Morpheus scent

Morpheus scent • 5ml/10ml decant sharing from �authentic perfume
• most perfume are good at layering and pleased scent

🙏🏻အားလုံးပဲမင်္ဂလာပါခင်ဗျာ🙏🏻☀️ရာသီဥတုလေးက နည်းနည်းပူလာတော့ လန်းဆန်းတဲ့ရေမွှေးအမျိုးအစားများထဲမှ layering လုပ်ပြီး ဆွတ်လိ...
21/03/2022

🙏🏻အားလုံးပဲမင်္ဂလာပါခင်ဗျာ🙏🏻
☀️ရာသီဥတုလေးက နည်းနည်းပူလာတော့ လန်းဆန်းတဲ့ရေမွှေးအမျိုးအစားများထဲမှ layering လုပ်ပြီး ဆွတ်လို့ကောင်းတဲ့ ရေမွှေးအတွဲလေးတစ်ခုကို ညွှန်းပေးချင်ပါတယ်🌬

Designer brand တစ်ခုဖြစ်တဲ့ MOSCHINO ရဲ့ woody aromatic🌊🪵 ဖြစ်တဲ့ Forever Sailing နဲ့
Niche brand တစ်ခုဖြစ်တဲ့ Escentric Molecule မှ Woody notes တစ်မျိုးဖြစ်တဲ့ ISO E-super တစ်ခုထဲသာလှိုင်သုံးထားတဲ့ Molecule O1 တို့ကို
တွဲစပ်အသုံးပြုတဲ့အခါမှာ လန်းဆန်းတဲ့ Moschino ရဲ့ Lemon 🍋 grapefruit နံ့တွေနဲ့ mid notes တွေဖြစ်တဲ့ 💐lavender ဟာလည်း နှစ်လိုဖွယ်ပိုကောင်းလာပြီး အဝတ်အစားပေါ်မှာ သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ base note ဖြစ်တဲ့ 🪵🦌woody musky နံ့လေးဟာ ၂ရက်လောက်ထိခံပါတယ်

🧪ဆွတ်သင့်တဲ့နေရာတွေကတော့ neck နဲ့ chest နေရာတွေမှာ 2spray စီလောက်ဆို အဆင်ပြေနေပါပြီ
မင်မင်ကတော့ Moschino ကို အရင်ဆွတ်ပြီး O1နဲ့ Mask လုပ်ပါတယ်🧪

🤗အဲ့တော့ဒီအတွဲအစပ်လေးကို စမ်းသပ်ကြည့်ဖို့ညွှန်းချင်ပါတယ်

ဒီအတွဲလေးကိုစမ်းချင်လို့ မှာယူချင်ရင်တော့
Moschino forever sailing (10ml) + Molecule 01 (5ml) ကို 3️⃣0️⃣0️⃣0️⃣0️⃣ကျပ်ထဲနဲ့ အမြန်ဆုံးမှာယူလိုက်ပါခင်ဗျာ

Kpay AYApay Wave pay all are welcome without %%%
🙏🏻မိတ်ဆွေများအားလုံး အဆင်ပြေကြပါစေ🙏🏻





🙏🏻အားလုံးပဲမင်္ဂလာပါခင်ဗျာ🙏🏻🥶ရာသီဥတုအေးအေးမှာသုံးချင်စရာရေမွှေးလေးတွေ 🧪decant လေးတွေနဲ့ခွဲရောင်းပေးပါရစေ🥰အနံ့တွေကတော့ ဆွ...
20/01/2022

🙏🏻အားလုံးပဲမင်္ဂလာပါခင်ဗျာ🙏🏻

🥶ရာသီဥတုအေးအေးမှာသုံးချင်စရာရေမွှေးလေးတွေ
🧪decant လေးတွေနဲ့ခွဲရောင်းပေးပါရစေ

🥰အနံ့တွေကတော့ ဆွဲဆောင်မှုရှိစေမယ့် အမျိုးအစားလေးတွေပဲဖြစ်ပါတယ်
တစ်မျိုးချင်းစီ အကြောင်းကတော့ ပုံလေးတွေအောက်က link ⬇️⬇️⬇️လေးတွေမှာဖတ်ပေးပါခင်ဗျာ

📩စိတ်ဝင်စားသည်များကိုဆက်သွယ်မှာယူနိုင်ပါတယ်
🧾ငွေပေးချေရန် Kpay,AYA,CB % ပေးစရာမလိုပဲ ဝယ်ယူနိုင်ပါတယ်

☎️09 5144070






January လ promotion လေးလာပါပြီအောက်ပါ List ⬇️⬇️⬇️ထဲမှ 1. Dolce & Gabbana light blue eau intense2. Dolce & Gabbana light ...
17/01/2022

January လ promotion လေးလာပါပြီ

အောက်ပါ List ⬇️⬇️⬇️ထဲမှ

1. Dolce & Gabbana light blue eau intense
2. Dolce & Gabbana light blue eau intense pour homme
3. Molecule 01
4. Molecule 02
5. Molecule 05
6. Molecule + Iris
7. Escentric 04
8. Juliette has a gun ( not a perfume)

ရေမွှေးများအားလုံးကို
ဘာယူယူ 2️⃣0️⃣0️⃣0️⃣0️⃣ကျပ်ဖြင့်
🧪1️⃣0️⃣ml decant🧪 ရရှိမှာဖြစ်လို့
stockရှိတုန်း အမြန်မှာယူပေးဖို့ သတင်းကောင်းပါးအပ်ပါတယ်🎉

🏧payment များကိုလဲ %ပေးစရာမလိုပဲ လက်ခံပေးပါတယ်
Kpay,AYA welcome

☎️မှာယူချင်တယ်ဆိုရင်တော့ page CB မှာ
အမည်
နေရပ်
ဖုန်းပေးပို့၍ မှာယူနိုင်ပါပြီခင်ဗျာ
🙏🏻အားလုံးကိုကျေးဇူးတင်ပါတယ်🙏🏻




🙏🏻အားလုံးပဲမင်္ဂလာပါခင်ဗျာ🙏🏻❄️ဆောင်းရာသီနဲ့လိုက်ဖက်ပြီးတော့( ဇွတ်ဆောင်းလေးပေါ့ဗျာ ရန်ကုန်အတွက်တော့🥶)အရမ်းထူးခြားလူသိများ...
19/12/2021

🙏🏻အားလုံးပဲမင်္ဂလာပါခင်ဗျာ🙏🏻

❄️ဆောင်းရာသီနဲ့လိုက်ဖက်ပြီးတော့( ဇွတ်ဆောင်းလေးပေါ့ဗျာ ရန်ကုန်အတွက်တော့🥶)
အရမ်းထူးခြားလူသိများပြီးသားဖြစ်တဲ့ အနံမပြင်းပေမယ့် ကြာရှည်ခံ ထူးခြားစွာ တစိမ့်စိမ့်မွှေးနေစေမယ့် ရေမွှေးလေးများ
⏬⏬⏬အောက်မှာစျေးနှုန်းနှင့်တကွ တင်ပေးထားပါတယ်

🧪အားလုံးပဲ decant များဝယ်ယူနိုင်ပါတယ်

🤗ကျေးဇူးပါခင်ဗျာ🤗






 🦾Inspired by key notes of Creed Aventus and Maison Francis Kurkdjian Baccarat Rouge 540 Extrait.🍍🌬အားအင်ပြည့်ဝနေတဲ့ နာန...
10/12/2021



🦾Inspired by key notes of Creed Aventus and Maison Francis Kurkdjian Baccarat Rouge 540 Extrait.

🍍🌬အားအင်ပြည့်ဝနေတဲ့ နာနတ်သီးလတ်လတ်ဆတ်ဆတ်နံ့လေးက
ယစ်မူးဖွယ်စံပါယ် ထူးခြားတဲ့ Almond ရနံ့တို့ကို spicy ဖြစ်တဲ့ saffron နဲ့ပေါင်းစပ်ကာ
လှလှပပစီးမြောကာ ပေါက်ကွဲထွက်လာပါတယ်
Cedar နဲ့ Ambergris တွေက အနံ့အရည်အသွေးတွေကို နောက်ဆုံးအထိ
စွဲဆောင်မှုရှိစေဖို့ စွမ်းဆောင်သွားပါတယ်

🧪CLASSIFICATION: Oriental Fougére

🧪NOTES: Pineapple, Apple, Bergamot, Black Currant, Almond, Saffron, Birch,
Jasmine Grandiflorum, Cedarwood, Amber, Ambergris, Amberwood, Patchouli, and Oakmoss.

🧪GENDER: Unisex

❄️ဆောင်းရာသီနဲ့လိုက်ဖက်နေပြီး ဝယ်ပြီးမဆွတ်ရက်တဲ့အထိ ကြိုက်မိပါတယ်❄️

🍍အဲ့ဒီတော့ နာနတ်သီးလေးလို အစားခံချင်ရင် ကိုယ်တိုင်သုံးပြီး
နာနတ်သီးလေးစားချင်ရင်တော့ လက်ဆောင်ပေးလိုက်ပါ🍍

🏧 3ml 19,000
🏧 5ml 30,000


🙏🏻အားလုံးပဲမင်္ဂလာပါဗျ🙏🏻🧪The Dua Brand ဆိုတဲ့ fragrance Niche house လေးတစ်ခုမိတ်ဆက်ပေးချင်ပါတယ်Dua က US အခြေစိုက် ရေမွှေ...
03/12/2021

🙏🏻အားလုံးပဲမင်္ဂလာပါဗျ🙏🏻

🧪The Dua Brand ဆိုတဲ့ fragrance Niche house လေးတစ်ခုမိတ်ဆက်ပေးချင်ပါတယ်

Dua က US အခြေစိုက် ရေမွှေးသီးသန့်ထုတ်တဲ့ Niche house တစ်ခုဖြစ်ပါတယ် ..
Founder ကတော့ ရေမွှေးနဲ့ပါတ်သတ်တာတွေကို Dubai မှာသွားရောက်ပညာယူခဲ့တဲ့ ` Mahsam Raza’ ဖြစ်ပါတယ်

Dua Brand ရဲ့ထူးခြားချက်ကတော့ သူထုတ်တဲ့ရေမွှေးတော်တော်များများဟာ တကယ့်ကောင်းပေ့ဆိုတဲ့ ရေမွှေး brand များကို Manipulate လုပ်တယ်ခေါ်ရမလားပဲ inspired လုပ်ကာ ပိုမိုထူးခြားအောင် performance ပိုမိုကောင်းမွန်အောင် အနည်းငယ်ပြင်ဆင်ပြီး ထုတ်လုပ်ရောင်းချခြင်းပါပဲ

🌬Yves Saint Laurent ရဲ့ luxury line up ဖြစ်တဲ့ 🤵‍♂️Tuxedo ကို inspired လုပ်ထားတာပါ
နာမည်အတိုင်းပဲ Tailor made suit တစ်ခုကိုဝတ်ရသလို luxury ဖြစ်စေချင်တာပါ
👩🏼‍❤️‍👨🏻Unisex သုံးလို့ရပါတယ်

______________________________________________________

💐Olfactory family ကတော့ Chypre ( opening notes ကို citrus နဲ့ဖွင့်ပြီး middle and dry down မှာ fruity floral notes များနဲ့ အဆုံးသတ်ထားတဲ့ အမျိုးအစားပါ)

Oceanic ဖြစ်တဲ့ Ambroxan notes များနဲ့အတူ earthy ဖြစ်စေသော patchouli, pepper notes များပါဝင်တယ်..
ကြွယ်ဝအဆင့်အတန်းရှိတဲ့ Vanilla notes ရယ် လူကြီးလူကောင်းဆန်တဲ့ Violet 🍃 , Rose 🌹 notes တွေက သင့်ကိုကြေနပ်နေစေမှာပါ

အဖွင့်မှာ Bargamot နဲ့စဖွင့်လို့ လန်းဆန်းစေမှာ..

Review တွေအရတော့ performance က Beast mode ပါပဲ
Compliment ကောင်းကောင်းတွေလဲရမှာပါ

Longevity 7-8 hr ပါ

📦မှာယူချင်တယ်ဆိုရင်တော့
အမည်, နေရပ်, ဖုန်း တို့ပေးပို့၍ မှာယူနိုင်ပါပြီ

Kpay လဲ လက်ခံပါတယ် ခင်ဗျာ

❣️အားလုံးပဲအဆင်ပြေကြပါစေဗျာ❣️


🙏🏻အားလုံးပဲမင်္ဂလာပါခင်ဗျာ🙏🏻❄️Sweet December လေးဖြစ်ကြပါစေ❄️ရေမွှေးစျေးလေးတွေ ငွေစျေးအပြောင်းအလဲကြောင့် ပြန်လည်ပြင်ဆင်ပြ...
03/12/2021

🙏🏻အားလုံးပဲမင်္ဂလာပါခင်ဗျာ🙏🏻

❄️Sweet December လေးဖြစ်ကြပါစေ❄️

ရေမွှေးစျေးလေးတွေ ငွေစျေးအပြောင်းအလဲကြောင့် ပြန်လည်ပြင်ဆင်ပြီး ရောင်းချပေးထားပါတယ်

💯 authentic ရေမွှေးများကိုသာအသုံးပြုပါတယ်
ရေမွှေး ပုလင်းအကြီးများထဲမှ 5cc 10cc syringes 💉 များကိုအသုံးပြုစုပ်ယူပြီး
5ml 10ml perfume atomizer ပုလင်းငယ်များထဲသို့ ပြန်လည်ဖြည့်တင်းရောင်းချခြင်းဖြစ်ပါတယ်

☑️တစ်ပုလင်းလုံးမဝယ်ခင် အနံ့စမ်းသပ်လိုသူများ
☑️ပုလင်းကြီးစာငွေတစ်လုံးတစ်ခဲ မသုံးစွဲလိုသူများ
☑️ရေမွှေးအမျိုးအစားအနံ့အစုံအလင်ကို ငွေနည်းနည်းဖြင့် စုလိုသူများအတွက် အရမ်းသင့်လျော်ပါတယ်

🎁🎀 package sticker သေချာပြင်ဆင်ပေးလို့ လက်ဆောင်ပေးလဲကောင်းတယ်

ရောင်းချပေးတဲ့ရေမွှေးတော်တော်များများက layering လုပ်လို့ကောင်းတာတွေ ပါပါတယ်

Layering ဆိုတာကတော့ မိမိမှာရှိတဲ့ရေမွှေးတစ်ခုခုကို performance ကောင်းအောင်ဖြစ်ဖြစ် အနံ့ပုံစံပြောင်းစေချင်လို့ဖြစ်ဖြစ် olfactory family(scent wheel လို့လဲခေါ်ပါတယ် သူ့အကြောင်းမကြာခင် ရေးပေးသွားပါမယ်ခင်ဗျာ) နီးစပ်ရာရေးမွှေး ၂ခု ကို skin ပေါ်မှာ တစ်နေရာထဲ ဆွတ်တာဖြစ်ပါတယ်

ဘာကောင်းလဲဆိုတော့ ကိုယ့်တစ်ယောက်ထဲမှာပဲရမယ့် Signature Scent တစ်ခုရနိုင်ပါတယ်

တစ်ယောက်နဲ့တစ်ယောက်အကြိုက်မတူကြလို့
ကိုယ်ကြိုက်နှစ်သက်မယ့်ပမာဏ ကိုယ့်ဟာကိုစမ်းသပ် ဆွတ်ဖြန်းနိုင်ပါတယ်

❣️နောက်ထပ်ရေမွှေးကောင်းများလဲ ထပ်တိုးနိုင်ရန်ကြိုးစားနေပါတယ်❣️

🔥လမကုန်ခင် SG website များမှ Cosmetics Fragrances များ
မှာယူပေးမယ့် ဝန်ဆောင်မှုလဲထပ်တိုးပေးသွားဖို့ရှိပါတယ်

☘️အားပေးကြပါဦးလို့ပြောချင်ပါတယ် 🍀
မိတ်ဟောင်းမိတ်သစ်အားလုံးကျေးဇူးပါခင်ဗျာ


ရေမွှေးဘယ်လိုဆွတ်မလဲ??? The End🎉⏱ဒီတစ်ခါပြောပြမှာကတော့ အချိန်နေရာအလိုက်ဆွတ်ရမယ့်     Spray zone လေးတွေပြောပြချင်ပါတယ်◾️အ...
29/11/2021

ရေမွှေးဘယ်လိုဆွတ်မလဲ??? The End🎉

⏱ဒီတစ်ခါပြောပြမှာကတော့ အချိန်နေရာအလိုက်ဆွတ်ရမယ့်
Spray zone လေးတွေပြောပြချင်ပါတယ်

◾️အကြမ်းဖျဉ်းတော့ (၄)မျိုးခွဲပြီး သူတို့နဲ့လိုက်ပြီးဆွတ်ရမယ်ပုံစံကိုပြောပြသွားမှာပါ

1. Indoors & office (ရုံးသွား ဆေးရုံသွား အခန်းကျဉ်း)
2. Outdoors Daytime (ပန်းခြံသွား စျေးဝယ် အခန်းကျယ်)
3. Night Out (ဘား ကလပ် ဘာညာ ဂေါ်မယ်)
4. On a date ( ချစ်သူနဲ့ နီးနီးကပ်ကပ် ပွေ့ဖက်)

🙄အပြင်ထွက်ခါနီးစဉ်းစား ဘယ်အချက်နဲ့ကိုက်မလဲ အဲ့အတိုင်းဆွတ်လိုက်ပေါ့ဗျာ ခေါင်းမစားတော့ဘူး
မဟုတ်ရင် ဟိုဆွတ်ရမလို ဒီဆွတ်ရမလို ခေါင်းစားနေရမှာ

🤗အဲ့တော့ အစဉ်လိုက်ပြောပြသွားမယ်

☑️1. Indoor

နားရွက်နောက်နား x 1 spray
လည်ပင်းရှေ့အခြေ x 1 spray

ရုံးခန်း ဆေးခန်းလိုမျိုး အလုပ်ခန်းကျဉ်းဆိုတော့ သူများကိုလဲအားမနာရအောင် ကိုယ့်နဲ့စကားပြောမှ ကိုယ်နဲ့နီးကပ်မှအနံ့ရအောင် အဲ့လိုမျိုးဖြစ်ဖို့ဆွတ်ရတာပါ

☑️2. Outdoor

နားရွက်နောက်နား x 2 spray
လည်ပင်းနောက် ဂုတ်ပိုး x 3 spray

Shopping ထွက် ပန်းခြံသွားဆိုတော့ နည်းနည်းပိုဆွတ်ရပါတယ်
scent trail လေးလဲကျန်အောင် ဂုတ်မှာပြောင်းဆွတ်လိုက်တာပါ

☑️3. Night Out

နားရွက်နောက်နား x 2 spray
လည်ပင်းနောက် ဂုတ်ပိုး x 3 spray
ပုခုံးနှစ်ဘက် x 2 spray

ကဲ Bar ဖြစ်ဖြစ် Club ဖြစ်ဖြစ် Party ဖြစ်ဖြစ် ကဲမယ် သောင်းကျန်းမယ် ကမယ်ဆိုတော့ အမွှေးနံ့တွေစုံနေမှာဆိုတော့ ကိုယ်ရနံ့လေးလဲ ထင်ရှားနေမှရမှာလေ

☑️4. Date night

လည်ပင်းအခြေ x 1 spray
OR
Each Jugular x 1 spray
Chest x 1 spray

အဲ့လောက်ဆိုရပါပြီ
ကိုယ့်ရဲ့ချစ်သူကို ထွေးပွေ့ထားသလို ခံစားချက်မျိုးရစေဖို့
ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်

❗️ဆွတ်ရမှာကတော့ အသားပေါ်မှာပဲနော် အဝတ်တွေ ဆံပင်တွေပေါ်မဆွတ်ပါနဲ့
ဆွတ်ပြီးရင်လဲမချေပါနဲ့လို့ ထပ်ပြောပြီး နိဂုံးချုပ်ပါရစေခင်ဗျာ

😍အားလုံးပဲရေမွှေးတွေကို အလေအလွင့်အနဲဆုံးနဲ့ အထာအကျဆုံးဆွတ်နိုင်ကြပါစေဗျာ
အပိုင်းအားလုံးစုစည်းပေးထားပါတယ်

အပိုင်း(၁)
https://www.facebook.com/102184138903576/posts/121397206982269/
အပိုင်း(၂)
https://www.facebook.com/102184138903576/posts/122535940201729/
အပိုင်း(၃)
https://www.facebook.com/102184138903576/posts/127053979749925/

❤️‍🔥စာလေးတွေနှစ်သက်သဘောကျရင် like👍& follow🫂လေးတွေ လုပ်ပေးပါခင်ဗျာ❤️‍🔥


#ရေမွှေးဘယ်လိုဆွတ်မလဲ

ရေမွှေးဘယ်လိုဆွတ်မလဲ??? အပိုင်း (၃)🧪ဘယ်လိုနေရာတွေဆွတ်မလဲ ❕Pulse point ( e.g. radial, jugular) သွေးခုန်နှုန်းစမ်းလို့ရတဲ့...
19/11/2021

ရေမွှေးဘယ်လိုဆွတ်မလဲ??? အပိုင်း (၃)

🧪ဘယ်လိုနေရာတွေဆွတ်မလဲ ❕

Pulse point ( e.g. radial, jugular) သွေးခုန်နှုန်းစမ်းလို့ရတဲ့နေရတွေပေါ့ဗျာ..
ထပ်ပြီးကွန့်ပြောရရင် သွေးခုန်နှုန်းလွယ်လွယ်စမ်းလို့ရတဲ့နေရာ
အဲ့ဒီနေရာလေးတွေက သွေးကြောနဲ့အရေပြား အရမ်းနီးတော့ သွေးလည်ပတ်တဲ့ အပူချိန်နဲ့ ပေါင်းပြီးဆွတ်တဲ့ရေမွှေးက diffuser ဖွင့်ထားသလို တစိမ့်စိမ့်မွှေးနေစေမှာပါ
အားလုံးသိနေကြတဲ့ လက်ကောက်ဝတ် လည်ပင်း နားရွက်နောက်တွေအပြင် ကျန်သေးတာက လက်ဖျံ တံကောက်ကွေး တို့ဖြစ်ပါတယ်။

ကိုယ်ခန္ဓာအပေါ်ပိုင်းမှာ scent bubble လေးဖန်တီးမယ်ဆိုရင်တော့ ပုံမှန်ဆွတ်နေကျနေရာလေးတွေ ကို list လုပ်ပေးထားပါတယ်
(ပုံနဲ့လည်း ဖော်ပြပေးထားပါတယ်)

၁၊ နားရွက်နောက်
၂၊ လည်းပင်းသွေးခုန်နေရာ(jugular)
၃၊ လည်ပင်းအခြေ( base of throat)
၄၊ ဂုတ်ပိုး
၅၊ ရင်ဘတ်
၆၊ ပုခုံး

အားလုံးကိုအမြဲတမ်းဆွတ်ရမယ်လို့မဆိုလိုပါဘူးနော်၊
၁ နဲ့ ၂လောက်ပဲ တကယ့် pulse point တွေပါ
ကျန်တာတွေကတော့ scent bubble ဖန်တီးဖို့ check point လေးတွေပေါ့
သွားရမယ့်အခြေအနေ အချိန်အခါပေါ်မူတည်ပြီး ဘယ်နေရာကိုဘယ်လိုဆွတ်ရမယ်ဆိုတာ ဆက်လက်ပြောပြသွားပါမယ်

🧪လက်ကောက်ဝတ်မှာဆွတ်ခြင်း❕

ထူးခြားတာလေးကိုတွေ့မှာပါ လက်ကောက်ဝတ်၊ လက်ဖျံတို့၊ ဒူးနောက်တို့က projection sphere ဖန်တီးတာမှာ ပါမလာပါဘူး၊
Whyyyy‼️⁉️

အဲ့နေရာတွေမှာဆွတ်ရင်တကယ်ကောင်းပေမယ့် လက်ခဏခဏဆေးတာ လက်ရှည်ဝတ်လို့ခဏခဏပွတ်တိုက်တာ
အင်္ကျီလက်ပေတာတွေကြောင့် မြန်မြန်ရနံ့ပြယ်ပြီး အကျိုးမရှိဖြစ်တတ်လို့ ဖြုတ်ထားတာပါ။

🧪အဝတ်၊ ဆံပင်ပေါ်မှာဖြန်းခြင်း❕

အဝတ်တွေရယ် ဆံပင်တွေရယ်မှာဆွတ်တာကတော့
တစ်ချို့မှာ ပုံမှန်လိုဖြစ်နေတတ်ကြပါတယ်
အဝတ်ကတော့တော်သေးပေမယ့် ဆံပင်ကြီးကတော့ထူးဆန်းနေမှာပါ…တစ်ချို့ဆွတ်တတ်ကြပါတယ်😱
အကြံပေးရရင် တကယ်တော့…အကျိုးမရှိဘူးလို့ပဲပြောပါရစေ

ရေမွှေးတွေဟာ အသားပေါ်မှာဆွတ်ဖို့ ဖန်တီးထားတာဖြစ်ပြီးတော့ ခန္ဓာကိုယ်အပူချိန်လေးနဲ့ ရေမွှေးရဲ့အငွေ့ပျံစက်ဝန်း စလယ်ဆုံး( top,middle,base notes)တွေ လှလှပပဖြစ်စေချင်တာပါ…
ခုနလိုအဝတ် ဆံပင်တွေပေါ်ဆွတ်တဲ့အခါမျိုးမှာ ငွေ့ပျံစက်ဝန်းပျက်ဆီးတာ အဝတ်စွန်းထင်းတာ ပျက်ဆီးတာတွေဖြစ်တတ်လို့ပါ။

နောက်တစ်ခါမှာတော့ သွားမယ့်နေရာ အလုပ်ပေါ်မူတည်ပြီးဆွတ်ရမှာလေးကိုဖော်ပြပေးသွားပါမယ်

❤️‍🔥စာလေးတွေနှစ်သက်သဘောကျရင် like👍& follow🫂လေးတွေ လုပ်ပေးပါခင်ဗျာ❤️‍🔥

Dior sauvage 🌊လုံးဝကိုဆွဲဆောင်မှုရှိတဲ့ အမျိုးသားသုံးရေမွှေးလေး တစ်ခုပါ …..ပြီးတော့Pirates of the Caribbean ရုပ်ရှင်ကားထ...
09/11/2021

Dior sauvage

🌊လုံးဝကိုဆွဲဆောင်မှုရှိတဲ့ အမျိုးသားသုံးရေမွှေးလေး တစ်ခုပါ …..ပြီးတော့

Pirates of the Caribbean ရုပ်ရှင်ကားထဲက မင်းသားကြီး 🕴🏻Johnny Depp🕴🏻 ရဲ့အသည်းစွဲ ရေမွှေးလေးပေါ့

💐နာမည်ကြီး Designer fragrance အမျိုးအစားတစ်ခုဖြစ်တဲ့ DIOR perfume များထဲမှ အမြဲရောင်းအားကောင်း လူကြိုက်များတဲ့ Sauvage (sausage မဟုတ်ဘူးနော်😅 စားချင်နေမှာစိုးလို့)
ရေမွှေးအဆီပါဝင်နှုန်းမြင့်မားတဲ့ Eau De Parfum အမျိုးအစားလေးဖြစ်ပါတယ်

💐Sauvage ကိုတော့ designer Francois Demachy က 2018 မှာဖန်တီးခဲ့တာပါ

💐သူ့အမျိုးအစားကတော့ Amber, Fougere fragrance အမျိုးအစားလေးပါ
Fougere ဆိုတာတော့ citrus, oriental woody, floral, fruity facets ကြီးကိုခေါ်တာပါ
Ambroxanလေးပါတော့ ဆွဲဆောင်မှုရှိတာတော့ပြောမနေနဲ့တော့ပေါ့ဗျာ

💐သူ့ အဖွင့်ကတော့ fresh citrus spicy ဖြစ်တယ် lavender နံ့ကချက်ချင်းပါလာတယ်
ခဏပဲ ၁၀မိနစ်လောက်ကြာတာနဲ့ spicy ဖြစ်တာလေးတွေလျော့ပြီး aromatic floral woody ဖြစ်လာသလိုပဲ
Lavender, vanilla, ambroxan တွေနဲ့ လုံးဝကိုမိုက်ပါတယ်

💐 အနံ့က ၇-၈ နာရီနီးပါး ခံပါတယ်
Beast mode လို့ပြောကြတယ် အေးတဲ့အချိန် ၁၂နာရီဝန်းကျင်အထိ အနံ့စွဲ ပြန့်နှံ့အားကောင်းတယ်
💐 all season round ဆွတ်လို့ရတယ်
💐eau de perfume ဆိုတော့ 2-3spray ဆိုရင်တောင် တော်တော်လုံလောက်နေပါပြီ

🌬Dior savage ကို စမ်းသပ်သုံးစွဲရ အဆင်ပြေစေရန် 5ml/10ml decant များဖြင့် ခွဲထုတ်ရောင်းချပေးပါတယ်ခင်ဗျာ
🧪5ml 18,000
🧪10ml 32,000 kyats ဖြစ်ပါတယ်

📇 order တင်ချင်ရင်တော့
အမည်,နေရပ်,ဖုန်းနံပါတ် လေးတွေ ပေးပို့ပြီး page chat box မှတစ်ဆင့် မှာယူရရှိနိုင်ပါပြီ

☎️095144070


🙏🏻အားလုံးပဲမင်္ဂလာပါခင်ဗျာ🙏🏻♠️Black Friday sale လေးကိုကြေငြာချင်ပါတယ်♠️Unsex perfume တွေ Date night, office, all year ro...
08/11/2021

🙏🏻အားလုံးပဲမင်္ဂလာပါခင်ဗျာ🙏🏻

♠️Black Friday sale လေးကိုကြေငြာချင်ပါတယ်

♠️Unsex perfume တွေ Date night, office, all year round, layering, signature scent တွေအတွက် အဆင်ပြေဆုံး ရေမွှေးကောင်းများစွာကို 🧪5ml/10ml decant/atomizer🧪 များဖြင့်ဝယ်ယူရရှိနိုင်ပါပြီ

♠️Perfume decant များကို 💡up to 50% 💡အထိလျှော့ပေးထားပါတယ်

🕰promotion ကတော့ November လကုန်အထိဖြစ်ပါတယ်🕰

📞ရေမွှေးအကြောင်း သိလိုပါကအချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

📞မှာယူလိုပါက page chat box တွင်
အမည်
လိပ်စာ
ဖုန်းနံပါတ် တို့ကိုပေးပို့ပြီး မှာယူနိုင်ပါတယ်

☎️ 095144070

ရေမွှေးဘယ်လိုဆွတ်မလဲ??? အပိုင်း (၂)🧪ရေမွှေးဆွတ်ဖို့ အသားအရည်ကို ဘယ်လိုပြင်ဆင်မလဲ?ဟိုးအရင်တုန်းကတော့ ရေကိုအကြာကြီးနေမှချိ...
05/11/2021

ရေမွှေးဘယ်လိုဆွတ်မလဲ??? အပိုင်း (၂)

🧪ရေမွှေးဆွတ်ဖို့ အသားအရည်ကို ဘယ်လိုပြင်ဆင်မလဲ?

ဟိုးအရင်တုန်းကတော့ ရေကိုအကြာကြီးနေမှချိုး အဝတ်တွေ လျှော်ဖွတ်ကြတယ်တဲ့၊ 🤧
အဲ့တော့အနံ့ဆိုးတွေဖုံးဘို့ အမွှေးနံ့သာတွေစတင်သုံးစွဲခဲ့ကြပါတယ်💐
စိတ်မပူပါနဲ့ အခါခေတ်တော့ အဲ့လို ရေသိပ်မချိုးလို့ဆွတ်တာ မဟုတ်တော့ပါဘူး ရေမှန်မှန်ချိုးလာကြပါပြီ 😶‍🌫️

ဆက်ပြောရရင် ရေမွှေးဆွတ်မယ့် အရေပြားဟာသန်ရှင်းနေရင်ကောင်းပါတယ်၊ ရေချိုးပြီးစအချိန်မျိုးပေါ့ …
ရေနွေးနဲ့ချိုးရင်တော့သတိထားပါ ချွေးပေါက်လေးတွေကျယ်နေတတ်တော့ ရေမွှေးတွေစိမ့်ဝင်သွားနိုင်လို့ပါ ..
ရေမွှေးဆိုတာဖြာထွက်နေရမှာ ငုပ်သွားလို့မရပါဘူး🌬
အဲ့တော့ တစ်ချို့ကတော့ အသားအရည်အစိုဓာတ်ရအောင် အနံ့မပါတဲ့ vaselineကို ရေမွှေးဖြန်းမယ့်နေရာမှာ ခပ်ပါးပါးလေးသုတ်လိမ်းတတ်ပါတယ်
(တစ်ချို့က ရေမွှေးချင်းအတူတူ သူ့ကျမွှေးတယ် ငါ့ကျမမွှေးဘူးထင်နေတာ အတုလားအစစ်လားရယ် အထားအသိုရယ်အပြင် အသားအရေ အခြေအနေကလဲ စဉ်းစားစရာအချက်အလက် တစ်ခုပါ)။

ရုံးကျောင်းဘာညာတစ်နေကုန်သွားလို့ ထပ်ဆွတ်ရင်တော့ တစ်ကြိမ်ထပ်ပိုပြီး မဆွတ်သင့်ပါဘူး( ညနေလောက်ဆို ဖုန်တွေချွေးတွေများနေပြီလေ ရေမွှေးကုန်တာပေါ့😅)

🧪ကဲခုမှတကယ့်ရေမွှေးဘယ်လိုဆွတ်မလဲ ရောက်လာပါပြီ❕

ရေမွှေးဆွတ်တတ်ကြတဲ့ နည်းလမ်းတွေကအများကြီးပါ
အလုပ်မဖြစ်တာတွေလဲရှိပါတယ်
အဲ့တော့ဘယ်လိုဆွတ်တာကအဆင်ပြေဆုံးဖြစ်မလဲဆိုတော့….
ရေမွှေးကိုအသားပေါ်ဆွတ်ပြီးရင် သဘာဝအတိုင်းခြောက်သွားပါစေ
မပွတ်ပါနဲ့မချေပါနဲ့ (တကိုယ်လုံးနဲ့လိုက်ပွတ်တတ်သေးတယ် တချို့က😂) လုပ်လိုက်ရင်သူ့မှာပါတဲ့ head/opening notes တွေပျက်သွားတတ်ပါတယ်.. Performance လဲကျပါတယ်😞
လေထဲကိုတိမ်တိုက်သဖွယ်ဖြန်းပြီးလဲ တိုးမဝင်ပါနဲ့ လူအစား အခန်းပဲမွှေးနေပါလိမ့်မယ် (မနှမြောရင်လုပ်ပါ)

Sprayer head မပါပဲ Splash bottle တွေဆိုရင် ၂ချက်၃ချက် လက်ထိပ်ကိုတို့ပါ ပြီးမှဆွတ်ချင်တဲ့နေရာကိုဖြေးဖြေးညင်ညင်သာပွတ်ပါ မချေပါနဲ့

Sprayer head တွေမှာဆိုရင်တော့ အရည်များများထွက်တာ ရေငွေ့များများထွက်တာ အမျိုးမျိုးရှိတတ်ပါတယ်
ဘယ်လိုပဲဖြစ်ဖြစ် ဖြာတော့ထွက်ပါတယ်
အဲ့တော့အကွာအဝေးဘယ်လောက်ကဆွတ်သင့်လဲဆိုတော့ မနီးလွန်းမဝေးလွန်း အသားနဲ့ 4-6 inches လောက်ခွါပြီးဆွတ်ပါ (ကိုယ့်sprayer အမျိုးအစားအတိုင်း အနည်းငယ်အပြောင်းလဲ ရှိပါတယ်)

🧪Scent Bubble or Projection Sphere
(ရနံ့တိမ်တိုက်😶‍🌫️)

ရေမွှေးတစ်ခုသုံးထားရင် ရနံ့ရနေတဲ့နေရာတွေကို စိတ်ကူးနှင့်ပုံဖော်ကြည့်ရင် ကိုယ်ဆွတ်ထားတဲ့နေရာဝန်းကျင်မှာ Aura🧖🏼‍♂️လိုမျိုး တိမ်တိုက် ဒါမှမဟုတ် ဆပ်ပြာဘူပေါင်းတစ်ခုသဖွယ် ရနံ့ထိန်းထား ထုတ်လွတ်ပေးနေခြင်းကိုလို့ ဆိုလိုပါတယ်
တစ်ခါတစ်လေ ကိုယ်မရောက်လာခင် အဝေးမှာထဲက ဘယ်သူ့ဆီကမှန်းမသိရနံ့ရစေချင်တာထက် ကိုယ်နဲ့အနီးကပ်ဆွေးနွေးနှီးနှောပြီး ကိုယ့်ဆီကမှ ဒီရနံ့ရတယ်လို့ သိစေချင်တာမျိုးပါ၊ ဆွဲဆောင်မှုပိုရှိတာရယ်၊ ကိုယ့်ရဲ့signature လိုမျိုးဖြစ်အောင်ရယ်ပါ😍
သွားရမယ့်နေရာအမျိုးအစားပေါ်မူတည်ပြီး scent bubble ဖန်တီးနည်းတွေ အများကြီးရှိပါသေးတယ်🤗

Scent bubble ဖန်တီးနည်းနောက်တစ်ရက်ထပ်တင်ပေးပါမယ်ခင်ဗျာ
🙏အားပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ် 🙏

❤️‍🔥စာလေးတွေနှစ်သက်သဘောကျရင် like👍& follow🫂လေးတွေ လုပ်ပေးပါခင်ဗျာ❤️‍🔥



Photo credit to bespokeunit.com

Address

Hlaing Buteryon Road
Yangon

Telephone

+9595144070

Website

Alerts

Be the first to know and let us send you an email when Morpheus scent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Morpheus scent:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram