ခဏတာအရိပ်ဆေးရုံ-Prometheus

ခဏတာအရိပ်ဆေးရုံ-Prometheus Charity

ဆရာဝန်ကြီးဖြစ်ချင်တယ်ဆိုတဲ့ ကလေးတွေကို ဒီပုံပြပြီး စာမတတ်ရင် နေပူထဲမှာ နဖူးကချွေးခြေမကျအောင်လုပ်ရမယ် စာတတ်လို့ဆရာဝန်ဖြစ်...
30/03/2026

ဆရာဝန်ကြီးဖြစ်ချင်တယ်ဆိုတဲ့ ကလေးတွေကို ဒီပုံပြပြီး စာမတတ်ရင် နေပူထဲမှာ နဖူးကချွေးခြေမကျအောင်လုပ်ရမယ်

စာတတ်လို့ဆရာဝန်ဖြစ်ရင် အရိပ်ထဲမှာဘဲ နဖူးကချွေးခြေမကျအောင်လုပ်ရမယ်လို့ ဆုံးမဖြစ်တယ် 😬

ခွဲခန်းအထွက် aircon မရှိတော့ ချွေးရွှဲချက်ကတော့မြင်တဲ့အတိုင်းဘဲ သကြားဓာတ်ပြည့်အောင် ကြံရည်သောက်နေပုံ 😅

သို့/အုန်းမွှေးလုံးသည်      စာသင်နေစဉ် ဤဆေးခန်းပရဝုဏ်အတွင်းသို့ သင်နေ့စဉ်လာရောက်ခြင်းအား တားမြစ်လိုက်သည်။😎😎နို့မဟုတ် ငါ ...
27/03/2026

သို့/
အုန်းမွှေးလုံးသည်

စာသင်နေစဉ် ဤဆေးခန်းပရဝုဏ်အတွင်းသို့ သင်နေ့စဉ်လာရောက်ခြင်းအား တားမြစ်လိုက်သည်။😎😎

နို့မဟုတ် ငါ မွဲမှာလေ 🤧🤧
သူတို့ကတော့ ပျော်လို့ 😅😅

Admin - Dr. PK

💡💡🪔🪔📃📃Admin - Dr. PK
25/03/2026

💡💡🪔🪔

📃📃

Admin - Dr. PK

ကျွန်တော်တို့ ခဏတာအရိပ်ဆေးရုံမှ မင်းသားအသစ်တစ်လက် ထွက်ပေါ်လာပါပြီ 😌😌ရုပ်ရှင်စီးရီးနှင့်ကြော်ငြာများ လက်ခံနေပါပြီ😂😂😂😂💉💊  ...
23/03/2026

ကျွန်တော်တို့ ခဏတာအရိပ်ဆေးရုံမှ မင်းသားအသစ်တစ်လက် ထွက်ပေါ်လာပါပြီ 😌😌

ရုပ်ရှင်စီးရီးနှင့်ကြော်ငြာများ လက်ခံနေပါပြီ
😂😂😂😂

💉💊

Thu

Admin - Dr. PK

ဘောလုံးပွဲပြီးပြီးချင်း စက်ထဲကနေ ဆရာမလေးက သတင်းပို့လာတယ်။ဆရာရေ… မဗိုက်က မွေးချိန်ကြာပြီး မွေးရခက်နေတယ်တဲ့။ဒါနဲ့ပဲ ပုံပါအ...
12/03/2026

ဘောလုံးပွဲပြီးပြီးချင်း စက်ထဲကနေ ဆရာမလေးက သတင်းပို့လာတယ်။
ဆရာရေ… မဗိုက်က မွေးချိန်ကြာပြီး မွေးရခက်နေတယ်တဲ့။

ဒါနဲ့ပဲ ပုံပါအတိုင်း ဘောကန်ဂျာစီကိုယ်စီနဲ့ ဆရာတပည့် ၂ ယောက် မိုးထဲလေထဲ မွေးခန်းရှိရာ အပြေးသွားလိုက်ကြရတော့တယ်။

ဟိုရောက်တော့ ကိုယ့်လို ကလေးအများကြီး ညှစ်မွေးထားသူ အဲ…အဲ…မှားလို့ 😅 ညှစ်မွေးခိုင်းဖူးထားသူအနေနဲ့ အတွေ့အကြုံတွေအရ ဒီဗိုက်မမက ညှစ်ပုံက ပုံစံမကျဘဲ ရင်ခေါင်းဝမှာ ညှစ်နေမှန်းသိလိုက်တယ်။
ဒီလိုနဲ့ပဲ မမဗိုက်ကို ညှစ်ပုံလှလှ ပုံစံကျကျ သင်ပေးလိုက်တယ်။

ခွဲမွေးစရာလည်း မလိုလောက်တာနဲ့ မွေးပေးနေတဲ့ ဆရာမလေးကိုပဲ ဆက်မွေးခိုင်းပြီး ကိုယ်ကတော့ ဘေးကနေ ပြာတာပဲလုပ်လိုက်တော့တယ် 😁
ညှစ်ပုံညှစ်နည်းမှန်တော့ သိပ်မကြာဘူး။ ကလေးထွက်တော့တာပါပဲ 😄😄

ကလေးက ယောက်ျားလေး၊ ၈ပေါင် ၆ အောင်စနဲ့ အားလုံး fine 😉
ကလေးပုံကတော့ နှလုံးရောဂါလူနာအရေးပေါ်ရှိနေသေးလို့ ပြေးသွားကြည့်လိုက်ရသေးတာနဲ့ မရိုက်လိုက်ရ။

P.S - ပြေးပြေးလွှားလွှားနဲ့ ပင်ပန်းသွားပေမဲ့ ကိုယ့်အသင်းက လောလောလတ်လတ် 4-0 နဲ့ နိုင်ထားတာမို့ ဖြေသာပါတယ်လေ 😁😁

Admin - Dr. PK

ကျွန်တော်တို့ ဆေးရုံက ဆရာမလေးတစ်ဦးကို interview ထားတာလေးပါ 🫡Admin - Dr. PK
08/03/2026

ကျွန်တော်တို့ ဆေးရုံက ဆရာမလေးတစ်ဦးကို interview ထားတာလေးပါ 🫡

Admin - Dr. PK

နားထဲကို ပဲစေ့ဝင်သွားတာ ထုတ်ချင်လို့ဆိုပြီး ဆေးခန်းလာပြတယ်။ဪ…  ကလေးရယ်။သူ့ခမျာ အတော်ကြောက်နေရှာတာ 🤧🤧Admin - Dr. PK
05/03/2026

နားထဲကို ပဲစေ့ဝင်သွားတာ ထုတ်ချင်လို့ဆိုပြီး ဆေးခန်းလာပြတယ်။

ဪ… ကလေးရယ်။
သူ့ခမျာ အတော်ကြောက်နေရှာတာ 🤧🤧

Admin - Dr. PK

ဆေးရုံကို တစ်နှစ်ထက်တစ်နှစ် ပို၍ ပို၍ ပုံစံကျနအောင် တည်ဆောက်နေပါတယ် 💪ဝတ်စားဆင်ယင်မှုကစလို့ လူနာတွေ ယုံကြည် လေးစား အားကို...
03/03/2026

ဆေးရုံကို တစ်နှစ်ထက်တစ်နှစ် ပို၍ ပို၍ ပုံစံကျနအောင် တည်ဆောက်နေပါတယ် 💪

ဝတ်စားဆင်ယင်မှုကစလို့ လူနာတွေ ယုံကြည် လေးစား အားကိုးလိုစိတ်ဖြစ်အောင် တဖြည်းဖြည်းပြုပြင်လာခဲ့ပါတယ် 🙏

ဒါကတော့ ဒီနှစ်ထပ်ပေါင်းထည့်ဖြစ်တဲ့ တတိယမြောက်ဝတ်စုံလေးပါ 😉

ဘယ်လိုပဲကြည့်ကြည့် အလယ်ကထိုင်နေတဲ့ ဆရာလေးကတော့ အချောဆုံးပါပဲ 😌😌

Admin - Dr. PK

ဆေးရုံက စရိတ်မျှပေးစနစ်နဲ့သွားနေပါတယ်။တချို့ကလည်း အခမဲ့စနစ်ကနေ ငွေကြေးကောက်ခံတော့ ပြောကြတာလေးတွေလည်းရှိတာပေါ့။မြေပြင်မှာ...
17/02/2026

ဆေးရုံက စရိတ်မျှပေးစနစ်နဲ့သွားနေပါတယ်။
တချို့ကလည်း အခမဲ့စနစ်ကနေ ငွေကြေးကောက်ခံတော့ ပြောကြတာလေးတွေလည်းရှိတာပေါ့။
မြေပြင်မှာ FOC(အခမဲ့) ပေးနေသေးတာက တစ်နေ့ကို အနည်းဆုံး သုံးပုံတစ်ပုံဆိုတော့ ဆေးဖိုးက ကာတောင် မကာမိတဲ့နေ့တွေမှ အများကြီးပါ။
(အခြား အထွေထွေကုန်ကျစရိတ်ကတော့ ဝန်ထပ်ပိတာပေါ့လေ)

ဒီပုံလေးကတော့ ကျွန်တော်ဆေးဝယ်ဖို့ အချိတ်အဆက်ယူမယ့် ခရီးမထွက်ခင်နေ့က နံနက်ပိုင်း ၁၁ နာရီမှာ ရိုက်ခဲ့တဲ့ပုံပါ။
FOC patient ကတော့ ပုံပါအတိုင်းပါပဲ။

အခု ဆေးကို စျေးသက်သက်သာသာနဲ့ဝယ်လို့ရတဲ့နေရာကို ရောက်နေပါတယ်။
အခုအချိန်လာကူကြရင် အရမ်းအရမ်း အလွန့်အလွန်ကို ကျေးဇူးတင်မိမှာပါ 🙏🫡

Admin - Dr. PK

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ခဏတာအရိပ်ဆေးရုံ-Prometheus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category