Dr. Sai Myat Thu - ကလေးကျန်းမာရေး

Dr. Sai Myat Thu - ကလေးကျန်းမာရေး Dr. Sai Myat Thu ကလေးကျန်းမာရေး Page သည် အခြေခံကလေးကျန်းမာရေးဗဟုသုတများ မျှဝေပေးနေသောPageဖြစ်ပါသည်။

31/10/2025

Hla Hla Kyi 💫:ဆရာရှင့်သားသားက၁၀လပိုင်း၄ရက်ဆို၅လပြည့်ပါပြီခုထိမမှောက်သေးလို့စိုးရိမ်ရလားဖြေပေးပါ

29/10/2025

ကလေး ဆေးထိုးတဲ့ကိစ္စ

28/10/2025

ကလေးငိုခြင်း ညှစ်ခြင်း

ဆရာ့ဆီ လာရောက်ဆေးခန်းပြကြတဲ့ ရပ်နီးရပ်ဝေးက ကလေးမိဘတွေးကို အသိပေးစရာရှိလို့ပါ။ ဆရာတစ်ဦးပဲအမြဲထိုင်တဲ့🟦 မိဂသီဆေးခန်း 🟦အခန...
24/10/2025

ဆရာ့ဆီ လာရောက်ဆေးခန်းပြကြတဲ့ ရပ်နီးရပ်ဝေးက ကလေးမိဘတွေးကို အသိပေးစရာရှိလို့ပါ။

ဆရာတစ်ဦးပဲအမြဲထိုင်တဲ့

🟦 မိဂသီဆေးခန်း 🟦
အခန်း ၀၀၃၊ အမှတ် ၂၅၊ ဘီ ၉ လမ်း၊ ယုဇနဥယျာဥ်မြို့တော်၊ ဒဂုံဆိပ်ကမ်း ဆေးခန်းကို

❌ မနက်ပိုင်း ဆေးခန်းချိန် ၉ နာရီ မှ နေ့လည် ၁၂ နာရီ

ညနေ ၄ နာရီ မှ ၈ နာရီ အစား

အခု

✅ မနက်ပိုင်း ဆေးခန်းချိန် ၉ နာရီ မှ နေ့လည် ၁၂ နာရီ

ညနေ ၄ နာရီ မှ ည ၇ နာရီခွဲ ကို ပြောင်းလဲထားပါတယ်။

ဒါကြောင့် လာနေကျ အဝေးက ကလေးမိဘတွေ အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ရွှေပေါက္ကံ၊ တောင်ဥက္ကလာ ၊ မြောက်ဒဂုံ၊ စမ်းချောင်း က ကလေးမိဘတွေကို အချိန်မမှားရအောင် ဒီကနေအသိပေးပါရစေ။

ဆေးခန်း အဆင့်မြှင့်တင်မှုနဲ့ ကလေးကျန်းမာပညာ ​ထပ်ဆင့်သင်ယူမှုတွေလုပ်ဖို့ရှိတဲ့အတွက် အချိန် နာရီဝက်စော ပိတ်ပါရစေ။

ကျန်းမာကြပါစေ
Dr. စိုင်းမြတ်သူ

23/10/2025

အင်အင်း မပါ၍ ဝမ်း ချုပ်​နေကြသော ပါချုပ်ကြီးများအကြောင်း

22/10/2025

သူငယ်နာကို စိုးရိမ်ကြသော လျှာထုတ်ခြင်းကိစ္စ

21/10/2025

ကာကွယ်ဆေးထိုးပြီး ငိုတဲ့အခါ

18/10/2025

ကလေးနဲ့ ချက်ကြွေခြင်း

17/10/2025

ကလေးအားဆေး ရှာပုံတော်

ရေကျောက်တအားပြန်ဖြစ်နေလို့ ပြန်တင်ပေးပါတယ်။ရေကျောက်(Chicken Pox) ဆိုတာဟာ Varicella zoster လို့ဆိုတဲ့ ဗိုင်းရပ်ပိုး တစ်မျ...
15/10/2025

ရေကျောက်

တအားပြန်ဖြစ်နေလို့ ပြန်တင်ပေးပါတယ်။

ရေကျောက်(Chicken Pox) ဆိုတာဟာ Varicella zoster လို့ဆိုတဲ့ ဗိုင်းရပ်ပိုး တစ်မျိုးကြောင့်
ဖြစ်တာပါ။ ပဲသီတာလို့လဲခေါ်ကြပါတယ်။ ဒီရောဂါဟာ ကလေးတွေမှာ အဖြစ်များတယ် ဆိုပေမယ့် လူလတ်ပိုင်းနဲ့ လူကြီးတွေမှာလည်း ဖြစ်နိုင်တယ်။

ရေကျောက်ပေါက်တဲ့အခါ ကလေးတွေဟာ ဖျားနာတတ်ပြီး ကိုယ်လက်မအီမသာနဲ့နုန်းချိနေတတ်ပါတယ်။ ခန္ဓာကိုယ်မှာ အနီစက်တွေ စတင်ဖြစ်လာပြီး နောက်မကြာမီရက်ပိုင်းအတွင်းမှာ ရေကြည်ဖုများပေါက်လာပြီး ယားယံလာပါတော့တယ်။ အဲဒီရည်ကြည်ဖုလေးတွေဟာ ပဲသီတာအစေ့လေးတွေနဲ့တူတဲ့အတွက် ပဲသီတာလို့ခေါ်တာဖြစ်ပါတယ်။ ရေကြည်ဖုအနေနဲ့ ပျောက်သွားကောင်းပျောက်သွားနိုင်ပါတယ်။ ကလေးက ယားလို့ကုတ်ရင်းနဲ့လဲ ရင်းပြီး ပြည်ဖုတွေဖြစ်လာနိုင်ပါတယ်။ ရောဂါပျောက်ချင်လာတဲ့အခါမှာတော့ အဖုလေးတွေညိုးလာပြီး အညိုရောင်အကွက်တွေကျန်ခဲ့ပါတယ်။ ဒါပေမယ့် အပေါ်ယံအရေပြားကိုသာထိခိုက်တာဖြစ်တဲ့အတွက် အမာရွတ်မကျန်ခဲ့တာပဲများပါတယ်။

များသောအားဖြင့်
- နှစ်ရက်ခွဲလောက်ဖျားတယ်
- လေးငါးရက်လောက်ထိ ရေကြည်ဖုတွေပွားတယ်
- ပြီးရင် အဖုတွေချပ်ပြီးပြန်ညိုးသွားဖို့က ငါးရက်လောက်ထပ်ကြာတတ်ပါတယ်။

ရေကျောက်ဖြစ်ပွားရင် တစ်ပတ်ဆယ်ရက်အတွင်း အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။
ဒါပေမယ့် အနည်းငယ်မျှသော ကံအကြောင်းမလှဖြစ်သွားရတဲ့ ကလေးငယ်တွေမှာ နောက်ဆက်တွဲအနေနဲ့

• အဆုတ်ရောင်ခြင်း
• ဦးနှောက် နဲ့ အာရုံကြောရောင်ခြင်း
• နှလုံးရောင်ခြင်းများ
• အသည်းရောင်ခြင်း
• ကျောက်ကပ်ရောင်ခြင်း စတဲ့နောက်ဆက်တွဲ ပြသနာရပ်များတွဲလာတတ်ပါတယ်။

ကလေး ရေကျောက်ပေါက်ခဲ့ရင်
• နီးစပ်ရာဆေးခန်းမှာ တိုင်ပင်ကုသပါ။
• အဖျားကြီးပါက အပူကျအောင်ရေချိုးပေးနိုင်ပါတယ်။ လူကြီးများ ရေကျောက်ပေါက်ပါက ရေနိုင်နိုင်ချိုးပေးပါ။
• လေဝင်လေထွက် ကောင်းတဲ့ အခန်းမှာ ထားပါ။ ပေါ့ပါးသောအဝတ်များကိုသာဝတ်ဆင်ပေးပါ။
• ကလေးအယားသက်သာစေရန် လိုးရှင်းလူးပေးနိုင်ပါတယ်။
• ကလေးငယ်များ အလွန်အမင်းကုတ်ဖဲ့ခြင်းမပြုစေရန်သတိပြုပါ။
• အရည်ကြည်ဖုများဟာ ရောဂါပိုးမွှားများပါဝင်တဲ့အတွက် ထိုအဖုမှထွက်လာသောအရည်များဟာ ရောဂါပိုးကူးစက်စေနိုင်ပါတယ်။ ဒီ့အတွက် ကလေးငယ်မသက်သာသေးခင် ကျောင်းသို့မလွှတ်သင့်ပါ။
• ကိုယ်ဝန်ဆောင်မိခင်များကူးစက်ပါက သန္ဓေသားကို ထိခိုက်စေနိုင်တဲ့အတွက် ရေကျောက်ပေါက်သောကလေးငယ်နှင့် အထိအတွေ့မပြုသင့်ပါ။

ကလေးများအားလုံး ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
မေတ္တာဖြင့်
စိုင်းမြတ်သူ

14/10/2025

သွားပေါက်ချိန် မတူကြတဲ့ ကလေးငယ်တွေ

13/10/2025

ဖျားရင် ဆေးတိုက်မလား ဂြိုလ်တုထည့်မလား

Address

မိဂသီဆေးခန်း အခန်း ၀၀၃၊ အမှတ် ၂၅၊ ဘီ (၉)လမ်း၊ ယုဇနဥယျာဥ်မြို့တော်၊ ဒဂုံဆိပ်ကမ်း။
Yangon

Opening Hours

00:00 - 12:00

Website

Alerts

Be the first to know and let us send you an email when Dr. Sai Myat Thu - ကလေးကျန်းမာရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Sai Myat Thu - ကလေးကျန်းမာရေး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram