Mandine

Mandine မဏ္ဍိုင်အကြောပြေဒဏ်ကျေလိမ်းဆေးရည်

27/12/2023

မြန်မာရိုးရာ ၁၂လရာသီပွဲတော်တွေအနက် နတ်တော်လပြည့်နေ့သည် ရှေးယခင်က နတ်ပွဲကာလဖြစ်ပြီး အခုခေတ်မှာတော့ စာဆိုတော်ဂုဏ်ပြုပွဲများ ကျင်းပပြုလုပ်ကြပါသည်။

နတ်တော်လပြည့်နေ့ကို လောကီရေး မပါ၊ ဘာသာ သာသနာရေးဆိုင်ရာ စာပေများသာ သီးသန့်ရေးသားသော ဓမ္မစာရေးဆရာများကို သီးခြားဂုဏ်ပြုသော ဓမ္မစာဆိုတော်နေ့ အဖြစ်သတ်မှတ်ထားသည်၊၊

မဏ္ဍိုင် အကြောပြေဒဏ်ကျေလိမ်းဆေးရည် ကို မြောက်ဥက္ကလာပမြို့နယ်ရှိ "အေးချမ်း ဆေးဆိုင်" တွင် လက်လီ ဝယ်ယူရရှိနိုင်ပါပြီ။ အေးခ...
30/06/2023

မဏ္ဍိုင် အကြောပြေဒဏ်ကျေလိမ်းဆေးရည် ကို မြောက်ဥက္ကလာပမြို့နယ်ရှိ "အေးချမ်း ဆေးဆိုင်" တွင် လက်လီ ဝယ်ယူရရှိနိုင်ပါပြီ။

အေးချမ်း ဆေးဆိုင်

လိပ်စာ - ဝေဘာဂီလမ်းမကြီး၊ နွယ်သာဂီထိပ်၊ မြောက်ဥက္ကလာပမြို့နယ်။


လက်ကားဝယ်ယူလိုပါက m.me/mandine.syp (သို့) 095168425 ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

မြန်မာသက္ကရာဇ် (၁၃၈၅) ခု မှ စ၍ ပြည်သူပြည်သားအားလုံး အေးချမ်းခြင်း၊ သာယာခြင်းဖြင့် ပြည့်စုံပြီး ကပ်ကြီး (၃)ပါးမှ ကျော်လွှ...
17/04/2023

မြန်မာသက္ကရာဇ် (၁၃၈၅) ခု မှ စ၍ ပြည်သူပြည်သားအားလုံး အေးချမ်းခြင်း၊ သာယာခြင်းဖြင့် ပြည့်စုံပြီး ကပ်ကြီး (၃)ပါးမှ ကျော်လွှားနိုင်ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ယနေ့ ခရစ်နှစ် (၂၀၂၃)ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့သည် မြန်မာသက္ကရာဇ် (၁၃၈၄)ခု၊ တပေါင်းလဆန်း (၁)ရက်နေ့ ဖြစ်ပါသည်။ လစဥ်ဖော...
19/02/2023

ယနေ့ ခရစ်နှစ် (၂၀၂၃)ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့သည် မြန်မာသက္ကရာဇ် (၁၃၈၄)ခု၊ တပေါင်းလဆန်း (၁)ရက်နေ့ ဖြစ်ပါသည်။

လစဥ်ဖော်ပြပေးနေ့ကြအတိုင်း မြန်မာလများအကြောင်းကို ယခု တပေါင်းလ ပါ ဖော်ပြပေးလိုက်ပါတယ်။

တပေါင် (တပေါင်း)သည် မြန်မာပြက္ခဒိန်၏ ဆယ့်နှစ်လမြောက်လသည် ဖေဖော်ဝါရီ၊ မတ် အတွင်း ကျရောက်ပါသည်။ ပထမလဝက်သည် ဆောင်းရာသီစက်မှ မလွတ်သေးချေ။ ဒုတိယလဝက်သို့ရောက်မှသာ နွေရာသီစက်သည် စတင်လေသည်။ ထိုကြောင့် တပေါင်းလသည် ဆောင်းတစ်ဝက် နွေတစ်ဝက်ဖြစ်၍၊ နေ့ပူလို့ ညချမ်း၊ တစ်ပေါင်းလ လသရမ်း ဟု ၏ ဆိုစမှတ်ပြုကြသည်။ မြန်မာနှစ်တစ်နှစ်၏ အဆုံးသတ်လ (၁၂) လမြောက်ဖြစ်ပါသည်။

ထန်းပင်နှင့် သက်ဆိုင်သော အမည် ဖြစ်သည်။ ထန်းဖိုပင်များမှ ခံယူရရှိသည့် ထန်းရည်ကို မီးနှင့် ကျိုချက်ပြီး ထန်းလျက် ပြုလုပ်သည့် လဖြစ်သည်။ ၂၇ လုံးသော နက္ခတ်များ စုပေါင်းထွက်ပေါ်ခြင်းကြောင့်လည်းကောင်း၊ထန်းရည်များပေါင်းစပ်ကျိုချက်သဖြင့် ထန်းပေါင်းဟူသော စကားမှ ရွေ့ရှားလာခြင်းကြောင့်လည်းကောင်း၊ တပေါင်းလဟု ခေါ်တွင်သည်ဟု ဆိုသည်။ တပေါင်းလ၏ ပွဲတော်မှာ သဲပုံစေတီပွဲဝောာ် ဖြစ်ပြီး အထိမ်းအမှတ် ပန်းသည် သရဖီပန်း ဖြစ်သည်။

(ကိုးကား - မြန်မာဝီကီပီးဒီးယား)

မဏ္ဍိုင် အကြောပြေဒဏ်ကျေလိမ်းဆေးရည်သည် အစွမ်းထက် သဘာဝ သစ်ဥသစ်ဖု ဆေးမြစ်များကို အရက်ဆီစစ်စစ်ဖြင့် စိမ်ထားခြင်းကြောင့်  ဝေဒ...
11/02/2023

မဏ္ဍိုင် အကြောပြေဒဏ်ကျေလိမ်းဆေးရည်သည် အစွမ်းထက် သဘာဝ သစ်ဥသစ်ဖု ဆေးမြစ်များကို အရက်ဆီစစ်စစ်ဖြင့် စိမ်ထားခြင်းကြောင့် ဝေဒနာခံစားနေရသည့် နေရာအား (ဥပမာ ဒူး, ခါး, စသည်တို့ကို) ခပ်ရွှဲရွှဲလေး တစ်ကြိမ် လိမ်းပေးရုံမျှဖြင့် သိသာစွာ သက်သာစေပါတယ်။

မလိမ်းခင်မှာတော့ ဆေးဘူးကို သေချာလေး လှုပ်ပေးဖို့တော့ လိုပါတယ်နော် ။ ဆေး အဆီအနှစ်များ အနည်ထိုင်နေတတ်လို့ပါ။

ဆေးထဲမှာ ပါတဲ့ အဆီအနှစ်တွေ ကြောင့် အဝတ်အစားများ ပေကျံမှာနဲ့ လိမ်းရခက်မှာ မပူပါနဲ့နော်။

လိမ်းတဲ့အခါမှာလည်း လုံးဝစေးကပ်ခြင်းမရှိဘဲ အသားထဲ လျင်မြန်စွာ စိမ့်ဝင်နိုင်ပါတယ်။ အဝတ်အထည်စွန်းထင်းခြင်းလည်း (လုံးဝ) မရှိပါ။

တပို့တွဲလပြည့်နေ့ကို သြဝါဒပါတိမောက် အခါတော်နေ့ လို့ ခေါ်ဆိုကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ လိုက်နာသူတို့ကို အပါယ်လေးပါးမ...
07/02/2023

တပို့တွဲလပြည့်နေ့ကို သြဝါဒပါတိမောက် အခါတော်နေ့ လို့ ခေါ်ဆိုကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
လိုက်နာသူတို့ကို အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်၍ ပါတိမောက်၊ ဘုရားအဆုံးမတော်ဖြစ်၍ သြဝါဒ၊ သြဝါဒနှင့် ပါတိမောက်ကို တွဲစပ်လျက် သြဝါဒပါတိမောက် ခေါ်ဆိုခြင်းဖြစ်၏။
ပါတိမောက်သည် သြဝဒါပါတိမောက် အာဏာပါတိမောက်ဟူ၍ နှစ်ပါးရှိပါသည်။ မြတ်စွာဘုရားတို့သည် သြဝါဒပါတိမောက်ကိုသာ ပြတော်မူပါသည်။ တပည့်သံဃာများသည် အာဏာပါတိမောက်ကိုသာ ပြခွင့်ရှိသည်။

သက်တော်ရှည်တော်မူသော ဘုရားရှင်တို့သည် သြဝါဒပါတိမောက်ကို အသက်ထက်ဆုံး ပြတော်မူကြသည်။ သက်တမ်းတိုသော ဘုရားရှင်တို့သည် သြဝါဒပါတိမောက်ကို ဝါတော် ၂၀-အတွင်းမှာသာ ပြတော်မူကြသည်။ လောဘ ဒေါသ စသောစရိုက်များ ထူပြောချိန်တွင် သြဝါဒတည်မြဲရန် ခဲယဉ်းသောကြောင့် ဝါတော် ၂ဝ- ကျော်သောအခါ တပည့်သားသံဃာများကို အာဏာပါတိမောက်ပြစေတော်မူသည်။

သြဝါဒပါတိမောက် ၃ ဂါထာမှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

၁။ ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န ဟိ သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

(မြန်မာပြန်)
တိတိက္ခာ - တိတိက္ခာဟုဆိုအပ်သော၊ ခန္တီ - သူတစ်ပါးတို့ ပြစ်မှားစော်ကား စွပ်စွဲခြင်းနှင့် အချမ်းအပူစသည်ကို မျက်နှာမနွမ်း မညှိုးပန်းအောင် ခံနိုင်စွမ်းရှိခြင်းသည်၊ ပရမံ - မွန်မြတ်စွာသော၊ တပေါ - သူတော်ကောင်းတို့အကျင့်ပေတည်း။

နိဗ္ဗာနံ - တဏှာမှလွတ်မြောက်ရာ နိဗ္ဗာန်တရားကို၊ ပရမံ - အမြတ်ဆုံးဟူ၍၊ ဗုဒ္ဓါ - ဘုရားအဆူဆူတို့သည်၊ ဝဒန္တိ - ဟောတော်မူကုန်၏။

ပရူပဃာတီ - တစ်ပါးသော သတ္တဝါကို သတ်ဖြတ်လေ့ရှိသူသည်၊ ပဗ္ဗဇိတော - ရဟန်းသူမြတ်သည်၊ န ဟောတိ - မဖြစ်နိုင်ပေ။

ပရံ - သူတစ်ပါးကို၊ ဝိဟေဌယန္တော - ညှဉ်းဆဲ နှိပ်စက်သောသူသည်၊ သမဏော - ကိလေသာခပ်သိမ်းကို ငြိမ်းအေးစေတတ် ရဟန်းမြတ်သည်၊ န ဟောတိ - မဖြစ်နိုင်ပါပေ။

၂။ သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

(မြန်မာပြန်) သဗ္ဗပါပဿ - အပြစ်ရှိငြား ခပ်သိမ်းသော မကောင်းမှုများကို၊ အကရဏံ - မပြု မလုပ်ရခြင်းလည်းကောင်း၊ ကုသလဿ - အပြစ်ကင်းငြား ကောင်းမှုများကို၊ ဥပသမ္ပဒါ - ပြည့်စုံအောင် စုဆောင်းရခြင်းလည်းကောင်း၊ သစိတ္တပရိယောဒပနံ - မိမိစိတ်ကို အညစ်အကြေးသုတ်သင် သန့်ရှင်းအောင် ပြုပြင်ရခြင်းလည်းကောင်း၊ ဧတံ - မကောင်းမှုကင်း ကောင်းမှုသွင်း၍ စိတ်ရင်းစင်ရိုး ဤသုံးမျိုးသည်၊ ဗုဒ္ဓါနံ - အဆူဆူသော ဘုရားရှင်တို့၏၊ သာသနံ - အဆုံးအမ ဩဝါဒပေတည်း။

၃။ အနူပဝါဒေါ အနူပဃာတော၊ ပါတိမောက္ခေ စ သံဝရော၊
မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္ထဉ္စသယနာသနံ၊
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါနသာသနံ။

(မြန်မာပြန်) အနူပဝါဒေါ - သူတစ်ပါးတို့ကို မစွပ်စွဲရခြင်းလည်းကောင်း၊ အနူပဃာတော - သူတစ်ပါးတို့ကို မညှဉ်းဆဲ မနှိပ်စက်ရခြင်းလည်းကောင်း၊ ပါတိမောက္ခေ - ပါတိမောက္ခသံဝရသီလနှင့် ဣန္ဒြိယသံဝရသီလ (၂) ပါး၌၊ သံဝရော စ - ထိန်းသိမ်း စောင့်ရှောက်ရခြင်းလည်းကောင်း၊ ဘတ္တသ္မိံ - ဆွမ်းခဲဘွယ် ဘောဇဉ်၌၊ မတ္တညုတာ - ခံယူမှု သုံးဆောင်မှု ဤနှစ်ခုဝယ် အတိုင်းအရှည်ကို သိရခြင်းလည်းကောင်း။

ပန္ထဉ္စသယနာသနံ - လူနှင့်ဝေးကွာ အစွန်အဖျားကျရာ ဆိတ်ငြိမ်ရာကျောင်း၌ ကိန်းအောင်းမွေ့လျော်ရခြင်းလည်းကောင်း။

အဓိစိတ္တေ - သာမန်စိတ်ထက် လွန်ကဲသော သမာဓိစိတ်၌၊ အာယောဂေါ - အမြဲကြိုးကုတ် အားထုတ်ရခြင်းလည်းကောင်း၊ ဧတံ - ဤအကျင့်တရား ခြောက်ပါးသည်၊ ဗုဒ္ဓါနံ - ဆူဆူထွဋ်ထား မြတ်စွာဘုရားတို့၏၊ သာသနံ - လိုရင်းနှုံးပြ ထုံးအရဖြင့် သုံးကြပစေ ဆုံးမတော်မူချက်ပါပေသတည်း။

(မဏ္ဍိုင် Page မှာ ယခုလိုဗဟုသုတရဖွယ် အကြောင်းအရာများ၊ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို အလျဥ်းသင့်သလို ဖော်ပြသွားမှာ ဖြစ်လို့ LIKE and FOLLOW လေးလုပ်ပြီး ဖတ်ရှူလေ့လာနိုင်ပါတယ်။)

တပို့တွဲလ၏ ပွဲတော်ဖြစ်သော ထမနဲ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ထမနဲသည် ကောက်ညှင်းနှင့် စီမံပြုလုပ်သော မြန်မာတို့၏ ချိုဆိမ့...
05/02/2023

တပို့တွဲလ၏ ပွဲတော်ဖြစ်သော ထမနဲ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ထမနဲသည် ကောက်ညှင်းနှင့် စီမံပြုလုပ်သော မြန်မာတို့၏ ချိုဆိမ့်မွှေးသည့် စားစရာတစ်မျိုး ဖြစ်သည်။ ကောက်ညှင်းထမင်းကို ထပ်ပြန်တစ်လဲလဲ ကော်များပတ်စာများ နှဲဘိအလား နှဲရသောကြောင်း ထမင်းနှဲဟုခေါ်သည်။ ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ ဂျင်း၊ နှမ်းဆီနှင့် နှမ်းနိုင်နိုင်ထည့်ရသောကြောင့် နှမ်းမနဲဟုလည်း ခေါ်ကြသည်။ကောက်ညှင်းစပါးသစ် ပေါ်ချိန်တွင် အရပ်ရပ်၌ ထမင်းနဲထိုး၍ ကျွေးမွေးလှူဒါန်းလေ့ရှိကြသည်။

တပို့တွဲလတွင် ထမင်းနဲပွဲ ကျင်းပကြသည်။ မြို့ရွာအလိုက် စုပေါင်း၍ ထမင်းနဲထိုးကြသလို ပြိုင်ပွဲများလည်း ကျင်းပလေ့ရှိကြသည်။

ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ထူထောင်ထားသော ပညာဘူမိတက္ကသိုလ်ရဲ့ သုတဓမ္မဒီပလိုမာ Level 1 and Level 2 ဖြေဆိုမည့် ရဟန်း ရှ...
05/02/2023

ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ထူထောင်ထားသော ပညာဘူမိတက္ကသိုလ်ရဲ့ သုတဓမ္မဒီပလိုမာ Level 1 and Level 2 ဖြေဆိုမည့် ရဟန်း ရှင် လူ များအတွက် အွန်လိုင်းမှ ဖြေဆိုခွင့်လျှောက်လွှာတင်နိုင်မည့် LINK ကို မျှဝေလိုက်ပါတယ်။

လျှောက်လွှာတင်ရန် Link -
https://admission.universitywisdomland.edu.mm/?fbclid=IwAR1fLlnW2YqaBJCLVQp8P7_nB1-CUzB1G4Ktpo2A1U7jAy4e9mcw76i08zU

အသေးစိတ်ကို University of Wisdom page နှင့် https://www.universitywisdomland.edu.mm/ တို့တွင် ဖတ်ရှူနိုင်ပါသည်။

ယနေ့  ခရစ်နှစ် (၂၀၂၃) ခု၊ ဖေဖော်ဝါရီလ (၄)ရက် ၊ စနေနေ့သည် မြန်မာသက္ကရာဇ် (၁၃၈၄)ခု၊ တပို့တွဲလပြည့်နေ့ဖြစ်ပါတယ်။ တပို့တွဲလပ...
04/02/2023

ယနေ့ ခရစ်နှစ် (၂၀၂၃) ခု၊ ဖေဖော်ဝါရီလ (၄)ရက် ၊ စနေနေ့သည် မြန်မာသက္ကရာဇ် (၁၃၈၄)ခု၊ တပို့တွဲလပြည့်နေ့ဖြစ်ပါတယ်။

တပို့တွဲလပြည့်နေ့ကို သြဝါဒပါတိမောက် အခါတော်နေ့ဟု ခေါ်ဝေါ်ပါသေးသည်။ ဘုရားရှင်တိုင်း သြဝါဒပါတိမောက်ကို ဟောကြားတော်မူရမြဲဖြစ်သောကြောင့်ဖြစ်ပါသည်။ ဂေါတမမြတ်ဗုဒ္ဓသည်လည်း မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့၌ ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ထိုနှစ် တပို့တွဲလပြည့်နေတွင် သြဝါဒပါတိမောက်ကို ပထမဆုံး ဟောကြားတော်မူခဲ့ပါသည်။

သြဝါဒပါတိမောက် ဆိုသည်မှာ လိုက်နာသူတို့ကို အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်၍ ပါတိမောက်၊ ဘုရားအဆုံးမတော်ဖြစ်၍ သြဝါဒ၊ သြဝါဒနှင့် ပါတိမောက်ကို တွဲစပ်လျက် သြဝါဒပါတိမောက် ခေါ်ဆိုခြင်းဖြစ်၏။ ဂါထာ ၃ ဂါထာရှိပါသည်။

ထို ၃ ဂါထာကို ထပ်မံဖော်ပြ ပေးသွားမှာ ဖြစ်လို့ Page ကို LIKE and Follow လုပ်ထားပြီး ဖတ်ရှူ နိုင်ပါတယ်။

Happy Chinese New Year 🧧🏮🎊
22/01/2023

Happy Chinese New Year 🧧🏮🎊

ယနေ့ ခရစ်နှစ် (၂၀၂၃)ခု၊ ဇန်နဝါရီလ (၂၁) ရက်နေ့သည် မြန်မာသက္ကရာဇ် (၁၃၈၄) ခု၊ တပို့တွဲလဆန်း (၁) ရက်နေ့ဖြစ်ပါသည်။ တပို့တွဲ (...
21/01/2023

ယနေ့ ခရစ်နှစ် (၂၀၂၃)ခု၊ ဇန်နဝါရီလ (၂၁) ရက်နေ့သည် မြန်မာသက္ကရာဇ် (၁၃၈၄) ခု၊ တပို့တွဲလဆန်း (၁) ရက်နေ့ဖြစ်ပါသည်။

တပို့တွဲ (ရှေးမြန်မာစာ: တပိုဝ်တွဲ/တပ္အိုတွဲ) သည် မြန်မာပြက္ခဒိန်၏ ဧကာဒသမလ သို့မဟုတ် ၁၁ လမြောက်လဖြစ်ပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ အတွင်း ကျသည်။ ဆောင်းဥတုနောက် ပိုင်းချိန်ဖြစ်သည်။ တပို့တွဲလ ဟုခေါ်ဝေါ်ခြင်းမှာ ထန်းဖူးထန်းခိုင်တို့ တွဲညွတ်သော ရာသီဖြစ်၍ ခေါ်တွင်ခြင်းဖြစ်သည်ဟု မှတ်ယူကြသည်။ 'တပိုဝ်' သည် 'ထန်းဖူး' ကို ဆိုလိုပြီး 'တွဲ' သည် 'အသီးခိုင် တွဲလောင်းကျသည်' ကိုရည်ညွှန်းသည်ကြောင့် တပို့တွဲလတွင် ထန်းဖူးများအား အောက်ရောက်အောင် ဆွဲချပြီး ထန်းရည်ခံသည့် ကာလဖြစ်သည်မှာ ထင်ရှားသည်။
ပွဲတော်မှာ ထမနဲပွဲဖြစ်ပြီး အထိမ်းအမှတ်ပန်းမှာ ပေါက်ပန်း ဖြစ်သည်။

(ကိုးကား - မြန်မာ့ဝီကီပီးဒီးယား)

ထပ်မံ၍ ထမနဲပွဲ အကြောင်းကို အလျဥ်းသင့်သလို ဖော်ပြပေးသွားမှာ ဖြစ်လို့ Page ကို LIKE and FOLLOW လုပ်ပြီး စောင့်မျှော် ဖတ်ရှူနိုင်ပါတယ်။

မဏ္ဍိုင် အကြောပြေဒဏ်ကျေလိမ်းဆေးရည် ကို မြောက်ဒဂုံမြို့နယ်ရှိ "မြတ်ပီတိ ဆေးဆိုင် (1) နှင့် မြတ်ပီတိဆေးဆိုင် (2)" တို့တွင်...
19/01/2023

မဏ္ဍိုင် အကြောပြေဒဏ်ကျေလိမ်းဆေးရည် ကို မြောက်ဒဂုံမြို့နယ်ရှိ "မြတ်ပီတိ ဆေးဆိုင် (1) နှင့် မြတ်ပီတိဆေးဆိုင် (2)" တို့တွင် လက်လီ ဝယ်ယူရရှိနိုင်ပါပြီ။

မြတ်ပီတိ (ဆေးဆိုင်)(1)
လိပ်စာ - အမှတ်(107)B၊ဘုရင့်နောင်လမ်း ၊ (၃၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

မြတ်ပီတိ (ဆေးဆိုင်)(2)
လိပ်စာ - အမှတ်(818)၊ဗိုလ်မင်းရောင်လမ်း၊(၄၂)ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်။

လက်ကားဝယ်ယူလိုပါက m.me/mandine.syp (သို့) 095168425 ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Mandine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share