14/11/2020
မင်္ဂလာပါခင်ဗျာ
‗
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ၁၄.၁၁.၂၀၂၀ ထုတ်ပြန်ချက်အရ
COVID-19 ရောဂါက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး
ဘယ်သူ့ဆီမှာ ရောဂါရှိနေမလဲဆိုတာ အလွယ်တကူမသိနိုင်တော့ အိမ်ကနေ အပြင်ထွက်ပြီဆိုတာနဲ့ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မပျက်မကွက် စနစ်တကျတပ်ဆင်ကြဖို့ အထူးအရေးကြီးပါတယ်ဗျ ။
လူအများအပြားနဲ့ နီးကပ်စွာပြောဆိုလုပ်ကိုင်ကြရသူများအနေနဲ့ကတော့ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နဲ့အတူ မျက်နှာအကာ (Face Shield) ကို တွဲဖက်တပ်ဆင်အသုံးပြုမယ်ဆိုရင်တော့ဖြင့် ရောဂါကူးစက်မှုကို ပိုမို ကာကွယ်နိုင်မှာ အသေအချာပဲပေါ့ဗျာ ။
ပါးစပ်နဲ့ နှာခေါင်းစည်းကို နေ့စဉ်ဘဝမှာ ပုံမှန်တပ်ဆင်ကြမှ ရောဂါကူးစက် ပြန့်ပွားမှုကို ဆက်လက် ကာကွယ်ထိန်းချုပ်နိုင်မှာဖြစ်လို့ လူအများနဲ့ ပြောဆိုလုပ်ကိုင်ရာနေရာတိုင်းမှာ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး စီမံချက်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သွားမယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတယ်ဗျ ။
COVID-19 ကပ်ရောဂါကာကွယ်ထိန်းချုပ်ဖို့ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မဖြစ်မနေ စနစ်တကျတပ်ဆင်ကြပါစို့
(ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)
လူကြီးမင်းတို့၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက်
Dr. Yan Naing Aung
Ph- 095049388 သို့ မနက် (၉) နာရီမှ ည (၈) နာရီအတွင်း ဆက်သွယ်၍ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။