ထိပ်တန်း Pharmacy

ထိပ်တန်း Pharmacy Home delivery available for North Dagon . Any medicines need call us Plz �����

တစ်ခါတလေလည်း ဖြစ်တတ်တာပဲကို 😜😜😜😜😜
11/11/2025

တစ်ခါတလေလည်း ဖြစ်တတ်တာပဲကို 😜😜😜😜😜

B6 ကုန်နေလို့ B12 ကို တခြမ်းသောက်လို့ လူနာကိုပြောမိတာကို ဆေးရုံအုပ်က ရုံးခန်းခေါ်ဆူ‌ေနလို့ တခါတည်းအလုပ်ထွက်လာ လိုက်တယ် ဘယ်နားမှားလို့လဲ 🙄

17/12/2024

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံကြီးများ
(Private Hospitals)
လိုအပ်သူများအတွက်

ပါရမီဆေးရုံ (Parami Hospital)
အမှတ် (၆၀/ဂျီ/၁)၊ ပါရမီလမ်း၊ ချော်တွင်းကုန်းမှတ်တိုင်အနီး၊
(၁၀) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်။
ဖုန်း - ၆၅၇၂၂၇ ၊ ၆၅၁၆၇၄ ၊ ၆၆၀၀၈၃

ပင်လုံဆေးရုံ (Pin Lon Hospital)
အမှတ် (၉/၁)၊ ဆရာစံလမ်း၊ (၂၇) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။ +959777779003
ဖုန်း - ၇၀၃၃၀၁ ၊ ၅၈၁၃၂၉ ၊ ၅၈၁၆၁၆ ၊ ၅၈၃၀၈၉ ၊ ၈၀၁၀၀၄၅ ၊ ၈၀၁၀၉၀၈.

ပန်းလှိုင်ဆေးရုံ (Pun Hlaing Hospital)
ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၊ လှိုင်သာယာမြို့နယ်။
+959772889922
ဖုန်း - ၆၈၄၃၂၃ ၊ ၀၉-၄၂၁၀၄၂၆၇၉

ဗဟိုစည်ဆေးရုံ (Bahosi Hospital)
တိုက် (ဘီ ၁/၂/၅/၆ ၊ ဘီ ၃၁/၃၆)၊
ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်ဝါးတန်းလမ်းထောင့်၊
ဗဟိုစည်အိမ်ရာ၊ (၁၀) ရပ်ကွက်၊ လမ်းမတော်မြို့နယ်။
ဖုန်း - ၂၁၂၉၃၂ ၊ ၂၂၇၂၂၆ ၊ ၂၃၀၀၆၃၁။

အကယ်ဒမီဆေးရုံ (Academy Hospital)
အမှတ် (၃၃၅)၊ အောက်ကြည့်မြင်တိုင်လမ်း၊
ဌာနာရပ်ကွက်၊ အလုံမြို့နယ်။ +9518212890.
ဖုန်း - ၈၂၁၂၈၉၀ ၊ ၂၁၂၈၈၆ ၊ ၂၁၂၈၈၇ ၊ ၂၁၂၈၈၉ ၊ ၂၂၉၇၄၆

အရှေ့အနောက်ပါရမီဆေးရုံ (East West Parami Hospital)
အမှတ် (၆၃၄/၆၃၅)၊ ခါတော်မီလမ်း၊
(၃၆) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။
ဖုန်း - ၅၈၄၀၅၄ ၊ ၅၈၀၀၈၄ - ၁၀၀/၂၀၀ ၊ ၈၀၁၀၄၇၈

အာရှတော်၀င်ဆေးရုံ (Asian Royal General Hospital)
အမှတ် (၁၄)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်။
ဖုန်း - ၅၃၈၀၅၅ ၊ ၅၀၃၂၆၁ ၊ ၅၃၆၈၀၂၊ ၂၃၀၄၉၉၉။

အိုအက်စ်စီဆေးရုံ (Okkala Specialist Clinic)
အမှတ် (၁၃၇)၊ သုဓမ္မာလမ်း၊ ဘုန်းကြီးလမ်းမှတ်တိုင်၊
(၂) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။+9514706622.
ဖုန်း - ၆၅၃၂၀၇ ၊ ၆၅၂၀၄၃ ၊ ၆၅၆၁၇၆၊

ဂရင်းခရော့(စ်)ဆေးရုံ Green Cross Hospital (Maw Tin Hospital))
အမှတ် (၁၀၁)၊ လမ်းသစ်လမ်း၊ (၁၁) ရပ်ကွက်၊ လမ်းမတော်မြို့နယ်။
ဖုန်း - ၂၃၀၀၅၅၁ ၊ ၂၃၀၀၆၅၂ ၊ ၂၃၀၀၆၅၃

တက်လမ်းဆေးရုံ (Tet Lann Hospital)
အမှတ် (၆၁)၊ သံသုမာလမ်း၊ မင်းရဲကျော်စွာလမ်းထောင့်၊
(၇) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။+959407897774.
ဖုန်း - ၅၆၄၅၈၅ ၊ ၀၉-၅၁၅၄၆၆၄

ထွန်းဖောင်ဒေးရှင်းဆေးရုံ (Tun Foundation Hospital)
အမှတ် (၁၄)၊ ကျန်စစ်သားလမ်း၊ (၈) ရပ်ကွက်၊
လှိုင်သာယာမြို့နယ်။
ဖုန်း - ၆၄၅၁၀၀ ၊ ၆၄၅၂၀၀ ၊ ၆၄၅၃၀၀

ဒဂုံဆိပ်ကမ်းဆေးရုံ (Dagon Seikkan Hospital)
၁၆၈၊ ကနောင်မင်းသားကြီးလမ်း၊ ၈၇ ရပ်ကွက်၊
ဒဂုံဆိပ်ကမ်းမြို့နယ်။
ဖုန်း - ၅၉၂၂၃၁ ၊ ၀၉-၇၃၀၇၄၀၀၆

နှင်းဆီကုန်းဆေးရုံ (Rose Hill ENT & General Hospital)
အမှတ် (၂၀/အေ)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်။+951552547.
ဖုန်း - ၅၅၈၄၅၉

မဟာမြိုင်ဆေးရုံ (Mahar Myaing Medicare Centre)
အမှတ် (၃၀၈)၊ ပြည်လမ်း၊ မြေနုလမ်းထောင့်၊ မဟာမြိုင်မှတ်တိုင်အနီး၊ စမ်းချောင်းမြို့နယ်
ဖုန်း - ၅၀၄၉၂၇ ၊ ၅၀၃၈၂၅

မူဆလင်အခမဲ့ဆေးရုံ (Muslim Free Hospital & Medical Relief Society)
အမှတ် (၁၉၆/၂၀၀)၊ မဟာဗန္ဓုလပန်းခြံလမ်း၊ အနော်ရထာလမ်းနှင့်မဟာဗန္ဓုလလမ်းကြား၊
အလယ်ဘလောက်၊ (၂) ရပ်ကွက်၊ ကျောက်တံတားမြို့နယ်။
ဖုန်း - ၃၇၆၆၄၈

မိုးမေတ္တာဆေးရုံ (Moe Myittar Hospital)
အမှတ် (၃၀)၊ အောင်မြေသာစည်လမ်း၊ (၁) ရပ်ကွက်၊ ကမာရွတ်မြို့နယ်။
ဖုန်း - ၅၂၃၅၆၄ ၊ ၅၂၃၅၆၈

မေတ္တာဦးဆေးရုံ (Myittar Oo (MTO) Hospital)
အမှတ် (၄၉၉)၊ ပြည်လမ်း၊ (၈) ရပ်ကွက်၊ ကမာရွတ်မြို့နယ်။
ဖုန်း - ၅၂၅၄၉၆

မြင့်မြတ်တော်၀င်ဆေးရုံ (Myint Myat Taw Win Hospital)
အမှတ် (၅၀၇)၊ ပြည်လမ်း၊ ပြည်ရိပ်သာလမ်းထောင့်၊ စိန်ရတုခန်းမရှေ့၊
(၈) ရပ်ကွက်၊ ကမာရွတ်မြို့နယ်။
ဖုန်း - ၅၂၅၄၉၆

ရွှေဂုံတိုင်(အက်စ်အက်စ်စီ)ဆေးရုံ (Shwe Gon Dine Specialist Centre (SSC))
အမှတ် (၇)၊ ရွှေဂုံတိုင်လမ်း၊ ငါးထပ်ကြီး(တောင်)ရပ်ကွက်၊ ဗဟန်းမြို့နယ်။
ဖုန်း - ၅၄၄၁၂၈ ၊ ၅၄၄၁၁၆ ၊ ၅၄၁၄၅၇ ၊ ၅၄၁၁၈၇ ၊ ၈၆၀၃၆၁၈ ~ ၈၆၀၃၆၂၅

ရွှေဂုံတိုင်(အက်စ်အက်စ်စီ)(အမျိုးသမီးဆေးရုံ) (Shwe Gon Dine Specialist Centre (SSC) (Women's Center))
အမှတ် (၇)၊ ရွှေဂုံတိုင်လမ်း၊ ငါးထပ်ကြီး(တောင်)ရပ်ကွက်၊ ဗဟန်းမြို့နယ်။
ဖုန်း - ၅၄၃၂၇၈ ၊ ၅၅၄၄၁၂ ၊ ၅၅၄၄၁၃

ရွှေဗဟိုဆေးရုံ (Shwe Baho Hospital)
အမှတ် (၁/၃၃)၊ သမိန်ဗရမ်းလမ်း၊ မေတ္တာရိပ်မွန်အိမ်ရာ၊
နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်။+959263683904.
ဖုန်း - ၅၄၄၀၉၀ ၊ ၅၄၅၈၅၁ ၊ ၅၄၈၃၆၇

ရွှေလမင်းဆေးရုံ (Shwe La Min Hospital)
အမှတ် (၁၂၅၄)၊ သုဓမ္မာလမ်း၊ (၂) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။ +9512301948.
ဖုန်း - ၆၅၆၂၀၃ ၊ ၆၅၆၂၀၄ ၊ ၆၅၆၂၀၅ ၊ ၀၉-၅၄၀၁၃၃၁

ဝိတိုရိယဆေးရုံ (Victoria General Hospital)
အမှတ် (၆၈)၊ တော်၀င်လမ်း၊ (၉) မိုင်၊
(၄) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်။
ဖုန်း - ၆၆၆၁၄၁ ၊ ၆၆၆၁၂၆

သုခကမ္ဘာဆေးရုံ (Thukha Kabar Hospital)
အမှတ် (၆၁၅/E)၊ မာလာမှတ်တိုင်အနီး၊ ပြည်လမ်း၊ (၂) ရပ်ကွက်၊ ကမာရွတ်မြို့နယ်။
ဖုန်း - ၅၀၀၁၀၀ ၊ ၅၀၅၂၀၀ ၊ ၅၃၆၅၀၀ ၊ ၅၂၆၃၂၉

သီရိစန္ဒာဆေးရုံ (Thiri Sandar Hospital)
အမှတ် (၁၃၀)၊ သာယာကုန်းလမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်။ +9513647311.
ဖုန်း - ၆၄၀၂၆၂ ၊ ၆၄၀၂၅၉ ၊ ၆၄၃၆၉၁

သုခ၀တီဆေးရုံ (Thukha Waddy Hospital)
၃ လွှာ၊ လမ်းမတော်လမ်းနှင့်ကမ်းနားလမ်းထောင့်၊
(၇) ရပ်ကွက်၊ လမ်းမတော်မြို့နယ်။
ဖုန်း - ၂၂၄၂၄၅ ၊ ၂၁၄၂၈၂ ၊ ၀၉-၅၁၆၅၈၈၀

သျှင်ပါကူဆေးရုံ (Shin Pa Ku Hospital)
အမှတ် (၇၁/၇၃)၊ ဗညားဒလလမ်းနှင့်ဖိုးစိန်လမ်းထောင့်၊
ဗိုလ်ချို (၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်။ +951209368.
ဖုန်း - ၅၄၉၈၂၀ ၊ ၅၄၈၇၇၉ ၊ ၅၄၉၇၆၈ ၊ ၅၅၇၄၄၄

အောင်ရတနာဆေးရုံ (Aung Yadanar Hospital)
အမှတ် (၅/၂၄)၊ သီရိဂုဏ်အိမ်ရာ၊ ဝေဇယန္တာလမ်း၊ (၁၆/၂) ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်။ +9513551355.
ဖုန်း - ၅၆၁၈၇၈ ၊ ၅၇၃၆၃၁ ၊ ၅၇၃၆၃၂

ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းဆေးရုံ (Hla Tun (U) Cancer Foundation Hospital)
အမှတ် (၂) လမ်းမကြီး၊ ဦးထွန်းမြတ်မှတ်တိုင်၊ ရွာသာကြီးရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်။
ဖုန်း - ၇၂၁၇၁၅ ၊ ၅၈၅၁၃၄ ၊ ၅၅၄၃၅၁ ၊ ၅၄၁၄၉၅

SML Caring Haemodialysis Centre
တိုက် (S/19)၊ ဦးချစ်မောင်လမ်း၊ ဦးချစ်မောင်အိမ်ရာ၊
တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်။
ဖုန်း - ၅၅၄၀၂၄

SML Medical & Diagnostic Center
အမှတ်(၀၀၃/၀၀၄)၊ဒဂုံတာဝါ၊ ကမ္ဘာအေးဘုရားလမ်း။
ဖုန်း +95 9780162447

ပြည်တော်ဦးဆေးရုံ
အမှတ် (၁၂၆/အေ)၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်။
ဖုန်း - ၅၂၄၈၅၁

Guru Nanak Hospital
အမှတ် (၂၆၆)၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
ဖုန်း - ၂၉၄၀၈၆

ပါရဂူဆေးရုံ(Paragu Hospital)
အမှတ်(၁၄၀/၁၄၄)၊ အနော်ရထာလမ်း(၄၈-လမ်းထောင့်)
ဗိုလ်တထောင်မြို့နယ်။
ဖုန်း - 294616, 294252, 294293, 293680,
09897058233, 09897058244

ရွှေပါရမီအထွေထွေရောဂါကုဆေးခန်း
M-3၊ မေခအိမ်ရာ၊ လေးထောင့်ကန်လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်။
ဖုန်း - ၅၆၁၉၀၂

မြတ်မွန်ရတနာအထူးကုဆေးခန်း
အမှတ် (၃၅၇)၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
ဖုန်း - ၃၈၃၈၁၈ ၊ ၀၉-၄၂၀၁၀၅၄၂

အာယုဆေးရုံ (Ar Yu International Hospital)
(အမှတ် ၄၀၀)၊ ကျိုက်က္ကဆံလမ်း၊ တာမွေမြို့နယ်။
ဖုန်း- 01 9376200

ကိုယ်တိုင်လိုအပ်ပါကကြည့်ရန်
မူရင်းတင်သူကို Credit ပေးပါသည်။

14/12/2024

For ur informations& Be awareness!!!
တရုတ်ပြည်မှာတော့ စဖြစ်နေပါပြီ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)
ကူးစက်ရောဂါများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကဘာလဲ။
နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း က ရုတ်တရက် ပြင်းထန်စွာ အော့အန်ခြင်း နဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ကူးစက်စေနိုင်ပြီး ချက်ပြုတ် ပြင်ဆင်တဲ့အခါ ဒါမှမဟုတ် ညစ်ပတ်တဲ့ ကြမ်းခင်းတွေပေါ်ကနေ တစ်ဆင့် မသန့်ရှင်းတဲ့ ရေ သို့မဟုတ် အစားအစာ အဖြစ်ကနေ ကူးစက်ခြင်းဖြစ်ပါတယ်။ ]

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း ဟာ အလွန်အတွေ့ရများပါတယ်။ အန္တရာယ်ရှိတဲ့ အချက်တွေကို ရှောင်ကြည်ခြင်းအားဖြင့် ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။ ထပ်သိချင်တယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။

လက္ခဏာများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အတွေ့ရများတဲ့ နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း လက္ခဏာတွေကတော့ –

မူးဝေခြင်း

အော့အန်ခြင်း

ဝမ်းဗိုက်နာကျင်ခြင်း

အရည်ဝမ်းသွားခြင်း

ကိုယ်လက်မအီမသာ ဖြစ်ခြင်း

တငွေ့ငွေ့ဖျားခြင်း

ကြွက်သားများ နာကျင်ခြင်း

ဗိုင်းရပ်နဲ့ ထိတွေ့မိပြီး ၁၂ နာရီကနေ ၄၈ နာရီ အတွင်း ရောဂါလက္ခဏာတွေ စတင်ဖြစ်ပေါ်လာပါတယ်။ ပြန်ကောင်းပြီး နောက်ထပ် ၂ ပတ်လောက်ကြာတဲ့ အထိ မစင်မှာ ပိုးတွေ့နိုင်တဲ့ အတွက် သေချာစွန့်ပစ်ဖို့ လိုပါတယ်။ ကျန်းမာရေး သိပ်မကောင်းသေးဘူးဆိုရင် ရောဂါပိုးဟာ လပေါင်းများစွာအထိ ကျန်ရှိနေနိုင်ပါတယ်။

နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတဲ့ တချို့လူတွေမှာတော့ လူကောင်းအတိုင်းပဲ ဖြစ်ပြီး ဘယ်လို လက္ခဏာမှ မပြပါဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်တွေကတော့ တခြားတစ်ယောက်ကို ကူးစက်နိုင်ပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေထဲမှာ ကျန်ခဲ့တာ ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာတစ်ခုခုနဲ့ ပတ်သက်ပြီး ပူပန်စရာ တစ်ခုခုရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
ရက်အတော်ကြာအောင် ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ မပျောက်ဘူးဆိုရင် ဆရာဝန်ပြပါ။ အန်တာ၊ သွေးဝမ်းသွားတာ၊ ဗိုက်အောင့်တာ၊ ရေဓါတ်ခမ်းခြောက်တာတွေ ဖြစ်ခဲ့ရင်လည်း ဆရာဝန်ပြပါ။

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ခန္ဓါကိုယ်လှုပ်ရှားမှုပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ သင့်အတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ
Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ဘာတွေက နိုရိုဗိုင်းရပ်စ် ကူးစက်ခြင်းကို ဖြစ်စေသလဲ။

မသန့်ရှင်းတဲ့ ဖျော်ရည်နဲ့ အစားအစာတွေကို စားသောက်မိတဲ့ အခါ နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတတ်ပါတယ်။ အစိမ်း သို့မဟုတ် ကျက်အောင်ချက်မထားတဲ့ ကမာကောင်တွေနဲ့ ဟင်းသီးဟင်းရွက် အသီးအနှံ အစိမ်းတွေကလည်း ဖြစ်စေပါတယ်။ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ ပစ္စည်း သို့မဟုတ် နံရံကို ထိလိုက်ပြီး နှာခေါင်း၊ ပါးစပ်၊ မျက်စိ တွေကို ထိလိုက်မယ် ဆိုရင် ရောဂါပိုး ကူးစက်ခံရတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
နိုရိုဗိုင်းရပ်စ်ကူးစက်ဖို့ အန္တရာယ်ရှိတဲ့ ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။

နည်းစနစ်တကျ သပ်ရပ်သန့်ရှင်းမှုရှိနေအောင် လုပ်မထားတဲ့ အစာကို စားမိခြင်း
မူကြို၊ နေ့ကလေးထိန်းကျောင်း တွင် တက်ရောက်ခြင်း
နီးကပ် ကျပ်သိပ်စွာ နေထိုင်ရခြင်း (ဥပမာ – ကလေးထိန်းသည့်နေရာများ)
လူအများအပြား နီးကပ်စွာ နေထိုင်လေ့ရှိသော ဟိုတယ်များ၊ ရီဆော့များ၊ ပင်လယ်ကူးသင်္ဘောများ သို့မဟုတ် အခြား နေရာများ
နိုရိုဗိုင်းရပ်စ်ကူးစက်ခံထားရသော လူတစ်ယောက်ယောက် နှင့် ထိမိခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆေးစစ်တာက ရောဂါလက္ခဏာတွေ အပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် ဝမ်းနမူနာကို ကြည့်ပြီး နိုရိုဗိုင်းရပ်စ်ကို စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ သင့်မှာ မမျှတတဲ့ ရောဂါခုခံမှု စနစ် ဒါမှမဟုတ် တခြားရောဂါ အခြေအနေတွေရှိမယ်ဆိုရင် နိုရိုဗိုင်းရပ်စ် ရှိမရှိကို စစ်ဖို့ ဝမ်းနမူနာ ယူခိုင်းပါလိမ့်မယ်။

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကို ဘယ်လိုကုသပါသလဲ
နိုရိုဗိုင်းရပ်စ်ဟာ တခြားဗိုင်းရပ်စ်ပိုးတွေလိုပဲ ပဋိဇီ၀ ဆေးတွေကို မဖြုံပါဘူး။ ဘက်တီးရီးယားသတ်တဲ့ ဘယ်သောက်ဆေးကမှ နိုရိုဗိုင်းရပ်စ်ကို မတိုက်ခိုက်နိုင်ပါဘူး။ ဒါပေမယ့် ကျန်းမာရေး ကောင်းတဲ့ လူတွေမှာ ဆိုရင် ဗိုင်းရပ်စ်တွေ ကင်းစင်သွားဖို့ ရက်အနည်းငယ်လောက်သာ ကြာပါတယ်။ လူအများစုကတော့ ဗိုင်းရပ်စ်ကြောင့် ဝေဒနာ တာရှည်ခံစားရတာမျိုး မရှိပါဘူး။

ရေဓါတ်ခမ်းခြောက်တာကို ကာကွယ်ဖို့ အတွက် အရည်အများကြီး အထူးသဖြင့် ရေ နဲ့ အချိုရည်တွေကို သောက်ပါ။ ကလေးတွေကို ကုန်ခမ်းသွားတဲ့ အရည်နဲ့ အီလက်ထရိုလိုက်တွေ ပြန်ဖြည့်ပေးဖို့ ရေဓါတ်ဖြည့်အချိုရည်တွေ တိုက်ပါ။ သကြားပါတဲ့ အချိုရည်တွေကို ရှောင်ပါ။ ဝမ်းပျက်ဝမ်းလျှောခြင်း ပိုဆိုးလာနိုင်ပါတယ်။ အရက်နဲ့ ကဖင်းပါတဲ့ အချိုရည်တွေကလည်း ရေဓါတ်ကုန်ခမ်းစေပါတယ်။

ရေဓါတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့ ရပ်နေတဲ့ အခါမှာ မူးဝေခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဆီးနည်းနည်းသာသွားခြင်း တို့ပါဝင်ပါတယ်။ ရေဓါတ်ကုန်ခမ်းနေတဲ့ ကလေးတွေကတော့ အိပ်ချင်နေပြီး ငိုတဲ့ အခါမှာလည်း မျက်ရည် မထွက်သလောက် ဖြစ်နေပါလိမ့်မယ်။

ဂေးဒေါ့စ် က “တချို့ လူတွေကတော့ နှုံးခွေပြီး ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရပါလိမ့်မယ်။ အဲ့ဒါ ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ အီလက်ထရိုလိုက် ပမာဏ မမျှတာတော့တဲ့ အတွက် ဖြစ်ပါတယ်။ အဲ့ဒီအချိန်ဆိုရင် ဆေးဝါးကုသမှု ခံယူရပါမယ်။ “

တကယ်လို့ ပြင်းထန်တဲ့ ရေဓါတ်ခမ်းခြောက်မှုကို ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန်ပြပါ။ တစ်ခါတစ်လေ intravenous (IV) fluid တိုက်ဖို့ လိုပါတယ်။

နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံး
နိုရိုဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံးက တွေဖြစ်မလဲ။

အောက်မှာ ဖော်ပြထားတဲ့ နေထိုင်မှု ပုံစံနဲ့ အိမ်တွင်းကုထုံးတွေက နိုရိုဗိုင်းရပ်စ်ကူးစက်တာကို ထိန်းချုပ်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

တကယ်လို့ မိသားစုဝင်တွေထဲမှာ ငယ်ရွယ်တဲ့ ကလေးတွေ ရှိမယ်ဆိုရင် ရေဓါတ်အားဖြည့်ဖျော်ရည်တွေ ဝယ်သောက်သင့်ပါတယ်။ လူကြီးတွေက အားကစားလုပ်တဲ့ အချိန်မှာ သောက်တဲ့ ဖျော်ရည်တွေကို သောက်နိုင်ပါတယ်။ သကြားပမာဏ အများအပြားပါတဲ့ အရည်တွေ ဥပမာ – အသင့်သောက်အချိုရည်တွေ နဲ့ အသီးဖျော်ရည်တွေက ဝမ်းလျှောဝမ်းပျက်ခြင်းကို ပိုဆိုးစေပါတယ်။
နူးညံ့ပြီး အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ နည်းနည်းချင်းစီ အစာစားခြင်းက အော့အန်ခြင်းကို သက်သာစေပါတယ်။ ဘယ်လိုအစားအစာတွေလဲဆိုရင် –
စွပ်ပြုတ်

ကစီဓါတ်ပါဝင်တဲ့ အာလူး၊ ခေါက်ဆွဲ၊ ထမင်း၊ ခရက်ကာ စသည်..

ငှက်ပျောသီး

ဒိန်ချဉ်

အသီးအရွက်ပြုတ်

နိုရိုဗိုင်းရပ်စ်ရောဂါဟာ အရမ်းကူးစက်လွယ်ပါတယ်။ လူတိုင်းဟာ တစ်ကြိမ်မက ကူးစက်နိုင်ပါတယ်။ ကူးစက်ခြင်းကို ကာကွယ်ဖို့ –

အိမ်သာတက်ပြီးတိုင်း၊ ဒိုင်ယာပါလဲပြီးတိုင်း လက်ကိုသေချာဆေးပါ။

မသန့်ရှင်းတဲ့ ရေ နဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။ နေမကောင်းတဲ့သူချက်ပြုတ်ထားတဲ့ အစားအစာတွေကိုလည်း ရှောင်သင့်ပါတယ်။

ပင်လယ်စာတွေကို ကျက်အောင်ချက်ပါ။

နိုရိုဗိုင်းရပ်စ်တွေ လေထဲ မကျန်ရစ်အောင် အန်ဖတ်တွေနဲ့ ဝမ်းတွေကို သေချာစွန့်ပစ်ပါ။ တစ်ခါသုံး အိတ်တွေကိုသုံးပြီး သေချာထုတ်ပိုးပြီး ပစ်ပါ။

ဗိုင်းရပ်စ်ရှိနေနိုင်တဲ့ ကြမ်းခင်းနေရာတွေကို ကလိုရင်းပါတဲ့ အစွန်းချွတ်ဆေးတွေနဲ့ တိုက်ချွတ်ဆေးကြောပါ။ လက်အိပ်စွပ်ပါ။

အိမ်မှာနားပါ။ ရောဂါလက္ခဏာတွေ မရှိတော့ရင်တောင်မှာ သင့်ဆီကနေ တစ်ခြားတစ်ယောက်ဆီ ရောဂါပိုးကူးနိုင်ပါတယ်။ ကလေးတွေ အနေနဲ့လည်း အိမ်မှာပဲ နေသင့်ပါတယ်။

ရောဂါလက္ခဏာတွေ သေချာမပျောက်သေးသရွေ့ ခရီးမထွက်ပါနဲ့။



Credit

25/05/2022

မိုးလည်းကျ ချဉ်တွေပေါနဲ့ သွေးလွန်တုတ်ကွေးရာသီရောက်တော့မယ်ဆိုတော့ ကြိုတင်ကာကွယ်ကြရအောင် ဘိုးဘိုးဘွားဘွားကစ ဖေဖေမေမေ ဦးဦး တီတီ သားသားမီးမီးတို့ရေ လေးမျိုးစပ်တုတ်ကွေးကာကွယ်ဆေး DKSH Company ကြီးမှ တင်သွင်းသော အရည်အသွေးမှီ vaxigrip tetra ကို မြောက်ဒဂုံတွင်းအိမ်တိုင်ယာရောက်ထိုးပေးပါတယ် 💉💉💉💉💉ဆေးသီးသန့်ဝယ်မယ်ဆိုလည်း စုံစမ်းနိူင်ပါတယ်နော် ကြိုတင် booking လေးတော့ လုပ်ပေးရပါမယ်နော်

သွေးလွန်တုတ်ကွေး

ယခုနှစ် အစ ထဲက သွေးလွန်တုပ်ကွေးရောဂါနဲ့ဆေးရုံ တက်ရတဲ့ကလေးတွေ ပါရမီဆေးရုံကြီးမှာ အမြဲရှိ နေပါတယ် ရန်ကင်း နဲ့ ရန်ကုန် ကလေး ဆေးရုံကြီး တွေမှာ လည်းရှိတယ် လို့ သိရပါတယ်

သွေးလန့်တဲ့ကလေးတွေ သွေးရည်ကြည် အထိ သွင်းရတဲ့ ကလေးတွေလည်း ရှိပါတယ်

မိုးကျလါတာနဲ့ ကျောင်းဖွင့်ချိန်နဲ့ ပိုပြီးတွေ့လာနိုင်စရာရှိပါတယ်

အရေးအကြီးဆုံးကတော့ သွေးလွန်တုပ်ကွေး ကို ဖြစ်မှန်းသိ ဆေးရုံတင်သင့်တဲ့ကလေးတွေ တင် ထားပြီး စံနစ်တကျကုသရင် အဆင်ပြေပါတယ်

ဆရာဝန်များကျန်းမာရေးဝန်ထမ်းများ မိဘများ သတိထားနိုင်ဖို့ပါ

သွေးလွန်တုပ်ကွေး အနှစ် ချုပ်

သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )

ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်

၁. အော့ အံ ခြင်း
၂. အရေပြား ပေါ် တွင် အပိန့့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေး ဖြူ ဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကေါ်ဖီနှစ် ရောင်အံခြင်း

အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက် ပျက် လျင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်

အန္တရာယ် လ က္ခဏာ များ

၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ့်ကယောင်ကတမ်း ဖြစ် ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုံး pcv တက်လာ ခြင်း

ဆေးရုံတက်သင့် သော လုနာများ

၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ

သွေးလွန်တုပ်ကွေးထောင်ချောက်

အရေး ကြီးသည့် သွေး လန့် ခြင်း မဖြစ် မှီ တွင် အဖျားကျ သွားတတ် သည်နေကောင်းသွားပြီ ဟု မှားယွင်းစွာယူဆတတ်သည်
အဖျား ကျ ပြီး မလန်းဆန်းလျှင် မှိန်း လျှင် ကယောင် ကတမ်း ဖြစ် လျှင် မူးဝေအော့ အံ လျှင် ဆေးရုံ သျို့ အမြန် သွားရပါ မည်
စားသောက် ဆော့ ကစားနေ လျှင် မစိုးရိမ် ရပါ

သွေး လွန် တုပ် ကွေး အန္တရာယ်ကင်း ဂါ ထာ

ရာသီတိုင်းတွင် ဖျားနာ လျှင်
သွေးလွန် တုပ် ကွေး မှတ်

အဖျားကျ စဉ် မလန်း လျှင်
အစဉ် သတိ ချပ်

ပါမောက္ခ ဦးစောဝင်း
ပါမောက္ခ/ ဌာနမှူး (ငြိမ်း)
ကလေးကျန်းမာပညာဌာန ဆေး(၁)

20/02/2022

ူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ

အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩဩကြီးတွေ၊ အသံပိစိ
လေးတွေ အစရွိတဲ့ အသံပျောက် အသံပျက် တချို့ဆို အသံပါမထွက်
တော့ပါဘူး၊ နောက်တော့မှ တခြားလက္ခဏာဖြစ်တဲ့ နှာစေး၊ နှာခေါင်း
ပိတ်၊ လည်ပင်းနာ၊ ချောင်းဆိုး၊ ကိုယ်လက်ခေါင်းကိုက်တွေ ဖြစ်လာ
တတ်ကြတာ

အိုမီက အရင်Original Wuhanကိုဗစ်ပိုးတုန်းကလို နှာခေါင်းအတွင်းမှာ မျိုးမပွားတော့ နှာခေါင်းဆဲလ်တွေ မေသမပေါက်မပျက်စီးပဲ အနံ့မပျောက်ပါဘူး၊ အလားတူ Delta Sတို့နဲ့မတူတာက အဆုတ် အထိဆင်းပြီး ရင်ခေါင်းထဲမှာပိုးတွေမျိုးပွားပြီး လေအိတ်တွေထဲက
ဖောက်ထွက်တာမျိုးလည်း မလုပ်တော့ အဆုတ်ကိုလည်း မထိတော့ဘူးပေါ့

#အိုမီကြိုက်တာကလည်ချောင်း၊ ပြောရမယ်ဆို အသက်ရှူလမ်း
ကြောင်းရဲ့ အထက်ပိုင်း Pharynxရဲ့အောက်ဖက်က အသံအိုးဖြစ်တဲ့ Larynxနေရာက လေအဝင်အထွက်လမ်းကြောင်းဘေးက ဆဲလ်တွေထဲ အိုမီတို့တွေမျိုးပွားဖို့ အဓိကနေရာယူကြတာပဲ၊ အားလုံးသိတဲ့အ
တိုင်း ကိုဗစ္က virusအမျိုးအစား ကိုယ်တွင်းဆဲလ်တွေထဲဝင်ပြီးမှ ပိုးအသစ်တွေထုတ်နိုင်တာ၊ ပြီးရင်လည်း အပြင်ပြန်ထွက်ဖို့က သူဝင်မျိုးပွားထားတဲ့ ဆဲလ်နံရံရဲ့အစိတ်အပိုင်းကိုဖြတ်ယူပြီး ဖောက်ထွက်ကာ တခြားဆဲလ်တွေကို ထပ်ကူးစက်တတ်ကြတာ

#အသံအိုးပတ်ပတ်လည်နေရာက အရမ်းနူးညံ့တယ်၊ အသံကြိုးလို့
တင်စားပြီးခေါ်ကြတဲ့ စကားပြောတဲ့အခါမှာ လေကို အသံအနေနဲ့
ထွက်လာအောင်လုပ်ပေးတဲ့ ကြွက်သားအမျှင်လေးတွေ အဖွင့်အပိတ် အပြားလေးတွေရှိတယ်၊ အသံတုန်ခါမှု Viberationတွေနဲ့ ပြောချင် တဲ့အသံထွက်လာအောင် ထိန်းညှိပေးလို့ အရမ်းအရေးပါတယ်၊ အဲဒီ
နေရာမှာ အပြင်လေနဲ့အတူ ကူးစက်ဝင်ရောက်လာတဲ့ အိုမီကအခြေချနေရာယူတယ်၊ မျိုးပွားတယ်၊ အသံအိုးဆဲလ်တွေ ရောင်တယ်၊ အသံနာလာတယ်၊ ဆဲလ်တွေပေါက်ပြီး ပျက်စီးတာများရင် လည်ပင်းနာလာ
ပြီး အသံပါပျောက်သွားမယ်၊ အဲဒီဖြစ်စဉ်ကို ဆေးပညာက Laryngitisလို့ခေါ်တယ်

#လည်ချောင်းထဲမှာနေပိုးပွားပြီးတော့ ဖြန့်တဲ့အချိန်မှာ အထက်
အောက် ပြန့်တယ်၊ အပေါ်ဖက် နှာခေါင်းထဲပိုးပြန့်ရင် Nasal Irritationရပြီး နှာမွှန်၊ နှာစေး၊ နှာခေါင်းပိတ်တွေ ဖြစ်မယ်၊ အောက် ဖက္က အဆုတ်ထဲကိုလည်း အနည်းနဲ့အများရောက်ရင် ချွဲထွက်၊ ချွဲ
ပိတ်၊ ချောင်းဆိုးတွေ ဖြစ်မယ်၊ အဆုတ်ထဲပိုးရောက်ချိန် ကာကွယ်
ဆေးထိုးပြီးသားဆို အေးဆေးပဲ၊ ကိုဗစ်ကိုတိုက်ထုတ်မည့် ခုခံအားက အသင့်စောင့်နေတယ်လေ၊ အဲတော့ မအိမသာ အားနည်းတာလောက် ကလွဲရင် ဘာမှမဖြစ်ပဲ ပြီးသွားတာ၊ ဖျားတောင်မဖျားတော့ဘူးပေါ့

#ဘယ်လိုစစ်ရင်သိနိုင်မလဲဆိုတော့ နှာခေါင်းထဲကနေ swabယူ တို့ဖတ်စစ်ရင် တချို့ကူးစက်ခံရသူတွေမှာ မတွေ့ကပဲ oropharyngeal swab ခေါ် လည်ချောင်းတို့ဖတ်ယူတော့မှ တွေ့ရတာတွေ ရွိတယ္လို့ ပြောပါတယ်၊ ဒီတော့ အသံဝင်လို့ စစ်
လိုက်ချိန် Negativeဆိုပေမဲ့လည်း မပေါ့ပါနဲ့၊ လက်ရှိ RDT testတွေက PCR testလောက် အဖြေမမှန်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အခုအချိန် Covid Positiveနဲ့ အသံနာ အသံပျောက်ပြီဆို Omicronဖြစ်ဖို့ 99%ပါ

#အသံနာတာဘယ်လိုကုမလည်းဆိုတာ အသေးစိပ်တော့ မရေးတော့ပါဘူး၊ Laryngitisကို ဆရာဝန်တိုင်း ကုတတ်ပါတယ်၊ စိတ်ချချင်
ရင်တော့ ဆေးခန်းပြကြည့်ပါ၊ အဓိက လည်ချောင်းအတွင်း ရောင်ရမ်း နေတာကို သက်သာစေတဲ့ Analgesicတချို့နဲ့ Serratiopeptidaseလိုမျိုးတွေ အဓိကသုံးပါတယ်၊ Antibiotics ခေါ် ပိုးသတ်ဆေးတွေက Viral Infectionဖြစ်တဲ့ အိုမီမှာမစွမ်းပါဘူး၊ ကိုယ်ဟာကိုယ်တွေ သောက်မနေကြပါနဲ့ဦး၊
လည်ပင်းမှာ တခြားအနာတွေ သို့ ပြည်တည်သလိုမျိုးတွေ ဖြစ်လာ
နိုင်ချေရှိတယ်ဆိုရင်တော့ ဆရာဝန္က ညွှန်းကြားပါလိမ့်မယ်၊ Cetrizeneတို့ Burmetonတို့ တျခားDecongestantလိုမျိုး
တွေကိုလည်း နှာမစေးနှာမပိတ်သေးပဲ ကြိုသောက်တာတို့ လိုအပ်တာထက် ပိုသောက်တာတို့ မလုပ်ပါနဲ့၊ လိုအပ်သည့် ပုံမှန်နှာရည်မထွက်ပဲ လည်ပင်းခြောက်နေရင်လည်း အသံပိုနာပါတယ်

ကိုယ်ဟာကိုယ်သောက်ချင်ရင် Vitamin Cတို့ Zincတို့ပဲ
သောက်ပါ၊ ရေနွေးငွေ့ရှူပါ၊ ရေဝဝသောက်ပါ၊ လည်ပင်း အာခေါင်ကို အခြောက်မခံပါနဲ့၊ ရေခဲရေအေးအေးတွေရှောင်ပါ၊ အဓိကကေတာ့ အသံစပျက်နေပြီးဆို စကားတွေအများကြီး မပြောပါနဲ့၊ တိုးတိုးတိုးတိုးလည်း မပြောပါနဲ့ ပိုဆိုးပါတယ်၊ ဖြစ်နိုင်ရင် ၃ရက်လောက် လည်
ချောင်းကို အတတ်နိုင်ဆုံး အနားပေးထားလိုက်ပါ၊ မကြာခင် အသံ
ပြန်ထွက်လာမှာပါ၊ နှစ်ပတ်ကျော်လို့မှ အသံမထွက်လာရင်တော့ အသံအိုးထိသြားမွာ စိုးရိမ်ရပါတယ်၊ နီးစပ်ရာဆရာဝန်တစ်ယောက်နဲ့ အမြန်ဆုံးတိုငိပင်ပြီး လိုအပ်သည့်ကုသမှုရယူလိုက်ပါ

ဆေးလိပ်၊ ကော်ဖီနဲ့ အရက်ဘီယာလျော့သောက်ပါ၊ နားပါ၊ အားလုံး
ကျန်းမာနေကောင်းပြီး ပုံမှန်အသံတွေနဲ့ အမြန်ဆုံးပြန်လည် ပြောနိုင်
ဆိုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်

Dr. Hadee Maung (9.2.2022)

P.S. ဆေးခန်းပြဖို့အခက်အခဲရှိလို့ သဘာဝနည်းနဲ့ လည်ပင်းနာ အသံနာသက်သာချင်ရင်တော့ ရေနွေးနွေးကို ဆားနည်းနည်းခပ်၊ ဂျင်းအပြားပါးပါးလေး တစ်ပြားနှစ်ပြားထည့်ပြီး ပျားရည်နဲ့အတူ တစ်ရက်ကို တစ်ကြိမ် နှစ်ကြိမ် သောက်နိုင်ပါတယ်၊ ဆက်တိုက်အများကြီးတော့ မသောက်ကြပါနဲ့။

03/02/2022
29/12/2021

ဆေး(၂)ကြိမ်ထိုးပြီးသူများ Booster Dose ( တတိယအကြိမ်ဆေးထိုးခြင်း) အတွက် ဗဟုသုတမျှဝေခြင်းပါ

Omicron ရောက်လာတော့ ပြည်သူတွေ စိတ်ပူကုန်ကြပါတယ်။ Booster ဘယ်လိုထိုးရမလဲဆိုတာ သိချင်ကြတယ်။ အကြမ်းဖျင်းအလွယ်ပြောရရင်.....

Sinopharm ထိုးထားတာဆို ဒုတိယတခါထိုးပြီးချိန်ကနေ ၃ လကြာရင်။ Covidshield ဆို ဒုတိယတခါထိုးပြီးချိန်ရဲ့ ၆ လကြာရင် ထိုးလို့ရပါပြီ။

Sinopharm ထိုးထားရင် Booster ကို Covidshield။ Covidshield ထိုးထားရင် Booster ကို Sinopharm/ Covidshield ထိုးပါ။ Covidshield ပဲ ထပ်ထိုးရင်လဲ ရပါတယ်။ Sinopharm က Booster အတွက် စမ်းထားတာ မရှိသေးလို့ပါ။ Sinopharm ထိုးထားသူတွေ Covidshield မရရင်တော့ Sinopharm ကိုပဲ တတိယအကြိမ်ထိုးပါ။ Pfizer တို့ Moderna တို့ကတော့ အကောင်းဆုံးဖြစ်ပေမယ့် လက်ရှိမှာ ရဖို့ မလွယ်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။

အားလုံး ကျန်းမာကြပါစေ။

Credit

ဖေဖေ မေမေတို့ရေ တုတ်ကွေးရာသီရောက်လာပြီဆိုတော့  သားသား မီးမီးလေးတို့ ကို အထူးဂရုစိုက်ကြပါနော်
02/11/2021

ဖေဖေ မေမေတို့ရေ တုတ်ကွေးရာသီရောက်လာပြီဆိုတော့ သားသား မီးမီးလေးတို့ ကို အထူးဂရုစိုက်ကြပါနော်

ဒီရက်ပိုင်း အဖြစ်များဆုံး... 😔
👩‍🔬အထူးဂရုစိုက်ကြပါ ဖေဖေမေမေတို့ရှင့်

ဒီနေ့ တနေ့တည်းကို အဖျားမကျလို့ ဆေးခန်းပြောင်းလာပြတဲ့ ကလေးလူနာ ၅ ယောက်ကို သွေးစစ်လိုက်တာ သွေးလွန်တုပ်ကွေးပိုး​ တွေ့နေရတယ် တချို့ကတော့ သွေးမွှားကောင်းနေလို့ အန္တရာယ်လက္ခဏာ တွေ သေချာရှင်းပြပြီးအိမ်မှာပဲစောင့်ကြည့်နေရတယ်
သွေးမွှားနည်းတဲ့သူတွေကိုတော့ ဆေးရုံတက်ခိုင်းပြီး စောင့်ကြည့်နေရတယ်
👩‍👧ကလေးက ဖျားနေတာ ၃ရက်လောက် ရှိပြီ
အဖျားကျဆေးတိုက်ထားလည်း ခဏပဲ အဖျားကျတာ
ပြီးရင် ပြန်ပြန်ဖျားလာတာ ကလေးက မှိန်းနေတယ်
အစာသိပ်မဝင်ဘူးဖြစ်နေတယ် ဆရာမ
👩‍🔬မေမေရေ အဖျားကြီးပြီး မှိန်းနေ အစာ မဝင်ရင် ကြောက်ရတယ် သွေးလွန်တုပ်ကွေးဟုတ်မဟုတ် သွေးစစ်ရအောင်ရှင့်
👨‍🔬 ၁နာရီလောက်အကြာ သွေးအဖြေရပြီရှင့်
NS1Ag positive တို့ Ig M positive တို့ ကြားကြားချင်း
Platelet သွေးမွှါးကို အမြန်မေးရတယ် ၁၀၀ ကျော်ဆိုမှ
တော်သေးတယ်ပေါ့ ၁၀၀ အောက်ဆို ဆေးရုံတင်ပြီး
စောင့်ကြည့်ရတာတွေ လုပ်ရတော့တယ်
WBC အရမ်းနည်းနေရင်လည်း ဆေးရုံတင် စောင့်ကြည့်ရတယ် ( အန္တရာယ် လက္ခဏာတွေရှိတဲ့ သွေးလွန်တုပ်ကွေး ကလေး လူနာ ဆေးရုံတင်ထားပြီဆို လူက အမြဲ အဆင်သင့်ဖြစ်နေရတယ် ဘာဖြစ် ဘာလုပ်မယ်ဆိုတာ သေချာစဥ်းစားထားရတယ် ကလေးလူနာတွေ နေကောင်းပြီး ဆေးရုံက ဆင်းမှပဲ အလုံးကြီးကျသွားတော့တယ် 😁😁)

အများစုက သွေးလွန်တုပ်ကွေး ထင်လို့ သွေးစစ်လိုက်ရင်
သွေးလွန်တုပ်ကွေးပိုး တွေ့နေတာများတယ်

( ကလေးအထူးကုတယောက်အနေနဲ့ ကလေးလူနာတွေ ဘာရောဂါကြီးနဲ့ လာပြပြမကြောက်ပေမဲ့ သွေးလွန်တုပ်ကွေးကိုတော့ အရမ်းကြောက်တယ်ဆိုတာ မေမေတိုင်းကို အမြဲပြောဖြစ်တယ် ကလေးဖျားလို့ ဆေးခန်း လာပြ ပြီဆိုတာနဲ့ သွေးလွန်တုပ်ကွေးရဲ့ သွေးလန့်တဲ့လက္ခဏာတွေကို မမောနိုင်တရစက် ပြောပြထားရတယ်)

‼️ကလေးများနှင့်သွေးလွန်တုပ်ကွေးအန္တရယ်

ယခုနှစ် မှာ သွေးလွန်တုပ်ကွေး ဖြစ်တဲ့ကလေးတွေ တွေ့နေရပါပြီ သွေးလန့်တဲ့အခြေအနေရောက် တဲ့ကလေးတွေလည်းရှိပါတယ်

🛑သွေးလွန်တုပ်ကွေး အနှစ် ချုပ်

သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )

ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်
၁. အော့ အန် ခြင်း
၂. အရေပြား ပေါ် တွင် အဖိန့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကိရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေးဖြူဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကေါ်ဖီနှစ် ရောင်အံခြင်း

🛑အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက် ပျက် လျင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်

🛑အန္တရာယ် လ က္ခဏာ များ

၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ့်ကယောင်ကတမ်း ဖြစ် ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုံး pcv တက်လာ ခြင်း

🛑ဆေးရုံတက်သင့် သော လူနာများ

၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ

‼️အရေး ကြီးသည့် သွေး လန့် ခြင်း မဖြစ် မှီ တွင် အဖျားကျ သွားတတ် သည်နေကောင်းသွားပြီ ဟု မှားယွင်းစွာယူဆတတ်သည်
အဖျား ကျ ပြီး မလန်းဆန်းလျှင် မှိန်း လျှင် ကယောင် ကတမ်း ဖြစ် လျှင် မူးဝေအော့ အံ လျှင် ဆေးရုံ သ်ို့ အမြန် သွားရပါ မည်
စားသောက် ဆော့ ကစားနေ လျှင် မစိုးရိမ် ရပါ
Ref-Prof Dr Saw Win

သားသားမီးမီးတို့သွေးလွန်တုပ်ကွေးအန္တရယ်မှကင်းဝေကြပါစေ။
Dr Kaung Htet Kyaw

16/10/2021

Be careful & stay safe 🙏🙏🙏🙏🙏💪💪💪💪💪🦠🦠🦠🦠🦠
Seasonal Flu ရာသီပြောင်းတုတ်ကွေး အရမ်း ဆိုးနေတယ် . . .

ကူးတာအရမ်းမြန်တယ်....

တယောက်ဖြစ်တအ်ိမ်လုံးကူးတယ် လုပ်ငန်းတူ အလုပ်သမားအားလုံးကူးတယ် ဆိုကြတယ်....

flu vaccine ထိုးထားလည်း မရဘူးပြောတယ်....

ပြင်းထန်မှုနှုန်းတော့ကွာနိုင်တယ်....

ဇွန်လ မှာ ပုံမှန်ဖြစ်နေကြဆိုပေမယ်....

ယခုနှစ်မှာ Covid တတိယလှိုင်းနဲ့ မသိသာပေမယ့်....

ယခု မိုးအကုန်ဆောင်းအကူး....ဖြစ်နေတာတွေ့ရပါတယ်....

အောက်တိုဘာမှာ လာဖြစ်နေတာတွေ့ရတယ်

မြန်မာပြည်ရဲ့ ကံကြမ္မာ ပဲပေါ့....

🦠covid လားဆိုတော့ မဟုတ်သေးဘူး....

စတုတ္ထလှိုင်း လား ပြောမရပါဘူး....

Covid မဟုတ်ဘူးဆိုပြီးပေါ့လို့တော့မရဘူး....

ကိုယ်ခံအားကကျသွားမှာဆိုတော့ very easy to be infected ဘဲ....

ကူးဖို့အရမ်းလွယ်သွားတာပေါ့ ....

တကျော့ပြန် covid တွေတောင် ကူးနေတာတွေ့နေရပါတယ်....

Antibody ဆိုတာက

အရင်ကူးဖူးတာ /
ကာကွယ်ဖို့ အရေတွက်မလုံလောက်တာ/
နည်းသွားတာရှိနိုင်တယ်. မျိုးစုံဖြစ်နိုင်တော့ အပြည့်ယုံကြည်လို့မရပါဘူး . .

4th wave တော့မဟုတ်သေးဘူး....

mass population လုံးကူးနိုင်တဲ့ မကာနိုင်တဲ့ strain အသစ်လာမှ ကြောက်ရမယ်....

same strain ကတော့ နောက်တကျော့ပြန် wave ဖြစ်ဖို့ကစောသေးလားလို့....

3rd wave အရှိန်လည်းမကုန်သေး....

တော်တော်များများလည်း ရောဂါမခံနိုင်တဲ့သူတွေ ဆုံးထားကြတော့ 🥺

delta လက်ကျန် Seasonal flu နဲ့ပေါင်းပြီး တအိအိနဲ့ကူးနေအုန်းမှာဘဲ....

👉ဒါနဲ့ ခုလိုနည်းနည်းငြိမ်တဲ့အချိန် မိသားစုကျန်းမာရေးအတွက်ရော ဘာတွေပြင်ဆင်ထားကြလည်း....

no one is responsible for your health နော်....

ပြီးမှ ဘယ်သူမှမကူဘူးဘာညာ အော်ကြအုန်းမယ်....

ပစ္စည်းတွေ ဆေးတွေလည်းသင့်တင့်စွာရှိနေတယ်....

ခုပြင်ဆင်ချိန်ကောင်းကောင်းရှိတယ်....

Prevention is better than Cure ပါ

ဆောင်းတွင်း flu season လည်းဝင်လာတော့မှာ....

fever case တွေတော့ များနေတယ်....

အခုလက်ရှိကို များနေတာ

ကျနော်ပြောတာယုံပါဗျာ.... health care field ကမို့ပါ....

ကြိုတင်ကာကွယ်ကြပါ.....

mask တပ်ပါ

လက်ဆေးပါ

ဒေါက်တာဝေဖြိုး - ပြည်သူ့ကျန်းမာ

#ကျွန်တော်ရဲ့လက်တဖက်လူသားတွေအတွက်



COVID -19 🦠🦠🦠🦠🦠ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သိသင့်တာလေးကို ဗဟုသုတအနေနဲ့ နိူင်းယှဉ်လေ့လာရအောင်ပါ 💉💉💉💉💉အားလုံးဘေးကင်းကျန်းမာကြပါစ...
25/09/2021

COVID -19 🦠🦠🦠🦠🦠ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သိသင့်တာလေးကို ဗဟုသုတအနေနဲ့ နိူင်းယှဉ်လေ့လာရအောင်ပါ 💉💉💉💉💉အားလုံးဘေးကင်းကျန်းမာကြပါစေရှင် 💪💪💪💪💪

Address

35/51Tabinshwehti Road , North Dagon
Yangon
35,NORTHDAGON

Website

Alerts

Be the first to know and let us send you an email when ထိပ်တန်း Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram