မျှဝေ၊ ကုသ၊ ကင်းစင် - End TB Together

  • Home
  • Myanmar
  • Yangon
  • မျှဝေ၊ ကုသ၊ ကင်းစင် - End TB Together

မျှဝေ၊ ကုသ၊ ကင်းစင် - End TB Together "မျှဝေ၊ ကုသ၊ ကင်းစင် - End TB Together" aims to raise awareness about Tuberculosis in Myanmar.

🙋‍♂️🙋‍♀️မင်္ဂလာပါ ပရိတ်သတ်တို့ရေ။ End TB Together Page ကနေ လစဉ် ပြုလုပ်နေကျ ဉာဏ်စမ်းပဟေဠိအစီအစဉ် အချိန်လေး ရောက်ရှိလာပါပ...
24/01/2025

🙋‍♂️🙋‍♀️မင်္ဂလာပါ ပရိတ်သတ်တို့ရေ။ End TB Together Page ကနေ လစဉ် ပြုလုပ်နေကျ ဉာဏ်စမ်းပဟေဠိအစီအစဉ် အချိန်လေး ရောက်ရှိလာပါပြီ။ အောက်မှာဖော်ပြထားတဲ့ မေးခွန်းလေးကို ပါဝင်ဖြေဆိုကြည့်လိုက်ပါဦးနော်။ အဖြေမှန်တဲ့သူတွေထဲက (၃) ယောက်ကို ကျပန်းရွေးချယ်ပြီး ဖုန်းဘေလ် (၁၀,၀၀၀) ကျပ် မေတ္တာလက်ဆောင်အနေနဲ့ ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။

📌စည်းကမ်းချက်လေးတွေကတော့
(၁) End TB Together Page ကို Like & Follow လုပ်ထားရန်
(၂) ယခု post ကို public နဲ့ share ထားတဲ့ screenshot ကို မိမိရဲ့ အဖြေတွေနဲ့အတူ comment မှာ မန့်ပေးရန် ဖြစ်ပါတယ်။

👉ပါဝင်ဖြေဆိုရန် နောက်ဆုံးရက်ကတော့ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ ဖြစ်ပြီး အဖြေမှန်တွေနဲ့အတူ ကံထူးရှင်တွေကိုတော့ ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။

❓မေးခွန်းလေးတွေကတော့
(၁) တီဘီရောဂါရှိသူတွေအနေနဲ့ လိုက်နာဆောင်ရွက်ရမယ့်အချက်တွေထဲက တစ်ခုကို ဖော်ပြပေးပါ။

(၂) တီဘီရောဂါရှိသူရဲ့ အတူနေမိသားစုဝင်တွေအနေနဲ့ လိုက်နာ‌ဆောင်ရွက်သင့်တဲ့ အချက်တစ်ချက်ကို မျှဝေပေးပါ။

အဖြေကို Comment မှာ ရေးပေးခဲ့ပါဉီးနော်။

“တီဘီရောဂါ မပြန့်ပွားဖို့၊ မိမိကစ ဂရုစိုက်စို့”

မိသားစုဝင်ထဲမှာ တီဘီရောဂါဖြစ်တဲ့သူရှိပါက စိုးရိမ်ကြောက်လန့်တာတွေ မဖြစ်ဘဲ အတူဖေးမကူညီစောင့်ရှောက်ဖို့က အရေးကြီးပါတယ်။ 🫁တီ...
17/01/2025

မိသားစုဝင်ထဲမှာ တီဘီရောဂါဖြစ်တဲ့သူရှိပါက စိုးရိမ်ကြောက်လန့်တာတွေ မဖြစ်ဘဲ အတူဖေးမကူညီစောင့်ရှောက်ဖို့က အရေးကြီးပါတယ်။

🫁တီဘီရောဂါဟာ လေမှတစ်ဆင့်၊ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်ခံရတာဖြစ်ပြီး စနစ်တကျ ဆေးကုသမှုခံယူရင် လုံးဝပျောက်ကင်းနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။

📌အတူနေမိသားစုဝင်တွေအနေနဲ့ အောက်ပါအချက်တွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

(၁) ကျန်းမာရေးဝန်ထမ်းများမှ တီဘီရောဂါနဲ့ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးပေးခြင်းနဲ့ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ပါ။
(၂) အတူနေမိသားစုဝင်အားလုံး တီဘီရောဂါရှိ/မရှိ မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။ လိုအပ်ပါက ကျန်းမာရေးဝန်ထမ်းများမှ သလိပ်စစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း စတာတွေကို ဆောင်ရွက်ပေးပါတယ်။
(၃) ဒီလိုစစ်ဆေးခြင်းဖြင့် မိသားစုဝင်တွေအနေနဲ့ တီဘီရောဂါရှိ/မရှိ စောစောစီးစီး သိနိုင်ပြီး လိုအပ်ပါက ဆေးကုသမှု ချက်ချင်းခံယူသင့်ပါတယ်။
(၄) အကယ်၍ အတူနေမိသားစုဝင်တွေမှာ တီဘီရောဂါမရှိပါက ကျန်းမာရေးဌာနမှ သတ်မှတ်ချက်တွေနဲ့အညီ တီဘီရောဂါကာကွယ်ကုထုံး (TPT) သောက်သုံးပြီး တီဘီရောဂါမဖြစ်လာအောင် တားဆီးကာကွယ်သင့်ပါတယ်။

“တီဘီရောဂါ မပြန့်ပွားဖို့၊ မိမိကစ ဂရုစိုက်စို့”

10/01/2025

𝐄𝐧𝐝 𝐓𝐁 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 ပရိတ်သတ်တို့ရေ။ ဒီတစ်ပတ်မှာတော့ တီဘီရောဂါရှိသူသာမက၊ ၎င်းနဲ့အတူနေထိုင်တဲ့ မိသားစုဝင်တွေ အနေနဲ့ပါ လိုက်နာဆောင်ရွက်ရမယ့် အကြောင်းအရာလေးတွေကို အဓိက မျှဝေပေးသွားပါမယ်နော်။

📌ဒီတော့ ပထမဆုံးအနေနဲ့ တီဘီလူနာတစ်ယောက်က ဘာတွေလိုက်နာဆောင်ရွက်သင့်သလဲ ဆိုတာကို အောက်ပါ👇 ဗီဒီယိုလေးထဲမှာ ကြည့်ရှုကြပါစို့။

🎉 အရင်တစ်ပတ်က ပြုလုပ်ခဲ့တဲ့ “အဖြေမှန်သူ ဖုန်းဘေလ် (၁၀,၀၀၀) လက်ဆောင်ယူ” အစီအစဉ်ရဲ့ ကျပန်းရွေးချယ်ထားတဲ့ ဖုန်းဘေလ်ကံထူးရှင...
02/01/2025

🎉 အရင်တစ်ပတ်က ပြုလုပ်ခဲ့တဲ့ “အဖြေမှန်သူ ဖုန်းဘေလ် (၁၀,၀၀၀) လက်ဆောင်ယူ” အစီအစဉ်ရဲ့ ကျပန်းရွေးချယ်ထားတဲ့ ဖုန်းဘေလ်ကံထူးရှင်လေးတွေ ပေါ်ထွက်လာပါပြီ။ ကံထူးရှင်တွေအနေနဲ့ Page messenger မှာ ဇန်နဝါရီလ (၆) ရက်နေ့ နောက်ဆုံးထားပြီး လာရောက်ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

🙏ပါဝင်ဖြေဆိုပေးခဲ့တဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ ကံမထူးသေးတဲ့သူတွေလည်း နောက်ထပ်လာမယ့် လစဉ် ဉာဏ်စမ်းအစီအစဉ်တွေမှာ ထပ်ပြီး ပါဝင်နိုင်သေးတာမို့ ဆက်လက်စောင့်မျှော်ပေးပါဦးနော်။

🎆𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫🎆🎉၂၀၂၅ ခုနှစ် နှစ်သစ်မှာ ကျန်းမာပျော်ရွှင်သော၊ ကံကောင်းသော နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ 𝐄𝐧𝐝 𝐓𝐁 𝐓𝐨...
31/12/2024

🎆𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫🎆

🎉၂၀၂၅ ခုနှစ် နှစ်သစ်မှာ ကျန်းမာပျော်ရွှင်သော၊ ကံကောင်းသော နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ 𝐄𝐧𝐝 𝐓𝐁 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 မိသားစုက နှစ်သစ်ဆုမွန်ကောင်း တောင်းပေးပါတယ်နော်။

💝နှစ်သစ်မှာလည်း ကျန်းမာရေး ဗဟုသုတတွေ လေ့လာဆည်းပူးတာ၊ တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်တာ စတဲ့ အလေ့အကျင့်ကောင်းတွေကို ဆက်လက် လုပ်ဆောင် ဖို့လည်း ချစ်ခင်စွာဖြင့် အားပေးတိုက်တွန်းလိုက်ပါရစေ။ 🙏

#2025

🎅🎄𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬🎄🎅🎇 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 အခါသမယလေးမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ 𝐄𝐧𝐝 𝐓𝐁 𝐓𝐨𝐠𝐞...
25/12/2024

🎅🎄𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬🎄🎅

🎇 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 အခါသမယလေးမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ 𝐄𝐧𝐝 𝐓𝐁 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 အဖွဲ့သားများက ဆုတောင်းပေးလိုက်ပါတယ်နော်။ 🥳

🎆𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 ကာလမှာ မိမိချစ်ခင် တန်ဖိုးထားရတဲ့သူတွေနဲ့ ဖြတ်သန်းရင်း တီဘီရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေး သတင်းစကားတွေကိုလည်း မျှဝေပေးဖို့ တိုက်တွန်းလိုက်ပါရစေနော်။

✅တီဘီရောဂါအကြောင်း ကျန်းမာရေးသတင်းစကားတွေကို ဒီ 𝐄𝐧𝐝 𝐓𝐁 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 page မှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ သိလိုတာတွေကိုလည်း chat box မှာ လာရောက် မေးမြန်းနိုင်ပါတယ်။

🙋‍♂️🙋‍♀️မင်္ဂလာပါ ပရိတ်သတ်တို့ရေ။ End TB Together Page ကနေ လစဉ် ပြုလုပ်နေကြ ဉာဏ်စမ်းပဟေဠိအစီအစဉ် အချိန်လေး ရောက်ရှိလာပါပ...
20/12/2024

🙋‍♂️🙋‍♀️မင်္ဂလာပါ ပရိတ်သတ်တို့ရေ။ End TB Together Page ကနေ လစဉ် ပြုလုပ်နေကြ ဉာဏ်စမ်းပဟေဠိအစီအစဉ် အချိန်လေး ရောက်ရှိလာပါပြီ။ အောက်မှာဖော်ပြထားတဲ့ မေးခွန်းလေးကို ပါဝင်ဖြေဆိုကြည့်လိုက်ပါဦးနော်။ အဖြေမှန်တဲ့သူတွေထဲက (၃) ယောက်ကို ကျပန်းရွေးချယ်ပြီး ဖုန်းဘေလ် (၁၀,၀၀၀) ကျပ် မေတ္တာလက်ဆောင်အနေနဲ့ ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။

📌စည်းကမ်းချက်လေးတွေကတော့
(၁) End TB Together Page ကို Like & Follow လုပ်ထားရန်
(၂) ယခု post ကို public နဲ့ share ထားတဲ့ screenshot ကို မိမိရဲရဲ့ အဖြေတွေနဲ့အတူ comment မှာ မန့်ပေးရန် ဖြစ်ပါတယ်။

👉ပါဝင်ဖြေဆိုရန် နောက်ဆုံးရက်ကတော့ ဒီဇင်ဘာလ (၂၇) ရက်နေ့အထိ ဖြစ်ပါတယ်။ အဖြေမှန်တွေနဲ့အတူ ကံထူးရှင်တွေကိုတော့ ဇန်နဝါရီလ (၂) ရက်နေ့မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။

❓မေးခွန်းလေးကတော့
(က) တီဘီရောဂါရှိသူတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ မရှိစေဖို့ ဘာတွေလုပ်ဆောင်သင့်ပါသလဲ?
အဖြေကို Comment မှာ ရေးပေးခဲ့ပါဉီးနော်။

“ခွဲခြားနှိမ့်ချမှု လျော့ကျဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့”

16/12/2024

End TB Together ပရိတ်သတ်တို့ရေ…..
🫁တီဘီရောဂါဟာ စနစ်တကျ ဆေးကုသမှုခံယူရင် လုံးဝပျောက်ကင်းနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တီဘီရောဂါနဲ့ ပတ်သက်ပြီး ခွဲခြားနှိမ့်ချဆက်ဆံမှုတွေကတော့ အခြေအနေအမျိုးမျိုးနဲ့ ဆက်လက်ရှိနေကြဆဲ ဖြစ်ပါတယ်။

🔺ဉပမာအားဖြင့် တီဘီရောဂါရှိခြင်းကြောင့်…..
- ဆေးရုံ၊ ဆေးခန်းတွေမှာ အတွင်းလူနာအဖြစ် လက်မခံခြင်း၊
- အခြားသူများနည်းတူ ဆေးကုသမှု ဝန်ဆောင်မှု တန်းတူမရရှိခြင်း၊
- အိမ်မှ နှင်ချခံရခြင်း၊
- အလုပ်မှ ထုတ်ပယ်ခံရခြင်း၊
- ဆေးကုသမှုခံယူနေ၍ ကျန်းမာရေးကောင်းမွန်လာပြီး တီဘီရောဂါ လက္ခဏာများ မရှိတော့သော်လည်း ဘာသာရေးပွဲ၊ လူမှုရေးပွဲတွေမှာ ပါဝင်တက်ရောက်ခွင့် မရခြင်း၊
- ကျောင်းပြန်တက်ခွင့် မရခြင်း၊
စတဲ့ အခြေအနေတွေ တွေ့ကြုံရလေ့ ရှိကြပါတယ်။

💝ဒီလို ခွဲခြားဆက်ဆံမှုတွေမရှိစေဖို့ အားလုံးအတူတူ ပူးပေါင်းဆောင်ရွက်ကြပါစို့နော်။ 💝

13/12/2024

“ခွဲခြားနှိမ့်ချမှု လျော့ကျဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့”

တီဘီရောဂါရှိသူတွေအပေါ် ခွဲခြားနှိမ့်ချဆက်ဆံတာတွေ လျော့နည်းစေဖို့အတွက် အတူနေမိသားစုဝင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံ/ဆေးခန်းများအပြင် စာသင်ကျောင်းမှ သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ အလုပ်ရှင်တွေအပါအဝင် အားလုံးပူးပေါင်းပါဝင်ကြဖို့ လိုအပ်ပါတယ်။

✅တီဘီရောဂါရှိသူတွေအတွက် စိတ်လုံခြုံမှုရှိတဲ့ပတ်ဝန်းကျင်ရှိဖို့ ဝိုင်းဝန်း ဖန်တီးပေးသင့်ပါတယ်။💌
✅အတူနေမိသားစုဝင်များအနေနဲ့ ကိုယ်ချင်းစာနာစိတ်၊ ကူညီဖေးမလိုစိတ် ရှိရန်လိုအပ်ပြီး ဆေးကုသနေစဉ် ကာလတစ်လျှောက်မှာလည်း အားပေးစကားပြောဖို့၊ ဂရုတစိုက် နွေးနွေးထွေးထွေး ဆက်ဆံဖို့ အရေးကြီးပါတယ်။ 🫂
✅လုပ်ငန်းခွင်တွေမှာ ခွဲခြားနှိမ့်ချဆက်ဆံခြင်းကို ဆန့်ကျင်တဲ့ မူဝါဒတွေ ချမှတ်ဖို့လိုသလို တီဘီရောဂါရှိသူအား အလုပ်မှလည်း မထုတ်ပယ်သင့်ပါ။📑

💝 ခွဲခြားဆက်ဆံမှုတွေမရှိစေဖို့ အားလုံးအတူတူ ပူးပေါင်းဆောင်ရွက်ကြပါစို့နော်။ 💝

တီဘီရောဂါရှိသူတွေအပေါ်မှာ ခွဲခြားနှိမ့်ချဆက်ဆံမှုတွေက ဘယ်လိုသက်ရောက်မှုတွေ ရှိစေနိုင်လဲ❓📌တီဘီရောဂါရှိသူတွေအပေါ်မှာ မိသား...
09/12/2024

တီဘီရောဂါရှိသူတွေအပေါ်မှာ ခွဲခြားနှိမ့်ချဆက်ဆံမှုတွေက ဘယ်လိုသက်ရောက်မှုတွေ ရှိစေနိုင်လဲ❓

📌တီဘီရောဂါရှိသူတွေအပေါ်မှာ မိသားစုဝင်အပါအဝင် ပတ်ဝန်းကျင်မှလူတွေက ခွဲခြားနှိမ့်ချဆက်ဆံမှုတွေ ရှိတတ်ပါတယ်။ တီဘီရောဂါ ကူးစက်ခံရမှာကို စိုးရိမ် ကြောက်လန့်ပြီး
🔺 တီဘီရောဂါရှိသူနဲ့ ထမင်းအတူတူမစားချင်တာ၊
🔺အခေါ်အပြော၊ ပေါင်းသင်းဆက်ဆံမှု မလုပ်ချင်တာ စသဖြင့် ခွဲခြားဆက်ဆံခံရတာတွေ ရှိတတ်ပါတယ်။

📌ဒီလိုအခြေအနေတွေကြုံရတဲ့အခါ တီဘီရောဂါရှိသူတွေအနေနဲ့ ရှက်ရွံ့အားငယ်တာ၊ စိတ်အလိုမကျဖြစ်တာ၊ အထီးကျန်သလို ခံစားရတာနဲ့ စိတ်ဓာတ်ကျတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ လူတွေနဲ့ မရောနှောတော့ဘဲ တစ်ယောက်တည်း သီးခြားနေလိုက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဆေးရုံဆေးခန်းကို မသွားချင်တဲ့အထိ ဖြစ်လာပါက ဆေးသောက်ပျက်ကွက်ပြီး တီဘီဆေးကုသမှုအတွက် အဟန့်အတား ဖြစ်စေကာ ရောဂါပျောက်ကင်းဖို့ နှောင့်နှေးတာမျိုးအထိ ကြုံရတတ်ပါတယ်။

📌ဒီအခြေအနေတွေ မရှိစေဖို့ တီဘီရောဂါရှိသူနဲ့ အတူနေမိသားစုဝင်အပါအဝင် အများပြည်သူကို တီဘီရောဂါနဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ များများမျှဝေပေးဖို့ လိုအပ်ပါတယ်။

💝ခွဲခြားဆက်ဆံမှုတွေမရှိစေဖို့ အားလုံးအတူတူ ပူးပေါင်းဆောင်ရွက်ကြပါစို့နော်။

🚫ခွဲခြားနှိမ့်ချဆက်ဆံခြင်း (𝐒𝐭𝐢𝐠𝐦𝐚 𝐚𝐧𝐝 𝐃𝐢𝐬𝐜𝐫𝐢𝐦𝐢𝐧𝐚𝐭𝐢𝐨𝐧)🚫📢စာဖတ်သူ ပရိတ်သတ်တို့ရေ…..ခွဲခြားနှိမ့်ချဆက်ဆံခြင်း (𝐒𝐭𝐢𝐠𝐦𝐚/𝐃𝐢𝐬𝐜𝐫...
06/12/2024

🚫ခွဲခြားနှိမ့်ချဆက်ဆံခြင်း (𝐒𝐭𝐢𝐠𝐦𝐚 𝐚𝐧𝐝 𝐃𝐢𝐬𝐜𝐫𝐢𝐦𝐢𝐧𝐚𝐭𝐢𝐨𝐧)🚫

📢စာဖတ်သူ ပရိတ်သတ်တို့ရေ…..
ခွဲခြားနှိမ့်ချဆက်ဆံခြင်း (𝐒𝐭𝐢𝐠𝐦𝐚/𝐃𝐢𝐬𝐜𝐫𝐢𝐦𝐢𝐧𝐚𝐭𝐢𝐨𝐧) ဆိုတဲ့ စကားလုံးကို ကြားဖူးကြမယ်ထင်ပါတယ်နော်။ ဒီလထဲမှာတော့ 𝐄𝐧𝐝 𝐓𝐁 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 page ကနေ တီဘီရောဂါရှိသူတွေ၊ တီဘီဆေးကုသမှု ခံယူနေသူတွေနဲ့ အတူနေမိသားစုဝင်တွေမှာ ကြုံတွေ့နေရတဲ့ ခွဲခြားနှိမ့်ချဆက်ဆံခံရမှု အခြေအနေတွေနဲ့ ဒါတွေကို ဘယ်လို ရင်ဆိုင်ကျော်လွှားရမယ်ဆိုတဲ့ အကြောင်းအရာလေးတွေကို ဆက်လက် မျှဝေပေးသွားမှာဖြစ်ပါတယ်။

📢မိမိကိုယ်တိုင်ဖြစ်စေ၊ ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်စေ တီဘီရောဂါနဲ့ ပတ်သက်ပြီး ခွဲခြားနှိမ့်ချဆက်ဆံမှုတွေ တွေ့ကြုံဖူးရင်လည်း Comment 👇မှာ မျှဝေပေးသွားပါဦးနော်။

01/12/2024

📌ဒီနေ့ ဒီဇင်ဘာလ (၁) ရက်နေ့ဟာ “ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲)” ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ "𝐓𝐚𝐤𝐞 𝐭𝐡𝐞 𝐑𝐢𝐠𝐡𝐭𝐬 𝐏𝐚𝐭𝐡" (အေအိုင်ဒီအက်စ်ကင်းဝေးဖို့၊ သာတူညီမျှအလေးပေးလို့၊ အားလုံးဝိုင်းဝန်းပံ့ပိုးစို့) ဖြစ်ပါတယ်။

📌ခုခံအားကျဆင်းမှုကူးစက်ရောဂါ (𝐀𝐈𝐃𝐒) ကို တိုက်ဖျက်ဖို့ဆိုရင် 𝐇𝐈𝐕 ပိုး ကူးစက်မှုကို ကာကွယ်ခြင်း၊ စစ်ဆေးခြင်း၊ ကုသခြင်း ဆိုတဲ့ ဝန်ဆောင်မှုတွေကို လူတိုင်းရသင့်ပါတယ်။

👇🎥ဒီဗီဒီယိုလေးမှာ 𝐇𝐈𝐕/𝐀𝐈𝐃𝐒 နဲ့ ပတ်သက်တဲ့ သတင်းစကားတွေကို အတူတူ လေ့လာကြည့်ရှုကြည့်ကြပါစို့!

[𝐓𝐁 နဲ့ 𝐇𝐈𝐕/𝐀𝐈𝐃𝐒 အကြောင်းတွေကို ပိုမိုသိရှိနိုင်ဖို့ ဒီ 𝐄𝐧𝐝 𝐓𝐁 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 page ကို 𝐋𝐢𝐤𝐞 𝐚𝐧𝐝 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့လည်း အကြံပြုပါရစေနော်]

Address

Yangon

Website

Alerts

Be the first to know and let us send you an email when မျှဝေ၊ ကုသ၊ ကင်းစင် - End TB Together posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share