17/12/2025
ဆီးချိုအမျိုးအစား (၂) ဟာ တကယ်ပဲ မျိုးရိုးလိုက်တဲ့ရောဂါလား?
---------------------------------------------------------------
🌏အကြောင်းအရင်းများစွာနဲ့ ရှုပ်ထွေးနေတဲ့ ဆီးချိုအမျိုးအစား (၂) (T2DM)ဖြစ်ပွားရတာဟာ မျိုးရိုးကြောင့်လို့ တော့ ၁၀၀% ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ မိမိနေထိုင်စားသောက်မှု ပုံစံနဲ့ ပတ်ဝန်းကျင် (lifestyle and environmental factors) တို့ကြောင့်လဲ ဆီးချို (T2DM) ဖြစ်စေနိုင်လို့ပါပဲ။
၁။ ကိုယ့်ရဲ့ ကိုယ်အလေးချိန် များနေမယ် (အထူးသဖြင့် ဗိုက်ပူနေမယ်)
၂။ အလွန်အကျွံ ပြုပြင်ထားတဲ့ အစားအစာ ၊ အဆီနဲ့ အချိုဓာတ် ထပ်ထည့်ထားတဲ့ အစားအစာတွေ အမြဲစားဖြစ်နေမယ်
၃။ အထိုင်များပြီး ကိုယ်လက်လှုယ်ရှားမှု မရှိဘူးဆိုရင်
၄။ စိတ်ဖိစီးမှု နေ့စဉ်များနေမယ် ဆိုရင်
၅။ အရက်၊ဆေးလိပ် နေ့စဉ် ပမာနများများ သောက်နေမယ်ဆိုရင်တော့
ဒီ lifestyle အချက်အလက် တွေကြောင့် genes မျိုးရိုးဗီဇ ပြောင်းလဲ နိုင်ပါတယ်။ အဲ့ဒါကို ပတ်ဝန်းကျင်ကြောင့် ဗီဇပြောင်းလဲခြင်း (epigenetic changes) လို့ခေါ်ပါတယ်။
ဒါ့အပြင် ဆီးချို (T2DM) ဖြစ်စေတဲ့ ဗီဇ (gene) က တစ်မျိုးတည်းမဟုတ်ဘူး။ မတူညီတဲ့ genes မျိုးရိုးဗီဇမျိုးကွဲတွေက ခန္တာကိုယ်မှာ အင်ဆူလင် ထုတ်လုပ်ပုံ၊ထိန်းချုပ်ပုံ နဲ့ တုံ့ပြန်ပုံ စတာတွေကို ဆက်စပ်ပြီး အလုပ်လုပ်နေကြလို့ ဆီးချိုဟာ polygenic disorder ဖြစ်တယ်လို့ သိပ္ပံ ပညာရှင်များ က ဖော်ထုတ်ထားပါတယ်။
(ချွင်းချက်။။ Maturity-Onset Diabetes of the Young (MODY) လိုမျိုး ဆီးချိုအမျိုးအစားကတော့ gene တစ်မျိုး တည်းကြောင့်ဖြစ်လို့ monogenic disorder ဖြစ်ပါတယ်။)
မျိုးရိုးဗီဇက ဖြစ်နိုင်ခြေကိုသာပေးသော်လည်း ရောဂါ မုချဖြစ်လာမည်ကို အာမခံချက်မပေးပါ။
ဥပမာ သင့်မိဘတစ်ဦးဦးမှာ ဆီးချို(T2DM) ရှိတယ်ဆိုရင် သင့်မှာ ဒီရောဂါ ဖြစ်နိုင်ခြေ 40% ရှိတယ်။ ကျန်တဲ့ရာခိုင်နှုန်းကတော့ ကိုယ့်ရဲ့ lifestyle နဲ့ဆိုင်သွားပါပြီ။ ဒါကြောင့် မျိုးရိုးဗီဇကိုပဲ အပြစ်ပုံလို့မရပါဘူး။
ကိုယ့်ရဲ့နေထိုင်စားသောက်မှု lifestyle ကိုလည်း ကြိုးစားပြီးေပြာင်လဲးလိုက်ရင်ဖြင့် ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ဖြစ်လာခဲ့ရင်လည်း ပိုမဆိုးအောင် တားဆီးနိုင်ပါတယ်။
Genetics loads the g-u-n, lifestyle pulls the tri-gger!!!
#ဆီးချို