02/12/2025
💥အသိနောက်ကျမှုမဖြစ်ရအောင် သတိပြုကာကွယ်ကြပါ...
⏰နေ့စဥ် ခံတွင်းနှင့်ပတ်သက်သော အရာများကို လူတိုင်းလိုလိုထိတွေ့နေကြရပါတယ်...
ထို့ကြောင့် ခံတွင်းသန့်ရှင်းမှုသည် အရေးပါ လှပါတယ် ...✨✨
ခံတွင်းရောဂါ ဖြစ်ပွားခြင်းမှသည် ခံတွင်းကင်ဆာထိ မဖြစ်ပွားအောင် ဘယ်လို ဂရုပြုနေထိုင်ကြမလဲ...?
🚨ကာကွယ်နိုင်မည့်နည်းလမ်းများ
✅ဆေးလိပ်မသောက်ရန်
✅ကွမ်း နှင့် ဆေးရွက်ကြီးမငုံရန်
✅အရက် အလွန်အကျွံ မသောက်ရန်
✅သွား နှင့် ခံတွင်းသန့်ရှင်းရေးဂရုစိုက်ရန်
✅ချွန်ထက်သော သွားနှင့် အကြိမ်ရေများစွာ ထိခိုက်မိခြင်းကို ရှောင်ရန်
✅ဗီတာမင် A နှင့် ဗီတာမင် C ကိုမျှတစွာစားသုံးရန်
🚨ခံတွင်းကင်ဆာ ရောဂါလက္ခဏာများ
✅ ပါးစပ်တွင် ကျက်ရန်ခက်ခဲသောအနာဖြစ်ခြင်း
✅လျှာ၊ ပါးစောင် တို့မကြာခဏရောင်ခြင်း
✅နားကိုက်ခြင်း
✅လည်ပင်းတွက် အကျိတ်စမ်းမိခြင်း
✅ပါးစပ်မဟနိုင်ခြင်း
✅အစာမျိုရန်ခက်ခဲခြင်း
✅လျှာတွင် အဖြူအကွက်/ အနီအကွက်များ ဖြစ်ပေါ်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်...
👩🏻⚕️ဒီလို လက္ခဏာတစ်ခုခုတွေ့ရင်တော့ပေါ့ပေါ့ဆဆမနေဘဲ ဆရာဝန် နှင့် အမြန်ဆုံး ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်သင့်ပါသည်။
🏥တာမွေမြို့နယ်(ရွှေဗဟိုဆေးရုံ)တွင်
ခံတွင်းနှင့်ဆိုင်ရာ အထူးကုခွဲစိတ်ဆရာဝန်ကြီးများက နေ့စဥ် ကုသပေးလျက်ရှိပါသည်။
⸻
📍 Shwe Baho Hospital
📞 Tel: 01-9545851, 01-9548367, 09263683904
🏥 အမှတ် (၁/၃၃)၊ သမိန်ဗရမ်းလမ်း၊ မေတ္တာရိပ်မွန်အိမ်ရာဝင်း၊ နတ်ချောင်းရပ်ကွက် ၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့