Dr. Sai Myat Thu - ကလေးကျန်းမာရေး

Dr. Sai Myat Thu - ကလေးကျန်းမာရေး Dr. Sai Myat Thu ကလေးကျန်းမာရေး Page သည် အခြေခံကလေးကျန်းမာရေးဗဟုသုတများ မျှဝေပေးနေသောPageဖြစ်ပါသည်။

Staying a while in Nyaung Shwe and Inle
13/04/2026

Staying a while in Nyaung Shwe and Inle

13/04/2026

နို့မှုန့်တိုက်ပြီး မိခင်နို့ ဆက်တိုက်လို့ရသလား။

12/04/2026

နှစ်သစ်မှာ ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေ။

Dr. စိုင်းမြတ်သူ

11/04/2026

G6PD ချို့တဲ့ ကလေးငယ် အိုဗာတင်းသောက်လို့ ရမရ

11/04/2026

ကလေးနို့မှုန့်ဖျော်ပြီးရင် ဘယ်လောက်ကြာကြာ အထားခံသလဲ

11/04/2026

မနက်ဖြန်ကစပြီး ယုဇန မိဂသီဆေးခန်းကို သင်္ကြန်ကာလ ရှစ်ရက် ဆေးခန်းပိတ်ပါမယ်။
၂၀.၄.၂၀၂၆ တနင်္လါနေ့မှ ပြန်ဖွင့်ပါမယ်။

အမေးအဖြေကဏ္ဍ ကို ယခုကစပြီး ၁၉.၄ ၂၀၂၆ ထိ ခေတ္တနားပါမယ်။ ၂၀.၄.၂၆ ကစမေးတဲ့ မေးခွန်းတွေပဲ အဲသည်မှပြန်ဝင်ဖြေဖြစ်ပါမယ်။

ကျန်းမာကြပါစေ
Dr. စိုင်းမြတ်သူ

07/04/2026

မနေ့က မေးတဲ့ လသားကလေးအတွက် ရေဓာတ်မခမ်းအောင် ဘာတိုက်ရမလဲဆိုတဲ့အဖြေ

06/04/2026

ဟိုနေ့က ဖျားတဲ့ကလေးကို ဓာတ်ဆားထည့်တိုက်ပါလို့ ပြောတော့ ဆရာ့ကို Comment မှာ မေးလိုက်ကြတာ...
လသားကလေးကိုရော ဘာဓာတ်ဆားတိုက်ရမလဲဆိုတာ ဖြေပေးပါဦးဆိုပြီး။

ကဲ ဒီတခါ ဆရာမေးကလှည့်ပဲ။
အဲဒီမေးခွန်းကို ကလေးမိဘတွေပဲ ဒီပို့စ်က ကွန်းမန့်မှာ ပြန်​ဖြေပေးသွားကြပါဦး။

"လသားကလေးအတွက် ရေဓာတ်ခမ်းခြောက်တာကို ကာကွယ်ဖို့ (ကုသဖို့မဟုတ်ဘူးနော်) ကာကွယ်ဖို့အတွက် ဘာတိုက်တာအကောင်းဆုံးလဲ " ဆိုတာကို ကိုယ်ထင်တာလေးဝင်ရေးပြီးဖြေသွားကြပါ။
မှားမှာမစိုးနဲ့နော်။ မှားလဲဘာမှမဖြစ်ဘူး ကိုယ်ကဆရာဝန်မှမဟုတ်တာ။ ဖြေရဲတာကိုက တော်တာ။

ဆရာမနက်ဖြန်ကျတော့ အဖြေကို Video နဲ့ ပြန်ဖြေပေးမယ်။ တို့ ကလေးမိဘတွေဖို့။

04/04/2026

ခုရက်ပိုင်း ကလေးတွေ ပြန်ဖျားနေကြပါတယ်။
တုပ်ကွေးမဟုတ်ဘူး အပူရှပ်ကြတာပဲများတာ။

အရင်က ညဘက်ဆိုပိုအပူတက်ကြပေမယ့် အခုက အပူရှပ်ကြတာဆိုတော့ နေ့လည် အပူရှိန်များတဲ့အချိန် အဖျားဆောင့်တက်တတ်ကြပါတယ်။

အဖျားကျဖို့ ဘာလုပ်ရမလဲ ဆိုတာတွေက ဆရာပြောပေါင်းများလို့ သူတို့လဲရိုးနေလောက်ပါပြီ။
ဒီနေ့အဓိကပြောချင်တာက Hydration ပါ။ ရေဓာတ်ခမ်းတာနဲ့တွဲနေကြတယ်နော်။
ဓာတ်ဆားထည့်တိုက်ပါ။ အငန်ဓာတ်ဆား/ အရသာထည့်ထားတဲ့အငန်ဓာတ်ဆား ဦးစားပေးတိုက်ပါ။
ပါရာတိုက်လိုက် ချွေးထွက်လိုက်၊ အပူတက်လိုက် ရေဆုံးရှုံးလိုက်ဖြစ်နေတဲ့အချိန်မှာ ကျန်တာထက် အပူကြီးပြီးရေဓာတ်ခမ်းလို့ Heat Exhaustion ဖြစ်မှာကိုပဲပူပါ။

ထပ်မှာပါမယ်။
ရေဓာတ်မခမ်းပါစေနဲ့။ လိုအပ်သလို ဓာတ်ဆားတိုက်ပါ။

Dr. စိုင်းမြတ်သူ

ကလေးကျန်းမာရေး မဟုတ်ပေမယ့် အမြင်မတော်တာတွေ့မိလို့ ရေးပါတယ်။လေဖြတ်ကာကွယ်တဲ့ဆေး ဆိုတာ ကမ္ဘာပေါ်မှာမရှိပါ။လေဖြတ်ကာကွယ်ဆေးထိ...
02/04/2026

ကလေးကျန်းမာရေး မဟုတ်ပေမယ့် အမြင်မတော်တာတွေ့မိလို့ ရေးပါတယ်။

လေဖြတ်ကာကွယ်တဲ့ဆေး ဆိုတာ ကမ္ဘာပေါ်မှာမရှိပါ။

လေဖြတ်ကာကွယ်ဆေးထိုးဖို့ ဆရာ့ဆီလာမေးလို့ ကြုံလို့ဝေမျှခြင်းပါ။

လူနာတွေ၊ သာမန်ပြည်သူတွေကတော့ သိကြမှာမဟုတ်ပါဘူး။
လေဖြတ်ကာကွယ်ဆေးဆိုပြီး ထိုးနေကြတဲ့ဆေးတွေက လေဖြတ်ပြီးမှ နောက်တခါထပ်မဖြတ်အောင်တတ်နိုင်သမျှကာကွယ်ဖို့နဲ့ လေဖြတ်ပြီးနောက်ဆက်တွဲဆိုးကျိုးတွေအတွက် ထိုးတဲ့ဆေးတွေပါ။ Citicholine ၊ Piracetam စတဲ့ဆေးတွေပါ။ လေမဖြတ်အောင်ကာကွယ်တဲ့ဆေးတွေမဟုတ်ပါ။

အခုနောက်ဆုံးပေါ်တဲ့ Semaglutide, Evolocumab လိုဆေးတွေတောင် လေဖြတ်တာကို တိုက်ရိုက်ကာကွယ်တာမဟုတ်ဘဲ နှလုံး၊ဆီးချိုရှိတဲ့သူတွေအတွက် ကာကွယ်ဖို့ လိုအပ်မှပေးရတဲ့ထိုးဆေးတွေပါ။ ( ဒီဆေးတွေကလဲ ဒီမှာဝယ်လို့မရပါဘူး။ သီးသန့်မှာလို့ရခဲ့ရင်တောင် တခါထိုးရင် သိန်း ၂၀ နဲ့ သိန်း ၅၀ ကြား ကုန်မှာပါ။)

တကယ်လေမဖြတ်အောင် ကာကွယ်တဲ့ဆေးရော မရှိဘူးလား။

ရှိတာပေါ့။ တိုက်ရိုက်မဟုတ်ပါ။ နှလုံးသွေးတိုးဆီးချိုသွေးတွင်းအဆီဓာတ်များခြင်း စတဲ့ ရောဂါတွေကြောင့် လေဖြတ်ကြတာပါတယ်။ ဒါတွေကို ကာကွယ်ဖို့

- နှလုံးသွေးတိုးဆီးချိုအဆီဓာတ်များ လူနာတွေက ဆရာဝန်ညွှန်တဲ့အတိုင်း ဆေးကို ပုံမှန်သောက်မယ်။ ကိုယ့်သဘောနဲ့ကိုယ်ဆေးမဖြတ်ဘူး။ စနစ်တကျ ရက်ချိန်းမှန်မှန်သွားမယ် ဆေးသောက်မယ်။

- အဆီအဆိမ့်တွေလျှော့ပြီး ကျန်းမာရေးနဲ့ညီအောင် ရွေးချယ်စားမယ်။

- ကိုယ်လက်လှုပ်ရှားမှု အသင့်အတင့်ရှိစေမယ်။

စတဲ့ risk factor လို့ခေါ်တဲ့ ရောဂါဖြစ်နိုင်ခြေ အချက်အလက်တွေကို ကာကွယ်ကြမယ်ဆိုရင် လေဖြတ်ကာကွယ်ဆေးကို ကိုယ်နှင့်မကွာ ဆောင်ထားတာနဲ့ အတူတူပါပဲ။

ဆေးပညာရှင်မဟုတ်တဲ့သူတွေက မသိတာအပြစ်မရှိပါ။ သိအောင်ဝေမျှဖို့က ဆရာတို့တာဝန်ဖြစ်ပါတယ်။

မေတ္တာဖြင့်
စိုင်းမြတ်သူ

01/04/2026

ဒီရက်ပိုင်း ဆရာ့ကို တစ်ယောက်ပြီးတစ်ယောက် မေးကြတဲ့ကိစ္စက ကလေးဆီးသွားတာနည်းပြီး ဝါနေလို့ ဆိုတဲ့အကြောင်းပါ။

ဟုတ်ပါတယ်။ ဒီရက်ပိုင်း ကလေးတွေဆီးသွားနည်းပြီး ဝါလာတတ်ပါတယ်။ နွေရာသီရောက်လာပြီကိုး။ နွေရောက်တော့ ပူလာပြီ၊ ခန္ဓာကိုယ်က ရေဓာတ်ပိုပြီးအငွေ့ပြန်လာတာရယ်၊ ချွေးပိုထွက်လာတာရယ်ကြောင့် ပေါက်စရာ ဆီးက နည်းသွားပြီ။ နည်းသွားတော့ ဆီးထဲက ပုံမှန်ပါနေကျ စွန့်ပစ်အဝါဓာတ်တွေက concentrated ဖြစ်လာတော့ ပိုပြီးဝါတယ်လို့ ဖြစ်လာတာပေါ့။ အဲဒါက ပုံမှန်ပါပဲ စိတ်ပူစရာမရှိဘူး။

ဒီဆီးနည်းတဲ့ကိစ္စကို များသောအားဖြင့် လသားကလေးအမေတွေ လာလာမေးကြတယ်။ သူတို့ကလေးတွေအတွက်က ခုမှ ပထမဆုံးနွေရာသီကြုံရတာဆိုတော့ အတွေ့အကြုံမရှိသေးတော့ကြောက်ကြတာကိုး။ ကလေးကြီးမိဘတွေလဲ သတိထားမိတဲ့မိဘကတော့ ရုတ်တရက် ပူကြတာပါပဲ။

ဆိုတော့ကာ ဆီးနည်းတယ် ဝါတယ် ဆိုတာအပြင်
ဆီးသွားရင် နာတယ်ကျင်တယ် ကော့ကော့ထိုးပြီးငိုတယ်
ဆီးတစက်တစက်သွားတယ်
ဖြူနောက်နောက်အနည်တွေ ဖြစ်တယ်
အဖျားနဲ့တွဲတယ်
ဘယ်လိုနေနေ မိဘက စိတ်ပူနေတယ် ဆိုရင် ဆေးခန်းပြပါ။

များသောအားဖြင့် ဆီးနည်းပြီး ဝါတာသီးသန့်ကတော့ နွေရာသီမှာ ဖြစ်နေကျပါ။
စိတ်ပူစရာမရှိပါ။

Dr. စိုင်းမြတ်သူ

ကလေးအမေ 👩🏻 : ဆရာ သမီးက ကလေးကို နို့တိုက်နေတုန်းမို့ ကော်ဖီရော သောက်လို့ရလား။Me🕴: ရတယ်လေ သောက်ပါ။ တစ်ခွက်လောက်သောက်တာတော့...
30/03/2026

ကလေးအမေ 👩🏻 : ဆရာ သမီးက ကလေးကို နို့တိုက်နေတုန်းမို့ ကော်ဖီရော သောက်လို့ရလား။

Me🕴: ရတယ်လေ သောက်ပါ။ တစ်ခွက်လောက်သောက်တာတော့ ဘာမှမဖြစ်ဘူးရတယ်။

ကလေးအဖေ 🤵 : ဆရာ ကျွန်တော့်မိန်းမ တစ်ခွက်ဆိုတာ ယုံလားဆရာရယ်....

သူမ ၏ တစ်ခွက် ⏩

Address

မိဂသီဆေးခန်း အခန်း ၀၀၃၊ အမှတ် ၂၅၊ ဘီ (၉)လမ်း၊ ယုဇနဥယျာဥ်မြို့တော်၊ ဒဂုံဆိပ်ကမ်း။
Yangon

Opening Hours

00:00 - 12:00

Website

Alerts

Be the first to know and let us send you an email when Dr. Sai Myat Thu - ကလေးကျန်းမာရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Sai Myat Thu - ကလေးကျန်းမာရေး:

Share