တိုင်ပင်ဖော်

တိုင်ပင်ဖော် HIV Call Center

HIV ပိုးကူးစက်မှုနဲ့ ဆက်စပ်တဲ့အပြုအမူတွေကို လေ့လာတဲ့ စစ်တမ်း (IBBS) ဖြေလို့ရနေပြီနော်….စစ်တမ်းအကြောင်း အသေးစိတ်မသိသေးဘူး...
09/10/2025

HIV ပိုးကူးစက်မှုနဲ့ ဆက်စပ်တဲ့အပြုအမူတွေကို လေ့လာတဲ့ စစ်တမ်း (IBBS) ဖြေလို့ရနေပြီနော်….
စစ်တမ်းအကြောင်း အသေးစိတ်မသိသေးဘူးဆိုရင် ဒီလင့်ခ်ကနေ သွားဖတ်ကြည့်ဦးနော် https://www.facebook.com/share/p/177NBFzxAT/?mibextid=wwXIfr

မိမိရဲ့ အသိုင်းအဝန်းကို ကိုယ်စားပြုပြီး ကိုယ်တိုင်ပါဝင်ဖြေဆိုဖို့ တိုက်တွန်းလိုက်ပါတယ်။
မိမိ သူငယ်ချင်းတွေဆီက ကူပွန်ရပြီဆိုရင် စစ်တမ်းကို ပါဝင်ဖြေဆိုဖို့ မမေ့ကြနဲ့နော်...
#စစ်တမ်း

25/09/2025

သူငယ်ချင်းတို့ရေ .....

HIV ပိုးကူးစက်မှုနဲ့ ဆက်စပ်တဲ့အပြုအမူတွေကို လေ့လာတဲ့ IBBS စစ်တမ်းမှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်ပြီလား...

စစ်တမ်းအကြောင်း အသေးစိတ်မသိသေးဘူးဆိုရင် ဒီလင့်ခ်ကနေ သွားဖတ်ကြည့်ဦးနော်

(https://www.facebook.com/share/p/177NBFzxAT/?mibextid=wwXIfr) တယ်လီဂရမ် မရှိသေးဘူးဆိုရင် ဒေါင်းထားပြီး https://t.me/ibbs2025 ချန်နယ်ကိုလည်း Join ထားဦးနော်

အဲဒီမှာဆိုရင် စစ်တမ်းနဲ့ပတ်သက်ပြီး သိချင်တာတွေ မေးလို့ရပါတယ်။

တယ်လီဂရမ် ဘယ်လိုအသုံးပြုရမလဲဆိုတာကို ရှင်းပြထားတဲ့ ဗီဒီယိုလေးကို ကြည့်လိုက်ကြရအောင်....
#စစ်တမ်း

ဒီနေ့ ဘယ်လိုခံစားရလဲ။ ခံစားချက်တွေအပေါ် ရိုးသားဖို့ မကြောက်ပါနဲ့။ ခံစားချက်တိုင်းဟာ ကိုယ့်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခ...
23/09/2025

ဒီနေ့ ဘယ်လိုခံစားရလဲ။ ခံစားချက်တွေအပေါ် ရိုးသားဖို့ မကြောက်ပါနဲ့။ ခံစားချက်တိုင်းဟာ ကိုယ့်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ "Inside Out 2" ထဲကလိုပဲ ကိုယ်တို့ရဲ့ စိတ်တွေဟာ အပိုင်းအစများစွာပါဝင်တဲ့ အရောင်အသွေးစုံတဲ့ ပဟေဋိတစ်ခုလိုပါပဲ။ တစ်ခါတလေမှာ အဲ့ဒီအပိုင်းအစတွေ ပျက်စီးနေသလို၊ ပြန့်ကျဲနေသလို ခံစားရနိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ အားလုံးကို ပြန်စုစည်းလိုက်တဲ့အခါ ပြည့်စုံလှပတဲ့ ပုံရိပ်တစ်ခုဖြစ်လာမှာပါ။

ဒီနှစ် Oct လ ၁၀ရက်နေ့မှာ ကျ‌ရောက်မယ့် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့မှာ ကိုယ့်ရဲ့ စိတ်ခံစားချက်အမှန်နှင့် ပြန်လည်ပေါင်းစပ်ဖို့ အတူလက်တွဲကြပါစို့။

သူငယ်ချင်းတို့ရေ… IBBS စစ်တမ်းမှာ အွန်လိုင်းက တဆင့် ပါဝင်ကြစို့လား? ✨ ဒီစစ်တမ်းက အမျိုးသားချင်း ချစ်ခင်စုံမက်သူများ (MSM...
17/09/2025

သူငယ်ချင်းတို့ရေ…

IBBS စစ်တမ်းမှာ အွန်လိုင်းက တဆင့် ပါဝင်ကြစို့လား? ✨

ဒီစစ်တမ်းက အမျိုးသားချင်း ချစ်ခင်စုံမက်သူများ (MSM)၊ အမျိုးသမီးကဲ့သို့ လိင်ဝိသေသခံယူထားသူများ (TGW) နဲ့ လိင်အလုပ်သမများ (FSW) အကြား ခေတ်အလိုက် ပြောင်းလဲနေတဲ့ လိင်ဆိုင်ရာ အမူအကျင့်များ နဲ့ HIV ကာကွယ်ရေး၊ ကုသရေးဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ ကို ထိရောက်အောင် ဆက်လက်လုပ်ဆောင်နိုင်ဖို့ National AIDS Programme မှ ဦးဆောင် ပြုလုပ်နေတဲ့ အရေးပါတဲ့ စစ်တမ်း ဖြစ်ပါသည်။

📅 စစ်တမ်းကောက်ယူမယ့်ကာလ – စက်တင်ဘာလ မှ ဒီဇင်ဘာလ အထိ
📍 သတ်မှတ်မြို့နယ်များ – ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ပုသိမ်၊ ပြည်၊ ပဲခူး၊ မကွေး၊ မော်လမြိုင်၊ တာချီလိတ်၊ တောင်ကြီး၊ ထားဝယ်၊ ပျဉ်းမနား (အဆိုပါမြို့နယ်တွင်း နေထိုင်သူများသာ ပါဝင်နိုင်ပါမယ်)

ဘာကြောင့် ပါဝင်သင့်သလဲ?
✔️ အမည်၊ လိပ်စာ မလိုအပ်ဘဲ လုံခြုံစိတ်ချစွာ ဖြေဆိုနိုင်မယ်
✔️ မိမိအသိုင်းအဝိုင်းမှာ ကြုံတွေ့နေရတဲ့ ကျန်းမာရေး အခက်အခဲတွေကို အစွမ်းသတ္တိအပြည့် ဖော်ပြနိုင်မယ်
✔️ အဆင်ပြေတဲ့ အချိန်၊ အွန်လိုင်းကနေ အလွယ်တကူ ဖြေဆိုနိုင်မယ်
✔️ သတ်မှတ်ထားတဲ့ နီးစပ်ရာနေရာမှာ အခမဲ့ သွေး စစ်‌ဆေး ပြုလုပ်နိုင်မယ်
✔️ ဖြေဆိုပြီး သွေးစစ်ဆေး ပြီးရင် ဖုန်းဘေလ် + ခရီးစားရိတ် ရမယ်
✔️ သူငယ်ချင်းတွေကို ဖိတ်ခေါ်ဖြေဆိုနိုင် ရန် ကူပွန်များ ရပါမယ် 🎁

➡️ ကိုယ့်သူငယ်ချင်းတွေဆီက ကူပွန်ရပြီဆိုရင် စစ်တမ်းကို အွန်လိုင်းကနေ ဖြေလိုက်ကြရအောင်နော်…

📌 သတိပေးချက် – အွန်လိုင်းစစ်တမ်း ဖြေဆိုပြီးနောက် သွေးစစ်ဆေးမှသာ စစ်တမ်းအတွက် ပိုမိုမှန်ကန်တဲ့ ရလဒ်များ ရရှိမယ်ဖြစ်ပါတယ်။

#စစ်တမ်း

အိပ်ချ်အိုင်ဗွီအတွက် လိုအပ်တဲ့ သတင်းအချက်အလက်များနှင့် နှစ်သိမ့် ဆွေးနွေးပေးတဲ့ ဝန်ဆောင်မှုကို ရယူလိုပါက အချိန်မရွေး ဆက်...
14/08/2025

အိပ်ချ်အိုင်ဗွီအတွက် လိုအပ်တဲ့ သတင်းအချက်အလက်များနှင့် နှစ်သိမ့် ဆွေးနွေးပေးတဲ့ ဝန်ဆောင်မှုကို ရယူလိုပါက အချိန်မရွေး ဆက်သွယ်လိုက်ပါနော်

27/06/2025

မကြာသေးမီက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် လူများစွာသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ (စိုးရိမ်ပူပန်မှု၊ ထိတ်လန့်မှု၊ အိပ်မပျော်ခြင်း စသည်) ကို ခံစားနေရပါသည်။ ထိုသို့သော စိတ်ဝေဒနာများအတွက် Psychological First Aid (PFA) ရယူလိုပါက အောက်ပါနံပါတ်သို့ အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

PFA သည် သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများတွင် စိတ်ပိုင်းဆိုင်ရာ အရေးပေါ်ပံ့ပိုးမှုတစ်ခုဖြစ်ပြီး စိတ်ဖိစီးမှုကို လျော့ချကာ ဘဝကို တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်အောင် အထောက်အကူပြုပါသည်။

ဤအချိန်ကာလအတွင်း မိမိနှင့် မိသားစုဝင်များ၏ စိတ်ကျန်းမာရေး ကို အထူးဂရုစိုက်သင့်ပါသည်။ လိုအပ်သူများထံ ဤသတင်းကို မျှဝေပေးခြင်းဖြင့် အချင်းချင်း ကူညီလိုစိတ်ကိုလည်း ပြသကြပါစို့။
အတူရပ်တည်ကြပါစို့။ ❤️

📞 ဆက်သွယ်ရန်: 09797211919

#မြန်မာ

“ငလျင်လှုပ်ခတ်မှုများဖြစ်နေသော ‌‌ဒေသများတွင် ART ဆေးကို နေ့စဉ် သောက်သုံးနေသူများ သိရှိရမည့် အချက်များ “၁. မိမိ သောက်နေတဲ...
02/04/2025

“ငလျင်လှုပ်ခတ်မှုများဖြစ်နေသော ‌‌ဒေသများတွင် ART ဆေးကို နေ့စဉ် သောက်သုံးနေသူများ သိရှိရမည့် အချက်များ “

၁. မိမိ သောက်နေတဲ့ ART ဆေးတွဲကို သိရှိထားဖို့ ကြိုးစားပါ။ မသိရင် ဆေးဘူး ပတ်ပတ်လည်ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး သိမ်းထားပါ။
၂. ဆေးထုတ်စာအုပ် မျက်နှာဖုံးကနေ အတွင်းနောက်ဆုံးစာမျက်နှာအထိ ဓာတ်ပုံရိုက်ပြီး ဖုန်းထဲ သိမ်းထားပါ။ စာသားတွေကို သေသေချာချာ ဖတ်လို့ရအောင် အလင်းရောင်ကောင်းတဲ့နေရာမှာ ရိုက်ပါ။ မှုန်ဝါးနေတာ ရှိရင် အသစ် ထပ်ရိုက်ထားပါ။
၃. ဖြစ်နိုင်ရင် ဆေးဘူးနဲ့ ဆေးထုတ်စာအုပ်ပုံတွေကို ယုံကြည်ရသူ တစ်ဦးဦးဆီသို့ Messenger ကနေ ပို့ထားပြီး သူ့ဆီမှာလည်း သိမ်းထားခိုင်းပါ။
၄. မိမိ လက်ထဲမှာ ရှိတဲ့ ဆေးကို ချွေတာပြီး ရက်ခြားသောက်တာ၊ တစ်ခြမ်းချိုးသောက်တာ လုံးဝ မလုပ်ရပါဘူး။ ဒီလိုလုပ်ရင် ဆေးယဉ်ပါးမှု ဖြစ်ပေါ်စေပါတယ်။
၅. လက်ထဲမှာ ရှိတဲ့ ဆေးကုန်သည်အထိ ဆရာဝန်/ ဆရာမ ညွှန်ကြားထားသည့်အတိုင်း နေ့စဉ် သောက်သုံးရမှာဖြစ်ပါတယ်။
၆. ဆေးမကုန်ခင်ကတည်းက သတိထားပြီး ဆေးထုတ်နိုင်ဖို့ ကြိုးစားပါ။
၇. မိမိပုံမှန်ဆေးကုသမှုခံယူနေတဲ့နေရာကနေ အခြားဒေသတစ်ခုခုကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေမယ်ဆိုရင် ART ဆေးဆက်လက်ထုတ်ယူသောက်သုံးနိုင်ဖို့အတွက် အကူအညီ ပေးနိုင်တဲ့ နေရာများနဲ့ ချိတ်ဆက်ပါ။

အကူအညီ လိုအပ်ပါက တိုင်ပင်ဖော် Hotline ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး အကူအညီရယူနိုင်ပါတယ်။

📱09 943 211 414, 09 944 321 919,
📱09 406 911 919, 09 457 119 191
📱 09 797 211 414, 09 797 211 919






ချစ်တို့ရေ ဒီနေ့ ကတော့ နည်းမျိုးစုံနှင့် ခွဲခြားဆက်ဆံမှုတွေ ရပ်တန့်ဖို့ တိုက်တွန်းတဲ့ Zero Discrimination Day ဖြစ်ပါတယ်။...
01/03/2025

ချစ်တို့ရေ ဒီနေ့ ကတော့ နည်းမျိုးစုံနှင့် ခွဲခြားဆက်ဆံမှုတွေ ရပ်တန့်ဖို့ တိုက်တွန်းတဲ့ Zero Discrimination Day ဖြစ်ပါတယ်။ 🦋 🦋

လူအများအတွက်အပြုသဘောဆောင်သော အပြောင်းအလဲအတွက် လှုပ်ရှားမှုနေ့တစ်ခုဖြစ်လည်းပါသည်။
ဤ Zero Discrimination နေ့တွင် Myanmar Positive Group သည် လူမှုအသိုင်းအဝိုင်းများနှင့် အတူ ရပ်တည်ပြီး ခွဲခြားဆက်ဆံ ခံရမှုများ ပပျောက်ရေးကိုကြိုးစားဆောင်ရွက်နေဆဲဖြစ်ပါတယ်။

HIV တုံ့ပြန်မှု ဆက်လက်ဆောင်ရွက်နိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ
ကျန်းမာရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများတွင် လူမှုအသိုင်းအဝိုင်းများ​၏ ကဏ္ဍ အလွန်အရေးကြီးပါသည်။

HIV ပိုးကူးစက်ခံထားရသူအားလုံးသည် ၎င်းတို့လိုအပ်သော ဝန်ဆောင်မှုများကို လက်လှမ်းမီရရှိနိုင်ကာ ဂုဏ်သိက္ခာရှိရှိ ရိုသေလေးစားမှုဖြင့် ဆက်ဆံခံရကြောင်း သေချာစေရန်အတွက် အထောက်အပံ့များ ပိုမိုလိုအပ်နေဆဲဖြစ်ပါတယ်။
အထောက်အပံ့များ မရနိုင်ပါက ခွဲခြားခံရလို့ သေဆုံးမှုတွေက ပိုဖြစ်လာနိုင်သလို
လက်လှမ်းမမှီနိုင်တဲ့
ဝန်ဆောင်မှုတွေအဖြစ် အလှမ်းဝေးလာနိုင်စရာရှိတယ်ဆိုတဲ့အထင်ရှားဆုံးသာဓကတွေ အတိတ်သမိုင်းမှာရှိပြီးဖြစ်ပါတယ်။

AIDS တိုက်ဖျက်ရေးအတွက်တစ်ခုတည်းသောနည်းလမ်းဆိုတာက လူမှုအသိုင်းအဝိုင်းများနှင့် အတူတကွ လက်တွဲလုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။

AIDS ကို 2030 မှာ အဆုံးသတ်ဖို့၊ ရပ်ရွာလူထုဦးဆောင်တဲ့ တုံ့ပြန်မှုတွေအတွက် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုနဲ့ ပံ့ပိုးကူညီမှုက အရေးကြီးပါတယ်။

US အစိုးရရန်ပုံငွေအပြောင်းအရွှေ့ကြောင့် ဖြစ်ပေါ်လာသော လက်ရှိအကျပ်အတည်းသည်

လူမှုအသိုင်းအဝိုင်း၏စိုးရိမ်ပူပန်မှုနှင့် ၊ရပ်ရွာလူထုဦးဆောင်သော ဝန်ဆောင်မှုများအပေါ် အကျိုးသက်ရောက်မှုများစွာရှိခဲ့ပါတယ်။

AIDS တုံ့ပြန်မှု ရေရှည်တည်တံ့မှုအတွက် မရှိမဖြစ် လိုအပ်သော်လည်း ရပ်ရွာလူထုဦးဆောင်သော တုံ့ပြန်မှုများသည် မကြာခဏဆိုသလို အသိအမှတ်ပြုမခံရခြင်း၊ အရင်းအမြစ်နည်းပါးပြီး အခက်အခဲများနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါသည်။

အကယ်၍ အဆိုပါအတားအဆီးများကိုဖယ်ရှားပေးပါက
ရပ်ရွာလူထုဦးဆောင်သောအဖွဲ့အစည်းများသည် AIDS ကို 2030ခုနှစ်တွင်ပြည်သူ့ကျန်းမာရေးဆိုင်ရာခြိမ်းခြောက်မှုအဖြစ်မှ
အဆုံးသတ်ရန်ပိုမိုကြီးမားသောတွန်အားများ
အဖြစ်ပြောင်းလဲပေးနိုင်ပါသည်။

"ခွဲခြားဆက်ဆံမှုများရှိနေသည့်နေရာတွင်လူ့အဖွဲ့အစည်းများမရှင်သန်နိုင်ပါ"
ဟုဥရောပပါလီမန်၏ဒုတိယဥက္ကဌနှင့်
အချိန်ကြာမြင့်စွာ HIV တက်ကြွလှုပ်ရှားခဲ့သူ Marc Angel မှပြောကြားခဲ့သည်။

Zero Discrimination Day တွင်၊ သာတူညီမျှမှုသည် ရွေးချယ်စရာတစ်ခုမဟုတ်ပဲ မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်ပါသည်။

ယခုအချိန်သည် လူထုခေါင်းဆောင်မှုအပေါ် ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်ကို ပြန်လည်အတည်ပြုရမည့်အချိန်
ဖြစ်ပါသည်။



သူငယ်ချင်းတို့ရေ ....IBBS စစ်တမ်းမှာ အွန်လိုင်းက တဆင့် ပါဝင်ကြစို့လား...ဒီစစ်တမ်းက အမျိုးသားချင်း ချစ်ခင်စုံမက်သူ၊. အမျိ...
20/02/2025

သူငယ်ချင်းတို့ရေ ....
IBBS စစ်တမ်းမှာ အွန်လိုင်းက တဆင့် ပါဝင်ကြစို့လား...
ဒီစစ်တမ်းက အမျိုးသားချင်း ချစ်ခင်စုံမက်သူ၊. အမျိုးသမီးကဲ့သို့ လိင်ဝိသေသခံယူထားသူနဲ့ လိင်အလုပ်သမ (MSM, TGW, FSW) များအကြား ခေတ်ကာလအရ ပြောင်းလဲလာတဲ့ လိင်မှုကိစ္စဆိုင်ရာအမူအကျင့်များနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် HIV ကာကွယ်ရေးနှင့်ကုသရေး ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတွေကို နိုင်ငံအဝှမ်း ပိုပြီး ထိထိရောက်ရောက် ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ National AIDS Programme မှ ဦးဆောင်ပြုလုပ်တဲ့ အရေးပါတဲ့စစ်တမ်း ဖြစ်ပါတယ်။
စစ်တမ်းကောက်ယူမယ့်ကာလ - မတ်လ မှ ဇွန်လ အထိ
သတ်မှတ်မြို့နယ် - ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ပုသိမ်၊ ပြည်၊ ပဲခူး၊ မကွေး၊ မော်လမြိုင်၊ တာချီလိတ်၊ တောင်ကြီး၊ ထားဝယ်၊ ပျဉ်းမနား။ (အဆိုပါမြို့နယ် အတွင်းနေထိုင်သူများသာ ဖြေဆိုရပါမယ်) ဒီအွန်လိုင်းစစ်တမ်းကိုဖြေမယ်ဆိုရင်....
• အမည်နဲ့ လိပ်စာ ဖော်ပြစရာမလိုဘဲ လုံခြုံစိတ်ချစွာ ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်ရမယ်
• မိမိတို့အသိုင်းအဝန်းအတွင်း ကြုံတွေ့နေရတဲ့ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖော်ပြနိုင်မယ်
• အဆင်ပြေတဲ့အချိန် အွန်လိုင်းကနေ ဖြေဆိုနိုင်ပြီး သတ်မှတ်ထားတဲ့ နီးစပ်ရာနေရာမှာ အခမဲ့ သွေးစစ်ဆေးနိုင်မယ်
• ဖြေဆို သွေးစစ်ပြီးရင် ဖုန်းဘေလ်နှင့် ခရီးစားရိတ် ဆုလက်ဆောင်ရရှိပြီး သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်ဖြေဆိုနိုင်ရန် ကူပွန်များရပါမယ်
ကိုယ့်သူငယ်ချင်းတွေဆီက ကူပွန်ရပြီဆိုရင် စစ်တမ်းကို ဖြေဆိုလိုက်ကြရအောင်နော်.....
အွန်လိုင်းဖြေဆိုပြီးပါက သွေးစစ်ဆေးခြင်းကိုပြုလုပ်မှသာ စစ်တမ်းအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်များ ရရှိမှာဖြစ်ပါတယ်။

#စစ်တမ်း

ဆယ်ကျော်သက် မိန်းကလေးတို့၏ လစဥ်ရာသီဖြစ်ပေါ်စဥ် သားအိမ်တွင်းပြောင်းလဲမှုဆယ်ကျော်သက် အရွယ်မိန်းကလေးတွေရဲ့  ရာသီပန်းစတင်မှု...
27/12/2024

ဆယ်ကျော်သက် မိန်းကလေးတို့၏ လစဥ်ရာသီဖြစ်ပေါ်စဥ် သားအိမ်တွင်းပြောင်းလဲမှု
ဆယ်ကျော်သက် အရွယ်မိန်းကလေးတွေရဲ့ ရာသီပန်းစတင်မှုနဲ့ အတူ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဟာလည်း ပိုပြီး သိသာထင်ရှား လာတတ်ပါတယ်ရှင်
မိန်းကလေးများရဲ့ လစဥ်ရာသီသွေးပေါ်ခြင်းဟာ (၃) ရက်မှ (၅) ရက်ထိကြာမြင့်တတ်ပါသည်။
လစဥ်ရာသီဖြစ်စဥ်မှာ(၂၈)ရက် တစ်ကြိမ် ဖြစ်ပါတယ်။ သို့သော် တချို့မှာ (၂၈)ရက်ထက် လျှော့နည်းနိုင်သလို တချို့မှာ(၂၈)ရက်ထက်လည်း ကြာရှည်နိုင်ပါတယ်။
ရာသီစက်ဝန်းတစ်ခုအတွင်း သားဥကြွေချိန်မှာ အကာကွယ်မပါဘဲ အမျိုးသားနဲ့လိင်ဆက်ဆံမိခဲ့လျှင် ကိုယ်ဝန်ရနိုင်ပါတယ်။
ဒါ့ကြောင့် ကိုယ့်ချစ်သူ နဲ့အတူတူ ချစ်ကြတဲ့အခါမှာ ကွန်ဒုံးသုံးခြင်းဖြင့် ကိုယ်ဝန်ရနိုင်တာကို ကာကွယ်တဲ့အပြင် လိင်မှတဆင့်ကူးစက်နိုင်တဲ့ ( HIV ) STI , ကာလသားရောဂါ များကိုလဲကာကွယ်နိုင်ပါတယ်။
Pin Phaw

HIV ပိုး ကူးစက်နေပြီလား ဆိုပြီး သံသယစိတ်တွေဖြစ်နေတဲ့ ကိုကို မမတို့ရေ HIV ကူးစက်နည်းလေးတွေကိုထပ်ပြီးပြောပြပေးပါမယ်နော်(၁)...
18/12/2024

HIV ပိုး ကူးစက်နေပြီလား ဆိုပြီး သံသယစိတ်တွေဖြစ်နေတဲ့ ကိုကို မမတို့ရေ
HIV ကူးစက်နည်းလေးတွေကိုထပ်ပြီးပြောပြပေးပါမယ်နော်
(၁) HIV ပိုးရှိသူနှင့် လိင်တူ လိင်ကွဲ လိင်ဆက်ဆံလျှင် အကာကွယ်မသုံးပါက HIV ပိုးကူးစက်နိုင်ပါသည်။
ထို့ပြင် လိင်ဆက်ဆံဖော်တွင် STI ကာလသား ‌ရောဂါရှိပါက ကူးစက်နိုင်ခြေပိုများပါသည်။
(၂) HIV ပိုးရှိသူနှင့် ဆေးထိုးအပ် ဆေးထိုးပြွန်များ မျှ‌ဝေသုံးစွဲခြင်း။
(၃) HIV ပိုးရှိသူ၏ သွေးသွင်း မိခြင်း။
(၄) HIV ပိုးရှိသူ၏ မိခင်မှ သ‌န္ဓေသားတို့ ကူးစက်ခြင်း။
မထင်မှတ်ပဲ ကူးစက်နိုင်သည့် (၄) ခုထဲက ကူးစက်နိုင်သည့်အပြုအမူ တခုခုရှိ ရှိခဲ့ပါက ကျန်းမာရေးပညာပေးသူများ ၊ ကျန်းမာရေးဗဟုသုတရှိသူများ နှင့်တိုင်ပင်ဆွေးနွေးပါ။
တိုင်ပင်ဖော် Hotline (၀၉-၇၉၇၂၁၁၉၁၉ ၊ ၀၉-၇၉၇၂၁၁၄၁၄၊ ၀၉-၄၀၆၉၁၁၉၁၉၊၀၉-၄၅၇၁၁၉၁၉၁၊ ၀၉-၉၄၄၃၂၁၉၁၉၊ ၀၉-၉၄၃၂၁၁၄၁၄)
သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

Address

Yangon
11061

Alerts

Be the first to know and let us send you an email when တိုင်ပင်ဖော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to တိုင်ပင်ဖော်:

Share