နွေမိုးဆောင်း ဆေးနှင့်ဆေးပစ္စည်းဆိုင်

  • Home
  • နွေမိုးဆောင်း ဆေးနှင့်ဆေးပစ္စည်းဆိုင်

နွေမိုးဆောင်း ဆေးနှင့်ဆေးပစ္စည်းဆိုင် ဆေး၊ဆေးပစ္စည်း၊အလှအပဆိုင်ရာ ပစ္စည်းများ

ကော်ဖီကို အလှအပရေးရာအတွက် ဘယ်လိုအသုံးချကြမလဲ+ + + + + + +    နံနက်ခင်းလေးကို လန်းလန်းဆန်းဆန်းစတင်နိုင်ဖို့ ကော်ဖီပူပူလေး...
11/02/2026

ကော်ဖီကို အလှအပရေးရာအတွက် ဘယ်လိုအသုံးချကြမလဲ
+ + + + + + +

နံနက်ခင်းလေးကို လန်းလန်းဆန်းဆန်းစတင်နိုင်ဖို့ ကော်ဖီပူပူလေး တစ်ခွက်လောက်ကတော့ မရှိမဖြစ်လိုအပ်ချက်ပဲ မဟုတ်လား။ နေ့လယ်နေ့ခင်း နိုးကြားနေဖို့အတွက်လည်း ဘယ်သူမဆို ကော်ဖီလေးတစ်ခွက်လောက်ကတော့ သောက်လိုက်ချင်ကြတာပါပဲ။ အလှအပရေးရာမှာပဲ ကြည့်ဦးမလား၊ ကော်ဖီက အရေပြားနိုးကြားလန်းဆန်းနေဖို့အတွက် အခြေခံလိုအပ်ချက်ထဲ ပါနေပြန်သေးပါရော။

အိမ်မှာ ဒါမှမဟုတ် ရုံးမှာ နေ့တဓူဝသောက်နေတဲ့ ကော်ဖီက ဘယ်လိုများ အရေပြားအတွက်ပါ ကောင်းကျိုးရှိသွားစေလဲဆိုတာ တစ်ချက်လောက် လေ့လာကြည့်ကြရအောင်။

အဓိကအကြောင်းရင်းကတော့ ကော်ဖီရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကဖင်းဓာတ်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရေပြားနဲ့ ဆံပင်ကောင်းကျိုးအတွက် ကဖင်းကို ခရင်မ်တွေ၊ ခေါင်းလျှော်ရည်တွေ၊ အိမ်လုပ်ကြေးချွတ်ဆပ်ပြာတွေမှာ သဘာဝအတိုင်း ထည့်သုံးပေးခြင်းက အထိရောက်ဆုံးဖြစ်နေပါတော့တယ်။

၁) မျက်နှာကြေးချွတ် mask

ကဖင်းဓာတ်က သဘာဝကြေးချွတ်အာနိသင်ရှိတဲ့အတွက် အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ဖို့ သုံးလို့ရပါတယ်။ ကော်လဂျင်ထုတ်အားကောင်းစေပြီး အယောင်ကျစေတဲ့အာနိသင်လည်းရှိတဲ့အတွက် ကော်ဖီ mask လေးသုံးပြီးတဲ့အခါ လည်ပင်းအရေပြားတွေ၊ မျက်နှာအရေပြားတွေဟာ နူးညံ့ချောမွတ်သန့်စင်ပြီး ကျန်ခဲ့မှာ အမှန်ပါပဲ။

ကော်ဖီမှုန့်တစ်ခွက်၊ သကြားညိုတစ်ခွက်၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း သုံးဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ခွက်တစ်ခုထဲမှာ ခပ်ကျဲကျဲလေးဖြစ်တဲ့အထိ ရောမွှေ၊ မျက်နှာနဲ့ လည်ပင်းပေါ်မှာ အနှံ့ အနည်းငယ် ပွတ်လိမ်းလိုက်ရုံပါပဲ။ လိမ်းရင်းနဲ့လည်း မျက်နှာကို ခပ်သာသာနှိပ်ပေးသွားရပါမယ်။ ခြောက်သွားတဲ့အခါမှ ရေနွေးနဲ့ မျက်နှာသစ်ချလိုက်ရမှာပါ။ ပိုလျှံတဲ့ အနှစ်တွေကို ဘူးထဲလုံအောင် ပိတ်၊ ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး တစ်ပတ်တစ်ခါ မှန်မှန် အသုံးပြုပေးရပါတယ်။


၂) နှုတ်ခမ်း scrub

လူတစ်ယောက်ကို အရင်ဆုံးသတိထားမိစေတာက အပြုံးလှလှလေးတစ်ခုပဲ မဟုတ်လား။ နှုတ်ခမ်းတွေ ခြောက်ပြီး အဖတ်တွေကွာနေရင်တော့ အပြုံးတွေလည်း ဘယ်ချိုနိုင်ပါတော့မလဲ။ ရေဓာတ်ပြည့်ဝနေအောင် ရေများများသောက်ပေးပြီး နှုတ်ခမ်းအဆီလေး နေ့စဉ် လိမ်းပေးတာအပြင် နှုတ်ခမ်း scrub ပါလုပ်ပေးနိုင်မယ်ဆိုရင်တော့ အပြည့်စုံဆုံးပဲပေါ့။

ကော်ဖီမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ခပ်ပျစ်ပျစ်လေး ဖြစ်တဲ့အထိ ခွက်တစ်ခုထဲ ရောမွှေ၊ နှုတ်ခမ်းသားပေါ်ကို လက်နဲ့လိမ်းပေးရင် စက်ဝိုင်းပုံ ခပ်သာသာနှိပ်ပေး၊ ပြီးရင် ရေနဲ့ဆေးချပြီး နှုတ်ခမ်းအဆီလေးလိမ်းထားလိုက်မယ်ဆိုရင် နုထွေးတဲ့ နှုတ်ခမ်းလေး ပြန်ရလာပါလိမ့်မယ်။ တစ်ပတ်ကို သုံးကြိမ်လောက်တော့ လုပ်ပေးဖို့လိုပါတယ်။



(၃) ခေါင်းလျှော်ရည်

ကော်ဖီမှုန့်ဟာ သွေးလှည့်ပတ်မှုကောင်းစေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့အတွက် ဦးရေပြား ကျန်းမာရေးအတွက် သင့်လျော်ပြီး ဆံပင်ကျွတ်သက်သာစေတဲ့အပြင် ဆံပင်သန်စွမ်း နက်မှောင်လာတာ၊ ဦးရေပြားအနံ့ကောင်းလာတာ စတဲ့ အကျိုးတွေကိုလည်း ရစေမှာဖြစ်ပါတယ်။

ဓာတုပစ္စည်းပါဝင်မှုအနည်းဆုံး ခေါင်းလျှော်ရည်တစ်မျိုးမျိုးကို ကော်ဖီမှုန့် လက်ဖက်ရည်ဇွန်း ၅ ဇွန်း၊ ရေတစ်ခွက်နဲ့ရော၊ သေချာဓာတ်ပြုနိုင်အောင် ဘူးကို ခပ်ဆတ်ဆတ်လှုပ်ပေးပြီး ၂ နာရီလောက်ထားထားပြီးရင် ပုံမှန်ခေါင်းလျှော်တဲ့အတိုင်း အသုံးပြုလို့ရပါပြီ။ ခေါင်းလျှော်နေတုန်း ဦးရေပြားကို နှိပ်ပေးဖို့၊ ပြီးရင် ရေမဆေးချသေးဘဲ ၅ မိနစ်လောက် နှပ်ထားပေးဖို့လိုပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်ခန့်ဆို လုံလောက်ပါပြီ။



၄) မျက်ကွင်းညိုခြင်း

အိပ်ရေးပျက်တာ၊ စိတ်ဖိစီးမှုများတာ၊ ဖျားတာတွေကတော့ ပန်ဒါမျက်လုံးတွေဖြစ်စေတဲ့ တရားခံတွေပဲ မဟုတ်လား။ မျက်အိတ်တွေရှိတာ၊ မျက်ကွင်းညိုနေတာတွေကြောင့် အရွယ်ကျနေသလိုလို၊ ပင်ပန်းနုံးချိနေသလိုလို ဖြစ်နေစေပါတယ်။ ကော်ဖီက ကော်လဂျင်ထုတ်လုပ်မှု အားကောင်းစေတဲ့အပြင် အရေပြားအတွက်လိုအပ်တဲ့ ဗီတာမင်ကြွယ်ဝတဲ့ အာလူးနဲ့ ရောသုံးပေးမယ်ဆိုရင် အထိရောက်ဆုံးဖြစ်မှာပါပဲ။

အာလူးပြားလေးနှစ်ပြားကို သကြားလုံးဝမပါတဲ့ ဘလက်ကော်ဖီ လက်တစ်ဆစ်စာလောက်ထဲကို နစ်နေအောင်၂ မိနစ်ခန့် ထည့်ထားပါ။ အဲ့ဒီအာလူးပြားလေးတွေကို မျက်လုံးပေါ်မှာ မိနစ်နှစ်ဆယ်ခန့် ကပ်ထားပေးပါ။ လိုအပ်သလို အကြိမ်ရေအကန့်အသတ်မရှိ ပုံမှန် ကပ်သွားပေးရပါမယ်။

Credit :

အာဟာရဓာတ်နှင့် နို့ရည်အကြောင်း+ + +  + + + + + +           နို့ဆိုရင် လူအများစုသိကြပြီးတဲ့ အရာဖြစ်ပါတယ်။ ကျွန်တော်တို့အာ...
09/02/2026

အာဟာရဓာတ်နှင့် နို့ရည်အကြောင်း
+ + + + + + + + +

နို့ဆိုရင် လူအများစုသိကြပြီးတဲ့ အရာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ငယ်စဉ် ကလေးဘဝကတည်းက အာဟာရဓာတ်ပြည့်ဝအောင် မိခင်နို့ရည်ကို စို့ခဲ့ကြရတယ်။ အသက်အရွယ်ကြီးလာတဲ့အခါမှာလည်း အာဟာရအလို့ငှာ နွားနို့၊ ဆိတ်နို့စသဖြင့် အမျိုးမျိုးသောက်သုံးနေကြဆဲ ဖြစ်ပါတယ်။ နို့ရည်ရဲ့အကြောင်းကို အသေးစိတ်လေ့လာကြည့်ရအောင် . . .

၁။ Antibodies

မိခင်နို့ရည်မှ ထွက်ရှိတဲ့ သဘာဝပိုးမွှားကာကွယ်ပေးသောအရာ antibodies တွေဟာ ကလေးငယ်တွေကို ကိုယ်ခံအားတက်စေပြီး ကျန်းမာသန်စွမ်းစေပါတယ်။ ဒါ့အပြင် ဗိုင်းရပ်နဲ့ တခြားဗက်တီးရီးယားတွေကိုလည်း ကာကွယ်တိုက်ထုတ်ပေးပါတယ်။ သင့်ကလေးဟာ ဗိုင်းရပ်စပ်သို့မဟုတ် ဗက်တီးရီးယားကြောင့် ဖျားနာနေပြီဆိုရင် မိခင်နို့ရည်မှာ ဒီရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်တဲ့ Antibodies တွေ ပေါ်ထွက်လာပြီး ဗိုင်းရပ်စ်တွေ ဗက်တီးရီးယားတွေကို တိုက်ထုတ်ပေးပါတယ်။ Formula ကတော့ ရိုးရှင်းပါတယ်။ တိုက်နိုင်သလောက်တိုက်ပါ။ အချိန်တိုင်း တိုက်နိုင်ပါတယ်။ နွားနို့မှာတော့ ဒီလိုမျိုး သဘာဝ Antibodies တွေ မပါရှိပါဘူး။ ထုတ်လည်း မထုတ်လုပ်နိုင်ပါဘူး။

၂။ Water

မိခင်နို့ရည်မှာ လုံလောက်တဲ့ရေ ပါဝင်ပြီး ကလေးငယ်ကို ရေဆာခြင်းမှ ကင်းဝေးစေပါတယ်။ ကလေးငယ်လိုအပ်သလောက်လည်း မိခင်နို့ရည်က ချိန်ညှိပေးပါတယ်။ နွားနို့မှာပါဝင်တဲ့ ရေပမာဏဟာ ကလေးငယ် လိုအပ်သလောက် ချိန်ညှိမပေးနိုင်ပါဘူး။

၃။ Fat

မိခင်နို့ရည်မှာ နွားနို့ထက် အဆီများစွာ ပါဝင်ပါတယ်။ ဒါကြောင့်ကလေးငယ်ကလည်း ပိုမိုစုပ်ယူနိုင်ပါတယ်။ ဒါဟာ ဘာလို့ နို့စို့ကလေးငယ်တွေဟာ နို့ဘူးတိုက်တဲ့ ကလေးငယ်တွေရဲ့ မစင် stool ကွာရသလဲဆိုတဲ့ အဖြေတစ်ခုလည်း ဖြစ်ပါတယ်။ နွားနို့ထဲမှာ ပါဝင်တဲ့ အဆီကိုတော့ ကလေးငယ်က လွယ်ကူစွာ စုပ်ယူနိုင်ခြင်း မရှိပါဘူး။

၄။ Protein

မိခင်နို့ရည်မှ ပရိုတိန်းဓာတ်ဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကို ကြီးထွားစေပြီး နွားနို့မှ ပရိုတိန်းကတော့ မိခင်နို့မှာပါတဲ့ ပရိုတိန်းထက် နှစ်ဆလောက် ပိုများပါတယ်။ ဒါပေမယ့် ချေဖျက်မှုနည်းပါတယ်။


၅။ Carbohydrates

မိခင်နို့ရည်မှာ နွားနို့ထက် ကာဘိုဟိုက်ဒရိတ်များစွာပါဝင်ပါတယ်။ စွမ်းအင် အင်နာဂျီထုတ်ဖို့အတွက် အကောင်းဆုံး ပင်ရင်းတစ်ခုလည်း ဖြစ်ပါတယ်။

၆။ Vitamins and minerals

အကယ်၍ မိခင်ကသာ သင့်တင့်မျှတပြည့်စုံလုံလောက်တဲ့ အာဟာရပြည့်ဝတဲ့ အစားအစာကို စားသောက်နေမယ်ဆိုရင် ကလေးငယ်အတွက် လုံလောက်တဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေကို ကလေးငယ် ခြောက်လအရွယ်ထိ မိခင်နို့ရည်ကနေတစ်ဆင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။ နွားနို့မှာတော့ မိခင်နို့ထက် ပါဝင်မှုနည်းပြီး ကလေးငယ်အတွက် မှန်ကန်သင့်တော်တဲ့ ပမာဏမဟုတ်ပါဘူး။

၇။ Taste

အရသာကို ကြည့်မယ်ဆိုရင်လည်း မိခင် စားသောက်တဲ့အစားအသောက်ပေါ်မူတည်ပြီး နို့ရည်ရဲ့ အရသာဟာ ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ Formula လို့ခေါ်တဲ့ မိခင်အစားထိုး နို့မှုန့်တွေမှာ မိခင်နို့မှာ မပါဝင်တဲ့ DHA လိုမျိုး ဒြပ်ပေါင်းတွေကို ထပ်မံ ဖြည့်စွက်ထားပါတယ်။ ဒါပေမယ့်လည်း Formula ဟာ မိခင်နို့ မရရှိမှပဲ အစားထိုးဖို့အတွက် သုံးစွဲသင့်ပါတယ်။

Credit : သက်တန့်ချို

ခရမ်းလွန်ရောင်ခြည်နှင့် အရေပြားကင်ဆာ+ + + + + + + အရေပြားမှာဖြစ်တဲ့ ကင်ဆာတွေကိုအကြမ်းအားဖြင့်သုံးမျိုးခွဲထားပါတယ်။ သုံးမ...
07/02/2026

ခရမ်းလွန်ရောင်ခြည်နှင့် အရေပြားကင်ဆာ
+ + + + + + +

အရေပြားမှာဖြစ်တဲ့ ကင်ဆာတွေကိုအကြမ်းအားဖြင့်သုံးမျိုးခွဲထားပါတယ်။ သုံးမျိုးစလုံးဟာလည်း အရေပြားရဲ့အပေါ်လွှာ (Epidermis)မှာပဲဇာတ်လမ်းစဖြစ်ကြတာချည်းပါပဲ။ SCC လို့အတိုကောက်ခေါ်တဲ့ (Squamous cell Carcinoma)ကင်ဆာကတော့ အရေပြားအပေါ်လွှာကာရာတီနိုဆိုက်(Keratinocytes) ကလပ်စည်းတွေမှာဖြစ်တာပါ။

ဒုတိယအမျိုးအစားကတော့ BCC (Basal cell Carcinoma) ကင်ဆာအမျိုးအစားပါ။ နောက်ဆုံး အမျိုးအစားကတော့ မှဲ့ကင်ဆာပါ။ မယ်လာနိုဆိုက် (Melanocyte)ကလာပ်စည်းတွေကနေဖြစ်တဲ့ကင်ဆာပါ။ ခြုံပြောရရင် သုံးမျိုးစလုံးဟာ နေရောင်ခြည်ရဲ့ပယောဂကြောင့် အဓိကဖြစ်ရတာပါ။ကင်ဆာကတော့ နေရဲ့အပူရှိန်ကြောင့်မဟုတ်ပဲ နေရောင်ခြည်မှာပါတဲ့ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်ရတာပါ။

တိတိကျကျဆိုခရမ်းလွန်ရောင်ခြည် ဘီကြောင့်ဖြစ်ရတာပါ။ နေ့လယ်ပိုင်း(နံနက် ၁၁နာရီကနေ ညနေ၃နာရီအတွင်းမှာ) ဒီရောင်ခြည်ဘီတွေ မြေပြင်ကို အများအပြားဆင်းလာတာမို့ အဲ့ဒီအချိန်တွေမှာ ရှောင်ကြ၊ တိမ်းကြ၊ ကွယ်ကြလုပ်ဖို့လိုပါတယ်။

တကယ်တော့ ခရမ်းလွန်ရောင်ခြည်စီဟာ ကြောက်စရာအကောင်းဆုံးပါ။ ဒါပေမဲ့ ဝေဟင်ထဲက အိုဇုန်းလွှာကြီးက ထီးလိုမိုးပြီး စုပ်ယူထားသောကြောင့် မြေပြင်ကိုရောက်မလာပါဘူး။ မြေပြင်ကို အများဆုံးဆင်းလာတာက ခရမ်းလွန်ရောင်ခြည်အေတွေပါ။

ဘီစီစီ(BCC) ဆိုတဲ့ ကင်ဆာဟာ တကယ်တော့ အရေပြားကင်ဆာတွေထဲမှာ အဖြစ်အများဆုံးပါ။ လူလတ်ပိုင်းနဲ့ ဇရာအိုတွေရဲ့နေအထိများတဲ့ နှာခေါင်းဝန်းကျင်၊ မျက်စိဝန်းကျင်နဲ့နားထင်တစ်ဝိုက်မှာ အတွေ့များတဲ့မှဲ့လို အကျိတ်အဖုတွေပါ။ ဒီကင်ဆာအမျိုးအစားက အရေပြားရဲ့အောက်ကိုလှိုက်စားပြီး ဘေးကိုလည်းတဖြေးဖြေးပျံ့သွားတာပါ။ အခြားကိုယ်တွင်းအင်္ဂါတွေဆီကို လုံး၀ ပျံ့မသွားပါဘူး။

SCC အရေပြားကင်ဆာကလည်း နေထိချက်များတဲ့နေရာတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ ဒီတော့ နေထိတဲ့ အရေပြား(လက်ဖမိုး၊ လက်ဖျံ၊ မျက်နှာ)စသဖြင့်တွေမှာ ပေါ ်လာတဲ့နာတာရှည်ဖုအပြင် အနာတွေဟာ ကင်ဆာမသင်္ကာစရာပါ။SCC ကင်ဆာက BCCကင်ဆာနဲ့မတူပဲ ထူးခြားတာကတော့ တခြားနေရာတေါကိုသွေးကတစ်ဆင့် ပျံ့နှံ့သွားနိုင်တာပါပဲ။

တကယ်တော့ မှဲ့တစ်လုံးဟာ ရုတ်တရက် အရွယ်ကြီးလာရင်၊ အရောင်အသွေးလည်း တသွေးတသားတည်း မဟုတ်တော့ပဲပြောင်းလာရင် ဒါမှမဟုတ် အလိုလိုနေရင်း သွေးစိမ့်တာ၊ ယားတာဖြစ်လာရင် မှဲ့ကင်ဆာမသင်္ကာစရာတွေလားဆိုပြီး ဆရာဝန်တွေနဲ့ပြသသင့်ပါတယ်။

နေရောင်ခြည်နဲ့ကြိမ်ဖန်များစွာ ထိတွေ့ပြီးမှသာ အရေပြားကင်ဆာဆိုတာဖြစ်ရတာပါ။ အရေပြားကင်ဆာ ဖြစ်ရတဲ့အကြောင်းရင်းမြောက်မြားစွာထဲမှ နေရောင်ခြည်ဟာ အဓိကတရားခံပါ။ ကင်ဆာ ဖြစ်စေတဲ့ အခြားအကြောင်းတွေကတော့ ဓာတ်ရောင်ခြည်သင့်တာ၊ ဆေးလိပ်သောက်တာ၊ စက်ရ့ုံ၊ အလုပ်ရုံကကင်ဆာဖြစ်စေတဲ့ဓာတုပစ္စည်းတွေထိတွေ့မိတာ၊ နာတာရှည်မီးလောင်ဒဏ်ရာရှိတာ၊ အစားအသောက်နဲ့ဆေးထဲမှာ အာဆင်းနစ်ဆိုတဲ့စိန်ဖြူဓာတ်ပါတာ၊ ကိုယ်ခံအားကျတာ၊ လိင်ကြွက်နို့ ဗိုင်းရပ်စ်ကူးစက်တာ၊ မျိုးရိုးဗီဇမှာ ကင်ဆာရှိခဲ့တာ စတဲ့အချက်တွေပါ။

Credit: ဒေါက်တာကျော်ကျော်(အရေပြားအထူးကုဆရာဝန်ကြီး)

ကလေးအရွယ်နှင့် ဝက်ခြံရောဂါ + + + + + + + + + ဝက်ခြံရောဂါ သို့မဟုတ် အဆီအိပ်ရောင်ရမ်းသည့်ရောဂါမှာ အချို့က ထင်မြင်ယူဆနေသကဲ့...
05/02/2026

ကလေးအရွယ်နှင့် ဝက်ခြံရောဂါ
+ + + + + + + + +

ဝက်ခြံရောဂါ သို့မဟုတ် အဆီအိပ်ရောင်ရမ်းသည့်ရောဂါမှာ အချို့က ထင်မြင်ယူဆနေသကဲ့သို့ မျက်နှာအရေပြားသန့်ရှင်းခြင်း၊ အိပ်ရေးပျက်ခြင်း၊ အငန်အစပ် စားမိခြင်းတို့ကြောင့် ဖြစ်ရခြင်းဟုတ်သည်သာမက အပျိုဖော်လူပျိုဖော်အရွယ်များ၌ ဖြစ်သော ရောဂါလည်းမဟုတ်ပြန်ပါ။ အသက် ၂၀၊ ၃၀ နှင့် ၄၀ ပတ်ဝန်းကျင်ရှိ လူများတွင်လည်း ဖြစ်နိုင်ကြသလို မွေးကင်းစအရွယ်ကလေးငယ်များနှင့် မွေးကင်းစလွန်လာသော ကလေးများတွင်ပါ ဖြစ်နိုင်ကြသော အရေပြားရောဂါတစ်ခုဖြစ်ပါသည်။

မွေးကင်းစအရွယ်များအနက်မှ ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းခန့်သော ကလေးငယ်များ၌ ဝက်ခြံဖြစ်ကြသည်ဟု မှတ်တမ်းတစ်ခုအရ သိရပါသည်။ မွေးပြီးပြီးချင်း၌သော်လည်းကောင်း ၊ နှစ်ပတ်သုံးပတ်အကြာတွင်သော်လည်းကောင်း ဖြစ်ကြပါသည်။ အများအားဖြင့် ရောင်ရမ်းမှု မရှိ။ အသားအရေ အရောင်အတိုင်းရှိနေသည့်အဖုများကို မွေးကင်းစတို့ ပါးပေါ်တွင်တွေ့ရနိုင်ပါသည်။ သို့သော်တစ်ခါတစ်ရံတွင်မူ နီရဲနေသော အဖုအငယ်များဖြင့် နီရဲရောင်ရမ်းနေသော အဖုကြီးများကိုလည်း တွေ့ရနိုင်ပါသည်။ အများအားဖြင့် တစ်လမှ သုံးလအတွင်း အလိုအလျောက်သက်သာပျောက်ကင်းသွားနိုင်ကြသဖြင့် ကုသရန်မလိုပါ။ အမာရွတ်ကျန်ရစ်နိုင်ခဲ့ခြင်းလည်း မရှိကြပါ။ အကယ်၍ ရောဂါဖြစ်မှု များပြားပြီး ဆိုးရွားပါက သို့မဟုတ် သုံးလကျော်လွန်သည့်တိုင် မပျောက်ကင်းသေးပါကမူ ကုသရန်လိုအပ်ပါသည်။ ပြည်ဖုရောင်ရမ်းနေသော အဖုများထွက်ရှိမှုကို ပါးပေါ်တွင်သာမကဘဲ မေးစေ့၊ မျက်ခွံ၊ လည်ပင်းနှင့် ရင်ဘတ်အပေါ်ပိုင်းတို့တွင်ပါ တွေ့ရနိုင်ပါသည်။ ယောကျ်ားကလေးများတွင် ပို၍ အဖြစ်များကြပါသည်။

မွေးကင်းစလွန်အရွယ်များ၌ ဖြစ်သော ဝက်ခြံမှာမူ ပို၍ ဖြစ်မှုနည်းကြပြီး အများအားဖြင့် သုံးလမှ ခြောက်လ ပတ်ဝန်းကျင်တွင် ဖြစ်တတ်ကြပါသည်။ သို့သော်လည်း အသက်တစ်နှစ်ကျော်ပြီးမှဖြစ်သော မှတ်တမ်းများလည်း ရှိကြပါသည်။ အချို့သော ကလေးငယ်များတွင် မွေးကင်းစအရွယ်၌ဖြစ်သောဝက်ခြံမှာ အလိုအလျောက်မပျောက်ဘဲ ဆက်၍ ဖြစ်နိုင်ကြသလို အချို့ကလေးငယ်များမှာ မွေးကင်းစလွန်မှ စတင်ဖြစ်နိုင်ကြပါသည်။ မွေးကင်းစအရွယ် ဝက်ခြံကဲ့သို့ပင် ယောကျ်ားလေးများတွင် ပို၍ ဖြစ်တတ်ပြီး မိဘတစ်ဦးဦးတွင် ဝက်ခြံဆိုးဆိုးရွားရွားဖြစ်ခဲ့သော မှတ်တမ်းများလည်း ရှိတတ်ကြပါသည်။ ကုသမှုမရှိပါက အသက်ငါးနှစ်အထိဆက်၍ ဝက်ခြံဖြစ်နေနိုင်ကြပါသည်။ အများအားဖြင့် ပါးပေါ်တွင်ဖြစ်ပြီး ရောင်ရမ်းခြင်းမရှိသော အဖုငယ်များသာ တွေ့ရတတ်သော်လည်း တစ်ခါတစ်ရံရောင်ရမ်းနေသော အဖုငယ်၊ အဖုကြီးများနှင့် ပြည်ဖုများပါတွေ့ရနိုင်ပါသည်။ ရောဂါသက်သာသွားပါက အမာရွတ် ကျန်ရစ်ခဲ့နိုင်သဖြင့် သတိထား ကုသရန်သင့်သော အခြေအနေမျိုးဟု ဆိုရပါမည်။

အသက်ငါးနှစ်မှ ရှစ်နှစ်အတွင်း ဝက်ခြံဖြစ်ပါကမူ တစ်ခါတစ်ရံ ဟော်မုန်းလွန်ကဲမှုကို ဖြစ်စေသာရောဂါအချို့ ဆက်နွယ်နေနိုင်သဖြင့် ဟော်မုန်းနှင့်ဆိုင်သော စစ်ဆေးမှုလုပ်ရန်သင့်သည်ဟု ဆေးပညာရှင်များက ထင်မြင်ကြပါသည်။ မွေးကင်းစနှင့် မွေးကင်းစလွန်အရွယ် ဝက်ခြံအတွက် ကုသမှုမှာ လူငယ်လူကြီးများ၌ဖြစ်သော ဝက်ခြံကဲ့သို့ပင် ဖြစ်ပါသည်။

လိမ်းဆေးများမှာ လူငယ်လူကြီးတို့၏ ဝက်ခြံရောဂါကုသရာတွင် သုံးသကဲ့သို့ပင် သတိထား၍ သုံးစေရန်လိုပြီး စားဆေးအဖြစ် ပင်တိုင်သုံးလေ့ရှိသော ပိုးသတ်ဆေး တက်ထရာစိုင်ကလင်း ကိုမူ ကလေးများ၏အရိုးကြီးထွားမှုကို ပျက်စီးစေသဖြင့် သုံးရန်မသင့်ပါ။ အခြားပိုးသတ်ဆေးဖြစ်သည့် အိရိသယိုမိုင်ဆင် Erythromycin ကို အစားထိုးပေးနိုင်သည်။ ဝက်ခြံအတွက်အစွမ်းထက်စားဆေးဖြစ်သည့် အိုက်စိုတရီတင်နိုဝင်ကို သုံးခဲ့ရသော သာဓကတို့ ရှိကြသော်လည်း အလွန်မှ ရှားပါးလှသည်ဟု ဆိုနိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ၊ မွေးကင်းစအရွယ်တို့၌ ဝက်ခြံဖြစ်ပါက လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်၌ ထပ်မံဝက်ခြံဖြစ်ရန် အခွင့်အလမ်း အလွန်မှ များကြပါသည်။ ဝက်ခြံရောဂါမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိ၊ ကုသစရာမလိုဘဲ အချိန်တန်လျှင် အလိုအလျောက်ပျောက်ကင်းသော ရောဂါတစ်ခုဖြစ်သော်လည်း အမာရွတ်ကျန်ခဲ့နိုင်သော ရောဂါတစ်ခုဖြစ်ရာ တတ်ကျွမ်းသူများနှင့် တိုင်ပင် ကုသသင့်ပါကြောင်း . . .

Credit : ဒေါက်တာ သောင်းညွှန့်ရွှေ

ကလေးငယ်များတွင် ဖျားခြင်း+ + +  + + + +  ကလေးငယ်များတွင်ပုံမှန်ခန္ဓာကိုယ်အပူချိန်သည် 36.4’ C ဝန်းကျင်ခန့်ရှိပြီးတစ်ဦးနှင...
04/02/2026

ကလေးငယ်များတွင် ဖျားခြင်း
+ + + + + + +
ကလေးငယ်များတွင်ပုံမှန်ခန္ဓာကိုယ်အပူချိန်သည် 36.4’ C ဝန်းကျင်ခန့်ရှိပြီးတစ်ဦးနှင့်တစ်ဦး အနည်းငယ်ကွာခြားမှုရှိပါသည်။ခန္ဓာကိုယ်အပူချိန် 38’ C နှင့် အထက် ဖြစ်သောအခါတွင်မူ ဖျားသည်ဟုဆိုကြသည်။ဖျားခြင်းသည် ရောဂါပိုးမွှားများ ကူးစက်ခံရသောအခါ ခန္ဓာကိုယ်မှ ပြန်လည်တုန့်ပြန်သော သဘာဝဖြစ်စဉ်တစိခု ဖြစ်ပါသည်။

ဘယ်လိုအချိန်မျိုးတွင် အဖျားတိုင်းသင့်သလဲ။

ကလေးနဖူး၊ဝမ်းဗိုက်နှင့် ကျောပြင်တို့ကိုစမ်းကြည့်ချိန်တွင် သာမန်ထက် ပိုပူနေခြင်း၊
ချွေးစေးများပြန်နေခြင်း၊ ခြေဖျားလက်ဖျားတွေ အေးနေခြင်း၊ ပါးပြင်ကလေးများ နီရဲနေခြင်း အစရှိသည့်အချိန်တို့တွင် အပူချိန် တိုင်းကြည့်သင့်သည်။

အပူချိန်တက်တဲ့အခါ ဘာတွေလုပ်သင့်သလဲ။
သင့်ကလေး ဖျားသောအခါ အရင်ဆုံး အောက်ပါအတိုင်း အိမ်တွင် ကြည့်ရှုစောင့်ရှောက်နိင်ပါသည်။

ဆောင်ရန်များ။
-ရေများများတိုက်ပါ။
- ရေဓာတ်ခမ်းခြောက်သော လက္ခဏာ ရှိ မရှိ စောင့်ကြည့်ပါ။
- အစားစားပါစေ။
- အပူချိန်ကို ပုံမှန် တိုင်းပေးပါ။
- အိမ်မှာပဲ နားနေခိုင်းပါ။
- ကိုယ်လက်မအီမသာဖြစ်လျှင် ပါရာစီတမော အစရှိသော အဖျားကျဆေး တိုက်ကျွေးပါ။

ရှောင်ရန်များ
-အပူချိန်တက်နေသောကြောင့် ကလေးကို အဝတ်များချွတ်ထားခြင်း။ရေပတ်ခြင်းများ မပြုလုပ်ရပါ။
- အဝတ်ထူထူများ စောင်ထူထူများ ပတ်ထားခြင်းမျိုးကို ရှောင်ပါ။
- ၁၆နှစ်အောက် ကလေးငယ်များကို အက်စပရင်(aspirin) ကဲ့သို့ဆေးများပေးခြင်းကိုရှောင်ပါ။
-လသားကလေးများကို အဖျားကျဆေးအပြင်းစားများ ပေးခြင်းမှ ရှောင်ကြဉ်ပါ။

ဘယ်လိုအခြေအနေမျိုးမှာ ဆေးခန်းသွားသင့်သလဲ။

-၆လအောက်ကလေးငယ်များတွင် အပူချိန် 39’ C နှင့် အထက် ရှိနေလျှင်
-အဖျား ၅ရက်ထက်ကြာနေလျှင်
-ခန္ဓာကိုယ်တွင် အနီစက် အနီကွက်များ ပေါ်လာလျှင်
- အစားမစားလျှင်
- ပါရာစီတမောတိုက်သော်လည်း အဖျားမကျလျှင်။
- ရေဓာတ်ခမ်းခြောက်သော လက္ခဏာများရှိလာလျှင် ဆေးခန်းသို့ သွားပြရန် လိုအပ်ပါသည်။

ဘယ်လိုအချိန်တွေမှာ အရေးပေါ်ဌာနသို့ သွားပြသင့်သလဲ။

-အဖျားကြီးပြီး တက်သွားသောအခါမျိုးတွင်
-တစ်ကိုယ်လုံးပြာနှမ်းသွားသောအခါတွင်
- လည်ပင်းတောင့်တင်းပြီး အလင်းရောင်ကို မခံနိုင်သော အခါတွင်
- သာမန်ထက် မှိန်းနေပြီး နှိုးရခက်သောအခါတွင်
- ခြေဖျားလက်ဖျားတွေ အေးစက်နေသောအခါတွင်
- လသားအရွယ်တွင် ညည်းသံများ၊ ပုံမှန်မဟုတ်သော အသံစူးစူးဝါးဝါးဖြင့် ငိုခြင်း
- ငယ်ထိပ်ဖောင်းနေခြင်း
- အသက်ရှုရခက်နေခြင်း စသော လက္ခဏာများ ပေါ်ပေါက်လာပါက ဆေးရုံသို့ အမြန်ဆုံး သွားရောက်ကြပါရန် လိုအပ်ပါသည်။
Dr. Aye

အထိုင်များတဲ့ အန္တရာယ်+++          ဒီနေ့ခေတ်လူတွေကြားမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲ...
03/02/2026

အထိုင်များတဲ့ အန္တရာယ်
+++
ဒီနေ့ခေတ်လူတွေကြားမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ်၊ ခရီးသွားနေတုန်း ကားပေါ်မှာပဲဖြစ်ဖြစ် ထိုင်တာကြာလာရင် ဖြစ်တတ်တဲ့ပြဿနာတွေက လူတိုင်းကြုံလေ့ကြုံထရှိကြပါတယ်။ ၂၀၁၃ တုန်းက လုပ်ခဲ့တဲ့စစ်တမ်းတွေအရ လူတစ်ယောက်ဟာ တစ်နေ့လုံးမှာ ထိုင်ချိန် စုစုပေါင်း ၁၃ နာရီရှိရမှာဖြစ်ပြီး အိပ်ချိန်က ၈ နာရီရှိရမှာဖြစ်ပါတယ်။ ဒီစစ်တမ်းဟာ အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းဖြစ်ပါတယ်။

အထိုင်များရင်

အထိုင်များရင်တော့ မြန်မာလိုနားလည်လွယ်အောင် ပြောလိုက်တာပါ။ အမှန်တော့ တစ်နေရာတည်းမှာ အကြာကြီး ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ ထိုင်နေတတ်တာ၊ တစ်ခုခုကို အာရုံစိုက်ပြီး ထမင်းမေ့၊ ဟင်းမေ့ ထိုင်နေတာမျိုးပေါ့။

အဲဒီလိုထိုင်တာ ကြာလာတဲ့အခါ

ဗိုက်အဆီစုလာခြင်း

လေ့လာစမ်းသပ်ချက်တွေအရ ဝမ်းဗိုက်အဆီစုတာ၊ ဗိုက်ခေါက်ထွက်လာတာတွေက အထိုင်များခြင်းနဲ့ အများဆုံးသက်ဆိုင်နေတာ တွေ့ရပါတယ်။

သင်က ထိုင်တာကြာလေလေ သကြားဓာတ်နဲ့ အဆီဓာတ်တွေ ပိုမိုစုလာလေလေ ဖြစ်တာကြောင့် ဝမ်းဗိုက်ပိုင်းတစ်ဝိုက်မှာ အဆီတွေ ပိုမိုစုဝေးလာပြီး ဗိုက်ခေါက်ထွက်လာရတာပဲဖြစ်ပါတယ်။ တချို့ရှိပါတယ်။ ဗိုက်ခေါက်တွေထွက်လာလို့ ညစာမစားတော့တာတို့၊ တစ်နေ့လုံးမှာမှ နေ့လယ် ထမင်းတစ်နပ်ကိုပဲ ကောင်းကောင်းစားလိုက်တာတို့ပေါ့။ အဲဒီလိုလုပ်ခြင်းအားဖြင့် ဗိုက်ခေါက်ကို ကျစေတာ မဟုတ်ဘဲ လိုအပ်တဲ့အာဟာရ ဓာတ်တွေပါ လျော့ပါးသွားစေတာမို့ မလိုလားအပ်တဲ့ ရောဂါတွေပါ ထပ်ဝင်လာနိုင်ပါတယ်။ ဒါကြောင့် လိုအပ်သလောက်တော့ စားပါ။ နောက်ပြီး နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာရောဂါတွေလည်း ဖြစ်နိုင်ခြေရှိပါတယ်။

နှလုံးရောဂါ

အထိုင်များခြင်းဟာ ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်တယ်လေ။ အထူးသဖြင့် နှလုံးကျန်းမာရေးကို ပိုမိုထိခိုက်စေပါတယ်။ တစ်နေရာတည်းမှာပဲ မရွှေ့ဘဲ အချိန်အကြာကြီး ထိုင်နေတာဟာ နှလုံးအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို သွေးစီးဆင်းမှု နှေးကွေးစေနိုင်ပါတယ်။ အဲဒီလို သွေးစီးဆင်းမှု လျော့နည်းခြင်းဟာ သွေးကြောတွင်း သွေးခဲဖြစ်ပေါ်မှုနဲ့ နှလုံးသွေးကြောကျဉ်း / ပိတ်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် သွေးဖိအားမြင့်တက်ပြီး ကိုလက်စထရောတွေ စုပုံစေလို့ နှလုံးသွေးကြောရောဂါတွေဖြစ်ဖို့ ပိုဖိအားပေးစေနိုင်ပါတယ်။

အဲဒီလို သွေးစီးဆင်းမှု လျော့နည်းခြင်းဟာ သွေးကြောတွင်း သွေးခဲဖြစ်ပေါ်မှုနဲ့ နှလုံးသွေးကြောကျဉ်း / ပိတ်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် သွေးဖိအားမြင့်တက်ပြီး ကိုလက်စထရောတွေ စုပုံစေလို့ နှလုံးသွေးကြောရောဂါတွေဖြစ်ဖို့ ပိုဖိအားပေးစေနိုင်ပါတယ်။

နောက်ကျောတက်၊ ဇက်ကြောထိုးခြင်း

နေရာအပြောင်းအရွှေ့မရှိဘဲ အထိုင်များလွန်းရင် နောက်ကျောတက်တာ၊ ဇက်ကြောထိုးတာတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး ကျောရိုးမကြီးအောင့်တာတွေလည်း ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်ရတာဟာ တစ်နေရာတည်းမှာ အကြာကြီးထိုင်တာကြောင့်လည်းပါသလို အာရုံစူးစိုက်မှု အကြာကြီးလုပ်ရင်လည်း ဖြစ်တတ်ပါတယ်။

အထိုင်များလို့ဖြစ်ရတဲ့ပြဿနာမို့ ထိုင်တာကြာလာရင် လမ်းထလျှောက်လိုက်တာ၊ ပုံစံမပျက်ထိုင်တာထက် ပုံစံလေး နည်းနည်းချိန်းပြီး ထိုင်တာမျိုးလုပ်ပေးတာက အကောင်းဆုံးဖြစ်ပါတယ်။

သွေးတွင်း သကြားဓာတ် များပြားလာခြင်း

လူတွေဟာ ကိုယ်ဘာကြောင့် ဆီးချိုသွေးချို ဖြစ်ရသလဲဆိုတာ အချိုတွေအရမ်းအစားများလို့၊ လက်ဖက်ရည်၊ ကော်ဖီတွေ အသောက်များလို့ဆိုပြီး ထင်ကြပေမယ့် အထိုင်များခြင်းဟာလည်း ဆီးချိုသွေးချိုဖြစ်ဖို့ လမ်းစတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ အထိုင်များခြင်းဟာ သွေးတွင်း သကြားဓာတ်စုပုံခြင်းကို ဖြစ်ပေါ်စေတာမို့ ဆီးချိုေသွေးချိုဖြစ်စေပါတယ်။

ဒါကြောင့် အထိုင်များတာနဲ့အမျှ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုတွေလည်း လုပ်ပေးဖို့ လိုပါတယ်။

ကင်ဆာဖြစ်ပွားမှုမြင့်မားစေခြင်း

အူမကြီးကင်ဆာ၊ ဆီးလမ်းကြောင်းကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အူသိမ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုတွေနဲ့ ဆက်စပ်နေပါတယ်။ အစာစားပြီးပြီးချင်း ထိုင်ပြီး အလုပ်လုပ်တာတွေက အူသိမ်ဦးပိုင်းမှာ ကင်ဆာဖြစ်ပွားမှုကို တိုးမြင့်စေတဲ့အပြင် သွေးတွင်းသကြားဓာတ်စုပုံမှုကို ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။

စိတ်ကျန်းမာရေးကို ထိခိုက်လာစေနိုင်ခြင်း

ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွင်းကို သွေးစီးဆင်းမှု နှေးကွေးခြင်းကြောင့် ဦးနှောက်မှတ်ဉာဏ်ကို ထိခိုက်စေလာနိုင်ပါတယ်။ ဒါ့အပြင် စိတ်ထွက်ပေါက်မရှိသလို ခံစားလာရပြီး တစ်ခါတစ်ခါ သတိလက်လွတ် ဖြစ်ဖြစ်သွားတာတွေလည်း ဖြစ်လာတတ်ပါတယ်။

ကြွက်တက်ခြင်းနှင့် ခြေထောက်ဖောရောင်ခြင်း

ကြွက်တက်ခြင်းဟာ အထိုင်များလို့ အကြောတွေ အားနည်းပြီး ခြေထောက်သွေးမလျှောက်လို့ ခြေထောက် ဖောရောင်ခြင်းတွေ ခဏခဏ ဖြစ်တတ်ပါတယ်။ ခါးနာခြင်း၊ ခါးအကြောညပ်ခြင်းတွေလည်း ဖြစ်တတ်တာကို သတိထားသင့်ပါတယ်။

ကားအကြာကြီး ထိုင်စီးလာတာ၊ အလုပ်အကြာကြီး ထိုင်လုပ်တာ ဒါမှမဟုတ် လေယာဉ်ပျံအကြာကြီးစီးလာတာမျိုးမှာ ခြေထောက်တွေ ဖောလာတာတွေ့ရမှာပါ။ အဲဒီလို ဖောရောင်လာတာကြောင့် နာကျင်မှု ပိုမိုလာတတ်ပါတယ်။

ဘာလေးတွေ လုပ်ပေးသင့်သလဲ

- မကြာခဏမတ်တပ်ရပ်ပေးသင့်ပါတယ်။ လမ်းလေးလျှောက်ပေးပါ။

- အကြာကြီး မိနစ် ၃၀ လောက် အလုပ်လုပ်ပြီး ဆယ်မိနစ်လောက် လမ်းလျှောက်ပေးပါ။

- ဖြစ်နိုင်ရင် လမ်းလျှောက်သွား လမ်းလျှောက်ပြန်လို့ရတဲ့နေရာမှာ ကားစီးတာ၊ ဆိုက်ကားစီးတာမျိုးမလုပ်ပါနဲ့။

- လှေကားတက်ရင်လည်း လမ်းလျှောက်တက်ပါ။ တတ်နိုင်သမျှ ဓာတ်လှေကားစီးတာမျိုး မလုပ်ပါနဲ့။

- လေ့ကျင့်ခန်းလုပ်တာ၊ ယောဂလေ့ကျင့်တာတို့၊ နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုကို အလေ့အထဖြစ်အောင် ပြုလုပ်ပေးသင့်ပါတယ်။

- ထိုင်နေတုန်းမှာလည်း မှန်ကန်တဲ့ ထိုင်နည်းမျိုးနဲ့ ထိုင်ပါ။ ခါးမတ်မတ်ထိုင်ပါ။ ထိုင်နေရင်း ခြေဆန့်လက်ဆန့်လေး လုပ်ပါ။ သက်သောင့်သက်သာဖြစ်အောင် အနားယူပါလို့ အကြံပေးပါရစေ။

Credit : တနိုင်းခ

ဆီးလမ်းကြောင်းပိုးဝင်ခြင်း+ + + + + + ဆီးလမ်းကြောင်းဆိုတဲ့ ကျောက်ကပ်၊ ဆီးထွက်ပြွန်၊ ဆီးအိမ် နဲ့ ဆီးသွားပြွန် တနေရာရာမှာ ...
30/01/2026

ဆီးလမ်းကြောင်းပိုးဝင်ခြင်း
+ + + + + +

ဆီးလမ်းကြောင်းဆိုတဲ့ ကျောက်ကပ်၊ ဆီးထွက်ပြွန်၊ ဆီးအိမ် နဲ့ ဆီးသွားပြွန် တနေရာရာမှာ ရောဂါပိုးဝင်တာ ခံကြရတယ်။ ဆီးအိမ်မှာဖြစ်တာက သိပ်မဆိုးပါ။ ချက်ချင်းကုရင် ကောင်းသွားမယ်။ မဟုတ်ရင်တော့ ကျောက်ကပ်အထိ ပိုးရောက်သွားနိုင်တယ်။ ဒါဆိုရင် ဆိုးတယ်။

ဆီးအိမ်ပိုးဝင်ခြင်း လက္ခဏာများ

• ဆီးသွားတိုင်း ပူပြီး နာမယ်။

• ဆီးခဏခဏ သွားချင်စိတ် ဖြစ်နေမယ်။

• ဆီးစပ် ဗိုက်အောက်ပိုင်းနေရာက နာမယ်။

• ဆီးထဲ အနယ်ပါမယ်။ ဆီးနံ့ဆိုးတယ်။

• ဆီးထဲ သွေးလဲပါတတ်တယ်။

• တချို့မှာ အဲလိုဟာတွေ မခံစားရဘူး။



ကျောက်ကပ်ရောင်ခြင်း လက္ခဏာများ

• ကျောက်ကပ်တည်ရာ နောက်ကျော ဘယ်-ညာ ဖြစ်တဲ့ဘက်မှာနာမယ်။

• ကိုယ်ပူမယ်။ ချမ်းမယ်။

• ပျို့ချင်-အန်ချင်မယ်။

• ဆီးစစ်မှ ပိုး (ပြည်-ဆဲလ်) တွေ့ပြီး ရောဂါလက္ခဏာတွေ မခံစားရတာလဲ ရှိတယ်။ ကိုယ်ဝန်ရှိနေရင်တော့ ဆေးကုမှ ကောင်းတယ်။ ကလေးတွေကိုလဲ ဆေးကုရမယ်။



ဆရာဝန်ပြဘို့ မလွဲမသွေလိုသူတွေ

• ကိုယ်ဝန်ဆောင်၊

• အသက်ကြီးသူ၊

• ဆီးချိုရှိသူ၊

• ကျောက်ကပ်ရောဂါရှိထားသူ၊

• ခုခံအား မကောင်းသူ။

တခြားရောဂါတွေလဲ ဖြစ်နိုင်တယ်။

(STD) လိင်ကတဆင့် ကူးစက်ရောဂါတွေ ဥပမာ -

၁။ Chlamydia (ကလာမိုင်ဒီယား)၊

၂။ Gonorrhea (ဂနိုရီးယား)၊

၃။ Trichomoniasis (ထရွိုင်ကိုမိုးနပ်စ်)၊

တိတ်တိတ်လေး နောက်ဆက်ဖြစ်စေနိုင်တာတွေရှိတယ်။

• ဆီးအိမ်ကနေ ကျောက်ကပ်ဆီရောက်နိုင်တယ်။ တဖက်ထဲဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ပိုးဝင်တာခံရမယ်။

• ကျောက်ကပ်ကို အလုပ်ဆက်မလုပ်နိုင်စေတာအထိ ဖြစ်လာနိုင်တယ်။

• အစကတည်းက ကျောက်ကပ် သိပ်မကောင်းသူဆိုရင် ပိုဆိုးစေမယ်။

• ရှားရှားပါးပါး ပိုးက သွေးထဲရောက်ရင် တခြားနေရာတွေအထိ ပိုးရောက်ကုန်မယ်။



ဘယ်ကနေစသလဲ

• အူတွေထဲမှာနဲ့ မျိုးပွါးလမ်းကြောင်းထဲမှာ (ဗက်တီးရီးယား) တွေရှိနေကြတယ်။

• တကယ်တော့ ဆီးဆိုတာ မကောင်းပေမဲ့ ကျန်းမာနေရင် ပိုးတွေရှိမနေပါ။

• E. coli ပိုးကနေဖြစ်တာများတယ်။ အမှတ်မထင် ရောက်လာတယ်လို့ ပြောရမယ်။

• ဆီးလမ်းအဝကနေ အထက်တက်မယ်။ အမျိုးသမီးတွေက ဆီးသွားလမ်းတိုကြလို့ ပိုအဖြစ်များကြတယ်။



ဖြစ်နိုင်ခြေများသူတွေ

• လိင်ဆက်ဆံမှု ဖြစ်နိုင်-ဖြစ်နေသူ အမျိုးသမီးများ၊

• ရေ-အရည်သောက်နည်းသူများ၊

• ရေစိမ်ပြီး ခဏခဏချိုးသူများ။

• ဆီးသွားချင်ပေမဲ့ မသွားသေးဘဲ အောင့်ထားသူများ၊

• ကျောက်ကပ်မှာ ကျောက်ရှိနေသူများ။



ရောဂါသေခြာအောင်လုပ်ခြင်း

• Urinalysis ဆီးစစ်ခြင်း၊ (ဗက်တီးရီးယား) တွေ ပါနေ-မနေ စစ်မယ်။

• ဆီးထဲမှာ သွေးဖြူဥနဲ့ သွေးနီဥတွေကိုလဲ ရေတွက်မယ်။

• Dipstick test နည်းနဲ့စစ်တာမြန်တယ်။

• (ဗက်တီးရီးယား) အမျိုးအစားလဲ ခွဲဘို့လိုရင်လုပ်တယ်။



ဆီးလမ်းပိုးဝင်တာနဲ့ ဆီးချို

• ပိုအဖြစ်များတယ်။

• ခုခံအားလဲ နည်းနေတာရယ် သကြားဓါတ်ကြောင့် ပိုးတွေပိုပြီး ပွါးလွယ်တာရယ်ကြောင့်ဖြစ်နိုင်တယ်။

• ဆီးအိမ်သွား အာရုံကြောလဲ သိပ်မကောင်းနေတာကြောင့်လဲ ဖြစ်နိုင်တယ်။



ယောက်ျားတွေ ဆီးအောင့်ခြင်း

အဖြစ်နည်းတယ်။ ဖြစ်ရင် တခြားအခံ ကျန်းမာရေးအခြေအနေတခုခု ရှိနေနိုင်တယ်။ ဥပမာ ကျောက်ကပ်၊ ဆီးအကျိတ် ကြီးနေခြင်း၊ STDs လိင်ကတဆင့် ကူးစက်ရောဂါ။



Honeymoon Cystitis မင်္ဂလာဦး ဆီးအောင့်ခြင်း

• အဖြစ်များတယ်။

• ဆက်ဆံမှုကြောင့် (ဗက်တီးရီးယား) တွေကို နေရာပြောင်းပို့ပေးသလိုဖြစ်စေတယ်။

• တကယ်တော့ မင်္ဂလာဦးမှာသာ ဖြစ်တာ မဟုတ်ပါ။ အိမ်ထောင်မပြုသေးဘဲ ဆက်ဆံမှု စပြုသူတွေလဲ ဖြစ်သလို ကလေးအမေ ဖြစ်ပြီးမှလဲ ဖြစ်တယ်။

• ကိုယ်ဝန်တားဘို့သုံးရတဲ့ Diaphragm သားအိမ်ဝအဖုံး သုံးသူတွေလဲ ဖြစ်နိုင်တယ်။



ဘယ်လိုကုမလဲ

• ပဋိဇီဝဆေးနဲ့ ပျောက်တယ်။

• ရေ-အရည်များများသောက်ပါ။

• ဆီးသွားချင်ရင် အောင့်မထားပါနဲ့။

• ကျောက်ကပ် ပိုးဝင်တာကို ဆိုးမှသာ ပဋိဇီဝထိုးဆေးလိုမယ်။



ပြန်ပြန်ဖြစ်နေရင်

၁။ ပဋိဇီဝဆေးနည်းနည်းကို ကြာရှည်သောက်ပါ။

၂။ လိင်ဆက်ဆံပြီးတိုင်း ပဋိဇီဝဆေးတကြိမ်သောက်ပါ။

၃။ ဆီးအောင့်တယ်ထင်တာနဲ့ ချက်ချင်း ပဋိဇီဝဆေး သောက်လိုက်ပါ။



ဆီးလမ်းပိုးဝင်တာနဲ့ ကိုယ်ဝန်

• ကျောက်ကပ်အထိပိုးဝင်တာ ဖြစ်လွယ်တယ်။

• ဟော်မုန်းတွေကြောင့်လဲ ဖြစ်နိုင်တယ်။

• ကြီးလာတဲ့သားအိမ်က ဆီးလမ်းကို ဖိနေလို့ ဆီးကိုaအာင့်ထား၊ အောင်းထားသလို ဖြစ်နေစေတယ်။



ဆီးလမ်းပိုးဝင်တာနဲ့ သွေးဆုံးခြင်း

• သွေးဆုံးချိန်မှာ (အီစထိုဂျင်) ဟော်မုန်း နည်းလာတယ်။ ဆီးအိမ် နဲ့ (ဗဂျိုင်းနား) ကို ပိုးဝင်လွယ်စေမယ်။

• အသက်ကြီးသူတွေ ပိုဖြစ်ကြတယ်။ ခံစားရတာ ဖြစ်နေကြနဲ့ မတူတတ်ဘူး။ ကရောင်ခြောက်ခြားဖြစ်တာ၊ စိတ်ကရောက်ကယက် ဖြစ်တာ ဆိုရင် ဆီးကိုစစ်ဘို့မမေ့ရပါ။



ဆေးရုံလူနာ

• ရောဂါတခုခုနဲ့ ဆေးရုံတက်နေရရင် ဆီးလမ်းပိုးဝင်တာ ပိုဖြစ်နိုင်တယ်။ ဆီးပိုက်တပ်ထားရရင် သေခြာပေါက် ဖြစ်နိုင်တယ်။

ကလေးငယ်ငယ်လေးတွေ

• မပြောတတ်လို့ ဒါတွေဖြစ်နေရင် သတိပြုပါ -

• ဘာလို့မှန်မသိဘဲ ကိုယ်ပူမယ်။

• ဆီးအနံ့မကောင်းဖြစ်မယ်။

• အစားပျက်မယ်၊ အန်မယ်။

• အမူအယာ တမျိုးဖြစ်မယ်။

• အသက် ၁၁ နှစ်သမီးတွေ ၃% ၁၁ နှစ်သားတွေ ၁% မှာ ဆီးလမ်း ပိုးဝင်တယ်။

• အိမ်သာထဲမှာ ကြာနေရင် သတိထားကြည့်ပါ။

• တချို့ကလေးတွေမျာ မွေးရာပါ ဆီးလမ်းအားနည်းချက် ရှိနေနိုင်တယ်။

• ရေအိမ်သွားနည်း သင်ထားပေးပါ။

ဘယ်လိုကာကွယ်မလဲ

• ရေများများသောက်ပါ။

• လိင်ကိစ္စ မတိုင်ခင်နဲ့ ပြီးတိုင်းမှာ ဆီးသွားပါ။

• သန့်ရှင်းရေးလုပ်ရာမှာ လက်ကို ရှေ့ကနေ နောက်ဘက်ဆီသာ တလမ်းသွားလုပ်ပါ။

• မိန်းမကိုယ်သန့်ရှင်းရေး ဆေးရည်တွေ မသုံးပါနဲ့။

• ရေချိုးရင် ကြွေကန်ထဲ စိမ်မချိုးဘဲ အထက်ကနေ မိုးရွာသလို ကျနေတဲ့ ရေချိုးနည်း လုပ်ပါ။

Cranberry (ခရင်ဘယ်ရီ) သီး ဆီးအောင့်သူများအတွက် အလွန်ကောင်းတယ်လို့ ပြောကြတယ်။ ကာကွယ်ရာမှာသာ ကောင်းတယ် ဖြစ်နေတာကိုတော့ ပျောက်အောင် မစွမ်းဆောင်နိုင်ပါ။ အရွယ်လတ် အမျိုးသမီးတွေအတွက် ပိုသင့်တယ်။ ဆေးလုံး-ဆေးတောင့်လုပ် ရောင်းတာလဲ ရှိတယ်။

Crd. Dr. တင့်ဆွေ

လေထဲမှ ရောဂါများ+ + + + + ချောင်းဆိုး/နှာချေလိုက်တဲ့အခါ ပါးစပ်နဲ့နှာခေါင်းထဲက ထွက်လာတဲ့အချွဲမှုန်၊ အချွဲစက်တွေဟာ အနီးအနာ...
28/01/2026

လေထဲမှ ရောဂါများ
+ + + + +

ချောင်းဆိုး/နှာချေလိုက်တဲ့အခါ ပါးစပ်နဲ့နှာခေါင်းထဲက ထွက်လာတဲ့အချွဲမှုန်၊ အချွဲစက်တွေဟာ အနီးအနားက လေထုထဲကို ပျံ့နှံ့ရောက်ရှိသွားပါတယ်။ နှာတစ်ခါချေရင် အချွဲစက်ပေါင်း လေးသောင်းလောက်အထိ လွင့်ထွက်လာနိုင်ပါတယ်။ အဲ့ဒီအချွဲစက်တစ်စက် ချင်းစီမှာပါတဲ့၊ အသက်ရှုလမ်းကြောင်းကနေ ကူးစက်တတ်တဲ့ ရောဂါပိုးမွှားတွေဟာ ပိုင်ရှင်အသစ်ရဲ့ အသက်ရှုလမ်းကြောင်းထဲကို ရှုလိုက်တဲ့လေကနေတစ်ဆင့်ပျော်ပျော်ပါးပါးဝင်ရောက်ပြီး ရောဂါကို ဖြန့်ဖြူ းကြပါတယ်။

* အသက်ရှုလမ်းကြောင်းကနေ ကူးစက်နိုင်တဲ့ရောဂါတွေက ဘာတွေလဲ? *

(၁) တုပ်ကွေးရောဂါ

(၂) တီဘီရောဂါ

(၃) နမိုးနီးယားရောဂါ

(၄) ၀က်သက်ရောဂါ

(၅) ဆားစ်ရောဂါ

(၆) ကြက်ညှာချောင်းဆိုးရောဂါ

(၇) ဆုံဆို့ရောဂါ

(၈) ပါးချိတ်ယောင်ရောဂါ

(၉) ဂျိုက်သိုးရောဂါ

(၁၀) အနာကြီးရောဂါ အစရှိတဲ့ရောဂါတွေ ဖြစ်ပါတယ်။

* ကိုယ့်ဆီကနေ သူတစ်ပါးဆီကို အသက်ရှုလမ်းကြောင်းကတစ်ဆင့် ရောဂါကူးမသွားအောင် ဘယ်လို သတိထားမလဲ? *

နှာချေမယ်၊ ချောင်းဆိုးမယ်ဆိုရင် လက်ကိုင်ပုဝါ၊ တစ်ရှုးနဲ့ ပါးစပ်ကိုအုပ်ပြီး ချေရ၊ ဆိုးရပါမယ်။ အဲ့ဒါတွေဘာမှမပါဘူးဆိုရင် တံဆောင်ဆစ်ကွေးနဲ့ မျက်နှာကိုအုပ်ပြီး ကိုယ့်ဆီကအချွဲမှုန်တွေ သူတစ်ပါးဆီ မရောက်အောင် ကာကွယ်ရပါမယ်။ လက်ဖဝါးနဲ့ မအုပ်ရပါဘူး။ လက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ နှာချေ/ချောင်းဆိုးစဉ်မှာ လက်ဖဝါးနဲ့အုပ်မယ်၊ အဲ့ဒီလက်နဲ့အများသုံးပစ္စည်းတွေကို ကိုင်မိပြီး ကိုင်မိတဲ့နေရာမှာ ရောဂါပိုးတွေကပ်သွားမယ်၊ ကိုယ်ကိုင်ထားတဲ့ ပစ္စည်းတွေကို သူတစ်ပါးကပြန်ကိုင်မယ်၊ သူ့လက်မှာ ရောဂါပိုးတွေကပ်ပါသွားမယ်၊ ပြီးရင် သူ့မျက်နှာကို အမှတ်တမဲ့ကိုင်မိမယ်ဆိုပြီး သံသရာလည်နေရင်တော့ တုပ်ကွေးလိုမျိုး အသက်ရှုလမ်းကြောင်းကနေ ကူးစက်နိုင်တဲ့ရောဂါပိုးဟာ လွယ်လွယ်လေးပြန့်သွားပြီးသူတစ်ပါး ဆီကို ရောဂါဖြန့်ဖြူးမိသလို ဖြစ်နေဦးမှာပါပဲ။

ဒီအပြုအမူလေးဟာ လုပ်ရတာလွယ်ကူလွန်းပေမယ့် ကြီးမားခိုင်ခံ့တဲ့ကာကွယ်မှုလဲ ဖြစ်ပါတယ်။ နှာချေ/ချောင်းဆိုးတာဟာ ရုတ်တရက်ဖြစ်လာတတ်တဲ့ အခြေအနေဖြစ်လို့ ပါးစပ်နဲ့နှာခေါင်းကိုအုပ်ဖို့ မေ့သွားတာ၊ သတိမထားမိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ချစ်ခင်ရင်းနှီးတဲ့သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ တန်ဖိုးထားရတဲ့မိသားစုဝင်တွေကို ကိုယ့်ဆီက ရောဂါမကူးစက်စေချင်ဘူး ဆိုရင်တော့ ဒီအလေ့အထကောင်းကို တဖြည်းဖြည်းလေ့ကျင့်ယူရပါမယ်။ နှာချေ/ချောင်းဆိုးစဉ်မှာ ပါးစပ်ကိုအုပ်တာဟာ ကျန်းမာရေးရှုထောင့်ကကြည့်ရင် ကောင်းမွန်ရုံသာမက နိုင်ငံကြီးသားပီသခြင်း၊ ရည်မွန်ယဉ်ကျေးခြင်းနဲ့ တာဝန်ယူမှုရှိခြင်းစတဲ့ ဂုဏ်ပုဒ်ကောင်းတွေနဲ့လည်း ကိုက်ညီပါတယ်။

* အသက်ရှုလမ်းကြောင်းကနေ ကူးစက်နိုင်တဲ့ရောဂါပိုး သူများဆီက ကိုယ့်ဆီမကူးအောင် ဘယ်လို သတိထားမလဲ? *

အလုပ်ပျက်၊ ကျောင်းပျက်ဖြစ်စေနိုင်တဲ့ တုပ်ကွေးရောဂါအစ၊ ရောဂါဖြစ်ပြီဆိုတာနဲ့ အနည်းဆုံး ဆေးခြောက်လသောက်ရမယ့် တီဘီရောဂါ အလယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေကူးစက်ခံရရင် ရင်သွေးကိုပါ အန္တရာယ်ပေးတဲ့ ဂျိုက်သိုးရောဂါအဆုံး ဘယ်ရောဂါကိုမှ ကူးစက်ခံချင်ကြမှာ မဟုတ်ပါဘူး။

(၁) ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပစ်ပါ။

အိပ်ရေးဝဝအိပ်တာ၊ ကိုယ်ကြိုက်တာတွေချည်း ရွေးမစားဘဲ အာဟာရမျှတအောင်စားတာ၊ တစ်နေ့ကို နာရီဝက်နှုန်းနဲ့ တစ်ပတ်မှာ ငါးရက်လောက် ခပ်မြန်မြန်လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းစတဲ့ ကိုယ်လက်လှုပ်ရှားမှုပြုတာတွေဟာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲကို ၀င်ရောက်လာတဲ့ ရောဂါပိုးတွေ အစွမ်းမပြနိုင်အောင် ခုခံနိုင်စွမ်းတက်လာစေပါတယ်။

(၂) ခဏခဏလက်ဆေးပါ။

ဘတ်စ်ကားလက်ကိုင်တွေ၊ တံခါးလက်ကိုင်ဘုတွေ၊ လှေကားလက်ရန်းတွေလိုမျိုး လူအများကိုင်တွယ်ထိတွေ့နေတဲ့ နေရာတွေမှာ ဘက်တီးရီးယားတွေအများကြီး တွယ်ကပ်နေတတ်ပါတယ်။ အဲ့ဒီနေရာတွေကိုင်ပြီး အမှုမဲ့အမှတ်မဲ့ မျက်နှာကိုပြန်ကိုင်မိတဲ့အခါ အသက်ရှုလမ်းကြောင်းကနေ ကူးစက်တတ်တဲ့ရောဂါပိုးတွေဟာ လက်ကနေတစ်ဆင့် နှာခေါင်း၊ ပါးစပ်တွေထဲကိုဝင်ရောက်သွားပါတယ်။ ဒါကြောင့် မကြာမကြာ လက်ဆေးပေးရပါမယ်။ လက်တစ်ခါဆေးရင် အနည်းဆုံးစက္ကန့်နှစ်ဆယ်ကြာအောင်ဆေးရပါမယ်။ ရေနဲ့ချည်းမဆေးဘဲ ဆပ်ပြာသုံးပြီး ကျကျနနဆေးရပါမယ်။

(၃) နှာခေါင်းစည်းတပ်ပါ။

သူများကနေကိုယ့်ဆီ မကူးဖို့ရော၊ ကိုယ့်ဆီကရောဂါ သူများဆီမပြန့်အောင်ရော အလုပ်ဖြစ်လှတဲ့ နည်းလမ်းပါ။ တီဘီရောဂါလိုမျိုး ပြင်းထန်လှတဲ့၊ အသက်ရှုလမ်းကြောင်းကနေ ကူးစက်နိုင်တဲ့ ရောဂါခံစားနေရသူတွေဟာ လူထူထပ်တဲ့နေရာကိုသွားရင်နှာခေါင်း စည်းတပ်ခြင်းအားဖြင့် သူတစ်ပါးထံရောဂါမပျံ့နှံ့အောင် ကာကွယ်နိုင်ပါတယ်။

(၄) ကာကွယ်ဆေးထိုးနှံပါ။

တုပ်ကွေးရောဂါ၊ တီဘီရောဂါ၊ ၀က်သက်ရောဂါ၊ နမိုးနီးယားရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဆုံဆို့ရောဂါ၊ ပါးချိတ်ယောင်ရောဂါ၊ ဂျိုက်သိုးရောဂါတွေအတွက်ကာကွယ်ဆေးတွေ ရှိပါတယ်။

(၅) ပါးစပ်နဲ့နှာခေါင်းကို ကာကွယ်ပါ။

ကိုယ့်အနားမှာ လူတစ်ယောက်နှာချေ / ချောင်းဆိုးတဲ့အခါ အခြားနေရာကိုမြန်မြန်ရှောင်သွားလို့မရတဲ့ အနေအထားမျိုး (ဥပမာ-ဓာတ်လှေခါးထဲ) မှာဆိုရင် မျက်နှာကို အဲ့ဒီလူနဲ့ဆန့်ကျင်ဘက်ကို လွှဲလိုက်ပါ။ လက်ကိုင်ပုဝါ (သို့မဟုတ်) တစ်ရှုးပါလာရင် ပါးစပ်နဲ့နှာခေါင်းကိုအုပ်ထားပါ။ မပါလာရင် မိမိရဲ့ တံတောင်ဆစ်ကွေးနေရာနဲ့ အုပ်ထားပါ။

Crd:

မေးခိုင်ရောဂါ+ + + + + Tetanus ကို မေးခိုင်ရောဂါဟု သုံးသည်။ ဤသို့ သုံးခြင်းမှာ Tetanus ရောဂါတွင် ထင်ရှားသော လက္ခဏာတစ်ခုဖ...
28/01/2026

မေးခိုင်ရောဂါ
+ + + + +

Tetanus ကို မေးခိုင်ရောဂါဟု သုံးသည်။ ဤသို့ သုံးခြင်းမှာ Tetanus ရောဂါတွင် ထင်ရှားသော လက္ခဏာတစ်ခုဖြစ်သည့် Tetanus ကို တင်စား၍ ခေါ်ဆိုခြင်းဖြစ်သည်။ မေးခိုင်ရောဂါမှာ ဗက်တီးရီးယားကြောင့် ဖြစ်သောရောဂါဖြစ်သည်။ ဗက်တီးရီးယားအမည်မှာ Clostridium tetani ဖြစ်၏။ ဗက်တီးရီးယားမှာ Exotoxin အဆိပ်ပစ္စည်းထုတ်သည်။ ယင်းအဆိပ်ပစ္စည်းသည် ကြွက်သားများသို့သွားသော အာရုံကြောများနှင့် ကလာပ်စည်းများ (Motor nerve ending and motor nerve cells) အား ထိခိုက်စေသည်။

ကြွက်သားများသည် ကျုံ့ညှစ်ပြီး ပြန်ဆန့်နိုင်စွမ်း မရှိကြတော့ပေ။ အစားအစာဝါးရာတွင် သုံးသော ကြွက်သားများ ကျုံ့ညှစ်ပြီး ပြန်မဆန့်နိုင်ခြင်းကြောင့် ပါးစပ်မှာ စေ့နေပြီးဟမရ ဖြစ်သွားသည်။ သော့ခတ်ပြီး ဖွင့်မရသောသဘောဖြစ်သဖြင့် Lockjaw ဟု ခေါ်ပါသည်။ မျက်နှာရှိ အခြားကြွက်သားများလည်း ဖြစ်ပါသည်။ ခန္ဓာကိုယ်၏ အခြားနေရာများမှ ကြွက်သားများသည် မေးခိုင်ရောဂါ၏ အဆိပ်ကြောင့်ကျုံ့ညှစ်ပြီး ပြန်မဆန့်မှုဖြစ်နိုင်ပါသည်။

အသက်ရှူခြင်းနှင့်ဆိုင်သော ကြွက်သားများထိခိုက်မှုရှိလျှင် အသက်ရှူလုပ်ငန်းပျက်ယွင်းပြီး သေဆုံးသွားနိုင်ပါသည်။ နှလုံးကြွက်သားများ၏ ထူးခြားသော ဇီဝကမ္မဖြစ်စဉ်ကြောင့် မေးခိုင်ရောဂါကြောင့် နှလုံး၏ကျုံ့ခြင်း၊ ဆန့်ခြင်းအပေါ် ထိခိုက်မှုမရှိနိုင်ပါ။ ဝမ်းဗိုက်ကြွက်သားများသည်
မေးခိုင်ရောဂါကြောင့် ကျောက်သင်ပုန်း (သစ်သား) ကဲ့သို့ မာကျောနေတတ်ပါသည်။ Tetanus ရောဂါကို မေးခိုင်ဟုဆိုသော်လည်း ခန္ဓာကိုယ်အရိုးနှင့် ဆက်ထားသော ကြွက်သားများအားလုံး ထိခိုက်နိုင်သည်ဖြစ်ပါကြောင်း တင်ပြလိုက်ရသည်။

• မေးခိုင်ရောဂါသည် ခန္ဓာကိုယ်နေရာအနှံံအပြားရှိ အရိုးဆက်ကြွက်သားအားလုံးကို ထိခိုက်စေသည်။

Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

ဆယ်ကျော်သက်အရွယ်နှင့် စိတ်ကျန်းမာရေးပြဿနာ  24-Jan-2020Preview Imageဆယ်ကျော်သက်ဆိုတာ နိုင်ငံတော်ရဲ့ အနာဂတ်ပါ။ ဆယ်ကျော်သက်...
24/01/2026

ဆယ်ကျော်သက်အရွယ်နှင့် စိတ်ကျန်းမာရေးပြဿနာ
24-Jan-2020
Preview Image

ဆယ်ကျော်သက်ဆိုတာ နိုင်ငံတော်ရဲ့ အနာဂတ်ပါ။ ဆယ်ကျော်သက်အရွယ်ကို ဆေးပညာအရ အသက် ၁၁ နှစ်မှ ၁၈ နှစ်အရွယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်ကြပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု မြန်ဆန်လာသလို စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ပြောင်းလဲလာပါတယ်။ ဒီအရွယ်မှာ ဖြစ်ပေါ်လာတဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေဟာ အလွန်လျင်မြန်တာကြောင့် ဘဝတစ်ကွေ့ချိုးမှာ ဆယ်ကျော်သက်တို့ ရင်ဆိုင်လာရတာက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးရဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ အများအားဖြင့် မိဘအုပ်ထိန်းသူတွေနဲ့ ဆယ်ကျော်သက်အရွယ် သားသမီးတွေအကြား အဆင်မပြေမှုတွေ၊ အဖုအထစ်လေးတွေ တွေ့ကြုံရတတ်ပါတယ်။ ဒါလည်းမိဘတွေ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလနဲ့ သူတို့လေးတွေ ဖြတ်သန်းနေရတဲ့ လက်ရှိခေတ်ကာလ ဖြစ်တည်ပြောင်းလဲမှုအပေါ် အဓိက မူတည်တာပေါ့။ အမြင်ချင်း၊ သဘောထားချင်း ရုပ်ဝတ္ထုပေါ်အခြေခံပြီး မတူတတ်ဘူးလေ။ သားနဲ့အဖေ၊ သမီးနဲ့အမေ သီချင်းလေးတွေပဲ အတူနားထောင်ကြည့်ရင် သိသာပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက အင်မတန် လျင်လျင်မြန်မြန် ဖြစ်ပေါ်လာတယ်။ ဒါကို လူပျိုဖော်၊ အပျိုဖော် ဝင်တယ်လို့ ခေါ်တာပေါ့။ အသက်အရွယ်အားဖြင့် မိန်းကလေးဆိုရင် ပျမ်းမျှ ၁၁ နှစ်ပတ်ဝန်းကျင်မှာ စတင်တတ်ပါတယ်။

မိန်းမပျိုလေးတွေဟာ သားဥအိမ် (O***y) က ထုတ်လုပ်တဲ့ “မ” ဟော်မုန်း (Oestrogen) ကြောင့် ရင်သားတွေ တင်းရင်းကြီးထွားလာတယ်။ တင်ပါးဆုံရိုးကွင်း ကျယ်ကားလာပြီး ပြည့်တင်းလာတယ်။ မျက်နှာပြင်မှာ အဆီထွက်များလာတာကြောင့် ဝက်ခြံတွေ ပေါက်လာတတ်ပါတယ်။ ချွေးထွက်များပြီး ချွေးနံ့ကိုယ်နံ့ ထွက်လာတတ်ပါတယ်။ ပခုံးသားတွေ လုံးဝန်းပြေပြစ်လာတယ်။ ချိုင်းနဲ့ မျိုးပွားအင်္ဂါတစ်ဝိုက်မှာ မွေးညင်းတွေ ပေါက်တာတတ်ပါတယ်။ အရပ်ရှည်နှုန်းက တစ်နှစ်မှာ ၃ ဒသမ ၅ လက်မနှုန်းနဲ့ ရှည်ထွက်လာကြပါတယ်။

ဒီအချိန်မှာ မိန်းကလေးတွေရော၊ ယောကျ်ားလေးတွေမှာပါ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ လျင်မြန်ဖြစ်လာတာ တွေ့ရပါတယ်။ ၁၇ နှစ်အရွယ်ရောက်ပြီဆိုရင် သူတို့ဟာ ယောကျ်ားကြီး၊ မိန်းမကြီးတွေ ဖြစ်လာတယ်လို့ ပြောလို့ရပါတယ်။ သူတို့ရဲ့ မိဘတွေထက်ကို ပိုပြီးထွားကျိုင်းလာတယ်။ သူတို့ကိုယ်တိုင်ပဲ လင်ယူသားမွေးနိုင်တဲ့အထိ ဖြစ်လာမယ်။ တစ်ပြိုင်နက်တည်းပဲ သူတို့ဟာ မိဘအုပ်ထိန်းသူတွေစီက ပံ့ပိုးကူညီမှုတွေ လိုမြဲလိုနေဦးမှာ ဖြစ်ပါတယ်။ ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး။ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်လေးတွေဟာ လျင်မြန်တဲ့ ပြောင်းလဲမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍန်၊ ရုပ်ရည်ရူပကာနဲ့ ပတ်သက်ပြီး ကျေနပ်အားရတာတွေ၊ မကျေနပ်တာတွေ မျိုးစုံ ဖြစ်လာတတ်ပါတယ်။ ဒါကိုပဲ အရိပ်တကြည့်ကြည့်နဲ့ ဖြစ်လာတာကို တွေ့ရတတ်ပါတယ်။ ဒီအခါမှာ သူတို့ကို အားပေးတာ၊ နှစ်သိမ့်တာတွေ ရှိသင့်ပါတယ်။ နောက်ပြီး သူတို့ဟာ သူငယ်ချင်းတွေထက် ဖွံ့ဖြိုးတိုးတက်ကြီးထွားမှု နှောင့်နှေးနေတယ်ဆိုရင် ပိုပြီးတော့ အားပေးနှစ်သိမ့်ရမှာ ဖြစ်ပါတယ်။ မင်းလည်းဒီလိုပဲ ထွားလာမှာပါ။ ရင့်ကျက်လာမှာပါလို့ အားပေးနှစ်သိမ့်ပေးရမှာ ဖြစ်ပါတယ်။

နောက်ပြီး သူတို့နဲ့ သူတို့မိသားစုတွေဟာ ဒီအရွယ်မှာ အသက်အရွယ်အပိုင်းအခြားအလိုက် ပြောင်းလဲမှုတွေ ရှိတယ်ဆိုတာကို သိထားကြရင် စိုးရိမ်စရာ၊ ပူပန်စရာတွေ မရှိတော့ပါဘူး။ အဲဒီတော့ ကြီးထွားဖွံ့ဖြိုးလာတာ၊ တိုးတက်လာတာနဲ့အမျှ ခွန်အားသုံးစွဲမှု (Energy) တွေလိုလာတယ်။ ဒါ့အပြင် ဆယ်ကျော်သက်တွေဟာ အိပ်ချိန်လည်း ပိုလိုလာမှာ ဖြစ်ပါတယ်။ စောစောအိပ်ရာဝင်ပေမယ့် အိပ်ရာထ နောက်ကျတတ်ပါတယ်။ ဒါကိုပဲ ကျွန်တော်တို့ လူကြီးမိဘတွေက ငပျင်းမလေး ပျင်းနေတယ်ဆိုပြီး စိတ်ဆိုး၊ စိတ်တိုနေလို့ မဖြစ်ပါဘူး။ ဒါကိုတော့ နားလည်ပေးဖို့ လိုအပ်ပါတယ်။ ဒီအရွယ်မှာ Energy သုံးစွဲမှုများတဲ့အတွက် ပိုအိပ်မယ်၊ ပိုစားပါမယ်။

စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ပြောရမယ်ဆိုရင် ခန္ဓာကိုယ်ပြောင်းလဲမှုတွေနဲ့အတူ ယောကျ်ားလေးတွေဆိုရင် မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေ ရိတ်ရတာ၊ မိန်းကလေးတွေဆိုရင် ရာသီသွေးပေါ်တာနဲ့အတူ သူတို့အရွယ်မှာ တွေးခေါ်တာတွေ၊ ခံစားရတာတွေလည်း စိတ်ပိုင်းဆိုင်ရာအရ ပြောင်းလဲလာပါတယ်။ သူတို့ဟာ မိသားစုရဲ့အပြင်မှာ ပိုပြီးရင်းနှီးတဲ့ ပေါင်းသင်းဆက်ဆံမှုတွေကို ပိုလိုချင်လာတယ်။ အထူးသဖြင့် တန်းတူရွယ်တူသူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ပိုပြီး ရင်းရင်းနှီးနှီး ဆက်ဆံလာတယ်။ မိသားစုထဲမှာ ပေါင်းသင်းဆက်ဆံမှုကလည်း ပြောင်းလဲလာတယ်။ သူတို့ရဲ့ မျက်စိထဲမှာ မိဘတွေဟာ သိပ်အရေးမကြီးတော့ဘူး။ သူတို့ရဲ့ဘဝကို မိသားစုရဲ့ အပြင်မှာပဲ ပိုပြီးဖွံ့ဖြိုးတိုးတက်လာအောင်၊ ပြောင်းလဲလာအောင် လုပ်ချင်လာတယ်။ ပြောရမယ်ဆိုရင် ပြင်ပလောကကြီးကို ပိုစိတ်ဝင်စားလာတယ်။ စူးစမ်းချင်လာတယ်။ ဒီနေရာမှာတင် မိဘနဲ့ သားသမီးကြားမှာ အတွေးအမြင်တွေကွဲလွဲပြီး ပေါင်းသင်းဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာတော့တာပါပဲ။

မိဘတွေအမြင်မှားလည်း ဆယ်ကျော်သက်လေးတွေကို တစ်ချိန်လုံး သူငယ်ချင်းတွေ တရုန်းရုန်းနဲ့နေနေတာပဲ၊ ဖုန်းပဲပြောနေတော့တာပဲ၊ အင်တာနက်ဆိုင်ပဲသွားပြီး အချိန်ကုန်နေတော့တာပဲ စသဖြင့် မိဘတွေအတွက် အမြင်ကတ်စရာ၊ စိတ်တိုစရာ ဖြစ်နေပေမယ့်လည်း တကယ်တမ်းအရေးကြီးတာက ဆယ်ကျော်သက်အရွယ်မှာ ကလေးတွေဟာ ပိုပြီးတော့ လွတ်လွတ်လပ်လပ်နေချင်ကြတယ်ဆိုတာကို နားလည်ထားဖို့ပါပဲ။

ဆယ်ကျော်သက်ရွယ်ကလေးတွေက ကမ္ဘာလောကကြီးအကြောင်းကို အရမ်းသိချင်၊ လေ့လာချင်နေတဲ့အချိန်၊ ဒီလောကကြီးထဲမှာ သူတို့ဘယ်လိုပုံစံနဲ့ ပါဝင်နေမလဲဆိုတာကို ရှာဖွေနေတဲ့အချိန်ပဲဖြစ်ပါတယ်။ သူတို့ဟာ အတွေ့အကြုံသစ်တွေကို ရှာဖွေစူးစမ်းလေ့လာစမ်းသပ်ချိန်မှာ တချို့က အရမ်းကို အန္တရာယ်များပါတယ်။ ခက်လည်း ခက်ခဲပါတယ်။ အဲဒီတော့ လူငယ်ဆိုတာ စိတ်လှုပ်ရှားမှုတွေကို သာယာတတ်ကြပါတယ်။ လိုချင်လို့ ရှာဖွေ တတ်တာကို လူကြီးတွေက နားလည်ဖို့ ခက်ခဲကြပါတယ်။ ဒါ့အပြင် ဒါတွေကို အတော်အန္တရာယ်များပါလားလို့ လူကြီးအများစု မြင်တတ်ကြပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ စိတ်အာရုံခံစားမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ပြောရရင် တချို့က အများကြီးစားတာ တွေ့ရတယ်။ တချို့က အစားအသောက်ကို ဖိစားတာအပြင် ဖိအိပ်တာတွေလည်း ရှိတတ်ကြတယ်။ အဲဒီလို အများကြီးစားပြီး၊ အများကြီး အိပ်တာကြောင့် ကိုယ်အလေးချိန်တွေတက်ပြီး ဝလာတတ်တယ်။ ဒီလိုဝလာတာကိုက သူ့မှာစိတ်အာရုံခံစားမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ ဖိစီးမှုတွေ ရှိလာပြီဆိုတဲ့ လက္ခဏာကို ပြတာပဲဖြစ်ပါတယ်။ စိုးရိမ်စိတ်များရာကနေ Phobia လို့ခေါ်တဲ့ ကြောက်လန့်စိတ်တွေ ဖြစ်ပေါ်လာတယ်။ အဲဒီကတစ်ဆင့် တက်ပြီးတော့ Panic Attack လို့ခေါ်တဲ့ ပျာယာခတ်ပြီး သေရလောက်မတတ် အစိုးရိမ်လွန်ကဲတာတွေ ဖြစ်လာတတ်ပါတယ်။

လက်ရှိသုတေသန ပြုထားချက်တွေအရ ဆယ်ကျော်သက်အရွယ်မှာ အချို့က စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဝေဒနာတွေ (Emotional Disorders)သည် သတိမထားမိဘဲ ရှိနေတတ်သည်။ စိတ်ကျဝေဒနာ (Depression) ဟာ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်လေးတွေမှာ ၁၀ ယောက်မှာ လေးယောက်က စိတ်ထဲမှာ ဝမ်းနည်းနေတာ၊ ခံစားနေတာတွေ ရှိတတ်ပါတယ်။ တချို့ကတော့ ငိုတာ၊ မျက်ရည်ကျတာရှိချင်ရှိမယ်။ ဒါ့အပြင် တချို့က တစ်ယောက်ယောက်နဲ့ ခွဲပြီးနေချင်တာ၊ ဘယ်သူနဲ့မှ ရင်မဆိုင်ချင်တော့ဘဲ တစ်ယောက်တည်း တစ်သီးတစ်သန့်နေချင်တာမျိုး (Social With Drow) တွေ ရှိလာတတ်ပါတယ်။

ဒီအရွယ်မှာ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ ကွဲပြားခြားနားတဲ့ အမြင်တွေ၊ ရှုထောင့်တွေနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ သတင်းအချက်အလက်တွေ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်မှုတွေကို ပျော့ပျော့ပျောင်းပျောင်း ညင်ညင်သာသာနဲ့ ပံ့ပိုးပေးဖို့က အရေးအကြီးဆုံးပါပဲ။ အထူးသဖြင့် မိဘတွေဆီက၊ ကျောင်းက၊ မိသားစု ဆရာဝန်ဆီက ဒါမှမဟုတ် Family Planning Clinic တွေဆီကနေ ပညာပေးဖို့ အများကြီး လိုအပ်ပါတယ်။ မြန်မာနိုင်ငံက မိဘတွေဟာ ဆယ်ကျော်သက်လေးတွေကို လိင်ကိစ္စနဲ့ပတ်သက်ပြီး မိဘနဲ့သားသမီးကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောကြားမှု မရှိတာကြောင့် ကလေးတွေကလည်း သိချင်၊ မေးမြန်းချင်ပေမယ့် မမေးရဲဘဲ ထင်ရာ၊ မြင်ရာ လျှောက်လုပ်တတ်တာကြောင့် အန္တရာယ်ပိုရှိနိုင်ပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ Risk Taking Lifestyle ရှိတဲ့ မြီးကောင်ပေါက်တွေဟာ လိင်ကိစ္စနဲ့ပတ်သက်တဲ့ ပြဿနာတွေ၊ ရောဂါတွေ ကြုံတွေ့ရဖို့ ရာခိုင်နှုန်းပိုများပါတယ်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမှုတွေပြုခြင်းဟာ အန္တရာယ် ကြီးများကြောင်းကို သူတို့တွေ သိရှိထားဖို့ လိုပါတယ်။

ဆယ်ကျော်သက်အရွယ် အတော်များများကတော့ အရက်နဲ့ ဆေးလိပ်ကို စမ်းသပ်သုံးစွဲတတ်ကြတယ်။ တချို့ကတော့ တရားမဝင်တဲ့ မူးယစ်ဆေးဝါးတွေကို စမ်းသပ်ပြီး သုံးစွဲလေ့ရှိကြတယ်။ အင်္ဂလန်မှာ ၁၅ နှစ်အရွယ် ကလေး ၃ ယောက်မှာ ၁ ယောက်ဟာ တစ်ချိန်သို့မဟုတ် တစ်ချိန်မှာ မူးယစ်ဆေးတစ်မျိုးမျိုးကို စမ်းသပ်သုံးစွဲဖူးတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ မူးယစ်ဆေးဝါးနဲ့ အရက်ကို ပုံမှန်အမြဲတမ်း သုံးတာကတော့ ပုံမှန်သုံးစွဲတယ်ဆိုရင် ၁၅ နှစ်အရွယ်ခြောက်ယောက်မှာ တစ်ယောက်လောက်က ပုံမှန်သုံးစွဲတဲ့အဆင့်ထိ မြင့်တက်လာတာကို တွေ့ရှိရပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ စိတ်ကျန်းမာရေးပြဿနာတွေဖြစ်တာ နည်းတယ်ဆိုကြပေမယ့် စိတ်ကျ၊ စိတ်ကြွရောဂါတွေ၊ စိတ်ကစဉ့်ကလျားရောဂါဟာ ဒီအရွယ်လေးတွေမှာ စပြီးဖြစ်တတ်ပါတယ်။

နောက်တစ်ခုကတော့ Parental Shock မိဘတွေ ထိတ်လန့်စရာ ကိစ္စမျိုးပေါ့။ လိင်ကိစ္စနဲ့ ပတ်သက်လို့ သူတို့လေးတွေ စတင်ပြီး ပထမဆုံးအတွေ့အကြုံစမ်းသပ်ရှာဖွေတဲ့အခါ မိဘတွေအတွက် ထိခိုက်ခံစားစရာ၊ အံ့သြထိတ်လန့်စရာ ကိစ္စကြီးပဲ ဖြစ်ပါတယ်။ ဒါက ဆယ်ကျော်သက်တွေအတွက် ပထမဆုံး အတွေ့အကြုံဖြစ်သလို၊ မိဘတွေအတွက်လည်း ပထမဆုံး အတွေ့အကြုံဘဲ ဖြစ်ပါတယ်။ အဲဒီအခါမှာ ထိတ်လန့်တုန်လှုပ်စရာ အဖြစ်အပျက်ကြီး ဖြစ်ပေမယ့် ဒါကိုကျော်လွန်ပြီးရင် သူတို့အတွက် အကောင်းဆုံးဖြစ်အောင်၊ ပြေလည်သွားအောင် ဘဝသစ်တစ်ခုစနိုင်အောင် စဉ်းစားပြီး ပြုလုပ်ပေးရပါမယ်။

ကလေးတွေဟာ သူတို့ရဲ့ ဆယ်ကျော်သက်ကာလကို အကောင်းဆုံး၊ အတတ်နိုင်ဆုံး ရင်ဆိုင်ကျော်ဖြတ်သွားနိုင်ကြမှာဖြစ်လို့ မိဘတွေအနေနဲ့ အန္တရာယ်ကင်းကင်း ဖြတ်ကျော်နိုင်အောင် မြီးကောင်ပေါက်ကလေးတွေရဲ့ ကိုယ်ပိုင်အချိန်ကာလနဲ့ အခွင့်အလမ်းတွေကို သွားပြီး မပိတ်ပင်လိုက်ပါနဲ့။ ဆယ်ကျော်သက်လေးတွေကို နူးနူးညံ့ညံ့ညင်ညင်သာသာနဲ့ သိမ်မွေ့စွာကိုင်တွယ်သွားနိုင်ရင် ဆယ်ကျော်သက်လေးတွေရော၊ မိဘအုပ်ထိန်းသူတွေပါ စိတ်ချမ်းသာပျော်ရွှင်ကြရမှာပါ။

Credit : မောင်မောင်ထွန်းအောင်(ကျန်းမာရေး)

Address

No. (278), Corner Of KannNar Street & U ShweSoe Street, Kyimyindaing Township

11101

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959765686425

Alerts

Be the first to know and let us send you an email when နွေမိုးဆောင်း ဆေးနှင့်ဆေးပစ္စည်းဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to နွေမိုးဆောင်း ဆေးနှင့်ဆေးပစ္စည်းဆိုင်:

  • Want your practice to be the top-listed Clinic?

Share