး ကိုယ်ပူတဲ့အခါတိုင်း မေမေ၊ ဖေဖေတို့အတွက် စိတ်အပူရဆုံးအချိန်တွေပါပဲ။ 😥

ဒီလိုအချိန်တွေမှာ အားကိုးတကြီးနဲ့ သုံးစွဲခဲ့ကြတဲ့ ParaSafe Syrup နဲ့ ပတ်သက်ပြီး ကျေးဇူးတင်စွာနဲ့ အတွေ့အကြုံကောင်းလေးတွေကို မေမေတို့ကို ခုလို ပြန်လည်မျှဝေပေးခဲ့ပါတယ်။ ❤️

💬 "နာရီပိုင်းအတွင်း အဖျားကျလို့ အမြဲဆောင်ထားတယ်"
💬 "အရသာရှိတော့ ကလေးကို ဆေးတိုက်ရတာ အရမ်းလွယ်ကူသွားတယ်"
💬 "Quality ကောင်းလို့ စိတ်ချပြီး သုံးဖြစ်တယ်"

အခုလို တကယ့်ကိုယ်တွေ့စကားသံတွေက သားသားမီးမီးတို့ရဲ့ ကျန်းမာရေးအတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မလဲ စဉ်းစားနေတဲ့ တခြားမေမေဖေဖေတွေအတွက် အကောင်းဆုံးသော လမ်းညွှန်မှုပါပဲ။

ဒါကြောင့် ကလေးကျန်းမာရေးအတွက် အိမ်တိုင်းမှာ ParaSafe Syrup ဆောင်ထားဖို့ မေမေတို့က မေမေတို့ကို လက်ဆင့်ကမ်းကြပါတယ်။

#မေမေတို့ရဲ့ရွေးချယ်မှု #ကိုယ်တွေ့စကားသံများ

ParaSafe နဲ့အတူ ဓာတ်ဖမ်းရင်း ဖုန်းဘေလ်လက်ဆောင်ရယူကြပါစို့🤳လုပ်ဆောင်ရမဲ့ နည်းလမ်းက နီးစပ်ရာဆေးဆိုင်မှာရှိတဲ့ ParaSafe ကြေ...
28/10/2025

ParaSafe နဲ့အတူ ဓာတ်ဖမ်းရင်း ဖုန်းဘေလ်လက်ဆောင်ရယူကြပါစို့🤳

လုပ်ဆောင်ရမဲ့ နည်းလမ်းက နီးစပ်ရာဆေးဆိုင်မှာရှိတဲ့ ParaSafe ကြော်ငြာ ဆိုင်းဘုတ်လေးနဲ့အတူ ဓာတ်ပုံလှလှရိုက်ပြီး ဒီပို့စ်အောက်မှာ ကောမန့်ပေးရုံပါပဲ။ 📸

ကောမန့်ပေးသူတွေထဲက ငါးဦးတိတိကို ရွေးချယ်ပြီး မေတ္တာလက်ဆောင် ဖုန်းဘေလ်ငါးထောင်စီ ပေးသွားမှာပါ။ 📱

ပျော်ပျော်ရွှင်ရွှင်အတူတူပါဝင်ကြဖို့ ရယ်ဒီပဲလား🥳

#ကိုက်ခဲဖျားနာSafeဖြစ်အောင်ပါရာဆေ့ဖ်ကိုဆောင်

✈️ လေယာဉ်စီးရင်း ခေါင်းကိုက်တာ၊ 🚌 ကားစီးရင်း ကိုယ်လက်မအီမသာဖြစ်တာ၊ 🏞️ အပန်းဖြေရင်း ကိုယ်ပူဖျားတာ…ဒီလိုဝေဒနာတွေမကြုံရစေဖိ...
27/10/2025

✈️ လေယာဉ်စီးရင်း ခေါင်းကိုက်တာ၊
🚌 ကားစီးရင်း ကိုယ်လက်မအီမသာဖြစ်တာ၊
🏞️ အပန်းဖြေရင်း ကိုယ်ပူဖျားတာ…

ဒီလိုဝေဒနာတွေမကြုံရစေဖို့ သင့်ရဲ့ခရီးဆောင်အိတ်ထဲမှာ ပါရာ‌ဆေ့ဖ် ပါရာစီတမောကို ထည့်ထားဖို့ လုံးဝမမေ့ပါနဲ့။💙

ဘယ်နေရာ၊ ဘယ်အချိန်ဖြစ်ဖြစ် ပါရာဆေ့ဖ် တစ်ပြားရှိရုံနဲ့ အပူကျ၊ အကိုက်အခဲပျောက်စေပြီး ခရီးစဉ်တိုင်းကို အနှောင့်အယှက်မရှိပျော်ရွှင်စွာ သွားနိုင်ပါပြီ။ 🤗
#ကိုက်ခဲဖျားနာSafeဖြစ်အောင်ပါရာဆေ့ဖ်ကိုဆောင်

Address


Telephone

+959880002912

Alerts

Be the first to know and let us send you an email when ParaSafe Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ParaSafe Myanmar:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram