Kyaw Thin Pharmacy

Kyaw Thin Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw Thin Pharmacy, Medical and health, Shwe Pyae Sone Market, Mingalar Taung Nyunt, Yangon.

https://www.facebook.com/story.php?story_fbid=453199160328853&id=100069163175203&post_id=100069163175203_453199160328853...
06/12/2022

https://www.facebook.com/story.php?story_fbid=453199160328853&id=100069163175203&post_id=100069163175203_453199160328853&mibextid=Nif5oz

ယုံကြည်ရတဲ့ ဝန်ထမ်းကို မတည်ဆောက်ပါနဲ့
ခိုင်မာတဲ့ System ကိုပဲ တည်ဆောက်ပါ . . .
နိုင်ငံခြားမှာ အလုပ်လုပ်ရင်းနဲ့ သိလာရတာက
System ဆိုတဲ့ စံနစ်ပါပဲ . . .
ဝန်ထမ်းပေါင်း ၃၀၀၀ လောက်ရှိတဲ့
Company တစ်ခုမှာ ဘာနဲ့ ထိန်းထားလဲဆိုရင်
System နဲ့ပဲ ထိန်းထားပါတယ် . . .
အလုပ်ဝင်ချိန် ထမင်းစားချိန် အလုပ်လုပ်ချိန် နားချိန် အိမ်ပြန်ချိန် စတဲ့
နေ့စဉ်လုပ်ဆောင်မှုအားလုံးကို
System ကနေပဲ လိုက်မှတ်ပေးထားပါတယ် . . .

သတ်မှတ်ထားတဲ့ အဆင့်ကို ကျော်ပြီး
ဘာမှ လုပ်မရပါဘူး . . .
လကုန်တာနဲ့ သတ်မှတ်ထားတဲ့ ဝန်ထမ်းနံပါတ်အလိုက် လစာစာရွက်တွေရောက်ရှိလာပါတယ် . . .
ဒီလိုပဲ လည်ပတ်နေတာ တစ်နှစ်ပြီး တစ်နှစ်ပါ . . .
ပြဿနာဆိုတာ အရမ်းနည်းပါတယ် . . .
အလုပ်အားလုံးနီးပါးလည်း အဆင်ပြေချောမွေ့ပါတယ် . . . အားလုံးလည်း မြန်မာပြည်မှာထက်တောင်
ပိုချစ်ခင်ကြပါတယ် . . .

ဒါပေမယ့် ကျွန်တော်တို့ဆိုတာ Company System ထဲက သတ်မှတ်ထားတဲ့ နံပါတ် လေးတစ်ခုပါပဲ . . .
ကျွန်တော်တို့ အလုပ်ထွက်လာခဲ့တယ် လုပ်ငန်းကြီးဆက်လက်ရပ်တည်ကြီးပွါးနေတာပါပဲ . . .
ဒါတွေအားလုံးရဲ့ အချုပ်က System ဆိုတဲ့ စံနစ်ပါပဲ . . .
ကြိုက်တဲ့ နေရာ ကြိုက်တဲ့ ရာထူး ကြိုက်တဲ့သူ
အလုပ်ထွက်ပါစေ
လုပ်ငန်းမပျက်ပဲ ရှိနေတာကလည်း ထူးဆန်းပါတယ် . . .
အချိန်တစ်ခုရောက်တာနဲ့နောက်လူတစ်ယောက်က လွတ်သွားတဲ့ နေရာကို ဝင်လာပြီး ဆက်Run ပါတယ် . . . ဒါက System ပဲဆိုတာ သိခဲ့ရတယ် . . .
လူပုဂ္ဂိုလ်ကို မမှီခိုပါဘူး . . .
ကျွန်တော်စီးပွါးရေး စလုပ်ကတည်းက
Process Management System ကို
ဦးစားပေးတည်ဆောက်ထားပါတယ် . . .
ဒါကဘာလဲဆိုရင် အလုပ်မှာ
ကျွန်တော်မရှိရင်တောင် သတ်မှတ်ထားတဲ့
နှစ်တစ်ခုအထိ ဆက်လက်ရပ်တည်နေနိုင်ဖို့နဲ့
အချိန်မရွေး မည်သည့် Audit မဆို စစ်ဆေးနိုင်တဲ့ Financial Management System ကိုလည်း တစ်ပြိုင်နက်တည်း တည်ဆောက်လာခဲ့တာပါ . . .
ကျွန်တော့်အလုပ်မှာ ဘယ်သူမဆို ထွက်သွားပါစေ အလုပ်က ဆက်လက်ရပ်တည်နေနိုင်အောင် PMS က
ထိန်းထားနိုင်ခဲ့ပါတယ် . . .
PMS ထဲမှာ မိသားစု ဆွေးမျိုး မိတ်ဆွေဆိုတာ
မရှိပါဘူး . . .
သတ်မှတ်ထားတဲ့ System ထဲက Violate regulations ဖြစ်တာနဲ့ Terminated ပါပဲ . . .
ဒါကြောင့် ယုံကြည်ရတဲ့ ဝန်ထမ်းကို မတည်ဆောက်ပါနဲ့ ခိုင်မာတဲ့ System ကိုပဲ တည်ဆောက်ပါ . . .
ဝန်ထမ်းဘဝဆိုတာ လွတ်လပ်ခွင့်တွေနဲ့အတူ
ပျံသန်းနေကြတဲ့ နေရာတစ်ခုပါ . . .
ကိုယ်တိုင်လည်း ဝန်ထမ်းဘဝကို လွတ်လပ်ခွင့်တွေနဲ့အတူ ပျံသန်းလာခဲ့တာ ၁၀ နှစ်ကျော်ရှိပြီး
လုပ်ငန်းပေါင်း ၂၀ လောက်ကို ရွှေ့ပြောင်းလုပ်ကိုင်လာခဲ့တာပါ . . .
ပျံသန်းပါစေ . . . ပြောင်းလဲပါစေ . . .
မိတ်ဆွေသာ စံနစ်တစ်ခုကို တည်ဆောက်ပါ . . .
မည်သူမရှိတော့လို့ လုပ်ငန်းအဆင်မပြေတော့ဘူးတို့ . . . လုပ်ငန်းပိတ်လိုက်ရတယ်တို့ . . . ဆိုတာ မဖြစ်သင့်တဲ့အရာလို့ ထင်မြင်မိပါတယ် . . .
to Han Thu Lwin
#သဘောကျလို့ထပ်ဆင့်ကူးယူဝေမျှသည်
#မူရင်းရေးသားသူအားခရက်တစ်ပေးပါသည်

04/12/2022

သင်မသိ​သေး​သော Imunactiv ရဲ့လျှို့ဝှက်ချက်များ ......✍️✍️

https://www.facebook.com/100063542208012/posts/589506536510748/?mibextid=Nif5oz
04/12/2022

https://www.facebook.com/100063542208012/posts/589506536510748/?mibextid=Nif5oz

ကုမ္ပဏီဥက္ကဋ္ဌ က မိန်းကလေး ဝန်ထမ်း(၂) ဦးကိုရုံးခန်းထဲခေါ် ပြီးစကားပြောတယ် ။ အခန်းထဲရောက်တော့ကောင်မလေးတစ်ဦး...

22/11/2022

Biogesic for Kids မေမေတို့ရေ..နိုဝင်ဘာလ 24 ရက်နေ့ (ကြာသပတေးနေ့)မှာ ဆရာဝန်ကြီးတွေနဲ့ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်တဲ့ အစီအစဉ်လေး ပြန်လည်ရောက်ရှိလာပါပြီ 💙

ဒီအစီစဉ်လေးကတော့ အပြင်သွားဖို့အခက်ခဲရှိနေတဲ့မေမေတွေ ဆေးရုံ၊ ဆေးခန်းမသွားချင်တဲ့မေမေတွေ အိမ်ကနေပဲ ကိုယ်တိုင် သားသားမီးမီးတို့ကို ဆေးရုံ၊ဆေးခန်းလိုက်ပြရသလိုမျိုး ဖြစ်ရအောင် ရည်ရွယ်ပြီး ပြုလုပ်ပေးထားခြင်းပဲဖြစ်ပါတယ်. ဒီတစ်ပါတ်မှာတော့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ခိုင်ခိုင်ဝင်းကို ဖိတ်ခေါ်ထားပါတယ် ရှင့်💙

နေ့ရက် - ၂၄.၁၁.၂၀၂၂(ကြာသပတေးနေ့)
နေ့လည် ၁ နာရီ မှ ၃ နာရီအထိ ဆရာဝန်ကြီးနဲ့ Phone Call ဖြင့်သော်လည်းကောင်း Viber Video Call ဖြင့်သော်လည်းကောင်း မေမေတို့ နှစ်သက်ရာဖြင့် အခမဲ့တိုင်ပင်ဆွေးနွေးခွင့်ရရှိမှာပါရှင့် 💙

လူဦးရေ ကန့်သတ်ချက်ရှိတာကြောင့် တိုင်ပင်ဆွေးနွေးချင်တဲ့မေမေတွေက အခုပဲ Biogesic For Kids page Messenger မှာ လာရောက်စာရင်းပေးသွင်းလိုက်တော့နော်
ကလေးအမည် -
ကလေးအသက် -
ကိုယ်အလေးချိန် -
တိုင်ပင်လိုသည့်အကြောင်းအရာ (အကျဉ်း) -
မတည့်သည့်ဆေး -
ရောဂါအခံ ရှိ/မရှိ -
ဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်၊ Viber နံပါတ် -
တို့ကို မေမေတို့ ဝယ်ယူထားတဲ့ Biogesic Kids ဆေးဘူးတစ်ဘူးရဲ့ ပုံလေးနဲ့အတူ လာရောက် စာရင်းပေးသွင်းလို့ ရပါပြီရှင့်
အသေးစိတ်သိရှိလိုပါက 09969934327, 09969934148 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ် 💙

ယုံကြည်စိတ်ချရဆုံးနဲ့ အမြန်ဆုံးပျောက်စေတဲ့ ဘိုင်အိုဂျက်ဆစ် နံပါတ်တစ် ကလေးအဖျားပျောက်ဆေးရည် 💙

https://www.facebook.com/1981902718720660/posts/3429922493918668/?mibextid=Nif5oz
22/11/2022

https://www.facebook.com/1981902718720660/posts/3429922493918668/?mibextid=Nif5oz

ကိုယ့်အောက်က ဝန်ထမ်းတွေရဲ့ အခြေအနေအရ ဦးဆောင်စီမံမှု ၄မျိုး

လုပ်ငန်းခွင်အတွင်း အဖွဲအစီးတွေကို ဦးဆောင်တဲ့အခါ မိမိteamရဲ့ followerတွေရဲ့ အခြေအနေအပေါ်မှုတည်ကာ ဦးဆောင်စီမံတဲ့ပုံစံ၄မျိုးရှိလေ့ ရှိပါတယ်။ဝန်ထမ်းတွေရဲ့ အခြေအနေကို ခွဲခြားတဲ့အခါ will ဆိုတဲ့ အလုပ်ကို လုပ်ချင်ကိုင်ချင်စိတ်ရှိရဲ့လား နဲ့ skill/abilityဆိုတဲ့ အလုပ်တွေကို တကယ်လုပ်တက်လား လုပ်နိုင်လားဆိုတဲ့ ၂မျိုးနဲ့ မိမိအောက်က ဝန်ထမ်းတွေရဲ့ အခြေအနေကို ခွဲခြားလို့ရပါတယ်။

အောက်ကပုံမှာ တိုင်းတာမှု ၂မျိုးဖြစ်တဲ့ will နဲ့ skillဆိုတာရှိပြီး ဝန်ထမ်းအမျိုးအစားအကွက်၄မျိုးရှိမှာဖြစ်ပါတယ်။ဒါတွေကတော့
(1)Direct
(2)Motivate
(3)Advise
(4)Delegate ဆိုပြီးဖြစ်ပါတယ်။

(1)Direct ဆိုတဲ့ အကွက်မှာရှိတဲ့ ဝန်ထမ်းရဲ့အခြေအနေက Low will နဲ့ Low skill ဆိုတဲ့ နေရာမှာရှိပြီး ဒီလိုဝန်ထမ်းဟာ အလုပ်ကို လုပ်ဖို့ စိတ်အားထက်သန်မှုမရှိကာ အလုပ်တွေကိုလည်း ကျွမ်းကျင်စွာမလုပ်တက်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ဒီလိုမျိုးဝန်ထမ်းမျိုးဆိုရင် ကိုယ်က သူကို ဘာလုပ်ရမယ် ဘယ်လိုလုပ်ရမယ်ဆိုပြီး အသေးစိတ်ဦးဆောင်ဦးရွက်ပြပြီး သင်ပေးပြီး လုပ်ပြရမှာဖြစ်ပါတယ် သူလုပ်တက်ကိုင်တက်သွားအောင်နဲ့ စိတ်ဓာတ်တက်ကြွပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိလာအောင် ပြုစုပျိုးထောင်ပေးရမယ့် သဘောဖြစ်ပါတယ်။ဒါမျိုးဝန်ထမ်းဆိုရင် အများကြီးအားစိုက်ကာ အချိန်ပေးပြီး သင်ကြားပျိုးထောင်ရမှာဖြစ်ပါတယ်။နောက်

(2)Motivate ဆိုတာကတော့ Low will နဲ့ High skillဆိုတဲ့ နေရာမှာရှိပါတယ် သူဟာအလုပ်ကို ကျွမ်းကျွမ်ကျင်ကျင် လုပ်တက်တယ် ဒါပေမယ့် လုပ်ချင်ကိုင်ချင်စိတ်ပျောက်ပြီး စိတ်ဓာတ်ကျနေတဲ့ အနေအထားမျိုးဖြစ်ပါတယ် ဒီအလုပ်က ထွက်ရင်ကောင်းမလားဆိုပြီး အမြဲတွေးနေတက်တဲ့ သဘောရှိပါတယ်။ဒါမျိုးဝန်ထမ်းဆိုရင် ဦးဆောင်မယ့်သူက သူစိတ်ဓာတ်တက်ကြွလာအောင် incentive မက်လုံးတွေပေးရပါမယ် financial ငွေကြေးအရဖြစ်စေ ၊ non financial ငွေကြေးမဟုတ်တာဖြစ်စေပေးရပါမယ် ပြီးတော့ coaching အနေနဲ့ သူဘာတွေ အဆင်မပြေလဲ ဘာတွေခံစားနေရလဲ ဘာအတွက်ကြောင့် စိတ်ဓာတ်ကျနေလဲကို သိအောင်လုပ်ကာ ကိုယ်က သူစိတ်ဓာတ်တက်ကြွလာအောင် coachingပေးရမှာဖြစ်ပါတယ်။

(3)Advise ကတော့ high will နဲ့ low skill နေရာမှာ ရှိပါတယ် အရမ်ကို အလုပ်ကြိုးကြိုးစားစားလုပ်ချင်တဲ့ စိတ်ရှိပြီး အလုပ်ကို သေချာကျွမ်းကျွမ်းကျင်ကျင်မလုပ်တက်သေးပါဘူး အခုမှ အလုပ်စလုပ်တဲ့သူ မတူနဲ့ field ကနေပြောင်းပြီး လုပ်တဲ့သူမျိုးလည်း ဖြစ်နိုင်ပါတယ် ဒါမျိုးကြ ဘယ်လိုလုပ်ရတယ်ဆိုတဲ့ နည်းစနစ် နည်းလမ်းတွေကို သေချာ သင်ကြားပြသပေးရပါမယ် ရုံကအကြီးပိုင်းကသင်ပေးတာမျိုးဖြစ်စေ အပြင်သင်တန်းတွေပေးတက်တာဖြစ်စေ trainingပေးရမှာဖြစ်ပါတယ်။

(4)Delegate ဆိုတာကတော့ High will နဲ့ High Skill အနေအထားဖြစ်ပါတယ် ဒါမျိုးကြတော့ လုပ်ချင်စိတ်ကော အလုပ်ကျွမ်းကျင်မှုကော အားလုံးကောင်းပါတယ် သူစိတ်ဓာတ်မကျပဲ အမြဲဒီအတိုင်းရှိနေဖို့အတွက် ကိုယ်က သူကို အလုပ်တွေ လွှဲပြောင်းတာဝန်ယူခိုင်းပြီး သူလုပ်နိုင်တဲ့အခါ အသိအမှတ်ပြုပေးရမှာ ဖြစ်ပါတယ်။ဒါမှ သူက အမြဲ စိတ်အားတက်ကြွနေမှာဖြစ်ပါတယ် တကယ်လို့ သူဟာ စိတ်ဓာတ်ကျသွားရင် နပက်2 motivate အကွက်လိုဖြစ်သွားမှာဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun

Address

Shwe Pyae Sone Market, Mingalar Taung Nyunt
Yangon
11222

Alerts

Be the first to know and let us send you an email when Kyaw Thin Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram