24/01/2025
🙋♂️🙋♀️မင်္ဂလာပါ ပရိတ်သတ်တို့ရေ။ End TB Together Page ကနေ လစဉ် ပြုလုပ်နေကျ ဉာဏ်စမ်းပဟေဠိအစီအစဉ် အချိန်လေး ရောက်ရှိလာပါပြီ။ အောက်မှာဖော်ပြထားတဲ့ မေးခွန်းလေးကို ပါဝင်ဖြေဆိုကြည့်လိုက်ပါဦးနော်။ အဖြေမှန်တဲ့သူတွေထဲက (၃) ယောက်ကို ကျပန်းရွေးချယ်ပြီး ဖုန်းဘေလ် (၁၀,၀၀၀) ကျပ် မေတ္တာလက်ဆောင်အနေနဲ့ ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။
📌စည်းကမ်းချက်လေးတွေကတော့
(၁) End TB Together Page ကို Like & Follow လုပ်ထားရန်
(၂) ယခု post ကို public နဲ့ share ထားတဲ့ screenshot ကို မိမိရဲ့ အဖြေတွေနဲ့အတူ comment မှာ မန့်ပေးရန် ဖြစ်ပါတယ်။
👉ပါဝင်ဖြေဆိုရန် နောက်ဆုံးရက်ကတော့ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ ဖြစ်ပြီး အဖြေမှန်တွေနဲ့အတူ ကံထူးရှင်တွေကိုတော့ ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။
❓မေးခွန်းလေးတွေကတော့
(၁) တီဘီရောဂါရှိသူတွေအနေနဲ့ လိုက်နာဆောင်ရွက်ရမယ့်အချက်တွေထဲက တစ်ခုကို ဖော်ပြပေးပါ။
(၂) တီဘီရောဂါရှိသူရဲ့ အတူနေမိသားစုဝင်တွေအနေနဲ့ လိုက်နာဆောင်ရွက်သင့်တဲ့ အချက်တစ်ချက်ကို မျှဝေပေးပါ။
အဖြေကို Comment မှာ ရေးပေးခဲ့ပါဉီးနော်။
“တီဘီရောဂါ မပြန့်ပွားဖို့၊ မိမိကစ ဂရုစိုက်စို့”