Smart Care - Yangon

Smart Care - Yangon Your Trusted Aesthetic Clinic in Yangon, Myanmar

💋 Lip Filler ဆိုတာကတော့ ခွဲစိတ်စရာမလိုပဲ နှုတ်ခမ်းကို ပိုမိုလှပသွားအောင် အနုပညာနဲ့ အလှအပရေးရာ ဆေးပညာ (၂)မျိုးပေါင်းစပ်ပြ...
12/02/2026

💋 Lip Filler ဆိုတာကတော့ ခွဲစိတ်စရာမလိုပဲ နှုတ်ခမ်းကို ပိုမိုလှပသွားအောင် အနုပညာနဲ့ အလှအပရေးရာ ဆေးပညာ (၂)မျိုးပေါင်းစပ်ပြီး ပုံဖော်ပေးရတဲ့ Aesthetic Procedure တမျိုးပဲဖြစ်ပါတယ်။

💋 Lip Filler ထိုးတဲ့ နည်းလမ်း ပေါင်းများစွာရှိတဲ့ထဲကမှ လတ်တလော နိုင်ငံတကာမှာ အရမ်းခေတ်စားနေတဲ့ Russian Lip Filler Method လေးအကြောင်း ပြောပြပေးပါမယ်။

💋 Russian Lip Filler ကတော့ နှုတ်ခမ်းကို ထူထူကြီး မဖြစ်သွားစေပဲ Cupid’s bow လို့ခေါ်တဲ့ နှုတ်ခမ်းရဲ့ “ကကြီး” ကွေးလေးကို ပေါ်အောင် သဘာဝ ဆန်ဆန် ထိုးပေးတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

💋 နှုတ်ခမ်းသား ပါးပြီး နှုတ်ခမ်းပုံမပေါ်တဲ့သူ၊ နှုတ်ခမ်းတဖက်နဲ့ တဖက်မညီမညာ ဖြစ်နေသူတွေနဲ့ နှုတ်ခမ်းကို အရမ်းမထူစေပဲ ပေါ့ပေါ့ပါးပါးနဲ့ ဆွဲဆောင်မှုရှိချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။

💋 ညီမတို့ Smart Care Aesthetic Clinic မှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေကိုယ်တိုင် ကုသမှုပေးနေတာဖြစ်လို့ စိတ်ချလက်ချနဲ့ လာရောက်ကုသနိုင်ပါတယ်။

🏠 Smart Care Aesthetic-Yangon
တိုက်အမှတ်(၂၃၆)၊2D ပထမထပ်၊ရတနာလမ်း၊မြေနီကုန်းတောင်ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
☎️ 09764101080

🏡 Smart Care Aesthetic Clinic
အမှတ် (၃၁၆-အေ)၊ ပြည်ထောင်စုလမ်းမကြီး၊ မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
☎️ 09447203040, 09760540089

01/12/2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်၊ အင်္ဂါနေ့ မှာ ကျရောက်တယ့် တန်ဆောင်မုန်းလပြည့်နေ့မှာ မိဘပြည်သူများ ပျော်ရွှင်ချမ်းမြေ့ကြပါ...
04/11/2025

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်၊ အင်္ဂါနေ့ မှာ ကျရောက်တယ့် တန်ဆောင်မုန်းလပြည့်နေ့မှာ မိဘပြည်သူများ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။

Smart Care - Yangon Page လေး စ Run တဲ့အထိန်းအမှတ်အနေနဲ့ မေးခွန်းတခု မေးချင်ပါတယ်။Question : သင့်အတွက် အလှတရားဆိုတာဘာလဲ?အ...
28/10/2025

Smart Care - Yangon Page လေး စ Run တဲ့အထိန်းအမှတ်အနေနဲ့ မေးခွန်းတခု မေးချင်ပါတယ်။

Question : သင့်အတွက် အလှတရားဆိုတာဘာလဲ?

အဖြေက ကိုယ်လက်ခံထားတဲ့အတိုင်းဖြေဆိုနိုင်ပါတယ်။ တချို့လူတွေအတွက် အလှတရားက မျက်စေ့တထောက်စာ အရေးမပါဘူး ဆိုတာမျိုး ရှိသလို တချို့တွေအတွက်ကျ ကိုယ့်ရဲ့အလှတရား က မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်ခြင်း ဆိုတာမျိုးလည်း ရှိပါတယ်။

Comment မှာ မိမိကြိုက်နှစ်သက်သလို ဖြေဆိုနိုင်ပြီးတော့ အဖြေတွေထဲက အကောင်းဆုံး အဖြေပိုင်ရှင်ကို ပထမဆု ဖုန်းဘေ (၃၀၀၀၀)ကျပ်၊ ဒုတိယဆု (၂၀၀၀၀)ကျပ်နဲ့ တတိယဆု (၁၀၀၀၀)ကျပ်ဆိုပြီး ၁၁.၁၁.၂၀၂၅ မှာ ရွေးချယ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

အကောင့်အတုများနှင့် တဦးထဲ အကောင့်များစွာ ဖြေဆိုခြင်းမျိုး လက်မခံပါဘူးနော်။ အငြင်းပွါးမှုတစုံတရာရှိပါက Smart Care Team ၏ ဆုံးဖြတ်ချက်သည်သာ အမှန်ဖြစ်ပါမည်။

🏡Smart Care Aesthetic Clinic (Yangon)
မြေနီကုန်း၊ စမ်းချောင်း၊ ရန်ကုန်။
☎️09764101080

စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်းများအကြောင်းနဲ့ တိုးများလာအောင်လုပ်နည်း 💛📈
18/12/2022

စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်းများအကြောင်းနဲ့
တိုးများလာအောင်လုပ်နည်း 💛📈

ကိုယ်ဝန်တားဖို့ လက်မောင်ထဲ ပိုက်ထည့်ပြီး ဝလာလို့ ငါစိတ်တွေညစ်၊ ခေါင်းတွေကိုက် ဖြစ်နေပြီလား?လက်မောင်းအရေပြားအောက်ထည့် ကို...
13/08/2021

ကိုယ်ဝန်တားဖို့ လက်မောင်ထဲ ပိုက်ထည့်ပြီး ဝလာလို့ ငါစိတ်တွေညစ်၊ ခေါင်းတွေကိုက် ဖြစ်နေပြီလား?

လက်မောင်းအရေပြားအောက်ထည့် ကိုယ်ဝန်တား ပစ္စည်း(Implants) ကြောင့် ဝ လာတာလား?

ဟုတ်ပါတယ်။ Implant တွေက ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေကို ပြောင်းလဲ စေလို့ ဝ စေတတ်ပါတယ်။

ဒါပေမဲ့ Implant ကြောင့် ဝ စေတဲ့ ရာခိုင်နှုန်းက မပြောစလောက် အလွန်နည်းပါတယ်။ အမှန် တကယ် ဝ စေတဲ့ အဓိက အကြောင်းပြချက်ကတော့ သင့်ရဲ့ စားသောက်နေထိုင်မှု ပုံစံကြောင့်ပါ။ ဒါ့အပြင် အသက်အရွယ်နဲ့ တချို့သော ကျန်းမာရေး အခြေအနေ ကြောင့် လည်း ဝ လာ တတ်ပါတယ်။

Implant သုံးနေရင်းနဲ့ ဝ လာပြီဆိုရင် မိမိရဲ့ စားသောက်ပုံကို ပြန် စမ်းစစ်ပါ။ တနေ့တာ စားသမျှကို စာရွက်မှာ ချ ရေးထားကြည့်ပါ။ မိမိရဲ့ တနေ့တာ စားသမျှ မှာ Carbohydrates (ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး) စတာ‌နဲ့ လုပ်ထားတဲ့ အစားအသောက်‌တွေ၊ ဆီ၊ ဆီကြော်စာတွေ၊ အသင့်စား အစားအစာတွေ၊ အချိုရည်တွေ များနေရင်တော့ စားသောက်ပုံကို ပြောင်းဖို့ လိုအပ်နေပါပြီ။

ပြီးတော့ မိမိက တနေ့တာမှာ လှုပ်ရှားမှု မရှိပဲ ထိုင်နေရတာ များနေရင်လည်း ကိုယ်လက်လှုပ်ရှား မှု တခုခု လိုက်စားဖို့ လိုအပ်ပါတယ်။

လူတွေက အသက်အရွယ် ရ လာတာနဲ့အမျှ ဇီဝကမ္မ ဖြစ်စဉ်တွေက နှေးလာပါတယ်။ ဒီတော့ စားထားသမျှကို ငယ်ငယ်တုန်းကလောက် မချေ ဖြတ်နိုင်တော့ပဲ အဆီတွေ ဖြစ်ကုန်တာပါ။ ဒီအဆီတွေကို ခြေဖြတ်ဖို့က ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လိုကို လိုအပ်ပါတယ်။

မိမိက ပုံမှန်လည်း စားသောက်တယ်၊ လေ့ကျင့်ခန်းတွေလည်း လုပ် နေရက်နဲ့မှ ကိုယ်အလေးချိန်က ဆက်တိုးနေတုန်းပဲ ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးဖို့ လိုအပ်ပါတယ်။

လက်မောင်းအတွင်းထည့် သန္ဓေတားပစ္စည်း (Implants) နဲ့ပက်သတ်ပြီး အမေးများတဲ့ မေးခွန်းများ———————————————————————-Q : Implant...
31/07/2021

လက်မောင်းအတွင်းထည့် သန္ဓေတားပစ္စည်း (Implants) နဲ့ပက်သတ်ပြီး အမေးများတဲ့ မေးခွန်းများ
———————————————————————-

Q : Implants ထည့်ရင် ဓားကြီးနဲ့ ခွဲထည့်ရမှာလား?
A : အထူးပြုလုပ်ထားတဲ့ Implant ထည့်တဲ့ အပ်တစ်မျိုးနဲ့ ထည့်ရတာဖြစ်ပါတယ်။ အပ်ပေါက်ရာက အနည်းငယ်သာ ဖြစ်ပြီး အမာရွတ်လဲ မကျန်တတ်ပါဘူး။

Q : ပြန်ထုတ်တဲ့ အခါမှာ ခွဲခန်းမှာ ခွဲထုတ်ရမှာလား?
A : ပြန်ထုတ်တဲ့အခါမှာလည်း အရေပြားပေါ်မှာ ဓားရာ သေးသေးလေး ပေးပြီး ပြန်ထုတ်တဲ့အတွက် အမာရွတ်လည်း မကျန်တတ်ပါဘူး။ ထုတ်ပြီးလို့ကျန်တဲ့ ဒဏ်ရာကို comment မှာ ပုံလေးနဲ့ ပြထားပေးတယ်နော်။ဒါပေမဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ စနစ်တကျ ပြသပြီး Implant ထည့်ခြင်း ထုတ်ခြင်းကို လုပ်ဆောင်သင့်ပါတယ်။

Q : အရမ်းနာလား?
A : ထုံဆေးပေးပြီး ပြုလုပ်ရတဲ့ Procedure ဖြစ်တာကြောင့် နာကျင်မှုကလဲ မရှိသလောက်ပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင် Implants ထုတ်ရ ထည့်ရမှာ ကြောက်တဲ့ မမ ညီမလေးတို့ အတွက် အနည်းငယ် အထောက်အကူပြုမယ်လို့ထင်ပါတယ်။ ဆေးပညာ ဆိုင်ရာ ကုထုံး တစ်ခုဖြစ်တာကြောင့် ရမ်းကုတွေ ပေါနေတဲ့ ခေတ်မှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကို ရွေးချယ်ရမယ်နော်။

ဝက်ခြံကို စနစ်တကျ ကုသမှုမခံယူရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်သလဲ?——————————————————————-         ဝက်ခြံဆိုတာ နာတာရှည်အရေ...
26/07/2021

ဝက်ခြံကို စနစ်တကျ ကုသမှုမခံယူရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်သလဲ?
——————————————————————-
ဝက်ခြံဆိုတာ နာတာရှည်အရေပြားပြသနာ တစ်ခုဖြစ်ပါတယ်။ ကုသပျောက်ကင်းဖို့ အချိန် (၃)လကနေ (၆)လအထိ ကြာတတ်ပါတယ်။ ဝက်ခြံတွေကို ပျောက်ချင်ဇောနဲ့ မိမိဘာသာ ဆေးသောက် ဆေးလိမ်းတွေ မလုပ်သင့်ပါဘူး။ ဝက်ခြံတွေကို စနစ်တကျ မကုသဘူးဆိုရင် နောက်ဆက်တွဲ အနေနဲ့...

🔴 အမာရွတ်ဖြစ်ခြင်း (Scarring)
ဝက်ခြံပေါက်တဲ့ လူ(၅)ယောက်မှာ (၁)ယောက်က အမာရွတ်တွေ ဖြစ်သွားတတ်ပါတယ်။ ဝက်ခြံကို ကုတ်ဖဲ့တာ ညှစ်တာတွေကြောင့် အမာရွတ်တွေ ပိုဆိုးတတ်ပါတယ်။

🔴အမဲစက်များဖြစ်ခြင်း၊ အသားအရည်မဲညစ်သွားခြင်း (Hyperpigmentation)
Hyperpigmentation က အများအားဖြင့် Dark skin tone ရှိတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။ ဝက်ခြံပေါက်တဲ့နေရာက အသားအရည်က ပိုမဲသွားတတ်ပါတယ်။

🔴စိတ်ပိုင်းဆိုင်ရာ ပြသနာများ (Psychological problems)
ဝက်ခြံတွေကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းလာပြီး စိုးရိမ်ပူပန်မှုဆွေ စိတ်ဓာတ်ကျတာတွေ ခံစားလာရတတ်ပါတယ်။

ဒါကြောင့် အလှဖျက်တဲ့ ဝက်ခြံတွေကို ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ပြသပြီး စနစ်တကျ ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infections-UTIs) က အမျိုးသမီးတွေမှာ တွေ့ရများပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ရင်....
22/07/2021

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infections-UTIs) က အမျိုးသမီးတွေမှာ တွေ့ရများပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ရင်..
🔥ဆီးသွားရင် နာ ကျင် အောင့်ခြင်း။
🔥ဆီး မကြာခဏသွားခြင်း။မကြာခဏသွားချင်ခြင်း။
🔥ဆီးထဲတွင်သွေးပါခြင်း။
🔥ဆီးခုံအပေါ်ဘက် နေရာမှာ တင်းခြင်း နာခြင်း။
စတာတွေ ခံစားရတတ်ပါတယ်။
ဒီတော့ ဆီးလမ်းကြောင်း ပိုးဝင်တာမျိုးမဖြစ်အောင် ဘယ်လိုနေထိုင်သင့်လဲ ဆိုတာ ကိုဝေမျှပေးချင်ပါတယ်။

✅မိန်းမကိုယ်ကိုသန့်ရှင်းရေး လုပ်တဲ့အခါမှာ အရှေ့မှ အနောက်(front to back) ကိုသုတ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ မိမိရဲ့ စအိုမှာရှိတဲ့ ဘက်တီးရီးယားတွေ က ဆီးလမ်းကြောင်း အဝ ရှိတဲ့နေရာကို ရောက်လာပြီး UTI ရစေနိုင်လို့ပါ။
✅ပုံမှန်ရေချိုးပါ။ ဒါပေမဲ့ ရေချိုးကန်(bathtub 🛀) ထဲမှာ အကြာကြီး စိမ်ပြီးရေချိုးတာမျိုးကိုရှောင်ပါ။ မိမိရဲ့ အရေပြားပေါ်မှာရှိတဲ့ ပိုးမွှားတွေက ရေထဲကိုရောက်ပြီး ဆီးလမ်းကြောင်းထဲ ဝင်သွားနိုင်တာကြောင့်ပဲဖြစ်ပါတယ်။
✅ရာသီလာတဲ့အချိန်မှာ သုံးတဲ့ လစဉ်သုံးတွေကို တစ်ခါသုံးလျှင် 6 နာရီထက် မကျော်ပါစေနဲ့။ ရာသီသွေးတွေက ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်တဲ့ ပူနွေးစိုစွတ်တဲ့ နေရာလေးဖြစ်နေတာကြောင့်ပါ။
✅အရမ်းကြပ်တဲ့ အတွင်းခံမျိုးကိုမဝတ်ပါနဲ့။ သက်တောင့်သက်သာရှိတဲ့ ချည်သားအတွင်းခံကိုပဲဝတ်ဆင်ပါ။
✅ရေများများသောက်ပါ။ မိမိရဲ့ ဆီးအရောင်က အဝါဖျော့ဖျော့ထက် ရင့်လာပြီဆိုရင် ခန္ဓာကိုယ်မှာ ရေပိုလိုအပ်နေတယ်လို့ဆိုလိုတာပါ။
✅ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ။
✅အမျိုးသားနဲ့ အတူနေပြီးတိုင်းဆီးသွားပါ။
✅အတွင်းခံ အဝတ်အစားများကို စနစ်တကျလျှော်ဖွတ်ပါ။ နေပူမှာလှမ်းပါ။ မီးပူ တိုက်ပါ။

ဆီးလမ်းကြောင်း ပိုးဝင်တဲ့ရောဂါ ခံစားလာရရင်တော့ မိမိသဘောနဲ့မိမိ ဆေးဝယ်သောက်တာမျိုးမလုပ်ပဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြသပါ။ ဆရာဝန်ပေးတဲ့ဆေးကို ပုံမှန်သောက်ပါ။

“ဒီနေ့တော့ လူငယ်လေးတွေ အမေးများတဲ့ ကျွန်တော့ကောင်မလေးက (၁၇) နှစ်ပဲရှိသေးလို့ တားဆေး သုံးလို့ရပါ့မလား။သမီးတို့က မယူရသေးလိ...
21/07/2021

“ဒီနေ့တော့ လူငယ်လေးတွေ အမေးများတဲ့ ကျွန်တော့ကောင်မလေးက (၁၇) နှစ်ပဲရှိသေးလို့ တားဆေး သုံးလို့ရပါ့မလား။သမီးတို့က မယူရသေးလို့ တားဆေးထိုးလို့ရပါ့မလား ဆိုတဲ့ အမေးလေးကို ဖြေပေးချင်ပါတယ်။🤓”
__________________________________________________
ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်လေးတွေ ၊ အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီး အမျိုးသားတွေက သားဆက်ခြား နည်းလမ်းတွေ ပိုသိရှိ အသုံးပြုဖို့ လိုအပ်ပါတယ်။
သားဆက်ခြားနည်းလမ်းတွေက အိမ်ထောင်ရှင်တွေ အတွက်ပဲ မဟုတ်ပါဘူး။ ဆယ်ကျော်သက်အရွယ် က အစ သွေးမဆုံးခင် အသက် (၅၀) ကျော်အထိ အမျိုးသမီး အားလုံးနီးပါး ရေတို ရေရှည် တားဆက်ခြား နည်းလမ်းတွေ အသုံးပြုနိုင်ပါတယ်။ ပြီးတော့ သားဆက်ခြားတာ ရှက်စရာ မဟုတ်ပါဘူး။ မှန်ကန်တဲ့ သားဆက်ခြားနည်းကို အသုံးမပြုပဲ ကိုယ်ဝန်ရသွားမှ နီးစပ်ရာမှာ ဖျက်ချတာက မိခင်ရော သန္ဓေသား အတွက်ပါ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ရန်ကုန်မှာ အမျိုးသမီး (၁၀) ယောက် သေဆုံးရင် (၆) ယောက်က အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဖျက်ချနည်းတွေကြောင့် အသက်ဆုံးရှုံးရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်မရခင်တားတာက ကိုယ်ဝန်ရမှ ဖျက်ချတာ ထက် အများကြီး အကျိုးများပါတယ်။
အစိုးရဆေးရုံဆေးခန်းတွေမှာ ဖြစ်စေ၊ အစိုးရနှင့်မသက်ဆိုင်တဲ့ အဖွဲ့အစည်း (Mariestope, PSI) အစရှိတဲ့ အဖွဲ့အစည်းရဲ့ ဆေးခန်းတွေမှာဖြစ်စေ၊ Smart Care Clinic မှာ ဖြစ်စေ တားဆက်ခြား ဝန်ဆောင်မှုတွေ ရယူနိုင်ပါတယ်။ မမ ညီမလေးတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း လုံခြုံစွာ သိမ်းစည်း ထားတာကြောင့် လွတ်လပ်အေးဆေးစွာ ဆွေးနွေးပြီး ဝန်ဆောင်မှုရယူနိုင်ပါတယ်။

Address

No. 236, 2D 1st Floor, Yadanar Street, Sanchaung Township
Yangon
11111

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Smart Care - Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram