ပစ်တိုင်းထောင်

ပစ်တိုင်းထောင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပစ်တိုင်းထောင်, Pharmaceuticals, Dagon, Yangon.

28/01/2023
23/01/2023

"ဒုက္ခတွေရဲ့ အဓိပ္ပါယ်"

လူတိုင်းမှာ ဒုက္ခတွေကိုယ်စီရှိကြတယ်။ဒါကို
ဘယ်လိုမှ ငြင်းမရဘူး။ဘယ်လိုလူမျိုးမှာ မဆို
စိတ်မချမ်းသာစရာတွေ ၊စိတ်ညစ်စရာတွေဆိုတာ တစ်
ချိန်မဟုတ် တစ်ချိန်တော့ ရင်ဆိုင်ကြရတာချည်းပဲ။
ပုံစံမတူဘူးဆိုတာသာ ရှိကောင်းရှိလိမ့်မယ်။
ဒါကို ခင်ဗျားလည်း လက်ခံမှာပါ။

ဒါပေမယ့် ကျွန်တော်တို့စိတ်အရမ်းညစ်နေတဲ့အခါ၊
စိတ်ဓာတ်တွေ ဟိုးအောက်ဆုံးအထိ ကျနေတဲ့အခါ
မရှုနိုင် မကယ်နိုင်အခြေအနေတွေနဲ့ ကြုံနေရတဲ့အခါ
အဲဒီ လူတိုင်းမှာ ဒုက္ခကိုယ်စီရှိတယ်ဆိုတဲ့အသိ ပျောက်
သွားတက်တယ်။ဘာလို့လဲဆိုတော့ အဲဒီလို အခြေအနေတွေ၊ နာကျင်ခံစားရမှုတွေကို ကျော်ပြီး မကြည့်နိုင်လောက်အောင် မရင့်ကျက်သေးလို့။

အဲလို ကိုယ့်ခံစားချက်၊ကိုယ့်ပြသနာတွေထက် ပိုပြီး
မျှမျှတတ မကြည့်နိုင်တော့ ကိုယ်သာလျှင် ဒီကမ္ဘာမှာ
ကံအဆိုးဆုံးလူဆိုပြီး ထင်လာတယ်။ကိုယ်သာလျှင်
ရုပ်အဆိုးဆုံး၊ ကိုယ်သာလျှင် အဆင်းရဲဆုံး၊ ကိုယ်သာ
လျှင် အညံ့ဖျင်းဆုံး၊ ကိုယ်သာလျှင် အသုံးမကျဆုံး
စတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး
သနားကြတယ်။

"အော် ငါ့ဘဝလေး ဒီလောက်ဖြစ်နေပါလား"
"ငါ့ကို ဂရုစိုက်မယ့်သူ တစ်ယောက်မှ မရှိကြပါလား"
"ငါဟာ အရာရာနိမ့်ကျသူပဲ"
"ငါ့လောက်သနားစရာ ကောင်းတဲ့သူ မရှိဘူး"စသဖြင့်
ကိုယ့်ကိုယ်ကိုယ် နှိမ်တယ်။ ပြီးတော့ မျှော်လင့်ချက်တွေ
ပျက်ဆီးကုန်တယ်။ အဲဒီကိုယ့်ကိုယ်ကိုယ် အားငယ်တဲ့
စိတ်၊ သနားတဲ့စိတ်က လူတိုင်းနီးပါး တစ်ခါတလေတော့
အနည်းဆုံး ဖြစ်ဖူးကြတယ်။တချို့တွေကျတော့ အလွန်အကျူးပဲ။

စာရေးဆရာ Mark Manson က သူရဲ့ စာအုပ်
The Subtle Art of Not Giving A F*ck(ဂရုမစိုက်ခြင်း
အနုပညာ)စာအုပ်မှာ အဲလိုလူမျိုးတွေကို အခွင့်ထူးခံ
ပုဂ္ဂိုလ်တွေလို့ ပြောတယ်။ဆိုလိုတာက သူတို့ဟာ
သူတစ်ပါးထက် အမြဲတမ်း ပိုဆိုးတယ် ၊ ဒါမှမဟုတ်
အမြဲတမ်း ပိုကောင်းတယ်၊ ပိုတော်တယ်ဆိုတဲ့
အစွန်းနှစ်ဖက်မှာနေပြီး ကိုယ့်ကိုယ်ကိုယ် သနားလွန်းနေတာ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတဲ့
သူမျိုးကို သူပြောချင်တာ။

ဒီတော့ ပြသနာတွေဆိုတာ ဘယ်လိုမှ ရှောင်မရဘူး
ဆိုတာကို သိပြီ။ဒါဆိုရင် အဲဒီလို ကိစ္စတစ်ခုက ၊ ဒုက္ခတစ်ခုက ကိုယ့်ကိုယ်ကိုယ် ဆိုးဆိုးရွားရွား စိတ်ဓာတ်ကျ
စေလာရင် ဘာလုပ်မလဲ။ ဘယ်လိုကိုယ့်ကိုယ်ကိုယ် ပြင်မလဲ။ဘာတွေကို ပြောင်းလဲဖို့ လိုမလဲ။

ရင့်ကျက်မှုဆိုတာ ဒုက္ခတွေနဲ့ ရင်းပြီးမှ ရလာတာ။
စစ်မှန်ပြီး ေပျာ်ရွှင်နေကြတဲ့ အောင်မြင်သူတိုင်းကို
မေးကြည့်။သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေဟာ
သူတို့ကျော်ဖြတ်ခဲ့တဲ့ အခက်အခဲတွေကြောင့်၊ သူတို့ရင်
ဆိုင်ဖြတ်သန်းခဲ့ရတဲ့ လူတွေနဲ့ အခြေအနေတွေကြောင့်
လို့ ပြောကြလိမ့်မယ်။ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြည့်စုံမှု တစ်နည်း စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ
ဒုက္ခတွေကို ရင်ဆိုင်ပြီးမှ ရလာတာ။အဲဒီ ဒုက္ခတွေကို
ရှောင်ကွင်းပြီး ရလာတာလည်း မဟုတ်ဘူး။ ဘယ်လို
အခက်အခဲမှ မတွေ့ပါရစေနဲ့လို့ ဆုတောင်းရင်း ဖြစ်တည်
လာတာလည်း မဟုတ်ဘူး။

ခင်ဗျား ဘာပဲလုပ်လုပ် ပြသနာကတော့ တွေ့မှာပဲ။
ကိုယ်နဲ့ မရင်းနှီးတဲ့ သူတွေ၊ ကိုယ်မကျွမ်းကျင်သေးတဲ့
အလုပ်တွေ၊ ကိုယ်နားမလည်သေးတဲ့ နယ်ပယ်တွေမှာ
ဘယ်လောက်ကြိုးစားတဲ့သူပဲ ဖြစ်ဖြစ် ဒုက္ခဆိုတာ တွေကို တွေ့မှာ။ဒါဆိုရင် အဲဒီ ဒုက္ခတွေရဲ့ အခြေအနေတွေကို
ပိုင်းခြားကြည့်ရအောင်။

အဓိပ္ပါယ်ရှိတဲ့ ဒုက္ခဆိုတာဆိုတာ ဘာကိုဆိုလိုတာလဲ။ဒုက္ခတွေဟာ တကယ်ပဲ အဓိပ္ပါယ်ရှိသလား။
လူတစ်ယောက် စိတ်ဓာတ်တည်ငြိမ်လာတယ်ဆိုတာ
အခက်အခဲတွေကို ကျော်ဖြတ်ခဲ့လို့ ဆိုတာ အထက်မှာ
ဆိုခဲ့ပါပြီ။ဒါဆိုရင် ကျွန်တော်တို့ ဘယ်လိုဒုက္ခတွေကို
ရွေးချယ်ရင်ဆိုင်ကြမလဲ။ပြီးတော့ ကိုယ့်ကိုယ်ကိုယ်
အဆိုးဆုံး အခြေအနေမှာ ရောက်နေပြီဆိုတဲ့ သိမ်ငယ်မှုမျိုးကနေ မိမိကိုယ်ကိုယ် ဘယ်လို ကယ်ထုတ်မလဲ။

ဒုက္ခတွေကို ရွေးချယ်ပိုင်ခွင့် ခင်ဗျားမှာ ရှိတယ်။
ကျွန့်တော့်မှာလည်း ရှိတယ်။လူတိုင်းလည်း အဲလို ရွေးချယ်နိူင်တယ်။
ဥပမာ- ခင်ဗျား ဝိတ်ကျချင်တယ် ဆိုပါစို့။
ခင်ဗျား ပြသနာက လက်ရှိခန္ဓာကိုယ် ကြီးကို မလိုချင်တာ။ လူကြားထဲမှာ သူများတွေ ဖက်တီးလို့ ခေါ်တာကို
မခံချင်တာ။ စော်မကြည်မှာကို ကြောက်တာ။

ဒါဆိုရင် ခင်ဗျား လိုချင်တဲ့ သန်မာကျစ်လစ်ပြီး
ယောကျ်ားပီသတဲ့ ခန္ဓာကိုယ်မျိုးရအောင် ခင်ဗျား ဘာတွေ ဒုက္ခခံနိုင်မလဲ။မနက်အစောကြီး ထပြီး ဘယ်သူမှ မနိုးခင် ၄. ၅ မိုင်လောက် ပုံမှန် ထပြေးရမယ့် ဒုက္ခ၊
သူများတွေ စားချင်တာကို စားချင်သလောက်စား
နေကြချိန်မှာ ခင်ဗျားကတော့ အရွှက်ကြောက်တွေ၊
ပြီးတော့ အရသာ မပါတဲ့ ကြက်ဥပြုတ်တွေ အလုံးလိုက်
စားရမယ့် ဒုက္ခတွေ၊ သူများတွေ လက်ဖက်ရည်ဆိုင်ထိုင်
ဖုန်းပွတ်ပြီး စော်လေးတွေနဲ့ သွားသွားလာလာ လုပ်နေ
ချိန် ခင်ဗျားမှာတော့ ပေါင် ၃၀. ၄၀ ရှိတဲ့ အလေးတုံးတွေ
ကို မနေရမယ့် ဒုက္ခတွေကို ခံနိုင်ရဲ့လား။

ခံနိုင်မှသာ ရေရှည်ခံတဲ့ ပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှုတွေကို ရမယ်။ ကျွန်တော်တို့ရဲ့ သဘာဝက သိပ်အချောင်လို ချင်ကြတယ်၊ လွယ်လွယ်ဖြစ်ချင်ကြတယ်၊ အားထုတ်မှု မလုပ်ချင်ကြဘူး။ ဒါပေမယ့် ဘာမှမလုပ်ရင် ဘာမှဖြစ်မလာဘူး။ ထိုက်ထိုက်တန်တန် မလုပ်ရင်လည်း များများစားစား ရလာမှာ မဟုတ်ပါဘူး။

အရာအားလုံးမှာ တန်ကြေးဆိုတာ ရှိပြီးသား။
အဖိုးတန်လေလေ ပေးရမယ့် တန်ဖိုးက ကြီးလေလေ။
တကယ်လို့ ကိုယ့်ဘက်က ဘာမှ အားမစိုက်ချင်ဘူး၊
ဒုက္ခမခံချင်ဘူးဆိုရင် ကိုယ်ဖြစ်ချင်တာ၊ လိုချင်တာတွေ
ကို မေ့လိုက်တာကောင်းမယ်။ ဒါမှမဟုတ်လည်း လေထဲ
တိုက်အိမ်ဆောက်သလို ဖြစ်နေမှာပဲ။

တန်ရာ တန်ကြေးဆိုတာ အဲ့တာပါ။ အလကားဆိုတာ
တန်ဖိုးကြီးတဲ့အရာတွေအတွက် မဟုတ်ဘူး။ ပေးဆပ်ရမယ့် တန်ဖိုးကို လိုလိုချင်ချင်ပေးနိုင်မှ ကျွန်တော်ဖြစ်ချင်တာတွေကို မျှော်လင့်နိုင်မယ်။

စောစောက ဥပမာကို ပြန်ကောက်ရရင် ခင်ဗျား
ရွေးချယ်ရမယ့် ဒုက္ခကို အုပ်စု ၂ ခွဲနိုင်တယ်။
သူများတွေ ကိုယ့်ကို လှောင်ပြောင်လို့ ခံစားရမယ့်
ခံစားချက်၊ ကောင်မလေးတွေ အလေးမထားကြတာ
ကြောင့် သိမ်ငယ်ရတဲ့ နာကျင်မှု၊ အရေးပေးမခံရတဲ့
ဝမ်းနည်းစိတ်စတဲ့ ဒုက္ခတွေက တစ်အုပ်စု၊
နောက်တစ်အုပ်စုက ခင်ဗျားလိုချင်တဲ့ ကိုယ်လုံးမျိုးရဖို့
ခင်ဗျား ရှောင်ကျဥ်ရမယ့်အရာတွေ၊ စားချင်တိုင်းမစား
ရ နားချင်တိုင်း မနားရ၊ အိပ်ချင်တဲ့ မအိပ်ရတဲ့ ဒုက္ခတွေ။
အဲဒီနှစ်အုပ်စုထဲက ခင်ဗျား ဘယ်ဒုက္ခတွေကို ပိုပြီး
လိုချင်လဲ။ ခင်ဗျားရဲ့ ရွေးချယ်မှုက ခင်ဗျားဘဝကို
ဖန်တီးပေးမှာပဲ။ လူတိုင်း လွတ်လပ်စွာ ရွေးချယ်နိုင်တယ်။

နောက်တစ်ချက် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်
သတိပေးသင့်တာက ဒုက္ခတွေကြောင့်သာ ဘဝဆိုတာ
အဓိပ္ပါယ် ရှိနေရတဲ့ဆိုတဲ့ အချက်။ ငယ်ငယ်တုန်းက
မိဘတွေက အမြဲတွဲထူမပေးခဲ့လို့သာ အားလုံး လမ်း
လျှောက်တက်ခဲ့ကြတာ။ အရွယ်ရောက်လာတော့
ဘာဒုက္ခပဲ ကြုံကြုံကွာဆိုပြီး စွန့်စွန့်စားစား ခရီးတွေထွက်၊ လူများများနှင့် နှီးနှော၊ စွန့်ဦးတီထွင် လုပ်ငန်း
တွေ ထောင်ပြီး ဒုက္ခတွေ ၊ ပြသနာတွေနဲ့ နပမ်းလုံးခဲ့ကြတဲ့သူတွေသာ အောင်မြင်တဲ့သူတွေ ဖြစ်လာကြတာ။

ဒီအချက်ကို ဘယ်နေရာမှာပဲ ကြည့်ကြည့် မှန်တယ်ဆိုတာ တွေ့နိုင်တယ်။ ကျားကုတ်ကျားခဲ လုပ်တဲ့သူတွေပဲ တစ်ဆိူတဲ့ နေရာကို ရောက်ကြတာ၊ နယ်ပယ်တစ်ခုတည်းကိုပဲ ထိပ်ဆုံးရောက်အောင် လုပ်နိုင်သူထက် နယ်ပယ်များများ ထိပ်ဆုံးရောက်ချင်က အားစိုက်ထုတ်မှုပိုရတယ်၊ မနားမနေလုပ်ရတယ်။ဆင်ခြေတွေကို ဖျောက်ရတယ်၊ အကြောင်းပြချက်တွေကို အလုပ်နဲ့ ခြေဖျက်ပစ်ရတယ်။

တကယ်တော့ အခက်အခဲတွေ၊ ဒုက္ခတွေဟာ
ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး မလွဲမသွေ ရင်ဆိုင်ကြရမယ့်အရာတွေ၊ အဲလိုရင်ဆိုင်ရာမှာ ဘယ်လို ပြင်ဆင်
ထားရမလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစည်းကမ်းတကျ
တည်ဆောက်မလဲ၊ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ဖို့၊ ကိုယ်
လိုချင်တာတွေရဖို့ ဘယ်လောက်အထိ အဆင်းရဲ ခံနိုင်မလဲဆိုတာတွေက လူတစ်ယောက်ချင်းစီရဲ့ ဘဝကို အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

photo crd

Address

Dagon
Yangon

Telephone

+19258195822

Website

Alerts

Be the first to know and let us send you an email when ပစ်တိုင်းထောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram