ဒေါက်တာဝေဖြိုးအေး - ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကု

  • Home
  • Myanmar
  • Yangon
  • ဒေါက်တာဝေဖြိုးအေး - ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကု

ဒေါက်တာဝေဖြိုးအေး - ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကု Online Consultation အတွက် chat box မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်

26/11/2025

ဆီးကျိတ်အသားစယူသင့်သော လူနာများ

- သံသယဖြစ်ဖွယ်ဆီးကျိတ် စမ်းမိခြင်း
- PSA တက်ခြင်း
- ယခင်အသားစအဖြေတွင် ကင်ဆာကူးပြောင်းနိုင်ချေ အဖြေထွက်ထားခြင်း
- ယခင်အဖြေတွင်ကောင်းသော်လည်း PSA တက်လာခြင်းနှင့် သံသယဖြစ်ဖွယ် ဆီးကျိတ်စမ်းမိခြင်း
- ယခင်အဖြေတွင် Positive ထွက်ထားပြီး ကုသမှုနည်းလမ်းအရ ပုံမှန်စောင့်ကြည့်နေရသော လူနာဖြစ်ခြင်း

ကျောက်ကပ်ကင်ဆာတွေမှာ ခွဲစိတ်ဖို့ လိုပြီဆိုရင်တော့ ကျောက်ကပ်တစ်ခုလုံး ထုတ်ပစ်တာနဲ့ တစ်စိတ်တစ်ပိုင်းပဲ ခွဲထုတ်တာဆိုပြီး အဓ...
23/10/2025

ကျောက်ကပ်ကင်ဆာတွေမှာ ခွဲစိတ်ဖို့ လိုပြီဆိုရင်တော့ ကျောက်ကပ်တစ်ခုလုံး ထုတ်ပစ်တာနဲ့ တစ်စိတ်တစ်ပိုင်းပဲ ခွဲထုတ်တာဆိုပြီး အဓိက နှစ်မျိုးရှိပါတယ်

ဆီးအိမ်ကင်ဆာတွေမှာ ဆီးအိမ်ကြွက်သားအထိ ရောက်တဲ့အဆင့်ဆိုရင် ဆီးအိမ်တစ်ခုလုံး ထုတ်ပစ်ရတဲ့ ခွဲစိတ်မှုက အကောင်းဆုံး ဖြစ်တတ်ပါ...
13/10/2025

ဆီးအိမ်ကင်ဆာတွေမှာ ဆီးအိမ်ကြွက်သားအထိ ရောက်တဲ့အဆင့်ဆိုရင် ဆီးအိမ်တစ်ခုလုံး ထုတ်ပစ်ရတဲ့ ခွဲစိတ်မှုက အကောင်းဆုံး ဖြစ်တတ်ပါတယ်။ အခြားနေရာတွေ မပျံ့နေဖို့နဲ့ လူနာ ခံနိုင်ရည်ရှိဖို့တော့ လိုပါတယ်။ ဒီခွဲစိတ်မှုက ဆီးလမ်းကြောင်းလွှဲတဲ့ အဆင့် လိုတတ်ပါတယ်

23/09/2025

နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်နှုန်းမှာ အရွယ်ရောက်ပြီး သူများ၏ ၁၄ % ခန့် ရှိသည်။

# သင့်ကျောက်ကပ်ကိုဂရုစိုက်ပါ #

18/09/2025

ဆီးအိမ် ကင်ဆာတွေမှာ အဆင့်သတ်မှတ်ချက်က အရမ်း အရေးကြီးပါတယ်။ အဆင့် ၁ နဲ့ ၂ က ဆက်လုပ်ရမယ့် ကုသမှုလမ်းကြာင်းက အတော်လေး ကွာခြားပါတယ်။ အသားစအဖြေသည် အရေးကြီးပါတယ်

16/09/2025

ဆီးအိမ်ကင်ဆာတွေမှာ မှန်ပြောင်းနဲ့ ခွဲစိတ်ပြီးသွားရင် အဓိက စောင့်ကြည့်ရမှာက ပြန်ဖြစ်နိုင်တာနဲ့ အဆင့်တက်သွားနိုင်တာ ဖြစ်ပါတယ်။ နှစ်ခုလုံးက အရေးကြီးပါတယ်။ သတ်မှတ်အချိန်နဲ့ သတ်မှတ်ကာလအထိ မှန်မှန် မှန်ပြောင်းနဲ့ Check လုပ်ပေးဖို့ လိုအပ်ပါတယ်

28/08/2025

ဆီးအိမ်ကင်ဆာများတွင် ဆီးအိမ်ကြွက်သားအထိပါသော ကင်ဆာနှင့် ကြွက်သားမပါသော အပေါ်ယံ ကင်ဆာ ဟူ၍ နှစ်မျိုးရှိသည်။ ၈၀ ရာခိုင်နှုန်းခန့်မှာ အပေါ်ယံကင်ဆာ ဖြစ်လေ့ရှိပြီး အမျိုးသားများတွင် ၇ ခုမြောက် အဖြစ်အများဆုံးကင်ဆာဖြစ်ကာ အမျိုးသမီးများတွင် ၁၁ ခုမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်သည်။

နာကျင်မှုမရှိဘဲ မျက်မြင်ဆီးထဲသွေးပါလျင် အထူး သတိထားပါ။ အဖြစ်အများဆုံး လက္ခဏာဖြစ်သည်။

26/08/2025

ဆီးထဲသွေးပါနိုင်သော ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ဆိုင်ရာ ရောဂါများတွင် အဖြစ်အများဆုံး ရောဂါများမှာ

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
ဆီးလမ်းကြောင်း ကျောက်တည်ခြင်း
ဆီးလမ်းကြောင်းဆိုင်ရာ ကင်ဆာများ
ဆီးကြိတ်ဆိုင်ရာ ရောဂါများ

16/02/2025

တစ်ရက်ကို အသားဓါတ် ၈၀ မှ ၁၅၀ မီလီဂရမ် သည် ဆီးထဲမှာ ပါသွားနိုင်ပြီး အဲတာ ပုံမှန် ပမာဏ ဖြစ်ပါတယ်။ အဲ့ထက်ပိုရင် ဆီးတွင်း အသားဓါတ်များနေပြီး အကြောင်းတစ်ခုခုကြောင့် ကျောက်ကပ်ထိခိုက်နေပြီလို့ ပြောလို့ ရပါတယ်

23/01/2025

ဆီးပို့ပြွန်ထဲမှာ ကျောက်ပိတ်ပီ ဆိုရင် အောက်ပါအချက်တွေ ရှိရင်တော့ ဆေးသောက်ပီး မစောင့်သင့်ဘဲ အမြန်ဆုံး ချေသင့်ပါတယ်
၁။ ဆီးပိုးဝင်ပြီး ဖျားတာ
၂။ မခံမရပ်နိုင်အောင် အောင့်တာ
၃။ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ ထိခိုက်တာ ( တစ်နည်းအားဖြင့် ဆီးဆိပ်တက်နေတာ)

ဆင်းမယ့်လမ်းကြောင်း ကျဉ်းနေလို့ မကျနိုင်တဲ့ကျောက် လေဆာပစ်မှပဲ ရတော့တယ်အောက်မှာ ကျဉ်းနေလို့ မကျနိုင်တဲ့ကျောက်
17/01/2025

ဆင်းမယ့်လမ်းကြောင်း ကျဉ်းနေလို့ မကျနိုင်တဲ့ကျောက်
လေဆာပစ်မှပဲ ရတော့တယ်

အောက်မှာ ကျဉ်းနေလို့ မကျနိုင်တဲ့ကျောက်

ဗိုက်မှာ အပေါက်သေးသေးလေးတွေ ဖေါက်ပြီး ခွဲစိတ်ရတာပါ။ ပုံမှန် ခွဲစိတ်မှုထက် နာကျင်မှု သက်သာပါတယ်Subscribe On YouTube မှန်ပ...
15/01/2025

ဗိုက်မှာ အပေါက်သေးသေးလေးတွေ ဖေါက်ပြီး ခွဲစိတ်ရတာပါ။ ပုံမှန် ခွဲစိတ်မှုထက် နာကျင်မှု သက်သာပါတယ်

Subscribe On YouTube

မှန်ပြောင်းဖြင့် ကျောက်ကပ်တစ်ခုလုံး ခွဲစိတ်၍ ထုတ်ခြင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ဒေါက်တာဝေဖြိုးအေး - ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share