29/07/2025
သူ့စိတ်ကို အပိုင်သိမ်းထားနိုင်ပြီလား
pile 1
တစ်ဖက်လူက သူ့စိတ်တွေကို တစ်ဦးတစ်ယောက်ဆီကို
ပုံပေးထားချင်တဲ့လူမျိုးမဟုတ်ဘူး။
pile 1 လေးကို စူးစူးနင့်နင့်မချစ်မိဖို့ သူကြိုးစားပါသေးတယ်။
ဒါပေမဲ့ pile 1 ရဲ့ဆွဲဆောင်အားကိုမလွန်ဆန်နိုင်ဘူး။
pile 1 ရဲ့နွေးထွေးတဲ့အကြင်နာတွေ
ချိုသာတဲ့စကားတွေအောက်မှာ သူကျဆုံးသွားပါတယ်။
အခုတော့ ပင့်ကူအိမ်မှာငြိနေတဲ့ပိုးဖလံလေးလို pile 1 ရဲ့လက်ထဲမှာ
သူ့ဘဝကိုပုံအပ်ထားလိုက်ပါပြီ။
pile 2
pile 2 ကတော့ တစ်ဖက်လူရဲ့စိတ်ကို အပိုင်သိမ်းဖို့မလွယ်သေးဘူး
pile 2 ရဲ့အချစ်တွေ အကြင်နာတွေ ဘဝတွေအားလုံး
တစ်ဖက်လူကိုအပိုင်ပေးထားပေမဲ့ တစ်ဖက်လူရဲ့စိတ်ကမတည်ငြိမ်သေးဘူး
မရင့်ကျက်သေးတဲ့ကလေးတစ်ယောက်လိုမျိုး
စူးစမ်းချင်သေးတယ် လက်တွေ့စမ်းသပ်မှုတွေ ဆက်လုပ်ချင်နေသေးတယ်
pile 2 ကသူ့ကိုအတော်လေးထိန်းနိုင်မှရမယ်။
pile 3
pile 3 က အဆင်မပြေတဲ့အချစ်ရေးကိုဖြတ်သန်းခဲ့ရတယ်။ တစ်ဖက်လူရဲ့
အကြင်နာတွေ နွေးထွေးမှုတွေကို တောင့်တရင်းနဲ့ အချစ်ရေးကို
တစ်ယောက်တည်းဖြတ်သန်းနေရတယ်လို့ပြောရင်ပိုမှန်မယ်။
ကိုယ်လိုချင်တာက နွေးထွေးတဲ့အချစ် သူ့ဆီကရတာက
နိုင့်ထက်စီးနင်းမှုဆန်တဲ့ဆက်ဆံရေး စိတ်ပိုင်းဆိုင်ရာတင်မကဘူး
ရုပ်ပိုင်းဆိုင်ရာကိုပါထိခိုက်အောင် ပြုမူတတ်တဲ့သူပေါ့။
ဒါပေမဲ့ pile 3 ရဲ့ပေးဆပ်မှုတွေက အချည်းနှီးမဖြစ်ပါဘူး။
pile 3 ရဲ့ပေးဆပ်မှုတွေ အနစ်နာခံမှုတွေကို သူသိမြင်စပြုနေပါပြီ။
ပိုမိုကောင်းမွန်တဲ့အချစ်ရေးတစ်ခုဖြစ်လာဖို့ အစပြုနေပါပြီ။
ဖိုက်တင်းပါနော်။
#အခက်အခဲများကျော်လွှားနိုင်ကြပါစေ