My-Medicine

My-Medicine Telemedicine and Epharmacy

My-Medicine is an inclusive health-tech company offering millions of people in Myanmar real-time access to quality, affordable healthcare. Our digital health platform assists patients with telemedicine, telemonitoring, digital medical records and prescriptions, online drugstore with a pharmacist's consultation hotline, at-home nursing care, digital wellness programs, and most up-to-date healthcare information and webinars.

My Medicine မှာ ဆေးဝါးကျွမ်းကျင် ဝန်ထမ်း (၂) ဦး ခန့်ထားရန် ခေါ်ယူနေပါသည်။ တစ်ပတ်လုံးလဲ ရုံးမတက်ချင်ဘူး၊ WFH ကြီးပဲလဲ မလု...
30/03/2026

My Medicine မှာ ဆေးဝါးကျွမ်းကျင် ဝန်ထမ်း (၂) ဦး ခန့်ထားရန် ခေါ်ယူနေပါသည်။
တစ်ပတ်လုံးလဲ ရုံးမတက်ချင်ဘူး၊ WFH ကြီးပဲလဲ မလုပ်ချင်ဘူးဆိုတဲ့သူတွေအတွက် သင့်တော်တဲ့ ရုံးတက်တလှည့်/WFH တစ်လှည့် အလှည့်ကျ လုပ်လို့ရတဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။

Location: Sakura Tower, Bogyouk Aung San Street, Katada Tsp.
Position Type: Care Solution Pharmacist
Key Responsibilities
•Provide expert, compassionate pharmacist support to patients and providers via inbound and outbound calls, and secure messaging.
•Offer comprehensive medication counseling, including dosage, administration, side effects, and storage.
•Address patient concerns and questions, providing clear, accurate, and actionable advice.
•Act as the pharmacy liaison for the telemedicine team, ensuring a smooth handoff after a virtual consultation.
•Conduct outbound follow-up calls post-telemedicine appointment to confirm understanding of new prescriptions, address initial side effects, and reinforce treatment plans.
Required Qualifications
•A bachelor’s degree in pharmacy or a related field.
•Proven experience in patient counseling and communication.
•Tech-savvy with proficiency in pharmacy software, EHR systems, and Microsoft Office Suite.
•Exceptional verbal and written communication skills with a strong customer-service orientation.
•Ability to work independently with minimal supervision in a remote setting.
•Strong organizational skills and attention to detail.
What We Offer
•Competitive salary and performance-based quarterly incentives.
•Comprehensive benefits package.
•Flexible remote work environment.
________________________________________
How to Apply:
Interested candidates should submit their resume to hr@mymedicine.com.mm.
My Medicine is an Equal Opportunity Employer. We celebrate diversity and are committed to creating an inclusive environment for all employees.

အပြင်ထွက်စရာမလိုဘဲ အိမ်ကနေပဲဆေးခန်းပြလို့ရပြီ 💙နေမကောင်းဖြစ်လို့ ဆေးခန်းသွားပြချင်ပေမယ့် လမ်းမှာကားပိတ်မယ့်ဒဏ်၊ ဆေးခန်းရ...
30/03/2026

အပြင်ထွက်စရာမလိုဘဲ အိမ်ကနေပဲဆေးခန်းပြလို့ရပြီ 💙

နေမကောင်းဖြစ်လို့ ဆေးခန်းသွားပြချင်ပေမယ့် လမ်းမှာကားပိတ်မယ့်ဒဏ်၊ ဆေးခန်းရောက်ရင်လည်း အကြာကြီးတန်းစီစောင့်ရမှာတွေကိုတွေးပြီး သာမန်ဖျားတာလောက်ဆိုရင်ဆေးခန်းမသွားဖြစ်ဘဲကြိတ်မှိတ်သည်းခံနေရပြီလား?

နေ့စဉ်နဲ့အမျှအလုပ်များပြီး သွားရေးလာရေးအချိန်ပေးရခက်နေတဲ့သူတွေအတွက် အကောင်းဆုံးနဲ့ အလွယ်ကူဆုံးဝန်ဆောင်မှုတစ်ခုကတော့ 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရဲ့ 𝑻𝒆𝒍𝒆𝒄𝒐𝒏𝒔𝒖𝒍𝒕𝒂𝒕𝒊𝒐𝒏 (အွန်လိုင်းဆေးခန်း) ဝန်ဆောင်မှုပဲဖြစ်ပါတယ်။

ဖုန်းလေးတစ်လုံးရှိရုံနဲ့ အိမ်ကနေပဲ...
✅ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေ သက်သာခြင်း
ဆေးခန်းသွားဖို့ကားဆီဖိုး၊ တက္ကစီခတွေအပြင် ဆေးရုံ/ဆေးခန်းဝန်ဆောင်ခတွေပါ ထပ်ပေးစရာမလိုတော့လို့ ငွေကြေးများစွာသက်သာစေပါတယ်။

✅ တန်ဖိုးရှိတဲ့အချိန်တွေကိုချွေတာနိုင်ခြင်း
လမ်းမှာအချိန်ကုန်တာ၊ ဆေးခန်းမှာ နာရီဝက်/ တစ်နာရီကြာအောင်ထိုင်စောင့်ရတာတွေ လုံးဝ မရှိတော့ပါဘူး။ ကိုယ့်အလှည့်ရောက်တာနဲ့ ချက်ချင်း Video Call ကနေ ဆွေးနွေးပြသရုံပါပဲ။

✅ ကိုယ့်အချိန်နဲ့ကိုယ် အေးဆေးပြသနိုင်ခြင်း
ရုံးဆင်းချိန်၊ နေ့လယ်ထမင်းစားချိန် ဒါမှမဟုတ် ညဘက် အိမ်အလုပ်တွေ အားလုံးပြီးသွားတဲ့ ည ၁၀ နာရီလောက်မှအေးအေးဆေးဆေး ပြသချင်ရင်လည်း ကိုယ်အားတဲ့အချိန်ကိုရွေးပြီး Booking တင်လို့ရပါတယ်။
𝑲𝑩𝒁𝑷𝒂𝒚, 𝑨𝒀𝑨 𝑷𝒂𝒚, 𝑪𝑩 𝑷𝒂𝒚 နဲ့ 𝑾𝒂𝒗𝒆 𝑷𝒂𝒚 တို့ကို ချိတ်ဆက်ထားတာဖြစ်လို့ မိမိအဆင်ပြေတဲ့ Pay တစ်ခုခုနဲ့ အလွယ်တကူငွေပေးချေနိုင်ပါတယ်။

မိမိရဲ့ တန်ဖိုးရှိတဲ့ အချိန်နဲ့ ငွေကြေးကို အထိရောက်ဆုံးအသုံးချနိုင်ပြီး ကျန်းမာရေးကိုစိတ်ချလက်ချ ဂရုစိုက်ဖို့ 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရဲ့ 𝑻𝒆𝒍𝒆𝒄𝒐𝒏𝒔𝒖𝒍𝒕𝒂𝒕𝒊𝒐𝒏 (အွန်လိုင်းဆေးခန်း) က အမြဲတမ်းအသင့်ရှိနေပါတယ်..💙

အသေးစိတ်သိချင်တယ်ဆိုရင်တော့ 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရဲ့ page Messenger (သို့) ဖုန်းနံပါတ် 5588 (Extension -1) (သို့) 09779995588 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

နွေနေပူပူမှာ အားကုန်နေပြီလား?ဆောင်းရာသီကလဲကုန်သွားပြီဆိုတော့ လေပူပူတွေတိုက်တဲ့ နွေရာသီကိုရောက်လို့လာပြန်ပြီနော်။ နွေရာသီ...
29/03/2026

နွေနေပူပူမှာ အားကုန်နေပြီလား?

ဆောင်းရာသီကလဲကုန်သွားပြီဆိုတော့ လေပူပူတွေတိုက်တဲ့ နွေရာသီကိုရောက်လို့လာပြန်ပြီနော်။ နွေရာသီဆိုတာ နေပူပြင်းတဲ့ရာသီဖြစ်တာမို့ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုများပြီး ပင်ပန်းနွမ်းနယ်မှုကို အလွယ်တကူခံစားရတတ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ်လက်လှုပ်ရှားမှုရော စိတ် လန်းဆန်းတက်ကြွနေဖို့အတွက်ပါ ဂရုစိုက်စရာတွေ အများကြီးရှိပါတယ်။ ဒီဆောင်းပါးမှာ နွေရာသီကို အားအင်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ရေဓာတ် ပြည့်ဝအောင်ထားပါ
နွေရာသီမှာ ချွေးထွက်များတာကြောင့် ရေဓာတ်ဆုံးရှုံးမှု မြန်ဆန်ပါတယ်။ ရေဓာတ်ခမ်းခြောက်တာက ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
▪️တစ်နေ့ကို ရေ ၈-၁၀ ဖန်ခွက်လောက် သေချာသောက်ပေးပါ။
▪️ရေသောက်ဖို့ မေ့တတ်ရင် ရေသောက်ချိန်မှတ်ပေးတဲ့ Application တွေသုံးပါ။
▪️ဖရဲသီး၊ လိမ္မော်သီး၊ သခွားသီးလို ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပါ။
▪️ရေဓာတ်ကို ပိုမိုဆုံးရှုံးစေတဲ့ အရက်နဲ့ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေကို လျှော့သောက်တာ ကောင်းပါတယ်။

၂။ ပေါ့ပါးပြီး အာဟာရရှိတဲ့ အစားအစာများ စားသုံးပါ
နွေရာသီမှာ အဆီများတဲ့ အစားအစာတွေက အစာခြေစနစ်ကို နှေးကွေးစေပြီး ထုံထိုင်းစေပါတယ်။
▪️ကြက်သားသုပ်၊ ခရမ်းချဉ်သီးသုပ်၊ သရက်သီးသုပ် စတဲ့ လန်းဆန်းတဲ့ အသုပ်လေးတွေကို စားသုံးပေးပါ။
▪️ဒိန်ချဉ် (Yogurt) က အစာခြေစနစ်ကိုကောင်းစေပြီး လန်းဆန်းမှုကိုပေးပါတယ်။
▪️ရာသီပေါ်သစ်သီးတွေဖြစ်တဲ့ သရက်သီး၊ နာနတ်သီး၊ သင်္ဘောသီးတို့မှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပြည့်ဝစွာပါဝင်ပါတယ်။
▪️လတ်လတ်ဆတ်ဆတ် ဖျော်တဲ့ သစ်သီးဖျော်ရည်တွေက အားအင်ဖြစ်စေပါတယ်။

၃။ နေပူရှိန်ပြင်းချိန် ရှောင်ပါ
နေ့လည် (၁၂) နာရီကနေ (၃) နာရီအတွင်းက နေရောင်ခြည် အပြင်းဆုံးအချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ အပြင်သွားတာ ရှောင်ပါ။
▪️မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် ထီး၊ ဦးထုပ်ဆောင်းပါ။
▪️ခရမ်းလွန်ရောင်ခြည်ကာကွယ်တဲ့ Sunscreen လိမ်းပေးပါ။
▪️ချောင်ချောင်ချိချိ ဝတ်ဆင်ပြီး ချည်သားလို လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားမျိုး ရွေးချယ်ပါ။

၄။ အိပ်ရေးဝဝ အိပ်ပါ
ညဘက်အိပ်ရေးမဝတာက နေ့ခင်းဘက်ပင်ပန်းနွမ်းနယ်မှုကို ပိုဆိုးစေပါတယ်။
▪️ညတိုင်း အနည်းဆုံး (၇) နာရီမှ (၈) နာရီအထိ အိပ်စက်အနားယူပါ။
▪️အိပ်ခန်းကို အေးမြမှောင်မိုက်နေအောင် ထားပါ။
▪️အိပ်ရာမဝင်ခင် ဖုန်း၊ တီဗွီ စတဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေကို ရှောင်ပါ။

၅။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
နေပူတယ်ဆိုပြီး လေ့ကျင့်ခန်း လုံးဝမလုပ်ဘဲ မနေပါနဲ့။ လေ့ကျင့်ခန်းက သွေးလှည့်ပတ်မှုကောင်းစေပြီး အားအင်တိုးစေပါတယ်။
▪️နံနက်စောစော ဒါမှမဟုတ် ညနေနေဝင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။
▪️ရေကူးတာက နွေရာသီအတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုပါ။
▪️အိမ်ထဲမှာ ယောဂကျင့်တာ၊ ဆန့်ထုတ်လေ့ကျင့်ခန်း (Stretching) လုပ်တာမျိုးလည်း ရွေးချယ်နိုင်ပါတယ်။

၆။ စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကို ကုန်ခမ်းစေပါတယ်။
▪️တရားထိုင်တာ၊ စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာမျိုး ကိုယ်နှစ်သက်တဲ့ ဝါသနာကို အချိန်ပေးပါ။
▪️သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ စကားစမြည်ပြောဆိုပြီး စိတ်အပန်းဖြေပါ။

နွေရာသီရဲ့ ပူပြင်းမှုကြောင့် ခန္ဓာကိုယ်က အားအင်တွေ ဆုံးရှုံးလွယ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေက သဘာဝအတိုင်း လန်းဆန်းတက်ကြွစေဖို့ အထောက်အကူပြုပါလိမ့်မယ်။

ဒါပေမဲ့ တစ်ခါတစ်လေမှာ နေ့စဉ်စားသုံးတဲ့အစားအစာတစ်ခုတည်းနဲ့တင် မလုံလောက်တဲ့အခါမျိုးရှိနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ Revital Ginseng Plusလို ဗီတာမင်အားဆေးကောင်းတစ်ခုရဲ့ အကူအညီကိုရယူနိုင်ပါတယ်။ Revital မှာ ပါဝင်တဲ့ သဘာဝဂျင်ဆင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်ပေါင်းစုံက နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် လိုအပ်တဲ့ စွမ်းအင်ကို ဖြည့်တင်းပေးပြီး ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးနိုင်ပါတယ်။ သကြားဓာတ်လုံးဝ မပါဝင်တာမလို့ ဆီးချိုသမားတွေပါစိတ်ချလက်ချသောက်သုံးနိုင်ပါတယ်။

ဒါကြောင့် နွေရာသီမှာရော တစ်နှစ်ပတ်လုံး တက်ကြွလန်းဆန်းနေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံနဲ့အတူ Revital ကိုပါ ဖြည့်စွက်အနေနဲ့ တွဲသုံးစွဲဖို့ အကြံပြုလိုက်ပါတယ်။

Revital Ginseng Plus ဝယ်ယူရန် - https://mymedicine.com.mm/r/cn9

28/03/2026

ဒီနေ့မှာတော့ အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး ဒေါက်တာ ဝင်းဝင်းမြင့်မှ ကျွန်မတို့နေ့စဉ်ဘဝမှာ အာဟာရပြည့်စုံမှုက ဘယ်လောက်အရေးပါသလဲဆိုတဲ့အကြောင်းကို ဝေမျှပေးထားတဲ့ ဗီဒီယိုကိုတင်ဆက်ပေးလိုက်ရပါတယ်။

အလွန်အမင်းပျော်ရွှင်မှုရဲ့နောက်ကွယ် Happy Water ရဲ့အန္တရာယ် ⚠️မကြာသေးမီနှစ်တွေအတွင်း နိုက်ကလပ်တွေနဲ့ ပါတီပွဲတွေမှာ လူငယ်...
27/03/2026

အလွန်အမင်းပျော်ရွှင်မှုရဲ့နောက်ကွယ် Happy Water ရဲ့အန္တရာယ် ⚠️

မကြာသေးမီနှစ်တွေအတွင်း နိုက်ကလပ်တွေနဲ့ ပါတီပွဲတွေမှာ လူငယ်တွေကြားမှာရေပန်းစားလာတဲ့ အရာတစ်ခုရှိပါတယ်။ နာမည်လေးက ကြည့်လိုက်ရင် အပြစ်ကင်းစင်ပြီး ဆွဲဆောင်မှုရှိတဲ့ "Happy Water" တဲ့။

များသောအားဖြင့် သောက်ပြီး ခဏတာအတွင်းမှာလောကကြီးကိုမေ့ပြီး အလွန်အမင်းပျော်ရွှင်သွားစေတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အဲဒီ "ပျော်ရွှင်မှု" ဆိုတဲ့နာမည်လှလှလေးရဲ့ နောက်ကွယ်မှာ အသ-က်ကိုပါနု-တ်ယူသွားနိုင်တဲ့ ဓာတုဆေးဝါးတွေအကြောင်းကို ဒီနေ့ပြောပြမှာပဲဖြစ်ပါတယ်။

❖ "Happy Water" ဆိုတာ တကယ်တော့ဘာလဲ?
Happy Water ဆိုတာ မူးယစ်ဆေးဝါးတစ်မျိုးတည်းကိုခေါ်တာမဟုတ်ပါဘူး။ ဦးနှောက်နဲ့အာရုံကြောကို ပြင်းပြင်းထန်ထန် ထိခိုက်စေတဲ့ ဓာတုမူးယစ်ဆေးဝါးအမျိုးမျိုးနဲ့ဖန်တီးထားတဲ့ "မူးယစ်ဆေးကော့တေး (Drug Cocktail)" တစ်မျိုးပဲ ဖြစ်ပါတယ်။

ပိုဆိုးတာကပါဝင်တဲ့ဆေးအမျိုးအစားနဲ့ ပမာဏတွေကိုလုံးဝမသိနိုင်တဲ့အတွက် သောက်လိုက်တဲ့သူဟာကိုယ့်ခန္ဓာကိုယ်ထဲကို ဘာတွေဝင်သွားမှန်းတောင်သိမှာမဟုတ်ပါဘူး။

❖ အထဲမှာပါဝင်နေတာတွေကဘာတွေလဲ?

၁။ ကက်တမင်း (Ketamine)
Happy Water အများစုမှာအဓိကပါဝင်တာက “ကက်တမင်း”လို့ခေါ်တဲ့ တိရစ္ဆာန်တွေမှာသုံးတဲ့ မေ့ဆေး/ထုံဆေး တစ်မျိုးပါ။ ကေ - K လို့ လူသိများပါတယ်။

အာရုံတွေလွင့်နေစေပြီး ရေရှည်သုံးစွဲပါကဆီးအိမ်ကို လုံးဝပျက်စီးစေကာ ဆီးသွားလျှင် နာကျင်ခြင်း၊ သွေးပါခြင်းနှင့် ဆီးအိမ်ဖြတ်ထုတ်ရသည်အထိဒုက္ခပေးနိုင်ပါတယ်။

၂။ M**A
Ecstasy - အီးလို့လူသိများတဲ့ စိတ်ကြွရူးသွပ်ဆေးပြားပါ။ ခန္ဓာကိုယ်အပူချိန် တက်လာစေပြီး သုံးတာများရင် ရုတ်တရက်သေဆုံးနိုင်ခြေများပါတယ်။ ဆေးအရှိန်ပြယ်သွားချိန်မှာလည်း ပြင်းထန်တဲ့စိတ်ကျရောဂါကိုခံစားရစေပါတယ်။

၃။ Methamphetamine
ဒါကိုတော့ ICE - ရေခဲလို့လူသိများပါတယ်။ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကို မြင့်တက်စေလို့ ရုတ်တရက်နှလုံးရပ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းတို့အပြင် စိတ်ကယောင်ခြောက်ခြား ရူးသွပ်ခြင်းတို့ကိုပါဖြစ်စေနိုင်ပါတယ်။

၄။ Benzodiazepines
စိတ်ငြိမ်ဆေးပြားတွေလည်းပါ ပါသေးတယ်။ မှတ်ဉာဏ်ပျောက်ဆုံးစေပြီး အထူးသဖြင့်အရက်နှင့်တွဲသောက်မိရင် အသက်ရှူလမ်းကြောင်းပိတ်သွားနိုင်ပါတယ်။

🚨 အဆိုးဆုံးသော "Cocktail Effect" 🚨
Happy Water ရဲ့ အကြောက်စရာအကောင်းဆုံးအချက်က ဒီလိုဓာတုဆေးတွေ ဘယ်လိုအချိုးနဲ့ဖော်စပ်ထားတာလဲမသိရတဲ့အပြင် ဆန့်ကျင်ဘက်အာနိသင်ရှိတဲ့ ဆေးတွေကို ရောနှောထားတာပါပဲ။

" Methamphetamine” နဲ့ M**A" လို နှလုံးခုန်မြန်စေတဲ့စိတ်ကြွဆေးတွေနဲ့ "Ketamine နဲ့ Benzodiazepines" လို အာရုံကြောကိုနှေးကွေးစေတဲ့ စိတ်ငြိမ်ဆေးတွေတစ်ပြိုင်နက်တည်း သုံးစွဲနေတာပါ။

ဒါဟာ ကားတစ်စီးကိုလီဗာအကုန်နင်းထားပြီး ဘရိတ်ကိုနင်းထားသလိုဖြစ်သွားပါတယ်။ ရလဒ်အနေနဲ့ နှလုံးနဲ့ ဦးနှောက်က ဒဏ်မခံနိုင်တော့ဘဲ ရုတ်တရက် အသက်ရှူရပ်တာ၊ နှလုံးရပ်တာ (Overdose) တွေ ချက်ချင်းဖြစ်ပြီး နေရာမှာတင် အသက်ဆုံးရှုံးသွားနိုင်ပါတယ်။

ခဏတာစိတ်ထွက်ပေါက်ရဖို့ ဒါမှမဟုတ် အပေါင်းအသင်းဆံ့ဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ "အတုအယောင် ပျော်ရွှင်မှု" နဲ့ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အသက်ကို လောင်းကြေးမထပ်ဖို့ သတိပေးတိုက်တွန်းလိုက်ပါရစေ။

💦အတာသင်္ကြန်အတွက် ကြိုတင်ပြင်ဆင် 𝗠𝘆-𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲 နဲ့ အလှဆင်! 💦☀️ မကြာခင်ရောက်ရှိလာတော့မယ့် သင်္ကြန်ရက်ရည်တွေမှာ နေလောင်ဒဏ်နဲ...
25/03/2026

💦အတာသင်္ကြန်အတွက် ကြိုတင်ပြင်ဆင် 𝗠𝘆-𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲 နဲ့ အလှဆင်! 💦

☀️ မကြာခင်ရောက်ရှိလာတော့မယ့် သင်္ကြန်ရက်ရည်တွေမှာ နေလောင်ဒဏ်နဲ့ ဖုန်မှုန့်တွေကြောင့် အသားအရေ ပျက်စီးမှာကို စိတ်ပူနေပါသလား? သင်္ကြန်မတိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားမှ စိတ်ချရမှာမို့ 𝗠𝘆-𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲 က အထူးလက်ဆောင်တွေ ယူဆောင်လာပါပြီ! 🎁

ကျန်းမာလန်းဆန်းတဲ့ အလှတရားအတွက် ဘာတွေပါမလဲ ကြည့်လိုက်ရအောင် 👇

Brand အလိုက် အထူးပရိုမိုးရှင်းများ
✅ 𝗕𝗶𝗼𝗱𝗲𝗿𝗺𝗮 𝗦𝗲𝗹𝗲𝗰𝘁𝗲𝗱 𝗜𝘁𝗲𝗺𝘀 𝗨𝗽 𝘁𝗼 𝟰𝟬% 𝗢𝗙𝗙
✅ 𝗨𝗿𝗶𝗮𝗴𝗲 & 𝗕𝗲 𝗬𝗼𝘂𝗿 𝗦𝗼𝘂𝗹𝗺𝗮𝘁𝗲: 𝗔𝗹𝗹 𝗜𝘁𝗲𝗺𝘀 𝟭𝟬% 𝗢𝗙𝗙 အပြင်
✅ 𝗢𝗻𝗲 𝗤 & 𝗚𝗺𝗮𝘁𝗲 ဝယ်ယူရင် လက်ဆောင်တွေရမှာနော်

🎁 အထူးလက်ဆောင်တွေအနေနဲ့
(၂၀,၀၀၀) ကျပ်ဖိုးနှင့်အထက် ဝယ်ယူသူတိုင်းကိုလည်း သင်္ကြန်အတွက် မရှိမဖြစ် ဖုန်းရေစိုခံအိတ်လက်ဆောင် ပေးသွားမှာနော်

အရေအတွက်ကန့်သတ်ထားလို့ လက်မနှေးဖို့တော့ လိုမယ်နော်!

🕰️ ပရိုမိုးရှင်းလေးက မတ်လ (၂၅) ရက်နေ့ကနေ ဧပြီလ (၁) ရက်နေ့အထိပဲဖြစ်လို့ အခုပဲ 𝗞𝗕𝗭𝗣𝗮𝘆 ထဲက 𝗠𝘆-𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲 𝗠𝗶𝗻𝗶 𝗔𝗽𝗽 ကနေ အမြန်ဆုံး ဝယ်ယူလိုက်တော့နော်! 🏃💨

🛒ပရိုရှင်းများကြည့်ရန်

Link: https://mymedicine.com.mm/r/Wbf

24/03/2026

ယခု ခေတ်စားနေတဲ့ ဝိတ်ကျထိုးဆေးတွေနဲ့ ပတ်သက်ပြီး အာဟာရဆိုင်ရာ သိကောင်းစရာများကို အာဟာရဆိုင်ရာအထူးပြုဆရာဝန် ဒေါက်တာရာဇာအောင်မှ ရှင်းပြပေးထားတဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

23/03/2026

ဒီတစ်ခါမှာ My-Medicine ရဲ့ Epharmacy ကိုအသစ်ရောက်ရှိထားတဲ့ Bioderma product လေးတွေကိုမိတ်ဆက်ပေးလိုက်ရပါတယ်။
ဝယ်ယူလိုပါက - https://mymedicine.com.mm/r/s6w

တစ်နေ့လုံးအတွက် အားအပြည့်ရှိတာ သေချာပြီလား? 🤔ခုလို နိစ္စဓူဝ တာဝန်တွေ အလုပ်တွေများတဲ့ ခေတ်ကြီးထဲမှာ လူငယ်တွေ၊ အလုပ်ခွင်ဝင...
22/03/2026

တစ်နေ့လုံးအတွက် အားအပြည့်ရှိတာ သေချာပြီလား? 🤔
ခုလို နိစ္စဓူဝ တာဝန်တွေ အလုပ်တွေများတဲ့ ခေတ်ကြီးထဲမှာ လူငယ်တွေ၊ အလုပ်ခွင်ဝင်ရတဲ့ရုံးဝန်ထမ်းတွေအနေနဲ့ မနက်စောစောထပြီး ညနက်တိုင်း အလုပ်လုပ်ရတာ၊ စိတ်ဖိစီးမှုတွေ ရှိနေတာဟာ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပါပြီ။ ဒီလို လူနေမှုပုံစံကြောင့် ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ အားအင်ကုန်ခမ်းမှုတွေ မကြာခဏဖြစ်လာတတ်ပါတယ်။

မနက်တိုင်း Superhuman လိုခံစားချင်ရင်🦸🏻‍♂️
Superhuman ဆိုတာ စွမ်းအားအပြည့်၊ စိတ်အားထက်သန်မှုအပြည့်နဲ့ ဘယ်လိုအခက်အခဲကိုမဆို ရင်ဆိုင်နိုင်စွမ်းရှိသူတွေကို ခေါ်ဆိုတာပါ။ ဒီလိုဖြစ်ဖို့ အာဟာရပြည့်ဝတဲ့ မနက်စာစားဖို့လိုသလို၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးဖို့လည်း အရေးကြီးပါတယ်။

ဂျင်ဆင်းရဲ့ ထူးခြားတဲ့အာနိသင်💫
ကိုရီးယားဂျင်ဆင်းဟာ ရှေးယခင်ကတည်းက ခွန်အားဖြည့်ဆေးအဖြစ် အသုံးပြုခဲ့ကြတဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ၎င်းဟာ adaptogen လို့ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိစေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

Revital Ginseng Plus နဲ့ ပုံမှန်ဖြည့်စွက်မှု💊
Revital Ginseng Plus ကတော့ ခေတ်မီသိပ္ပံနည်းကျ ပေါင်းစပ်မှုတစ်ခုဖြစ်ပြီး ဂျင်ဆင်းရဲ့ အာနိသင်ကို ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံနဲ့ ပေါင်းစပ်ထားပါတယ်။ ဒီပေါင်းစပ်မှုကြောင့်:
၁. ကိုယ်ခန္ဓာ ခွန်အားတိုးစေခြင်း - မောပန်းနွမ်းနယ်မှုကို လျှော့ချပေးပြီး ကိုယ်လက်လန်းဆန်းမှုကို ခံစားရစေပါတယ်။
၂. စိတ်ရွှင်လန်းမှု - အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းစေပြီး စိတ်ကြည်လင်မှုကို ရရှိစေပါတယ်။
၃. ကျန်းမာရေးကာကွယ်မှု - ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးပါတယ်။
၄. ဆီးချိုသမားများအတွက်ပါ သင့်တော်ခြင်း - သကြားမပါဝင်တာကြောင့် စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်။

Revital Ginseng Plus က ဘာကောင်းကျိုးတွေရနိုင်သလဲ?
တစ်နေ့တာလုံး အားအင်ပြည့်ဝနေဖို့ မနက်စာနဲ့အတူ Revital Ginseng Plus တစ်လုံးကို ပုံမှန်သောက်သုံးပေးခြင်းဖြင့်:
✅ အလုပ်ခွင်မှာ ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်မယ်
✅ စိတ်ဖိစီးမှုတွေကို ပိုမိုကောင်းစွာ စီမံနိုင်မယ်
✅ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုမိုလွယ်ကူစွာ ဖြေရှင်းနိုင်မယ်
✅ ကိုယ်ခံအားကောင်းမွန်ပြီး ဖျားနာမှုနည်းစေမယ် စတဲ့ အကျိုးကျေးဇူးတွေရနိုင်ပါတယ်။

ဒါကြောင့် သင့်ရဲ့ မနက်တိုင်းကို Revital Ginseng Plus နဲ့ စတင်ပါ၊ Superhuman တစ်ယောက်လို ဘဝတစ်ခုလုံးကို ရင်ဆိုင်လိုက်ပါ။
Revital Ginseng Plus ဝယ်ယူရန် - https://mymedicine.com.mm/r/cn9

ဝိတ်ချဖို့အတွက် မသေချာတဲ့နည်းလမ်းတွေနဲ့ အပင်ပန်းခံနေတုန်းပဲလား?ရာစုသစ်တွေနဲ့အတူတိုးတက်လာတဲ့ ဆေးပညာဟာဆိုရင် ဆာလောင်မှု၊ ခ...
20/03/2026

ဝိတ်ချဖို့အတွက် မသေချာတဲ့နည်းလမ်းတွေနဲ့ အပင်ပန်းခံနေတုန်းပဲလား?

ရာစုသစ်တွေနဲ့အတူတိုးတက်လာတဲ့ ဆေးပညာဟာဆိုရင် ဆာလောင်မှု၊ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်နဲ့ အဆီစုဆောင်းမှုကို ထိန်းချုပ်ပေးတဲ့ဟော်မုန်းတွေကိုတိတိကျကျနဲ့ ထိထိရောက်ရောက် ကုသပေးနိုင်နေပြီဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းကိုယ်အလေးချိန်ထိန်းသိမ်းရေးဆေးခန်းကြီးတွေမှာ ယုံကြည်စွာအသုံးပြုနေတဲ့ အဆင့်မြင့် GIP + GLP-1 ကုထုံးကိုကျွမ်းကျင်ဆရာဝန်ကြီးများရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့အတူ ခံယူနိုင်နေပါပြီ။

ဒီကုထုံးကနေဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုရင် -

✅ Reduce appetite naturally
အစားစားချင်စိတ်ကို သဘာဝအတိုင်းလျော့ကျစေပြီး ဆာလောင်မှုကိုထိန်းချုပ်ပေးပါတယ်။

✅ Improve metabolic health
ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မကျန်းမာရေးကို သိသိသာသာတိုးတက်ကောင်းမွန်စေပါတယ်။

✅ Sustainable weight reduction
အလွယ်တကူ ဝိတ်ပြန်မတက်စေဘဲ ရေရှည်တည်တံ့တဲ့ ကိုယ်အလေးချိန်လျော့ကျမှုကိုရရှိစေပါတယ်။

✅ Supervised by medical professionals
ကျွမ်းကျင်ဆရာဝန်ကြီးတွေကိုယ်တိုင်အနီးကပ်စောင့်ကြည့်ကုသပေးခြင်းတွေလဲပါဝင်ပါတယ်။

✅ Personalized nutrition strategy
ကျွမ်းကျင်အာဟာရအထူးကုဆရာဝန်ကိုယ်တိုင် သင်နဲ့အကိုက်ညီဆုံးဖြစ်အောင် သီးသန့်ရေးဆွဲပေးမယ့် အာဟာရစားသောက်မှုပုံစံများရရှိမှာပဲဖြစ်ပါတယ်။

ဒီလို 𝑀𝑒𝑑𝑖𝑐𝑎𝑙 𝑊𝑒𝑖𝑔ℎ𝑡 𝑀𝑎𝑛𝑎𝑔𝑒𝑚𝑒𝑛𝑡 က ခဏလေးအတွင်းပိန်သွားပေမယ့် အန္တရာယ်ရှိတဲ့ဖြတ်လမ်းနည်းတွေကိုမသုံးဘဲ၊ ဘေးကင်းစိတ်ချရပြီး သိပ္ပံနည်းကျဆေးပညာကုသမှုခံယူချင်သူတွေအတွက်အထူးရည်ရွယ်ပါတယ်။

သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်နိုင်ဖို့ 𝑀𝑒𝑑𝑖𝑐𝑎𝑙 𝑊𝑒𝑖𝑔ℎ𝑡 𝑀𝑎𝑛𝑎𝑔𝑒𝑚𝑒𝑛𝑡 တွေနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက 𝐌𝐲-𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရဲ့ page Messenger (သို့) ဖုန်းနံပါတ် 5588 (Extension -1) (သို့) 09779995588 ကိုအခမဲ့ဆက်သွယ်ဆွေးနွေးနိုင်ပါပြီနော်... 💙

My-Medicine ရဲ့ Teleconsultation ဝန်ဆောင်မှုများအပေါ် အစဉ်တစိုက်အားပေးလာတဲ့ loyal customer များ၏ feedback လေးများကို ပြန...
19/03/2026

My-Medicine ရဲ့ Teleconsultation ဝန်ဆောင်မှုများအပေါ် အစဉ်တစိုက်အားပေးလာတဲ့ loyal customer များ၏ feedback လေးများကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
My-Medicine ရဲ့ loyal customer များကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ လက်ဆောင်ပစ္စည်းလေးတွေကိုလည်း အိမ်တိုင်ရာရောက်ပို့ဆောင်ထားကြောင်း ဒီကနေ သတင်းပါးလိုက်ပါတယ်ရှင်။

✨ ပိုမိုကောင်းမွန်တဲ့ Service အတွက် KBZPay Market ထဲက My-Medicine Store မှာ အလွယ်တကူ ဝယ်ယူလိုက်ပါ။My-Medicine Website ကိ...
18/03/2026

✨ ပိုမိုကောင်းမွန်တဲ့ Service အတွက် KBZPay Market ထဲက My-Medicine Store မှာ အလွယ်တကူ ဝယ်ယူလိုက်ပါ။

My-Medicine Website ကို System Upgrade ပြုလုပ်နေစဉ်အတွင်း (၁) ရက်မှ (၂) ရက် ခန့် ခေတ္တအသုံးပြုနိုင်မှာ မဟုတ်တာကြောင့် စောင့်ဆိုင်းနေစဉ်အတွင်း ဆေးဝါးနှင့် ကျန်းမာရေးသုံးပစ္စည်းများကို KBZPay Market ရှိ My-Medicine store မှာ အဆင်ပြေချောမွေ့စွာ ဆက်လက်ဝယ်ယူနိုင်ပါတယ်ရှင်။

🛒 ဝယ်ယူရန် Link: https://mymedicine.com.mm/r/Vyh

#ဆေးကုဆေးဝယ်အရမ်းလွယ်

Address

Yangon

Telephone

+959779995588

Website

http://t.me/mymedicinemm

Alerts

Be the first to know and let us send you an email when My-Medicine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to My-Medicine:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram