30/11/2025
သာကေတ ထူပါရုံမှ အမတစ်ယောက်ရဲ့အကြောင်းလေးပြောပြပေးပါမယ်။သူဟာရင်သားကင်ဆာဖြစ်ပြီးဓါတ်ကင်တာတို့ ကီမိုသွင်းတာတို့လုပ်ခဲ့ပြီးရင်သားကင်ဆာကိုပျောက်ကင်းအောင်ကုသခဲ့တဲ့သူပါ။သူမရဲ့ရင်သားကင်ဆာကိုအနိုင်ယူခဲ့ပုံကိုပြောပြတာဟာခမ်းနားလွန်းလှပါတယ်။သတ္တိရှိလွန်းလှပါတယ်။မြစိမ်းပို့ပေးရင်းနဲ့စကားပြောဖြစ်ခဲ့တာပါ။သူကိုကြည့်ရတာဟာ စိတ်ဓါတ်လဲကျမနေဘူး လူကောင်းတစ်ယောက်လိုပါပဲ။တက်ကြွလန်းဆန်းနေတာပါပဲ။သူရဲ့ရင်သားကင်ဆာဟာအရှင်းပျောက်ခဲ့ပေမယ့်ဟိုတစ်လောကအဆုပ်ထဲရေဝင်ပြီးအဆုတ်ရဲ့အသားစနဲ့အဆုတ်ထဲကရေကို Biopsy ထပ်ခွဲတော့ ကင်ဆာရဲ့အရိပ်အရောင်ပြန်တွေ့နေရလို့ ကီမိုသောက်ဆေးပြန်သောက်နေရပါပြီ။တစ်နေ့ကို ၆ ကြိမ်သောက်ရတာပါ။ကင်ဆာဆေးတွေကပြင်းလွန်းလို့ခြေဖဝါးလက်ဖဝါးတွေလဲကွဲလို့ဆိုပါတယ်။ဒီလိုနဲ့ မြစိမ်းရွက်စိမ်းရည်ကိုသောက်ဖြစ်ခဲ့ပါတယ်လိုဆိုပါတယ်။နှစ်လကြာစွဲသောက်ခဲ့ပြီးတဲ့နောက်ဆရာဝန်ကကတစ်ပါတ်တစ်ရက်ပြနေရာကနေနှစ်ပါတ်တစ်ရက် သုံးပါတ်တစ်ရက်ပဲပြန်ချိန်းပါတော့တယ်။ကီမိုသောက်ရတဲ့အကြိမ်ရေ
က တစ်ဖြေးဖြေးလျော့ကျလာပြီးတစ်ရက်၆ကြိမ်ကနေ ၄ ကြိမ်ပဲသောက်ရာကနေ တစ်နေ့ကမြစိမ်းသွားပို့ချိန်မှာတော့ကီမိုသောက်ဆေးမသောက်ရတော့ကြောင်းကြားသိခဲ့ရပါတယ်။ပြောပြချင်တာလေးက ကင်ဆာဖြစ်နေလဲစိတ်ဓါတ်မကျဖို့နဲ့ဟင်းသီးဟင်ရွက်ဓါတ်များဟာကင်ဆာကုသရေးမှာ အတော်အထောက်အကူပေးနေတဲ့အချက်နဲ့ကင်ဆာဆေးတွေသောက်သုံဖို့အတွက်လိုအပ်တဲ့ခွန်အားရဖို့ဆေးတွေရဲ့ Side Effects တွေခံနိုင်ဖို့အလွန်အရေးကြီးပါတယ်။မည်သည့်ဆေးနှင့်မဆိုတွဲဖက်သောက်လို့ရတဲ့အပြင်မှာဟင်းသီးဟင်းရွက်စားလို့ရသည့်သူတိုင်းလဲသောက်လို့ရတဲ့အကြောင်းနှင့်အသက်အရွယ်
ကြီးရင့်လာသူတွေနဲ့ရောဂါကြီးကြီးမားမားရှိသူတွေအတွက် ဟင်းသီးဟင်ရွက်တစ်ခွက်ဟာ
ဗိုက်ထဲဝင်ဖို့အတော်ခက်ခဲပေမယ် တကယ်တမ်း
ဝင်အောင်စားသုံးရင်အကျိုးအမြတ်များစွာရမည့်အကြောင်းကိုသိသာစေရန်နှင့်သာကေတထူပါရုံမှ
အမဒီထက်ပိုပြီးကျမ်းမာပါစေကြောင်းဆုတောင်းပေးရင်းဖြင့်
ချမ်းမြေ့ပါစေ။