Htun Nay La Pharmacy

Htun Nay La Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htun Nay La Pharmacy, Medical and health, အမှတ် (8) ၊ ဘုရားလမ်း ၊ လှိုင်မြို့နယ်။ ဘုရားလမ်းမှတ်တိုင်/ပါရမီစိန်​ဂေဟာ အနီး, Yangon.

လူကြီးမိဘများအတွက်ပဲဖြစ်ဖြစ် အစာမစားနိုင်တဲ့နာတာရှည်လူမမာများအတွက်ပဲဖြစ်ဖြစ် ​နေ့စဥ်အာဟာရအဖြစ်​သောက်သုံးနိုင်တဲ့ Blenter...
03/05/2023

လူကြီးမိဘများအတွက်ပဲဖြစ်ဖြစ်
အစာမစားနိုင်တဲ့နာတာရှည်လူမမာများအတွက်ပဲဖြစ်ဖြစ် ​နေ့စဥ်အာဟာရအဖြစ်​သောက်သုံးနိုင်တဲ့ Blenteral အာဟာရအားဖြည့်ရည် အထုပ်လေး​တွေ ဆိုင်မှာ ရရှိနိုင်ပါပီရှင်

Blenteral အသင့်သောက်
အာဟာရအားဖြည့်အရည်မှာဆိုရင်
အသားဓာတ် (Protein)
အမျှင်ဓာတ် (Fiber)
ကောင်းမွန်သောအဆီဓာတ်တို့အပြင်
အခြားသော သဘာဝပါပစ္စည်း
များလည်း ပါဝင်တဲ့အတွက်
အစာအိမ်ရောဂါဝေဒနာများမှ
ကင်းဝေးရစေဖို့အတွက်သောက်သုံးပေးလို့ရသလို
နေ့စဉ်သောက်သုံးပေးတဲ့အခါ
လိုအပ်တဲ့အာဟာရဓာတ်များနဲ့
ကိုယ်ခံအားကောင်းမွန်စေဖို့အတွက်
အများကြီး အထောက်အပံ့ပေးနိုင်တဲ့
အသင့်သောက်အာဟာရအရည်ပဲဖြစ်ပါတယ်ရှင်…

Non-Dairy Product လည်းဖြစ်ပြီး
ကိုလက်စထရောလည်း မပါဝင်တဲ့အတွက်
နို့နှင့်ဓာတ်မတည့်သောသူများအနေနဲ့လည်း
စိတ်ချယုံကြည်စွာနဲ့ သောက်သုံးပေးနိုင်တဲ့
အသင့်သောက် အာဟာရ
အားဖြည့်အရည်လည်းဖြစ်ပါတယ်ရှင့်…

#ဘလန်ထရယ်

☎️ 0943045976 // 09450719280

ခုလို ပူပြင်းလွန်းတဲ့ ရာသီမှာ ဖြစ်တတ်တဲ့ Heat Stroke ( အပူ​ကြောင့် ​လေဖြတ်ခြင်း ) အ​ကြောင်းသတိထားနိုင်ဖို့ မျှ​ဝေ​ပေးလို...
19/04/2023

ခုလို ပူပြင်းလွန်းတဲ့ ရာသီမှာ ဖြစ်တတ်တဲ့ Heat Stroke ( အပူ​ကြောင့် ​လေဖြတ်ခြင်း ) အ​ကြောင်း
သတိထားနိုင်ဖို့ မျှ​ဝေ​ပေးလိုက်ရပါတယ်

🥵 အငွေ့ပြန်သွားမတတ်ပူနေတဲ့ ဒီလိုကာလမှာ အသက်အန္တရာယ်အတွက် သတိထားရမှာက "အပူကြောင့် လေဖြတ်ခြင်းဆိုတဲ့ (𝐇𝐞𝐚𝐭 𝐒𝐭𝐫𝐨𝐤𝐞)"

🌡️ပုံမှန်အားဖြင့် လူတွေရဲ့ခန္ဓာကိုယ်မှာ အပူချိန်ကိုမျှအောင် ထိန်းညှိပေးတဲ့ စနစ်ရှိပြီးသားပါ
🌡️𝐇𝐲𝐩𝐨𝐭𝐡𝐚𝐥𝐚𝐦𝐮𝐬 ဆိုတဲ့ ဂလန်းက ခန္ဓာကိုယ်ပူလာရင် အရေပြားကနေ ချွေးထွက်စေပြီး အပူဓါတ်တွေကို Evaporationနည်းနဲ့ အပြင်ထုတ်ပေးတတ်ပါတယ်
🌡️ဒါပေမယ့် ခန္ဓာကိုယ်အပူချိန်က 𝟏𝟎𝟒'𝐅 (𝟒𝟎'𝐂) အထက်ရောက်လာရင် အဲ့စနစ်ကပျက်သွားပြီး ပြန်မညှိပေးနိုင်တော့ဘူး အဲ့အခါမှာ ကိုယ်တွင်းအင်္ဂါတွေကိုထိခိုက်ပြီး အန္တရာယ်ရှိလာပါတယ်
🌡️ပူတာနဲ့ heat stroke တန်းဖြစ်တာတော့မဟုတ်ပါဘူး .. သူ့ရှေးပြေးတွေဖြစ်တဲ့ 𝐡𝐞𝐚𝐭 𝐜𝐫𝐚𝐦𝐩𝐬, 𝐡𝐞𝐚𝐭 𝐬𝐲𝐧𝐜𝐨𝐩𝐞, 𝐡𝐞𝐚𝐭 𝐞𝐱𝐡𝐚𝐮𝐬𝐭𝐢𝐨𝐧 စတဲ့အဆင့်တွေပြီးမှ နောက်ဆုံး 𝐇𝐞𝐚𝐭 𝐒𝐭𝐫𝐨𝐤𝐞 ဖြစ်တတ်တာပါ

🌞 𝐇𝐞𝐚𝐭 𝐞𝐱𝐡𝐚𝐮𝐬𝐭𝐢𝐨𝐧 အဆင့်ရဲ့ လက္ခဏာတွေ

🔸မူးဝေခြင်း
🔸ချွေးတအားထွက်ခြင်း
🔸ကိုယ်လက်တွေ ရုတ်တရက်အေးပြီး ဖြူဖျော့သွားခြင်း
🔸ပျို့အန်ခြင်း
🔸သွေးခုန်နှုန်းမြန်ခြင်း
🔸ကြွက်တက်ခြင်း

✅ အဲ့လိုအချိန်မှာ ဘာလုပ်သင့်သလဲ
🔸လေဝင်လေထွက်ရှိပြီး အေးတဲ့နေရာကို ရွှေ့ပါ
🔸လူနာကသတိရှိသေးရင် ရေတိုက်ပေးပါ
🔸ရေအေးချိုးပေးပါ (သို့) ရေပတ်တိုက်ပေးပါ

အဲ့လိုလုပ်ရင်း ခန္ဓာကိုယ်အပူချိန်ကို မိနစ်ပိုင်းအတွင်း မချနိုင်ရင် 𝐇𝐞𝐚𝐭 𝐒𝐭𝐫𝐨𝐤𝐞 ရနိုင်ပါတယ်

🌞 𝐇𝐞𝐚𝐭 𝐒𝐭𝐫𝐨𝐤𝐞 ရဲ့လက္ခဏာတွေ

🔸ခေါင်းတအားကိုက်ခြင်း
🔸လုံးဝချွေးမထွက်တော့ခြင်း၊ အသားရေခြောက်သွားခြင်း
🔸ခန္ဓာကိုယ်အပူချိန်က 𝟏𝟎𝟑'𝐅 ထက်ကျော်ပြီး နီရဲ ပူကျစ်နေခြင်း (စဖြစ်ပြီး ၁၀ -၂၀မိနစ်အတွင်း 106'F ထိတက်သွားနိုင်ပါတယ်)
🔸ပျို့အန်ခြင်း
🔸သွေးခုန်းနှုန်းတအားမြန်လာခြင်း
🔸လူက သတိမရှိတော့ခြင်း၊ တက်ခြင်း

🚨 အဲ့လိုဖြစ်တာနဲ့
🔺ချက်ချင်းလုပ်ရမှာက ဆေးရုံကိုမိနစ်ပိုင်းအတွင်း အမြန်ပို့ပါ၊ လမ်းမှာ လူနာကို အေးအောင်လုပ်ပေးပါ

✅ အေးအောင်ဘယ်လိုလုပ်ရမလဲ

🔸အရိပ်ရှိတဲ့နေရာ၊ လေဝင်လေထွက်ရှိတဲ့နေရာမှာထား
🔸ပန်ကာကိုဖွင့်ထား၊ ပန်ကာလေက လူကိုဖြတ်ပြီး လေထွက်ရာလမ်းကြောင်းကို ထွက်သွားပါစေ
🔸အဝတ်တွေကို ချွတ်ထားပါ
🔸ရေစိုအဝတ်၊ ရေခဲထုတ်တို့နဲ့ ချိုးကြား၊ ပေါင်ကြား၊ လက်ကောက်ဝတ်၊ ခြေချင်းဝတ်နေရာတွေကိုအုပ်ထားပေး၊ ရေပတ်တိုက်ပေးပါ

🌞 ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်လဲ?

🔸နေပူထဲ အလုပ်လုပ်နေရသူတွေ
🔸ရာသီဥတုတအားပူတဲ့ထဲ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ
🔸အသက်ကြီးသူတွေ
🔸ရောဂါအခံရှိသူ/ ဖျားနာနေသူတွေ (သွေးတိုး/ ဆီးချို/ ကျောက်ကပ်ရောဂါ အစရှိသည်)
🔸ဆေးသောက်နေရသူ (beta blockers, anticholinergics အစရှိသည်)
🔸အခန်းလှောင်ပိတ်ထဲ နေနေသူတွေ (eg ကလေးကို ကားတံခါးပိတ်ပြီးထားခဲ့တာမျိုး)

⛔ ကာကွယ်တတ်ဖို့လိုပါတယ်? ⛔

🔺ဖြစ်နိုင်ချေရှိသူတွေက ပိုသတိထားပါ
​🔺ကိုယ့်နားမှာ လေဝင်လေထွက် ရှိနေဖို့အရေးကြီးပါတယ်
🔺ရာသီဥတုပူရင် တစ်နာရီကို ရေအေး သုံးလေးခွက်လောက်သောက်ပေးပါ
🔺ဆားနဲ့ သတ္တုဓာတ်တွေပါတဲ့ အချိုရည် သောက်ပေးပါ
🔺ပါးလွှာတဲ့အဝတ်အစားကို ရွေးဝတ်ပါ
🔺Suncreen လိမ်းပါ
🔺နေအေးတဲ့အချိန်မှသာ အပြင်ထွက်ပါ
🔺အရိပ်ရတဲ့နေရာမှာ နေပါ
🔺အရက်ကရေဓာတ်ဆုံးရှုံးစေတဲ့အတွက် အရက်သောက်ခြင်းကို ရှောင်ပါ
🔺အေးတဲ့ဒေသကနေ ပူတဲ့ဒေသခရီးသွားသူတွေအနေနဲ့ ရာသီဥတုဒဏ်ခံနိုင်အောင် ဖြေးဖြေးခြင်း အသားကျအောင် အရင်လုပ်ပါ

⛑️⛑️⛑️ အရေးကြီးဆုံးက 𝐇𝐞𝐚𝐭 𝐒𝐭𝐫𝐨𝐤𝐞 လက္ခဏာတွေ့တာနဲ့ မိနစ်(၃၀) အတွင်း အပူချိန်ကျအောင် ချနိုင်မှဖြစ်ပါမယ်... အချိန်ကြာလေ အသက်အန္တရာယ်ရှိလေဖြစ်ပါတယ်

#အပူလေဖြတ်ခြင်း

𝓑𝓮 𝓗𝓮𝓪𝓵𝓽𝓱𝔂, 𝓑𝓮 𝓗𝓪𝓹𝓹𝔂
By, Dr.A

🙏🙏🙏
17/04/2023

🙏🙏🙏

🥯Donutt ​အရသာအသစ်လေး​တွေပါ ​ရောက်ပါပီ​နော် "𝐃𝐨𝐧𝐮𝐭𝐭" (ဒိုးနပ်) မှာဆိုရင် 𝟏𝟎𝟎 % 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐏𝐫𝐨𝐝𝐮𝐜𝐭 တွေ အဓိကပါဝင်တာကြောင့်.. 👉...
10/04/2023

🥯Donutt ​အရသာအသစ်လေး​တွေပါ ​ရောက်ပါပီ​နော်

"𝐃𝐨𝐧𝐮𝐭𝐭" (ဒိုးနပ်) မှာဆိုရင် 𝟏𝟎𝟎 % 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐏𝐫𝐨𝐝𝐮𝐜𝐭 တွေ အဓိကပါဝင်တာကြောင့်..

👉 ဝမ်းမှန်စေခြင်း
👉 ခန္ဓာကိုယ်မှာ ကိန်းအောင်းနေတဲ့ အဆီပိုတွေကိုလျော့ချစေခြင်း
👉 မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း
👉 အစာအိမ်နဲ့အူလမ်းကြောင်းကို ကျန်းမာစေခြင်း
👉 သွေးအတွင်းအဆီများ လျော့ချစေခြင်း
👉 ပေါ့ပါးသွက်လက်စေခြင်း
👉 အဆီပိုကင်းပြီး ဗိုက်ချပ်စေခြင်း
👉 အစာခြေစနစ်ကောင်းမွန်ခြင်းအပြင်
👉 အပူအပုပ်ကင်းသောကြောင့် အသားအရေ စိုပြေလှပခြင်း ကဲ့သို့ ရလဒ်ကောင်းများကို တစ်စုတစ်စည်းထဲ ရရှိခံစားရစေမှာဖြစ်ပါတယ်

𝐃𝐨𝐧𝐮𝐭𝐭" (ဒိုးနပ်) ကို တစ်နေ့လျှင် (၂၀) ဂရမ်တစ်ထုပ်ကို ရိုးရိုးရေ (သို့မဟုတ်) ရေအေး (၁၅၀) မီလီလီတာတွင် ပျော်ဝင်မျှတအောင်ဖျော်စပ်ပြီး ညအိပ်ရာမဝင်မီ သောက်သုံးနိုင်ပါတယ်ရှင် 🌙🌙



🚗 ခရီးသွားကာလဖြစ်တာမို့ ကားမူးပျောက်ဆေး (Dimenhydrinate)အကြောင်း✅✅✅သိစေဖို့===================================✅Dimenhydr...
09/04/2023

🚗 ခရီးသွားကာလဖြစ်တာမို့ ကားမူးပျောက်ဆေး (Dimenhydrinate)အကြောင်း✅✅✅သိစေဖို့
===================================

✅Dimenhydrinateကို ဘာအတွက် အသုံးပြုနိုင်ပါသလဲ
----------------------------------
✔️Dimenhydrinate ကို ကား၊ ရထား၊ လှိုင်း စတဲ့ ယာဉ်မူးတာနဲ့ ဆက်စပ်ပြီး ဖြစ်တတ်တဲ့ ပျို့ချင်အန်ချင်ဖြစ်ခြင်း၊ ပျို့အန် ခြင်းနဲ့ ခေါင်းမူးခြင်းတွေကို ကာကွယ်ဖို့နဲ့ ကုသဖို့ သုံးလေ့ရှိပါတယ်။ နားကြောင့် ဖြစ်တဲ့ ခေါင်းမူးရောဂါအတွက်လည်း သုံးကြပါတယ်။

✅ဘယ်လို သောက်သုံးသင့်ပါသလဲ
------------------------------
✔️Dimenhydrinate ၅၀ မီလီဂရမ်သောက် ဆေးကို ခရီးမထွက်ခင် နာရီဝက်-တစ်နာရီအလိုမှာ ကြိုသောက်ထားပါ။ အစာရှိရှိ၊ မရှိရှိ ရေတစ်ဖန်ခွက်နဲ့ သောက်ပါ။

✅ဘယ်အရွယ်တွေ သောက်သုံးနိုင်ပါသလဲ
----------------------------------
✔️အသက် ၂နှစ်အောက် မပေးရပါဘူး။ ၂ နှစ်အထက် ကလေးငယ်တွေကို ဆေးမတိုက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်ကလည်း မိမိပြနေကျဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ပဲ သောက်ရပါမယ်။

✅ဘာတွေနဲ့ တွဲမသောက်သင့်ဘူးလဲ
----------------------------------
❌အရက်နဲ့တွဲမသောက်ရပါ။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကို ပိုဖြစ်စေနိုင်လို့ပါ။
တခြားအိပ်ငိုက်စေတဲ့ ဆေးတွေ (ဥပမာ-အအေးမိပျောက်ဆေး၊ အိပ်ဆေး၊ စိတ်ရောဂါကုသဆေး၊ အတက်သက်သာဆေးစတာတွေ)နဲ့ တွဲမသောက်ရပါဘူး။

✅ဘယ်လိုလူတွေ ဆင်ခြင်သင့်သလဲ
----------------------------------
▶️ ကိုယ်တိုင်ကားမောင်းသူက မသောက်ရပါ။
▶️ ဆေးနဲ့ ဓာတ်မတည့်ရင် မသောက်ရပါ။
▶️ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးကျိတ်ကြီးခြင်း၊ ဆီးသွားရခက်ခဲခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ အသက်ရှူရခက်ခဲတဲ့ ဝေဒနာ စတဲ့ ရောဂါတွေရှိရင် မသောက်သင့်ပါ (ဆရာဝန်ရဲ့ ညွှန်ကြားချက် လိုအပ်ပါတယ်)

✅ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရနိုင်သလဲ
----------------------------------
◾️ မျက်စိအမြင်ဝါးခြင်း၊
◾️ အာခေါင်ခြောက်ခြင်း၊
◾️ ဝမ်းချုပ်ခြင်း၊
◾️ မူးဝေခြင်း၊
◾️ အိပ်ငိုက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေကို အတွေ့ရများပါတယ်။
ဆေးသောက်ပြီး ရောင်ရမ်းခြင်း၊ အင်ပြင်ထခြင်း၊ အသက်ရှူရခက်ခြင်း စတဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြပါ။

🔺အကြံပြုချက်🔺
---------------
❗️ကားမူးပြီး အန်မှ ဆေးသောက်တာထက် မဖြစ်ခင်ကတည်းက ကြိုသောက်သင့်ပါတယ်။
❗️ ကားမူးပြီး အန်နေသူကို ဆေးတိုက်ရင် အကျိုးမရှိတတ်ပါ။
❗️ ခရီးရှည်သွားရရင် ၄နာရီကြာတိုင်း ဆေးတစ်လုံး ထပ်သောက်ရပါတယ်။

Dimenhydrinateကို ဈေးကွက်ထဲမှာ Dramamine, Gravinate, Novomin, Dimenhydrinate စတဲ့ ဆေးအမည်တွေနဲ့ တွေ့ရနိုင်ပါတယ်။

Photo crd

  ကို အစဥ်တစိုက် အား​ပေးလာကြတဲ့ customer များအတွက် အတာနှစ်ကူးသက်ြန် promition ​လေး ချ​ပေးထားပါတယ်​နော် 🥚 Hemomin 1ဘူး ဝယ...
07/04/2023

ကို အစဥ်တစိုက် အား​ပေးလာကြတဲ့ customer များအတွက် အတာနှစ်ကူးသက်ြန် promition ​လေး ချ​ပေးထားပါတယ်​နော်

🥚 Hemomin 1ဘူး ဝယ်ယူတိုင်း shaker 1ဘူး လက်​ဆောင်ရမယ့်အပြင် cash back 3000 mmk
ကိုပါ ရရှိမှာ ဖြစ်တာ​ကြောင့် အမြန်ဆုံး မှာယူလိုက်စို့​နော်

📢 Promotion ကာလ​လေးက​တော့ 7.4.23 to 18.4.23 ထိပဲ ဖြစ်ပါတယ်ရှင့်

🥚 Hemomin အရသာ ၇ မျိုးလုံး ရရှိနိုင်တာ​ကြောင့် စိတ်ကြိုက်​ရွေးချယ်​သောက်သုံးနိုင်ပါတယ်ရှင်

🙏 အား​ပေးသူ မိတ်​ဆွေအ​ပေါင်း ကျန်းမာ ချမ်းသာ​ဘေးဘယာ​တွေ ​ဝေးကွာကြပါ​စေရှင့် 🙏🙏🙏

#ထွန်း​နေလ​ဆေးဆိုင်

☎️ 0943045976 / 09450719280

Hemomin အရသာ (၇) မျိုးလုံး ရရှိနိုင်တဲ့အပြင် စမ်း​သောက်ချင်သူများအတွက် တခါ​သောက်အမှုန့်ထုပ်​လေး​တွေပါ ရရှိနိုင်ပါတယ်ရှင်...
04/04/2023

Hemomin အရသာ (၇) မျိုးလုံး ရရှိနိုင်တဲ့အပြင် စမ်း​သောက်ချင်သူများအတွက် တခါ​သောက်အမှုန့်ထုပ်​လေး​တွေပါ ရရှိနိုင်ပါတယ်ရှင် 😊😊

Hemomin ဆိုတာဘာလဲ❓

Hemomin ဟာဆိုရင် (၁၀၀)ရာခိုင်နှုန်း ကြက်ဥအကာကနေ ထုတ်လုပ်ထားတဲ့ Albumin Powder Protein ဖြစ်ပါတယ် 🥚🥚🥚

Albumin Protein လိုအပ်နေသောသူများအတွက် သောက်ရလွယ်ကူပြီး ဝယ်ရလွယ်ကူတဲ့ Protein Powder ပဲဖြစ်ပါတယ်ရှင်

✅ အသည်းဝေဒနာရှင်များ၊ နာတာရှည်ကျောက်ကပ်ဝေဒနာရှင်များ၊ ကင်ဆာဝေဒနာရှင်များ၊ ပရိုတင်းဓာတ်လိုအပ်နေတဲ့ ဘိုးဘိုးဘွားဘွားများအတွက် အထူးကောင်းမွန်တဲ့ ပရိုတိန်းဓါတ်အပြည့်အဝရရှိနိုင်တဲ့ Hemomin Albumin Protein Powder ဖြစ်ပါတယ်🥛

✅ ထို့အပြင်လေဖြတ်ထားလို့ နှာခေါင်းပိုက်၊ အစာပိုက်များဖြင့် အစာကျွေးနေရသောသူတွေအတွက်ဆိုရင်လည်း ryle tube ကနေတဆင့် လွယ်ကူစွာ ထည့်သွင်းနိုင်လို့ ဝေဒနာခံစားနေရသူတွေ အတွက် အားအမြန်ပြည့်စေမှာဖြစ်ပါတယ်⚡️

🥛တစ်ခွက်သောက်လိုက်ရုံနဲ့ Albumin (၇၀)ရာခိုင်နှုန်း၊ Essential amino acid (၉) မျိုး၊ Protein (၉၀) ရာခိုင်နှုန်းကို ရရှိနိုင်မှာဖြစ်ပါတယ်။ ကိုယ်ခံအားကိုမြှင့်တင်ရာမှာ အကောင်းဆုံးဖြစ်တဲ့ Hemomin Albumin Protein ကို ကိုဗစ်ဖြစ်ပြီး ကိုယ်ခံအားမြှင့်ဖို့ လိုအပ်နေသူတွေလည်း သောက်သုံးနိုင်ပါတယ်💪🏻💪💪

✅ ပရိုတိန်းပါဝင်မှု မြင့်မားပြီး သကြားမပါဝင်ဘဲ ပြည့်ဝတဲ့ အမိုင်နိုအက်ဆစ်ဓါတ်တို့အပြင် အသည်း နဲ့ နှလုံးအဆီဖုံးသမားတွေအတွက် လိုအပ်တဲ့ BCAA ပါဝင်ပါတယ်🫀

✅ ဆိုဒီယမ်၊ ပိုတက်ဆီယမ် ပါဝင်မှုကလည်း ရိုးရိုးကြက်ဥမှာထက် ထက်ဝက်မက လျော့နည်းတာဖြစ်လို့ ဆီးချိုသွေးတိုး၊ ကျောက်ကပ်ဝေဒနာရှင်များအတွက် အထူးသင့်တော်ပါတယ်ရှင်💁🏻‍♀️

အသေးစိတ် သိရှိလိုပါက ☎️09-43045976 / 09-450 719 280 ကို တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်ရှင်။


ဒီတခါမှာ​တော့ ပြင်သစ်ကနေတင်သွင်းတယ့် Gaullac  နို့မှုန့်လေးနဲ့ မိတ်ဆက်ပေးမယ်နော် 🥛 Gaullac နို့မှုန့် မှာ ဆိုရင် Baby လေ...
06/03/2023

ဒီတခါမှာ​တော့ ပြင်သစ်ကနေတင်သွင်းတယ့် Gaullac နို့မှုန့်လေးနဲ့ မိတ်ဆက်ပေးမယ်နော်

🥛 Gaullac နို့မှုန့် မှာ ဆိုရင် Baby လေး တွေ ရဲ့ သေးငယ်တဲ့ အစာအိမ်မှာ အစာချေဖျက်ဖို့ အထူး ကောင်းမွန်စေတဲ့ POS,FOS,GOS လို့​ခေါ်တဲ့ Prebiotics ၃ မျိုး ပါဝင် ပါတယ်။
✅ Prebiotics ၃ မျိုးကြောင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ကြိုတင်ကာကွယ်ပေးထားလို့ ဘေဘီတွေ ဗိုက်နာမှာကို လည်း မစိုးရိမ်ရတော့ဘူး နော်

✅ ဒါ့အပြင် DHA, ARA, CHOLINE, TAURINE, LINOLEIC ACID & LINOLENIC ACID လို့ ခေါ်တဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုတဲ့ Core Brain Nutrients ၆ မျိုးလည်း ပါတယ်ဆိုတော့ Baby လေးတွေရဲ့ သင်ယူနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်

✅ AMP, GMP, IMP, UMP, CMP ဆို တယ့် (5) Nucleotides ပါဝင်လို့ ကိုယ်ခံစွမ်းအား နှင့် သင်ကြားနိုင်စွမ်းကို အထူးမြှင့်တင် ပေး ပါတယ်

🥛 အရသာက နို့အနံသင်းသင်းလေးမို့ baby လေး တွေခံတွင်း ကြိုက်ဖြစ်စေမှာပါ နော်

🥛 Gaullac နို့မှုန့် က ပြည့်စုံတိကျသော ရောစပ်မှု၊ အဆင့်မီ အရည်သွေး၊ သန့်ရှင်းလတ်ဆတ် သော ingredients နှင့် စံချိန်စံညွှန်းပြည့်စုံစွာ ထုတ်လုပ် ထားတာဖြစ်လို့ စိတ်ချစွာ တိုက်​ကျွေးနိုင်ပါတယ်ရှင့်

✅ Gaullac နို့မှုန့်​လေး​တွေကို က​လေးရဲ့အသက်အရွယ်အလိုက် ​ရွေးချယ်ဝယ်ယူနိုင်ပါပီရှင်

📦 အိမ်အ​ရောက် Delivery ဖြင့်လည်းပို့​ဆောင်​ပေးပါတယ်
☎️ 0943045976 / 09450719280

ပရိုတင်းဓာတ် လိုအပ်တဲ့အချိန်တိုင်း Hemomin ဟီမိုမင်တံဆိပ် ပရိုတင်းဖြည့်စွက်စာလေးကို သတိရပါ 🥛တစ်ခွက်စာမှာ Complete Essent...
03/03/2023

ပရိုတင်းဓာတ် လိုအပ်တဲ့အချိန်တိုင်း Hemomin ဟီမိုမင်တံဆိပ် ပရိုတင်းဖြည့်စွက်စာလေးကို သတိရပါ

🥛တစ်ခွက်စာမှာ Complete Essential Amino Acids ပြည့်စုံစွာပါဝင်ပြီး ✅Egg White 100% ပါဝင်ပါတယ်။ တစ်ခါဖျော်စာ (၄)ဇွန်း (20g)မှာဆိုရင် ကြက်ဥအကာ (၅)လုံးနဲ့ညီမျှတဲ့ ပရိုတင်းဓာတ် (၁၈)gကိုရရှိမှာဖြစ်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမိုင်နိုအက်စစ် စုံလင်စွာကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်

🥛အရသာကလည်း Original၊ Vanilla၊ Strawberry၊ Chocolate၊ Coffee၊ Mango Sticky Rice နဲ့ Pandan Coconut ဆိုပြီး (၇)မျိုးတောင်ရှိလို့ ကြိုက်နှစ်သက်တဲ့အရသာကို အဆင်ပြေပြေနဲ့ ရွေးချယ်နိုင်ပါတယ်

ဘူးကြီး အပြင် သွားလေရာ အလွယ်တကူသယ်သွားလို့ရတဲ့ အထုပ်လေးတွေပါ ထုတ်ပေးထားတော့ အချိန်နေရာမရွေး အလွယ်တကူသောက်လို့ အဆင်ပြေစေတာပေါ့

ဒါကြောင့် ကျန်းမာရေးလိုအပ်ချက်အရ ပရိုတင်းသောက်သုံးဖို့လိုအပ်လာပြီဆိုရင် ဟီမိုမင် Heroကိုသာ သတိရလိုက်ပါ



☎️ 0943045976 / 09450719280

က​လေး လူကြီးမ​ရွေး အသုံးပြုလို့ရတဲ့ Physiodose Physiodose (ဖီ စီ ရို ဒို့စ်) ကို ကလေးနှာခေါင်းပိတ်ဝေဒနာပျောက်ကင်းစေဖို့အ...
11/02/2023

က​လေး လူကြီးမ​ရွေး အသုံးပြုလို့ရတဲ့ Physiodose

Physiodose (ဖီ စီ ရို ဒို့စ်) ကို ကလေးနှာခေါင်းပိတ်ဝေဒနာပျောက်ကင်းစေဖို့အသုံးပြုရတဲ့ "အစက်ချဆေး" လို့အသိများပါတယ်။

မွေးကင်းစကလေးတွေက ပက်လက်အနေများပြီးနှပ်မညှစ်တတ်သေးတာကြောင့် ပိုပြီးနှာပိတ်တတ်လို့ မွေးကင်းစကလေးတွေမှာ Physiodose ကိုပိုအသုံးများပေမယ့် ကလေး၊ လူကြီးမရွေးအသုံးပြုနိုင်ပါတယ်။

Physiodose ဆိုတဲ့ "တစ်ခါသုံးပုလင်းလေး" တွေထဲမှာ ဆိုဒီယမ်ကလိုရိုက် (သဘာဝဆားပျော်ရည်) ပါဝင်ပါတယ်။ တစ်ခါသုံးပုလင်းဖြစ်တဲ့အတွက် ပုလင်းအဖုံးမပါဝင်ပါဘူး။
ပုလင်းထိပ်ကို လိမ်ချိုးပြီး အသုံးပြုပြီးတာနဲ့ ဆေးဗူးကိုတစ်ခါထဲလွှင့်ပစ်ရမှာဖြစ်ပါတယ်။

Physiodose ကိုအသုံးပြုနိုင်တဲ့နည်းလမ်းများစွာရှိပါတယ်။

▪️နှာခေါင်းသန့်ရှင်းရေး (နှာရည်ယို/နှာပိတ်ခြင်း)
▪️မျက်စိသန့်ရှင်းရေး (ဖုန်/သဲ/ပိုးကောင်ဝင်ခြင်း)
▪️နားသန့်ရှင်းရေး
▪️ပြင်ပဒဏ်ရာသန့်ရှင်းရေး
▪️Aerosoltherapy

စတဲ့နေရာတွေမှာသုံးနိုင်ပါတယ်။

"တစ်ခါသုံးပုလင်း" လို့ဆိုထားတဲ့အတိုင်း အသုံးပြုပြီးတာနဲ့လွှင့်ပစ်ရမှာဖြစ်ပါတယ်။ သိမ်းဆည်းထားလို့မရပါဘူး။
ကျွန်တော်တို့ဆီမှာတော့ "၂၄ နာရီအတွင်းသုံး" ဆိုပြီးတော့ လမ်းညွှန်ချက်ပေးတတ်ကြပါတယ်။ လိမ်ချိုးလိုက်တဲ့ ပုလင်းထိပ်ကိုပြောင်းပြန် ပြန်ဖုံးပြီးသန့်သန့်ရှင်းရှင်း သိမ်းထားမယ်ဆိုရင်တော့ ၂၄ နာရီအတွင်းပြန်လည်အသုံးပြုနိုင်ပါတယ်။
သန့်သန့်ရှင်းရှင်းမထားနိုင်ရင်တော့ သုံးပြီးတာနဲ့လွှင့်ပစ်တာကပိုကောင်းပါတယ်။

‼️ဘာလို့သိမ်းဆည်းထားလို့မရတာလဲ???
သိမ်းဆည်းမထားသင့်တာလဲ???

အရေးကြီးတဲ့ မျက်စိ၊ နှာခေါင်း၊ နားစတဲ့အရာတွေကိုအသုံးပြုမှာဖြစ်လို့ ပိုးမွှားဝင်ရောက်ခြင်းကိုကာကွယ်နိုင်ရန် တစ်ခါသုံးလေလုံပုလင်းထဲမှာ ဆေးရည်ဖြည့်ထားတာဖြစ်လို့ပါ။

Physiodose ကို နေ့စဉ် (၁)ကြိမ် မှ (၆)ကြိမ်အထိအသုံးပြုနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိပါ။

Crd

​အောင်​ဆေးခန်းနှင့် ​ဆေးဆိုင်မှ ​ရေးသား​သော ပို့စ်အား ပြန်လည်မျှ​ဝေခြင်း ဖြစ်ပါတယ် 😊

ကြက်ဥတစ်လုံးမှာ ပရိုတင်းဘယ်လောက်ပါလဲ သိပြီးပြီလား?ကြက်ဥတစ်လုံးမှာ ပရိုတင်း (၆) ဂရမ်ကျော်ပါဝင်ပြီး ထက်ဝက်ကျော်က အကာထဲမှာရ...
04/02/2023

ကြက်ဥတစ်လုံးမှာ ပရိုတင်းဘယ်လောက်ပါလဲ သိပြီးပြီလား?

ကြက်ဥတစ်လုံးမှာ ပရိုတင်း (၆) ဂရမ်ကျော်ပါဝင်ပြီး ထက်ဝက်ကျော်က အကာထဲမှာရှိပါတယ်။ခန္ဓာကိုယ်ကလည်း အသား၊ ငါး၊ နို့တွေကနေရတဲ့ ပရိုတင်းတွေနဲ့ ယှဥ်လို့ရှိရင် ကြက်ဥအကာကနေရတဲ့ ပရိုတင်းကို 100% စုပ်ယူအသုံးချနိုင်ပါတယ်။

Hemomin တံဆိပ် ပရိုတင်းဖြည့်စွက်စာ တစ်ခွက်မှာတော့ Complete Essential Amino Acids တွေ ပြည့်စုံစွာပါဝင်ပြီး ✅Egg White 100% ပါဝင်ပါတယ်။ ပုံမှန်ကြက်ဥတစ်လုံးထက် Sodium ဆားဓာတ်နဲ့ minerals သတ္ထုဓာတ်များ ပါဝင်မှုနည်းအောင် ထုတ်လုပ်ထားတဲ့ Egg White protein powder မှုန့်ဖြစ်ပါတယ်ရှင့်🥰

✳️ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး သကြားဓာတ်၊ အဆီဓာတ်မပါတဲ့အပြင် Low sodium, Low calories ဖြစ်တာကြောင့် ဆီးချို၊ သွေးတိုးရောဂါအခံရှိတဲ့သူတွေနဲ့ Workoutလုပ်သူတွေအတွက် အရမ်း သင့်တော်ပါတယ်။

✳️တစ်ခါဖျော်စာ (၄)ဇွန်း (20g)မှာဆိုရင် ကြက်ဥအကာ (၅)လုံးနဲ့ညီမျှတဲ့ ပရိုတင်းဓာတ် (၁၈)gကိုရရှိမှာဖြစ်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမိုင်နိုအက်စစ် စုံလင်စွာကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

400gဘူးနဲ့ 200 gm တစ်ခါ‌ဖျော်စာအထုတ်လေးတွေလည်းရှိလို့ နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင့်💖

ဒါကြောင့် အာဟာရလည်းရှိ၊ အရသာလည်းကောင်းတဲ့ ပရိုတင်းဖြည့်စွက်စာကို ရှာနေတယ်ဆိုရင်တော့ Hemominကိုသာ သတိရလိုက်ပါနော်...

ကြက်ဥအကာ ၅ လုံးနဲ့ ညီမျှတဲ့ Hemomin တစ်ခွက်နေ့စဥ် လိုအပ်တဲ့ ပရိုတင်းပမာဏကို ဖြည့်စွက်ဖို့အတွက် ကြက်ဥစားနေရပေမယ့် ကြာလာတေ...
25/01/2023

ကြက်ဥအကာ ၅ လုံးနဲ့ ညီမျှတဲ့ Hemomin တစ်ခွက်

နေ့စဥ် လိုအပ်တဲ့ ပရိုတင်းပမာဏကို ဖြည့်စွက်ဖို့အတွက် ကြက်ဥစားနေရပေမယ့် ကြာလာတော့ စားချင်စိတ် ကုန်ခမ်းလာပြီပေါ့😥။

ဒါဆို ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ😪
အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ ပရိုတင်းဖြည့်စွက်ကို မှီဝဲပေးတာပါပဲ။

JSVM Co., Ltdက တင်သွင်းရောင်းချတဲ့ ဟီမိုမင်တစ်ခွက်စာမှာတော့ Complete Essential Amino Acids ပြည့်စုံစွာပါဝင်ပြီး ✅Egg White 100% ပါဝင်ပါတယ်။

✳️တစ်ခါဖျော်စာ (၄)ဇွန်း (20g)မှာဆိုရင် ကြက်ဥအကာ (၅)လုံးနဲ့ညီမျှတဲ့ ပရိုတင်းဓာတ် (၁၈)gကိုရရှိမှာဖြစ်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမိုင်နိုအက်စစ် စုံလင်စွာကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

✳️400gဘူးနဲ့ 200 gm တစ်ခါ‌ဖျော်စာ အထုတ်လေးတွေအပြင် အရသာကလည်း Original၊
Vanilla၊ Strawberry၊ Chocolate၊ Coffee၊ Mango Sticky Rice နဲ့ Pandan Coconut ဆိုပြီး (၇)မျိုးတောင်ရှိလို့ ကြိုက်နှစ်သက်တဲ့အရသာကို အဆင်ပြေပြေနဲ့ ရွေးချယ်နိုင်ပါသေးတယ်။

ဒါကြောင့် ဟီမိုမင်နဲ့သာဆိုရင် တစ်ခွက်သောက်ရုံနဲ့၊ ကြက်ဥ(၅)လုံးနဲ့ ညီမျှတဲ့ အာဟာရဓာတ်တွေကို အလွယ်တကူရရှိနိုင်ပြီပေါ့💗။

အသေးစိတ် သိရှိလိုပါက ☎️0943045976 / 09450719280ကို တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းစုံစမ်း ဝယ်ယူနိုင်ပါတယ်ရှင့်။


Address

အမှတ် (8) ၊ ဘုရားလမ်း ၊ လှိုင်မြို့နယ်။ ဘုရားလမ်းမှတ်တိုင်/ပါရမီစိန်​ဂေဟာ အနီး
Yangon

Telephone

+95943045976

Website

Alerts

Be the first to know and let us send you an email when Htun Nay La Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Htun Nay La Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram