01/03/2023
တပေါင်းလသည် မြန်မာပြက္ခဒိန်၏ဆယ်နှစ်လရာသီများအနက် နောက်ဆုံးမြောက်လဖြစ်သည်။ တပေါင်းလကိုရှေးအခါက တပေါင် လဟူ၍ခေါ်ဆိုခဲ့ကြသည်။
ထန်းပင်မှခံယူရရှိသည့် ထန်းရည်ကိုကျိုချက်ပြီး ထန်းလျက်ပြုလုပ်သည့်လဖြစ်သည်။ ထန်းရည်များကိုပေါင်းစပ်ကျိုသည်ကို ထန်းပေါင်းဟူ၍ခေါ်ဆိုရာမှ တပေါင်းလဖြစ်လာခဲ့သည်။
တပေါင်းလ၏ရာသီပွဲတော်မှာ သဲပုံစေတီတော်ဖြစ်ပြီး ရာသီပန်းမှာ သရီဖီပန်းဖြစ်သည်။
#တပေါင်းလ