Htet Clinic

Htet Clinic ဆေးခန်းလိပ်စာ - အမှတ်(၂၉၀), ရှင်​စောပုလမ်း၊ ၁၆ရပ်ကွက်၊ရွှေ​ပေါက်ကံမြို့သစ်

15/02/2022

ထက် ဆေးကုခန်းအား နေ့စဉ် ညနေ ၅ နာရီမှ ည ၈နာရီအထိ ဖွင့်လှစ်ကုသပေးလျက်ရှိပါသည်။

ဆေးခန်းလိပ်စာ - အမှတ်(၂၉၀), ရှင်​စောပုလမ်း၊ ၁၆ရပ်ကွက်၊ရွှေ​ပေါက်ကံမြို့သစ်

မနက်ပိုင်းဆေးခန်းပြလိုသူများ 09-754830234သို့ ဆက်သွယ်နိုင်ပါသည်။

04/07/2021

Vaxigrip Tetra Vaccine 2021
💉ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးချင်ပါက
"ထက်"​ဆေးခန်းမှာ ထိုးနိုင်ပါပြီ

⛈မိုးရာသီကျရောက်တော့မည်ဖြစ်ပြီး
ရာသီတုပ်ကွေးရောဂါများ ကူးစက်ခြင်းမှကာကွယ်ရန် ကာကွယ်ဆေးကြိုတင်ထိုးထားခြင်းဖြင့် ရာသီတုပ်ကွေးဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်ပေးနိုင်ပါသည်

Vaxigrip Tetra 2021 ကတော့ အဖြစ်များတဲ့ တုပ်ကွေးရောဂါပိုး ၄ မျိုးကို ကာကွယ်ပေးပါသည်
⛱A/H1 N1
⛱A/H3 N2
⛱B/Washington
⛱B/Phuket

WHO မှ အသိအမှတ်ပြု ဆေးဖြစ်ပြီး

» ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးကို အသက်(၆)လအထက်မှ စတင်၍ထိုးနှံနိုင်ပါသည်။

» ပိုမိုထိုးနှံသင့်သည့်သူများ

- ကိုယ်ဝန်ဆောင်မိခင်များ
- အသက်(၆) လအထက်ကလေးများ
- သက်ကြီးရွယ်အိုများ
- နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ စသည်တို့)

Chat Box or Ph No.09754830234,09250375562

​ဆေးခန်းမှာလဲ လာထိုးလို့ရသလို အိမ်အရောက် ဝန်ဆောင်မှုလည်းရှိပါသည် (​ရွှေ​ပေါက်ကံမြို့သစ်အတွင်းသာ)

Htet Clinic🏥

01/07/2021

Vaxigrip 2021 Myanmar FDA approved New strain ​လေးကို 'ထက်'​ဆေးခန်းမှာထိုးလို့ရ​နေပါပြီ
💉💉💉

​ဆေးခန်းမှာလာထိုးနိုင်သလို​ရွှေ​ပေါက်ကံအတွင်း အိမ်တိုင်ရာ​ရောက်လဲ လာထိုး​ပေးပါတယ် (​ဆေးခန်းလိပ်စာကို Page မှာ​ရေးထား​ပေးပါတယ် အ​သေးစိတ်သိရှိလိုလျှင် Page Chatbox or Post Comment မှာ​မေးနိုင်ပါတယ်ရှင်)
♻️တုပ်ကွေးကာကွယ်ဆေးဘာလို့ထိုးသင့်သလဲ?
ရာသီတုပ်ကွေးပေမယ့်ပြင်းထန်လာရင် ဆေးရုံတက်ဖို့လိုနိုင်တာက‌နေ တခါတရံအသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်တတ်တယ်။
ဒါကြောင့် ကာကွယ်ဆေးထိုးခြင်းက အကောင်းဆုံးကာကွယ်ခြင်းဖြစ်ပါတယ်။ ပြီးတော့ တုပ်ကွေးလက္ခဏာတွေ (အဖျားတက်၊ လည်ချောင်းနာ၊ချောင်းဆိုး၊ ခေါင်းကိုက်၊ ကိုယ်လက်နာကျင်...)စတာတွေက Covid-19ရောဂါလက္ခဏာတွေနဲ့ဆင်တူလို့ စိုးရိမ်ပူပန်စရာဖြစ်နိုင်တယ်။

♻️ကာကွယ်ဆေးက ဘယ်လိုကာကွယ်နိုင်တာလဲ?
ကာကွယ်ဆေးထိုးပြီး2 ပတ်အကြာမှာ ခန္ဓာကိုယ်က virus ကို တိုက်ထုတ်နိုင်တဲ့ ပဋိဇီ၀ပစ္စည်းတွေ စထွက်လာပြီး ၀င်ရောက်လာတဲ့ flu virusရောဂါပိုးကို ကာကွယ်ပေးနိုင်စွမ်းရှိပြီ။
တချို့ကာကွယ်ဆေးက ထိုးလို့ရတဲ့အသက်အရွယ်၊ ပါဝင်ပစ္စည်းပေါ်မူတည်ပြီးကွဲပြားသလို စျေးလည်းကွာတယ်။
• Trivalent ခေါ် flu viral strain ရောဂါပိုး (၃)မျိုးအတွက်
• Quadrivalent ခေါ် flu viral strain ရောဂါပိုး (၄)မျိုးအတွက် စသည်ဖြင့် viral strain အမျိုးမျိုးပါတဲ့ဆေးတွေ ရှိတယ်။

♻️တုပ်ကွေးကာကွယ်ဆေး ဘယ်သူတွေထိုးသင့်သလဲ?
အသက်အငယ်ဆုံး (၆)လအရွယ်ကစပြီးလူတိုင်းထိုးထားနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။

♦️မဖြစ်မနေထိုးထားသင့်သူတွေက
• အသက် 65 နှစ်အထက် သက်ကြီးရွယ်အိုများ
• အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ ဆီးချို‌ရောဂါနဲ့ လေဖြတ်နေတဲ့ နာတာရှည်ရောဂါရှိသူများ
• ရောဂါခုခံနိုင်စွမ်းနည်းတဲ့ ကျောက်ကပ်ဆေးနေရသူများ၊ Thalassemia လိုသွေးရောဂါဝေဒနာရှင်များ၊ ကင်ဆာရောဂါဝေဒနာရှင်များ
• နှစ်ရှည်လများ Aspirin ဆေးစွဲသောက်နေရသူများ
• HIV/AIDS ခုခံအားကျဆင်းမှုရောဂါဝေဒနာရှင်များ (ဆရာ၀န်နဲ့တိုင်ပင်ပြီးမှထိုးပါ)
• ကိုယ်ဝန်ဆောင်မိခင်များနဲ့ နို့တိုက်မိခင်များ

♻️တုပ်ကွေးကာကွယ်ဆေးဘယ်သူတွေမထိုးသင့်ဘူးလဲ?
• အသက် 6 လအောက်ကလေးတွေ
*** Guillian-Barre Syndrome လို့ခေါ်တဲ့ အာရုံကြောရောဂါဖြစ်ဖူးရင် ဆေးမထိုးခင် ဆရာ၀န်ကိုကြိုပြောပါ။***
***ကိုယ့်ဆီမှာ ကြက်ဥနဲ့ဓာတ်မတဲ့ရောဂါတစ်ခုခုရှိရင် ဆေးမထိုးခင် ဆရာဝန်ကိုကြိုပြောပါ။***

♻️ဘယ်အချိန်မှာကာကွယ်ဆေးထိုးရမလဲ?
• မြန်မာနိုင်ငံမှာတော့ မိုးရာသီ June-September တုပ်ကွေးရာသီမစခင်ကြိုထိုးထားရင် အကောင်းဆုံးဖြစ်ပါတယ်။
• ထိုးတဲ့အချိန်ဖျားမနေဖို့လိုတယ်။

♻️တုပ်ကွေးကာကွယ်ဆေးတစ်ခါထိုးဖူးရင်လုံလောက်သလား?
မလုံလောက်ပါဘူး။ နှစ်တိုင်း တုပ်ကွေးရာသီရောက်ရင် ပြန်ထိုးရပါတယ်။ ဘာလို့လဲဆိုတော့
၁) တုပ်ကွေးကာကွယ်ဆေးက ခန္ဓာကိုယ်ထဲမှာ တစ်ရာသီစာခန့်မျှပဲ ကာကွယ်နိုင်စွမ်းရှိတယ်။
၂) Flu virus က ပြောင်းလဲတတ်တဲ့ virus ဖြစ်လို့ ဆေးသုသေတနကတွေ့ရှိချက်ပေါ်လိုက်ပြီး ကာကွယ်ဆေးကို ထုတ်ရတယ်။

▪️အသက် (၆)လမှ (၈)နှစ်အထိကလေးတွေ ပထမဆုံးအကြိမ်ဆေးထိုးရင်တော့ တလခြားပြီး 2 ကြိမ်ထိုးရတယ်။
▪️ကိုယ်ဝန်ဆောင်မိခင်တွေထိုးထားရင် မွေးလာတဲ့ကလေးအသက် (၆)လအထိ ကာကွယ်ပေးနိုင်စွမ်းရှိတယ်။
▪️နို့တိုက်မိခင်တွေ ကာကွယ်ဆေးထိုးထားရင်တော့ နို့ရည်ကတစ်ဆင့် ပဋိဇီ၀ပစ္စည်းတွေက ကလေးဆီရောက်ပြီး ကာကွယ်နိုင်တယ်။

♻️ဆေးထိုးပြီးရင်ဘာဖြစ်လဲ?
ဆေးထိုးတဲ့နေရာ လက်မောင်း၊ပေါင်နေရာမှာ နီခြင်း၊ အဖျားငွေ့ရှိခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ တုပ်ကွေးကဲ့သို့လက္ခဏာများ ၁-၂ရက်လောက်ယာယီဖြစ်နိုင်ပါတယ်။
နာကျင်တာသက်သာဖို့ Paracetamol သောက်နိုင်ပါတယ်။

Address

ရှင်​စောပုလမ်း
Yangon

Opening Hours

Monday 16:00 - 19:00
Tuesday 09:00 - 12:00
16:00 - 19:00
Wednesday 16:00 - 19:00
Thursday 09:00 - 12:00
16:00 - 19:00
Friday 16:00 - 19:00
Saturday 09:00 - 12:00
16:00 - 19:00

Telephone

+959754830234

Website

Alerts

Be the first to know and let us send you an email when Htet Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram