09/10/2023
အရက်နာကျတဲ့ဝေဒနာ သက်သာအောင် ဘယ်လိုလုပ်မလဲ❔
ညက အပေါင်းအသင်းတွေနဲ့ ပျော်ရင်းပါးရင်း ကိုယ့်ရေချိန်ထက်ကျော်ပြီး မော့လိုက်မိလို့ နောက်နေ့မနက်နိုးလာတဲ့အခါ အရက်နာကျတဲ့ဝေဒနာကို ခံစားလာရပြီလေ 😩
အရက်နာကျတဲ့ခံစားချက်က အရမ်းကို ဆိုးလွန်းတာကြောင့် နောက်တစ်ခေါက် အရက်မသောက်တော့ဘူးလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။
အရက်နာကျတာက အရက်🍺မှာပါတဲ့ ဓာတုပစ္စည်း၊ အဆိပ်အတောက်တွေကြောင့်ဖြစ်ပြီး အရက်အများကြီးသောက်တဲ့အခါ အားအင်ကုန်ခမ်းခြင်းနဲ့အတူ ခေါင်းကိုက်တာ၊ မူးဝေတာ၊ ရေငတ်တာ၊ ပျို့အန်တာ၊ ဗိုက်အောင့်တာတွေ ခံစားရတာကို ပြောတာပါ။
ဒီလို အရက်နာကျတဲ့ဝေဒနာ သက်သာအောင် လုပ်ပေးရမဲ့အချက်တွေကို ဆက်ဆွေးနွေးပေးသွားပါမယ်။
✅ ရေများများသောက်ပေးပါ
အရက်နာကျခြင်းရဲ့လက္ခဏာတွေဖြစ်တဲ့ ခေါင်းကိုက်တာ၊ မူးဝေတာက ရေဓာတ်ခန်းခြောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်💧ကို ပြန်လည်ဖြည့်တင်းပေးဖို့ ရေများများသောက်ပေးသင့်ပါတယ်။ ရေအပြင် ရေဓာတ်ဖြည့်ပေးနိုင်တဲ့ ကြက်စွပ်ပြုတ်၊ သစ်သီးဖျော်ရည်၊ အုန်းရည်တွေကိုလည်း သောက်ပေးနိုင်ပါတယ်။
✅ အာဟာရပြည့်ဝတဲ့မနက်စာကို စားပေးပါ
အရက်နာကျတဲ့သူ တော်တော်များများ မနက်စာကို မစားဘဲနေကြတာ များပါတယ်။ ခေါင်းကိုက်တာ၊ ပျို့အန်တာတွေကြောင့် အစာစားရင် ပိုဆိုးသွားကြမယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ဒီအချက်က မှားပါတယ်။
အာဟာရပြည့်ဝတဲ့ မနက်စာ 🥗 ကိုစားတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်တင်းနိုင်သလို ကိုယ်တွင်းအဆိပ်အတောက်ကိုလည်း ဖယ်ရှားပေးပြီး သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ ဒါကြောင့် မနက်အိပ်ရာနိုးလာရင် အစာစားချင်စိတ်မရှိရင်တောင် အစာကြေလွယ်စေတဲ့ ငှက်ပျောသီး၊ ကြက်ဥ၊ ပေါင်မုန့်တစ်ခုခုကို စားပေးပါ။ အဆီများတဲ့အစားအစာ၊ အစာချေရခက်တဲ့အစားအစာကိုတော့ ရှောင်ကြဥ်ပေးပါ။
✅ အကိုက်အခဲပျောက်ဆေးကို သောက်ပေးပါ
ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ Ibuprofen နဲ့ Paracetamol (ပါရာစီတမော) အကိုက်အခဲပျောက်ဆေး 💊 တွေက အရက်နာကျတဲ့အခါ ခံစားရတဲ့ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာကို သက်သာစေပါတယ်။ ဆေးအညွှန်းမှာပါတဲ့ ပမာဏအတိုင်းသောက်သုံးပေးပါ။ အစာအိမ်ထိခိုက်နိုင်တဲ့အတွက် အစာစားပြီးမှ သောက်ပေးပါ။
နောက်ပြီး ဗီတာမင် B1၊ B6၊ B12 တွေကိုလည်း အရက်နာကျတဲ့လက္ခဏာသက်သာစေဖို့ သောက်သုံးပေးနိုင်ပါတယ်။
✅ ကောင်းစွာအနားယူပါ
အရက်နာကျတဲ့အချိန်မှာ ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုကို ရှောင်ကြဥ်ပြီး ကောင်းကောင်းအိပ်စက်အနားယူပေးပါနော်။
ဒီလိုအရက်နာကျတာတွေမဖြစ်အောင် အရက်သောက်တဲ့အခါ ဒီအချက်တွေကို လိုက်လုပ်ကြည့်ပေးပါ။ ဒါတွေကတော့
👉 ဗိုက်ပြည့်အောင်စားပြီးမှ အရက်သောက်ပါ။ ဗိုက်ဟောင်းလောင်းနဲ့ အရက်သောက်တာက ခန္ဓာကိုယ်က အရက်ကို မြန်မြန်စုပ်ယူလိုက်တဲ့အတွက် အရက်နာကျတာကို ပိုဆိုးစေပါတယ်။
👉 များများသောက်လေ အရက်နာကျတာ ပိုဆိုးလေဖြစ်တဲ့အတွက် ကိုယ်သောက်နိုင်တဲ့ Limit ကိုသာ သောက်ပေးပါ။
👉 အရက်က ရေဓာတ်ဆုံးရှုံးနိုင်တဲ့အတွက် အရက်ချည်းလှိမ့်သောက်နေတာမျိုးမလုပ်ဘဲ ရေလည်းသောက်ပေးပါ။
👉 ဆေးလိပ် 🚬 သောက်ရင် အရက်နာကျတာကို ပိုဆိုးစေတဲ့အတွက် အရက်သောက်နေချိန်မှာ ဆေးလိပ်သောက်တာကို ရှောင်ကြဥ်ပေးပါ။
Shwe Poe Pharmacy Page ကနေ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတရစရာတွေကို ဆက်လက်မျှဝေပေးသွားမှာမို့ Page ကို Like👍🏻 & Follow လုပ်ထားဖို့ မမေ့ပါနဲ့။
🏥 No 747 B၊ မဟာဗန္ဓုလလမ်း၊ ရွှေပြည်သာမြို့နယ် (အိမ်မဲကြီးမှတ်တိုင်)။
☎️ 09250379184
#ရွှေပိုးဆေးဆိုင်
#အရက်နာကျခြင်း