Mahar Medica

Mahar Medica စျေးနှုန်းချိုသာ မြန်ဆန်ကျန်းမာ “မဟာမဒီကာ”
Call us: +95 9425411848
“Mahar Medica” medical supplies

Veri-Q (Mico Biomed) Antigen ( nasal👃 / throat) RDT swab test kits ✅WHO eul pipeline စာရင်းဝင်✅ Myanmar FDA one time app...
15/09/2022

Veri-Q (Mico Biomed) Antigen ( nasal👃 / throat) RDT swab test kits

✅WHO eul pipeline စာရင်းဝင်
✅ Myanmar FDA one time approved
✅ Korea , Japan , Singapore, India, Australia, UK - CE/ FDA certified

တခုချင်း - 5500 ကျပ် ( တဦးစာ တခါသုံး)
20 ခုပါတဘူး ( 1 box ) - 100000 ကျပ်

✅ 100% qualified from official company and FDA Approved

➡️မှာယူမယ်ဆိုရင် 𝑷𝒂𝒈𝒆 𝒎𝒆𝒔𝒔𝒆𝒏𝒈𝒆𝒓 မှာလည်း မှာယူနိုင်သလို ☎️09425411848 သို့ ရုံးချိန်အတွင်း ဆက်သွယ်ပြီး မှာယူနိုင်ပါတယ်ရှင့်

✅ အခုရော ရာ/ ထောင် / သောင်း Instock ရှိလို့ ဆေရုံများ / ကျောင်းများ/ သံရုံးများ / office and companies များအတွက်လည်း စျေးနှုန်းအဆင်ပြေအောင် ညှိနှိုင်ရောင်းချပေးပါတယ်

✅ကိုယ်စားလှယ် ယူလိုသူများ/ တဆင့်ပြန်လည်ရောင်းချလိုသော ဆေးဆိုင်များ လည်း ဆက်သွယ်နိုင်ပါတယ် ✨🤩💢

For quotations 📧 : maharmedica@gmail.com
📞 : 09425411848



#ကိုဗစ်စစ်ဆေးကိရိယာ
Test Kit

မဂ်လာပါခင်ဗျာ.. Pulse Oximeter quality ကောင်းကောင်းလေး တလုံးကတော့ အိမ်တိုင်းမှာ အရေးပေါ်ဆောင်ထားသင့်တယ်နော်။ စျေးသင့်တာလ...
30/07/2022

မဂ်လာပါခင်ဗျာ..
Pulse Oximeter quality ကောင်းကောင်းလေး တလုံးကတော့ အိမ်တိုင်းမှာ အရေးပေါ်ဆောင်ထားသင့်တယ်နော်။ စျေးသင့်တာလေး ကို တစ်နှစ်အာမခံလဲပါပြီး ပစ္စည်းကောင်းတာဘေးပဲလိုချင်တယ်ဆိုရင်တော့ -O brand (Made in Singapore 🇸🇬) လေးကိုသာမှာလိုက်ပါတော့နော်။
မှာယူတာနဲ့ တစ်ခါထဲစမ်းပြီး ဓာတ်ခဲပါ 🔋🔋 free ထည့်ပေးမှာပါဗျ။

Price : တစ်ခု 19000 ကျပ်

အများစျေး/ လက္ကားစျေး ရှိပါတယ်နော်။ အသေးစိတ်ကို cb (or) 📞 09425411848 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

✅ရန်ကုန်မြို့တွင်း ဒီနေ့မှာ မနက်ဖြန်အရောက် delivery 🚚 ပို့ဆောင်ပေးပါသည်။
✅နယ်မှ customer များကိုလည်း ၂ ရက်အတွင်းကားဂိတ်မှတစ်ဆင့်ပို့ဆောင်​ပေးပါသည်။

Photo Crd Grace Win Co Ltd

SD biosensor (Standard Q) Antigen ( nasal👃 / throat) RDT swab test kits နှာခေါင်း / ပါးစပ် ကြိုက်ရာနေရာမှ swab ယူလို့ရပါ...
30/07/2022

SD biosensor (Standard Q) Antigen ( nasal👃 / throat) RDT swab test kits
နှာခေါင်း / ပါးစပ် ကြိုက်ရာနေရာမှ swab ယူလို့ရပါတယ်နော်

✅WHO eul pipeline စာရင်းဝင်
✅ Korea , Japan , Singapore, India, Australia, UK - CE/ FDA certified
တခုချင်း - 5500 ကျပ် ( တဦးစာ တခါသုံး)
25 ခုပါတဘူး ( 1 box ) - 130000 ကျပ်

100% qualified from official company and FDA Approved ✅
၁၀ ဘူးမှစ၍ လက္ကားစျေးရန်ိုင်ပါပြီ။ ဘူးရေ ရာ/ ထောင်/ သောင်း ရရှိနိုင်ပါသည်။

More details: 09425411848
For quotations: maharmedica@gmail.com



Covid နောက်လှိုင်းတစ်ခုဒဏ်မှ သက်သာရန်၊ ကာကွယ်ရန် ကိုဗစ်ကာကွယ်ဆေး (ထပ်ဆောင်း/Booster) မဖြစ်မနေ ၊ မဖြစ်မနေ (အထူးအရေးကြီး) ...
21/07/2022

Covid နောက်လှိုင်းတစ်ခုဒဏ်မှ သက်သာရန်၊ ကာကွယ်ရန် ကိုဗစ်ကာကွယ်ဆေး (ထပ်ဆောင်း/Booster) မဖြစ်မနေ ၊ မဖြစ်မနေ (အထူးအရေးကြီး) ထိုးနှံထားကြပါ။

Omicron BA.4,BA.5

- ကူးစက်ပျံ့ပွားမှုနှုန်း အလွန်မြန်ပါသည်။
- ရောဂါလက္ခဏာများ ပိုမို ပြသပါသည်။
- ရောဂါပြင်းထန်မှု အတိုင်းအတာ ဆန်းစစ်နေဆဲဖြစ်
- အိမ်နီးချင်းနိုင်ငံများတွင် ယခုရက်သတ္တပတ်အတွင်း ကူးစက်မှု၊ အသစ်တွေ့ရှိမှု မြင့်မားလာပါသည်။
- မြန်မာနိုင်ငံတွင် BA.4,BA.5 တွေ့ရှိနေပြီ ဖြစ်ပါသည်။
- ကာကွယ်ဆေး (ထပ်ဆောင်း Booster) ထိုးမထားသူများ၊ ရောဂါအခံရှိသူများ(ဥပမာ- ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ၊etc)၊ အသက်အရွယ်ကြီးရင့်သူများ၊ ကိုယ်ခံအားနည်းသူများ ပိုမိုကူးစက် ထိခိုက်ခံစားရနိုင်ပါသည်။
- လာမည့် ( ၂) ပတ်အတွင်း Wave တစ်ခု စလာနိုင်ပါသည်။

ကြိုတင်ကာကွယ်၊ လိုက်နာရမည့်အချက်များ ***

တစ်ဦးချင်းလိုက်နာရန် -

- ကိုဗစ်ကာကွယ်ဆေး (ထပ်ဆောင်း/Booster) မဖြစ်မနေ ထိုးထားကြပါ။ မြို့နယ်ကျန်းမာရေးဌာနများ၊ ပြည်သူ့ဆေးရုံများတွင် ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်း ထိုးနှံပေးနေပါသည်။
- Mask တပ်ပါ (လူအများနှင့် စုဝေး၊ နေထိုင် ဆောင်ရွက်ရသည့် နေရာများတွင် mask ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ကြပါ)။ (မိမိအိမ်၊ မိမိရုံး တစ်ဦးချင်း ရှိနေသည့်အချိန်တွင် mask မတပ်၍ ရပါသည်)
- လက်ဆေးခြင်း၊ Hand Sanitiser/ Handgel သုံးခြင်း၊ ခပ်ခွာခွာနေခြင်းများ ဆက်လက်လိုက်နာကြပါ။

အဖွဲ့အစည်းအလိုက်၊ ရပ်ရွာအလိုက် လိုက်ပါလုပ်ဆောင်ရန် -

- ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများ (တရားဝင် ဝင်ရောက်သူများ၊ တရားမဝင် ဝင်ရောက်သူများ အားလုံး) စနစ်တကျ Quarantine ဝင်ရန်၊ Covid စစ်ဆေးရန် ဖြစ်ပါသည်။
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအားလုံး Quarantine ဝင်ရောက်စေရေး၊ Covid စစ်ဆေးစေရေး အများပြည်သူက ဝိုင်းဝန်း စောင့်ကြည့်၊ တိုက်တွန်း၊ သတင်းပို့ ဆောင်ရွက်ကြရန် ဖြစ်ပါသည်။

အချုပ်အားဖြင့် ***
- ကိုဗစ်ကာကွယ်ဆေး (ထပ်ဆောင်း၊ Booster) မဖြစ်မနေ ထိုးကြပါ
- Mask ကို စနစ်တကျ တပ်ကြပါ

BA.4,BA.5 ကူးစက်ခြင်း၊ ကိုဗစ်လှိုင်း နောက်တစ်ကြိမ် နှိပ်စက်ခြင်းမှ ကာကွယ်နိုင်ကြပါစေကြောင်း၊ ရှောင်ရှားနိုင်ကြပါစေကြောင်း အသိပေး၊ သတိပေး၊ နှိုးဆော် တိုက်တွန်းအပ်ပါသည်။

Credit to original owner

ဝါဆိုလပြည့်နေ့က အင်္ဂါနေ့ကျတယ်နော် လပြည့်နေ့လည်းဖြစ် အင်္ဂါနေ့လည်းဖြစ်တော့ ဆန်၊ဆီ၊ဆေး၊ဆားကို ကပ်လှူဖို့ တိုက်တွန်းနှိုးဆ...
11/07/2022

ဝါဆိုလပြည့်နေ့က အင်္ဂါနေ့ကျတယ်နော် လပြည့်နေ့လည်းဖြစ် အင်္ဂါနေ့လည်းဖြစ်တော့ ဆန်၊ဆီ၊ဆေး၊ဆားကို ကပ်လှူဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ရှင့် 🙏🙏🙏

ဆန်၊ဆီ၊ဆေး၊ဆား ကပ်လှူနည်း
*****************************

လပြည့်နေ့တိုင်း ပြုလုပ်နိင်သည့် ဆန်ဆီဆေးဆား အလှူတော်🙏
လပြည့်နေ့အခါသမယ မှာ ဆန်ဆီဆေးဆား လှူဒါန်းကုသိုလ်ပြုနိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လပြည့်နေ့ မနက် ၉ နာရီ (သို့) ၉ နာရီ ၄၅ မိနစ်တွင် အိမ်၏ ဘုရားကျောင်းဆောင်၌ ဆန်၊ ဆီ၊ ဆေး၊ ဆား တို့ကို လှူဒါန်းပြီး မေတ္တာသုတ် (၁၀) ခေါက်၊ သမ္ဗုဒ္ဓေ (၁၀) ခေါက်၊ ဒိဝါတပတိ (၁၀) ခေါက် ရွတ်ဖတ်ပူဇော်ပါ။ ကုသိုလ်၏ အဖို့ဘာဂကို မေတ္တာပို့၊ အမျှဝေပါ။
လှူဒါန်းရာတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့်တကွ သံဃာတော်များအတွက် ရည်စူးကာ မိမိတတ်နိုင်သလောက် ဆန်အပြည့်၊ ဆီအပြည့် ၊ဆေးပစ္စည်းအပြည့်၊ ဆားအပြည့်ထည့်ကာ ကပ်လှူထားရှိပေးပါ။ ပြည့်ဝခြင်းသဘောကိုဆောင်တဲ့ အဓိပ္ပာယ်ပါ။
ဆန် ဆီ ဆားဆေး လှူဒါန်းရခြင်းအကျိုးမှာ အကျပ် အတည်းများ ရင်ဆိုင်နေရသောအခါ၊ စားဝတ်နေရေးအတွက် ရုန်းကန်ရေသောအခါများတွင် အရံသင့်ပေးမည့်၊ ကျွေးမည့် လက်တစ်စုံ အမှီရစေ၏။ လုပ်ငန်းစီးပွားများ တိုးတက်စေ၏။

ကျန်းမာရေး ချို့ယွင်းသူများ ကျန်းမာလာစေ၏။ မိမိအိမ်တွင် လိုအပ်ချက် မှန်သမျှပြည့်စုံလာစေ၏။ မိမိအိမ်တွင် မရှိစကား၊ ပေးပါတောင်းပါဟု ပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။

မိမိတို့၏ အိမ်မီးဖိုချောင်သည် စားစရာများဖြင့် ပြည့်စုံနေခြင်း၊ စိတ်ဝမ်းကွဲနေသော မိတ်ဆွေ ညီအကိုမောင်နှမများလည်း ပြန်လည်သင့်မြတ်ပါလိမ့်မည်။

လှူပြီး နေ့လည် ၁၂ နာရီ ၊ ၁ နာရီလောက် ပြန်စွန့်ပေးပါ။ စွန့်ပြီးသား ဆန်ကို သံဃာတော်များ၊ သီလရှင်များအား လောင်းလှူခြင်း၊ ဆွမ်းချက်၍ သံဃော်တော်များအား လှူဒါန်းခြင်း၊ မရှိနွမ်းပါးသူများအား ပြန်လည် လှူဒါန်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
အခါကြီးရက်ကြီးတိုင်း ပုံမှန်လုပ်ပေးခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝပြီး ကောင်းကျိုးများဖြင့် ပြည့်စုံနိုင်ကြပါစေ။

မူရင်းရေးသားသူအား လေးစားစွာဂါရဝပြုပါသည်🙏🙏🙏

ဝယ်ယူအားပေးမှုကိူကျေးဇူးအထူးတင်ပါတယ်ခင်ဗျ။ 🙏🏻🙏🏻🙏🏻 အားလုံးပဲ အမြန်ဆုံးပြန်လည်ကျန်းမာကြပါစေခင်ဗျာ 🙏🏻ရောဂါဆိုးကြီးရဲ့ ရဲ့နေ...
15/02/2022

ဝယ်ယူအားပေးမှုကိူကျေးဇူးအထူးတင်ပါတယ်ခင်ဗျ။ 🙏🏻🙏🏻🙏🏻
အားလုံးပဲ အမြန်ဆုံးပြန်လည်ကျန်းမာကြပါစေခင်ဗျာ 🙏🏻
ရောဂါဆိုးကြီးရဲ့ ရဲ့နောက်ဆုံး wave ဖြစ်ဖို့မျှော်လင့်ပါတယ်… 🙏🏻

Covid-19 variant အသစ်   (တောင်အာဖရိက variant) ၁) B. 1. 1. 529 သည် mutation ၅၀ ပါ၀င်ပြီး spike protein တစ်ခုတည်းတွင် muta...
27/11/2021

Covid-19 variant အသစ် (တောင်အာဖရိက variant)
၁) B. 1. 1. 529 သည် mutation ၅၀ ပါ၀င်ပြီး spike protein တစ်ခုတည်းတွင် mutation ၃၀ ကျော်ရှိသည်။ သို့ဖြစ်၍ Covid-19 vaccine leakage များမည်။

၂) Receptor binding domain တွင် mutation ၁၀ ခုရှိသည်။ Delta virus တွင် RBD mutation ၂ ခုသာရှိသည်။

၃) Variant သည် ကုသမထားသော HIV/ AIDS လူနာ covid-19 infection မှ စတင်သည်ဟုယူဆထားသည်။

၄) ကူးစက်ခံရသောလူနာများတွင် viral load အလွန်များသည်ကိုတွေ့ရသည်။

၅) လေမှတစ်ဆင့်ကူးစက်မှု့ အလွန်မြန်သည်။ အခန်းမတူသော ပါတ်၀န်းကျင် sample ၈၇ ခုတွင် ၂၅ ခုတွေ့ရှိ။

၆) B.1 .1. 529 variant သည် တောင်အာဖရိက နိုင်ငံမှ စတင်သည်။ ဟောင်ကောင်၊ အစ္စရေး တို့တွင် စတင်တွေ့ရှိနေပြီ။

၇) ကူးစက်မြန်၊ mutation protein များ၍ ကာကွယ်ဆေး မကာကွယ်နိုင်၊ ကူးစက်ခံရသောလူနာများ တွင် viral load များ၍ သေဆုံးနုန်းများနိုင်သည်။

၈) မြန်မာနိုင်ငံ ကိုဗစ် စတုတ္ထလှိုင်း ဖြစ်စေနိုင်သော covid-19 variant ဖြစ်သည်။

Mahar Medica -09425411848

Crd-ဆရာမောင်မောင်ဌေး

26 ရက်နေ့  မနေ့က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကနေ ကိုဗစ် မျိုးစိတ်သစ် ကို Omicron ဆိုပြီး နာမည်ပေးလိုက်တယ်။ အရင်ပိုး မ...
27/11/2021

26 ရက်နေ့ မနေ့က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကနေ ကိုဗစ် မျိုးစိတ်သစ် ကို Omicron ဆိုပြီး နာမည်ပေးလိုက်တယ်။

အရင်ပိုး မျိုးစိတ်တွေထက် ပိုပြီး ကူးစက်နှုန်းမြန်မယ်လို့လည်း ခန့်မှန်းကြသလို ခုထိုးနေတဲ့ ကာကွယ်ဆေးတွေရဲ့ အကျိုးအာနိသင်ကလည်း ထိရောက်နိုင်မှုက နည်းနိုင်တယ် ဆိုပြီး ခန့်မှန်းထားကြတယ်။ WHO ကတော့ ဒီပိုးမျိုးစိတ်ကို ထပ်ပြီး လေ့လာဖို့ အချိန်ယူရဦးမယ်ဆိုပြီး ပြောထားပါတယ်။

ဒီပိုးမျိုးစိတ်ကို တောင်အာဖရိက နိုင်ငံမှာ စတင်တွေ့ခဲ့ကြပြီး ခုချိန်မှာ အစ္စရေး၊ ဘယ်ဂျီယံ၊ ဘော့စွနားနဲ့ ဟောင်ကောင်မှာ တွေ့နေကြပြီလို့ဆိုပါတယ်။ WHO က ကြော်ငြာပီး နာရီပိုင်းအတွင်းမှာပဲ စတော့ရှယ်ယာစျေးတွေ ပြုတ်ကျပြီး UK, US နဲ့ ဥရောပနိုင်ငံတွေက အာဖရိကနိုင်ငံ အချို့ကနေ လာတဲ့ လေယာဉ်တွေကို ပိတ်ထားလိုက်ကြပါပီ။ ကျွန်တော်တို့ အာဆီယံဒေသတွင်းတော့ ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရသေး။ မတွေ့ရပါစေနဲ့ လို့လည်း ဆုတောင်းပါတယ်။

ခုချိန်ထိ ကမ္ဘာပေါ်မှာ ကိုဗစ်ကာကွယ်ဆေး မပြည့်မှီသေးတဲ့နိုင်ငံတွေရှိနေပြီး မြန်မာန််ိုင်ငံအပါအဝင် ဖွံဖြိုးမှု နောက်ကျနေတဲ့ နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးပြီးတဲ့ လူဦးရေ ရာခိုင်နှုန်းက အရမ်းနည်းပါတယ်။ ပညာရှင်တွေကတော့ ကာကွယ်ဆေး ထိုးနှံဖို့ ကို တိုက်တွန်းထားပြီး ကာကွယ်ဆေး မထိုးထားရင် ပိုးရဲ့ အကျိုးသက်ရောက်မှု ပြင်းထန်နိုင်လို့ပါ။

ပြည်သူတွေ အနေနဲ့က
🙏 ကိုဗစ်ကာကွယ်ဆေးကို ရတဲ့နေရာမှာ ထိုးကြပါ။ တရုတ်ဆေး အိန္ဒိယဆေး ခွဲနေလို့မရပါ။ မထိုးထားတာထက် ထိုးပြီးတာက ကာကွယ်မှု ပိုပါတယ်။
🙏 ၂ ကြိမ် ထိုးပြီးသားသူတွေက booster အနေနဲ့ ထပ်မထိုးသေးပဲ တစ်ခါမှ မထိုးရသေးတဲ့ သူများကို ဦးစားပေးပါ။
Masks တပ်ဖို့ လက်ဆေးဖို့ လူစုလူဝေးရှောင်ဖို့ ကတော့ အားလုံးလည်းသိပါတယ်။ လိုက်နာဖို့လည်း လိုပါတယ်။

🙏 ကာကွယ်ဆေး တင်သွင်းတဲ့ ကုမ္မဏီတွေကလည်း အများသူငှါ လက်လှမ်းမီတဲ့ စျေးနှုန်းလေးထားပေးကြပါ။ ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲရှိပါတယ်။

Crd Dr Nay Lin Tun

တောင်အာဖရိကမှာ ကိုဗစ်ဗိုင်းရပ်မျိုးကွဲအသစ် B1.1 .529 အသစ် ပေါ်လာပါပြီ။ အရင်ဗိုင်းရပ် ဖြစ်တဲ့ Delta Variant နဲ့ မတူပါဘူးတ...
26/11/2021

တောင်အာဖရိကမှာ ကိုဗစ်ဗိုင်းရပ်မျိုးကွဲအသစ် B1.1 .529 အသစ် ပေါ်လာပါပြီ။ အရင်ဗိုင်းရပ် ဖြစ်တဲ့ Delta Variant နဲ့ မတူပါဘူးတဲ့။ အရမ်းပြန့်တာမြန်သတဲ့။ US, UK, Asia မှာဆို ဟောင်ကောင်နဲ့ဘော့ဆွာနာမှာစတွေ့ရပါပြီ။
သို့ပါ၍ မိဘပြည်သူများအနေနဲ့လည်း ရောဂါ မကူးစက်ခံရအောင် ယခင်လိုပဲ
🔻တတ်နိုင်သလောက် အိမ်ထဲမှာပဲနေပါ
🔻မဖြစ်မနေ အပြင်ထွက်ရမည်ဆိုပါက mask တပ်ပါ
🔻 မကြာခန လက်ဆေးပါ
🔻ကာကွယ်ဆေးများ အပြည့်အစုံထိုးပါ ( including seasonal flu vaccine)
🔻 တဦးနှင့်တဦး (၆) ပေအကွာနေထိုင်ကြပါရန်
လေစားစွာ ထပ်မံ တိုက်တွန်းအပ်ပါတယ်။

🔻မိမိ COVID Positive ဖြစ်နေသည်ဟု သိရှိပါက / သံသယရှိပါက အခြားသူများမကူးစက်အောင် အစောဆုံး self-isolation လုပ်ရမှာသည် မိမိမှာ အပြည့်အဝ တာဝန်ရှိပါသည်။ ထိုမှသာ မိမိချစ်သောသူများနှင့် အခြားပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွါးမှူကို ထိထိရောက်ရောက် လျော့ချနိုင်မည်ဖြစ်ပါသည်။

Mahar Medica
09425411848

Source:

https://amp.usatoday.com/amp/8755086002

https://finance.yahoo.com/news/1-britain-says-covid-19-072352229.html

https://amp.usatoday.com/amp/8759122002

https://www.ft.com/content/8245c992-4a4d-4110-b10c-b294c41d501c

https://www.nytimes.com/live/2021/11/25/world/covid-vaccine-boosters-mandates

Address

Kamaryut Township
Yangon

Telephone

09425411848

Website

Alerts

Be the first to know and let us send you an email when Mahar Medica posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mahar Medica:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram