My-Medicine

My-Medicine Telemedicine and Epharmacy

My-Medicine is an inclusive health-tech company offering millions of people in Myanmar real-time access to quality, affordable healthcare. Our digital health platform assists patients with telemedicine, telemonitoring, digital medical records and prescriptions, online drugstore with a pharmacist's consultation hotline, at-home nursing care, digital wellness programs, and most up-to-date healthcare information and webinars.

My-Medicine ရဲ့ customer များအတွက် Delivery Way ကြေညာချက်
30/12/2025

My-Medicine ရဲ့ customer များအတွက် Delivery Way ကြေညာချက်

𝗠𝘆-𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲 ရဲ့ 𝗨𝗽 𝘁𝗼 𝟯𝟬% 𝗢𝗳𝗳 နှစ်ကုန်အထူးပရိုမိုရှင်းကြီး လာပါပြီ!🥳နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတော့မယ့် အချိန်မှာ ချစ်...
29/12/2025

𝗠𝘆-𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲 ရဲ့ 𝗨𝗽 𝘁𝗼 𝟯𝟬% 𝗢𝗳𝗳 နှစ်ကုန်အထူးပရိုမိုရှင်းကြီး လာပါပြီ!🥳

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတော့မယ့် အချိန်မှာ ချစ်ခင်ရသူတွေအတွက် လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အလှအပနဲ့ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် အတန်ဆုံးဈေးနဲ့ ဝယ်ယူလိုက်တော့နော်။ 😉

ဒီတစ်ခေါက် 𝗬𝗲𝗮𝗿 𝗘𝗻𝗱 𝗦𝗮𝗹𝗲 မှာ ဘာတွေပါမလဲ ကြည့်လိုက်ရအောင်👇

✨အသားအရေထိန်းသိမ်းဖို့အတွက်
𝗕𝗶𝗼𝗱𝗲𝗿𝗺𝗮, 𝗨𝗿𝗶𝗮𝗴𝗲 တို့လို လူကြိုက်များတဲ့ Skincare Brands တွေ

✨လှပနုပျိုစေဖို့အတွက် 𝗩𝗶𝘀𝘁𝗿𝗮, 𝗞𝗶𝗻𝗼𝗵𝗶𝗺𝗶𝘁𝘀𝘂 စတဲ့ Supplements တွေ

✨ကိုယ်ခံအားကောင်းဖို့အတွက် 𝗥𝗲𝘃𝗶𝘁𝗮𝗹 𝗚𝗶𝗻𝘀𝗲𝗻𝗴 စတဲ့ လိုအပ်တဲ့ Vitamin တွေ

✨ 𝗚𝗺𝗮𝘁𝗲 တို့လို ကျန်းမာရေးပစ္စည်းတွေကို ဝယ်ယူပြီး လက်ဆောင်နဲ့ လျှော့ဈေးတွေရရှိနိုင်မှာနော်

အထူးအစီအစဉ်အနေနဲ့ My-Medicine Website မှာ တိုက်ရိုက်ဝယ်ယူတဲ့ ပထမဆုံး customers ၁၀ ယောက်အတွက် ၅၀၀၀ ကျပ်လျှော့ပေးတဲ့ အစီအစဉ်လေးလဲရှိလို့ အမြန်ဝယ်ထားမှစိတ်ချရမယ်နော်

🗓️ ပရိုမိုးရှင်းလေးက ၂၀၂၅ ဒီဇင်ဘာလ ၂၉ ရက်နေ့ကနေ ၂၀၂၆ ဇန်နဝါရီ ၄ ရက်နေ့အထိပဲမို့ ဒီအခွင့်အရေးကို လက်လွတ်မခံရအောင် 𝗠𝘆-𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲 𝗪𝗲𝗯𝘀𝗶𝘁𝗲, 𝗪𝗮𝘃𝗲 𝗣𝗮𝘆, 𝗖𝗕 𝗣𝗮𝘆, 𝗠𝗶𝗻𝗶 𝗔𝗽𝗽 နဲ့ 𝗔𝗬𝗔 𝗣𝗮𝘆 တို့ကနေ အတန်ဆုံးစျေးတွေနဲ့ အခုပဲ မှာယူလိုက်တော့နော်။ 🥳

ဝယ်ယူရန် Link -
https://mymedicine.com.mm/r/ecQ

တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေမယ့် Revitalအလုပ်၊ မိသားစု၊ စိန်ခေါ်မှုတွေကြားမှာ ကိုယ်ရောစိတ်ပါ ဟန်ချက်ညီအောင် ထိန်းသိမ်းဖ...
28/12/2025

တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေမယ့် Revital

အလုပ်၊ မိသားစု၊ စိန်ခေါ်မှုတွေကြားမှာ ကိုယ်ရောစိတ်ပါ ဟန်ချက်ညီအောင် ထိန်းသိမ်းဖို့ဆိုတာ ခေတ်သစ်လူသားတိုင်းအတွက် အကြီးမားဆုံး စိန်ခေါ်မှုပါ။
တကယ်တော့...စိတ်ရဲ့ အခြေအနေက ကိုယ်ခန္ဓာရဲ့ စွမ်းအင်ကို တိုက်ရိုက် သက်ရောက်မှုရှိပါတယ်။ စိတ်ဖိစီးမှုများလာရင် ကိုယ်ခန္ဓာကပါ အလိုအလျောက် အားနည်းလာနိုင်ပါတယ်။ ဒီစိတ်နှင့်ခန္ဓာဆက်စပ်မှုကို ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့ မှတ်ထားသင့်တဲ့ လက်တွေ့ကျတဲ့ အချက် (၅) ချက်ကို ကြည့်လိုက်ရအောင်!

1️⃣ စိတ်ဖိစီးမှုကို ကျော်လွှားနိုင်ရန် အသက်ရှူမှန်ဖို့ သင်ယူပါ🧘‍♀️
စိတ်ဖိစီးမှုဟာ သင့်ရဲ့ စွမ်းအင်တွေကို "ခိုးယူ" နေပါတယ်။ ခဏတာ စိတ်အနားပေးတာ၊ အသက်ကို မှန်မှန်ပြင်းပြင်းရှူတာတွေက စိတ်ခွန်အားကို သဘာဝအတိုင်း ပြန်လည်ဖြည့်ဆည်းပေးပါတယ်။

2️⃣ ကောင်းမွန်စွာ အိပ်စက်ခြင်းက နေ့စဉ် အားပြန်ဖြည့်တင်းခြင်းပါ🛌
အိပ်ရေးပျက်တာဟာ နောက်နေ့တွေမှာ အာရုံစိုက်နိုင်မှုကိုကျဆင်းစေပါတယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်ကို ပုံမှန်သတ်မှတ်ပြီး အေးချမ်းပြီးသက်တောင့်သက်သာရှိတဲ့ အိပ်ခန်းမှာ အိပ်စက်ဖို့ လေ့ကျင့်ပါ။

3️⃣ ကိုယ်လက်လှုပ်ရှားမှုဟာ စိတ်ခံစားမှုကို မြှင့်တင်ပေးတယ်🏃
နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု (ရိုးရိုးလမ်းလျှောက်တာပဲ ဖြစ်ဖြစ်) က သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး ပျော်ရွှင်စေတဲ့ ဟော်မုန်း တွေ ထွက်ပေါ်လာအောင် လှုံ့ဆော်ပေးပါတယ်။

4️⃣ စိတ်ရောကိုယ်ပါ ပြည့်ဝဖို့ လိုအပ်တဲ့ "အားဖြည့်ဓာတ်"✨
စိတ်ပျော်ရွှင်နေစေဖို့အတွက် ခန္ဓာကိုယ်က စွမ်းအင်ဓာတ် လိုအပ်ပါတယ်။ အစားအသောက်တစ်ခုတည်းနဲ့ အမြဲမလုံလောက်နိုင်ပါဘူး။ တစ်နေကုန် လန်းဆန်းတက်ကြွပြီးအလုပ်တွေသေချာလုပ်နိုင်ဖို့ဆိုရင် ဖြည့်စွက်စာလိုမျိုးဆေးဝါးတစ်ခုခုမှီဝဲသင့်ပါတယ်။

5️⃣ အလုပ်ခွင်မှာ လန်းဆန်းတက်ကြွတဲ့ နေ့စဥ်ဘဝကို ပိုင်ဆိုင်လိုက်ပါ💼
စိတ်ပိုင်းဆိုင်ရာ တက်ကြွမှု မြင့်မားမှသာ အလုပ်လုပ်တဲ့နေရာမှာ စွမ်းဆောင်ရည် အရည်အသွေး မြင့်မားလာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စိတ်ရောကိုယ်ပါအမြဲလန်းဆန်းကျန်းမာနေဖို့ဆိုရင် အပေါ်မှာပြောပြထားတဲ့အချက်လေးတွေအပြင် တစ်နေ့တာရဲ့ လိုအပ်တဲ့လန်းဆန်းမှုတွေကိုဖြည့်ဆည်းပေးမယ့် Revital ကိုသောက်သုံးဖို့အကြံပေးပါရစေ…

Revital မှာပါဝင်တဲ့ ဂျင်ဆင်း ဗီတာမင် ဘီအုပ်စု နှင့် သတ္တုဓာတ်တွေဟာဆိုရင် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့အပြင် အာရုံကြောတွေရဲ့ အလုပ်လုပ်နိုင်စွမ်းအားကို တိုးတက်ကောင်းမွန်စေဖို့ တစ်နေ့ကိုတစ်လုံး သောက်ရုံနဲ့ အလွယ်တကူ ဖြည့်ဆည်းပေးပါတယ်။ ဒါ့အပြင် Revital ထဲမှာပါဝင်တဲ့ဂျင်ဆင်း ဟာ စိတ်ဖိစီးမှုကို ကောင်းစွာ တုံ့ပြန် ပေးနိုင်တဲ့ "ဖိစီးမှုဒဏ်ခံနိုင်စွမ်းမြှင့်တင်ပေးသော ဓာတ် (Adaptogen)" အာနိသင်ရှိလို့ စိတ်ဖိစီးမှုဒဏ်လည်းကို ပိုမိုခံနိုင်ရည်ရှိစေပါတယ်။

စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်ဖို့ဆိုတာ မိမိကိုယ်ကို နေ့စဉ် ဂရုစိုက်မှုက စတာပါ။
ဒါ့ကြောင့် Revital Ginseng Plus ကို မနက်စာနဲ့ တွဲသောက်ပြီး သင့်ရဲ့ စိတ်နှင့်ခန္ဓာကို တစ်ပြိုင်တည်း အကောင်းဆုံး အားဖြည့်လိုက်ပါတော့! 😊💪

Revital ဝယ်ယူရန် - https://mymedicine.com.mm/r/cn9

27/12/2025

My-Medicine မှာရှိတဲ့ “တိုးတိတ်တိုင်ပင်ရာ” ဆေးခန်းမှာ ဘယ်လိုရောဂါတွေအတွက် ဆွေးနွေးတိုင်ပင်ပြသလို့ရသလဲဆိုတဲ့အကြောင်းလေးကို Dr.Ye Win Hein မှ ရှင်းပြပေးထားတဲ့ video လေးကိုတင်ဆက်ပေးလိုက်ရပါတယ်။

တိုးတိတ်တိုင်ပင်ရာဆေးခန်းတွင် ဆေးခန်းပြသလိုပါက - https://mymedicine.com.mm/r/DecFBDrYWHVideo

🎅 My-Medicine Santa ဆီက Christmas Gift တွေကို ဆွတ်ခူးသွားသူများ ထွက်ပေါ်လာပါပြီ!🎁🎄 My-Medicine Santa ရဲ့ Find the Christ...
25/12/2025

🎅 My-Medicine Santa ဆီက Christmas Gift တွေကို ဆွတ်ခူးသွားသူများ ထွက်ပေါ်လာပါပြီ!🎁

🎄 My-Medicine Santa ရဲ့ Find the Christmas Gift ! အစီအစဉ်လေးကို ပါဝင်အားပေးခဲ့ကြတဲ့သူအားလုံးကို My Medicine မှ ကျေးဇူးအထူးတင်ရှိပါတယ်။ 💖

ဒီပို့စ်လေးမှာ My-Medicine Santa ရဲ့ Christmas Gift ဆွတ်ခူးသွားသူများ ကိုကြေညာရင်း My-Medicine မှ ဝမ်းသာဂုဏ်ယူလိုက်ပါတယ်ရှင်။

🎅 မကြာမီ အချိန်အတွင်းမှာ My-Medicine Santa က Calendar နဲ့ Tote Bag လှလှလေးတွေကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးမှာ မို့လို My-Medicine Page Messenger မှာ ဆုရရှိကြောင်း screenshot နဲ့ အတူ လိပ်စာနဲ့ ဖုန်းလေးသွားပေးပေးပါနော်။

အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်လာပါက My-Medicine ဧ၊၊် ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

📅 လက်ဆောင်ရရှိတဲ့သူတွေအနေနဲ့ ရုံးပိတ်ရက်ရှည််လေးတွေရှိတာကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့ မှစတင်ပြီး အိမ်တိုင်ရာရောက် အရောက်ပို့ဆောင်ပေးသွားမှာနော်။ 💌🏃‍♀️

💙My-Medicine ကနေ နောက်ထပ်ပျော်စရကောင်းတဲ့အစီအစဉ်တွေ၊ ဝယ်ချင်စရာကောင်းမယ့် ပရိုမိုးရှင်းတွေကို ထပ်ပြီး ဖန်တီးပေးထားတာမို့ နောက်အစီအစဉ်များမှာလည်း အတူပါဝင်ပေးဖို့ မမေ့ပါနဲ့နော်! အားလုံးပဲ ပျော်ရွှင်စရာ အားလပ်ရက်လေး ဖြစ်ပါစေရှင်! ✨"

🛍️ ဆေးဝယ်ရလွယ်ကူယုံသာမက သင့်ကျန်းမာရေး နဲ့ ပျော်ရွှင်မှုလေးတွေကိုလည်း My-Medicine က ယူဆောင်လာပေးနေပါပြီ။

My-Medicine E-Pharmacy တွင်ဝယ်ယူရန် https://mymedicine.com.mm/r/ayn

Orasel Strawberry သာရှိရင် မိသားစု ပျော်ရွှင်ချိန်တွေ ပိုပြီး ကြည်လင်တက်ကြွစေမယ်ဒီဇင်ဘာလဟာ မိသားစု ဆုံစည်းမှုနဲ့ ပျော်စရ...
23/12/2025

Orasel Strawberry သာရှိရင် မိသားစု ပျော်ရွှင်ချိန်တွေ ပိုပြီး ကြည်လင်တက်ကြွစေမယ်

ဒီဇင်ဘာလဟာ မိသားစု ဆုံစည်းမှုနဲ့ ပျော်စရာတွေအတွက် အကောင်းဆုံးပါပဲ။ ပျော်ရွှင်စရာဆိုတာ စားသောက်ရုံနဲ့ မပြီးသေးပါဘူး!
ဒါကြောင့် သင့်အိမ်ခန်း၊ ခြံထဲ၊ ဒါမှမဟုတ် ပန်းခြံ... ဘယ်နေရာမဆို ပျော်ရွှင်စရာ ကစားကွင်းအဖြစ် ပြောင်းလဲပေးနိုင်မယ့် လွယ်ကူတဲ့ ဂိမ်း (၃) ခုကို အကြံပြုပေးလိုက်ပါတယ်။ ဒီဂိမ်းတွေဟာ ရိုးရှင်းပေမယ့် ကျန်းမာရေးကို တကယ် အကျိုးပြုပါတယ်။

🎯 ပျော်ရွှင်ဖွယ် ဂိမ်းများနှင့် အကျိုးကျေးဇူးများ

၁။ Strawberry Sprint (အကွာအဝေးတို ပြေးခြင်း): နေရာနှစ်ခုကြားကို အမြန်ပြေးတဲ့ ပြိုင်ပွဲလေးပါ။
ခဏတာ ပြေးခြင်းဟာ အဆုတ်ကို အားကောင်းစေပြီး စိတ်ကြည်လင်လန်းဆန်း စေပါတယ်။
၂။ Jumping Jack Countdown (အဖွဲ့လိုက်ခုန်ခြင်း): မိသားစုလိုက် အတူခုန်ရင်း ဘယ်နှကြိမ်အများဆုံးခုန်နိုင်လဲ အကြိမ်ရေရေရင်းပြိုင်ရတဲ့ လေ့ကျင့်ခန်းလေးပါ။
ခုန်တာက ခန္ဓာကိုယ်ကို နွေးစေပြီး နှလုံးအားကောင်းစေဖို့ အကောင်းဆုံးပါပဲ။
၃။ Balance-Beam Walk (ဟန်ချက်ထိန်း လမ်းလျှောက်ခြင်း): မျဉ်းဖြောင့်ပေါ်မှာ ခြေဖနောင့်နဲ့ ခြေချောင်းထိပြီး သေသေချာချာ လျှောက်ခြင်း။
ဒီလို ဟန်ချက်ညီအောင် ထိန်းညှိရတဲ့ ကစားနည်းတွေက ဦးနှောက်ကို အာရုံစိုက်မှု ပိုကောင်းအောင် ကူညီပေးပါတယ်။

⚠️ သတိပြုရန်: ဓာတ်ဆား ဆုံးရှုံးမှု
တိုတောင်းတဲ့ ကစားချိန်လေးတွေမှာတောင် ခန္ဓာကိုယ်က ကြွက်သားအားနဲ့ ဦးနှောက်အလုပ်လုပ်ဖို့ လိုအပ်တဲ့ ဓာတ်ဆား (Electrolytes) တွေကို ဆုံးရှုံးနေပါတယ်။ အေးတဲ့ရာသီကြောင့် ချွေးမထွက်ဘူးလို့ ထင်ရပေမယ့်၊ တကယ်တမ်းမှာ ရေဓာတ်နဲ့ ဓာတ်ဆားတွေ ဆုံးရှုံးနေပါတယ်။ ပျော်ရွှင်စရာအတူတူကစားနေရင်းနဲ့ မြန်မြန် ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလိုရေဓာတ်ဆုံးရှုံးမှုအတွက်ဆိုရင် လျင်မြန်ပြီး ဘေးကင်းတဲ့ ဓာတ်ဆားဖြည့်တင်းမှု တစ်ခုက ကစားချိန်ကို အချိန်ကြာရှည်ယူနိုင်ပြီး ပိုမိုပျော်ရွှင်လန်းဆန်းစေပါတယ်။

Orasel Strawberry ရဲ့ အားသာချက်များ
တက်ကြွစွာ လှုပ်ရှားတဲ့ မိသားစုတွေဟာ စိတ်ချရတဲ့ ORS (ဓာတ်ဆား) ကို ရွေးချယ်ကြပါတယ်။
✔ WHO မှ ထောက်ခံထားသော ဖော်မျူလာ
✔ လျင်မြန်သော ဓာတ်ဆားများ ပြန်လည်ဖြည့်တင်းမှု
✔ ကလေးရော လူကြီးအတွက်ပါ ဘေးကင်းခြင်း
✔ လှုပ်ရှားမှုအပြီး နှစ်သက်စွာ သောက်သုံးနိုင်တဲ့ စတော်ဘယ်ရီ အရသာနဲ့ဓာတ်ဆား
လှုပ်ရှားမှုတိုင်းအပြီးမှာ Orasel Strawberry နဲ့ ရေဓာတ်ဖြည့်ခြင်းကို မိသားစုရဲ့ အလေ့အကျင့်ကောင်းတစ်ခုအဖြစ် ထားရှိလိုက်ပါ။

Orasel ဝယ်ယူရန် - https://mymedicine.com.mm/r/YwI

#အားလပ်ရက်လှုပ်ရှားမှု #စတော်ဘယ်ရီ #သံပရာ #ရေဓာတ်ဖြည့်တင်းပါ #ရေဓာတ်ပြည့်ဝယုံကြည်စိတ်ချOraselနဲ့မှ

တစ်နေ့တာကို Revital နဲ့ စတင်လိုက်ပါတစ်နေ့တာလုံး လန်းဆန်းတက်ကြွနေဖို့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က စွမ်းအင် နဲ့ အာဟာရကို ...
21/12/2025

တစ်နေ့တာကို Revital နဲ့ စတင်လိုက်ပါ

တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေဖို့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က စွမ်းအင် နဲ့ အာဟာရကို မဖြစ်မနေလိုအပ်ပါတယ်။

ဒါဆို စွမ်းအင်ပြည့်ဝဖို့ ဘာတွေလိုအပ်လဲ❓

✅ အိပ်ရေးဝဝအိပ်စက်ခြင်း - ခန္ဓာကိုယ်ကို ပြန်လည်အားပြည့်စေဖို့ဆိုရင် အိပ်ရေးဝဝ အိပ်စက်နိုင်ဖို့က အရေးကြီးပါတယ်။
✅ အာဟာရမျှတစွာစားသုံးခြင်း - ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တွေကို သင့်တင့်မျှတစွာ စားသုံးရပါမယ်။
✅ ရေဓာတ်ပြည့်ဝခြင်း - ရေများများသောက်ပေးဖို့ကလည်း အရေးကြီးပါတယ်။
✅ ကိုယ်လက်လှုပ်ရှားမှု - သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး စွမ်းအင်တိုးစေဖို့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခုခု လုပ်ဆောင်သင့်ပါတယ်။

ဒါပေမယ့်... ဒီလိုမျိုး လုပ်နေပေမယ့် ချက်ချင်းမထိရောက်ဘူး၊ ဒါမှမဟုတ် လုံလောက်တဲ့ စွမ်းအင်မရှိဘူးလို့ ခံစားနေရပြီလား? 🤔

ဒီလိုအချိန်မျိုးမှာ လိုအပ်တာက ထိရောက်တဲ့ ဖြည့်စွက်အာဟာရပါ။

ဒါဆို ထိရောက်တဲ့ ဖြည့်စွက်အာဟာရအတွက် Revital Ginseng Plus ကို မိတ်ဆက်ပေးပါရစေ✨

Revital က သင့်ရဲ့ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေဖို့ နှင့် အာရုံစူးစိုက်မှုပိုမိုကောင်းမွန်စေဖို့ ကူညီပေးမယ့် နေ့စဉ်ဖြည့်စွက်စာပါ။

ဘာကြောင့် Revital ကိုရွေးချယ်သင့်တာလဲ?

ကိုရီးယားဂျင်ဆင်း ပါဝင်တာကြောင့် သဘာဝအတိုင်း ကိုယ်ခံစွမ်းအားနဲ့ စိတ်ဖိစီးမှုကို တိုက်ထုတ်ပေးပြီး စွမ်းအင်ပြည့်ဝစေပါတယ်။
ဗီတာမင်နှင့် သတ္တုဓာတ်မျိုးစုံပါဝင်လို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်စွက်ပေးပါတယ်။
တစ်နေ့တစ်လုံးသာ မနက်စာနဲ့အတူ သောက်သုံးရုံဖြင့် တစ်နေ့တာလုံး လန်းဆန်းမှုကို ရရှိစေပါတယ်။

ဒါ့အပြင် သကြားဓာတ်မပါဝင်လို့ ဆီးချိုရောဂါရှင်များလည်းသောက်သုံးနိုင်ပါတယ်။

Revital Ginseng Plus - သင့်ရဲ့ နေ့စဉ် စွမ်းအင်ဖြည့်တင်းရေး အကောင်းဆုံး ရွေးချယ်မှု 💪

တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေဖို့ Revital နဲ့အတူ စတင်လိုက်ပါ။

Revital ဝယ်ယူရန် - https://mymedicine.com.mm/r/cn9

ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ခက်ခဲနေလား? 😴 My-Medicine မှာရှိတဲ့ အိပ်စက်ခြင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး နှင့်...
20/12/2025

ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ခက်ခဲနေလား? 😴

My-Medicine မှာရှိတဲ့ အိပ်စက်ခြင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး နှင့် တိုင်ပင် ဆွေးနွေးနိုင်ပါပြီ!
သင့်မှာ အောက်ပါ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ ခံစားနေရပြီလားဆိုတာ ကြည့်လိုက်ရအောင်နော်...

✔️ အိပ်ပျော်ရန် ခက်ခဲခြင်း၊ ညဘက် မကြာခဏ နိုးနေတတ်ခြင်း၊ မနက်စောစော နိုးနေတတ်ခြင်း၊ အိပ်ရာထပြီးသော်လည်း အိပ်ရေးမဝဘူးဟု ခံစားရခြင်း၊ မလန်းဆန်းခြင်း၊ ထိုင်းမှိုင်းနေခြင်း၊ အာရုံစိုက်၍ မရခြင်း။
✔️အိပ်စက်ခြင်းနှင့် ပတ်သက်ပြီး အခက်အခဲဖြစ်နေခြင်း။
✔️စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်များခြင်းတို့ကြောင့် အိပ်မပျော်ခြင်း။
✔️နေ့နှင့် ညမှားနေတတ်ခြင်း၊ အလုပ်ချိန်ကြောင့် အိပ်ချိန်မမှန်ဖြစ်ခြင်း၊ ညဘက်နောက်ကျမှ အိပ်ပျော်ပြီး မနက်တွင် အိပ်ရာမထနိုင်ခြင်း။
✔️အိပ်နေစဉ် လမ်းလျှောက်တတ်ခြင်း၊ စကားပြောတတ်ခြင်း၊ အိပ်နေစဉ် အိပ်မက်မက်သကဲ့သို့ ခြေလက်များ လှုပ်မရခြင်း၊ အိပ်နေစဉ် ဆီးနှင့်ဝမ်း ထိန်းမရခြင်း၊ ဘီလူးစီးသကဲ့သို့ မကြာခဏဖြစ်ခြင်း။
✔️အိပ်ခါနီး (သို့) ညဘက်များတွင် ခြေထောက်များ ဂနာမငြိမ်ဖြစ်တတ်ခြင်း၊ အိပ်နေစဉ် သွားကြိတ်ခြင်း၊ အံကြိတ်ခြင်း။
✔️ညဘက်အိပ်ရေးဝသော်လည်း နေ့ခင်းဘက်တွင် ပြန်အိပ်ချင်နေတတ်ခြင်း၊ မကြာခဏ အိပ်ငိုက်ခြင်း။

ဒီလို ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင် သေချာစွာ ကုသမှုခံယူပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အတွက် ယနေ့ပဲ စတင်လိုက်ပါနော်။
My-Medicine မှ အိပ်စက်ခြင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာရဲမောင်မောင်နှင့် ဆေးခန်းပြရန် link - https://mymedicine.com.mm/r/DecFbSleep

အသေးစိတ်သိရှိလိုပါက 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရဲ့ page Messenger (သို့) ဖုန်းနံပါတ် 5588 (Extension -1) (သို့) 09779995588 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

#ဆေးခန်းပြ

🎅𝗠𝘆-𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲 𝗦𝗮𝗻𝘁𝗮 ရဲ့ 𝗙𝗶𝗻𝗱 𝘁𝗵𝗲 𝗖𝗵𝗿𝗶𝘀𝘁𝗺𝗮𝘀 𝗚𝗶𝗳𝘁!🎄လက်ဆောင်ဘူးလေးတွေလိုက်ရှာပြီး  𝗠𝘆-𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲 𝗖𝗮𝗹𝗲𝗻𝗱𝗮𝗿 နဲ့ 𝗧𝗼𝘁𝗲 𝗯𝗮𝗴 လက်ဆောင...
18/12/2025

🎅𝗠𝘆-𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲 𝗦𝗮𝗻𝘁𝗮 ရဲ့ 𝗙𝗶𝗻𝗱 𝘁𝗵𝗲 𝗖𝗵𝗿𝗶𝘀𝘁𝗺𝗮𝘀 𝗚𝗶𝗳𝘁!🎄

လက်ဆောင်ဘူးလေးတွေလိုက်ရှာပြီး 𝗠𝘆-𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲 𝗖𝗮𝗹𝗲𝗻𝗱𝗮𝗿 နဲ့ 𝗧𝗼𝘁𝗲 𝗯𝗮𝗴 လက်ဆောင်လှလှလေးတွေ ရယူလိုက်ပါ! ☂️✨

လက်ဆောင်တွေ ဖလှယ်ရင်း ပျော်ရွှင်ရတဲ့ ချစ်စရာ Christmas ကာလမှာ ချစ်ရတဲ့ Customer များအတွက် My-Medicine ကနေလည်း Christmas် အထူးလက်ဆောင် အစီအစဉ်လေး ဖန်တီးပေးထားပါတယ်။ 💝

ဒီဇင်ဘာ ၁၇ ကနေ ၂၄ ရက်နေ့အတွင်း ပုံမှာပြထားတဲ့အတိုင်း လက်ဆောင်ဘူးလေးတွေပါတဲ့ ပစ္စည်းပုံလေးတွေကို လိုက်ရှာရုံနဲ့ လက်ဆောင်လှလှလေး‌ေတွရယူနိုင်မှာနော်။ 🎁

💝 ပါဝင်နည်းလေးက

၁.အရင်ဆုံး ဒီလင့်ခ် - https://mymedicine.com.mm/r/ayn ထဲ ဝင်ပြီး လက်ဆောင်ဘူးပါတဲ့ ပုံလေးတွေ လိုက်ရှာပါ။
၂.တွေ့တဲ့ လက်ဆောင်ဘူးပုံပါတဲ့ ပစ္စည်းလေးတွေကို add to cart လုပ်ပါ
၃.ပြီးရင်တော့ screenshot ရိုက်ပြီး ဒီ ပို့စ်အောက်မှာ ကောမန့်လေးမန့်ပေးပါ

ကောမန့်မန့်ထားသူများထဲမှ 🔎 အများဆုံး ရှာတွေ့ထားသူ ပထမဆုံး ၁၀ ယောက်ကို လက်ဆောင်လှလှလေး‌ေတွပေးသွားမှာနော်

📆 ဒီအစီအစဉ်လေးမှာ လိုက်ရှာလို့ရမယ့် လက်ဆောင်ဘူးလေးတွေ အများကြီးဖွက်ထားတာမို့ အများဆုံးတွေ့အောင်ရှာပြီး ဝင်ပြိုင်ရင်း လက်ဆောင်ကံထူးနိုင်မယ့်အခွင့်အရေးလေးရယူလိုက်တော့နော်။

အစီအစဉ်ကာလလေးကတော့ ဒီဇင်ဘာ ၁၇ ကနေ ၂၄ ရက်နေ့ ည၁၂ နာရီအထိပဲဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ My-Medicine page ကနေ Christmas Gift လက်ဆောင်တွေ ဆွတ်ခူးသွားသူများကို ကြေညာပေးမှာဖြစ်ပါတယ်။ 🎉

📌 များများ ရှာတွေ့လေ လက်ဆောင်ရဖို့ ပိုသေချာလေပဲဆိုတော့ အခုပဲ အမြန်ဆုံးလိုက်ရှာလိုက်တော့နော် ။

⚠️အငြင်းပွါးမှု တစုံတရာ ဖြစ်ပေါ်လာပါက My-Medicine ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

🛒 My-Medicine E-Pharmacy တွင် ဈေးဝယ်ရန် Link: https://mymedicine.com.mm/r/ayn

Enervon-C အစွမ်းနဲ့ ဒီဇင်ဘာအလွမ်းကို ကုစားမယ်ဒီဇင်ဘာဟာ ပျော်စရာတွေကြားက အလုပ်ဖိစီးမှုတွေနဲ့ စိတ်ရောကိုယ်ပါ လေးလံနွမ်းနယ်...
17/12/2025

Enervon-C အစွမ်းနဲ့ ဒီဇင်ဘာအလွမ်းကို ကုစားမယ်

ဒီဇင်ဘာဟာ ပျော်စရာတွေကြားက အလုပ်ဖိစီးမှုတွေနဲ့ စိတ်ရောကိုယ်ပါ လေးလံနွမ်းနယ် နေတတ်တဲ့ အချိန်ပါ။ အပြီးသတ်ရမယ့် Deadline တွေရဲ့ ဖိအားကြောင့် သင့်ဦးနှောက်ကိုပိုမို ပင်ပန်းစေပြီး စိတ်ခံစားချက်ကို ထိန်းညှိပေးတဲ့ ဗီတာမင် B နဲ့ C ဓာတ်တွေ လျင်မြန်စွာ ကုန်ခန်း ပြီး ပျော်ရွှင်ရမယ့် အခွင့်အရေးတွေ ဆုံးရှုံးနေပါလိမ့်မယ်။

စိတ်ကြည်လင်လန်းဆန်းတဲ့ ခွန်အားအပြည့် ရှိနေမှသာ သင်ချစ်ရတဲ့သူတွေကို ဂရုစိုက်နိုင်ပြီး နှစ်သစ်ကို အောင်ပွဲခံနိုင်မှာပါ။
သင့်အားကိုးရာကတော့ Enervon-C ပါပဲ 🌟
Enervon-C ဟာ ဒီဇင်ဘာမှာ သင့်စိတ်နဲ့ ခန္ဓာကိုယ်ရဲ့ ခွန်အားတွေကို တစ်ပြိုင်နက် ပြန်လည်ဖြည့်တင်းပေးဖို့ အကောင်းဆုံး ပေါင်းစပ်မှု ဖြစ်ပါတယ်။

➡️ ဗီတာမင် B-Complexပါလို့ စိတ်ဖိစီးမှုကြောင့် အားလျော့နေတဲ့ အာရုံကြောစနစ်ကို အားဖြည့်ပေး ပြီး စားသုံးတဲ့ အစားအစာကို ခွန်အားအဖြစ် ပြောင်းလဲပေးပါတယ်။
➡️ ဗီတာမင် C (500mg)က ကိုယ်ခံစွမ်းအားကို တိုးမြှင့် စေပြီး အအေးမိခြင်းမှ ကာကွယ်ကာ စိတ်ဖိစီးမှုရဲ့ ဆိုးကျိုးတွေကို တိုက်ဖျက်ပေးပါတယ်။

စိတ်ကြည်လင်၊ လန်းဆန်းတဲ့ ခွန်အားအပြည့်နဲ့ နှစ်ကုန်ပန်းတိုင်ကို အောင်မြင်စွာ အရောက်လှမ်းလိုက်ပါ။
“ဒီဇင်ဘာ အလွမ်းနဲ့ ဖိအားတွေကို ဖြတ်ကျော်ပြီး အားလပ်ရက်ကို ပျော်ရွှင်စွာ ဖြတ်သန်းဖို့ ခုပဲ Enervon-C အစွမ်းနဲ့ ကုစားလိုက်ပါ”

⭐️ လူတိုင်းရဲ့ အားကိုးရာ သင်၊ သင့်အားကိုးရာ အင်နာဗွန်-စီ ⭐️

Enervon-C ဝယ်ယူရန် - https://mymedicine.com.mm/r/QnK

#ဒီဇင်ဘာအလွမ်းကိုကုစားမယ်

My-Medicine ရဲ့ customer များအတွက် Delivery Way ကြေညာချက် ယခုလာမဲ့ ဒီဇင်ဘာ ၁၉၊၂၀၊၂၁ ရက် နှင့် ၂၅၊၂၆၊၂၇၊၂၈ ရက် ရုံးပိတ်ရက...
17/12/2025

My-Medicine ရဲ့ customer များအတွက် Delivery Way ကြေညာချက်

ယခုလာမဲ့ ဒီဇင်ဘာ ၁၉၊၂၀၊၂၁ ရက် နှင့် ၂၅၊၂၆၊၂၇၊၂၈ ရက် ရုံးပိတ်ရက်နေ့များတွင် ပုံမှန်အော်ဒါပို့ဆောင်ချိန်ထက် ၁ရက် ၂ရက်ခန့် နောက်ကျနိုင်ပါကြောင်း ကြိုတင် အသိပေးအကြောင်းကြားအပ်ပါသည်။

ဘယ်နေရာ ဘယ်ဒေသ ဘယ်နိုင်ငံရောက်ရောက် အထူးကုဆရာဝန်ကြီးတွေနဲ့  My-Medicine ကနေ ဆေးခန်းပြလို့ရတယ်လေ...ဆေးခန်းပြသရန် - https:...
16/12/2025

ဘယ်နေရာ ဘယ်ဒေသ ဘယ်နိုင်ငံရောက်ရောက် အထူးကုဆရာဝန်ကြီးတွေနဲ့ My-Medicine ကနေ ဆေးခန်းပြလို့ရတယ်လေ...
ဆေးခန်းပြသရန် - https://mymedicine.com.mm/r/DecFBTravelTele

#နိုင်ငံခြားရောက်

Address

Yangon

Telephone

+959779995588

Website

http://t.me/mymedicinemm

Alerts

Be the first to know and let us send you an email when My-Medicine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to My-Medicine:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram