20/01/2023
" Cetrizine "
=========
- Cetirizine (HCl) ဆေးကို (အလာဂျီ) အတွက် သုံးတယ်။
- အအေးမိပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး စတာတွေထဲမှာ ပါတယ်။
- မသောက်ဘူးသူ မရှိသလောက် အသုံးများလှတဲ့ဆေးဖြစ်တယ်။
- အင်တီဟစ်တမင်း ဆေးအုပ်စု၊ ဒုတိယမျိုးဆက် ဖြစ်တယ်။
- အရင်ပေါ် ပထမမျိုးဆက် ဥပမာ Burmeton လို မအိပ်ချင်ဘူး ဆိုပေမယ့် နည်းနည်းတော့ အိပ်ချင်တာပါဘဲ။
- အင်းဆက်ကောင်တွေ ကိုက်တာအတွက်လည်းသုံးတယ်။
- ဘယ်နေရာက ဘာလို့ယားယား ဒီဆေးပဲသုံးတာများတယ်။
- ဘေးထွက်ဆိုးကျိုးတွေက မဆိုးပါ။
- သာမန်လောက်သာဖြစ်တယ်။
- လူကြီး (၁၂ နှစ်အထက်) = အိပ်ချင်၊ အားယုတ်၊ အာခေါင်ခြောက်၊ အိပ်မရ၊
- ကလေး (၂ နှစ်မှ ၁၁ နှစ်) = ခေါင်းကိုက်၊ အာခေါင်ရောင်၊ ဗိုက်နာ၊
- ကလေး (၆ လမှ ၂ နှစ်) = ငို၊ စိတ်ဆိုး၊ အိပ်မရ၊ အားနည်း၊ မအီမသာဖြစ်။
- ၆ နှစ်မှ ၁၁ နှစ်အရွယ်၊ ကလေး ၉ဝဝ ကျော်ကို
- Cetirizine ၂ ပါတ်မှ ၆ ပါတ်ပေးပြီး၊ သုတေသနလုပ်ခြင်း ရလဒ်များ
- အများစုတွင် သာမန်မှ အသင့်အတင့် ဘေးထွက်ဆိုးကျိုးများတွေ့ရ။
- လက္ခဏာ = ၅ မီလီဂရမ်-၁ဝ မီလီဂရမ်
- ခေါင်းကိုက် = ၁၁-၁၄%
- လည်ချောင်းနာ = ၆့၂-၂့၈%
- ဗိုက်နာ = ၄့၄-၅့၆%
- ချောင်းဆိုး = ၄့၄-၂့၈%
- ဝမ်းပျက် = ၁့၉-၄့၂%
- နှာခေါင်းသွေးယို = ၃့ရ-၁့၉%
- ပျို့ချင် = ၁့၉-၂့၈%
- အန် = ၂့၅-၂့၃%
- ရင်ကြပ် = ၃့၁-၁့၉%
- Cetirizine ဘယ်လောက် တိုက်ရမလဲ။
- ၆ လမှ ၂ နှစ် = 2.5 mg တနေ့ ၁ ကြိမ်။ ၁၂ လ အထက်ကို လိုအပ်ရင် တစ်နေ့ ၂ ကြိမ်။
- ၂ နှစ်မှာ ၅ နှစ် = 2.5 mg တစ်နေ့ ၁ ကြိမ်။
- ၁၂ လအထက်ကို လိုအပ်ရင် 5 mg/day အထိတိုးနိုင်။
- ၆ နှစ်အထက် = 5 to 10 mg တစ်နေ့ ၁ ကြိမ်။
- Antihistamines (အင်တီဟစ်တမင်း) ခေါ် (အလာဂျီ) ဖြစ်ခြင်း အတွက် ဆေးများ =
- Cetirizine,
- Chlorpheniramine,
- Cinnarizine,
- Clemastine,
- Cyclizine,
- Desloratadine,
- Dexchlorpheniramine,
- Dimenhydrinate (most commonly used as an antiemetic),
- Dimetindene,
- Diphenhydramine (Benadryl),
- Doxylamine,
- Ebastine,
- Embramine,
- Fexofenadine,
- Levocetirizine,
- Loratadine,
- Meclozine Hydrochloride,
- Olopatadine,
- Pheniramine,
Promethazine,
- Quetiapine
- ကိုယ်ဝန်ဆောင်နေရင် (အင်တီဟစ်တမင်း) ဆေးသောက်တာ သတိထားကြဖို့ ကောင်းတယ်။
- အထူးသဖြင့် ပထမ ၃ လ အတွင်း၊
- အအေးမိတာ၊ တော်တော်တန်တန် နာတာ-ကိုက်တာက ဆေးလဲမလိုပါ။
- ဆေးသောက်ရပြီ ဆိုရင်လဲ ဆေးထိရောက်မှု အတွက်
- အနည်းဆုံး လိုအပ်ချက်နဲ့ အတိုဆုံးရက်သာ သုံးသင့်တယ်။
- အစိုးရိမ်ကြီးစရာတော့ မဟုတ်ပါ။
- အကျိုးနဲ့အပြစ် ချင့်ချိန်ရင် အကျိုးက ပိုပါတယ်။
- Levocetirizine ဆိုတာ Antihistamine (အင်တီဟစ်စတမင်း) ဆေးဖြစ်တယ်။
- Allergy symptoms (အလာဂျီ) လက္ခဏာတွေ ဖြစ်တဲ့
- မျက်ရည်ယို၊ နှာရည်ယို၊ မျက်စိ-နှာမွှန်၊ နှာချေ၊ အင်ပြင်ထွက်နဲ့ ယားယံတာတွေကို သက်သာစေမယ်။
- Histamine (ဟစ်စတမင်း) ဓါတ်ထွက်လာမှာကို တားပေးတယ်။
- Allergic Conjunctivitis အလာဂျီကြောင့်
- မျက်စိနာတာ၊ Atopic Dermatitis အရေပြားနာနဲ့
- Hives အင်ပြင် ထွက်တာတွေကိုလည်း ပေးနိုင်တယ်။
- အလာဂျီ ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာနိုင်၊ ရှောင်နိုင်မှသာ ပျောက်မှာပါ။
- ဆေးက ဖြစ်လာတာကိုသာ သက်သာစေမယ်။
- လူကြီး တည တပြားသောက်ပါ။ တစ်ည တစ်ပြား မဟုတ်။