Aye Mya Sandar Specialist Clinic အေးမြစန္ဒာအထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Aye Mya Sandar Specialist Clinic အေးမြစန္ဒာအထူးကုဆေးခန်း

Aye Mya Sandar Specialist Clinic အေးမြစန္ဒာအထူးကုဆေးခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aye Mya Sandar Specialist Clinic အေးမြစန္ဒာအထူးကုဆေးခန်း, Yangon.

Liver Function Tests (LFT)❤️ ဒီနေ့မှာတော့ Laboratory Investigation Tests တွေထဲက အသည်းနဲ့ဆိုင်တဲ့ Liver Function Test တွေ...
21/12/2022

Liver Function Tests (LFT)

❤️ ဒီနေ့မှာတော့ Laboratory Investigation Tests တွေထဲက အသည်းနဲ့ဆိုင်တဲ့ Liver Function Test တွေအကြောင်း ကျန်းမာရေးဗဟုသုတအနေနဲ့ ပြောပြပေးသွားမှာဖြစ်ပါတယ်။ ❤️

🤔 Q: Liver Function Tests ဆိုတာဘာတွေလဲ?
👩‍🔬 A: Liver Function Tests ဆိုတာ လူ့ခန္ဓာကိုယ်မှာရှိတဲ့ အသည်းရဲ့ အလုပ်လုပ်နိုင်စွမ်းကိုစစ်ဆေးတဲ့ tests တွေကိုခေါ်တာပါ။ 🩸

🤔 Q: Liver Function Tests ထဲမှာဘာတွေပါလဲ?
👩‍🔬 A: Liver Function Tests ထဲမှာ အသည်းကနေထုတ်လုပ်ပေးနေသော အင်ဇိုင်း (enzymes)များဖြစ်တဲ့ Alanine Transaminase (SGPT/ALT) , Aspartate Transaminase (SGOT/AST) , Alkaline Phosphate (ALP) , Gamma-glutamyltransferase (GGT) , Bilirubin တို့ကို အဓိက တိုင်းတာစစ်ဆေးကြပါတယ်။ ထို့အပြင် အသည်းကထွက်ရှိသော အသားဓာတ်များဖြစ်သည့် Total and Differential Proteins တွေကို အသေးစိတ်အနေနဲ့ ထပ်မံစစ်ဆေးနိုင်ပါတယ်။ 🩸

🤔 Q: Liver Function Tests ဘာကြောင့်စစ်လဲ။
👩‍🔬 A: အသည်းကျန်းမာရေးကောင်းမကောင်းသိချင်လို့ စစ်တယ်လို့အကြမ်းဖျင်းအားဖြင့် ပြောလို့ရပါတယ်။ အရက်အလွန်အကျွံသောက်ခြင်း၊ ကင်ဆာရောဂါတို့ကြောင့်ဖြစ်လေ့ရှိတဲ့အသည်းခြောက်ခြင်း (Cirrhosis of liver) ဖြစ်ခြင်းရှိမရှိသိနိုင်သလို အသည်းမှာပုံမှန်ထုတ်လုပ်လေ့ရှိသော အင်ဇိုင်းထုတ်လုပ်ခြင်း၊ ပရိုတင်းထုတ်လုပ်ခြင်း စသောအသည်း​၏ လုပ်ငန်းဆောင်ရွက်ချက်များ ပုံမှန်ရှိမရှိကို သိစေနိုင်ပါတယ်။ 🩸

🤔 Q: ဘာကြောင့် Liver Function Tests ဟာအရေးကြီးသလဲ။
👩‍🔬 A: အရက်သောက်သုံးမှုပိုမိုများပြားလာခြင်း၊ အသည်းကိုအဆိပ်အတောက်ဖြစ်စေသော (liver toxicity မြင့်သော) ဆေးဝါးများသောက်သုံးခြင်း၊ ကူးစက်တတ်သော အသည်းရောင်ရောဂါရှိသောသူများနှင့် နီးနီးကပ်ကပ်နေခြင်းများကြောင့် အသည်းရောဂါဖြစ်ပွားမှုနှုန်း၊ အသည်းရောဂါကြောင့်သေဆုံးမှုနှုန်းဟာ မြင့်တက်နေပြီး တစ်ကမ္ဘာလုံးအနေနဲ့နှစ်စဉ်အသည်းရောဂါကြောင့်သေဆုံးမှုနှုန်းဟာ အဆင့် ၁၁ ရှိတယ်လို့ သုတေသန research များက ညွှန်ပြနေပါတယ်။ Liver Function Tests များကို ပုံမှန်စစ်ဆေးခြင်းအားဖြင့် အသည်းရောဂါကြောင့်သေဆုံးမှုများကို ရာခိုင်နှုန်းအားဖြင့်လျော့ချနိုင်မယ်လို့လဲ နိုင်ငံတကာဆေးပညာရှင်များက တစ်ညီတစ်ညွတ်တည်းဆိုထားကြပါတယ်။ 🩸

🤔 Q: ပုံမှန် medical check-up တွေမှာ Liver function test ဆိုရင် လေးမျိုးပဲပါတယ်။ ကျန်တာတွေကော စစ်သင့်သလား။
👩‍🔬 A: ပုံမှန် medical check-up တွေမှာပါလေ့ရှိတဲ့ Liver Function Tests တွေ ဟာ အသည်းကျွမ်းခြင်း (cirrhosis), အသည်းရောင်ခြင်း (hepatitis), အသည်းကင်ဆာ (cancer) တို့ကိုစောင့်ကြည့်နိုင်တဲ့ test တွေပဲဖြစ်ပါတယ်။ အခြားသော prothrombin time (PT/INR), Albumin တို့ကတော့ အသည်းကထုတ်လုပ်တဲ့ ပရိုတင်းတွေ၊ သွေးခဲစေသောပစ္စည်းလေးများ (clotting factors) ပုံမှန်ဟုတ်မဟုတ်ကိုပါ သိစေနိုင်တာကြောင့် ထည့်သွင်းစစ်ဆေးသင့်ပါတယ်။ အထူးသဖြင့် သွေးကြဲဆေးသောက်သုံးနေရသူများ၊ သွေးကြဲရောဂါဖြစ်နေသူများကတော့ အမြဲပုံမှန်စစ်ဆေးရပါမယ်။ 🩸

🤔 Q: ဘယ်သူတွေ Liver Function Tests စစ်သင့်သလဲ။
👩‍🔬 A: အရက်ပုံမှန်သောက်လေ့ရှိသူတွေ၊ အသည်းထိသောဆေးဝါးများ ပုံမှန်သောက်သုံးနေရသူတွေ၊ အဝလွန်သူတွေ၊ ကူးစက်တတ်သောအသည်းရောင်ရောဂါရှိသူတွေနဲ့အနီးကပ်နေသူတွေဟာ Liver Function Tests ကို နှစ်စဉ် ပုံမှန်စစ်ဆေးသင့်ပါတယ်။ 🩸

အမှန်တော့ အသည်းရောဂါလက္ခဏာများဟာ အသည်းပုံပျက်ခြင်းတော်တော်ဖြစ်ပြီးမှ ပေါ်လာတတ်တာကြောင့် လူတိုင်းဟာ Liver Function Tests ပုံမှန်စစ်ဆေးသင့်ပါတယ်။ ဒါကြောင့် Liver Function Tests ပုံမှန်စစ်ရင်း အသည်းရောဂါများမှ ကာကွယ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
❤️❤️❤️❤️❤️❤️❤️❤️❤️

🎊🗓️ မကြာမီ ရောက်ရှိတော့မည့် နှစ်သစ် ၂၀၂၂ ခုနှစ်ကို ကြိုဆိုသောအားဖြင့် "အေးမြစန္ဒာ အထူးကုဆေးခန်းကြီး"မှ မျိုးဆက်ပွားကျန်း...
23/12/2021

🎊🗓️ မကြာမီ ရောက်ရှိတော့မည့် နှစ်သစ် ၂၀၂၂ ခုနှစ်ကို ကြိုဆိုသောအားဖြင့် "အေးမြစန္ဒာ အထူးကုဆေးခန်းကြီး"မှ မျိုးဆက်ပွားကျန်းမာရေး သန္ဓေတားဆေးများ(Depo ၃လခံ ထိုးဆေးများ)ကို သားဆက်ခြားချင်သူအမျိုးသမီးများအတွက် ဒီဇင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ၇ ရက်တိုင်တိုင် အခမဲ့ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။ 🥰

မင်္ဂလာရှိသော နှစ်သစ်၂၀၂၂ ခုနှစ်တွင် မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာရျ် သာယာပျော်ရွှင်ပါစေကြောင်း တောင်းဆုပြုလိုက်ပါရစေရှင် 🙏🙏🙏

♦️မွေးကင်းစ ကလေး ပိုင်ရှင်မေမေတို့ရေ သတိမထားမိရင်ကိုယ့်ကလေးတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အချက်လေးတွေကိုမျှဝေပါရစေ♦️၁. ...
22/12/2021

♦️မွေးကင်းစ ကလေး ပိုင်ရှင်မေမေတို့ရေ သတိမထားမိရင်ကိုယ့်ကလေးတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အချက်လေးတွေကိုမျှဝေပါရစေ♦️

၁. မွေးဆံပင် ကို၁ပတ်အတွင်းရိတ်တာ လုံး၀ မပြုလုပ်ရပါ ။ကလေး ခေါင်းဦးရေပြားက နုတော့ ရှမိရင် ပိုး၀င် တတ်ပါတယ် ။၆လပြည့်မှ ရိတ်ပေးပါ။ (ဆံပင်အလွန်ထူလျှင် ၄လ မှရိတ်ပါ)

၂. ကလေး ရင်သားစူစူတွေကို လက်နဲ့ညှစ်တာ မျိူး လုံး၀ လုံး၀ မပြုလုပ်သင့်ပါ ။ မွေးကင်းစ ကလေးမှာ မိခင်ဟော်မုန်း အပြည့်၀ ရယူထားတဲ့အတွက် ရင်သားစူသလိုဖြစ်နေတတ်ပါတယ် ၄လကျော်ရင် အကောင်းတိုင်းချပ်ချပ်ရပ်ရပ် ဖြစ်သွားမှာပါ။ ကလေးဆိုတာ အလွန်နုနယ်တဲ့အရေပြားကို ပိုင်ဆိုင်ထားတာမို့ ညှစ်ရင် မချိမဆန့်နာကျင်မှာပါ။ ညှစ်တဲ့လက်မသန့်ရင် ပိုး၀င်ပြီး ခွဲစိတ်ရတဲ့အထိ အရေးကြီးပါတယ်

၃. မွေးကင်းစကလေး ခြေခွင်တယ်ဆိုပြီး ရေချိူးပြီးစ လက်နဲ့ အတင်းဖြောင့်တာမျိူး မလုပ်ရပါ ။ လမ်းမလျှောက်တတ်သေးလို့ ခြေထောက်အရိုးအနေအထားက ပုံမှန်မဖြစ်သေးလို့ ခွင်နေတာပါ လမ်းလျှောက်ကျင့်ရင်း ပူံမှန်(လုံး၀ပုံမှန်)ပြန်ဖြစ်သွားပါတယ်။

၄. နို့တိုက်မိခင် အစားအစုံစားပါ သားငါး ကြက်ဥ အိုဗာတင်း နွားနို့ ဟင်းသီးဟင်းရွက် ရာသီပေါ် (အမှည့်လွန်မဟုတ်)လတ်လတ်ဆတ်ဆတ် အသီးနှံ အကုန်စားသင့်ပါတယ်။လေနာမှာစိုးတဲ့အကြောင်းပြချက်နဲ့ ကြက်ကြော်တခုတည်းမစားသင့်ပါ ။ မြန်မာ နိုင်ငံမှာ မိခင်အစားရှောင် လို့ ဘီ၀မ်းချိူ့တဲ့ပြီး ဘယ်ရီဘယ်ရီ ဆုံဆို့နာ နဲ့ သေတဲ့၆ လအောက်ကလေးက၁၀၀မှာ ၁၅ ယောက်ပါတဲ့။လုံး၀ လုံး၀ အစားမရှောင်ရပါ။

၅. ကလေး တစ်နှစ်မပြည့်ခင် သူငယ်နာဆေး အုပ်ဆေး ရင်လူးဆေး လုံး၀ မလူးပေးရပါ။ အညှော်၀င်မှာစိုးရင် ကလေးနဲ့ ခနရှောင်ထွက်သွားပါ။ ကလေးနုနုက အောက်ဆီဂျင်သန့်သန့်ကို အပြည့်၀ ရှူပြီး အဆုတ်ကျန်းမာရမယ့်အရွယ်မှာ နှာအုပ်ဆေး ဘာညာ ကလေးနှာ၀ ပွတိထားရင် အဆုတ် အပြည့်၀ ဘယ်လို အလုပ်လုပ်ပါ့မလဲ ။

၆ . ဆနွင်းကိုဆေးတပါးဖြငိ့သောက်ချင်လျှင်၁၅ရက်ကျော်မှ သောက်ပါ မလိမ်းရ ။ ကလေးငယ်မှာ ရက်၂၀ကျော်လျှင်မိခင်ကိုယ်နံ့ကိုမှတ်မိကာ စိတ်လုံခြုံမှု ယူတတ်ပါတယ်။ဆနွင်းနံ့က ကလေးအတွက်စိတ်အနှောင့်ယှက်ဖြစ်စေတယ်လို့ ကလေးပါရဂူ စာအုပ်တွင်မှတ်သားဖူးပါတယ်။

၇. နို့ထွက်နည်းသော မိခင်များ မမွေးခင် ကိုယ်၀န် ၆လက စလို့ နို့သွေး ကြောဖွင့်ပါ။ (နို့သန်လွန်းလို့ စိတ်တောင်ညစ်ယူရမှာပါ)အိပ်ရာ၀င်တိုင်း နို့ပတ်ပတ်လည်ကို လက်ထိပ်ဖွဖွဖြင့် လှည့်လည်ညင်သာစွာ နှိပ်နယ် ပေးပါ။ဖြညိးညှင်းစွာ လက်ချောင်းထိပ်ဖြင့် ပုတ်ပေးပါ။

🙏

ကိုယ်ဝန်ဆောင်မေမေတွေ ဒီလိုမအိပ်နဲ့  ❌ ဒီလိုအိပ်  ✅
28/11/2021

ကိုယ်ဝန်ဆောင်မေမေတွေ ဒီလိုမအိပ်နဲ့ ❌

ဒီလိုအိပ် ✅

23/11/2021

ရိုးရိုးမွေးတဲ့အခါ မိခင်တစ်ယောက် 10cm သားအိမ်ပွင့်တဲ့ နာကျင်မှုကို ခံစားကြည့်ပါ 😌😌🌊

မိခင်ရဲ့နာကျင်မှုက အရိုးအချောင်းနှစ်ဆယ် တစ်ပြိုင်ထဲ အချိုးခံရသလိုပါ 🌊

တစ်ကိုယ်လုံး မီးလောင်နေသလို နာကျင်မှုမျိုးနဲ့ သူ့ရင်သွေးကို မွေးထုတ်ခဲ့ပေးခဲ့တာကို🌊

#စာနာပေးပါလေးစားဂုဏ်ယူပေးပါ 🌊

#သူမတန်ဖိုးရှိကြောင်းကိုအသိမှတ်ပြုပေးပါ 🌊

#သူမရဲ့နာကျင်မှုကသေခြင်းတရားကိုအံတုခဲ့တာပါ🌊

#မိခင်တွေအားလုံးကိုအစဥ်လေးစားလျက်

မေတ္တာဖြင့်✍❤ Mommy of 3

Crd photo to .mome

Some people ask me.
" What is 10 cm opening ?" Here is my answer.
👇👇❤😌

G6PD deficiency ဆိုတာဘာလဲ?======================- Glucose 6 Phosphate Dehydrogenase ဆိုတဲ့ အင်ဇိုင်း ချို့တဲ့တာပါ။- ဗီဇပ...
02/09/2021

G6PD deficiency ဆိုတာဘာလဲ?
======================

- Glucose 6 Phosphate Dehydrogenase ဆိုတဲ့ အင်ဇိုင်း ချို့တဲ့တာပါ။
- ဗီဇပိုင်းနဲ့ ဆိုင်ပါတယ်။
- ယောကျ်ားလေးတွေမှာ အဖြစ်များပါတယ်။
- ဒီအင်ဇိုင်းက သွေးနီဥလေးတွေအပေါ်မှာ ကျရောက်လာမယ့် အန္တရာယ်တွေကို ကာကွယ်ပေးတာပါ။
- ဒီအင်ဇိုင်းချို့တဲ့ပြီဆိုတာနဲ့ ပြင်ပကသွေးနီဥကို တိုက်ခိုက်လာမယ့်ကောင်တွေလာရင် မကာကွယ်နိုင်တော့ပဲ သွေးနီဥတွေ ပေါက်ကွဲကုန်တာပါပဲ။

- အဲလိုဖြစ်ပြီဆိုရင် လူနာက
၁။ ဖြူဆုတ်သွားမယ်
၂။ အသားဝါလာမယ်
၃။ ဆီးအရောင် ရင့်လာမယ်
၄။ ဗိုက်နာလာနိုင်တယ်
၅။ မောပန်းနုံးခွေလာမယ်

- G6PD ချို့တဲ့တယ့်လူနဲ့ မတည့်တဲ့အရာတွေကတော့
၁။ ငှက်ဖျားဆေးတချို့
၂။ ဆာလဖာပါတဲ့ ဆေးများ
၃။ NSAIDs လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေး/ အဖျားကျဆေးတချို့ (ပါရာစီတမော မဟုတ်ပါ)
၄။ တောင်ကြီးပဲကြား
၅။ ပရုပ်ပါသောအရာ (ဥပမာ-ပရုပ်လုံး)
-အထက်ပါအရာတွေထဲမှာ တစ်ခုခုကြောင့်ဖြစ်သွားတတ်ပါတယ်။

- အထက်ပါ ရောဂါလက္ခဏာစပြလာပြီဆိုရင်တော့ အရင်ဆုံး မတည့်သောအရာများ၊ ဆေးဝါးများကို လူနာနှင့်ဝေးရာကိုထားပါ။ ဒါဆိုရင် ရောဂါမပြင်းထန်ပါက စောင့်ကြည့်ရုံနဲ့ပျောက်ကင်းပါသည်။
- တကယ်လို့ ဖြစ်နေမှန်းမသိပဲ မတည့်သောအရာများ ကို ဆက်တိုက် သောက်/ထိုး/သုံးစွဲနေပါက ပြင်းထန်သော သွေးနီဥပေါက်ကွဲခြင်းများ ဆိုးရွားစွာ ဖြစ်လာတတ်ပါတယ်။
- အဲဒီလို ဆိုးရွားသော ပြင်းထန်သွေးနီဥပေါက်ကွဲခြင်း ဖြစ်ပါက
၁။ ကျောက်ကပ်ပျက်ဆီးခြင်း (Renal failure)
၂။ နှလုံးအလုပ်မလုပ်နိုင်ခြင်း (Anaemic Heart failure)
၃။ အသည်းထိခိုက်ခြင်း/ ရောင်ယမ်းခြင်း (Hepatitis )
စသည်တို့ ဆက်တိုက်ဖြစ်လာတတ်ပါတယ်။
- ဒါဆိုရင် အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ပေါက်ရမှာဖြစ်ပြီး လူနာအတွက် အရမ်းပဲအန္တရာယ် ကြီးလှပါတယ်။ အဲဒီလို အန္တရာယ်များတဲ့ လက္ခဏာတွေနဲ့ နောက်ကျမှ ဆေးရုံရောက်လာရင် ကုသရတာအရမ်းခက်ပါတယ်။ ဆရာဝန်/ဆရာမတွေလည်း အရမ်းခံစားစိတ်မကောင်းဖြစ်ရပါတယ်။

G6PD def; ရှိ/မရှိ ဘယ်လိုသိနိုင်မလဲ?
==========================
- အများစုကတော့ မွေးကင်းစ အသားဝါဖြစ်လို့ စစ်ကြည့်တာနဲ့ သိနိုင်ပါတယ်။
- တချို့ကတော့ မတည့်တာတစ်ခုခုနဲ့ ထိတွေ့ပြီး ဖြူဆုပ်သွားတာကြောင့် စစ်ကြည့်ရင်သိနိုင်ပါတယ်။

ထို့ကြောင့်
- ဆေးကိုမိမိသဘောနဲ့ အရမ်းမသောက်ကြပါနဲ့
- ဆေးခန်းပြပါက ဆရာဝန်ကို ဒီရောဂါရှိကြောင်း ကြိုပြောပါ
- NSAIDs ဆေးတွေကို မထိုး/မသောက်ကြပါနဲ့
(အထူးသဖြင့် ကလေးတွေကို ဆေးရုံမှာမဟုတ်ပဲ မည်သည့်အသားဆေးမှ မထိုးကြပါနဲ့။ ဆေးရုံမှာတောင် B1လို Adrenalineလို အသက်ကယ်ရမယ့်ဆေးတွေပဲ တချို့လိုအပ်ပါမှ အသားဆေး ထိုးကြတာပါ) G6PD မဟုတ်လည်း သွေးလွန်တုပ်ကွေးလို ရောဂါမျိုးဆိုရင် ဘယ်အသားဆေးနဲ့မှမတည့်ပါဘူး။
- ကလေးလူနာလေးတွေအတွက် ကျနော်တို့ရင်တွေမကွဲပါရစေနဲ့ဗျာ။

Crd: YMO

ကိုယ်ဝန်ဆောင်အားဆေးသောက်ခြင်းနဲ့ ပက်သက်လို့ မေမေတို့ သိထားသင့်တဲ့အချက်တွေ ။ ။ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အမျိုးသမီးတွေ အတွက်...
09/06/2021

ကိုယ်ဝန်ဆောင်အားဆေးသောက်ခြင်းနဲ့ ပက်သက်လို့ မေမေတို့ သိထားသင့်တဲ့အချက်တွေ ။ ။

ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အမျိုးသမီးတွေ အတွက် တကယ်ကို ကြီးကျယ်တဲ့ စွန့်စားခန်းတစ်ခုပါ။ ကိုယ့်ရင်သွေးလေး ဗိုက်ထဲမှာ ရှိစဉ်တည်းက ကောင်းကောင်းဖွံဖြိုးဖို့၊ အာဟာရတွေ အပြည့်ရဖို့အတွက် အချိန်တိုင်း မေမေတို့ ခေါင်းထဲ မှာ စဉ်းစားနေကြတယ်မလား။ အဲဒီ အထဲမှာ ကိုယ်ဝန်ဆောင် ဖြည့်စွက်အားဆေးတွေ သောက်ဖို့အတွေးက ထိပ်ဆုံးကပေါ့။ ဒါပေမယ့်လည်း မေမေတို့ ခေါင်းထဲမှာ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးသောက်ဖို့ ဆိုတဲ့ အကြောင်းအရာတစ်ခုအပြင်အခြား မေးခွန်းတွေ လည်း ရှိနေဦးမယ်လို့ ထင်ပါတယ်။ ဒီတော့ ခေါင်းထဲက အတွေးတွေ ရှင်းသွားအောင် ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော် ။ ။၏

ကိုယ်ဝန်ဆောင်အားဆေးတွေ ထဲမှာမှ ဘယ်ဗီတာမင် နဲ့ သတ္တုဓါတ်က အရေးအကြီးဆုံးလဲ ။

ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ထဲမှာမှ ကိုယ်ဝန်ဆောင်တွေ အတွက် အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးကတော့ Folic acid၊ သံဓါတ်နဲ့ ကယ်လ်ဆီယမ်တို့ပဲ ဖြစ်ပါတယ်
၁။ folic acid က ဦးနှောက်ရဲ့ အာရုံကြောစနစ်တို့ တည်ရှိရာနေရာဖြစ်တဲ့ ကျောရိုး ဖွံ့ဖြိုးမှုကို အားပေးပါတယ်။

၂။ သံဓါတ် ကတော့ ဗိုက်ထဲက ရင်သွေးလေးတွေ လိုအပ်တဲ့ အောက်ဆီဂျင်ကို သယ်ပေးပြီး မိခင်တွေကို သွေးအားမနည်းအောင် ကာကွယ်ပေးပါတယ်။

၃။ ကယ်လ်ဆီယမ်ကတော့ ရင်သွေးလေးတွေရဲ့ အရိုးကို သန်မာစေပြီး မိခင်တွေမှာ အရိုးအားနည်းခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ အကုန်လုံးက အတူတူပဲလား ။ ။?

ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတိုင်းက မတူပါဘူး။
ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်အချိုးအစားနဲ့ ပေါင်းစပ်ပုံတို့က တံဆိပ်တစ်ခုနဲ့ တစ်ခုချင်းဆီမှာ မတူကြပါဘူး။ တစ်ချို့မှာ ဗီတာမင် အစုံပမာဏ နည်းနည်းနဲ့ ပါတတ်ပေမယ့် တစ်ချို့ကျတော့ အရေးကြီးတာတွေလောက်ကိုပဲ ပမာဏ အများကြီးထည့်ထားတာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေး တွေကို ကိုယ့်ဘာသာဝယ်သောက်လို့ရလား။?

ဆေးဝါးထောက်ခံချက် အမှတ် FDA ရထားတဲ့ ဘယ်ဆေးကိုမဆို စိတ်ချစွာ ဝယ်သောက်လို့ရတယ်ဆိုပေမယ့် ကိုယ့်ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်တာကသာ အကောင်းဆုံးပါ။

ဘာ့ကြောင့်လဲဆိုတော့ကိုယ့်ဘာသာ ဝယ်သောက်တဲ့အခါကျတော့ ဝယ်သောက်တဲ့ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးရဲ့ ပါဝင်ပစ္စည်းနဲ့ အချိုးအစားကို သေချာမသိတဲ့အတွက် ကလေးဖွံဖြိုးမှုကို ထိခိုက်စေနိုင်တဲ့ ဗီတာမင် A လိုမျိုး အရာတွေ ပါသွားတတ်လို့ပါ။

ကိုယ်ဝန်စဆောင်တည်းက ပျို့အန် နေတတ်တော့ ဆေးသောက်လည်း ဆေးတွေ အန်တဲ့အထဲ ပါသွားတယ်။ ဘယ်လိုလုပ်ရမလဲ ။။?

ဒါဆိုရင် အားဆေးသောက်တဲ့ အချိန်ကို ပြောင်းလိုက်ပါ။ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ မနက်ပိုင်း ပြန်အန်ထွက်ခြင်းကို ကာကွယ်ဖို့အတွက် ညအိပ်ရာ မဝင်ခင်သောက်ပေးလို့ရပါတယ်။

ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေး တွေ အပြင် အခြား ဘာတွေ သောက်ပေးဖို့ လိုသေးလဲ။ ။?

ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ တော်တော်များများမှာ ကယ်လ်ဆီယမ်သတ္တုဓါတ် ၁၅၀ ကနေ ၂၅၀ မီလီဂရမ်လောက်ပဲပါပါယတ်။ ကိုယ်ဝန်ဆောင်တစ်ယောက်အတွက် တစ်နေ့ကို ကယ်လ်ဆီယမ် ၁၀၀၀ မီလီဂရမ်လောက်တောင် လိုအပ်တာဆိုတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကယ်လ်ဆီယမ်ဖြည့်စွက်အားဆေးတွေ လိုအပ်ရင် ထပ်သောက်ပေးလို့ရပါတယ်။

ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ ပါတတ်တဲ့ ဗီတာမင် D ပမာဏက 400 IU ကိုယ်ဝန်ဆောင်တွေ တစ်နေ့လိုအပ်တဲ့ ဗီတာမင် D ပမာဏက 600 IU ဆိုတော့ မလုံလောက်ဘူးဖြစ်နေတတ်တာပေါ့နော်။ ဒါပေမယ့် လိုနေတဲ့ ဗီတာမင် D ပမာဏ အနည်းငယ်ကို အစားအစာတွေ နေရောင်ခြည်တွေကနေ ရရှိနိုင်လို့ အများကြီးစိတ်ပူစရာတော့မရှိပါဘူး။

ကလေးဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲံ အိုမီဂါ 3 fatty acid တစ်မျိုးဖြစ်တဲ့ DHAကိုတော့ ပင်လယ်ငါးတွေ စားပေးလိုက်ရင် ရမှာပါ။ ငါးကြီးဆီတွေ သောက်ပေးလို့လည်း ရပါတယ်။ တစ်ခုမှတ်ထားရမှာက ကိုယ်ဝန်ဆောင်အတွင် းဘာဆေးပဲသောက်သောက် ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်တာကသာ အကောင်းဆုံးပါ။

သတ်သတ်လွတ်သမား ကိုယ်ဝန်ဆောင်တွေရော ဖြည့်စွက်အားဆေးတွေ သောက်ပေးဖို့လိုလား ။ ။?

အသားမစားတဲ့ သတ်သတ်လွတ်သမားတွေ လိုအပ်တဲ့ အာဟာရဓါတ်တွေကတော့ vitamin B12, zinc, iron နဲ့ omega-3 fatty acids ထဲက DHA တိုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သတ်သတ်လွတ် ကိုယ်ဝန်ဆောင်တွေ အားဆေးရှာဝယ်တဲ့အခါ ဒီလိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေ ပါတဲ့ အားဆေးကို ရွေးဝယ်သင့်ပြီး ငါးကရတဲ့ DHA မဟုတ်ဘဲ ရေညှိကရတဲ့ DHA ကို သောက်ပေးလို့ရပါတယ်။

ကိုယ်ဝန်ရှိနေပြီး ဖြည့်စွက်အားဆေး မသောက်ရင်ရော ဆိုးကျိုးတွေ ဖြစ်နိုင်လား ။ ။?

ကိုယ်ဝန်ဆောင်တဲအချိန် အရေးအကြီးဆုံးကတော့ အစာအာဟာရ ပြည့်ပြည့်ဝဝစားသုံးတာနဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားတာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ က သောက်ဖို့ လိုအပ်တယ်ဆိုပေမယ့် အာဟာရ ပြည့်ပြည့်ဝဝ မစားဘဲ အားဆေးတွေချည်းကိုပဲ အားကိုးနေလို့ကတော့ လုံးဝမရပါဘူး။

ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေး သောက်ဖို့မေ့သွားရင် ဘာလုပ်ရမလဲ။?

တစ်ရက်သောက်ဖို့မေ့သွားလို့ဆိုပြီး နောက်တစ်ရက်မှာ ပြန်ပေါင်းသောက်တာမျိုး လုံးဝမလုပ်ပါနဲ့။ သွေးတွင်း ပမာဏထဲက အချိုးအစားတွေ ပြောင်းသွားနိုင်လို့ပါ။ ဒါ့ကြောင့် ဆေးသောက်ဖို့ မမေ့အောင် မြင်သာတဲ့နေရာမှာ ထားတာမျိုး၊ ဖုန်းထဲ ဆေးသောက်ဖို့ alarm ပေးထားတာမျိုး လုပ်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ ကို ဘယ်အချိန်မှာ စသောက်သင့်တာလဲ ။ ။?

အခြား သတ္တုဓါတ်တွေကတော့ ဘယ်အချိန် စသောက်သောက် ကိစ္စမရှိပေမယ့် Folic acid ကိုကျတော့ ကိုယ်ဝန် မရခင် ၁ လလောက် အလိုတည်းက ကြိုသောက်ထားတာ အကောင်းဆုံးပါ။ ဒါ့အပြင် ကိုယ်ဝန် စစချင်း အပတ်ဆိုတာ ဗိုက်ထဲက ရင်သွေးလေးဖွံ့ဖြိုးဖို့ အားယူနေတဲ့အချိန်ဖြစ်တာကြောင့် အဲဒီ အချိန်မှာ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ သောက်ပေးရင် အကောင်းဆုံးပါ ။ ။

Susten(progesterone )_________________________Susten ဆိုတာ Progesterone (ပရိုဂျက်စတီရုန်း) ဟော်မုန်းဆေးဖြစ်တယ်။ သန္ဓေသား...
06/06/2021

Susten(progesterone )
_________________________

Susten ဆိုတာ Progesterone (ပရိုဂျက်စတီရုန်း) ဟော်မုန်းဆေးဖြစ်တယ်။ သန္ဓေသားကို သားအိမ်အတွင်းနံရံမှာ လာပြီး တွယ်ကပ်စေဘို့ရာမှာ အကူအညီပေးပါတယ်။ တနည်းအားဖြင့် ကိုယ်ဝန်မြဲစေဘို့ သုံးရတာပါ။ သန္ဓေသားကပ်ပြီးတဲ့ နောက်မှာလဲ အချင်းကနေ (ပရိုဂျက်စတီရုန်း) ကို လုံလောက်အောင် ထုတ်လာနိုင်တဲ့အချိန်ထိ ဆက်လုပ်ပေးနေပါမယ်။ ကလေးမွေးပြီးတာနဲ့ အချင်းကနေ (ပရိုဂျက်စတီရုန်) မထုတ်တော့ပါ။ Susten Gel နဲ့ Susten 100mg injection ထိုးဆေး ရှိတယ်။

ကိုယ်ဝန်ဆောင်နေတုံးမှာ ဒီဟော်မုန်းက (အီစထိုဂျင်) ဟော်မုန်းနဲ့ တွဲပြီး ကူညီပါတယ်။ သားအိမ်အတွင်းနံရံကို သန္ဓေသားကပ်ဘို့ အဆင်သင့်ဖြစ်စေမယ်။ အချင်းကိုလဲ အလုပ်အတွက်ကူတယ်။ သားအိမ်ကိုလဲ လှုပ်ရှားမှု ဖြစ်မလာစေအောင် တားပေးသေးတယ်။ နို့ကိုလဲ ထွားလာစေမယ်။ နို့ရည်လဲ မမွေးမချင်း ထွက်မလာစေအောင်လုပ်တယ်။ သားအိမ်အဝမှာရှိတဲ့ အချွဲကိုအားပေးလို့ အပြင်ကနေ ရောဂါပိုး ဝင်မလာစေနိုင်ဘူး။ တင်ပါးဆုံတွင်းနံရံကိုလဲ မွေးတဲ့အခါအတွက် အဆင်သင့် လုပ်ပေးမယ်။

ဘယ်မှာသုံးမလဲ
- Fertility treatment (IVF) or GIFT ကလေးမရနိုင်သူတွေကို ဆေးအဖြစ် ဒီဟော်မုန်းပေးတယ်။
- Recurrent miscarriage ကိုယ်ဝန်ပျက်တတ်သူတွေ၊
- Amenorrhoea ရာသီမလာဘဲနေသူတွေ၊
- Abnormal uterine bleeding သွေးပုံမှန်မဟုတ်ဘဲဆင်းနေသူတွေ၊
- Palliative treatment of advanced, inoperable endometrial carcinoma သားအိမ်ကင်တာ နောက်ပိုင်းအဆင့် ရောက်နေသူတွေအတွက် သုံးပါတယ်။

ဘေးထွက်ဆိုးကျိုးများ = ဝမ်းမမှန်ဖြစ်၊ အစာပိုစာချင်၊ ကိုယ်အလေးချိန်တိုး၊ တချို့မှာ ကျ၊ ကိုယ်ရောင်၊ ဝက်ခြံပေါက်၊ အရေပြားအနီကွက်ထွက်၊ စိတ်ကျ၊ ရင်သားအနေရခက်၊ ချောင်းဆိုး၊ အသက်ရှူခက်။ Carbamazepine ဆေး၊ Phenytoin ဆေးနဲ့ Ciclosporinဆေးတွေနဲ့ တွဲမပေးသင့်ပါ။

Crd:

Contraceptive implant ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ပစ္စည်း (ကန်တော့)ကိုယ်ဝန်တားအရေပြားအောက်ထားရတဲ့ပစ္စည်းဆိုတာ ဆံညှပ်အ...
27/05/2021

Contraceptive implant ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ပစ္စည်း

(ကန်တော့)

ကိုယ်ဝန်တားအရေပြားအောက်ထားရတဲ့ပစ္စည်းဆိုတာ ဆံညှပ်အရွယ်၊ ကွေးနိုင်ဆန့်နိုင်တဲ့ ပြွန်ချောင်းကလေးတခု ဖြစ်တယ်။ လက်မောင်းအတွင်းဖက် အရေပြားအောက်မှာ ထုံဆေး-ပိုးသန့်ဆေး သုံးပြီးထည့်ထားရတယ်။ သူကနေ (ပရိုဂျက်စတီရုန်) ဟော်မုန်းကို ၃ နှစ်ကြာအောင် ထုတ်ပေးနေမယ်။ ဟော်မုန်းကနေ လစဉ် မ-မျိုးဥအိမ်ကနေ မ-မျိုးဥ မထွက်စေအောင် တားဆီးပေးတယ်။ သားအိမ်အဝရှိတဲ့ ချွဲကျိတဲ့ အရည်ကိုလဲ ပြစ်စေးလာစေလို့ ကျားသုက်ပိုးကို သားအိမ်ထဲမဝင်စေအောင် ထားမယ်။ သားအိမ် အတွင်းသားနံရံကိုလည်းပါးလွှာစေလို့ သန္ခေတွယ်ကပ်မှာကိုလည်း တားဆီးပေးမယ်။ ၉၉% မကထိရောက်တယ်။ လစဉ်ရာသီလာအပြီး ၅ ရက်မြောက်နေ့ကစထည့်ထားရင် ချက်ချင်း ထိရောက်တယ်။ အဲဒီအချိန်မှာကိုယ်ဝန်ရှိမနေစရေဘူး။ ကလေးဖွါးပြီးစမှာလည်းထည့်နိုင်တယ်။ ကိုယ်ဝန်ပျက်ပြီးစလည်း ထည့်နိုင်တယ်။ ကလေးနို့တိုက်တာကိုလည်းသက်ရောက်မှုမပြု။ ရာသီမလာမီလက္ခဏာတွေကိုလဲ သက်သာစေတယ်။

၁၉၉ဝ ကျော်မှာ အလွန်ဆွဲဆောင်မှုရှိတဲ့ ကိုယ်ဝန်တားနည်းဖြစ်လာရာကနေ ၂ဝ၁၁ အစပိုင်းရောက်တော့ ကိုယ်ဝန် ရသွားသူပေါင်း ၆ဝဝ ရှိတယ်လို့ ဗြိတိန် တီဗွီတွေမှာပြောလာတယ်။ မကြာခင်မှာဘဲ အဲလိုပြောတာ မဟုတ်တဲ့အကြောင်း မီဒီယာကနားလည်မှုလွဲတာပါလို့ (ဂါးဒီးယန်း) သတင်းစာကနေ ပြန်ရေးတယ်။ ၁ဝ နှစ်အတွင် ကိုယ်ဝန်ရသူပေါင်း ၅၄၈ ယောက်ရှိတယ် ဆိုတာဟာမအောင်မြင်မှုနှုန်း တနှစ်မှာ ဝ့ဝ၁၄% သာဖြစ်တယ်။ အောင်မြင်မှုနှုန်းက ၉၉့၉၈% ဖြစ်တယ်။

1. Nexplanon ဆိုတာ Organon ကုမ္ပဏီကထုတ်ပြီး Etonogestrel ပါတယ်။ ၃ နှစ်ခံတယ်။
2. Norplant ကို ၁၉၈၃ ကတည်းက ဖင်လန်နိုင်ငံမှာစသုံးခဲ့တယ်။ Levonorgestrel (Progestin) 36 mg ပါပြီး (2.4 mm × 34 mm) အရွယ်ရှိတဲ့ Silicone capsules (၆) ခု ဖြစ်တယ်။ ၅ နှစ် ခံတယ်။ ယပ်တောင် ပုံလေးလို လှလှပပလေး ထည့်ပေးတယ်။ အပေါ်ကနေ မြင်နေရတတ်တယ်။ သေခြာစမ်းရင် သိနိုင်တယ်။ အိန္ဒိယကထုတ်တဲ့ Norplant capsules ၆ တောင့်ထဲမှာ Aprogestin ပါတယ်။ ဝတဲ့သူတွေလဲရတယ်လို့ ပြောတယ်။ ၅ နှစ်ထားနိုင်တယ်။
3. Jadelle (Norplant II) နာမည်နဲ့ တခြားနိုင်ငံတွေမှာရှိတယ်။ (2.5 mm × 43 mm) အရွယ် (စီလီကွန်) (၂) ချောင်း ထဲမှာ 75 mg Levonorgestrel ပါတယ်။ ၁၉၉၆ က စသုံးတယ်။ အစက ၃ နှစ် နောက်တော့ ၅ နှစ် အာမခံတယ်။ အစနှစ်မှာ တနေ့ကို 100 µg/day နောက်၊ 40 µg/day နဲ့ 30 µg/day နှုန်းနဲ့ ၅ နှစ်ကြာထုတ်ပေးနေမယ်။
4. Implanon (Etonogestrel) ကို ဗြိတိန်မှာ ၁၉၉၉၊ ကတည်းကစသုံးတယ်။ Etonorgestrel ဟော်မုန်းပါတယ်။ 4 cm x 2 mm အရွယ်ရှိတယ်။ တတောင်ဆစ် အောက်နားအရေပြားအောက်မှာထည့်လေ့ရှိတယ်။ အခုအဲဒါ Nexplanonနဲ့ အစားထိုးလိုက်ပြီ။ ခပ်ဆင်ဆင်ပါဘဲ။ ဒါပေမဲ့ ဓါတ်မှန်မှာပေါ်နိုင်တာလုပ်ထားတယ်။ Applicator ပါလို့ ထည့်ရတာလဲ လွယ်တယ်။ အရင်ဟာကို ၃ နှစ် ကျော်ရင်တော့ အသစ်နဲ့ အစားထိုးတာကောင်းတယ်။
5. Implanon ကိုသာ USA မှာ ၂ဝဝ၆ ဇူလိုင်ကစပြီးလိုင်စင်ပေးထားတယ်။ Etonogestrel 68 mg ပါပြီး၊ ၃ နှစ်ခံ၊ (၁) ချောင်းထဲဖြစ်တယ်။ ထုံဆေးသုံးပြီးလူနာကညာသန်ဆိုရင် ဘယ်လက်ဖျံတဒေါင်ဆဆစ်အထက် လက်မောင်း အတွင်းဘက် ၈-၁ဝ စင်တီမီတာနေရာမယ် ထည့်ပေးတယ်။ ၅-၁၅ မိနစ်အလုပ်သာ ဖြစ်တယ်။ ၄% လောက်မှာ သွေးခြည်ဥတာ၊ ဖေါင်းတာ၊ နီရဲတာ၊ နာနေတာ ဖြစ်တတ်တယ်။

မွေးလမ်းကနေ ဘာမှန်းမသိပဲသွေးဆင်းနေသူ၊ အသည်းရောဂါဆိုးရှိနေသူ၊ သွေးခဲပိတ်ရောဂါရှိနေသူ၊ မျိုးဥအိမ်-အကျိတ် ရှိနေသူတွေ မသုံးသင့်ပါ။ သွေးဆင်းနေချိန်၊ သွေးခဲပိတ်ရောဂါရှိနေရင်၊ ဝလွန်းသူတွေအတွက် မသေချာလှဘူး။ ကိုယ်ဝန်ရှိနေရင်၊ အသည်းရောဂါရှိနေရင်၊ လွန်ခဲ့တဲ့ ၅ နှစ်က ရင်သားကင်ဆာရှိရင်၊ (မိုင်ဂရင်း) အမူးရောဂါရှိရင် မသုံးသင့်ဘူး။ Rifampicin and Rifabutin, Phenytoin, Carbamazepine, Phenobarbital and Primidone ဆေးတွေနဲ့ ဓါတ်ပြုနိုင်တယ်။ HIV ဆေး၊ St John's wort ခေါ်တိုင်းရင်းဆေးတွေနဲ့ တွဲမသုံးသင့်ဘူး။

၂ဝဝဝ ခုကျော်နှစ်တွေထဲမှာထည့်ထားတဲ့ ဆေးချောင်းလေးကပြေးနေသလိုနေရာရွေ့တဲ့ဇာတ်လမ်းတွေ ကြားလာရတယ်။ ဗြိတိန်မှာသုံးတာကို Implanon ခေါ်တယ်။ သူ့ထဲမှာ Etonorgestrel ဟော်မုန်းပါတယ်။ ၂ဝ၁ဝ အောက်တိုဘာ ရောက်တော့ မသုံးစေတော့ဘူး။ Nexplanon (Etonogestrel) ဆိုတာ အစားဝင်လာတယ်။ ဓါတ်မှန်ရိုက်ရင် မြင်နိုင်တဲ့ Barium ပါထည့်ပေးတာသာကွာခြားတယ်။ အရင်ဟာကို ထည့်ထားသူတွေက ၃ နှစ်ပြည့်ရင် ဆေးချောင်းသစ်ကိုသာ ထည့်ရမယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်တာသမိုင်းကိုဆန်းစစ်တဲ့အခါ စိတ်မသက်သာစရာတွေ တွေ့လာရတယ်။ ၆-၁-၂ဝ၁၁ လန်ဒန်ကလာတဲ့ သတင်းတပုဒ်မှာ ၃ နှစ်ခံ Implanon implant သုံးတဲ့ အမျိုးသမီး ၅ဝဝ မယ် ကိုယ်ဝန်ရခဲ့တယ်လို့ ဆိုတယ်။ (တီဗွီ-စတိုရီ) တွေလည်း ပြကြတယ်။ နောက်ထပ် ဒါပေမဲ့တခုဆက်လာပါတယ် (မီဒီယာ) သမားတွေဟာ အခြေခံသချင်္ာကို နားလည်မှု လွဲနေတယ်တဲ့။ ပြောတဲ့သူက ဆေးပညာ-စာရင်းဇယားပညာရှင်ပါ။ ၁ဝ နှစ်အတွင်းကိုယ်ဝန် ၅၈၄ ဆိုတာဟာ မအောင်မြင်နှုန်း ဝ့ဝ၁၄% သာဖြစ်ပါတယ်၊ အောင်ချက်က ၉၉့၉၈၆% ပါတဲ့။

ဘေးထွက်ဆိုးကျိုးတွေ = ရာသီမလာတာလူတိုင်းတော့ မဟုတ်ပါ။ ခေါင်းကိုက်၊ ခေါင်းမူး၊ အစက်အပျောက်ထွက်၊ ရင်သားတင်းနာ၊ စိတ်ကျ၊ ကိုယ်ရောင်သလိုဖြစ်မယ်။ ဝက်ခြံပိုထွက်မယ်။ လူကပိုဝလာ၊ (မဟုတ်ဘူးပြောတာလဲရှိတယ်)၊ စိတ်မူပြောင်းလဲ၊ (မဟုတ်ဘူးပြောတာလဲရှိတယ်)၊ လိင်စိတ်ပြောင်းလဲ၊ (မဟုတ်ဘူးပြောတာလဲရှိတယ်)။ ရင်သားကင်ဆာရှိနေသူမသုံးသင့်ပါ။ ထည့်ကာစ ၆-၁၂ မှာ ရာသီမမှန်ဖြစ်ကြတယ်။ နည်းလာသူကများတယ်။ များတဲံသူတချို့လည်းရှိတယ်။ ၁ နှစ်နောက်ပိုင်း ၃ ယောက်မှာ ၁ ယောက်က ရာသီမလာဖြစ်တယ်။

ထည့်စမှာသာအဖြစ်များပြီး ၃-၆ လနေရင် အများကြီးသက်သာသွားတယ်။ ဆေးချောင်းထည့်စ ပဌမနှစ်မှာ ရာသီမမှန် ဖြစ်တယ်။ ရက်မဟုတ်ဘဲသွေးဆင်းနိုင်တယ်။ ရက်ရှည်နိုင်တယ်။ ဆင်းတာလည်းများနိုင်တယ်။ နောက်နှစ်ဆိုရင် အသားကျလာမယ်။ အဲလိုဖြစ်တာနည်းလာမယ်။ တချို့မှာရာသီအရောင်ပျော့မယ်။ အဆင်းနည်းမယ်။ လုံးဝမဆင်းဘဲလဲ နေမယ်။ သွေးဟာရာသီမဟုတ်ပဲ ပိုးဝင်တာဖြစ်မလားမသေချာရင် ဆရာဝန်ပြပါ။

မထည့်ခင် ကိုယ်ဝန်ရှိမနေတာသေခြာစေသင့်တယ်။ ရာသီစလာတဲ့ရက်ကနေ ၅ ရက်အတွင်းလုပ်သင့်တယ်။ ကလေး ဖွါးပြီးစ၊ ကလေး ၃ ပတ်အရမှာလုပ်နိုင်တယ်။ ကလေးနို့တိုက်တာမှာ ပြဿနာမရှိစေဘူး။ နို့ထဲမှာ ဟော်မုန်း နည်းနည်းလေးတော့ ပါနေနိုင်တယ်။ ထည့်ပြီး ၂၄ နာရီကစပြီး သက်ရောက်မှု ရှိမယ်။ ပြန်ထုတ်ပြီးရင် မကြာခင် ကိုယ်ဝန်ရနိုင်လာတယ်။

Credit : Dr. တင့်ဆွေ
၂၇-၅-၂ဝ၁၆
၂၇-၅-၂၀၂၁

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959965167249

Website

Alerts

Be the first to know and let us send you an email when Aye Mya Sandar Specialist Clinic အေးမြစန္ဒာအထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram